Kim Taehyung.........
"Wow.......ခုမွဘဲပင္လယ္ေလ
လတ္လတ္ဆက္ဆက္႐ႈရတယ္
Seoulမွာ ပင္ပန္းထားသမ်ွ
အခု အတိုးခ်ၿပီးနားရမယ္"
Jejuေလဆိပ္မွာ
လာႀကိဳတဲ့ကားေပၚလိုက္လာရင္း
သူေပ်ာ္ေနမိတယ္။
ကားမွန္ကိုခ် လိုက္ေတာ့တိုး၀င္လာတဲ့ေလက
ပင္ပန္းမႈေတြကို ယူပစ္သြားသလိုပင္။
Jeju....သူအႀကိဳက္ဆံုးေနရာ။
သူကသာတက္ႂကြေနတာ
Jeon Jungkookကေတာ့
အရင္အတိုင္းမထံုတတ္ေတးေပ။
လြန္ခဲ့တဲ့ႏွစ္ပတ္
jungkook ေနမေကာင္းျဖစ္ၿပီးေနာက္ရက္
appaနဲ႔သူ jungkookကို
ေဆးရံု အတင္းေခၚသြားၿပီး
medical check-upလုပ္ေတာ့
ဆရာ၀န္က စိတ္ဖိစီးမႈအရမ္းမ်ားတယ္
အနားယူဖို႔လိုတယ္လို႔ ေျပာေပမယ့္
jeon jungkookကလက္မခံ။
အရင္အတိုင္း အလုပ္ကိုသာ
သဲႀကီးမဲႀကီးလုပ္တုန္း...
Appaကလဲသူ႔ကို
အနားယူခရီးထြက္ဖို႔ေျပာေပမယ့္လဲမရ။
ေနာက္ဆံုး သူကိုယ္တိုင္
ေက်ာင္းက spring break ခဏရတုန္း
ခရီးသြားခ်င္္တယ္ဟုဆိုကာ
jejuကို အတင္းေခၚလာတာေၾကာင့္သာ
ပါလာခ်င္းျဖစ္တယ္။
Jejuက အပန္းေျဖအိမ္ကေတာ့
အရင္အတိုင္းပင္
ပင္လယ္ကမ္းစပ္နားမွာျခံက်ယ္က်ယ္နဲ႔
၀ရံတာအျပည့့္ပါတဲ့ ထိုအိမ္ႀကီးဟာ
သူတို႔မိသားစု စုံစံုလင္လင္႐ွိခ်ိန္တုန္းက
သူရဲ႕ေပ်ာ္စရာ ငယ္ဘ၀အမွတ္တရမ်ား
ရွိခဲ့တဲ့ေနရာတစ္ခု
ငယ္ငယ္က အျမဲလာခ်င္ခဲ့တဲ့ေနရာ...
လူမေနေပမယ့္
အလုပ္သမားမ်ားအျမဲသန္႔႐ွင္းေရး
လာလုပ္တာေၾကာင့္ သန္႔သန္႔႐ွင္း႐ွင္းနဲ႔
အသံုးအေဆာင္အားလံုးျပည့္ျပည့္စံုစံု
အကုန္႐ွိေနတယ္။
"ဒီကိုမေရာက္တာေတာင္ အေတာ္ၾကာေနၿပီ
America မွာေနတုန္းက သူငယ္ခ်င္းေတြနဲ႔
ႏွစ္ေခါက္လား မသိဘူး လာျဖစ္ေသးတယ္
အဲ့ဒီေနာက္ပိုင္း လာကိုမလာျဖစ္ေတာ့တာ
hotelမွာ ထက္စာရင္အိမ္က
ပိုနားေအးပါးေအး႐ွိတယ္
ကမ္းေျခနဲ႔လဲပိုနီးတယ္ေလ"
အိမ္ထဲေရာက္ေတာ့
ျပတင္းေပါက္တခါးေတြဖြင့္ရင္း
လိုက္ကာေတြကိုဖယ္ရင္း
သူတတြက္တြက္ေျပာေနမိတယ္။
ျပတင္းေပါက္က၀င္လာတဲ့
ပင္လယ္ေလကို႐ႈရင္း
မ်က္လံုးေတြခဏမိွက္ထားမိလိုက္တယ္။
jungkookကေတာ့
ဧည့္ခန္းထဲကဆိုဖာမွာ၀င္ထိုင္ကာ
ဘာမွလဲျပန္မေျပာ...
သူ႔အေတြးႏွင့္သူ
ျငိမ္ၿငိမ္သက္သက္ေနေနတဲ့ပံုပင္။
Kim groupပိုင္hotel႐ွိေပမယ့္
hotelမွာေနရင္
jungkook အလုပ္ဆီစိတ္ေရာက္ေနမွာေရာ
hotel၀န္ထမ္းေတြ
ေနရၾကပ္ေနမွာ စိုးတာေရာေၾကာင့္
သူအိမ္မွာဘဲေနဖို႔ ဆံုးျဖတ္လိုက္သည္။
"နားေတာ့ေလ ခနအိပ္ရင္လဲအိပ္လိုက္
ညစာက ငါစားခ်င္တဲ့ဆိုင္႐ွိတယ္ အဲ့ဒီကိုဘဲ
သြားရေအာင္ေနာ္္"
သူျဖတ္ခနဲ လွည့္ၾကည့္ရင္းေျပာလိုက္ေတာ့
jungkookနဲ႔အၾကည့့္ခ်င္းဆံုသြားတယ္။
သူ႔ကိုစိုက္ၾကည့္ရင္းခပ္ဖြဖြျပံဳးၿပီး
hyungသေဘာလို႔ေျပာလိုက္တဲ့
စကားသံ တိုးတိုးအဆံုးမွာ
နားရြက္ဖ်ားေလးေတြပူသြားသလိုဘဲ...
