Romance Is Dead (Completed)

By WhiteButterfly2342

1.2M 97.2K 4.9K

BOTH Zawgyi and Unicode Zawgyi အခ်စ္ကႏွလံုးသားတံခါးကိုလာေခါက္တဲ့အခါ ခ်စ္မိေနတယ္ဆိုတာကို ကၽြန္ေတာ္တို႔ လက္ခံၾက... More

PART..1
PART..2
PART..3
PART..4
PART..5
PART..6
PART..7
PART..8
PART..9
PART..10
PART..11
PART..12
PART..13
PART..14
PART..15
PART..17
PART..18
PART..19
PART..20
PART..21
PART..22
PART..23
PART..24
PART..25
PART..26
PART..27
PART..28
PART..29
PART..30
PART..31
PART..32
PART..33
PART..34
PART..35
PART..36
PART..37
PART..38
PART..39
PART..40
PART..41
PART..42
PART..43
PART..44
PART..45
PART..46
PART..47
PART..48
PART..49
PART..50
PART..51
PART..52
PART..53, Final Episode
ေက်းဇူးတင္လႊာ(ကျေးဇူးတင်လွှာ)
New Fic and Role Play
လင္းရိပ္ခတဲ့ည(လင်းရိပ်ခတဲ့ည)
Favourite Character!!!
Author Note
Book Available Now!
100 Book Sold Out
Give Away
New Fiction
စာမၽွားခ်ိတ္(စာမျှားချိတ်)
ျပံဳးေတာ္မူ(ပြုံးတော်မူ)
Romance Is Dead Book Order (Last Edition)
Hard Cover
Halloween Special(Part-1)
Halloween Special(Part-2)
Halloween Special(Part-3)
Halloween Special(Part-4)
Halloween Special(Part-5)
Halloween Special(Part-6)
Halloween Special(Part-7)🔞🔞
Halloween Special(Part-8)🔞🔞
Halloween Special(Part-9)
Halloween Special(Final part)

PART..16

16.9K 1.7K 59
By WhiteButterfly2342

With Zawgyi

"မအိပ္ရဘူး! ဘယ့္ႏွယ္...အမ်ိဳးမဟုတ္တာေတြ။ နင့္တို႔ကိုယ္နင္တို႔ျပန္ၾကည့္ၾကအံုး။ ကေလးေပါက္စမဟုတ္ၾကေတာ့ဘူးေလ။"

"အေမကလည္း... ဘာျဖစ္တာက်လို႔ဗ်ာ။ ဇန္ဇန္က မိန္းကေလးဆိုေပမယ့္ ေယာက်္ားေလးလိုပဲေနတဲ့ဟာကို။ ၿပီးေတာ့ ကၽြန္ေတာ့ညီကို ကၽြန္ေတာ္က ဘာလုပ္မွာတုန္း။"

"မဟုတ္ဘူးေလဟယ္။ မသင့္ေတာ္လို႔ေျပာတာသားရဲ႕။ သူကေယာက်္ားေလးလိုျဖစ္ေနေပမယ့္ မိန္းကေလးပဲေလ။"

"ဟုတ္ပါၿပီအေမရယ္။ ဧည့္သည္ေတြအတြက္ လုပ္ထားတဲ့အခန္းမွာပဲ သြားအိပ္လိုက္ပါေတာ့မယ္။"

လြန္းတို႔အိမ္က အျမဲလိုလို ဧည့္သည္အဝင္အထြက္ရွိတာေၾကာင့္ ဧည့္သည္မ်ားအတြက္ အခန္းႏွစ္ခန္းသံုးခန္းေလာက္ ထားထားေလ့ရွိသည္။

အမွန္ေတာ့ ဇန္ဇန္က ေယာက်္ားလ်ာေလးတစ္ေယာက္ ျဖစ္သည္။ လြန္းအသက္တစ္ႏွစ္ေလာက္မွာပဲ အိမ္မွာအေျခအေနေတြမတည္မၿငိမ္ျဖစ္ၿပီး အိမ္ေထာင္လည္းကြဲေတာ့ သူမ သားေလးကိုသူမ ေကာင္းေကာင္းမေစာင့္ေရွာက္ခဲ့ရ။ အဲဒီစိတ္ႏွင့္ သူမ ေနာက္အိမ္ေထာင္ႏွင့္ရလာသည့္ ဇန္ဇန္ေလးကိုေမြးခဲ့သည္။ ဇန္ကလည္း ငယ္ကတည္းက မိန္းကေလးအဝတ္ဆင္ေပးလို႔မရ။ ထို႔ေၾကာင့္ သူ႔ကိုေယာက်္ားေလးတစ္ေယာက္လိုသာ ႀကီးျပင္းေစခဲ့ၿပီး လြန္းအစားဂရုစိုက္ေပးခဲ့သည္။ လြန္းအသက္ဆယ္ႏွစ္အရြယ္တြင္ သူမအရိပ္ေအာက္ျပန္ေရာက္လာေသာအခါတြင္လည္း သူတို႔ႏွစ္ေယာက္လံုးကို တည့္တည့္ရႈရႈခ်စ္ခ်စ္ခင္ခင္ ျဖစ္လာေအာင္ သူမ ႀကိဳးစားခဲ့ေလသည္။

