Challenge Accepted!! (2017)
By khwarnyobaekkieaeri
215K 24.2K 1.1K
အပြိုင်​အဆိုင်​များ​သော​ကောင်​​လေး ၂​ယောက်​ .. အချစ်​ကိုပြိုင်​ပွဲတစ်​ခုလိုသ​ဘောထားကာ ပြိုင်​ဆိုင်​လာ​သောအခါ... More
Challenge Accepted!! - 1
Challenge Accepted!! - 2
Challenge Accepted!! - 3
Challenge Accepted!! - 4
Challenge Accepted!! - 5
Challenge Accepted!! - 6
Challenge Accepted!! - 7
Challenge Accepted!! - 8
Challenge Accepted!! - 9
Challenge Accepted!! - 10
Challenge Accepted!! - 11
Challenge Accepted!! - 12
Challenge Accepted!! - 13
Challenge Accepted!! - 14
Challenge Accepted!! - 15
Challenge Accepted!! - 16
Challenge Accepted!! - 17
Challenge Accepted!! - 18
Challenge Accepted!! - 19
Challenge Accepted!! - 20
Challenge Accepted!! - 21
Challenge Accepted!! - 23
Challenge Accepted!! - 24
Challenge Accepted!! - 25
Challenge Accepted!! - 26
Challenge Accepted!! - 27
Challenge Accepted!! - 28
Challenge Accepted!! - 29
Challenge Accepted!! - 30
Challenge Accepted!! - 31
Challenge Accepted!! - 32
Challenge Accepted!! - 33
Challenge Accepted!! - 34 [Final]
Challenge Accepted!! - 22
6K 806 30
By khwarnyobaekkieaeri
" arjima! "
" nae? "
" မ​ရောက်​​သေးဘူး သားရဲ့ "
" ​ကောင်းပါပြီ "
ဘာ​တွေများပါလိမ့်​?~~
Flashback..<<
" Yeollie! Yeollie! "
" လာ​လေ BaekBaek.. "
" ဟုတ်​တယ်​! "
" အင်း "
" အင်း "
" ဟင်​?"
" Yeollie? ဟင်​? "
" wow...လှလိုက်​တာ.."
" Yeollie? ဘယ်​မှာလဲ? "
" ဟိတ်​!!"
Flashends..>>
" nae.."
" Yah! Park ChanYeol! "
=========
Soon ^^
~~~~~~~~~~~~
Unicode
BaekHyun အိမ်သို့ပြန်ရောက်သော် သူ့ပစ္စည်းသေတ္တာအထုပ်အပိုးများအား သယ်သူသယ် ချသူချနှင့် အဒေါ်ကြီးကနေရာစီမံပေးနေသည်.. ထို့ကြောင့်မို့ BaekHyun လည်းဘာမှဝင်မပြောတော့ပဲ အေးရာအေးကြောင်းခြံထဲမှဒန်းလေးပေါ်တွင် သွားထိုင်နေလိုက်သည်..
သူ့အမေကိုစိတ်တိုတာရော Park ChanYeol အားဒေါသထွက်တာရယ်ကြောင့် BaekHyun မျက်နှာမှာဆူပုတ်နေမှာအမှန်ပင်.. မမှီ့တမှီခြေထောက်တို့နဲ့ အရှိန်ယူကာဒန်းကိုလွှဲရင်း အတွေးတို့ကလည်း ရောက်တတ်ရာရာ..
ခဏအကြာမှာအိမ်ထဲမှအလုပ်သမားများပြန်ထွက်လာကြသည်.. နေရာချပြီးသွားပြီထင်ပါရဲ့.. အဲ့ဒါဆိုသူလည်းအခန်းထဲဝင်နားလို့ရပြီလေ..အလုပ်သမားတွေအနောက်ကနေလိုက်ပါလာသည့် အဒေါ်ကြီးကသူ့အားမြင်တော့..
" BaekHyunee ပြန်ရောက်နေပြီလား.. အိမ်ထဲကိုမဝင်ပဲနဲ့ အပြင်မှာနေပူကပူနဲ့ "
ထမင်းစားပြီးမှပြန်လာမည်ဟု ကြွေးကြော်သွားခဲ့တာမို့ သူချက်ချင်းပြန်လာမည်ဟု အဒေါ်ကြီးထင်ထားပုံမရ..
