Chanyeol အသစ်ဝင်လာတဲ့ လက်နက်စာရင်းကို
စစ်နေတာ ၂နာရီနီးနီး ရှိနေပြီဖြစ်သော်လည်း အခုထိ
ပထမတစ်ရွက်နေကနေ မတက်နိုင်သေးပေ။
မျက်စိရှေ့လေးတင် ဆိုဖာတွေအောက်မှာထိုင်ပြီး.လက်တောပ့် တစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ကောင်လေးက
သူ့ရဲ့အချိန်တွေပုပ်အောင် တမင်ဖမ်းစားနေသလို။
တစ်ချက်တစ်ချက် စိတ်အလိုမကျတိုင်း နှုတ်ခမ်းနီနီစွေးစွေး
က စူပုပ်သွားတက်ပြီး မောက်စ်ကို တစ်ဒုန်းဒုန်းနဲ့ ထုတက် သေးသည် ။ အဖြူပွပွ အနွေးထည်ကြီးနဲ့ ဖြူလုံးလုံး
ကောင်ငယ်လေးက သူ့အာရုံတစ်ခုလုံးဖမ်းစားနိုင်တာ
အံသြဖို့တော့ ကောင်းသည်။
တစ်ကမ္ဘာလုံးပတ်ပြီး ချောပေ့လှပေ့ ကောင်မလေးတွေ
အရောင်စုံ အသွေးစုံမြင်ဖူးသလို သူ့ကုတင်ပေါ်လည်း
တက်ဖူးကြသည် ။ သို့ပေမဲ့ တစ်ညတာ ခံစားမှုသာရှိခဲ့ပြီး
မနက်ရောက်လို့မှ ကုတင်ပေါ်ကပြန်မဆင်းရင် ဆွဲချ
သည်အထိ ခံစားချက်က တိုတောင်းလွန်းသည်။
Baekhyun ကတော့ ခံစားချက်ချင်းမတူ ။
လွန်ခဲ့တဲ့ အတိတ်တွေက ရင်းနှီးမှုကြောင့်ဆိုရင်တော့
လုံးဝမဖြစ်နိုင်မှန်းသိသည် ။ ကလေးငယ်လိုချင်ခင်စိတ်နဲ့
မြင်တာနဲ့ စိတ်ရိုင်းတွေကို နိုးကြွားစေသည့် စိတ်နဲ့
လုံးဝကိုမတူ ။
အနားယူတယ်ဆိုပြီး အပြင်မှာနေနေရင် စီနီယာတွေ
ခိုင်းစားနေမှာ စိုးလို့ သူ့ရုံးခန်းထဲ ထည့်ပိတ်ပေးထား
ကာမှ အလုပ်ပျက်ရတော့သည်။
" အား....!!! ရပြီကွ .... ငါတဲ့ကွ ...Light ဆိုတာ"
လက်နှစ်ချောင်းအပေါ်ထောင်လိုက်ပြီး ထိုင်နေရက်နဲ့
ခါးကို သုံးလေးချက်လောက် လှုပ်ယမ်းလိုက်ပြီး
ပျော်မြူးနေတဲ့ Baekhyun ကို ကြည့်ပြီး ထုံးစံ
အတိုင်း မျက်မှောင်တွေကြုတ်ထားမိသည်။
" Chan ... အမတ်ရှင်းကို ဆက်သွယ်ပေးပါလား !
အမှုတွဲ တစ်ခုလုံး ရထားပြီလို့ "
" အင်း...."
Baekhyun ပြောတဲ့အတိုင်း Chanyeol
Email ကနေ Yixing ဆီစာရေးပို့လိုက်သည်။
" Chan ... ကျွန်တော် အပြင်ခဏလောက် ... "
JunMyeon Hyung နဲ့ ဖုန်းချိန်းထားတာမို့
Chanyeol ဆီ ခွင့်တိုင်ပြီး အပြင်ကိုထွက်လာခဲ့သည်။
Chanyeol ဆီက ခွင့်ပြုချက်ရတာနဲ့ Baekhyun
လက်တောပ့်နဲ့ ဖုန်းယူကာ ထွက်လာခဲ့သည်။
Baekhyun ထွက်သွားတော့ Chanyeol
မျက်နှာ သုန်မှုန်ပြီးကျန်ခဲ့သည် ။
" ဘာလဲဟ ...! ဖုန်းရော လက်တောပ့်ရော ယူသွားတယ်
ဆိုတော့ ပြန်မလာဘူး ဆိုတဲ့ သဘောလား 😕 "
ဖက်လက်စ စာရွက်ကို စားပွဲပေါ်ပစ်ချလိုက်ပြီး
ထိုင်ခုံနောက်မှီပေါ် ထိုင်ကာ မျက်လုံးတွေမှေးမှိတ်
ထားမိသည် ။
အခန်းအပြင်ကို ထွက်သွားပြီဖြစ်တဲ့ Baekhyun
ကတော့ အကျဉ်းထောင်ကနေ ဖုန်းလွှဲပေးတာကို
ထိုင်စောင့်နေသည် ။
" Hello ...."
" Hyung....... သတိရနေတာ ....!."
" အင်း...စလာတည်းက ချွဲပစ်တဲ့လေသံနဲ့ !
Byun Baby .... အသံက တစ်ခုခုတောင်းဆ်ိုမဲ့သံနဲ့
ငါ ရောက်နေတာ အကျဉ်းထောင်နော် ...."
" အား....တကယ်ပါပဲ လေသံကိုက Byun MaMa
အသံတိုင်းပဲ .... ဘာလို့ပြောမှာကို ကြိုသိနေကြလဲ ...
တစ်ခါတစ်လေလေး မသိချင်ရင်ယောင်ဆောင်ကြပါလား
လူကြီးတွေဆိုပြီး ကလေး မျော်လင့်ချက်ကို တစ်စစီ
ဖြစ်အောင် လုပ်နေကြတာ ....!!! "
" အမယ်လေး....ပြောမိတဲ့ ငါကပဲ ပြစ်ဒဏ်ခံသင့်ပါတယ်
ပြောပါဦး....ဘာကိစ္စတုန်း အရေးကြီးမှခေါ်လို့ပြောထား
တာမလား "
" Hyung ကလည်း ကျနော်ခရီးလွန်နေလို့ လာမတွေ့နိုင်
တာကို စိတ်မကောင်းနေပါတယ်ဆို ... ဖုန်းလေးတော့
ဆက်ခွင့်ပြု ...... နေရတာ အဆင်ပြေရဲ့လား...."
" ငါ ဘယ်နေရာဖြစ်ဖြစ် ကောင်းကောင်းမွန်မွန်နေတက်တာ
မင်း အသိဆုံးပါ..... "
" လိမ်နေတာ...."
" Baek....Baekhyun ah...."
" ဖြစ်နိုင်ရင်လေ hyung ကို အဲ့အကျဉ်းထောင်ကနေ
ချက်ချင်း ခေါ်ထုတ်သွားချင်တာ......"