သူအၾကည့္ျပန္လြဲကာ
ကမ္းေျခကိုိုေငးေနေပမယ့္
မလွမ္းမကန္းကဆိုဖာေပၚကေန
သူ႔ကိုထိုင္ၿပီးစိုက္ျကည့္ေနတဲ့သတၱ၀ါေၾကာင့္
လူကေနရခက္လာတယ္္။
ခုနကအေမာေျပေစတဲ့ ပင္လယ္္ေလက
အခုေတာ့ အသက္႐ႈရၾကပ္လာသလိုပင္..
ဧည့္ခန္းမွာဆက္မေနနိင္ေတာ့တာေၾကာင့္
သူ႔ကိုေက်ာခိဳင္းရင္းကိုယ့္luggageကိုယ္ဆြဲကာ
အေပၚထပ္ကေနမယ့္အခန္းဆီကိုသာ
ခပ္သြက္သြက္တတ္လာလိုက္တယ္။
ခုတင္ေပၚ၀ုန္းခနဲပစ္လွဲရင္း
မ်က္လံုးေတြကိုတင္းတင္းပိတ္ၿပီး
အသက္ဖြဖြ႐ႈေနမိတယ္
က်စ္.....ျမင္ျပန္ၿပီဒီအျပံဳးေတြဘဲ ....
အခုတေလာ သူဘာလုပ္လုပ္ဘာေျပာေျပာ
ခပ္ဖြဖြျပံဳးၾကည့္ေနတတ္တဲ့ jungkookေၾကာင့္
သူ႔မွာကေရာင္ေျခာက္ျခား...
ေဘးကပ္ရပ္အခန္းက တံခါးဖြင့္သံေၾကာင့္ jungkookေဘးခန္းမွာဘဲေနေတာ့မွာမွန္း
သူသေဘာေပါက္သြားတယ္။
လက္ထပ္ထားတာ၄လေလာက္႐ွိၿပီျဖစ္ေပမယ့္
ခုထိသူႏွင့္ jungkookၾကားဆက္ဆံေရးက
မိတ္ေဆြ သူငယ္ခ်င္းလို ညီအစ္ကိုလို
ဆက္ဆံေရးထက္မပိုခဲ့။
သူ့ကိုအရိပ္တၾကည့္ၾကည့္
ဂ႐ုစိုက္တတ္သူျဖစ္ေပမယ့္
jungkookက အရမ္းနားလည္ရခက္လြန္းသည္။
နားလည္ရခက္တဲ႔ အျပံုးေတြနဲ႔
ျပံဳးခဲရယ္ခဲလွတဲ့ဲ့ဲ့ႏႈတ္ခမ္းေတြ.....
ႏႈတ္ခမ္း....က်စ္.....ေတာ္ျပီ...
ဆက္မေတြးနဲ႔KimTaehyung ....
လူကဆက္မေတြးခ်င္ေပမယ့္
စိတ္ကလြန္ခဲ့တဲ့ နွစ္ပတ္က
အနမ္းေတြအေၾကာင္းဆီ
ေရာက္သြားျပန္တယ္။
မသ္ိသလို မူမျပက္ေနေနတဲ့ jungkookေၾကာင့္
သူလဲမသိခ်င္ေယာင္ေဆာင္ကာ
ဘာမွမျဖစ္သလိုေနေနေပမယ့္
သူစိတ္ထဲကထုတ္မရခဲ့ ...
ေတြးမိလိုက္တိုင္းအသက္ရွုရခက္လာျပီး
သူ႔ပါးေတြပူထူလာတာသူဘဲသိတယ္။
မင္းေတာ့႐ူးေနၿပီထင္တယ္
Kim Taehyung.....
ခရီးပန္းတာေၾကာင့္သူခနအိပ္ေပ်ာ္သြားတယ္
ေရခ်ိဳးအ၀တ္စားလဲၿပီး
သူေအာက္ထပ္ဆင္းလာေတာ့
jungkookကဧည့္ခန္းမွာ
အဆင္သင့္ေစာင့္ေနၿပီ။
သြားစားမည့့္ဆိုင္က
အတန္ငယ္ေ၀းတာေၾကာင့္ jungkookက
hotelကို ကားလွမ္းေတာင္းမယ္ဆိုေပမယ့္
သူကKim Taehyung ပီသစြာ
ေခါင္းမာဂ်စ္တိုက္ၿပီး
လမ္းေလ်ာက္ခ်င္သည္ဆိုၿပီးလက္မခံခဲ့။
ညဦးပိုင္းေပမယ့္ က်ြန္းျမိဳ့ေလးမို႔လို႔
တိတ္ဆိတ္ေနေလျပီ။
သူတို႕အိမ္ဘက္အပိုင္းက
hotelေတြနဲ့ေ၀းတာေျကာင့္လူမ႐ွဳပ္
ေဒသခံေတြေလာက္သာ႐ွိသည္။
ဆားနဲ႕သင္းတဲ့ပင္လယ္ေလကို္ရွဴ ရင္း
ဟိုဟိုဒီဒီေငးရင္းတိတ္တဆိတ္သာ
လမ္းေလွ်ာက္ေနမိတယ္။
ဘာမွလဲဲေထြေထြထူးထူးမေျပာျဖစ္ၾက....