ဇန္ဇန္၏ နာမည္ရင္းက ရွားဆက္ဇန္။ အားကစားဝါသနာပါ၍ ငယ္ကတည္းက ဘတ္စကတ္ေဘာ...ေရကူး...ေျပးခုန္ပစ္... စေသာအားကစားမ်ားတြင္ ပါဝင္ၿပီး ေက်ာင္းတြင္လည္း အားကစားႏွင့္ပတ္သတ္၍ အျမဲဆုရသူျဖစ္ေလသည္။ သို႔ေသာ္... စာဘက္တြင္ေတာ့ မက်ရံုတမယ္သာ ေျဖဆိုသူျဖစ္ေလသည္။ ငယ္ကတည္းက ေယာက်္ားေလးလိုေနတာေၾကာင့္ ေယာက်္ားေလးတစ္ေယာက္လိုသာႀကီးျပင္းလာခဲ့ေလသည္။ အသြင္အျပင္ကလည္း ေယာက်္ားေလးတစ္ေယာက္လိုသာ ျဖစ္ေနေလသည္။ သူ႔အသံကလည္း မိန္းကေလးသံသိပ္မေပါက္တာေၾကာင့္ သူ႔ကိုမိန္းကေလးဟုမည္သူမွမထင္ၾကေခ်။ လြန္းကလည္း သူ႔ကိုညီတစ္ေယာက္လိုသာ သေဘာထားသည္။ ဇန္ဇန္ေက်ာင္းမသြားခ်င္ရသည့္ အေၾကာင္းအရင္းက စာတစ္ခုတည္းမဟုတ္။ ေက်ာင္းဝတ္စံုေၾကာင့္လည္းပါသည္။ ထမီဝတ္ရတာေၾကာင့္ ေက်ာင္းသြားရမည္ဆိုလၽွင္ ခဏခဏညည္းရွာသည္။ အခုဇန္ဇန္က ရွစ္တန္းေက်ာင္းသူတစ္ေယာက္ ျဖစ္ေနၿပီ။

ဇန္ဇန္သည္ မ်က္ႏွာက်...ကိုယ္လံုးကိုယ္ေပါက္.. အရပ္အေမာင္းတို႔ကအစ ေယာက်္ားေလးႏွင့္ တူသည္။ ႏွာတံကလည္း ခၽြန္သည့္အျပင္ မ်က္ခံုးတို႔ကလည္း ဇင္ေရာ္ေတာင္မ်က္ခံုး။ ႏႈတ္ခမ္းပါးပါးေလးကသာ စိတ္တိုလာလၽွင္ေထာ္ထြက္လာေလသည္။ ႏႈတ္ခမ္းႏွင့္ပါးျပင္တြင္ မွဲ႔ေသးေသးေလးေတြက ေနရာယူထားေလသည္။ အသားေလးကႏို႔ႏွစ္ေရာင္လိုေဖြးဥေနၿပီး ဆံပင္ကေတာ့ အညိဳေရာင္ကိုမွအေျဖာင့္ျဖစ္သည္။ ႏႈတ္ခမ္းေမႊးေရးေရးေလးကရွိေသးသည္။ ဇန္႔ပံုက လံုးဝခ်စ္ဖို႔ေကာင္းေသာ ေကာင္ေလးတစ္ေယာက္လိုပင္။

"ေနာက္ႏွစ္ ဇန္ဇန္႔ကို ေဘာ္ဒါပို႔ရမလားလို႔။ အိမ္မွာပဲေနရင္ တဘုန္းဘုန္းက်ေနမွာ။"

လြန္းအေမ ေဒၚသက္ထားက ေျပာလာေတာ့ လြန္းက ရယ္သည္။

"အဲ့ေကာင္က ဘယ္ေနေနက်မွာပဲေလ။ စာမွမက်က္တာ။"

လြန္းစကားကိုၾကားေတာ့ ဇန္ဇန္က အိမ္ထဲတြင္ စကိတ္ပတ္စီးေနရင္း ေျပာလာေလသည္။

"မက်ေအာင္ေျဖမွာပါဗ်။ ဒီေက်ာင္းႀကီးကို တစ္ႏွစ္ေလးေတာင္ပိုမတက္ႏိုင္ဘူး။ ဆယ္တန္းေအာင္တာနဲ႔ အေဝးသင္ပဲတက္ၿပီး မုန္႔ဖုတ္သင္တန္းတက္မွာ။ ၿပီးေတာ့ ကၽြန္ေတာ္က မုန္႔ဆိုင္ဖြင့္မွာ။"

"ရည္မွန္းခ်က္ကႀကီးမားတယ္ေနာ္ ငဇန္။ အခုရွစ္တန္း အစိုးရစစ္ေလးကို မက်ေအာင္ အရင္ႀကိဳးစားလိုက္အံုး။ၿပီးမွ မင္းဖုတ္ခ်င္တာဖုတ္။"

"မပူပါနဲ႔ကိုကိုရာ...ကၽြန္ေတာ္ကဥာဏ္ေကာင္းပါတယ္။"

"ဥာဏ္ကေတာ့ ေကာင္းတယ္။ ေကာင္မေလးေတြကို လိုက္ေၾကာင္တဲ့ေနရာမွာေလ။"

ေဒၚသက္ထားက ေျပာလာေတာ့ ဇန္ဇန္က ျပန္ျငင္းေလသည္။

"မဟုတ္ပါဘူးအေမရာ။ သားမွာေကာင္မေလး တစ္ေယာက္....ေတာင္မရွိဘူး။"

"ဪ...မရွိလို႔ပဲ အရင္တစ္ခါက ေကာင္မေလးႏွစ္ေယာက္ အိမ္ေရွ႕အထိရန္လာျဖစ္ၾကတာေပါ့ေလ။"

"အဲဒါက သူ႔တို႔ဘာသာရန္ျဖစ္ၾကတာေလ။ သားနဲ႔မွမဆိုင္တာ။"

"နင့္အစ္ကိုနဲ႔မ်ားတျခားစီ။ နင့္အစ္ကိုဆို အဲလိုကိစၥေတြလံုးဝမရွိဘူး။"

"ေျခာက္ေနလို႔ေနမွာေပါ့။"

"ဘာ!"

