Unicode (zawgyi below)
Jungwoo's POV
ဘာရယ်ကြောင့်မသိ
ဒီနေ့မိုးရွာတယ်
ကျောင်းရောက်တော့ ကျောင်းသားတွေအကုန်အနွေးထည်တွေနဲ့ မနက်ခင်းမိုးမလို့ စိမ့်ပြိးအေးနေတယ်
အတန်းထဲကကျွန်တော့်ရဲ့စားပွဲခုံက အနည်းငယ်ညစ်ပတ်နေတယ် ပြတင်းပေါက်ကပတ်တဲ့မိုးရေတွေအပြည့်နဲ့ ခုံပေါ်ကဖုန်တွေဟာ ရောထွေးပြီးညစ်ပတ်နေတယ်
အတန်းမတက်တာကြာခဲ့ပေမယ့် ကျွန်တော်ဒီနေ့တော့အတန်းထဲဝင်ခဲ့တယ် ကျွန်တော်မလိုချင်တဲ့စာရွက်တစ်ရွက်ကိုယူဖ်ု့အတွက်ပေါ့ မလိုချင်ဘူးဆိုရင်လည်း ကျွန်တော်မှအဲ့စာရွက်ကိုမလိုအပ်တော့ဘဲလေ
ပညာအရည်အချင်းမှတ်တမ်းစာရွက်ဟာ အဆင့်တွေကျနေတဲ့ကျွန်တော့်လိုကျောင်းသားအတွက်မလိုအပ်တော့တဲ့စာရွက်သာဖြစ်တယ်
ဒါပေမယ့် ကျွန်တော်ဟာ ကိုယ့်ရဲ့လွတ်လပ်ပိုင်ခွင့်ကိုလက်ထဲအရောက်လိုက်မဖမ်းနိုင်သေးသရွေ့
မိဘတွေကကျွန်တော့်ရဲ့အပြစ်အနေနဲ့သာမှတ်ယူထားပြီး ကျောင်းဆက်ထားနေသေးသရွေ့
ကျွန်တော်ဟာ ဒိကျောင်းကကျောင်းသားတစ်ယောက်ဖြစ်နေသေးသရွေ့
ကျွန်တော်မလိုအပ်တဲ့ ဒီစာရွက်ကိုလည်းယူနေရဦးမှာဖြစ်ပြီး ကျွန်တော် မတတ်နိုင် မစွမ်းဆောင်နိုင်တဲ့စာမေးပွဲတွေလည်းဖြေနေရဦးမှာဖြစ်တယ်
ခုံကိုတစ်ရှူးနဲ့အသေအချာရှင်းလိုက်ပြီး ကျွန်တော် တော်တော်ကြာကြာမထိုင်ဖြစ်တဲ့ စားပွဲမှာထိုင်လိုက်တယ်
မိုးကတိတ်သွားပေမယ့် မိုးပေးခဲ့တဲ့ စိုစွတ်မှု ထိုင်းမှိုင်းမှုတွေကတော့အခုထိမတိတ်သေးပါ
ကျွန်တော်ဒီနေ့အတန်းထဲဝင်တော့ ကျွန်တော့်ရဲ့မသိစိတ်တွေထဲမှာခိုအောင်းနေသူတစ်ယောက်ကိုတွေ့ရလေမလားလို့ ကျွန်တော်အတန်းကိုဝေ့ဝဲကြည့်လိုက်မိတယ်
ထူးဆန်းပါရဲ့
ကျွန်တော်သူ့ကိုမတွေ့ရပါဘူး
Lucas ကအတန်းမမှန်ပေမယ့် ကျွန်တော့်လိုအတန်းကိုရည်ရွယ်ချက်ရှိရှိနဲ့ရှောင်နေတဲ့သူတော့မဟုတ်ဘူးရယ်
ကျွန်တော်တို့ ၂ ယောက်ဟာ ဘယ်လောက်ထိ ဆက်စပ်မှုနဲ့ ပတ်သက်မှုတွေမရှိသလဲဆိုရင် ကျွန်တော်ကလည်းသူဒီနေ့အတန်းမတက်တာကိုမသိသလို သူကလည်းကျွန်တော်အတန်းတက်တာကိုမသိခဲ့ဘူး
ဒါ့အပြင်
သူပြောခဲ့ဖူးတဲ့ ကျွန်တော့်အတွက် လမင်းကိုကြွေပန်းကန်လုပ်ပြီးခပ်ယူမယ့်ကြယ်တွေထဲမှာ သူ့ဆီကိုညွှန်ပြနေတဲ့ဓူဝံကြယ်ပါမလာခဲ့ဘူးထင်တယ်
ကျွန်တော်တို့ ဒီနေ့အတန်းထဲမှာလွဲခဲ့ကြတယ်...
