A Lovely Myth ( ချစ်ခြင်းဖွဲ့...

By Khine731

184K 20.6K 2.3K

Luhan -ခင်များကြီးနော် တနေ့နေ့ ကျုပ်လက်ချက် မိမယ်သာမှတ် အဲ့ကြမှ အလုကယ်ပါ မလုပ်နဲ့ ချေမိုးပစ်မယ် Sehun -ချာတိ... More

Ep 1
Ep2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
EP 15
EP 16
EP17
EP 18
Ep 19
Ep 20
Ep 21
Ep 22
EP 23
EP 24
EP25
EP 26
EP27
EP 28
Ep 29
Ep 30
Ep 31
Ep 32
Ep 33
Ep 34
Ep 35
Ep 36
Ep 37
Ep 38
Ep 39
EP 40
Ep 1 ( Sehun Version)
EP 2 (Sehun Version)
EP 4 (Sehun Version)
EP 5 (Sehun Version)
EP 6 (Sehun Version)
EP 7 (Sehun Version)
EP 8 (Sehun Version)
EP 9 (Sehun Version)
EP 10 (Sehun Version)
EP 11 (Sehun Version)
EP 12 (Sehun Version)
EP 13 (Sehun Version)
EP 14 (Sehun Version)
EP 15 (Sehun Version)
EP 16(Sehun Version)
EP 17 (Sehun Version)
EP 18 (Sehun Version)
EP-19Final (Sehun Version)

EP 3 (Sehun Version)

2.5K 305 40
By Khine731

မနေ့ညက ကောင်လေးကို မျက်စိထဲ မြင်ပြီးတော်တော်နဲ့ အိပ်မပျော်ပဲ ညနက်မှ အိပ်ပျော်သွားတော့ ထုံးစံအတိုင်း အိပ်ရာထ နောက်ကျလေသည် ။ လာနှိုးသော ကောင်မလေးတွေကိုတောင် အရင်လို မရစ်အားတော့ပဲ ကောင်လေးရှိရာ ထမင်းစားခန်းကို ဝုန်းဒိုင်းကျဲ အမြန်ပေးဆင်းမိသည် ။

စောစောစီးစီး မြင်ချင်ဇောနဲ့ ခေါင်းစုတ်ဖွားနဲ့ ဖရိုဖရဲဖြစ်အောင် ဆင်းလာမိပေမယ့် ဟန်ကိုယ့်ဖို့ လုပ်ကာ ချေချေမိုးမိုး နေပြလိုက်ချင်းဖြင့် စမတ်ကျနေသည်မှာ အမှန်ပင် ဖြစ်ကြောင်း ကိုယ့်ဘာသာကိုယ်လဲ သိနေသည် ။ ထိုင်ခုံက အဆင်သင့်စွာ လုဟန်ဘေးမှာပဲ ရှိတော့တဲ့ အတွက် ဘေးနားမှာ ဝင်ထိုင်ကာ လုဟန်ဘက်ကို စွေကြည့်လိုက်ကြည့်လေသည် ။ ဒင်းလေးက ကိုယ့်ဖန်ခွက်နဲ့ ကောင်းစားနေပါလား ?? 

ဆဲဟွန်းဆိုတာက ကိုယ်သုံးတဲ့ ပစ္စည်းကို သူများသုံးတာ ထိတာ မကြိုက်ပေမယ့် သူလေးကြတော့ စိတ်ထဲ ဖိန်းတိန်းရှိန်းတိမ်းလေးကိုဖြစ်သွားပါလေရော

အဲဒါ ငါ့ခွက် ~~ 

လုဟန်ရဲ့ ဘေးက ရေခွက်ကို ထိုးပြရင်း ခပ်မာမာ ဆိုလိုက်တော့ ထိုလူသားလေး လန့်ဖျတ်သွားသည် ။ အတူထိုင်နေတဲ့ ၅ယောက်လုံးက ဆင်တူ ခွက် ဆိုပေမယ့် ဘာဖြစ်လို့ ငါ့ခွက်လို့ သိရလဲ ဆိုတော့ အမှတ်သား ရှိတယ်လေ ။ အာဂျူးမားက ပြေးလာပြီး

 ~~ဆောရီးနော် ဆောရီး ~~ဟွန်းလေး ရေက ရှောင်လု ဖြည့်တာ ဆိုတော့ အာဂျူးမား သတိမထားမိလို့ပါ 