လမ္းမီးမွိန္မွိန္ထြန္းထားတဲ့ဲ့လမ္းကေလးေတြက
လူသြားလူလာလဲသိပ္မ႐ွိ....။
နာရီ၀က္ေလာက္ ေလ်ာက္ၿပီးေတာ့မွ
မီး၀ါ၀ါေလးေတြ ထြန္းထားတဲ့ဲ့ဆိုင္ေလးဆီ
ေရာက္လာခဲ့တယ္။
တကယ္ေတာ့ ဒီဆိုင္ေလးက
လူသိသိပ္မမ်ားသလို
ခမ္းခမ္းနားနားလဲမဟုတ္...
ဒါေပမယ့္
ပင္လယ္စာေတြကလတ္ဆက္သလို
အရသာကလဲ သူ႔အႀကိဳက္ပင္
jejuကိုေရာက္တိုင္း
သူအနည္းဆံုးတစ္ေခါက္ေတာ့
လာစားျဖစ္သည္သာ...
အဓိက က hotelကတန္ဖိုးျကီးဟင္းလ်ာေတြဆီမွာ
မရနိုင္တဲ့အိမ္နဲ႔တူတဲ့
ေႏြးေႏြးေထြးေထြးခံစားခ်က္ေလး....။
စားေနတဲ့တစ္ေလ်ာက္လံုး
jungkookက ဂဏန္းအသားႏြာေပးလိုက္
သူ႔ပန္းကန္ထဲဟင္းရည္္ခပ္ထည့္ေပးလိုက္
လုပ္ေနတာကိုသူသတိမထားမိခဲ့...
လမ္းေလ်ာက္လို႔ပိုဆာလာတဲ့
ဗိုက္ကိုျဖည့္ရန္သာ သဲသဲမဲမဲင႔ံုစားေနမိတယ္။
သူအေတာ္စားျပီးလို႔ လွမ္းၾကည့္မိတဲ့အခ်ိန္မွာ jungkookပန္းကန္က
ဘာမွကိုအရာမယြင္းေသး
သူၾကည့္ေနတာကိုလဲသတိထားမိပံုမရ
ငါးကင္ကိုသာ အ႐ိုးေသခ်ာႏြင္ၿပီး
သူပန္းကန္ထဲလွမ္းထည့္ေနတယ္။
"Jungkook ဘာလို႔မစားတာလဲ
မႀကိဳက္ဘူးလားဟင္"
"Arni....ျကိုက္ပါတယ္ hyungရဲ႕"
"ျကိုက္တယ္ဆိုလဲ စားေလ
ငါစားဖို႔ဘဲလုပ္ေပးမေနနဲ႔
ကိုယ့္ဟာက္ိုလဲစားဦး"
သူဗိုက္ျပည့္လို႔လွမ္းျကည့္မိတဲ့အခ်ိန္မွာမွ
အသဲအသန္စားေနတဲ့ jeon jungkook...
ဟင္းလဲထပ္မထည့္
ျမန္ျမန္ျပီးေအာင္အတင္းစားေနတဲ့ပံုမ်ိဳး.....။
က်စ္ ဒီလူေတာ့......
"အာ့......"
"Hyung ဘာျဖစ္တာလဲ"
သူျပန္ေျဖတာကိုေတာင္မေစာင့္
စိုးရိမ္တျကီးနဲ႔
ဂဏန္းအခြံ႐ွသြားလို႔ေသြးထြက္ေနတဲ့
သူ႔လက္ကိုဆြဲယူကာ
ပါးစပ္ထဲထည့္ငံုလိုက္တယ္။
သူ႔မ်က္ႏွာ႐ွိန္းခနဲျဖစ္ၿပီး ပါးေတြရဲသြားေပမယ့္ jungkookကသာမာန္လုပ္ေနၾက
အရာတစ္ခုကို လုပ္လိုက္တဲ့ပံုစံမ်ိဳးဘဲ
မ်က္ႏွာတစ္ခ်က္္မေျပာင္းသြား...
