အပိုင်း ၂၆
အိပ်ဆေးမိပြီး အိပ်ပျော်သွားသော်လမင်းငယ်ကို သောက အခန်းထဲက ကုတင်ပေါ်ကို ပွေ့ချီပြီး သိပ်လိုက်သည်။ ဒီလိုဖြူစင်တဲ့ လမင်းလေးကို ကျွန်တော်မထိရက်ပါဘူး အဲ့ဒါကြောင့်အခန်းထဲမှာ သော့ခတ်ပြီးထားလိုက်သည်။
တောင်းပန်ပါတယ် လမင်းငယ်
လောလောဆယ်တော့ ကိုယ်ဆီမှာပဲ
မင်းကို ထိန်းသိမ်းထားရတော့မယ်
ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့
ကိုယ့်အပေါ် အဒေါ်ကျေးဇူးတွေများလို့ပါ
🏢
သက်ဝေ နေမထင်ရုံးခန်းသို့ အလျှင်အမြန်လာပြီး
ပြောလိုက်သည်။
" ကိုနေမထင် ကျွန်တော်စုံစမ်းပြီးသွားပြီ
ဒါရိုက်ဘာက သူဌေးကတော် ခေါ်လာပြီး
အလုပ်ခန့်တဲ့လူပါ"
" သေချာလား ကိုသက်ဝေ "
"ဟုတ်ကဲ့ သေချာပါတယ် "
နေမထင် ညီကိုချက်ခြင်းစိုးရိမ်သွားပြီး
" ကျွန်တော်အိမ်အရင်ပြန်တော့မယ်
အလုပ်တွေကို ကိုသက်ဝေ လက်စသတ်လိုက်ပါ "
"ဟုတ်ကဲ့ ကိုနေ "
ကိုနေမထင် လောလောနဲ့ဘာကြောင့်
ထွက်သွားပါ့လိမ့်
သက်တေတွေးနေတုန်း မိုးစက်ရောက်လာကာ
" ကိုကိုရော့ ကိုသက်ဝေ "
" အိမ်ပြန်သွားတယ် "
" ဗျာ! ကျွန်တော်နဲ့အတူတူပြန်ဖို့
ပြောထားပြီးသားကိုး "
" ကိုနေမထင် ဒီနေ့တစ်နေကုန် မျက်နှာမကောင်းဘူး မိုးစက် ကိုနေမထင်က သူ့ညီငယ် driverကို
သူဌေးကတော်အလုပ်ခန့်တယ်လည်းပြောရော့
အိမ်ကိုတန်းပြန်သွားတာပဲ ဒီကိစ္စက
အိမ်ပြန်တဲ့ထိ ဖြစ်စရာလိုလို့လား "
"ဗျာ! ဟုတ်ကဲ့ ကိုသောက ကျွန်တော်ကို
ပြောပြပေးလို့ ကျေးဇူးတင်ပါတယ် "
Mommyကို ကိုကိုအထင်လွဲနေပြီလား
Mommy က အဲ့လိုလူစားမျိုးမဟုတ်ပါဘူး
ကိုကိုရယ်
⛪
နေမထင်အိမ်ရောက်ရောက်ခြင်း ဒေါ်ကြီးမိုးကို မေးလိုက်တော့ ညီပြန်မရောက်သေးဘူး
အဲ့ဒါကြောင့် ဒေါ်ချယ်ရီဆိုင်ကို ကားမောင်းထွက်လာခဲ့သည်။ ရောက်ရောက်ခြင်း ဒေါ်ချယ်ရီရုံးခန်းထဲဝင်လိုက်ပြီး မေးလိုက်သည်။
" ညီ..ကျွန်တော့်ညီဘယ်မှာလဲ "
" သားနေမထင် "
"ကျွန်တော့်ညီဘယ်မှာလဲ
ညီဘယ်မှာလဲလို့မေးနေတယ် "
" ဘယ်နှယ့် လမင်းငယ်ကို ဒီလာမေးနေရတာလဲ "
" ညီဘယ်မှာလဲ..."