" အိမ်ထဲမှာအလုပ်ရှုပ်နေကြတာမလား.. အဲ့ဒါကြောင့်မဝင်သေးတာ .. arjima ပစ္စည်းတွေနေရာချပြီးသွားပြီမလား "
BaekHyun ရိုသေစွာပဲပြုံးရင်းမေးလိုက်သည်.. အိမ်ထဲကိုလှမ်းဝင်သွားတော့ အဒေါ်ကြီးကအနောက်မှလိုက်လာသည်..
" nae.. BaekHyunee အခန်းထဲမှာသင့်တင့်သလိုနေရာတော့စီစဉ်ပေးလိုက်ပါတယ်.. အင်္ကျီတွေလည်းဘီရိုထဲအကုန်ထည့်ပေးထားတယ်.. စာအုပ်တွေလည်းသေချာစီပြီး စားပွဲခုံရဲ့စာအုပ်စင်မှာထည့်ထားတယ် ပြီးမှကိုယ့်အစီအစဉ်အတိုင်းပြန်လုပ်ပါ.. အရုပ်တွေတချို့ကိုဘီရိုထဲထည့်လိုက်တယ် တချို့ကိုတော့နေရာမဆံ့တော့လို့ ကုတင်ပေါ်ပဲတင်ထားလိုက်တယ် .. လိုအပ်တာကိုကြည့်ပြီး ခိုင်းစရာရှိရင်ပြောနော် "
Arjima တကယ်တော်တယ်ဟု သူ့စိတ်ထဲမှချီးကျူးလိုက်မိသည်..
" ရတယ် ကျန်တာကျွန်တော်ကိုယ့်ဟာကိုယ်လုပ်လိုက်မယ်.. arjima ကျေးဇူးပါ.. "
BaekHyun အခန်းထဲတွင်နေရာချထားသည်များကိုလိုက်ကြည့်ရင်း ကျေးဇူးတင်စကားဆိုလိုက်သည်..
" မဟုတ်တာ ဒါတွေက arjima လုပ်ရမယ့်တာဝန်တွေပါ.. အဲ့ဒါဆို သားထမင်းစားမယ်ဆိုဆင်းလာခဲ့နော် .. arjima လုပ်စရာရှိတာလေးတွေဆက်လုပ်လိုက်ဦးမယ် "
အဝတ်ဘီရိုကိုဖွင့်ကြည့်နေစဉ် ပြန်ထွက်သွားတော့မယ့် အဒေါ်ကြီးအား BaekHyun လှမ်းမေးလိုက်သည်..
" arjima! "
" nae? "
" ဟို.. Park ChanYeol ပြန်မရောက်သေးဘူးလား? "
နေ့လည်တောင်ရောက်နေပြီလေ .. ကျောင်းလည်းမသွားဘူးဆိုတော့ ဘယ်များသွားပြီးအလေလိုက်နေသလဲဟု BaekHyun စိတ်ထဲတွေးနေမိသည်..
" မရောက်သေးဘူး သားရဲ့ "
အဒေါ်ကြီးကလည်းလိုတာထက်ပိုမပြောသလို မေးလည်းမမေးတာမို့ သူလည်းဆက်မမေးတော့ပေ..
" ဟုတ်ပါပြီ.. အဲ့ဒါဆို arjima လုပ်စရာရှိတာလုပ်တော့လေ .. ကျွန်တော်ပြီးမှဆင်းလာခဲ့မယ်နော် "
" ကောင်းပါပြီ "
အခန်းတံခါးလေးအားပိတ်ပေးသွားခဲ့တာမို့ BaekHyun ကိုယ်တိုင်သွားပိတ်စရာမလိုတော့ပေ..
ဘီရိုထဲမှာအဝတ်တွေကအစီအရီသပ်သပ်ရပ်ရပ်ပင်.. အရုပ်ထည့်ထားသည့်ဘီရိုဆိုသည်မှာလည်း omma ကသူ့အကြောင်းသိလို့ကြိုတင်စီစဉ်ထားပုံပင်.. သို့သော်ဝယ်ပေးထားသည့်ဘီရိုနှင့်မဆံ့တာကတော့ မတတ်နိုင်ဘူးပေါ့လေ..