မေးထောက်လျက်နဲ့ပဲ ကျွန်တော်ပြတင်းပေါက်ကိုငေးမိတော့ ရာသီဥတုကလည်းကျွန်တော့်ဘက်ကိုပါမလာပြန်ဘူး
ကျွန်တော့်ရဲ့အလွမ်းဘက်ကို မျက်နှာလိုက်သွားတဲ့ရာသီဥတုက အခုမှမိုးတိတ်ခါစမလို့ စိုစိုစွတ်စွတ်နဲ့ဆွေးမြမြလေးနဲ့ တည်ငြိမ်စွာရှိနေတယ်
ကျောင်းဝင်းထဲမှာစိုက်ထားတဲ့ ပိန်းကြာဖက်ကနေ မိုးရေစက်တွေကစုပြီး တတောက်တောက်နဲ့ရေပြင်ပေါ်ကျနေတယ်
ကိုယ့်အလွမ်းဘက်ပါနေတဲ့ရာသီဥတုရဲ့ဖမ်းစားမှုကိုကျွန်တော်ဆက်ကြည့်မနေတော့ဘဲ အတန်းဘက်ကိုပြန်မျက်နှာမူတော့ ပထမအချိန် ဆရာကဝင်လာတာကိုတွေ့လိုက်ရတယ်
"ဒီနေ့ အရင်တစ်ခေါက်ကဖြေထားတဲ့စာမေးပွဲအဆင့်တွေကြေညာမယ် မှတ်တမ်းစာရွက်တွေကိုတော့ အတန်းခေါင်းဆောင်ကပဲဝေလိုက်တော့"
အရင်ကလိုကျွန်တော်ရင်မခုန်တော့ပါ
အခုတစ်ခါလည်းတိုးတက်မှုမရှိတဲ့ အဆင့်ကိုကျွန်တော်မသိချင် မကြားချင်တော့။
ကျွန်တော်မလိုအပ်တဲ့အရာကိုကျွန်တော်မသိချင်တော့ဘူး
အခုလိုအပ်နေတဲ့ Lucas ကိုမြင်ဖို့အရေးကိုသာကျွန်တော်အာရုံစိုက်ချင်တယ်
ကျွန်တော်သူ့ကိုရှောင်နေခဲ့တယ်ဆိုတာမှန်ခဲ့ပေမယ့် သူမသိအောင် သူ့ကိုတွေ့ချင်နေတုန်းပဲ
သူ့ကိုဖွင့်ပြောပြီး သူ့ရဲ့မလွှဲသာမရှောင်သာအမူအရာတွေနဲ့မနစ်မွန်းချင်လို့ ၊ မျက်နှာချင်းမဆိုင်ချင်လို့ရှောင်နေပေမယ့် ကျွန်တော်သူ့ကိုမချစ်တော့တာမဟုတ်လို့ သူ့ကိုတွေ့ချင်နေမိတယ်
နှလုံးသားအာဟာရတွေလိုအပ်တယ်လေ
သူ့ကိုမြင်နေရတာက ကျွန်တော့်နှလုံးသားကိုအာဟာရဓာတ်ဖြည့်နေရတာနဲ့ညီမျှနေတယ်
ဆရာကအရှေ့မှာစာသင်နေပြန်တော့လည်း ကျွန်တော်ဟာ အတန်းပြီးရင် သူ့ကိုဘယ်လိုမြင်ရဖို့ကိုကျွန်တော့်တွေးနေမိတယ် အဆက်မပြတ်စဉ်းစားနေတုန်းပဲ
သူဟာအတန်းမတက်တဲ့အချ်န်တွေဆိုရင် ဘောလုံးကန်နေတတ်သလို မုန့်စားဆောင်မှာလည်းဟိုစားဒီစားနဲ့စားနေတတ်သူတစ်ယောက်ဖြစ်တာကိုကျွန်တော်သိနေတယ်
ကျောင်းဝင်းထဲက ပိန်းကြာဖက်ပေါ်ကမိုးရေစက်တွေက ရေပြင်ပေါ်တစ်စက်ပြီးတစ်စက်ကျနေတာနဲ့တစ်ပြိုင်နက်ကျွန်တော်ရဲ့ ဦးနှောက်ကလည်း ကျောင်းဝင်းထဲကသူရှိနေနိင်တဲ့နေရာတစ်ခုချင်းဆီကို အတွေးနဲ့သွားခဲ့ပြီးပြီဖြစ်တယ်
"အဲ့တော့ ဒီ project ကအရေးပါတယ် စာမေးပွဲမှာ အမှတ် ၆ မှတ်ထိထည့်ပေးတဲ့အထိကိုအရေးပါတာမလို့ အကောင်းဆုံးလုပ်ကြပါ"
ကျွန်တော် သူ့ကိုမြင်ရဖို့အရင်ဆုံး ဘောလုံးကွင်းကိုအရင်သွားသင့်တယ် ပြီးမှ မုန့်စားဆောင်ပေါ့
"၃ ယောက်စီတွဲလုပ်ရမှာ ကိုယ်ကဘယ်သူနဲ့တွဲပြီး project လုပ်ရမလဲဆိုတာကို ဒီစာရွက်မှာလာကြည့်ပါ ဒီိစာရွက်မှာ အဖွဲ့တွေဖွဲ့ပေးထားတယ် ဒီနေ့တော့ဒီလောက်ပဲ မှတ်တမ်းစာရွက်တွေကိုအတန်းခေါင်းဆောင်ကလိုက်ဝေထားလိုက်ပါ"
ကျွန်တော်ဘာမှမမှတ်ထားသော ဖတ်စာအုပ်ဆီသို့ ငုံ့ကြည့်လိုက်တယ် အရင်ကလိုရှုပ်ယှက်ခတ်နေအောင်မှတ်မထားတဲ့ဖတ်စာအုပ်တစ်အုပ်ဟာ ကျွန်တော့်ရှေ့မှာ မတွန့်မကျေနဲ့ရှိနေတယ်