အရာရှိ Lee ရဲ့ ID နဲ့ ဗဟိုရဲဌာန ရဲ့ ကွန်ယက်ထဲဝင်ပြီး
အမှုစစ် ရှေ့နေ့ Kim JunMyeon ရဲ့ အမှုဖိုင်တွဲ
တွေအကုန် ရှာဖွေ ခဲ့ပြီးသလို ပြစ်မှုဝန်ခံချိန်နဲ့ မဝန်ခံခင်
စာသားတွေက အကွာကြီးကွာနေသလို ပြစ်မှုဝန်ခံရအောင်
ဖိအားတွေပေးခဲမှန်း သိသာစေသည်။
အမူစစ်ချိန် record လုပ်ထားတဲ့ စီစီတီဗီတွေလည်း
အကုန် Down ယူပြီးပြီမို့ အမူရဲ့အသေးစိတ်ကို
အမတ်ရှင်းနဲ့ သေချာတိုင်ပင်ပြီး ဖော်ထုတ်ရုံသာရှိတော့သည်။
" Baekhyun.... မင်း ခရီးသွားနေတယ်ဆိုတာ
ဘယ်ကိုလဲ .... ဘာတွေလုပ်နေတာလဲ .... !!! "
JunMyeon ရဲ့ မြန်ဆန်လာတဲ့ အသံကဖုန်းတစ်ဖက်
ကနေ အတိုင်းသားကြားနေရတဲ့အခါ အမှုက တစ်ကယ်ပဲ
လုပ်ကြံမှုကြီးဆိုတာ သိသာနေစေသည်။ ဘာတွေနဲ့များ
ခြိမ်းခြောက်ခံထားရလို့ အရမ်းကို စိုးရိမ်ပူပန်နေရတာလဲ။
Byun MaMa ရဲ့ အမဖြစ်သူက မွေးတဲ့ Kim
မျိုးရိုးအကိုကြီးက Baekhyun တို့ရဲ့ အိမ်ဦးနတ်
လိုမျိုး အကိုကြီးအဖရာ ပီပီ စောင့်ရှောက်ပေးခဲ့ပြီး
လုပ်ကြံမှုကြောင့် အကျဉ်းထောင်ထဲဝင်ခဲ့ရသည်။
စိတ်ချ ... အချိန်တန်ရင် နေရာမှန်ပြန်ရောက်စေရမယ်...။
JunMyeon ရဲ့မေးခွန်းတွေကိုပြန်မဖြေခင်
ဖုန်းကိုသာ ကျစ်နေအောင် ဆုပ်ကိုင်ထားမိသည်။
ကျွန်တော် စတင်ပြောင်းလဲနေပြီ ... Hyung !
" မစိုးရိမ်ပါနဲ့ အပျော်ခရီးမို့ ဘာအန္တာရာယ်မှမရှိဘူး !
ကျနော် မေးစရာလည်း တစ်ခုရှိလို့ဖုန်းခေါ်လိုက်တာ "
" အင်း....ဘာမေးစရာရှိလို့လဲ "
" လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျနော်ကိုယ်တိုင်
ချ်ိတ်ပိတ်ခဲ့တဲ မှတ်ဉာဏ်တွေကို ပြန်ဖွင့်ကြည့်သင့်လား"
" မင်း ရူးနေလား .... Baekhyun !!!! "
" Hyung....."
တကယ်ကို မထင်မှတ်ထားတဲ့ JunMyeon ရဲ့
တုံ့ပြန်မှုကြောင့် Baekhyun အံအားသင့်သွားသည်။
အတိတ် မှတ်ဉာဏ်တွေထဲ ဘာတွေဆိုးဆိုးဝါးဝါးရှိခဲ့
လို့လဲ......
အား....!!!!!
တစ်ဆစ်ဆစ်ထိုးကိုက်လာတဲ့ နားထင်တွေကြောင့်
အသံမထွက်မိအောင် အံကြိတ်ပြီးတင်းခံလိုက်သည်။
Hyung နဲ့ ဖုန်းပြောနေဆဲဖြစ်တဲ့အတွက် သည်းခံ
ကာ အံကြိတ်နေမိသည် ။
" Baekhyun....မင်းတကယ်ပဲ ဘာတွေ
လုပ်နေတာလဲ......"
" တောင်းပန်ပါတယ် Hyung.... တကယ်ကို
တောင်းပန်ပါတယ်....ကျနော့်ကြောင့် စိတ်ပူစေမိပြီ "
" သိရင်လည်း ဘာမှ မဟုတ်တာလျောက်မလုပ်နဲ့
Baekhyun ..... မင်း ဒီအခြေအနေဖြစ်အောင်
ဒေါ်လေးနဲ့ ငါ ဘယ်လောက်ထိကြိုးစားခဲ့ရလဲ....
ကျေးဇူးပြုပြီး မဟုတ်တာ မလုပ်ဘူးလို့ပဲကတိပေးစမ်းပါ"
ကတိပေးတာတွေ ၊ အချိန်းအချက် ကတိကဝတ်တွေ
အယုံအကြည်မရှိတဲ့ အကိုကတောင် ကတိတောင်းတဲ့
အထိ အတိတ်ဆိုးဆိုးရှိခဲ့တာလား.....။
" ဟုတ်ကဲ့ ... စိတ်မပူပါနဲ ့ Hyung....!!
ကျန်းမာရေး ဂရုစိုက်နော် ..... ကျနော် နောက်လမှ
အလည်လာဖြစ်မယ် "
" အင်း...မင်းလည်း ကျန်းမာရေးဂရုစိုက် "
ဖုန်းကျသွားခါမှ Baekhyun မျက်လုံးတွေပြန်မှိတ်ပြီး
အသက်၁၆ နှစ်နောက်ပိုင်းကို ပြန်သွားမိသည် ။
တစ်ဝက်တစ်ပြတ်ပုံရိပ်တွေရယ် နားထင်ဘေးကနေ
စူးကနဲ ကျင်တက်လာတာရယ်သာ အဖတ်တင်သည်။
ကျွန်တော့်ကို ဖွင့်ကြည့်ခွင်ပြုပါ Hyung. . . .
ကျွန်တော် ထင်တာမမှားဘူးဆိုရင် Chanyeol
ဆိုတဲ့ ကျွန်တော့်ဘဝက ကျွန်တော့်ရဲ့ အတိတ်မှတ်ဉာဏ်
တစ်ချို့မှာ သူပါဝင်နေလိမ့်မယ်.....
သူသိနေပေမဲ့ တစ်ခွန်းမှ မဟဘူး....!
အဲ့ဒီ့တော့ ကျွန်တော်ကိုယ်တိုင်ရှာဖွေရုံကလွဲပြီးမရှိဘူး...
တစ်ခုခုဖြစ်ခဲ့ရင်လည်း ကျွန်တော့်အနားမှာ Chan
ရှိနေရင်တော့ အဆင်ပြေမှာပါ......။
စူးကျင်နေတဲ့ နားထင်ကို လက်နဲ့အသာဖိရင်း
" Memory Recall လုပ်ရအောင် ....."