စာအုပ်တွေကိုတော့မကြည့်ချင်သေး နောက်နေ့မှပဲကြည့်မည်.. အခုတော့ကုတင်ပေါ်လှဲလိုက်ဦးမည်.. ခုနက omma နဲ့ရန်ဖြစ်ခဲ့တာတွေက သူ့ခေါင်းထဲရောက်လာပြန်သည်..
Park ChanYeol ပြန်တိုင်ပြောသည်ဟုထင်ထားခဲ့ခြင်းမှာ သူ့အမှားပေ.. ဒီတစ်ခါကျဒင်းကဘာကြောင့်ငြိမ်နေရသနည်းဟု ပြန်ပြီးကြိမ်ဆဲပစ်ရမလို..
BaekHyun လက်တို့ကိုအိပ်ယာထက်ဆန့်ကာဖြန့်ချလိုက်ရာ အရုပ်လေးတစ်ခုကိုဖိမိသွားသည်.. သူထိုအရုပ်လေးအားယူကြည့်လိုက်ရာ Park ChanYeol အရုပ်စက်မှကောက်ယူပေးခဲ့သည့် ခွေးရုပ်လေး..
သူတို့မင်္ဂလာမဆောင်ခင်က ပြောင်းလဲနေသည့်အချိုးနဲ့ Park ChanYeol အားသတိရသွားကာ BaekHyun တကယ်ကိုသံသယဝင်ချင်လာသည်.. နောက်ပြီးမင်္ဂလာဆောင်နေ့မှာ KyungSoo ပြောအံ့ဆဲဆဲစကားလုံးတွေ...
သူဘယ်လိုမှအဖြေမထွက်ပေ.. လက်ကထိုခွေးရုပ်လေးအားယူပြီး ကြည့်လိုက်မိသည်.. အာရုံကတော့ခွေးရုပ်လေး၏ချစ်ဖို့ကောင်းပုံတွင်မရှိပဲ ထိုနေ့က Park ChanYeol ၏အမူအရာတွေတွင်သာရှိနေသည်..
KyungSoo တို့ကိုမေးလိုက်ရင်ကောင်းမလား..သို့မဟုတ် Park ChanYeol နဲ့ပဲထိပ်တိုက်ဖြေရှင်းရမလား..
" ဟူး.. ပျင်းစရာကြီးကွာ.. ဘာလုပ်ရင်ကောင်းမလဲ.."
BaekHyun ကုတင်ပေါ်မှပျင်းရိစွာထထိုင်လိုက်ပြီး ညည်းညူလိုက်သည်.. ထိုစဉ်မျက်လုံးတို့ကအခန်းထောင့်လေးမှာကပ်ချထားသည့် စက္ကူပုံးကြီးအားမြင်သွားသည်..
ဘာတွေများပါလိမ့်?~~
အပျင်းပြေစပ်စုလို့ရနိုင်ကောင်းပါရဲ့ဟူသောအတွေးဖြင့် ထိုစက္ကူပုံးထံလျှောက်သွားလိုက်သည်.. အနားရောက်တော့ထိုင်ချလိုက်ကာ အဖုံးကိုဆွဲဖွင့်လိုက်ရာ..
အရုပ်တွေပါပဲ.. ဒီအရုပ်တွေကတော့ အဝတ်စနူးနူးညံ့ညံ့လေးတွေနဲ့လုပ်ထားတာမဟုတ်သည့် စက္ကူအရုပ် သစ်သားအရုပ်လေးများ.. တနည်းအားဖြင့်ဆိုသော်.. Park ChanYeol အားငယ်ငယ်ကသူပူဆာပြီးလုပ်ခိုင်းခဲ့သည့်အရုပ်လေးများ..
ထိုအရုပ်လေးများထဲမှ သူ့စိတ်ထဲတွင်မှတ်မိစွဲထင်နေသည့် အရုပ်ဆက်သည့်ကတ္ထူလေးများနဲ့ဆက်ထားသည့် လေယာဉ်ပျံအရုပ်လေးအားကောက်ယူလိုက်သည်.. ဒီကတ္ထူလေယာဉ်ပျံပန်းရောင်လေးအား သူအနှစ်သက်ဆုံးပင်အကြိုက်ဆုံးပင် ဒါလေးဟာသူနဲ့ Park ChanYeol တို့လမ်းခွဲသည့်နေ့မရောက်ခင်အချိန်က သူပူဆာခဲ့သည့်အရုပ်လေး..