ဇန္က ပါးစပ္ကိုမဲ့ရြဲ႕ကာ တိုးတိုးေလးေျပာလာေသာ္လည္း ၾကားသြားသည့္လြန္းက ထေအာ္ေလေတာ့သည္။

"ငါက လိမ္လိမ္မာမာေနတာ ငါ့ညီရ။ မင္းလိုႏွာမထဘူး။"

"ဗိုင္းေကာင္းေက်ာက္ဖိေပ်ာ့စိစိေလး..."

ဇန္က သူ႔စကားသူသေဘာက်ကာ ရယ္ေနေလသည္။ လြန္းကလည္း စိတ္မဆိုးသည့္အျပင္ လက္အုပ္ေလးခ်ီကာေျပာလာေလသည္။

"မင္းရဲ႕ စကားႀကီးစကားက်ယ္ေတြနဲ႔ ငါ့ကိုမႏွိပ္စက္ပါနဲ႔ကြာ။ ေတာင္းပန္ပါတယ္။ ဘာအဓိပၸါယ္မွန္းေတာင္စဥ္းစားလို႔မရဘူး။ ငွက္သိုက္ထဲဆင္ဝင္ထိုင္တာေတြေကာ... ဆံထံုးေနာက္ေသၽွာင္ပါတာေတြေကာ... ငါနားမခံႏိုင္လို႔ပါကြာ။"

ထိုအခ်ိန္က်မွ ဇန္ဇန္၏ မ်က္ႏွာႀကီးစူပုတ္သြားကာ ႏႈတ္ခမ္းေထာ္ေထာ္ႏွင့္ ျပန္ေျပာလာေလသည္။

"ကိုကိုေကာဘာထူးလို႔လဲ။ သူ႔မ်ားကိုအျပစ္ေျပာတဲ့ေနရာမွာေတာ့ ထိပ္ဆံုးကပဲေလ။"

ထိုညီအစ္ကိုႏွစ္ေယာက္ၾကား ေဒၚသက္ထားဝင္တားရရွာေလသည္။

"ေတာ္ၾကပါေတာ့ဟယ္။ လြန္းလည္း ခရီးပန္းေနၿပီမလား။ သြားနားေတာ့ေလ။ ဇန္ဇန္လည္း ေနမေကာင္းဘူးမလား။ ေဆးေသာက္ၿပီးအိပ္ေတာ့။ မနက္ျဖန္ေက်ာင္းသြားရမယ္။"

ထိုအခ်ိန္က်မွ လြန္းက မတ္တပ္ထရပ္လိုက္ၿပီး ေျပာလာေလသည္။

"ဟုတ္တယ္။ ကၽြန္ေတာ္ပင္ပန္းေနၿပီ။ တစ္ကိုယ္လံုးေညာင္းကိုက္ေနတာပဲ။ အေမ့အတြက္ သနပ္ခါးဝယ္လာေသးတယ္။ ညညဆိုရင္ အထူႀကီးလိမ္းၿပီး ကၽြန္ေတာ္တို႔ကိုေျခာက္ရေအာင္လို႔။"

ေဒၚသက္ထားက ဆံပင္ခါးေလာက္ႏွင့္ အရြယ္ႏွင့္မလိုက္ေအာင္ႏုပ်ိဳေသာ.... ျမန္မာဆန္ေသာ မိန္းမတစ္ဦးျဖစ္ေလသည္။ ဝမ္းဆက္ကိုသာ သေဘာတက်ဝတ္ဆင္တတ္ၿပီး သနပ္ခါးကိုေန႔ေရာညပါ ႏွစ္ၿခိဳက္စြာလိမ္းတတ္သူျဖစ္ေလသည္။ ေန႔ဘက္ဆိုလၽွင္ေတာ့ လွပေအာင္လိမ္းေသာ္လည္း ညဘက္ဆိုလၽွင္ေတာ့ အသားအေရလွေအာင္ အထူႀကီးလိမ္းကာအိပ္တတ္တာေၾကာင့္ သူမကို ျမင္ရသူတိုင္းလန္႔လန္႔သြားတတ္တာျဖစ္ေလသည္။

ထိုစဥ္ စာဖတ္ခန္းမွထြက္လာေသာ လြန္းဒယ္ဒီက ထိုစကားကိုၾကား၍ ရယ္ေလေတာ့သည္။

"မင္းအေမကို ေျပာသင့္ေနတာၾကာၿပီ။"

လြန္းက ဆက္ေျပာလာေလသည္။

"ဒယ္ဒီနဲ႔ ေဖေဖ့အတြက္က စစ္ကိုင္းအိုးေတြပါတယ္။"

"ဟဲ့ေကာင္ေလး...နင္ လူႀကီးကိုေနာက္စရာလား။"

လြန္းဒယ္ဒီကေတာ့ ရယ္ေနေပမယ့္ လြန္းအေမကေတာ့ ေနရာမွဆတ္ခနဲထကာ လြန္းဗိုက္ကိုလာဆိတ္ဆြဲေလေတာ့သည္။

"အ...အ...နာတယ္ေလအေမရ။ ပုဆိုးတစ္ထည္စီဝယ္ခဲ့တယ္လို႔...သားက စ,တာကို။"

"ေအး...နားရြက္နဲ႔ေခါင္းမမီလို႔ နင္သက္သာသြားတယ္မွတ္ပါလြန္းမာန္ထက္။"

"ကၽြန္ေတာ့အတြက္ေကာ?"