Laptop ကိုပြန်ဖွင့်ပြီး ကိုယ့်နာမည်ကို ရိုက်ရှာကာ
ကလေးပေါက်စနက အစ ပုံလေးတွေပြန်ကြည့်မ်ိသည်။
ကလေးဘဝက ပါးပါး မားမားတို့နဲ့ အတူဖြန်သန်းရင်း
ပျော်ရွှင်ခဲ့ရပုံကိုတော့ ရေးရေးလေးမှတ်မိနေသေးသည်။
" အို.... ငါ့ဒီလိုပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့သေးတာလား
ရလဒ် က အလန်းကြီးပါလား..."
ဘာလို့များ စောစောစီးစီးကိုယ့်အကြောင်းကိုယ်မရှာကြည့်
မိခဲ့တာလည်းဆိုပြီး ဆဲရေးချင်မိသည်။ သိူ့ပေမဲ့လည်း
စိတ်ထဲ စနိုးစနှောင့်ဖြစ်လာတာကြောင့် လက်တောပ့်ကို
ချက်ချင်းပိတ်ပြီး မျက်လုံးတွေပြန်မှိတ်လိုက်ရသည်။
ဖွတ်ထားတဲ့အပိုင်းက ဒါမို့လား.....
ဘာကြောင့် မမှတ်မိပဲ ခေါင်းကိုက်နေရလဲ....
ထိုင်ခုံပေါ်မှာ အကြာကြီးမျက်လုံးတွေပိတ်ပြီး ဘာကြောင့်လဲ
ဆိုသည့်မေးခွန်းကို မေးနေစဉ် နဖူးကိုအုပ်မိုးကိုင်လာသည့်
လက်ဖဝါးအေးစက်စက်ကြောင့် မျက်ခွံတို့အလိုအလျောက်
ပွင့်လာသည်။
" မင်း နေမကောင်းဖြစ်နေတာပဲ.... "
" Chan လက်တွေ အေးနေလို့ပါ ..."
" လက်ကခံစားပြီးပြောတာမဟုတ်ဘူး !
ဒီက ကြည့်ပြီးပြောတာ .... မင်း ပုံစံအရမ်းနွမ်းနေတယ်"
ကြည်တောက်နေတဲ့ မျက်လုံးဝိုင်းကြီးတွေက
အုပ်မိုးကြည့်ပြီး လေပြေအေးနဲ့ ပြောသည်။
" သွားနားတော့ .... ဒီနေ့တစ်ရက်ပဲရမယ် !
ငါ မရှိတုန်း လေ့ကျင့်ခန်းတွေသေချာလိုက်လုပ်ထား "
" Chan ဘယ်သွားမို့လဲ ..."
" ဓားခုတ်ကောင်တွေနဲ့ ချိန်းထားတာရှိတယ် !!
နောက်ပိုင်း မင်းလည်းသူတို့အဖွဲ့နဲ့ ရင်းနှီးလာလိမ့်မယ်
အခုတော့ လေ့ကျင့်ခန်းကို မပျက်ဘဲလိုက်လုပ် ...."
ဓားတစ်ရမ်းရမ်းနဲ့ ဟန်ရေးပြနိုင်လွန်းသော ယန်းယာကူဇာ
အဖွဲ့တွေကို ဝံပုလွေအုပ်စုကတော့ ဓားခုတ်ကောင်ဆိုပြီး
Nickname ပေးထားသလို အသတ်အပုတ်ကျွမ်းပြီး
လက်နက်ရာဇာတွေဖြစ်တဲ့ Wolvering ကိုတော့
ဝံပုလွေလို့မခေါ်ဘဲ အမဲလိုက်ခွေးဟု တမင်နာမည်ဖျက်
ခေါ်ကြသည် ။။
ဒါကလည်း အင်အားကြီးဂိုဏ်းနှစ်ခုမို့ တစ်ယောက်ကို
တစ်ယောက် မှိုချိုးမျှစ်ချိုး ဖဲ့နိုင်ကြသည် ။ ပါမွှားလေးတွေ
ပြောကြည့်ပါလား...တစ်ဂိုဏ်းလုံးမီးလောင်တိုက်တောင်
သွင်းခံရနိုင်သည်။ ယန်း နဲ့ ဝံပုလွေ အုပ်စု မျက်နှာချင်း
မဆိုင်လိုက်နဲ့ ... ဆိုင်တဲ့နေရာ ထပြီးပွဲကြမ်းကျရော။
အဖွဲ့နှစ်ဖွဲ့ရဲ့ မတူညီမှုကတော့ အုပ်ချုပ်ရေးစနစ်ကအဓိက။
ယာကူဇာတွေအနေနဲ့ ကြီးသူက ငယ်သူကို မညှာမတာ
နှိပ်စက်ညှင်းပန်းရင်း နေရာကောင်းရဖို့ သခင်ရဲ့အခွင့်
ထူးခံ လူတန်းစားဖြစ်ဖို့သာ ကြိုးစားနေကြသည်။
ဝံပုလွေအုပ်စုကတော့ ညှာတာခြင်းမရှိတဲ့ဂိုဏ်းထဲမှာပေမဲ့
ဂိုဏ်းသားအချင်းချင်း ရဲဘော်ရဲဘက် စိတ်သွင်းထားရသည်။
ဂိုဏ်းခေါင်းဆောင်က ချုပ်ချယ်ခြင်း ၊ အာဏာသုံးပြီး
နိုင့်ထက်စီးနင်းမရှိတာကြောင့် တစ်နှစ်နဲ့တစ်နှစ် လက်
အောက်ခံ ဂိုဏ်းတွေတိုးပွားပြီး အရှေ့အာရှသာမက
ဥရောပအထိ နာမည်ကြီးသည်။
Wolvering ကို သစ္စာဖောက်ပါက သေသည်ထက်
ဆိုးရွားတဲ့ အရာများကြောင့် မည်သူမျှမစဉ်းစားရဲ။
ကြိုးစားရင် ကြိုးစားသလောက် အကျိုးရှိတဲ့ဂိုဏ်းကြီးကို
မည်သူမျှလည် သစ္စာဖောက်ဖို့မတွေးရဲ ။
" ကျနော် ကြိုးစားမှာပါ...."
" မင်းမှာ ကြိုးစာနိုင်စွမ်းရှိတာ သိတယ် !
လာခဲ့......"
Chanyeol ဆွဲခေါ်ရာနောက်ပါသွားတာက Chanyeol
ရဲ့ သီးသန့်အခန်း၊ အထူးသဖြင့် အနားယူရာအိပ်ခန်း ။
" Password က 1408.. ...!
အများသုံးရေချိုးနေရာမှာ နောက်ကျမှ ချိုးတယ်လို့ကြားတယ်
အလျင်လိုရင် ငါ့အခန်းမှာ လာချိုး....! "
" ဟုတ်.....Chan ကကြာမှာလား ....."
" အတိအကျမရှိဘူး .... မြန်ရင်မြန်သလို "
Chanyeol အိပ်ခန်းထဲ ဝင်လာတော့ အဆင်မြင့်
ကွန်ဒိုတိုက်ခန်းတွေလို ကျယ်ဝန်းပြီး အသုံးအဆောင်
ပစ္စည်းတွေအစ စမတ်ကျကျ စီရီထားသည်။
" ရေအရင်ချိုးချင်ချိုး.... ပြီးရင် အိပ်နေ !