ေသြးတိတ္သြားတဲ့
လက္ညိဳးေလးက္ိုလြတ္ေပးရင္း
သူ႔ကိုမ်က္ႏွာတည္နဲ႔စိုက္ၾကည့္ေနတဲ့
Jungkookေၾကာင့့့္
သူအေနရခက္စြာေခါင္းငံု႔မိသြားတယ္။
"Hyungစားမယ္ဆိုက်ေနာ္လုပ္ေပးမွာေပါ့
မစားႏိုင္ေတာ့ဘူးထင္လို႔
ထပ္မခြာေပးေတာ့တာ
တစ္ခုခုဆိုေျပာပါhyungရဲ႕
အခုလက္နာသြားၿပီ..ျကည့္"
"မဟုတ္ဘူး ငါကမင္းအတြက္လုပ္ေပးမလို႔"
သူေခါင္းငံုၿပီး ေျဖလိုက္တဲ့အေျဖအဆံုးမွာ
သူတို႔ႏွစ္ေယာက္လံုးတိတ္ဆိတ္သြားတယ္။
ျပန္လာတဲ့ လမ္းတစ္ေလ်ာက္လံုးလဲ
ႏွစ္ေယာက္သားတိတ္တိတ္ဆိတ္ဆိတ္ပင္.... တကယ္ေတာ့ ေတြးၾကည့္ရင္ရယ္စရာ
သူနဲ႔ jungkookၾကားမွာ
ေျပာစရာဆိုတာမ႐ွိသေလာက္ပင္
မုန္းေနျကတာလဲမဟုတ္ဘဲနဲ႔။
လိုတာကိုသာ
ခပ္ျပတ္ျပတ္ေျပာတတ္တဲ့jungkookနဲ႔
စကားနည္းတဲ့ သူနဲ႔ျကားမွာ
ထူးထူးျခားျခား ေျပာစရာမရွိခဲ့။
အသြားတုန္းကလမ္းေလ်ာက္ႏိုင္ေပမယ့္
ဗိုက္ျပည့္ၿပီးအိပ္ငိုက္လာခ်ိန္မွာ
သူ လမ္းမေလ်ာက္ခ်င္ေတာ့...။
ဒီလမ္းက Taxiအသြားအလာ
မ႐ွိမွန္းလည္း သူသိသည္။
Hotelကိုဖုန္းေခၚဖို႔ စဥ္းစားၾကည့္ေပမယ့္
လက္ကနာရီကိုၾကည့္လိုက္ေတာ့၉နာရီ
သူတို႔အိမ္ႏွင့္hotelနဲ႔က အေတာ္ေ၀းသည္။
ကားကခ်က္ခ်င္းေရာက္လာႏိုင္မွာမဟုတ္
သူကလဲမေစာင့္ခ်င္...။
ကိုယ့္ဘာသာကိုသာစိတ္တိုၿပီး
မ်က္ေမွာင္ကုတ္ေနမိသည္...။
"Hyung"
"အမ္.....ဘာလဲ"
"ကုန္းပိုးသြားမယ္ တတ္"
အေ႐ွ႕မွာ႐ုတ္တရက္ထိုင္ခ်ရင္းေျပာလိုက္တဲ့ jungkookစကားေၾကာင့္
သူေၾကာင္သြားမိတယ္...။
"Arni....ငါကလမ္းဘဲေလ်ာက္ခ်င္တာ"
"တက္မွာသာတက္စမ္းပါ ကုန္းပိုးခံမလား
အိမ္အထိိက်ေနာ္ ခ်ီသြားရမလား"
Jungkookက တကယ္လုပ္မယ့္
႐ုပ္ေပါက္ေနေသာေၾကာင့္
သူေက်ာေပၚတတ္လိုက္ရတယ္။
jungkookလည္ပင္းကိုသိုင္းဖတ္ျပီး
ေက်ာျပင္ေပၚ ပါးကပ္ကာ
ကိုယ္သင္းရနံကိုဖြဖြ႐ႈရင္း
သူၿငိမ္ၿငိမ္ေလးလိုက္လာမိတယ္။
"Hyung"
"ဟင္..."
"ေနာက္တစ္ခါဆို
Hyungျဖစ္ခ်င္သမ်ွကို က်ေနာ့္ကိုအားလံုးေျပာ
စိတ္ထဲမွာဘဲထားမေနနဲ႕
ဘာဘဲျဖစ္ျဖစ္ ျဖစ္ေအာင္လုပ္ေပးမွာမို႔လို႔"
Jungkookစကားအဆံုးမွာ သူျပံဳးမိသြားတယ္
ငါထုတ္မေျပာလဲ
ငါ့ကိုအျမဲအရိပ္လိုၾကည့္ေနတဲ့မင္းက
ငါဘာျဖစ္ခ်င္တယ္ဆိုတာ
သိမွာဘဲမဟုတ္လားjeon...
ႏွစ္ေယာက္သားဘာစကားမွမဆိုဘဲ
တိတ္ဆိတ္ေနမိတယ္
လမ္းေလးေတြက
လူသြားလူလာ႐ွင္းကုန္ၿပီ။
ပင္လယ္ရနံပါတဲ့ညေလညႇင္းရယ္
လမ္းမီးေရာင္မွိန္မွိန္ရယ္
ၾကယ္ေရာင္္သိပ္မလက္တဲ့ေကာင္းကင္ရယ္
သူ႔ကိုျမဲျမံစြာထမ္းပိုးထားတဲ့လူသားရယ္
ဒီအေနအထား ဒီအခိုက္အတန္႔ေလးကို
သူျမတ္ႏိုးတယ္။
"Jungkook ငါကမင္းအတြက္ဘာလဲဟင္"
ရုတ္တရက္ထေမးတဲ့
သူ႔ေမးခြန္းအဆံုးမွာjungkook
ခပ္တိုးတိုးရယ္တယ္....။
"Hyungကက်ေနာ့္ေယာက်ၤားေလ
က်ေနာ့ဘ၀တစ္ခုလံုးမွာ
ေကာင္းေကာင္းဆိုးဆိုး
အတူတူျဖတ္သန္းရမယ့္ အရင္းႏွီးဆံုးသူစိမ္း"
Jungkookစကားအဆံုးမွာ
သူတို႔လက္ထပ္ပြဲြဲတုန္းက
ဘုရားသခင္ေ႐ွ႕က်ိန္ဆိုထားတဲ့ စကားကို
သူသတိရသြားသည္။
for better or worse
till death do us apart.....