အေးမြနေတဲ့လေထုထဲ ပူနွေးတဲ့သက်ပြင်းတစ်ချက်မှုတ်ထုတ်ကာ ထိုဖတ်စာအုပ်ကိုပိတ်လိုက်တယ်
"Jungwoo"
ကျွန်တော့်ရဲ့စားပွဲပေါ်ကိုလက်ထောက်ကာ လာခေါ်တဲ့သူကိုကျွန်တော်မော့ကြည့်လိုက်တော့ ကျွန်တော့်ရှေ့မှာထိုင်တဲ့ Jaemin သာဖြစ်တယ်
"မင်းကငါတို့အဖွဲံထဲမှာ"
ကျွန်တော်ကြောင်ငေးစွာနဲ့သူ့ကိုဆက်ကြည့်နေမိတယ်
"ငါရယ် Jeno ရယ် ပြီးတော့ မင်း"
ကျွန်တော်စိတ်ပျက်သွားတယ်
ကျွန်တော့်လိုဘာမှမတတ်နိုင်တော့တဲ့ကျောင်းသားတစ်ယောက်ကို ဘာလို့များ project ထဲထည့်ထားရတာလဲ ဒ်ီအတန်းထဲကကျောင်းသားတစ်ယောက်အနေနဲ့ှိနေသေးသရွေ့တော့ ဆရာတွေအကုန်လုံးက ကျွန်တော့်ကိုဆွဲမတင်ဘဲ မကူညီဘဲ ဒီလိုမျိုးဆက်နှိပ်စက်နေဦးမှာပဲ
ပိုပြီးစ်တ်ပျက်စေတာက ကျွန်တော်နဲ့ Jaemin တစ်ဖွဲ့တည်းလာကျနေတာကိုပဲ
"Jaemin ငါက အရင်လိုမဟုတ်တော့ဘူး မင်းတို့ ဒီ project ကိုဦးဆောင်ပေးမလား ငါ့လိုတာတွေဘေးကကူညီပေးမယ်"
စိတ်ပျက်စရာအခြေအနေဖြစ်နေပေမယ့် ကျွန်တော်လုံးဝမနှစ်သက်တဲ့အခြေအနေမျိုးဖြစ်နေပေမယ့် ကျွန်တော်သည်းခံဖ်ု့ဆုံးဖြတ်လိုက်တယ်
"ရတယ် အဲ့အတွက်စိတ်မပူနဲ့"
Jaemin ကတောက်ပစွာပြုံးလျက် မျက်လုံးတစ်ဖက်မှိတ်ပြကာပြန်ထွက်သွားတယ်
Jaemin ဟာ တကယ်ကိုအပြစ်ကင်းတဲ့ကျောင်းသားတစ်ယောက်
တကယ်ကိုရုပ်ရည်ပြေပြစ်တဲ့ ကျွန်တော့်ရဲ့အတန်းဖော်တစ်ယောက်
ဒါကိုဘာကြောင့်များကျွန်တော်က သူ့ကိုသဝန်တိုစိတ်တွေနဲ့မုန်းနေရတာလဲ
Lucas ကိုချစ်လွန်းတဲ့စိတ်နဲ့ ကျွန်တော်ဟာ တခြားသူတွေကို အမုန်းတိုက်ထဲသွင်းနေမိတာဖြစ်တယ်
Jaemin ကိုမှမဟုတ်
Koeun ကိုရောပေါ့
ဒါတောင်အခုတလော Lucas ကိုရှောင်နေလို့ သူနဲ့ Koeun ကိုအတူတကွရှိနေတာတွေ သိပ်ပြီးမတွေ့မိ။
ကျွန်တော်အခန်းထဲကနေ ထွက်မလို့လုပ်တော့ Jaemin ကကျွန်တော့်ရှေ့ကိုနောက်တစ်ခေါက်ပြန်ရောက်လာတယ်
ဒီတစ်ခါတော့ သူကကျွန်တော့်လမ်းကိုပိတ်ရပ်လိုက်တဲ့သဘောမျိုးနဲ့ရောက်လာခဲ့တာဖြစ်တယ်
"ခဏနေပါဦးဟ မင်းရဲ့ ပညာအရည်အချင်းမှတ်တမ်းစာရွက်ုယူသွားဦးလေ"
ကျွန်တော်မလိုအပ်တဲ့စာရွက်ကို Jaemin ကကျွန်တော့်ကိုပေးလာတယ်
ဘာလို့လဲ သူကဘာလို့များကျွန်တော့်ထက်ပိုပြီး ကျွန်တော့်အရေးကိုဂရုစိုက်နေရတာလဲ ကျွန်တော်လည်းသူ့ကိုရှောင်တိမ်းပါလျက်နဲ့သူကကျွန်တော်နဲ့သိပ်ကိုသူငယ်ချင်းဖြစ်နေပုံရတယ် ကျွန်တော့်ရှေ့မှာထိုင်တဲ့လူတစ်ယောက်ဖြစ်နေတာနဲ့ ကျွန်တော်စိတ်မပါဘဲ သူငယ်ချင်းဖြစ်ခွင့်ရလို့လား
"အေး ငါမေ့သွားလို့"
ကျွန်တော်တိုတိုတုတ်တုတ်တစ်ခွန်းသာပြောပြီး လှမ်းယူလိုက်တော့ 54 ဟူသောဂဏန်း နှစ်လုံးကထင်ထင်ရှားရှားရယ်
အရင်တစ်ခေါက်ကထက်ပိုပြီးလျော့သွားတဲ့အမှတ်နဲ့အဆင့်တွေကိုကျွန်တော်ဆက်ကြည့်ချင်စိတ်မရှိတော့ဘဲ လွယ်အိတ်ထဲသာအတင်းထိုးထည့်လိုက်တယ်
"ခဏနေဦး"
"......."