ငါ ခုနနေ သွားတော့မယ် "
" ဟုတ် "
Baekhyun လက်တော့ပ်နဲ့ ဖုန်းကို စားပွဲပေါ်တင်လိုက်
ပြီး အကျႌတွေ ဆွဲချွတ်ကာ ရေချိူးဖို့ ပြင်နေပြီ။
ညစ်နွမ်းနေတဲ့ စိတ်ကို ရေနွေးလေးနဲ့သေချာဆေးကြောပြီး
Chanyeol ရဲ့ အိ်ပ်ရာမှာ အိပ်စက်မည်ဆိုတဲ့အတွေးက
မလုပ်ရခင်တည်းက အူးမြူးနေပြီ ။
Chanyeol လည်း အပြင်သွားဖို့ လက်နက်တွေပြင်ပြီး
အဝတ်တွေလဲနေပြီ ဖြစ်သည် ။ အားလုံးပြီးစီးသွားတော့
Laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေပြန်သည်။
Baekhyun ရေချိုးဝတ်အဖြူဝတ်ပြီးချိန် အခန်းထဲ
ဝရုန်းသုန်းကား ဝင်လာတဲ့ ဒုခေါင်းဆောင် Kai
ကိုတွေ့ရသည်။
" Chanyeol .... မင်း လက်တောပ့် အားလား
အို့ .... B4 ပါ ရှိနေတာလား.... "
" ငါ့လက်တော့ပ် မအားဘူး ... ! မင်း စက်ကဘာဖြစ်လို့လဲ"
" ပျက်သွားပြီ ! "
Kai အေးဆေးဖြေလိုက်ပေမဲ့ Chanyeol ကတော့
ဒေါသတစ်ကြီးကြိမ်းတော့သည်။
" ဒါနဲ့ဆို ဘယ်နှလုံးမြောက်ရှိနေပြီလဲ ....!
စက်တွေကို နည်းနည်းပါးပါး ဂရုစိုက်စမ်းပါ ....
ကလိဖို့ချည်း တွေးမနေနဲ ့ .... "
" ငါ့ ကိုင်ရုံတင်လေး ရှိသေးတယ် ...
ပျက်သွားတာ မတက်နိုင်ဘူး..... "
Chanyeol နဲ့ Kai စကားများနေတုန်း ရေချိုးခန်း
ထဲ ဝင်မယ့် Baekhyun က အကြံရသွားသည်။
" ဒု ခေါင်းဆောင် ကျနော့်စက်ကို ယူသုံးလေ "
" မင်း စက်အားရင် သုံးမယ်...လောလောဆယ်
အရေးကြီးနေလို့ "
Baekhyun လှမ်းပေးတဲ့ စက်ကိုယူလိုက်ပြီး
Chanyeol နဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံမှာနေရာ
ဝင်ယူလိုက်ပြီး စက်ကိုဖွင့်တော့သည်။
" B4 ..... ငါ့ကို Password ပြောခဲ့ဦးလေ !!! "
Kai အော်သံကြားမှ Baekhyun ရေချိုးခန်းထဲက
ပြန်ထွက်ကာ PW ပေးဖို့ သတိရသွားသည်။
" ဟုတ်သားပဲ ..... ကျွန်တော်မေ့သွားတယ် ^^"
" Chanyeol Love Baekhyun ......!!!
အဲ့တာ ကျနော့်စက် password ပဲ ...... "
" ဟေ ....."
Kai မျက်လုံးပြူး မျက်ဆန်ပြူး နဲ့ လှည့်ကြည့်လာသလို
Chanyeol လည်း မျက်မှောင်တွေကုတ်ရင်း လှည့်ကြည့်
လာသည် ။
Baekhyun ကတော့ ရေချိုးခန်းတံခါးကို မှီတွယ်
ထားရင်း စပ်ဖြီးဖြီးနဲ့ Chanyeol ကိုကြည့်ပြီး
Kai ဘက်ပြန်လှည့်ကာ
" ကျနော့် ရဲ့ Security က အရမ်း ကို Sensitive
ဖြစ်လို့ Password စာသားတွေအားလုံးကို
စာလုံးအကြီး Capital Letter နဲ့ပဲ ရေးပေးပါ ^^ "
" Okok..... cool..... !
Chanyeol love Baekhyun နော် ....! "
" ဟုတ်ကဲ့....ဒုခေါင်းဆောင် "
" မင်းတို့နှစ်ကောင် ...."
Chanyeol မျက်နှာတွေနီရဲပြီးကျိန်းနေပေမဲ့
Kai နဲ့ Baekhyun ကတော့ မသိသလိုပင်
ကိုယ့်အလုပ်ကိုယ်လုပ်နေကြသည် ။
" C.....H ...A...N...Y ...E...O..L...."
" Kai.....!!!! "
" ဘာလဲ....ငါ password ဖြေနေတာကို.....!
L....O...V....E...love 😗....."
တမင်မဲ့ရွဲ့ပြရင်း Password ရိုက်နေတဲ့ Kaiကို
လက်အောက်ငယ်သားသာ ဆိုရင် ဂုတ်ချိုးပြီးတာကြာပြီ။
.............
Baekhyun ရေချိုးပြီးထွက်လာတော့ အခန်းထဲ
ခေါင်းဆောင်နှစ်ယောက်လုံး မရှိတော့ ။
Chanyeol မရှိတော့ Baekhyun မျက်နှာ
ဆူပူသွားသည် ။ မသွားခင် အနည်းဆုံး အနမ်းပေး
လိုက်ချင်သော်လည်း ဒုခေါင်းဆောင်ရောက်လာတော့
မပေးလိုက်ရ ။
အခန်းကျယ်ကြီးထဲ တစ်ယောက်တည်း မတ်ရပ်ကြီး
ဖြစ်နေတုန်း တံခါးဖွင့်သံကြောင့် မျော်လင့်ချက်များစွာ
ဖြင့် လှည့်ကြည့်မိသည်။
ခါတိုင်းထက်ပိုပြီးသန့်ပြန့်နေသည့် သူက နီညိုရောင်
Suit နှင့်ဖြစ်သည်။ အရပ်ရှည်လွန်းတဲ့သူ့အတွက်
အနောက်တိုင်း ဝတ်စုံတွေက သိပ်ကိုလိုက်ဖတ်လွန်း
သည် ။ အခန်းထဲပြန်ဝင်လာပြီး တစ်ချက်သာလှည့်
ကြည့်ကာ အဝတ်ဗီရိုကြီးထဲက long Coat အထူ
ခဲနက်ရောင်ကို ထုတ်ယူနေသည်။
" အခုထိ အကျႌမလဲသေးပဲ ဘာရပ်လုပ်နေတာလဲ !
ရာသီဥတု အေးနေပြီ.... နေမကောင်းသေးပဲ နဲ့ "
ပြောချင်ရာတွေပြောပြီး ထွက်သွားခါနီးမှာ လှည့်ကြည့်
လာသည့် Chanyeol . . ..