ဇန္ဇန္က စီးေနေသာစကိတ္ေလးကိုခၽြတ္ရင္း ေမၽွာ္လင့္ခ်က္အျပည့္ျဖင့္ေမးလာေလသည္။

"မင္းအတြက္က ငွက္ေပ်ာသီးပါတယ္။"

သို႔ေသာ္ လြန္း၏အေျဖေၾကာင့္ ဇန္တစ္ေယာက္ လက္ထဲက စကိတ္ႏွင့္ ေကာက္ေပါက္ေလေတာ့သည္။ လြန္းအေရွာင္ေကာင္းလို႔ေတာ္ေသးသည္။

"အေမေကာ သားပါလာႏွိပ္စက္ေနၾကတယ္။ ေပ်ာ္လို႔စ,တာကို စ,ခြင့္မေပးၾကဘူး။ သႀကၤန္အတြင္း ဘုရားသြားဖို႔ လည္ကတံုးနဲ႔ ပုဆိုး...နီညိဳေရာင္ဝမ္းဆက္ေလးဝတ္ခ်င္ပါတယ္... ဆိုလို႔ဝယ္လာေပးတာ...ေအးေလ... စကိတ္နဲ႔ေကာက္ေပါက္ေတာ့လည္း ကိုယ့္ထိုက္နဲ႔ကိုယ့္ကံေပါ့ေလ။ မေပးေတာ့ဘူးကြာ။ ဒယ္ဒီနဲ႔ အေမ...ကၽြန္ေတာ္ သြားနားေတာ့မယ္။"

လြန္းက မ်က္ႏွာငယ္ေလးလုပ္၍ ေျပာကာ အိပ္ခန္းရွိရာသို႔ ခပ္ျမန္ျမန္သြားေလေတာ့ ဇန္ဇန္က ေနာက္ကေနအျမန္ေျပးလိုက္ေလေတာ့သည္။

"မဟုတ္ဘူးေလ!ကိုကို!!!ေစာင့္ပါအံုးဆိုေနမွ!!!! ကိုကိုေညာင္းေနတယ္မလား... ကၽြန္ေတာ္ႏွိပ္ေပးမယ္ေလ!!!ကိုႀကီးေရ!!!!"

သူတို႔ညီအစ္ကိုႏွစ္ေယာက္ကို ၾကည့္ရင္း က်န္ေနခဲ့ေသာ လူႀကီးႏွစ္ေယာက္သည္ ရယ္ေမာျခင္းကိုအစျပဳရာမွ ထိုကေလးႏွစ္ေယာက္၏ ေရွးေဟာင္းေႏွာင္းျဖစ္ေလးမ်ားကို စားျမံဳ႕ျပန္ျခင္းသို႔ ေရာက္ၾကကုန္ေလသည္။

လားရႈိးၿမိဳ႕တြင္လည္း-

မနက္သံုးနာရီေလာက္ႀကီးေရာက္ခ်လာေသာ သြန္းေခတ္အား အိမ္အကူေဒၚအားမိန္က တံခါးလာဖြင့္ေပးေလသည္။

"Zao An..."

(Zao An...တရုတ္လို Good morning)

သြန္းေခတ္ကေတာ့ ခရီးေဆာင္အိတ္ကို ေဒၚအားမိန္လက္ထဲထိုးေပးလိုက္ရင္း ဝါးခနဲသန္းလိုက္ကာျပန္ေျပာလာေလသည္။

"ဘာမွကိုမအန္းႏိုင္ေတာ့ဘူးအားရီေရ...အိပ္ပဲအိပ္ခ်င္တယ္။"

(အားရီဆိုတာ အေဒၚလို႔ေျပာတာပါ)

ေဒၚအားမိန္ကေတာ့ သိပ္နားလည္ပံုမေပၚ။ သို႔ေပမယ့္ ျပန္လည္းေမးခြန္းမထုတ္။

"အိပ္ရာျပင္ထားၿပီးၿပီသားသား။ သြားအိပ္ေတာ့ေနာ္။ ဪ...မားမားက သားသားလာမယ္ဆိုလို႔ ႏွစ္နာရီခြဲကတည္းက ဧည့္ခန္းထဲမွာ ထိုင္ေစာင့္ေနတာ။ မားမားဆီအရင္သြားလိုက္အံုးေနာ္။"

"ဟုတ္.."

သြန္းေခတ္က တရုတ္ေသြးအနည္းငယ္ပါတာေၾကာင့္ တရုတ္စကားကိုပါတတ္ကၽြမ္းေလသည္။ သြန္းေခတ္ေဖေဖက ဗမာစစ္စစ္ျဖစ္ေသာ္လည္း သြန္းေခတ္အေမကေတာ့ ဗမာတရုတ္ကျပားျဖစ္ေလသည္။ ထို႔ေၾကာင့္ အိမ္တြင္ ဗမာစကားကိုသာေျပာၾကျခင္းျဖစ္ေလသည္။

သြန္းေခတ္ေတြးမိလိုက္သည္။ အိမ္ျပန္ေရာက္လာျခင္းသည္ သူႏွင့္ သူ႔မားမားတို႔၏ စစ္ေျမျပင္သို႔ေရာက္လာျခင္းႏွင့္မျခား.....ဟူ၍...