"မနက်ဖြန်ကျောင်းလာမယ်မလား ငါနဲ့အတူ project အတွက်လှုပ်ရှားဖို့ အတူပြန်ရအောင်"
ကျွန်တော်မသက်မသာနဲ့ပဲခေါင်းတစ်ချက်ညိတ်ပြလိုက်တယ် သဘောမတူလို့မှမရဘဲလေ
ကျွန်တော်ပဲပိတ်မိနေတဲ့သဘောဖြစ်နေလို့ ကျွန်တော်ခေါင်းမညိတ်လို့မရပါ
အတန်းထဲကထွက်တာနဲ့ကျွန်တော်အပြေးသွားမိတာက ဘောလုံးကွင်းသာဖြစ်တယ်
မိုးရွာထားလို့ မြေပြင်စိုစိုစွတ်စွတ် မြက်ခင်းပြင်စိမ်းစိမ်းမှာ အားရပါးရ ဘောလုံးကန်နေသူတွေထဲ ကျွန်တော် တစ်ယောက်ယောက်ကိုရှာနေမိတယ်
ကန်လိုက်တဲ့ဘောလုံးကအရှိန်ပြင်းသွားပြီး စည်းကျော်သွားတော့ လက်ခုပ်တီးရင်းရယ်နေတဲ့ လူတစ်ယောက်ကို ကျန်ဘောလုံးသမား ၁၀ ယောက်ထဲကနေ ထင်းရှားစွာမြင်လိုက်ရတယ်
မြင်နေရတဲ့သူ့အပြုံးက ကျွန်တော့်ရင်ထဲကိုအမည်မသိသော ခုန်တက်နေသောအရာတစ်ခုကိုထိထိရောက်ရောက်ထည့်သွင်းပေးလိုက်တယ်
ကျွန်တော်ရင်ဘတ်ကိုလက်နဲ့ဖိပြီး သူမမြင်ခင်မှာ ဘောလုံးကွင်းအနီးကနေအမြန်ထွက်လာခဲ့တယ်
Lucas
ထိုလူဟာ ကျွန်တော့်နှလုံးသားရဲ့ ဟိုးးး အနက်ရှိင်းဆုံးအောက်ခြေအထိ စိုက်ဝင်နေခဲ့ပြီလား
သူ့အပြုံးကိုမြင်တာနဲ့ တဒိန်းဒိန်းနဲ့ခုန်လာတဲ့ ရင်ခုန်မှုမျိုးကတော့ဖြင့်ကျွန်တော့်အတွက်ပြင်းထန်လွန်းခဲ့တယ်
အဝေးကနေကြည့်ပြီးခံစားရတဲ့ရင်ခုန်မှုမျိုးက ဘယ်တော့မှ အနီးကပ်ပျော်ရွှင်မှုမျိုးကိုခံစားလို့မရနိုင်တဲ့ လူတစ်ယောက်အတွက်သိပ်ပြင်းထန်လွန်းတယ်
မြင်ခဲ့ရတဲ့သူ့အပြုံးဟာ ကျွန်တော့်အတွက် ရင်ခုန်မှုတွေညသန်းခေါင်အထိရှည်ကြာခဲ့တယ်
မီးအိမ်ရဲ့အလင်းရောင်အောက်က Diary ထဲ ....
~ "မင်းကငါ့ကိုချစ်တယ်တဲ့လား" လို့ ဈေးချိုသောအချစ်ထဲရောက်အောင် ပေါ့ပြက်ပြက်မေးခဲ့တဲ့ လူတစ်ယောက်ရဲ့နှုတ်ခမ်းတွေ ..... ဒီလောက်ထိပြုံးနေလိမ့်မယ်လို့ထင်ခဲ့ဖူးလားးး ဒီနေ့သူအတန်းမတက်လို့ ဘောလုံးကွင်းဆီသွားကြည့်တော့ သူ့သာမက သူ့အပြုံးကိုပါမြင်လိုက်ရတာပဲ ဒီနေ့တွေ့ခဲ့ရတဲ့ရေမတင်တဲ့ပိန်းကြာဖက်ဟာသူများဖြစ်နေလိမ့်မလား
ငါ့အချစ်တွေဘယ်လောက်ပေးပေး သူ့ရင်ထဲမှာမတင်ကျန်ဘဲ လျှောလျှောကျခဲ့ရတာတွေ ..... ငါ့အချစ်တွေဟာ ရေစက်ပေါင်းများစွာဖြစ်နေလိမ့်မယ် .... သူဟာပိန်းကြာရွက်ဖြစ်နေရင်ပေါ့ ....