Baekhyun ဘယ်ကဘယ်လိုစပြီး ဘာပြန်ပြောရမှန်း
မသိဖြစ်နေကာ ကြောင်ကြည့်ပြီးမက်တပ်ရပ်နေဆဲ...
" လာခဲ့စမ်း...."
Chanyeol လက်ထဲက ကုတ်အကျႌကို နီးရာ
ထိုင်ခုံပေါ် ပစ်တင်လိုက်ပြီး ရင်ခွင်ထဲအပြေးလေး
ဝင်လာတဲ့ ကောင်လေးကို ခါးကနေဖက်ထားပေးပြီး
မေးစေ့ကို ကိုင်ကာ အပေါ်မော့စေလိုက်သည်။
ထွက်ခွာဖို့ အချိန်ဘယ်လောက်မှ မကျန်တော့တောကြောင့်
Baekhyun ကိုတမင်မျက်နှာလွှဲထားပေမဲ့ မျက်လုံး
အဝိုင်းသားနဲ့မျော်လင့်တစ်ကြီးကြည့်နေတဲ့ မျက်ဝန်းတွေကို
လျစ်လျူမရှုခဲ့နိုင် ။
အနီးကပ်လာတဲ့ ကိုယ်လုံးလေးကို ဆွဲဖက်ပြီး မော့ကြည့်
လာတဲ့ မျက်နှာထက်က နှုတ်ခမ်းနီနီထွေးထွေးကို ငုံခဲ
လိုက်သည် ။ အလိုက်သင့်ပြန်တုံ့ပြန်ပေးတဲ့ နှုတ်ခမ်းပါးကို
သဘောတကျ နမ်းရှိုက်ရင်း အချိန်တွေကို မေ့မြောသွား
စေသည် ။
တိတ်ဆိတ်နေတဲ့ အခန်းထဲ နှုတ်ခမ်းလွှာနှစ်ခု
ပွတ်တိုက်သံက ကျယ်ကျယ်လောင်လောင်
ထွက်ပေါ်နေသည် ။
အသက်ရှုဖို ့ခေတ္တအနားယူချိန် လျောကျနေတဲ့
Baekhyun ရဲ့ ရေချိုးဝတ်ကလည်ပင်းနဲ့
ပုခုံးမှာ ရှိနေတဲ့ အနီအမှတ်
လေးတွေမပျောက်သေးပဲ မြင်နေရသေးသည်။
ထိုအနီမှတ်လေးတွေပေါ်ကနေ ဖွဖွလေးနမ်းရှိုက်ရင်း
ငုံခဲတော့ ခပ်သေးသေးအသံလေးထွက်ပေါ်လာသည်။
Tsk....!!!!
ဒီကောင်လေးဟာ သူ့အချိန်တွေကို
ပုပ်အောင် တမင်လုပ်နေသလားပဲ..
ဒီထက်လေးလေးနက်နက် ထပ်နမ်းနေရင်
တစ်ညနေလုံး လေးနက်သွားတော့မှာ။
" နောက်ကျနေပြီ...မင်းလည်း နားတော့ "
" အန္တာရာယ်ကင်ကင်း ပြန်လာခဲ့ပါ...chan "
Chanyeol လျောကျသွားတဲ့ Baekhyun ရဲ့
ရေချိုးဝတ်ကို ပြန်ဆွဲစ်ိပေးရင်း ......
" ငါ အန္တာရာယ် ကင်ကင်း ပြန်လာရင်.....
မင်း အတွက် အန္တာရယ် မကင်းဘူးနော် .... 😏 ! "
မဲ့ပြုံးတစ်ခုနဲ့ တစ်ကိုယ်လုံးခြုံကြည့်လိုက်တဲ့အကြည့်က
Baekhyun ကို ကျောချမ်းသွားစေသည်။
ချစ်ရသူဆ်ိုတော့လည်း မချိပြုံးလေးဖြင့်သွားဖြဲပြလိုက်ရသည်။
Chanyeol မမြင်အောင် တံတွေးတော့မြိုချလိုက်ရသား။
Chanyeol ကုတ်အကျႌကို အပေါ်ကနေ ထပ်ဝတ်
လိုက်ပြီး ထွက်သွားတဲ့အခါမှ Baekhyunလည်း
အဝတ်လဲဖို့ Chanyeol ရဲ့ ဗီရိုထဲက အကျႌလက်ရှည်
ဘောင်းဘီရှည်ဝတ်ဆင်လိုက်ပြီး Chanyeol ရဲ့
အငွေ့အသက်တွေ ရှိနေတဲ့ အိပ်ရာထဲ စောင်ခေါင်းမီးခြုံပြီး
ကွေးနေလိုက်သည် ။
အိပ်ရာခင်းတွေ ၊ စောင်ထူကြီးနဲ့ အကျႌဘောင်းဘီတွေကအစ
Chanyeol ရဲ့ အငွေ့အသက်တွေနဲ့မို့ မနေ့ကတစ်ညလုံး
Chanyeol ရင်ခွင်ထဲ အိပ်စက်ခွင့်ရတာကို ပြန်တွေး
ကြည့်မိသည် ။ Chanyeol နဲ့ နီးနီးကပ်ကပ် နေရတိုင်း
နှလုံးသားတစ်ခုလုံး ပေါက်ထွက်မတက်တုန်ရင်နေသည်
ကို သတိထားမိသည်။
ဒီလူကြီးကို နှလုံးရောဂါရဖို့အတွက်များ ချစ်ခဲ့မိတာလား။
နှလုံးသားက ရွေးချယ်ခဲ့တာမို့ မတက်နိုင် ။
KBS အဆောက်အဦးရှေ့မှာ စမြင်ကတည်းက
ရင်းနှီးနွေးထွေးနေတဲ့ စိတ်အခံက ရှိသလို
နှလုံးသားကလည်း သခင်အစစ်ကိုရှာတွေသွားပြီ
ဖြစ်ကြောင်း အချက်ပြလာခဲ့သည်။
ထိုအခါ ဒီလူကြီးကို ချစ်ရုံကလွဲပြီး သူမတက်နိုင်ခဲ့ ။
ရေနွေးနဲ့ရေချိုးပြီးထားတာကြောင့် တစ်ကိုယ်လုံး
အညောင်းအညာတွေပြေပြီး နွေးထွေးတဲ့အိပ်ရာ
ကြောင့် ချက်ချင်းအိပ်ပျော်သွားတော့သည် ။
________UNPRETTY ROMANCE_______
အကျဉ်းထောင်၏ VIP ပုဂိ္ဂုလ်များသာ တွေ့ဆုံနိုင်သည့်
သီးသန့် အခန်းထဲတွင် YiXing စိတ်လှုပ်ရှားစွာ
ထိုင်စောင့်နေလိုက်သည် ။
ဒီအကျဉ်းထောင်ကို လစဉ်မပြတ်လာရောက်ခဲ့ပေမဲ့
ခေါင်းမာလွန်းတဲ့ Jun က ဘယ်သောအခါမှထွက်
မတွေ့ခဲ့ ။
သို့ပေမဲ့ မနက်ကတော့ တွေ့ချင်တယ်ဆိုပြီး ကိုယ်တိုင်
အကြောင်းကြားလာခဲ့သည် ။ ကြားကြားချင်းရောက်လာ
ခဲ့ချင်ပေမဲ့ နိုင်ငံတော်ရဲ့လုပ်ငန်းတွေကို ပျက်ကွက်လို့
မရတာမို့ အားလပ်ချိန်အထိ သည်းခံစောင့်စားပြီးမှ
လာတွေ့ရသည်။
အခန်းတံခါးဖွင့်သံနှင့်အတူ လိမ္မောရောင် ဝါကျင်ကျင်
ဝတ်စုံနဲ့ ဆီမကူတဲ့ ပုံစံတူဆံပင်ဖွာဖွာတွေနဲ့ Jun
ကို တွေ့လိုက်ရတော့ ရင်ထဲနာကျည်းမှုက အတိုင်းမသိ
ထိုးဖောက်လာပြန်သည်။
မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီးတဲ့အထိ ဘာစကားမှ
မဆိုနိုင်သေး။ ပိန်ကျသွားသည့် မျက်နှာငယ်နှင့်
ခြောက်သွေ ့ သည့် အသားအရည်တို့ကို ရင်နာနာနဲ့
ကြည့်နေရသည်။
အရောင်ဖျော့တော့နေတဲ့ မျက်ဝန်းအိမ်က လွန်ခဲ့တဲ့
နှစ်တွေက တရားခွင်မှာ ရိုးသားဖြောင့်မတ်ပြီးအလုပ်
ကြိုးစားလွန်းတဲ့ အမှုစစ်ရှေ့နေလေးရဲ့ စူးရှတောက်ပ
တဲ့ မျက်ဝန်းတွေနဲ့ ကွားခြားလွန်းသည်။
" ကြည့်ပဲကြည့်နေတော့မှာလား .......!