💗🔫💗🔫💗🔫💗🔫💗🔫💗🔫💗🔫

Thanks For reading....🙏🙏🙏

ဪ...ခင္ဗ်ားေလးတို႔က ရက္စက္တတ္ၾကတယ္ေနာ္။😢 RoမလားRoမလား ေစာင့္ေနရင္း Roမလာေတာ့ အဖတ္ေတာင္မလုပ္ၾကေတာ့ဘူး။😭 ေန႔တိုင္းလိုလို Upေနလို႔ ဖတ္လို႔မႏိုင္ၾကေတာ့တာလား?😕 ကၽြန္ေတာ့အေရးအသားလိုအပ္ခ်က္ေၾကာင့္ မဖတ္ၾကေတာ့တာလားပဲ?😐 Viewerေတြအေတာ္ေလးေလ်ာ့သြားတာေတြ႕ရေတာ့ စိတ္ေတာ့မေကာင္းျဖစ္မိတယ္ဗ်ာ... 😔😔

❤❤❤❤❤❤❤❤❤❤❤❤❤

With Unicode

"မအိပ်ရဘူး! ဘယ့်နှယ်...အမျိုးမဟုတ်တာတွေ။ နင့်တို့ကိုယ်နင်တို့ပြန်ကြည့်ကြအုံး။ ကလေးပေါက်စမဟုတ်ကြတော့ဘူးလေ။"

"အမေကလည်း... ဘာဖြစ်တာကျလို့ဗျာ။ ဇန်ဇန်က မိန်းကလေးဆိုပေမယ့် ယောကျ်ားလေးလိုပဲနေတဲ့ဟာကို။ ပြီးတော့ ကျွန်တော့ညီကို ကျွန်တော်က ဘာလုပ်မှာတုန်း။"

"မဟုတ်ဘူးလေဟယ်။ မသင့်တော်လို့ပြောတာသားရဲ့။ သူကယောကျ်ားလေးလိုဖြစ်နေပေမယ့် မိန်းကလေးပဲလေ။"

"ဟုတ်ပါပြီအမေရယ်။ ဧည့်သည်တွေအတွက် လုပ်ထားတဲ့အခန်းမှာပဲ သွားအိပ်လိုက်ပါတော့မယ်။"

လွန်းတို့အိမ်က အမြဲလိုလို ဧည့်သည်အဝင်အထွက်ရှိတာကြောင့် ဧည့်သည်များအတွက် အခန်းနှစ်ခန်းသုံးခန်းလောက် ထားထားလေ့ရှိသည်။

အမှန်တော့ ဇန်ဇန်က ယောကျ်ားလျာလေးတစ်ယောက် ဖြစ်သည်။ လွန်းအသက်တစ်နှစ်လောက်မှာပဲ အိမ်မှာအခြေအနေတွေမတည်မငြိမ်ဖြစ်ပြီး အိမ်ထောင်လည်းကွဲတော့ သူမ သားလေးကိုသူမ ကောင်းကောင်းမစောင့်ရှောက်ခဲ့ရ။ အဲဒီစိတ်နှင့် သူမ နောက်အိမ်ထောင်နှင့်ရလာသည့် ဇန်ဇန်လေးကိုမွေးခဲ့သည်။ ဇန်ကလည်း ငယ်ကတည်းက မိန်းကလေးအဝတ်ဆင်ပေးလို့မရ။ ထို့ကြောင့် သူ့ကိုယောကျ်ားလေးတစ်ယောက်လိုသာ ကြီးပြင်းစေခဲ့ပြီး လွန်းအစားဂရုစိုက်ပေးခဲ့သည်။ လွန်းအသက်ဆယ်နှစ်အရွယ်တွင် သူမအရိပ်အောက်ပြန်ရောက်လာသောအခါတွင်လည်း သူတို့နှစ်ယောက်လုံးကို တည့်တည့်ရှုရှုချစ်ချစ်ခင်ခင် ဖြစ်လာအောင် သူမ ကြိုးစားခဲ့လေသည်။

ဇန်ဇန်၏ နာမည်ရင်းက ရှားဆက်ဇန်။ အားကစားဝါသနာပါ၍ ငယ်ကတည်းက ဘတ်စကတ်ဘော...ရေကူး...ပြေးခုန်ပစ်... စသောအားကစားများတွင် ပါဝင်ပြီး ကျောင်းတွင်လည်း အားကစားနှင့်ပတ်သတ်၍ အမြဲဆုရသူဖြစ်လေသည်။ သို့သော်... စာဘက်တွင်တော့ မကျရုံတမယ်သာ ဖြေဆိုသူဖြစ်လေသည်။ ငယ်ကတည်းက ယောကျ်ားလေးလိုနေတာကြောင့် ယောကျ်ားလေးတစ်ယောက်လိုသာကြီးပြင်းလာခဲ့လေသည်။ အသွင်အပြင်ကလည်း ယောကျ်ားလေးတစ်ယောက်လိုသာ ဖြစ်နေလေသည်။ သူ့အသံကလည်း မိန်းကလေးသံသိပ်မပေါက်တာကြောင့် သူ့ကိုမိန်းကလေးဟုမည်သူမှမထင်ကြချေ။ လွန်းကလည်း သူ့ကိုညီတစ်ယောက်လိုသာ သဘောထားသည်။ ဇန်ဇန်ကျောင်းမသွားချင်ရသည့် အကြောင်းအရင်းက စာတစ်ခုတည်းမဟုတ်။ ကျောင်းဝတ်စုံကြောင့်လည်းပါသည်။ ထမီဝတ်ရတာကြောင့် ကျောင်းသွားရမည်ဆိုလျှင် ခဏခဏညည်းရှာသည်။ အခုဇန်ဇန်က ရှစ်တန်းကျောင်းသူတစ်ယောက် ဖြစ်နေပြီ။