Flashback..<<
" Yeollie! Yeollie! "
ကျောင်းပိတ်ရက်စနေနေ့လေး.. ညနေခင်းအချိန်မှာအိမ်ထဲသို့ဖိနပ်သံ တဘတ်ဘတ်နဲ့ပြေးကာဝင်လာသည့် BaekBaek လေး..
" သား BaekBaek ဖြေးဖြေးလာ ချော်လဲမယ် "
Park Omma သည် ကလေးလေးချော်လဲမှာစိုးနေသော်လည်း BaekBaek လေးကတော့အာရုံရပုံမပေါ်.. သူတွေ့ချင်နေသည့် Yeollie လေးကိုတွေ့ရရေးသာကြီးစိုးနေသည်..
ဖိနပ်လေးချွတ်ပြီး သူသိနေသည့် Yeollie လေးအခန်းဆီကိုသာတန်းဝင်သွားသည်..
Yeollie လေးကကုတင်ပေါ်တွင်ရုပ်ပြစာအုပ်ဖတ်နေရင်း အခန်းထဲဝင်လာသည့် BaekBaek အားမြင်တော့ပြုံးပြကာလှမ်းခေါ်သည်..
" လာလေ BaekBaek.. "
သို့သော် BaekBaek လေးမျက်နှာမှာဆူပုတ်ပြီး နှုတ်ခမ်းပိစိလေးမှာလည်း ကောက်ချိတ်ထော်လန်နေသည်..
Yeollie ရဲ့ကုတင်ပေါ်ကိုဆောင့်အောင့်ကာတက်လာပြီး ဟင့်ခနဲတောင်အသံပြုလိုက်သေးသည်..
" BaekBaek ဘာဖြစ်လာတာလဲ? ရန်ဖြစ်လာတာလား?"
Yeollie စိုးရိမ်ကာမေးလိုက်တော့ ဆူထော်နေသည့်နှုတ်ခမ်းကိုမဲ့ပြီး မမြင်နိုင်သည့်သူအားမျက်စောင်းလှမ်းထိုးသလိုပြုသည်..
" ဟုတ်တယ်! "
" ဘယ်သူနဲ့လဲ? ဘယ်သူကဘာပြောလိုက်လို့လဲ?"
BaekBaek လေးစကားများလာသည်ဆိုသည့်အသံဟာ ကြားနေကျပေမယ့် Yeollie လေး BaekBaek အလိုကျမေးမြန်းလိုက်သည်.. BaekBaek သူ့ဆီရောက်လာရခြင်းမှာလည်း ထိုအကြောင်းတွေသူ့အားပြန်တိုင်ချင်လို့ဆိုတာ Yeollie လေးသိနေသည်လေ..
" ဟိုဘက်လမ်းကအာပြဲကောင်ပေါ့.. သူ့လေယာဉ်ပျံကိုလာကြွားတာလေ.. ပြီးတော့ပြောတယ် .. BaekBaek မင်းမှာငါ့လိုလေယာဉ်ပျံမရှိဘူးမလားတဲ့.. BaekBaek ကလည်းရှိတယ်လို့ပြောလိုက်တာပေါ့ "
" အင်း "
" အာ့ကို အဲ့အာပြဲကမယုံဘူးတဲ့ လျှောက်ပြောနေတာတဲ့.. သူ့လိုလှတဲ့လေယာဉ်ပျံမရှိပဲနဲ့လျှောက်ပြောနေတယ်တဲ့.. BaekBaek မှာသူ့လိုလေယာဉ်ပျံတော့မရှိဘူးပေါ့လို့ .. ဒါမဲ့မခံချင်လို့ပြောခဲ့တယ် .."
" အင်း "
" မင်းဟာကအစုတ်ကြီး ငါ့ကို Yeollie ကမင်းထက်လှတဲ့လေယာဉ်ပျံအရုပ်လုပ်ပေးမှာလို့ ပြန်ပြောခဲ့တယ် "
" ဟင်?"
အာမခံချက်ပေးခဲ့သည့် BaekBaek လေးကြောင့် ရုတ်တရက် Yeollie လေးဘာပြောလို့ပြောရမှန်းမသိဖြစ်သွားသည်.. မလုပ်ပေးပါဘူးပြောပြန်ရင်လည်း သူ့ကိုပါစိတ်ကောက်ပြီးစကားမပြောဘူးဖြစ်တော့မည်..