။ဆဲဟွန်းက သူ့ခွက်ကို သူများ သောက်တာ မကြိုက်ဘူး သူ့စားနေတဲ့ အထဲကို သူများ နှိုက်စားတာ မကြိုက်ဘူး ၊ သူက သူများထဲ နှိုက်လဲ မစားတတ်ဘူး ၊သူ့အိပ်ယာကို သူများ တက်ထိုင်တာ မကြိုက်ဘူး ၊အိပ်ယာ စောစော ထရတာလဲ မကြိုက်ဘူး ~~~မျက်လုံးကျယ်လာပုံရသော Baekhyung က ထမင်း ပလုတ်ပလောင်းစားရင်း ပြောသည် ။

အဲ့ဖန်ခွက်အောက်မှာ တံဆိပ်လေးရှိတယ် ~

 Chanyeol Hyung ပြောသဖြင့် လုဟန် သူ့ဖန်ခွက်ကြည်ကြည်လေးကို သမင်မျက်လုံးလေးအား ပြူးကျယ်အောင် လုပ်ပြီး ကြည့်နေလေသည် ။

ဆောရီးပါ ~~ကျတော် မသိလို့ပါ ကျတော် ခွက် ပြန်လဲပေးပါမယ်~

နေတော့ ထားလိုက်တော့ ~~

ဘေးက Hung တွေက တအံ့တသြ ကြည့်လာတော့ ပြုံးချင်နေတဲ့ မျက်နှာကို ရှုံ့မဲ့စွာ ပြောင်းလဲ ပြောဆိုလိုက်တော့ ကလေးက မျက်နှာလေး ပျက်သွားလေသည် ။

ထမင်းစားပြီးကြတော့ အသီးသီးရေမိုးချိုးပြင်ဆင်နေကြလို့ လုဟန် ဧည့်ခန်းမှာ TV ကြည့်ရင်း ထိုင်စောင့်နေသည် ။အားလုံးက အချိန်တိကျစွာနဲ့ပဲ 8နာရီ ကွက်တိ ဧည့်ခန်းထဲ ရောက်လာကာ အလုပ်ကို သွားဖို့ပြင်ဆင်လေသည် ။

 ကားကတော့ လတ်တလော အနေဖြင့် တစ်စီးထဲ ပဲ ရှိပြီး Minseok Hyung မောင်းပါတယ် ။ Chenyeol Hyung က ခြေတံရှည်လို့ ရှေ့ခုံမှာ ထိုင်ပြီး Sehun နဲ့ Baekhyung Hyung က နောက်ခန်းတွင် ထိုင်ပေမယ့် လုဟန် ရောက်လာတော့ နောက်မှာ လူက ကိုးလို့ကန့်လန့် ဖြစ်နေလေသည် ။

 Taxi နဲ့ သွားဖို့တော့ အကုန်က အင်တင်တင် ဖြစ်နေကြ သလို ကျတော် Sehun က အဆိုးဆုံး ဖြစ်လေသည် ။ကလေးနဲ့ အတူထိုင်ချင်တယ်လေ

"ကဲကဲ ~ဒီနေ့တော့ Luhan ကလဲ အစ ဆိုတော့ နောက်မှာပဲ သုံးယောက် အတူစီးလိုက်တော့ နောက်ရက်မှ တမျိုးစီစဉ်မယ် "

"Hyung ကလဲ နောက်ခန်းကမှ မကျယ်ပါဘူးဆိုနေ " 

စူပုတ်ကာ အတွန့်တက်လိုက်မိသည် ။ ကလေးလေးက အခုတောင် စိတ်ကျဉ်းကြပ်နေပုံရသည်

 ။"Marknae ရာ မရစ်စမ်းနဲ့ မင်းလဲ Taxi မစီးနိုင်ဘူး ဒီနေ့တော့ သီးခံပြီး လိုက်ခဲ့ "

"အဲ့ဒါကြောင့်ပြောတာ ကျတော့ကားကို ပို့ပေးပါဆိုကြတော့ မပို့ပေးဘူး ။ ဒါမှ မဟုတ်လဲ Chanyeol Hyung တို့ တစ်စီးသွားကြဗျာ "

" မင်းရဲ့အမြန်နှုန်းနဲ့ ပြသနာဖြစ်ရင် တရုတ်မှာ ဖြေရှင်းဖို့ မလွယ်ဘူး ဆဲဟွန်း လတ်တလောတော့ ငြိမ်ငြိမ်လေးနေပါဦးကိုယ်တော် ~မဟုတ်ရင် ဒီထက် ဆိုးတဲ့ နေရာကို မင်းပါးပါးက ကြိုစီစဉ် နေလောက်ပြီ "