စိတ္ထဲတိုးတိုးေရရြတ္ရင္းသူျပံဳးလိုက္မိတယ္။
သူေကာင္းေကာင္းဆိုးဆိုး
အနားမွာအျမဲ႐ွိမယ့္ သူစိမ္းေလး....
အဲ့ဒီအသိေျကာင့္သူ႔ရင္တစ္ခုလံုးေႏြးသြားတယ္....။
Kim Taehyung.........
"Wow.......ခုမှဘဲပင်လယ်လေ
လတ်လတ်ဆက်ဆက်ရှုရတယ်
Seoulမှာ ပင်ပန်းထားသမျှ
အခု အတိုးချပြီးနားရမယ်"
Jejuလေဆိပ်မှာ
လာကြိုတဲ့ကားပေါ်လိုက်လာရင်း
သူပျော်နေမိတယ်။
ကားမှန်ကိုချ လိုက်တော့တိုးဝင်လာတဲ့လေက
ပင်ပန်းမှုတွေကို ယူပစ်သွားသလိုပင်။
Jeju....သူအကြိုက်ဆုံးနေရာ။
သူကသာတက်ကြွနေတာ
Jeon Jungkookကတော့
အရင်အတိုင်းမထုံတတ်တေးပေ။
လွန်ခဲ့တဲ့နှစ်ပတ်
jungkook နေမကောင်းဖြစ်ပြီး
နောက်ရက်appaနဲ့သူ jungkookကို
ဆေးရုံ အတင်းခေါ်သွားပြီး
medical check-upလုပ်တော့
ဆရာဝန်က စိတ်ဖိစီးမှုအရမ်းများတယ်
အနားယူဖို့လိုတယ်လို့ ပြောပေမယ့်
jeon jungkookကလက်မခံ။
အရင်အတိုင်း အလုပ်ကိုသာ
သဲကြီးမဲကြီးလုပ်တုန်း...
Appaကလဲသူ့ကို
အနားယူခရီးထွက်ဖို့ပြောပေမယ့်လဲမရ။
နောက်ဆုံး သူကိုယ်တိုင်
ကျောင်းက spring break ခဏရတုန်း
ခရီးသွားချင်တယ်ဟုဆိုကာ
jejuကို အတင်းခေါ်လာတာကြောင့်သာ
ပါလာချင်းဖြစ်တယ်။
Jejuက အပန်းဖြေအိမ်ကတော့
အရင်အတိုင်းပင်
ပင်လယ်ကမ်းစပ်နားမှာခြံကျယ်ကျယ်နဲ့
၀ရံတာအပြည့်ပါတဲ့ ထိုအိမ်ကြီးဟာ
သူတို့မိသားစု စုံစုံလင်လင်ရှိချိန်တုန်းက
သူရဲ့ပျော်စရာ ငယ်ဘဝအမှတ်တရများ
ရှိခဲ့တဲ့နေရာတစ်ခု
ငယ်ငယ်က အမြဲလာချင်ခဲ့တဲ့နေရာ...။
လူမနေပေမယ့်
အလုပ်သမားများအမြဲသန့်ရှင်းရေး
လာလုပ်တာကြောင့် သန့်သန့်ရှင်းရှင်းနဲ့
အသုံးအဆောင်အားလုံးပြည့်ပြည့်စုံစုံ
အကုန်ရှိနေတယ်။
"ဒီကိုမရောက်တာတောင် အတော်ကြာနေပြီ
America မှာနေတုန်းက သူငယ်ချင်းတွေနဲ့
နှစ်ခေါက်လား မသိဘူး လာဖြစ်သေးတယ်
အဲ့ဒီနောက်ပိုင်း လာကိုမလာဖြစ်တော့တာ
hotelမှာ ထက်စာရင်အိမ်က
ပိုနားအေးပါးအေးရှိတယ်.....