" ဟုတ်တယ် .. Yeollie လုပ်ပေးနော်.. သူ့လေယာဉ်ပျံထက်လှတဲ့ လေယာဉ်ပျံလေးလုပ်ပေးနော်.. ပြီးရင်အဲ့အာပြဲရှေ့မှာသွားထုတ်ဆော့ပြမယ် .. အာပြဲကောင် ကြည့်နေ ..ဟွန့် "
( အာပြဲကောင်ပဲပြောတာပါ နာမည်ဘယ်သူဆိုတာမပါပါဘူးနော် .. ကိုယ့်ထင်ကြေးနဲ့ကိုယ်သတ်မှတ်လို့ရပါတယ်.. စာဖတ်သူတွေကအရမ်းတွေးတတ်လို့ပါ 😊😊 )
စိတ်ကောက်ခံရမှာမလိုလားသည့် Yeollie လေး ..BaekBaek စိတ်ချမ်းသာစေရန် ခေါင်းသာညိတ်ပြလိုက်ရတော့သည်..
ဒီလိုနဲ့နောက်နေ့ နေ့လယ်ထမင်းစားပြီးချိန်လောက်တွင် BaekBaek လေးရောက်လာပြန်သည်..
" Yeollie ရေ.. BaekBaek လာတယ် "
အခန်းထဲကိုဝင်လာသည့် BaekBaek လေးအံဩသွားအောင် Yeollie လေးဟာ ကုတင်ပေါ်မှာသူဆက်ပေးထားသည့်ပန်းရောင်လေယာဉ်ပျံလေးကိုတင်ထားပြီး သူကတော့တံခါးဘေးနားလေးမှာသွားရပ်နေသည်..
BaekBaek လေးတံခါးဖွင့်လိုက်ရင် လေယာဉ်ပျံလေးကိုမြင်ပြီး ပျော်သွားလိမ့်မယ်ဆိုတာ သူသိနေသည်..
အခန်းတံခါးပွင့်လာပြီး BaekBaek အသံလေးကြားလိုက်ရသည်..
" Yeollie? ဟင်? "
အခန်းထဲကိုဝေ့ကြည့်တော့ Yeollie အရိပ်အယောင်မတွေ့ရပဲ Yeollie ကုတင်ပေါ်ကပန်းရောင်လေယာဉ်ပျံလေးကိုပဲတွေ့လိုက်ရသည်..
" wow...လှလိုက်တာ.."
ကုတင်ဆီအပြေးလေးသွားသည့် BaekBaek အား တံခါးနောက်ကွယ်လေးမှကြည့်ရင်း Yeollie လေးသဘောကျကာရယ်နေခဲ့သည်..
BaekBaek လေးကိုဘယ်လိုလေယာဉ်ပျံလုပ်ပေးရမလဲဆိုတာ သူညတွင်းချင်းစဉ်းစားလိုက်ရသည်.. နောက်တော့သူ့ကို omma ဝယ်ပေးထားသည့် အရုပ်ဆက်ကတ္ထူချပ်လေးတွေကိုသတိရသွားသည်..
ထိုအထဲမှာပါသည့်လေယာဉ်ပျံဆက်သည့်ကတ္ထူလေးကိုသူယူလိုက်သည်.. ပန်းရောင်လေးဆိုတော့ BaekBaek ကြိုက်ပါ့မလားလို့တွေးလိုက်မိသေးသော်လည်း နောက်ဆုံးမှာသူဒါလေးကိုပဲဖြုတ်ကာဆက်လိုက်တော့သည်..
အခုတော့ BaekBaek သဘောကျနေတာကိုသူတွေ့လိုက်ရပြီမို့ သူလည်းကျေနပ်ရသည်..
" Yeollie? ဘယ်မှာလဲ? "
အရုပ်လေးကိုလှည့်ပတ်ကြည့်ရင်း ပျော်မြူးစွာ Yeollie နာမည်ကိုခေါ်နေသည့် BaekBaek လေးအား အနောက်နေတိတ်တိတ်လေးသွားကာ အနားရောက်တော့ခြောက်လှန့်လိုက်သည်..
" ဟိတ်!!"