6 May 2018 ~
Jungwoo's POV End
Zawgyi ver
Jungwoo's POV
ဘာရယ္ေၾကာင့္မသိ
ဒီေန႔မိုးရြာတယ္
ေက်ာင္းေရာက္ေတာ့ ေက်ာင္းသားေတြအကုန္အေႏြးထည္ေတြနဲ႔ မနက္ခင္းမိုးမလို႔ စိမ့္ၿပိ္းေအးေနတယ္
အတန္းထဲကကၽြန္ေတာ့္ရဲ႕စားပြဲခုံက အနည္းငယ္ညစ္ပတ္ေနတယ္ ျပတင္းေပါက္ကပတ္တဲ့မိုးေရေတြအျပည့္နဲ႔ ခုံေပၚကဖုန္ေတြဟာ ေရာေထြးၿပီးညစ္ပတ္ေနတယ္
အတန္းမတက္တာၾကာခဲ့ေပမယ့္ ကၽြန္ေတာ္ဒီေန႔ေတာ့အတန္းထဲဝင္ခဲ့တယ္ ကၽြန္ေတာ္မလိုခ်င္တဲ့စာရြက္တစ္ရြက္ကိုယူဖ္ု႔အတြက္ေပါ့ မလိုခ်င္ဘူးဆိုရင္လည္း ကၽြန္ေတာ္မွအဲ့စာရြက္ကိုမလိုအပ္ေတာ့ဘဲေလ
ပညာအရည္အခ်င္းမွတ္တမ္းစာရြက္ဟာ အဆင့္ေတြက်ေနတဲ့ကၽြန္ေတာ့္လိုေက်ာင္းသားအတြက္မလိုအပ္ေတာ့တဲ့စာရြက္သာျဖစ္တယ္
ဒါေပမယ့္ ကၽြန္ေတာ္ဟာ ကိုယ့္ရဲ႕လြတ္လပ္ပိုင္ခြင့္ကိုလက္ထဲအေရာက္လိုက္မဖမ္းႏိုင္ေသးသေရြ႕
မိဘေတြကကၽြန္ေတာ့္ရဲ႕အျပစ္အေနနဲ႔သာမွတ္ယူထားၿပီး ေက်ာင္းဆက္ထားေနေသးသေရြ႕
ကၽြန္ေတာ္ဟာ ဒိ္ေက်ာင္းကေက်ာင္းသားတစ္ေယာက္ျဖစ္ေနေသးသေရြ႕
ကၽြန္ေတာ္မလိုအပ္တဲ့ ဒီစာရြက္ကိုလည္းယူေနရဦးမွာျဖစ္ၿပီး ကၽြန္ေတာ္ မတတ္ႏိုင္ မစြမ္းေဆာင္ႏိုင္တဲ့စာေမးပြဲေတြလည္းေျဖေနရဦးမွာျဖစ္တယ္
ခုံကိုတစ္ရွဴးနဲ႔အေသအခ်ာရွင္းလိုက္ၿပီး ကၽြန္ေတာ္ ေတာ္ေတာ္ၾကာၾကာမထိုင္ျဖစ္တဲ့ စားပြဲမွာထိုင္လိုက္တယ္
မိုးကတိတ္သြားေပမယ့္ မိုးေပးခဲ့တဲ့ စိုစြတ္မႈ ထိုင္းမိႈင္းမႈေတြကေတာ့အခုထိမတိတ္ေသးပါ
ကၽြန္ေတာ္ဒီေန႔အတန္းထဲဝင္ေတာ့ ကၽြန္ေတာ့္ရဲ႕မသိစိတ္ေတြထဲမွာခိုေအာင္းေနသူတစ္ေယာက္ကိုေတြ႕ရေလမလားလို႔ ကၽြန္ေတာ္အတန္းကိုေဝ့ဝဲၾကည့္လိုက္မိတယ္
ထူးဆန္းပါရဲ႕
ကၽြန္ေတာ္သူ႔ကိုမေတြ႕ရပါဘူး
Lucas ကအတန္းမမွန္ေပမယ့္ ကၽြန္ေတာ့္လိုအတန္းကိုရည္ရြယ္ခ်က္ရွိရွိနဲ႔ေရွာင္ေနတဲ့သူေတာ့မဟုတ္ဘူးရယ္
ကၽြန္ေတာ္တို႔ ၂ ေယာက္ဟာ ဘယ္ေလာက္ထိ ဆက္စပ္မႈနဲ႔ ပတ္သက္မႈေတြမရွိသလဲဆိုရင္ ကၽြန္ေတာ္ကလည္းသူဒီေန႔အတန္းမတက္တာကိုမသိသလို သူကလည္းကၽြန္ေတာ္အတန္းတက္တာကိုမသိခဲ့ဘူး
ဒါ့အျပင္
သူေျပာခဲ့ဖူးတဲ့ ကၽြန္ေတာ့္အတြက္ လမင္းကိုေႂကြပန္းကန္လုပ္ၿပီးခပ္ယူမယ့္ၾကယ္ေတြထဲမွာ သူ႔ဆီကိုၫႊန္ျပေနတဲ့ဓူဝံၾကယ္ပါမလာခဲ့ဘူးထင္တယ္
ကၽြန္ေတာ္တို႔ ဒီေန႔အတန္းထဲမွာလြဲခဲ့ၾကတယ္...