ကလေးက ကျတော်တို့ စကားကို မျက်လုံးလေး ကလည်ကလည်နဲ့ နားထောင်နေတာ တွေ့ရတော့လဲ သူလေး လန့်နေမှာ စိုးလို့ Minseok Hyung ရဲ့ စကားကို ပြန်ခံမပြောတော့ပဲ အသံတိတ်နေလိုက်တော့သည် ။

နောက်ခန်း ကျဉ်းကျဉ်းလေးမှာ ယောက်ကျားလေး သုံးယောက်ထိုင်နေရတာ ထင်တာထက် ပိုကြပ်နေသည် ။ လုဟန် က အလယ်က ထိုင်ရပြီး Baekhyung Hyung က သူနဲ့ လုဟန်ရဲ့ ကြားမှာ ကျောပိုးအိတ်ကို ချထားလို့ ကလေးက ကျတော့ဘက်ကို ပိုတိုးရမည် ဖြစ်သော်လည် ခြေခံရှည်တာကြောင့် ရှေ့က ခုံနှင့် တိုက်နေလို့ ကားထိုင်ထားရတဲ့ ကိုယ့် အဖြစ်ကြောင့် သူနဲ့ ကျတော့ ပေါင်က ပူးကပ်လို့တောင် နေလေပေသည် ။ တလမ်းလုံး သတိအနေထားနဲ့ တောင့်တောင့်လေး ထိုင်လာသော ကလေးလေး ညောင်းနေမှာ စိုးသောကြောင့် Company ကိုသာ မြန်မြန်ရောက်ဖို့ ဆုတောင်းနေမိတော့သည် ။

Company က ကျောက်မျက် Company ဖြစ်ပြီး ရုံးခန်း စက်ရုံ တွဲလျှက်ဖြစ်သည် ။ Baekhyung Hyung က Finance Account , Chanyeol Hyung က HR , ကျတော်က Production အပိုင်းကို အသီးသီးတာဝန်ယူထားပြီး Minseok Hyung က ဌာနာမှုးပါ ။ စကားပြန် ၂ယောက်ရှိတာ တစ်ယောက်က Finance မှာ စကားပြန်ရင်း ငွေကိုင်ရသည် ။ တစ်ယောက်က Chanyeol Hyung နဲ့ အတူ Administration အပိုင်းတာဝန်ယူရသည် ဆိုတော့ လုဟန်က အော်တိုမစ်တစ် Production အပိုင်းဘက် ရောက်သွားပါလေရော

 ~Minseok Hyung နားနေရင် လွတ်လပ်ပေါ့ပါးနေသလောက် ကလေးက ကျတော့ကိုတော့ ကြောက်ပုံရသည် ။ မနက်ပိုင်းကတော့ Minseok က စက်ရုံဝန်ထမ်းတွေကို စုခိုင်းကာ အစည်းဝေးလုပ်သဖြင့် တမနက်ခင်းလုံး ဘာသာပြန်ခြင်းဖြင့် အချိန်ကုန်သွားလေတော့သည် ။ အစည်းဝေးပြီးတော့ စကားပြန်တွေ ထဲမှာ ကလေးက ကိုရီးယားစကား အတော်ဆုံးနဲ့ ဘာသာပြန်တာ အကောင်းဆုံး ဆိုပြီး ချီးကျူးစကားများ ခံရလေသည် ။

နေ့လည်စာ စားတော့လဲ ဒီကလေးကို ကျတော်တို့ ကိုရီးယားတွေနဲ့ အတူပင် စားစေသည် ။ကျန်တဲ့ စကားပြန် ၂ယောက်ကတော့ ထမင်းချိုင့်ကိုယ်စီပါလာတော့ ဝန်ထမ်းများနှင့် Canteen မှာ အတူသွားစား၏ ။ လုဟန်က အတူလိုက်စားရန် ပြင်သော်လည်း Minseok Hyung က Lay Hyung ကို အစစ အရာရာဂရုစိုက်ပါမယ် ဟု ကတိပေးထားသဖြင့် သူတို့နဲ့ သာ အတူနေ အတူစားရန် ပြောလေသည် ။