"OMMA!! အာ... Yeollie ဘာလုပ်တာလဲ.. လန့်သွားတာပဲ "
ငယ်သံပါအောင်အမေကိုတအော်ရင်း ခြောက်လှန့်သူကိုသိသွားတော့ ရင်ဘတ်လေးဖိကာအလန့်ပြေသွားအောင် ဖြေလိုက်သေးသည်.. သို့သော်ချက်ချင်းအလန့်ပြေသွားကာ လေယာဉ်ပျံလေးအားပြရင်း
" ဒါလေးက BaekBaek အတွက်လား ဟုတ်လား? "
" အင်း .. ကြိုက်ရဲ့လား? အရောင်ကအဲ့ဒီအရောင်လေးပဲရှိတာ "
Yeollie ပြောတာကိုမျက်နှာမကြည့်ပဲ အရုပ်ကလေးကိုသာစွဲစွဲလမ်းလမ်းကြည့်နေရင်း ပြန်ဖြေသည်..
" အင်း ကြိုက်တယ် .. ပန်းရောင်လေးလည်း BaekBaek ကြိုက်ပါတယ် .. Yeollie အရမ်းတော်တယ် .. ညနေကျရင်ဟိုအာပြဲရှေ့မှာထုတ်ဆော့မယ်.. Yeollie လုပ်ပေးထားတာဆိုပြီးကြွားပစ်မယ် ..ဟီးဟီး "
Yeollie လေးကတော့ ပျော်နေသည့် BaekBaek လေးကိုကြည့်ကာအပျော်တွေကူးစက်ရပါသည်..
ထိုညနေက တကယ်လည်း BaekBaek လေးက လေယာဉ်ပျံလေးကိုသူ၏သူငယ်ချင်းဆော့ဖော်များကြား ဝင့်ကြွားစွာထုတ်ပြရင်း လက်ကမချတမ်းအားကျအောင်ဆော့ပြခဲ့လိုက်ပါသည်..
Flashends..>>
BaekHyun ထိုအချိန်ကအကြောင်းကိုတွေးရင်း ပါးပြင်မှာအေးစက်မှုကိုခံစားလိုက်ရသည်.. ဘယ်အချိန်ကကျနေမှန်းမသည့်မျက်ရည်များက အေးစက်စက်တောင်ဖြစ်နေပြီပေါ့..
ထိုလေယာဉ်ပျံလေးလက်ခံရရှိပြီးသိပ်မကြာဘူး သူတို့စကားများရန်ဖြစ်ကာ လမ်းခွဲခြင်းအဖြစ်ကိုရောက်ခဲ့ရတော့သည်..
သူ့အပေါ်ထိုမျှလောက်လိုက်လျောအလိုလိုက်အကြိုက်ဆောင်ပေးခဲ့သည့် Park ChanYeol က သူ့နောက်ကွယ်မှာသူ့မကောင်းကြောင်းတွေပြောသည်ဆိုတာ သူဘယ်လိုမှလက်မခံနိုင်ခဲ့သော်လည်း သူ့မျက်နှာရှေ့မှာပဲ သူ့အားလက်ညှိုးထိုးကာပြောဆိုလိုက်မှ BaekHyun ထိုအဖြစ်ကိုနာကျင်စွာလက်ခံခဲ့ရသည်..
နာကျည်းမိပေမယ့် ChanYeol နဲ့ပတ်သတ်သည့်အမှတ်တရပစ္စည်းများကို ဘာကြောင့်သိမ်းထားခဲ့မိမှန်းသူမသိခဲ့.. လက်ထဲကအရုပ်လေးကိုပုံးထဲပြန်ထည့်ကာအဖုံးကိုပြန်ပိတ်လိုက်သည်.. ပါးပေါ်မှခြောက်လုဆဲဆဲမျက်ရည်များကိုလည်း အင်္ကျီနဲ့ပွတ်သုတ်ပစ်လိုက်သည်..
ထမင်းစားချိန်ရောက်နေပေမယ့် သူမနက်စာကိုနောက်ကျမှစားခဲ့ခြင်းကြောင့် ဗိုက်ကအသံမပေးသေး.. ဒါကြောင့်ဧည့်ခန်းထဲမှာရုပ်ရှင်သွားကြည့်ဖို့အခန်းထဲမှထွက်လာခဲ့တော့သည်..
အောက်ထပ်ရောက်သော် အဒေါ်ကြီးကသူ့အားမေးသည်..
" BaekHyunee ထမင်းစားတော့မလား?"