ဇန်ဇန်သည် မျက်နှာကျ...ကိုယ်လုံးကိုယ်ပေါက်.. အရပ်အမောင်းတို့ကအစ ယောကျ်ားလေးနှင့် တူသည်။ နှာတံကလည်း ချွန်သည့်အပြင် မျက်ခုံးတို့ကလည်း ဇင်ရော်တောင်မျက်ခုံး။ နှုတ်ခမ်းပါးပါးလေးကသာ စိတ်တိုလာလျှင်ထော်ထွက်လာလေသည်။ နှုတ်ခမ်းနှင့်ပါးပြင်တွင် မှဲ့သေးသေးလေးတွေက နေရာယူထားလေသည်။ အသားလေးကနို့နှစ်ရောင်လိုဖွေးဥနေပြီး ဆံပင်ကတော့ အညိုရောင်ကိုမှအဖြောင့်ဖြစ်သည်။ နှုတ်ခမ်းမွှေးရေးရေးလေးကရှိသေးသည်။ ဇန့်ပုံက လုံးဝချစ်ဖို့ကောင်းသော ကောင်လေးတစ်ယောက်လိုပင်။

"နောက်နှစ် ဇန်ဇန့်ကို ဘော်ဒါပို့ရမလားလို့။ အိမ်မှာပဲနေရင် တဘုန်းဘုန်းကျနေမှာ။"

လွန်းအမေ ဒေါ်သက်ထားက ပြောလာတော့ လွန်းက ရယ်သည်။

"အဲ့ကောင်က ဘယ်နေနေကျမှာပဲလေ။ စာမှမကျက်တာ။"

လွန်းစကားကိုကြားတော့ ဇန်ဇန်က အိမ်ထဲတွင် စကိတ်ပတ်စီးနေရင်း ပြောလာလေသည်။

"မကျအောင်ဖြေမှာပါဗျ။ ဒီကျောင်းကြီးကို တစ်နှစ်လေးတောင်ပိုမတက်နိုင်ဘူး။ ဆယ်တန်းအောင်တာနဲ့ အဝေးသင်ပဲတက်ပြီး မုန့်ဖုတ်သင်တန်းတက်မှာ။ ပြီးတော့ ကျွန်တော်က မုန့်ဆိုင်ဖွင့်မှာ။"

"ရည်မှန်းချက်ကကြီးမားတယ်နော် ငဇန်။ အခုရှစ်တန်း အစိုးရစစ်လေးကို မကျအောင် အရင်ကြိုးစားလိုက်အုံး။ပြီးမှ မင်းဖုတ်ချင်တာဖုတ်။"

"မပူပါနဲ့ကိုကိုရာ...ကျွန်တော်ကဉာဏ်ကောင်းပါတယ်။"

"ဉာဏ်ကတော့ ကောင်းတယ်။ ကောင်မလေးတွေကို လိုက်ကြောင်တဲ့နေရာမှာလေ။"

ဒေါ်သက်ထားက ပြောလာတော့ ဇန်ဇန်က ပြန်ငြင်းလေသည်။

"မဟုတ်ပါဘူးအမေရာ။ သားမှာကောင်မလေး တစ်ယောက်....တောင်မရှိဘူး။"

"ဪ...မရှိလို့ပဲ အရင်တစ်ခါက ကောင်မလေးနှစ်ယောက် အိမ်ရှေ့အထိရန်လာဖြစ်ကြတာပေါ့လေ။"

"အဲဒါက သူ့တို့ဘာသာရန်ဖြစ်ကြတာလေ။ သားနဲ့မှမဆိုင်တာ။"

"နင့်အစ်ကိုနဲ့များတခြားစီ။ နင့်အစ်ကိုဆို အဲလိုကိစ္စတွေလုံးဝမရှိဘူး။"

"ခြောက်နေလို့နေမှာပေါ့။"

"ဘာ!"

ဇန်က ပါးစပ်ကိုမဲ့ရွဲ့ကာ တိုးတိုးလေးပြောလာသော်လည်း ကြားသွားသည့်လွန်းက ထအော်လေတော့သည်။

"ငါက လိမ်လိမ်မာမာနေတာ ငါ့ညီရ။ မင်းလိုနှာမထဘူး။"

"ဗိုင်းကောင်းကျောက်ဖိပျော့စိစိလေး..."