ငါ ဘာကြောင့် မင်းကိုခေါ်လည်းမမေးတော့ဘူးလား"
" Sorry .... Jun....မင်းနဲ့ ဒီလိုအနီးကပ်
မတွေ့ရတာကြာပြီမို့..... အဆင်ပြေရဲ့လား "
" အင်း.....မင်းလွှတ်ထားတဲ့ နှစ်ကောင်
ငါ့အနား တောက်တဲ့လိုလိုက်ကပ်နေတာက လွဲရင်
အကုန် အဆင်ပြေတယ် "
JunMyeon ကို စိတ်ပူပြီး YiXing ရဲ့လက်အောက်က
လက်ဖွာတဲ့ နှစ်ကာင်ကိုပြစ်မှုဖန်တီးပြီး JunMyeon
ကို စောင့်ရှောက်စေခဲ့သည်။
အကျဉ်းထောင်ရောက်သွားလည်း အန္တာရာယ်မကင်းတဲ့
Jun အတွက် ဒါက သူအတက်နိုင်ဆုံးပင် ။
ယုံကြည်ရတဲ့ လူနှစ်ယောက်ကို Jun အနားလွှတ်ထားမှ
YiXing စိတ်ချလက်ချနေနိုင်မည် ။
" မင်းရဲ့ လုံခြုံရေးအတွက်ပါ....Jun "
" ငါတောင်းဆိုခဲ့တာ ဒေါ်လေးနဲ့ငါ့ညီလေးလေးအတွက်
အန္တာရာယ် ကင်းပြီး လုံခြုံဖို့ပဲ ....ငါ့အတွက် မလို...."
" မင်း မလိုလည်း ကိုယ့်အတွက်လိုတယ် ... Jun !
မင်း လုံခြုံမှ စားဝင်အိပ်ပျော်တာမို့ ....!!!! ဆောရီးး
ကိုယ် စိတ်လောသွားတယ် "
တစ်ယောက်မှ စကားဆက်မပြောဖြစ်တော့ ပဲ မိနစ်
ပိုင်းလောက် တိတ်ဆိတ်သွားသည်။ JunMyeon
ကတော့ စားပွဲပေါ်ကိုသာ စိုက်ကြည့်နေပြီး
ဆက်ပြော ရမဲ့ စကားတွေ ကို စဉ်းစားနေရသည်။
" Baekhyun ကို မင်းစောင့်ကြည့်နေတာသေချာလား"
" အင်းလေ...ဘာဖြစ်လို့လဲ "
" သူထူးဆန်းနေတယ်....ထူးထူးဆန်းဆန်း တွေလည်း
ပြောလာတယ်.....! ပိုပြီး ထူးဆန်းတာက သူ့မှတ်ဉာဏ်
အကြောင်းပဲ ...သူပြန်မှတ်မိချင်နေတယ် ...."
" သူ့မှတ်ဉာဏ်ပဲ သူ သိချင်မှာပေါ့ ....! "
" သူသိလို့မရဘူး....လုံးဝ သိလို့မရဘူး....!!! "
" Jun...."
" အကူအညီတစ်ခု ထပ်တောင်းပါရစေ.....!
ကျေးဇူးပြူပြီး Baekhyun ကို ကယ်ပေးပါ "
" Jun....."
JunMyeon မျက်ရည်တွေ စီးကျလာတာမြင်တော့
YiXing ရင်ထိတ်သွားသည် ။
" Baekhyun ရဲ့ မှတ်ဉာဏ်က ဘာဖြစ်လို့လဲ
ဘာလို့ သူသိခွင့်မရှိရတာလဲ ....."
" သူ သေလိမ့်မယ်......! "
" ဘယ်လို ... "
တစ်ဝမ်းကွဲညီငယ်အတွက် မျက်ရည်ပေါက်ကြီးငယ်
ကျသည်အထိ စိုးရိမ်ပူပန်နေသည့် Jun ကြောင့်
YiXing လည်း နေမထိ ထိုင်မသာဖြစ်သွားသည်။
_______UNPRETTY ROMANCE_______
Chanyeol တွေ့ဆုံပွဲအပြီး နောက်ရက်ဆိုတာနဲ့
ပြန်လာရပြီ ဖြစ်သည်။ ဆိုလ်းရဲ့ ဟိုတယ်ကြီးတစ်ခုမှာ
လက်နက်လေလံတင်ပွဲ ရှိတာကြောင့် ဂိုဏ်းခေါင်းဆောင်
တွေ တက်ရောက်ရသည်။
အဓိကကတော့ ဓားခုတ်ကောင်အဖွဲ့နဲ့ အင်အား
ခြင်း ယှဉ်ပြိုင်ခဲ့ရတာပင်....။
ခါတိုင်းလိုသာဆို တော်ရုံနဲ့ စခန်းချုပ်ကိုမပြန်ဖြစ်။
တွဲဖက်ဂိုဏ်းတစ်ချို့နဲ့ စကားလက်ဆုံကျရင်း
သာယာမှု ရှာတက်သည် ။
အခုတော့ ပွဲပြီးတာနဲ့ စခန်းကိုပြန်လာတာ
ကျွန်းပေါ်တောင်ရောက်နေပြီ ဖြစ်သည်။
စခန်းထဲ ရောက်လာတော့လဲ အနားရောက်လာပြီး
လာကြိုသည့် ဂျာခါင်းကို အုပ်စု ၇၈ တွေ ဘယ်မှာ
လေ့ကျင့်နေလဲ အရင်မေးမိသည်။
ဂျာခေါင်းဆိုသည့်အမျိုးကလည်း အုပ်စု၇၈ ဆိုတာနဲ့
B4 ရဲ့ ရှပ်တီးရှပ်ပြာတွေကို တိုင်တောတော့သည်။
" ခေါင်းဆောင်ကြီးပဲ စဉ်းစားကြည့်ဗျာ.....!