" ကျွန်တော်ဗိုက်မဆာသေးဘူး .. ခဏနေမှပဲစားလိုက်မယ်နော် "
" nae.. စားမယ့်အချိန်ခေါ်လိုက်နော် .. "
" nae.."
ဧည့်ခန်းသို့ရောက်သော်.. သူလျှောက်လာရာဘက်ကိုကျောပေးကာထိုင်နေသည့်လူတစ်ယောက်.. အနောက်ကနေကြည့်ရင်တောင် သိသိသာသာဘေးသို့ကားထွက်နေသည့်နားရွက်များကြောင့် ထိုလူဟာ Park ChanYeol မှန်းသူသိလိုက်သည်..
~~ huh ထမင်းစားချိန်တော့မှန်အောင်ပြန်လာသားပဲ ~~
စိတ်ထဲမှကြိုက်သလိုမှတ်ချက်ပေးလိုက်ပြီး Park ChanYeol အားဖြတ်လျှောက်လာကာ တီဗီအနားတွင်ထိုင်လိုက်သည်.. ထို့နောက်ရီမုဒ်ဖြင့်တစ်လိုင်းပြီးတစ်လိုင်းပြောင်းကြည့်တော့သည်..
လိုင်းပေါင်းများစွာပြောင်းပြီးသော်လည်း သူ့စိတ်ကြိုက်တစ်ခုမှမရှိ.. ဒါကြောင့်တီဗီပိတ်လိုက်ကာ ဂိမ်းပဲဆော့ရန်စိတ်ပြောင်းလိုက်တော့သည်.. အခန်းပြန်ပြေးဝင်ကာ laptop ကိုယူလာသည်.. စားပွဲပေါ်တွင်ချသည်.. လက်ဆောင်ရထားသည့် headphone လေးနဲ့ဂိမ်းဆော့ရတာသူအရမ်းသဘောကျသည်..
သူတီဗီလိုင်းတွေပြောင်းနေချိန်တစ်လျှောက်လုံး Park ChanYeol သူ့အနားတွင်ထိုင်နေသည်.. ဖုန်းသုံးနေခြင်းပါ.. သူ့ကိုစကားလည်းမပြောသလိုအဖတ်လည်းမလုပ်.. မနေ့ညကထိုးလိုက်တာအပြင် ဒီနေ့မနက်ကပါပြောဆိုလိုက်လို့ သူ့အားစိတ်ဆိုးနေခြင်းလား..
BaekHyun ဂိမ်းထံမှာလည်းအာရုံကမရ.. ဗိုက်မဆာသေးပါဘူးပြောသော်လည်း ပါးစပ်ထဲတစ်ခုခုစားချင်နေသလိုလိုမို့ မီးဖိုချောင်ဆီသွားကာစားစရာရှာရပြန်သည်..
အဒေါ်ကြီးဆီမှအာလူးချောင်းကြော်တစ်ထုပ်ယူခဲ့လိုက်ပြီး နေရာမှာပြန်ထိုင်ကာဂိမ်းကိုဆက်ဆော့သည်.. Park ChanYeol ဆီမှ ဘာလှုပ်ရှားမှုမှမကြားရမမြင်ရသေး..
ဒီနေ့မှဂိမ်းဆော့တာကလည်းပွဲဆက်တော်တော်များများရှုံးနေသည်.. စိတ်တိုသွားသည့်အချိန်ဆိုအော်မိတာတောင်ရှိသည်.. လက်ထဲမှအာလူးချောင်းကြော်အိတ်ထဲ အဆက်မပြတ်လက်နှိုက်ရင်း ပါးစပ်ထဲထည့်ရတာလည်းမအားပေ.. ကိုယ့်အလှည့်ရောက်တော့မယ်ဆို လက်ကိုအမြန်အင်္ကျီနဲ့သုတ်ရတာလည်းအမော..
နောက်ဆုံးသည်းမခံနိုင်တော့.. မဆော့ဘူးဟုဆုံးဖြတ်လိုက်ကာ laptop ကိုပိတ်လိုက်သည်.. လက်ထဲမှအထုပ်လည်းကုန်ခါနီးပြီ.. လက်ကျန်အစအနလေးများကိုလက်ထဲမှောက်ထည့်ပြီး လျှာလေးနဲ့လျက်မယ်အလုပ် တချိန်လုံးငြိမ်နေသည့် Park ChanYeol ထံရုတ်တရက်ကြည့်လိုက်မိရာ .. လက်ထဲမှအစအနလေများအောက်သို့လန့်ကာခုန်ဆင်းသွားသည်..