 စားပြီးတော့ Minseok Hyung က စက်ရုံထဲ ပတ်ကာ လုပ်ငန်းလည်ပတ်မှုများကို စစ်ဆေးခြင်းကို လိုက်ပြီး ဘာသာပြန်ရသည် ။ Minseok Hyung နဲ့ ပတ်ပြီး စစ်နေတာကို တွေ့ပေမယ့် Win Win က ဘာသာပြန်တာ အဆင်မပြေသဖြင့် မလှမ်းမကန်း ရာက်လာတဲ့ ကလေးကို ခြေဟန်လက်ဟန်ဖြင့် ကျတော့ဘက် လာဖို့ ခေါ်လိုက်သည် ။ 

စက်သံတွေ ဆူညံနေသလို မျက်နှာမှာလဲ အမှုံတွေ မဝင်အောင် Mask တွေ တပ်ထားလို့ ကျတော့ရဲ့ မျက်နှာရိပ်မျက်နှာကဲ သိတဲ့ Minseok Hyung က တွန်းလွှတ်ကာ လိုက်သွားရန် ပြောသည် ။ကျတော် တာဝန်ယူတဲ့ ဘက်အခြမ်းက ကျောက်စိမ်းအရိုင်းတုန်းများအား ခွဲကာ ပန်းပုထုသော အပိုင်းဖြစ်လေသည် ။ ပန်းပုထုနေတဲ့ အလုပ်သမား တစ်ယောက်ကို ကိုယ်လိုချင်တဲ့ ပုံဖြစ်အောင် ပြောသည် ကို ရှောရှောရူရူပင် ဘာသာပြန်ပေးလေသည် ။ ချက်ကြ လက်ကြ နဲ့ စိတ်ဝင်တစား ခြေဟန်လက်ဟန်နဲ့ ဘာသာပြန်ပေးနေတာ တော်တော်လေးပင် ချစ်ဖို့ကောင်းနေလေသည် ။ ချစ်စရာ ကောင်းလွန်းလို့ ဘာသာပြန်ပြီးတာတောင် ပြန်မလွှတ်ချင်တော့တာကြောင့် နောက် တနေရာ ဆက်ခေါ်သွားသည် ။ သူလေး လန့်နေမှာစိုးလို့ Win Win ကိုလဲ ပြန်မလွှတ်ပဲ ခေါ်ပြီး လိုက်ကြည့်ခိုင်းသည် ။ 

ညနေ သုံးနာရီ Break ချိန် နားတော့မှ သူ့ကို ပြန်လွှတ်ကာ Win Win ကို အစားထိုးနေခဲ့ခိုင်းလေသည် ။ဒင်းလေးက ကိုယ့်အနားက သိပ်မသွားချင်ပါဘူး လွှတ်လိုက်တာနဲ့ လစ်ခနဲ့နေအောင် ပြေးသွားတယ် ကန်တင်းဘက်ကိုပေါ့ ။ ကော်ဖီတစ်ခွက်သယ်လာပြီး Lucas နဲ့ အာလူးဖုတ်ကာ မျက်လုံးလေးကို ဝိုင်းလိုက် နှုတ်ခမ်းလေးကို စုပြီး အံသြသွားလိုက်နဲ့ ဖြစ်ပျက်နေလေရဲ့ ။ သူ့ကို ကြည့်နေရတာနဲ့ အလုပ်ထဲမှာ သိပ်အာရုံမလာတော့တာလဲ Win Win ကို ပါ အနားပေးလိုက်ကာ ရုံးပေါ်သို့ တက်လာခဲ့လိုက်တော့သည် ။

ထမင်းစားရေမိုးချိုးပြီး ထုံးစံအတိုင်း ဝိုင်းဖွဲ့မယ် ကြံတော့ Baekhyung Hyung က လုဟန့်ကို ခေါ်မယ် ဆိုပြီး အပေါ်တတ်သွားလေသည် ။ဧည့်ခန်းထဲက ဘားကောင်တာရောက်တော့ Baekhyung Hyung က ကောင်လေးကို အရက်သောက်နည်းတွေ ပို့ချနေပြီး အတင်းသောက်ခိုင်းနေသည်ကို ဆေးလိပ်ကို လက်ကြားညှပ်ကာ အငွေ့တွေ မှုတ်ထုတ်နေရင်း ဝိုးတဝါးအငွေ့တွေ ကြားထဲက ခိုးကြည့်မိသည် ။ 