မနေ့တည်းက သေနတ်ပစ်သင်နေတာ ....
ဒီ ညအထိ သူ့မှာ ကျည်တစ်လုံးတောင်ထွက်အောင်
မပစ်နိုင်ဘူး....ပစ်မှတ်ကို မှန်ဖို့မပြောဘူးဗျာ "
" ဘယ် Shooting Room မှာလဲ "
ဂျာခေါင်းဆီက အခန်းနံပါတ်သိရတာနဲ့ နောက်လိုက်တွေ
အကုန်ချန်ခဲ့ပြီး Baekhyun ရှိရာ သေနတ်ပစ်
လေ့ကျင့်ခန်းကို လာခဲ့လိုက်သည် ။
အခန်းရှေ့ကို ရောက်လာတော့ Baekhyun
တစ်ယောက်သာ လေ့ကျင့်နေသည်ကို တွေ့ရသည်။
သေနတ်ကို အသင့်ချိန်ထားပေမဲ့ တုန်ရီနေတဲ့
လက်က လုံးဝ ခလုတ်ကို မဖိညှစ်နိုင်တာကို
တွေ့ရသည်။
သေနတ်နဲ့ ချိန်ရွယ်ထားရင်တောင် သေမှာမှန်းသိရက်နဲ့
မကြာက်တဲ့ Baekhyun က ပစ်ဖို့ကျတော့ ကြောက်
နေသည်လား။
" ခလုတ်လေး ဖိချ လိုက်ရုံတင်ပဲလေ....!
ဘာကို ကြောက်နေတာလဲ ...."
အနားထိ သွားပြီး လေပြေအေးနဲ့ပဲ ပြောတော့
အံသြစွာ လှည့်ကြည့်လာတဲ့ မျက်ဝန်းနှစ်စုံ။
သေချာကြည့်ရင် မျက်ရည်ဝဲနေသည်လား
ထင်မှတ်စေသည်။
" Chan...... ကျနော်ကြောက်နေတယ်ထင်လား "
" ကြောက်နေတာပဲ မဟုတ်ဘူးလား ...."
Baekhyun ခေါင်းငုံ့ပြီး ရယ်နေတော့ Chanyeol
ခေါင်းရှုပ်သွားသည်။ Baekhyun ဘာဖြစ်နေတာလဲ။
" Chan....သတိရနေလို့ ပါးကို နမ်းခွင့်ပြုပါလား....!
အဲ့ဒီ့အစား ပတ်မှတ် ၁ မှာပဲ ကျည်ဆန်မှန်စေရမယ်...
ဘယ်လိုလဲ......"
Chanyeol စွေစောင်းကာကြည့်လာပြီး ငကဲ
ဟူ၍ပင် တင်စားလိုက်သေးသည်။
" ဖြစ်နိုင်မှ ပြော..... ပစ်မှတ် ၅တောင်ထိနိုင်ရဲ့လား "
" နမ်းခွင့်ပဲ ပြုပါ.....! "
လက်ညိုးတစ်ချောင်းထောင်ပြီး အတင်းခွင့်တောင်းနေတဲ့
Baekhyun ကြောင့် အခန်းထဲမှာ CCTV တွေ
ရှိလည်း ခေါင်းငြိမ့်လိုက်သည်။
" ကျေးဇူး .... chan....."
ဆိုကာ ခြေဖျားထောက်ပြီး ပါးတစ်ဖက်ကို အသံမြည်သည်
အထိ နမ်းရှုံ ့ သွားသည် ။
" ပစ်တော့ .....!."
" ကြည့်နေနော် ....."
ခန္ဓာကိုယ်အနေအထား မှန်ကန်စွာ ရပ်လိုက်သလို
ပစ်မှတ်ကို ချိန်လိုက်တဲ့ လက်ဟာလည်း တစ်ဖက်တည်း
ခန္ဓာကိုယ်ကို တစ်စောင်းအထိလှည့်ပြီး သေနတ်ကို
ကိုင်ထားတဲ့ လက်တစ်ဖက်ကလည်း ပစ်မှတ်ကို
တည့်တည့် ချိန်ထားသည်မှာ ပရော်ဖက်ရှင်နယ်
ကစားသမား(သေနတ်ပစ်သမား ) အတိုင်း နေရာယူ
လိုက်သည်။
Chanyeol မအံသြနိုင်သေးခင်မှာပဲ သေနတ်သံ
ခြောက်ချက်လောက်က အဆက်မပြတ်ထွက်လာသည်။
တစ်ချက်ကလေးမှ မနားပဲ ဆက်တိုက်ပစ်ပြီးနောက်
ပစ်မှတ်ပြ အကွက်ကြီးက ရှေ့တိုးလာသည်။
ပစ်မှတ် ပြ ဇယားမှာ ပစ်မှတ် ၁ နေရာထဲမှာပဲ
ကျည်ဆန်ရာ ၆ ခုကို တစ်ပေါက်တည်းမှာတွေ့ရတဲ့
အတွက် Chanyeol မျက်ခုံးတွေ ပင့်တက်
သွားသည် ။
" တော်တယ်....ဆက်လေ့ကျင့်နေ .....! "
" အားလုံးက Chan ရဲ့ အနမ်းကျေးဇူးကြောင့်ပါ "
ပြုံးဖြီးပြီး ဖြေလာတဲ့ Baekhyun ကို အသည်းယား
လွန်းစွာ ဖိညှစ်ချင်မိပေမဲ့ CCTV များလွန်းတဲ့ ဒီအခန်း
မှာတော့ မဟုတ် ။
" ဆက်လေ့ကျင့်နေ..... "
ပုခုံးကို တစ်ချက်နှစ်ချက်ပုတ်ပေးလိုက်ပြီး
လေ့ကျင့်ကွင်းထဲက ထွက်လာလိုက်သည်။
....................
Chanyeol ရုံးခန်း ထဲ ပြန်ဝင်လာတော့
ဆိုဖာပေါ်မှာ Baekhyun ရဲ့ လက်တော့ပ်ကို
ကစားနေသည့် Kai ကိုတွေ့ရလေသည်။
Baekhyun စက်လည်း Kai လက်ချက်နဲ့
ဘယ်အချိန် ပျက်မလဲ မျက်ခုံးလှုပ်လှုပ်ပင်။
" B4... က နိုင်ငံတော်အဆင့် သေနတ်ပစ်သမားကွ !!"