ကမ်းခြေနဲ့လဲပိုနီးတယ်လေ"
အိမ်ထဲရောက်တော့
ပြတင်းပေါက်တခါးတွေဖွင့်ရင်း
လိုက်ကာတွေကိုဖယ်ရင်း
သူတတွက်တွက်ပြောနေမိတယ်။
ပြတင်းပေါက်ကဝင်လာတဲ့
ပင်လယ်လေကိုရှုရင်း
မျက်လုံးတွေခဏမှိက်ထားမိလိုက်တယ်။
jungkookကတော့
ဧည့်ခန်းထဲကဆိုဖာမှာဝင်ထိုင်ကာ
ဘာမှလဲပြန်မပြော...သူ့အတွေးနှင့်သူ
ငြိမ်ငြိမ်သက်သက်နေနေတဲ့ပုံပင်။
Kim groupပိုင်hotelရှိပေမယ့်
hotelမှာနေရင်
jungkook အလုပ်ဆီစိတ်ရောက်နေမှာရော
hotel၀န်ထမ်းတွေ
နေရကြပ်နေမှာ စိုးတာရောကြောင့်
သူအိမ်မှာဘဲနေဖို့ ဆုံးဖြတ်လိုက်သည်။
"နားတော့လေ ခဏအိပ်ရင်လဲအိပ်လိုက်
ညစာက ငါစားချင်တဲ့ဆိုင်ရှိတယ် အဲ့ဒီကိုဘဲ
သွားရအောင်နော်"
သူဖြတ်ခနဲ လှည့်ကြည့်ရင်းပြောလိုက်တော့
jungkookနဲ့အကြည့်ချင်းဆုံသွားတယ်။
သူ့ကိုစိုက်ကြည့်ရင်းခပ်ဖွဖွပြုံးပြီး
hyungသဘောလို့ပြောလိုက်တဲ့
စကားသံ တိုးတိုးအဆုံးမှာ
နားရွက်ဖျားလေးတွေပူသွားသလိုဘဲ...။
သူအကြည့်ပြန်လွဲကာ
ကမ်းခြေကိိုုငေးနေပေမယ့်
မလှမ်းမကန်းကဆိုဖာပေါ်ကနေ
သူ့ကိုထိုင်ပြီးစိုက်ကြည့်နေတဲ့သတ္တဝါကြောင့်
လူကနေရခက်လာတယ်။
ခုနကအမောပြေစေတဲ့ ပင်လယ်လေက
အခုတော့ အသက်ရှုရကြပ်လာသလိုပင်..
ဧည့်ခန်းမှာဆက်မနေနိင်တော့တာကြောင့်
သူ့ကိုကျောခိုင်းရင်းကိုယ့်luggageကိုယ်ဆွဲကာ
အပေါ်ထပ်ကနေမယ့်အခန်းဆီကိုသာ
ခပ်သွက်သွက် တတ်လာလိုက်တယ်။
ခုတင်ပေါ်ဝုန်းခနဲပစ်လှဲရင်း
မျက်လုံးတွေကိုတင်းတင်းပိတ်ပြီး
အသက်ဖွဖွရှုနေမိတယ်..
ကျစ်.....မြင်ပြန်ပြီဒီအပြုံးတွေဘဲ ....။
အခုတလော သူဘာလုပ်လုပ်ဘာပြောပြော
ခပ်ဖွဖွပြုံးကြည့်နေတတ်တဲ့
jungkookကြောင့်သူ့မှာဂယောင်ခြောက်ခြား...
ဘေးကပ်ရပ်အခန်းက တံခါးဖွင့်သံကြောင့် jungkookဘေးခန်းမှာဘဲနေတော့မှာမှန်း
သူသဘောပေါက်သွားတယ်။
လက်ထပ်ထားတာ၄လလောက်ရှိပြီဖြစ်ပေမယ့်
ခုထိသူနဲ့ jungkookကြားဆက်ဆံရေးက
မိတ်ဆွေ သူငယ်ချင်းလို ညီအစ်ကိုလို
ဆက်ဆံရေးထက်မပိုခဲ့။
သူ့ကိုအရိပ်တကြည့်ကြည့်
ဂရုစိုက်တတ်သူဖြစ်ပေမယ့်
jungkookကအရမ်းနားလည်ရခက်လွန်းသည်။
နားလည်ရခက်တဲ့ အပြုံးတွေနဲ့
ပြုံးခဲရယ်ခဲလှတဲဲ့ နှုတ်ခမ်းတွေ.....
နှုတ်ခမ်း....ကျစ်.....တော်ပြီ...
ဆက်မတွေးနဲ့KimTaehyung ....
လူကဆက်မတွေးချင်ပေမယ့်
စိတ်ကလွန်ခဲ့တဲ့ နှစ်ပတ်က
အနမ်းတွေအကြောင်းဆီ
ရောက်သွားပြန်တယ်။
မသ်ိသလို မူမပြက်နေနေတဲ့
jungkookကြောင့်
သူလဲမသိချင်ယောင်ဆောင်ကာ
ဘာမှမဖြစ်သလိုနေနေပေမယ့်
သူစိတ်ထဲကထုတ်မရခဲ့ ...
တွေးမိလိုက်တိုင်း အသက်ရှုရခက်လာပြီး
သူ့ပါးတွေ ပူထူလာတာသူဘဲသိတယ်။
မင်းတော့ရူးနေပြီထင်တယ်
Kim Taehyung.....
ခရီးပန်းတာကြောင့်
သူခနအိပ်ပျော်သွားသည်။
ရေချိုးအဝတ်စားလဲပြီး
သူအောက်ထပ်ဆင်းလာတော့
jungkookကဧည့်ခန်းမှာ
အဆင်သင့်စောင့်နေပြီ။
သွားစားမည့်ဆိုင်က
အတန်ငယ်ဝေးတာကြောင့်
jungkookက hotelကို
ကားလှမ်းတောင်းမယ်ဆိုပေမယ့်
သူကKim Taehyung ပီသစွာ
ခေါင်းမာဂျစ်တိုက်ပြီး
လမ်းလျောက်ချင်သည်ဆိုပြီးလက်မခံခဲ့။
ညဦးပိုင်းပေမယ့် ကျွန်းမြို့လေးမို့လို့
တိတ်ဆိတ်နေလေပြီ။
သူတို့အိမ်ဘက်အပိုင်းက
hotelတွေနဲ့ဝေးတာကြောင့်လူမရှုပ်
ဒေသခံတွေလောက်သာရှိသည်။
ဆားနဲ့သင်းတဲ့ပင်လယ်လေကိုရှူ ရင်းး
ဟိုဟိုဒီဒီငေးရင်း တိတ်တဆိတ်သာ
လမ်းးလျှောက်နေမိတယ်။
ဘာမှလဲဲထွေထွေထူးထူးမပြောဖြစ်ကြ....