ဇန်က သူ့စကားသူသဘောကျကာ ရယ်နေလေသည်။ လွန်းကလည်း စိတ်မဆိုးသည့်အပြင် လက်အုပ်လေးချီကာပြောလာလေသည်။

"မင်းရဲ့ စကားကြီးစကားကျယ်တွေနဲ့ ငါ့ကိုမနှိပ်စက်ပါနဲ့ကွာ။ တောင်းပန်ပါတယ်။ ဘာအဓိပ္ပါယ်မှန်းတောင်စဉ်းစားလို့မရဘူး။ ငှက်သိုက်ထဲဆင်ဝင်ထိုင်တာတွေကော... ဆံထုံးနောက်သျှောင်ပါတာတွေကော... ငါနားမခံနိုင်လို့ပါကွာ။"

ထိုအချိန်ကျမှ ဇန်ဇန်၏ မျက်နှာကြီးစူပုတ်သွားကာ နှုတ်ခမ်းထော်ထော်နှင့် ပြန်ပြောလာလေသည်။

"ကိုကိုကောဘာထူးလို့လဲ။ သူ့များကိုအပြစ်ပြောတဲ့နေရာမှာတော့ ထိပ်ဆုံးကပဲလေ။"

ထိုညီအစ်ကိုနှစ်ယောက်ကြား ဒေါ်သက်ထားဝင်တားရရှာလေသည်။

"တော်ကြပါတော့ဟယ်။ လွန်းလည်း ခရီးပန်းနေပြီမလား။ သွားနားတော့လေ။ ဇန်ဇန်လည်း နေမကောင်းဘူးမလား။ ဆေးသောက်ပြီးအိပ်တော့။ မနက်ဖြန်ကျောင်းသွားရမယ်။"

ထိုအချိန်ကျမှ လွန်းက မတ်တပ်ထရပ်လိုက်ပြီး ပြောလာလေသည်။

"ဟုတ်တယ်။ ကျွန်တော်ပင်ပန်းနေပြီ။ တစ်ကိုယ်လုံးညောင်းကိုက်နေတာပဲ။ အမေ့အတွက် သနပ်ခါးဝယ်လာသေးတယ်။ ညညဆိုရင် အထူကြီးလိမ်းပြီး ကျွန်တော်တို့ကိုခြောက်ရအောင်လို့။"

ဒေါ်သက်ထားက ဆံပင်ခါးလောက်နှင့် အရွယ်နှင့်မလိုက်အောင်နုပျိုသော.... မြန်မာဆန်သော မိန်းမတစ်ဦးဖြစ်လေသည်။ ဝမ်းဆက်ကိုသာ သဘောတကျဝတ်ဆင်တတ်ပြီး သနပ်ခါးကိုနေ့ရောညပါ နှစ်ခြိုက်စွာလိမ်းတတ်သူဖြစ်လေသည်။ နေ့ဘက်ဆိုလျှင်တော့ လှပအောင်လိမ်းသော်လည်း ညဘက်ဆိုလျှင်တော့ အသားအရေလှအောင် အထူကြီးလိမ်းကာအိပ်တတ်တာကြောင့် သူမကို မြင်ရသူတိုင်းလန့်လန့်သွားတတ်တာဖြစ်လေသည်။

ထိုစဉ် စာဖတ်ခန်းမှထွက်လာသော လွန်းဒယ်ဒီက ထိုစကားကိုကြား၍ ရယ်လေတော့သည်။

"မင်းအမေကို ပြောသင့်နေတာကြာပြီ။"

လွန်းက ဆက်ပြောလာလေသည်။

"ဒယ်ဒီနဲ့ ဖေဖေ့အတွက်က စစ်ကိုင်းအိုးတွေပါတယ်။"

"ဟဲ့ကောင်လေး...နင် လူကြီးကိုနောက်စရာလား။"

လွန်းဒယ်ဒီကတော့ ရယ်နေပေမယ့် လွန်းအမေကတော့ နေရာမှဆတ်ခနဲထကာ လွန်းဗိုက်ကိုလာဆိတ်ဆွဲလေတော့သည်။

"အ...အ...နာတယ်လေအမေရ။ ပုဆိုးတစ်ထည်စီဝယ်ခဲ့တယ်လို့...သားက စ,တာကို။"

"အေး...နားရွက်နဲ့ခေါင်းမမီလို့ နင်သက်သာသွားတယ်မှတ်ပါလွန်းမာန်ထက်။"

"ကျွန်တော့အတွက်ကော?"

ဇန်ဇန်က စီးနေသောစကိတ်လေးကိုချွတ်ရင်း မျှော်လင့်ချက်အပြည့်ဖြင့်မေးလာလေသည်။

"မင်းအတွက်က ငှက်ပျောသီးပါတယ်။"

သို့သော် လွန်း၏အဖြေကြောင့် ဇန်တစ်ယောက် လက်ထဲက စကိတ်နှင့် ကောက်ပေါက်လေတော့သည်။ လွန်းအရှောင်ကောင်းလို့တော်သေးသည်။

"အမေကော သားပါလာနှိပ်စက်နေကြတယ်။ ပျော်လို့စ,တာကို စ,ခွင့်မပေးကြဘူး။ သင်္ကြန်အတွင်း ဘုရားသွားဖို့ လည်ကတုံးနဲ့ ပုဆိုး...နီညိုရောင်ဝမ်းဆက်လေးဝတ်ချင်ပါတယ်... ဆိုလို့ဝယ်လာပေးတာ...အေးလေ... စကိတ်နဲ့ကောက်ပေါက်တော့လည်း ကိုယ့်ထိုက်နဲ့ကိုယ့်ကံပေါ့လေ။ မပေးတော့ဘူးကွာ။ ဒယ်ဒီနဲ့ အမေ...ကျွန်တော် သွားနားတော့မယ်။"

လွန်းက မျက်နှာငယ်လေးလုပ်၍ ပြောကာ အိပ်ခန်းရှိရာသို့ ခပ်မြန်မြန်သွားလေတော့ ဇန်ဇန်က နောက်ကနေအမြန်ပြေးလိုက်လေတော့သည်။

"မဟုတ်ဘူးလေ!ကိုကို!!!စောင့်ပါအုံးဆိုနေမှ!!!! ကိုကိုညောင်းနေတယ်မလား... ကျွန်တော်နှိပ်ပေးမယ်လေ!!!ကိုကြီးရေ!!!!"