 ကလေးက တကယ့်ကို အူရိုင်းလေး ဆိုတော့ Baekhyung ရဲ့ ကောင်းမှုနဲ့ ထိုညက ကဘီယာတစ်ခွက်ထဲနဲ့ မှောက်သွားလေ၏။ခေါင်းတောင် မထောင်နိုင်တော့တဲ့ ကောင်လေးကို Hyung တွေ တွဲပို့တာကို လက်မခံပဲ ကိုယ်တိုင်ပွေ့ချီကာ သူ့အခန်းထဲ ထည့်ပေးမိလိုက်တာတော့ ကိုယ့်ဘာသာ နားမလည်တတ်တော့ပေမနက်ရောက်တော့ ခေါင်းတွေကိုက်နေပြီး မနည်းကုံးရုံထလာတဲ့ ပုံစံနဲ့ ထွက်လာတဲ့ ဘဲစုတ်ဖွားလေးက ဆွဲကိုင်လှုပ်ပစ်ချင်စရာပင် ~

 သူကလဲ အခန်းထဲက အထွက် ကိုယ်ကလဲ အောက်ထပ်ကို ဆင်းလာရန် ထွက်လာတော့ မျက်နှာချင်းဆိုင်တွေ့လေသည် ။မျက်မှောင်လေးကြုံ့ပြီး ခေါင်းကို ဖိနှိပ်နေပုံလေးက တော်တော် ခံစားနေရပုံပါပဲ

"တစ်ခွက်လေးသောက်ပြီး ဖြစ်ပျက်နေတာ ယောက်ျားမဟုတ်သလိုပဲ " 

ရှုံ့မဲ့ ပြောဆိုကာ ရှေ့ကနေ အရင်ဆင်းလိုက်သည် ။တကယ်တန်း ဒီကောင်လေးကို ပြောချင်တာရဲ့ နောက်ကွယ်မှာ နောက်ခါ ကိုယ်မပါပဲ မသောက်ပါနဲ့လို့ပါ ။မနေ့ညက အယ်ကိုဟောလ် အရှိန်ကြောင့် နီစွေးနေတဲ့ ပါးရဲရဲ ပြောချင်တာ ပြောနေသော နှုတ်ခမ်းလေးတွေကို တခြားသူတွေ့သွားမှာ မလိုလားတဲ့ စိတ်က ထူးဆန်းစွာနဲ့ပဲ ရင်ထဲမှာ ကိန်းအောင်း ပေါ်ပေါက်နေလေရဲ့Hyung တွေက ဆင်းလာတဲ့ သူ့ကို စလိုက် နောက်လိုက် လုပ်နေသဖြင့် ဒီကလေး မနက်စာပင် သေချာမစားဖြစ်ပေတနေကုန်ကတော့ စက်ရုံထဲမှာ Minseok Hyung နဲ့ အတူလည်ပတ်ကာ ဘာသာပြန်နေတော့ ဆဲဟွန်း လုဟန်နဲ့ ထပ်မတွေ့ပေ။ 

ဒီနေ့ က ရုံးခန်းထဲမှာ ကိုရီးယားကို ပစ္စည်းတွေ မှာစရာရှိလို့ Order ပြင်ဆင်နေခိုက် Minseok က တတ်လာပြီး

"Sehun ဘေဂျင်းစက်ရုံ production ပိုင်း Error တတ်နေလို့ မင်း သွားပေးရမယ် ရှောင်လုလေးကို ခေါ်သွားလိုက် "။

"ဗျာ~~~~"

မင်းနဲ့ နှစ်ယောက်ထဲ ခရီးသွားရမယ် ဆိုတာနဲ့ လက်ထဲက ဘောပင်လွတ်ကျလောက်အောင် ဆွဲကိုင်နိုင်တာ မင်းက ဘာကောင်လေးလဲ လုဟန်ရယ်

TBC🔜🔜🔜

ခရီးတွေ ဆက်တိုက်သွားနေရလို့ comment တွေ reply မပြန်နိုင်ဘူး ဖြစ်နေတယ် ။ ဒါပေမယ့် ပေးထားတဲ့ comment လေးတွေကြောင့် အမောပြေနေရတယ် ဆိုတာ ခင်ညားလေးတို့ သိတယ်ဟုတ် ???

Continue Reading

You'll Also Like

1.1M 130K 35
ကိုယ်က ဧကရာဇ် ဆိုပေမယ့် မင်းက ကိုယ့်သခင်ပါ #Both Unicode & Zawgyi #စိတ်ကူးယဥ်ဇာတ်လမ်းသက်သက်ပါရှငိ
4.4M 282K 81
Married Life ( Male Pregnant ) " ငါမောင့်ကိုချစ်တယ် ဒါပေမယ့် ငါ့မှာလည်းသည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ် မင်းငါ့ကိုအရင်ကျောခိုင်းရင် မင်းထားခဲ့တဲ့အ...