လမ်းမီးမှိန်မှိန်ထွန်းထားတဲဲ့
လမ်းကလေးတွေက
လူသွားလူလာလဲသိပ်မရှိ....။
နာရီဝက်လောက် လျောက်ပြီးတော့မှ
မီးဝါ၀ါလေးတွေ ထွန်းထားတဲဲ့
ဆိုင်လေးဆီရောက်လာခဲ့တယ်။
တကယ်တော့ ဒီဆိုင်လေးက
လူသိသိပ်မများသလို
ခမ်းခမ်းနားနားလဲမဟုတ်...။
ဒါပေမယ့် ပင်လယ်စာတွေက
လတ်ဆက်သလို အရသာကလဲ
သူ့အကြိုက်ပင်..jejuကိုရောက်တိုင်း
သူအနည်းဆုံးတစ်ခေါက်တော့
လာစားဖြစ်သည်သာ...
အဓိက က hotelက
တန်ဖိုးကြီးဟင်းလျာတွေဆီမှာ
မရနိုင်တဲ့အိမ်နဲ့တူတဲ့
နွေးနွေးထွေးထွေးခံစားချက်လေး....။
စားနေတဲ့တစ်လျောက်လုံး
jungkookက ဂဏန်းအသားနွာပေးလိုက်
သူ့ပန်းကန်ထဲဟင်းရည်ခပ်ထည့်ပေးလိုက်
လုပ်နေတာကိုသူသတိမထားမိခဲ့...
လမ်းလျောက်လို့ပိုဆာလာတဲ့
ဗိုက်ကိုဖြည့်ရန်သာ သဲသဲမဲမဲငုံ့စားနေမိတယ်။
သူအတော်စားပြီးလို့ လှမ်းကြည့်မိတဲ့အချိန်မှာ jungkookပန်းကန်က
ဘာမှကိုအရာမယွင်းသေး...
သူကြည့်နေတာကိုလဲသတိထားမိပုံမရ
ငါးကင်ကိုသာ အရိုးသေချာနွင်ပြီး
သူပန်းကန်ထဲလှမ်းထည့်နေတယ်။
"Jungkook ဘာလို့မစားတာလဲ
မကြိုက်ဘူးလားဟင်"
"Arni....ကြိုက်ပါတယ် hyungရဲ့"
"ကြိုက်တယ်ဆိုလဲ စားလေ
ငါစားဖို့ဘဲလုပ်ပေးမနေနဲ့
ကိုယ့်ဟာက်ိုလဲစားဦး"
သူဗိုက်ပြည့်လို့လှမ်းကြည့်မိတဲ့အချိန်မှာမှ
အသဲအသန်စားနေတဲ့ jeon jungkook...
ဟင်းလဲထပ်မထည့်
မြန်မြန်ပြီးအောင်အတင်းစားနေတဲ့ပုံမျိုး.....။
ကျစ် ဒီလူတော့......
"အာ့......"
"Hyung ဘာဖြစ်တာလဲ"
သူပြန်ဖြေတာကိုတောင်မစောင့်ဘဲ
စိုးရိမ်တကြီးနဲ့ ဂဏန်းအခွံရှသွားလို့
သွေးထွက်နေတဲ့ သူ့လက်ကိုဆွဲယူကာ
ပါးစပ်ထဲထည့် ငုံလိုက်တယ်။
သူ့မျက်နှာရှိန်းခနဲဖြစ်ပြီးပါးတွေရဲသွားပေမယ့်
jungkookကသာမာန်လုပ်နေကြ
အရာတစ်ခုကို လုပ်လိုက်တဲ့ပုံစံမျိုးဘဲ
မျက်နှာတစ်ချက် မပြောင်းသွား...
သွေးတိတ်သွားတဲ့
လက်ညိုးလေးက်ိုလွတ်ပေးရင်း
သူ့ကိုမျက်နှာတည်နဲ့စိုက်ကြည့်နေတဲ့
Jungkookကြောင့်
သူအနေရခက်စွာခေါင်းငုံ့မိသွားတယ်။
"Hyungစားမယ်ဆိုကျနော်လုပ်ပေးမှာပေါ့
မစားနိုင်တော့ဘူးထင်လို့...
ထပ်မခွာပေးတော့တာ...