သူတို့ညီအစ်ကိုနှစ်ယောက်ကို ကြည့်ရင်း ကျန်နေခဲ့သော လူကြီးနှစ်ယောက်သည် ရယ်မောခြင်းကိုအစပြုရာမှ ထိုကလေးနှစ်ယောက်၏ ရှေးဟောင်းနှောင်းဖြစ်လေးများကို စားမြုံ့ပြန်ခြင်းသို့ ရောက်ကြကုန်လေသည်။

လားရှိုးမြို့တွင်လည်း-

မနက်သုံးနာရီလောက်ကြီးရောက်ချလာသော သွန်းခေတ်အား အိမ်အကူဒေါ်အားမိန်က တံခါးလာဖွင့်ပေးလေသည်။

"Zao An..."

(Zao An...တရုတ်လို Good morning)

သွန်းခေတ်ကတော့ ခရီးဆောင်အိတ်ကို ဒေါ်အားမိန်လက်ထဲထိုးပေးလိုက်ရင်း ဝါးခနဲသန်းလိုက်ကာပြန်ပြောလာလေသည်။

"ဘာမှကိုမအန်းနိုင်တော့ဘူးအားရီရေ...အိပ်ပဲအိပ်ချင်တယ်။"

(အားရီဆိုတာ အဒေါ်လို့ပြောတာပါ)

ဒေါ်အားမိန်ကတော့ သိပ်နားလည်ပုံမပေါ်။ သို့ပေမယ့် ပြန်လည်းမေးခွန်းမထုတ်။

"အိပ်ရာပြင်ထားပြီးပြီသားသား။ သွားအိပ်တော့နော်။ ဪ...မားမားက သားသားလာမယ်ဆိုလို့ နှစ်နာရီခွဲကတည်းက ဧည့်ခန်းထဲမှာ ထိုင်စောင့်နေတာ။ မားမားဆီအရင်သွားလိုက်အုံးနော်။"

"ဟုတ်.."

သွန်းခေတ်က တရုတ်သွေးအနည်းငယ်ပါတာကြောင့် တရုတ်စကားကိုပါတတ်ကျွမ်းလေသည်။ သွန်းခေတ်ဖေဖေက ဗမာစစ်စစ်ဖြစ်သော်လည်း သွန်းခေတ်အမေကတော့ ဗမာတရုတ်ကပြားဖြစ်လေသည်။ ထို့ကြောင့် အိမ်တွင် ဗမာစကားကိုသာပြောကြခြင်းဖြစ်လေသည်။

သွန်းခေတ်တွေးမိလိုက်သည်။ အိမ်ပြန်ရောက်လာခြင်းသည် သူနှင့် သူ့မားမားတို့၏ စစ်မြေပြင်သို့ရောက်လာခြင်းနှင့်မခြား.....ဟူ၍...

💗🔫💗🔫💗🔫💗🔫💗🔫💗🔫💗🔫

Thanks For reading....🙏🙏🙏

ဪ...ခင်ဗျားလေးတို့က ရက်စက်တတ်ကြတယ်နော်။😢 RoမလားRoမလား စောင့်နေရင်း Roမလာတော့ အဖတ်တောင်မလုပ်ကြတော့ဘူး။😭 နေ့တိုင်းလိုလို Upနေလို့ ဖတ်လို့မနိုင်ကြတော့တာလား?😕 ကျွန်တော့အရေးအသားလိုအပ်ချက်ကြောင့် မဖတ်ကြတော့တာလားပဲ?😐 Viewerတွေအတော်လေးလျော့သွားတာတွေ့ရတော့ စိတ်တော့မကောင်းဖြစ်မိတယ်ဗျာ... 😔😔

Continue Reading

You'll Also Like

10K 655 54
"Life is like a nightmare, But you can wake up at any time" Own Creation by Han_Me Cover photo from pinterest Credit to original owner
2.2M 150K 82
UNICODE VERSION: စစ်မှန်တဲ့ချစ်ခြင်းတရားတွေ ကြီးကျယ်မြင့်မြတ်လာခဲ့ရင် ယောင်္ကျားဘဲဖြစ်ဖြစ် မိန်းမဘဲဖြစ်ဖြစ် အဲ့ချစ်ခြင်းတရားတွေရှေ့မှောက်မှာ ဒူးထောက်...
2.3M 153K 104
Doctor Handsome & Medical Student
81.2K 5.5K 124
နှလုံးသားမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတဲ့လူတစ်ယောက်‌ဆီက နှလုံးသားကို ဒီဇင်ဘာမကုန်ခင်ရအောင်ယူပြဖို့ ကြုံးဝါးခဲ့တဲ့ ၁၇ နှစ်အရွယ် ကောင်လေးတစ်ယ...