" ဘာ ...!!!!! "
Baekhyun ဆီမှာ တစ်ပတ်ရိုက်ခံရပြီး ပါးအနမ်း
ခံရပြီးမှ .........
" နိုင်ငံ့ လက်ရွေးစင် အထိ ကွ ....! "
" သေချာလို့လား....."
" ဒီမှာလေ.....သူဖွင့်ကြည့်ထားတဲ့ သူ့အချက်အလက်တွေ"
Chanyeol လည်း.မယုံနိုင်သေးပဲ Kai ပြရာကို
ကြည့်လိုက်တော့ ရွှေတံဆိပ်ပြားကိုက်ပြီး ဆိုဒ်ပိနေတဲ့
Baekhyun ကို တွေ့လိုက်ရသည်။
" ငါ သူ့အကြောင်းတွေ ရှာတုန်းက ဒါတွေမတွေ့ပါဘူး"
" မင်း အဆုံးထိ လိုက်ကြည့်နေလို့လား....!
မင်းပဲ ကြည့်နေရင်း ပေါက်ခွဲ လိုက်ပြီးမှ ..."
" ဟုတ်သား....."
" Chanyeol ah.... ဒါနဲ့ မထူးဆန်းဘူးလား ...!
နိုင်ငံ့လက်ရွေးစင်က သေနတ်မပစ်နိုင်တာ....."
__________________________________
သေနတ်ပစ်ခန်းထဲ သေနတ်ကိုကိုင်လျက်
လေ့ကျင့်နေတဲ့ ကောင်လေး......
စီးကျလာတဲ့ မျက်ရည်စီးကြောင်းတစ်ချို့ကို
အာရုံမရှိ ..... သေနတ်ချိန်ထားရာ ပစ်မှတ်မှာသာ
" ပစ်မှတ်ရဲ့ အရိပ်က လှုပ်နေတယ်......"
အက်ကွဲစွာ ထွက်လာတဲ့ အသံစိုင်အနောက်
အရိပ်လို တက်လာတဲ့ ပုံရိပ်တွေ........
________________TO BE CONTINUE
လုံးဝကိုမတူ ။
" အင်း...."
ထားမိသည် ။
ထိုင်စောင့်နေသည် ။
" Hello ...."
" Hyung....... သတိရနေတာ ....!."
Byun Baby .... အသံက တစ်ခုခုတောင်းဆိုမဲ့သံနဲ့
ဖြစ်အောင် လုပ်နေကြတာ ....!!! "
တာမလား "
မင်း အသိဆုံးပါ..... "
" လိမ်နေတာ...."
" Baek....Baekhyun ah...."
ခ်ျိတ်ပိတ်ခဲ့တဲ မှတ်ဉာဏ်တွေကို ပြန်ဖွင့်ကြည့်သင့်လား"
" Hyung....."
လို့လဲ......
အား....!!!!!
ကာ အံကြိတ်နေမိသည် ။
လုပ်နေတာလဲ......"
အလည်လာဖြစ်မယ် "
ကလေးပေါက်စနက အစ ပုံလေးတွေပြန်ကြည့်မိသည်။
ရလဒ် က အလန်းကြီးပါလား..."
ပွင့်လာသည်။
" Chan ဘယ်သွားမို့လဲ ..."
ခေါ်ကြသည် ။။
" ကျနော် ကြိုးစားမှာပါ...."
လာခဲ့......"
" Password က 1408.. ...!
" ဟုတ်.....Chan ကကြာမှာလား ....."
ငါ ခုနနေ သွားတော့မယ် "
" ဟုတ် "
ပြီး အင်္ကျီတွေ ဆွဲချွတ်ကာ ရေချိုးဖို့ ပြင်နေပြီ။
Chanyeol ရဲ့ အိပ်ရာမှာ အိပ်စက်မည်ဆိုတဲ့အတွေးက
ကိုတွေ့ရသည်။
အို့ .... B4 ပါ ရှိနေတာလား.... "
" ပျက်သွားပြီ ! "
အရေးကြီးနေလို့ "
" ဟေ ....."
လာသည် ။
Kai ဘက်ပြန်လှည့်ကာ
" Okok..... cool..... !
" မင်းတို့နှစ်ကောင် ...."
" C.....H ...A...N...Y ...E...O..L...."
" Kai.....!!!! "
L....O...V....E...love 😗....."
.............
မပေးလိုက်ရ ။
" အခုထိ အင်္ကျီမလဲသေးပဲ ဘာရပ်လုပ်နေတာလဲ !
လာသည့် Chanyeol . . ..
" လာခဲ့စမ်း...."
Chanyeol လက်ထဲက ကုတ်အင်္ကျီကို နီးရာ
လျစ်လျူမရှုခဲ့နိုင် ။
စေသည် ။
ထွက်ပေါ်နေသည် ။
Tsk....!!!!
ရေချိုးဝတ်ကို ပြန်ဆွဲစိပေးရင်း ......
ချစ်ရသူဆိုတော့လည်း မချိပြုံးလေးဖြင့်သွားဖြဲပြလိုက်ရသည်။
Chanyeol ကုတ်အင်္ကျီကို အပေါ်ကနေ ထပ်ဝတ်
အဝတ်လဲဖို့ Chanyeol ရဲ့ ဗီရိုထဲက အင်္ကျီလက်ရှည်
ကွေးနေလိုက်သည် ။
အိပ်ရာခင်းတွေ ၊ စောင်ထူကြီးနဲ့ အင်္ကျီဘောင်းဘီတွေကအစ
ကို သတိထားမိသည်။
________UNPRETTY ROMANCE_______
အကျဉ်းထောင်၏ VIP ပုဂ္ဂိုလ်များသာ တွေ့ဆုံနိုင်သည့်
မတွေ့ခဲ့ ။
လာတွေ့ရသည်။
ထိုးဖောက်လာပြန်သည်။
ကြည့်နေရသည်။
အကုန် အဆင်ပြေတယ် "
ကိုယ် စိတ်လောသွားတယ် "
" အင်းလေ...ဘာဖြစ်လို့လဲ "
" Jun...."
" Jun....."
" သူ သေလိမ့်မယ်......! "
" ဘယ်လို ... "
_______UNPRETTY ROMANCE_______
တွေ တက်ရောက်ရသည်။
သာယာမှု ရှာတက်သည် ။
တွေ့ရသည်။
နေသည်လား။
ဘာကို ကြောက်နေတာလဲ ...."
ထင်မှတ်စေသည်။
ဘယ်လိုလဲ......"
" နမ်းခွင့်ပဲ ပြုပါ.....! "
" ကျေးဇူး .... chan....."
အထိ နမ်းရှုံ့  သွားသည် ။
" ပစ်တော့ .....!."
" ကြည့်နေနော် ....."
လိုက်သည်။
သွားသည် ။
မှာတော့ မဟုတ် ။
" ဆက်လေ့ကျင့်နေ..... "
....................
" ဘာ ...!!!!! "
ခံရပြီးမှ .........
" သေချာလို့လား....."
" ဟုတ်သား....."
__________________________________
________________TO BE CONTINUE