ေမးေထာက္လ်က္နဲ႔ပဲ ကၽြန္ေတာ္ျပတင္းေပါက္ကိုေငးမိေတာ့ ရာသီဥတုကလည္းကၽြန္ေတာ့္ဘက္ကိုပါမလာျပန္ဘူး
ကၽြန္ေတာ့္ရဲ႕အလြမ္းဘက္ကို မ်က္ႏွာလိုက္သြားတဲ့ရာသီဥတုက အခုမွမိုးတိတ္ခါစမလို႔ စိုစိုစြတ္စြတ္နဲ႔ေဆြးျမျမေလးနဲ႔ တည္ၿငိမ္စြာရွိေနတယ္
ေက်ာင္းဝင္းထဲမွာစိုက္ထားတဲ့ ပိန္းၾကာဖက္ကေန မိုးေရစက္ေတြကစုၿပီး တေတာက္ေတာက္နဲ႔ေရျပင္ေပၚက်ေနတယ္
ကိုယ့္အလြမ္းဘက္ပါေနတဲ့ရာသီဥတုရဲ႕ဖမ္းစားမႈကိုကၽြန္ေတာ္ဆက္ၾကည့္မေနေတာ့ဘဲ အတန္းဘက္ကိုျပန္မ်က္ႏွာမူေတာ့ ပထမအခ်ိန္ ဆရာကဝင္လာတာကိုေတြ႕လိုက္ရတယ္
"ဒီေန႔ အရင္တစ္ေခါက္ကေျဖထားတဲ့စာေမးပြဲအဆင့္ေတြေၾကညာမယ္ မွတ္တမ္းစာရြက္ေတြကိုေတာ့ အတန္းေခါင္းေဆာင္ကပဲေဝလိုက္ေတာ့"
အရင္ကလိုကၽြန္ေတာ္ရင္မခုန္ေတာ့ပါ
အခုတစ္ခါလည္းတိုးတက္မႈမရွိတဲ့ အဆင့္ကိုကၽြန္ေတာ္မသိခ်င္ မၾကားခ်င္ေတာ့။
ကၽြန္ေတာ္မလိုအပ္တဲ့အရာကိုကၽြန္ေတာ္မသိခ်င္ေတာ့ဘူး
အခုလိုအပ္ေနတဲ့ Lucas ကိုျမင္ဖို႔အေရးကိုသာကၽြန္ေတာ္အာ႐ုံစိုက္ခ်င္တယ္
ကၽြန္ေတာ္သူ႔ကိုေရွာင္ေနခဲ့တယ္ဆိုတာမွန္ခဲ့ေပမယ့္ သူမသိေအာင္ သူ႔ကိုေတြ႕ခ်င္ေနတုန္းပဲ
သူ႔ကိုဖြင့္ေျပာၿပီး သူ႔ရဲ႕မလႊဲသာမေရွာင္သာအမူအရာေတြနဲ႔မနစ္မြန္းခ်င္လို႔ ၊ မ်က္ႏွာခ်င္းမဆိုင္ခ်င္လို႔ေရွာင္ေနေပမယ့္ ကၽြန္ေတာ္သူ႔ကိုမခ်စ္ေတာ့တာမဟုတ္လို႔ သူ႔ကိုေတြ႕ခ်င္ေနမိတယ္
ႏွလုံးသားအာဟာရေတြလိုအပ္တယ္ေလ
သူ႔ကိုျမင္ေနရတာက ကၽြန္ေတာ့္ႏွလုံးသားကိုအာဟာရဓာတ္ျဖည့္ေနရတာနဲ႔ညီမွ်ေနတယ္
ဆရာကအေရွ႕မွာစာသင္ေနျပန္ေတာ့လည္း ကၽြန္ေတာ္ဟာ အတန္းၿပီးရင္ သူ႔ကိုဘယ္လိုျမင္ရဖို႔ကိုကၽြန္ေတာ့္ေတြးေနမိတယ္ အဆက္မျပတ္စဥ္းစားေနတုန္းပဲ
သူဟာအတန္းမတက္တဲ့အခ်္န္ေတြဆိုရင္ ေဘာလုံးကန္ေနတတ္သလို မုန္႔စားေဆာင္မွာလည္းဟိုစားဒီစားနဲ႔စားေနတတ္သူတစ္ေယာက္ျဖစ္တာကိုကၽြန္ေတာ္သိေနတယ္
ေက်ာင္းဝင္းထဲက ပိန္းၾကာဖက္ေပၚကမိုးေရစက္ေတြက ေရျပင္ေပၚတစ္စက္ၿပီးတစ္စက္က်ေနတာနဲ႔တစ္ၿပိဳင္နက္ကၽြန္ေတာ္ရဲ႕ ဦးေႏွာက္ကလည္း ေက်ာင္းဝင္းထဲကသူရွိေနနိင္တဲ့ေနရာတစ္ခုခ်င္းဆီကို အေတြးနဲ႔သြားခဲ့ၿပီးၿပီျဖစ္တယ္
"အဲ့ေတာ့ ဒီ project ကအေရးပါတယ္ စာေမးပြဲမွာ အမွတ္ ၆ မွတ္ထိထည့္ေပးတဲ့အထိကိုအေရးပါတာမလို႔ အေကာင္းဆုံးလုပ္ၾကပါ"
ကၽြန္ေတာ္ သူ႔ကိုျမင္ရဖို႔အရင္ဆုံး ေဘာလုံးကြင္းကိုအရင္သြားသင့္တယ္ ၿပီးမွ မုန္႔စားေဆာင္ေပါ့
"၃ ေယာက္စီတြဲလုပ္ရမွာ ကိုယ္ကဘယ္သူနဲ႔တြဲၿပီး project လုပ္ရမလဲဆိုတာကို ဒီစာရြက္မွာလာၾကည့္ပါ ဒိ္ီိစာရြက္မွာ အဖဲြ႕ေတြဖြဲ႔ေပးထားတယ္ ဒီေန႔ေတာ့ဒီေလာက္ပဲ မွတ္တမ္းစာရြက္ေတြကိုအတန္းေခါင္းေဆာင္ကလိုက္ေဝထားလိုက္ပါ"
ကၽြန္ေတာ္ဘာမွမမွတ္ထားေသာ ဖတ္စာအုပ္ဆီသို႔ ငုံ႔ၾကည့္လိုက္တယ္ အရင္ကလိုရႈပ္ယွက္ခတ္ေနေအာင္မွတ္မထားတဲ့ဖတ္စာအုပ္တစ္အုပ္ဟာ ကၽြန္ေတာ့္ေရွ႕မွာ မတြန္႔မေက်နဲ႔ရွိေနတယ္