တစ်ခုခုဆိုပြောပါhyungရဲ့
အခုလက်နာသွားပြီ..ကြည့်"
"မဟုတ်ဘူး ငါကမင်းအတွက်လုပ်ပေးမလို့"
သူခေါင်းငုံပြီး ဖြေလိုက်တဲ့အဖြေအဆုံးမှာ
သူတို့နှစ်ယောက်လုံးတိတ်ဆိတ်သွားတယ်။
ပြန်လာတဲ့ လမ်းတစ်လျောက်လုံးလဲ
နှစ်ယောက်သားတိတ်တိတ်ဆိတ်ဆိတ်ပင်.... တကယ်တော့ တွေးကြည့်ရင်ရယ်စရာ
သူနဲ့ jungkookကြားမှာ
ပြောစရာဆိုတာမရှိသလောက်ပင်
မုန်းနေကြတာလဲမဟုတ်ဘဲနဲ့။
လိုတာကိုသာ ခပ်ပြတ်ပြတ်ပြောတတ်တဲ့
jungkookနဲ့ စကားနည်းတဲ့ သူနဲ့ကြားမှာ
ထူးထူးခြားခြား ပြောစရာမရှိခဲ့။
အသွားတုန်းကလမ်းလျောက်နိုင်ပေမယ့်
ဗိုက်ပြည့်ပြီးအိပ်ငိုက်လာချိန်မှာ
သူ လမ်းမလျောက်ချင်တော့...။
ဒီလမ်းက Taxiအသွားအလာ
မရှိမှန်းလည်းသူသိသည်။
Hotelကိုဖုန်းခေါ်ဖို့ စဉ်းစားကြည့်ပေမယ့်
လက်ကနာရီကိုကြည့်လိုက်တော့၉နာရီ
သူတို့အိမ်နဲ့hotelနဲ့က အတော်ဝေးသည်။
ကားကချက်ချင်းရောက်လာနိုင်မှာမဟုတ်
သူကလဲမစောင့်ချင်...။
ကိုယ့်ဘာသာကိုသာစိတ်တိုပြီး
မျက်မှောင်ကုတ်နေမိသည်...။
"Hyung"
"အမ်.....ဘာလဲ"
"ကုန်းပိုးသွားမယ် တတ်"
အရှေ့မှာရုတ်တရက်ထိုင်ချရင်းပြောလိုက်တဲ့ jungkookစကားကြောင့်
သူကြောင်သွားမိတယ်...။
"Arni....ငါကလမ်းဘဲလျောက်ချင်တာ"
"တက်မှာသာတက်စမ်းပါ ကုန်းပိုးခံမလား
အိမ်အထိိကျနော် ချီသွားရမလား"
Jungkookက တကယ်လုပ်မယ့်
ရုပ်ပေါက်နေသောကြောင့်
သူကျောပေါ်တတ်လိုက်ရတယ်။
jungkookလည်ပင်းကိုသိုင်းဖတ်ပြီး
ကျောပြင်ပေါ် ပါးကပ်ကာ
ကိုယ်သင်းရနံကိုဖွဖွရှုရင်း
သူငြိမ်ငြိမ်လေးလိုက်လာမိတယ်။
"Hyung"
"ဟင်..."
"နောက်တစ်ခါဆို..Hyungဖြစ်ချင်သမျှကို
ကျနော့်ကိုအားလုံးပြော...
စိတ်ထဲမှာဘဲထားမနေနဲ့..ဘာဘဲဖြစ်ဖြစ်
ဖြစ်အောင်လုပ်ပေးမှာမို့လို့"
Jungkookစကားအဆုံးမှာ
သူပြုံးမိသွားတယ်။ငါထုတ်မပြောလဲ
ငါ့ကိုအမြဲအရိပ်လိုကြည့်နေတဲ့မင်းက
ငါဘာဖြစ်ချင်တယ်ဆိုတာ
သိမှာဘဲမဟုတ်လားjeon...။
နှစ်ယောက်သားဘာစကားမှမဆိုဘဲ
တိတ်ဆိတ်နေမိတယ်။
လမ်းလေးတွေက
လူသွားလူလာရှင်းကုန်ပြီ။
ပင်လယ်ရနံပါတဲ့ညလေညင်းရယ်
လမ်းမီးရောင်မှိန်မှိန်ရယ်
ကြယ်ရောင််သိပ်မလက်တဲ့ကောင်းကင်ရယ်
သူ့ကိုမြဲမြံစွာထမ်းပိုးထားတဲ့လူသားရယ်
ဒီအနေအထား ဒီအခိုက်အတန့်လေးကို
သူမြတ်နိုးတယ်။
"Jungkook ငါကမင်းအတွက်ဘာလဲဟင်"
ရုတ်တရက်ထမေးတဲ့
သူ့မေးခွန်းအဆုံးမှာjungkook
ခပ်တိုးတိုးရယ်တယ်....။
"Hyungကကျနော့ယောက်ျားလေ...
ကျနော့ဘဝတစ်ခုလုံးမှာ ကောင်းကောင်း
ဆိုးဆိုး အတူတူဖြတ်သန်းရမယ့်
အရင်းနှီးဆုံးသူစိမ်း..."
Jungkookစကားအဆုံးမှာ
သူတို့လက်ထပ်ပွဲတုန်းက
ဘုရားသခင်ရှေ့ကျိန်ဆိုထားတဲ့
စကားကို သူသတိရသွားသည်။
for better or worse
till death do us apart.....
စိတ်ထဲတိုးတိုးရေရွတ်ရင်း
သူပြုံးလိုက်မိတယ်။
သူကောင်းကောင်းဆိုးဆိုး
အနားမှာအမြဲရှိမယ့် သူစိမ်းလေး....
အဲ့ဒီအသိကြောင့်
သူ့ရင်တစ်ခုလုံးနွေးသွားတယ်....။