" omma!! မင်း..မင်းဘာကြည့်နေတာလဲ?"
မလှုပ်မယှက်သူ့အားစိုက်ကြည့်နေတာ ကြောက်စရာတောင်ကောင်းသည်.. ပြုတ်ကျသွားသည့်မုန့်အစအနလေးတွေကို နှမြောတသစွာဖြင့်လိုက်ကောက် ပါးစပ်ထဲကောက်ထည့်ပစ်လိုက်ချိန်ထိ Park ChanYeol ကသူ့စကားကိုပြန်မဖြေ..
သူလည်းအရေးလုပ်ပြီးမေးမနေတော့ပဲ ပွသွားတာတွေပြန်ကောက်လိုက်ဖို့သာအာရုံစိုက်လိုက်တော့သည်..
ထိုစဉ်မှာပဲ Park ChanYeol မတ်တပ်ထရပ်သည်.. ထွက်မသွားခင်သူ့အားပြောသွားသည့်စကားကြောင့် သူအယောင်ယောင်အမှားမှားနဲ့ ပါးတွေပေါ်မှာလိုက်စမ်းရသည်..
" စားတာလည်းပေပွနေတာပဲ.. ဝက်လိုစားတာ.. " တဲ့လေ..
ထို့နောက်လှည့်ထွက်သွားသည်.. Park ChanYeol ပြောသလိုတကယ်များပေပွနေသလားဟု လိုက်စမ်းရာ အလိမ်ခံလိုက်ရမှန်းသိသွားပြီး ဒေါသဖြစ်ရသေးသည်..
" Yah! Park ChanYeol! "
အခန်းထဲရောက်သွားသည့် ChanYeol မှာတော့ အောက်ထပ်မှ BaekHyun အော်သံကိုကြားသော်လည်း သီချင်းဆိုပြသံကဲ့သို့ကြားယောင်ပြီး တစ်ယောက်ထဲပြုံးနေလိုက်သေးသည်..
ကုတင်ပေါ်မှာလှဲလိုက်ရင်း ဖုန်းလေးကိုပြန်ဖွင့်ကြည့်မိသည်..
BaekHyun စားနေတာကိုပဲ သူတိတ်တဆိတ်ကြည့်နေခဲ့မိတာ.. BaekHyun ကတော့ဂိမ်းကိုအာရုံရောက်နေသူမို့မသိခဲ့ပေ..
ကြည့်နေရင်းအူယားလာတာမို့ အခုလိုရိုက်ယူထားလိုက်ရခြင်းပါ.. BaekHyun သိလျှင်တော့သူ့အားစိတ်ဆိုးပေလိမ့်မည်..
သို့သော်မတတ်နိုင်.. အာလူချောင်းတစ်ခုပါးစပ်ထဲထည့်ပြီးဝါးလိုက်ချိန်တိုင်း ဆူထွက်လာသည့်အောက်နှုတ်ခမ်းလုံးလုံးလေးအား သူသိပ်ကိုအသည်းယားမိတာအမှန်ပင်..
" ချစ်ဖို့ကောင်းလိုက်တာ "
ချစ်စနိုးမှတ်ချက်လေးပေးအပြီးမှာ ဖုန်းကိုပိတ်လိုက်တော့သည်..
=========
Soon ^^
ကိုယ်လည်းအဲ့ပိစိစားပုံသောက်ပုံကိုတကယ်အူယားနေတာနဲ့ ရေးလိုက်တယ် 😊😊
Continue Reading
You'll Also Like
1M 84.5K 33
246K 26.2K 51
zawgyi _______ Byun baekhyunဟာ Park chanyeolအပိုင်ရယ်လို့ ဖူးစာရေးနတ်မင်း ကိုယ်တိုင်က သတ်မှတ်ထားပြီးသား Covered by @ unicode ________ Byun baekhyunဟာ...
215K 24.2K 34
479K 47K 52
🎵 Darling, just hold my hand Be my boy, I'll be your man ~သေးသေးညက်ညက်လေးက ကျွန်တော့်ကောင်လေးအဖြစ်တည်ရှိနေပေးပါ... ကျွန်တော်ကပဲ Baekရဲ့လူအဖြစ်ကာကွယ်...