ေအးျမေနတဲ့ေလထုထဲ ပူေႏြးတဲ့သက္ျပင္းတစ္ခ်က္မႈတ္ထုတ္ကာ ထိုဖတ္စာအုပ္ကိုပိတ္လိုက္တယ္
"Jungwoo"
ကၽြန္ေတာ့္ရဲ႕စားပြဲေပၚကိုလက္ေထာက္ကာ လာေခၚတဲ့သူကိုကၽြန္ေတာ္ေမာ့ၾကည့္လိုက္ေတာ့ ကၽြန္ေတာ့္ေရွ႕မွာထိုင္တဲ့ Jaemin သာျဖစ္တယ္
"မင္းကငါတို႔အဖြဲံထဲမွာ"
ကၽြန္ေတာ္ေၾကာင္ေငးစြာနဲ႔သူ႔ကိုဆက္ၾကည့္ေနမိတယ္
"ငါရယ္ Jeno ရယ္ ၿပီးေတာ့ မင္း"
ကၽြန္ေတာ္စိတ္ပ်က္သြားတယ္
ကၽြန္ေတာ့္လိုဘာမွမတတ္ႏိုင္ေတာ့တဲ့ေက်ာင္းသားတစ္ေယာက္ကို ဘာလို႔မ်ား project ထဲထည့္ထားရတာလဲ ဒ္ီအတန္းထဲကေက်ာင္းသားတစ္ေယာက္အေနနဲ႔ွိေနေသးသေရြ႕ေတာ့ ဆရာေတြအကုန္လုံးက ကၽြန္ေတာ့္ကိုဆြဲမတင္ဘဲ မကူညီဘဲ ဒီလိုမ်ိဳးဆက္ႏွိပ္စက္ေနဦးမွာပဲ
ပိုၿပီးစ္တ္ပ်က္ေစတာက ကၽြန္ေတာ္နဲ႔ Jaemin တစ္ဖြဲ႕တည္းလာက်ေနတာကိုပဲ
"Jaemin ငါက အရင္လိုမဟုတ္ေတာ့ဘူး မင္းတို႔ ဒိီ project ကိုဦးေဆာင္ေပးမလား ငါ့လိုတာေတြေဘးကကူညီေပးမယ္"
စိတ္ပ်က္စရာအေျခအေနျဖစ္ေနေပမယ့္ ကၽြန္ေတာ္လုံးဝမႏွစ္သက္တဲ့အေျခအေနမ်ိဳးျဖစ္ေနေပမယ့္ ကၽြန္ေတာ္သည္းခံဖ္ု႔ဆုံးျဖတ္လိုက္တယ္
"ရတယ္ အဲ့အတြက္စိတ္မပူနဲ႔"
Jaemin ကေတာက္ပစြာျပံဳးလ်က္ မ်က္လုံးတစ္ဖက္မွိတ္ျပကာျပန္ထြက္သြားတယ္
Jaemin ဟာ တကယ္ကိုအျပစ္ကင္းတဲ့ေက်ာင္းသားတစ္ေယာက္
တကယ္ကို႐ုပ္ရည္ေျပျပစ္တဲ့ ကၽြန္ေတာ့္ရဲ႕အတန္းေဖာ္တစ္ေယာက္
ဒါကိုဘာေၾကာင့္မ်ားကၽြန္ေတာ္က သူ႔ကိုသဝန္တိုစိတ္ေတြနဲ႔မုန္းေနရတာလဲ
Lucas ကိုခ်စ္လြန္းတဲ့စိတ္နဲ႔ ကၽြန္ေတာ္ဟာ တျခားသူေတြကို အမုန္းတိုက္ထဲသြင္းေနမိတာျဖစ္တယ္
Jaemin ကိုမွမဟုတ္
Koeun ကိုေရာေပါ့
ဒါေတာင္အခုတေလာ Lucas ကိုေရွာင္ေနလို႔ သူနဲ႔ Koeun ကိုအတူတကြရွိေနတာေတြ သိပ္ၿပီးမေတြ႕မိ။
ကၽြန္ေတာ္အခန္းထဲကေန ထြက္မလို႔လုပ္ေတာ့ Jaemin ကကၽြန္ေတာ့္ေရွ႕ကိုေနာက္တစ္ေခါက္ျပန္ေရာက္လာတယ္
ဒီတစ္ခါေတာ့ သူကကၽြန္ေတာ့္လမ္းကိုပိတ္ရပ္လိုက္တဲ့သေဘာမ်ိဳးနဲ႔ေရာက္လာခဲ့တာျဖစ္တယ္
"ခဏေနပါဦးဟ မင္းရဲ႕ ပညာအရည္အခ်င္းမွတ္တမ္းစာရြက္ုယူသြားဦးေလ"
ကၽြန္ေတာ္မလိုအပ္တဲ့စာရြက္ကို Jaemin ကကၽြန္ေတာ့္ကိုေပးလာတယ္
ဘာလို႔လဲ သူကဘာလို႔မ်ားကၽြန္ေတာ့္ထက္ပိုၿပီး ကၽြန္ေတာ့္အေရးကိုဂ႐ုစိုက္ေနရတာလဲ ကၽြန္ေတာ္လည္းသူ႔ကိုေရွာင္တိမ္းပါလ်က္နဲ႔သူကကၽြန္ေတာ္နဲ႔သိပ္ကိုသူငယ္ခ်င္းျဖစ္ေနပုံရတယ္ ကၽြန္ေတာ့္ေရွ႕မွာထိုင္တဲ့လူတစ္ေယာက္ျဖစ္ေနတာနဲ႔ ကၽြန္ေတာ္စိတ္မပါဘဲ သူငယ္ခ်င္းျဖစ္ခြင့္ရလို႔လား
"ေအး ငါေမ့သြားလို႔"
ကၽြန္ေတာ္တိုတိုတုတ္တုတ္တစ္ခြန္းသာေျပာၿပီး လွမ္းယူလိုက္ေတာ့ 54 ဟူေသာဂဏန္း ႏွစ္လုံးကထင္ထင္ရွားရွားရယ္
အရင္တစ္ေခါက္ကထက္ပိုၿပီးေလ်ာ့သြားတဲ့အမွတ္နဲ႔အဆင့္ေတြကိုကၽြန္ေတာ္ဆက္ၾကည့္ခ်င္စိတ္မရွိေတာ့ဘဲ လြယ္အိတ္ထဲသာအတင္းထိုးထည့္လိုက္တယ္
"ခဏေနဦး"
"......."