ကျွန်မကိုစူးစိုက်စွာကြည့်တဲ့ နေမထင်ကြောင့်
မသိချင်ယောင်ဆောင်ကာ ထပ်မေးလိုက်သည်။
" ဘာတွေအလောတကြီးဖြစ်နေတာလဲ "
"ဟန်ဆောင်မနေပါနဲ့ ဒေါ်ချယ်ရီ "
" Mommyလိုတောင်မခေါ်နိုင်တော့ဘူးပေါ့ '
" ကျွန်တော်တိုက်ရိုက်ပဲမေးမယ် ဘာကြောင့် ကျွန်တော်ညီရဲ့ဘဝကို ဖျက်စီးချင်ရတာလဲ
ညီရဲ့ ဘဝကို ဖျက်စီးချင်တာက ကျွန်တော်ကိုပါ ပျက်စီးစေတာပဲ ဒေါ်ချယ်ရီဘာလိုချင်တာလဲ
ပြောပါ "
" မင်းအကုန်သိနေပြီပဲ "
" ညီအခုဘယ်မှာလဲ "
"လမင်းငယ်က ဒါရိုက်ဘာကောင်လေးနဲ့
ခိုးပြေးသွားပြီ"
" အခုဘယ်မှာလဲ ညီအခုဘယ်မှာလဲပြောပါ
နို့မိုဆို ကျွန်တော် daddy မိန်းမတွေဘာတွေမသိဘူး လူသတ်ဖို့လည်း ဝန်လေးမှာမဟုတ်ဘူး "
ဒေါ်ချယ်ရီပြုံးပြီး ဆိုလိုက်သည်။
" ခြိမ်းခြောက်မှုကတကယ့်လန့်စရာပဲ
အခုမှ မင်းသရုပ်မှန်ပေါ်လာတာပဲ နေမထင်
မင်းက ငါကို ဘယ်တုန်းကမှ အမေတစ်ယောက်လို့ မဆက်ဆံခဲ့ဖူးဘူး မင်းညီကြောင့် မင်းရဲ့ဘာမှသွေးမတော်သားမဆက်တဲ့ မင်းညီကြောင့် မင်းငါကို Mommyလိုခေါ်ခဲ့တာပဲ "
" အပိုတွေပြောမနေနဲ့ ခင်ဗျားလည်း ကျွန်တော်ကို သားတစ်ယောက်လို့ မသတ်မှတ်ခဲ့ပါဘူး ခင်ဗျားလိုချင်တာပြောပါ ကျွန်တော် ခင်ဗျားခိုင်းတာမှန်သမျှ အကုန်လုပ်ပေးမယ် ပြီးရင်ကျွန်တော့်ညီ
ဘယ်နေရာမှာရှီလဲပြောပါ "
" ကောင်းပြီလေ မင်းအဖေက တော်ဝင်မြန်မာကုမ္ပဏီရဲ့ရှယ်ယာ ၂၀%များတောင် မင်းကိုပေးထားတယ် ငါသားမိုးစက်က ၅%ပဲခံစားခွင့်ပေးတယ် ငါသားက မင်းအဖေနားမှာနေပြီး လုပ်အကျွေးပြုစုတယ်။ကုမ္ပဏီမှာလည်း ကျောင်းပြီးကတည်း အားကိုးရတဲ့သားအဖြစ် နေပေးခဲ့တယ် အဲ့လိုလုပ်ပေးတာတောင် ငါသားက မင်းတို့ညီအစ်ကိုနှစ်ယောက် ပြန်လာတာနဲ့ ကုမ္ပဏီရဲ့မန်နေဂျာရာထူးတောင်မရပဲ
ဒီအတိုင်းအလုပ်သမားသာသာပဲ "
" ရှည်ရှည်ဝေးဝေးပြောမနေပါနဲ့ အချိန်မရှီဘူး
ကျွန်တော်ဘာလုပ်ပေးရမလဲသာပြော "
ညီကလွဲပြီးဘာမှမမြင်တဲ့ နေမထင်ကြောင့်
ဒေါ်ချယ်ရီ အောင်နိုင်သူအပြုံးဖြင်ပြုံးကာ
" မင်းရဲ့ ကုမ္ပဏီရှယ်ယာ အကုန်ငါလိုချင်တယ် ဘယ်လိုလဲ မင်းပေးနိုင်လား ငါတော့မထင်ဘူး
မင်းစည်းစိမ်တွေ အကုန်ပေးလောက်အောင်
မင်းညီကို ချစ်ပါ့မလား "
" ပေးမယ် ညီဘယ်နေရာမှာလဲဆိုတာပြောပါ "
" မြင့်မြတ်တဲ့ ချစ်ခြင်းပါလား
ကောင်းပြီ လက်မှတ်ထိုးလိုက် "
ဒေါ်ချယ်ရီကစာရွက်စာတမ်းကို ကျွန်တော်ရှေ့ပစ်ပေးလိုက်သည်။ ကျွန်တော်တွေဝေမနေပဲ လက်မှတ်ထိုးပေးလိုက်သည်။
" ရော့ လိပ်စာကဒ် အဲ့ဒီမှာမင်းညီရှီတယ် "
ကျွန်တော် လိပ်စာကဒ်ယူပြီး ချက်ခြင်းလှည့်အထွက်
" နေအုန်း နေမထင် "
" ဘာဖြစ်ပြန်ပြီလဲ ခင်ဗျား "
"လမင်းငယ်ကို ပြန်တွေ့ပြီးလို့ အိမ်ပြန်ရောက်ရင်မင်းdaddyကိုပြောလိုက်ပါ မန်နေဂျာ ရာထူးက
မိုးစက်နဲ့ပဲ ထိုက်တန်တယ်လို့ "
" ကျွန်တော်အတွက် မရှီမဖြစ်လိုအပ်တာက
ညီတစ်ယောက်တည်းပဲရှီတယ် ရာထူးစည်းစိမ်မဟုတ်ဘူး စိတ်ချပါ ခင်ဗျားသားကို
မန်နေဂျာရာထူးနဲ့ ခင်ဗျားမြင်တွေ့ရမှာပါ "
ကျွန်တော်ဒေါ်ချယ်ရီဆိုင်က မြန်မြန်ထွက်လာပြီး ညီရှီတဲ့နေရာကို ကားမောင်းထွက်လာလိုက်သည်။ ကားမောင်းရင် လမ်းတစ်လျှောက်လုံး စိတ်ပူနေခဲ့တာက ညီဘာမှမဖြစ်ပါစေနဲ့ ကိုကိုအလာကို
ဘာမှမဖြစ်ပဲ စောင့်နေပါ ညီ
🚘