"မနက္ျဖန္ေက်ာင္းလာမယ္မလား ငါနဲ႔အတူ project အတြက္လႈပ္ရွားဖို႔ အတူျပန္ရေအာင္"
ကၽြန္ေတာ္မသက္မသာနဲ႔ပဲေခါင္းတစ္ခ်က္ညိတ္ျပလိုက္တယ္ သေဘာမတူလို႔မွမရဘဲေလ
ကၽြန္ေတာ္ပဲပိတ္မိေနတဲ့သေဘာျဖစ္ေနလို႔ ကၽြန္ေတာ္ေခါင္းမညိတ္လို႔မရပါ
အတန္းထဲကထြက္တာနဲ႔ကၽြန္ေတာ္အေျပးသြားမိတာက ေဘာလုံးကြင္းသာျဖစ္တယ္
မိုးရြာထားလို႔ ေျမျပင္စိုစိုစြတ္စြတ္ ျမက္ခင္းျပင္စိမ္းစိမ္းမွာ အားရပါးရ ေဘာလုံးကန္ေနသူေတြထဲ ကၽြန္ေတာ္ တစ္ေယာက္ေယာက္ကိုရွာေနမိတယ္
ကန္လိုက္တဲ့ေဘာလုံးကအရွိန္ျပင္းသြားၿပီး စည္းေက်ာ္သြားေတာ့ လက္ခုပ္တီးရင္းရယ္ေနတဲ့ လူတစ္ေယာက္ကို က်န္ေဘာလုံးသမား ၁၀ ေယာက္ထဲကေန ထင္းရွားစြာျမင္လိုက္ရတယ္
ျမင္ေနရတဲ့သူ႔အျပံဳးက ကၽြန္ေတာ့္ရင္ထဲကိုအမည္မသိေသာ ခုန္တက္ေနေသာအရာတစ္ခုကိုထိထိေရာက္ေရာက္ထည့္သြင္းေပးလိုက္တယ္
ကၽြန္ေတာ္ရင္ဘတ္ကိုလက္နဲ႔ဖိၿပီး သူမျမင္ခင္မွာ ေဘာလုံးကြင္းအနီးကေနအျမန္ထြက္လာခဲ့တယ္
Lucas
ထိုလူဟာ ကၽြန္ေတာ့္ႏွလုံးသားရဲ႕ ဟိုးးး အနက္ရွိင္းဆုံးေအာက္ေျခအထိ စိုက္ဝင္ေနခဲ့ၿပီလား
သူ႔အျပံဳးကိုျမင္တာနဲ႔ တဒိန္းဒိန္းနဲ႔ခုန္လာတဲ့ ရင္ခုန္မႈမ်ိဳးကေတာ့ျဖင့္ကၽြန္ေတာ့္အတြက္ျပင္းထန္လြန္းခဲ့တယ္
အေဝးကေနၾကည့္ၿပီးခံစားရတဲ့ရင္ခုန္မႈမ်ိဳးက ဘယ္ေတာ့မွ အနီးကပ္ေပ်ာ္ရႊင္မႈမ်ဳိးကိုခံစားလို႔မရႏိုင္တဲ့ လူတစ္ေယာက္အတြက္သိပ္ျပင္းထန္လြန္းတယ္
ျမင္ခဲ့ရတဲ့သူ႔အျပံဳးဟာ ကၽြန္ေတာ့္အတြက္ ရင္ခုန္မႈေတြညသန္းေခါင္အထိရွည္ၾကာခဲ့တယ္
မီးအိမ္ရဲ႕အလင္းေရာင္ေအာက္က Diary ထဲ ....
~ "မင္းကငါ့ကိုခ်စ္တယ္တဲ့လား" လို႔ ေစ်းခ်ိဳေသာအခ်စ္ထဲေရာက္ေအာင္ ေပါ့ျပက္ျပက္ေမးခဲ့တဲ့ လူတစ္ေယာက္ရဲ႕နႈတ္ခမ္းေတြ ..... ဒီေလာက္ထိျပံဳးေနလိမ့္မယ္လို႔ထင္ခဲ့ဖူးလားးး ဒီေန႔သူအတန္းမတက္လို႔ ေဘာလုံးကြင္းဆီသြားၾကည့္ေတာ့ သူ႔သာမက သူ႔အျပံဳးကိုပါျမင္လိုက္ရတာပဲ ဒီေန႔ေတြ႕ခဲ့ရတဲ့ေရမတင္တဲ့ပိန္းၾကာဖက္ဟာသူမ်ားျဖစ္ေနလိမ့္မလား
ငါ့အခ်စ္ေတြဘယ္ေလာက္ေပးေပး သူ႔ရင္ထဲမွာမတင္က်န္ဘဲ ေလွ်ာေလွ်ာက်ခဲ့ရတာေတြ ..... ငါ့အခ်စ္ေတြဟာ ေရစက္ေပါင္းမ်ားစြာျဖစ္ေနလိမ့္မယ္ .... သူဟာပိန္းၾကာရြက္ျဖစ္ေနရင္ေပါ့ ....
6 May 2018 ~
Jungwoo's POV End