ကိုယ္ရံေတာ္လူႀကီး ( Complete...

By RealSyo1

213K 13.7K 183

ခန္႔ျမတ္ပိုင္ ႐ွင္းသုတ Unicode ခန့်မြတ်ပိုင် ရှင်းသုတ More

1
2
3
4
5
6
Devil 😆😆
7
9
10
11
12-Final
New Fic

8

12.6K 1K 4
By RealSyo1

တင္းၾကပ္ၿပီးလႈပ္မရေသာေၾကာင့္အိပ္ေနရာမွႏိုးလာကာ ခါးနားကိုၾကည့္လိုက္ေတာ့ လက္တစ္စုံ...

ေနာက္လွည့္မၾကည့္ဘဲနဲ႔ထိုလက္ပိုင္႐ွင္ကိုသူသိလိုက္ပါၿပီ...

႐ုန္းေသာလဲပိုၿပီးတင္းေအာင္တိုးၿပီးဖက္လိုက္ေသာေၾကာင့္သူမအိပ္မွန္းသိလိုက္ရသည္။

"က်ေနာ့္ကိုလႊတ္ေပးပါ''

''ဟင့္အင္း ခနေလးပဲေလေနာ္"

''ခမ်ားဘာသာအိပ္ခ်င္ရင္ ကိုယ့္အခန္းထဲကိုသြားအိပ္"

''ကေလးကလဲ ခနေလးပဲ"

''ခမ်ားကိုေျပာေနတာနားမလည္ဘူးလား"

စိတ္မ႐ွည္စြာ ေအာ္လိုက္မႈေၾကာင့္ သူမ်က္လုံးေတြဖြင့္ၿပီးၾကည့္လာတယ္...

"ကိုယ္႐ွင္းျပခ်င္..''

''ရတယ္ ခမ်ား႐ွင္းျပစရာမလိုဘူး က်ေနာ္စိတ္လဲမဝင္စားဘူး အဲ့ဒါေၾကာင့္ ခမ်ားကိုယ့္အခန္းကိုျပန္လိုက္ေတာ့"

ခါးကိုဖက္ထားတဲ့လက္ေတြကိုဆြဲခြာကာ အိပ္ရာေပၚမွထရင္ ေရခ်ိဳးခန္းထဲဝင္ဖို႔အလုပ္...

ခါးကိုဆြဲဖက္ကာ ပခုံးေပၚေမးတင္လာတဲ့သူေၾကာင့္ လူကအလိုလိုသူရင္ခြင္ထဲနစ္သြားေလသည္။

"ကေလးအထင္လြဲေနတာပါ ကိုယ္အဲ့ဒါ႐ွင္းျပခ်င္ေသးတယ္"

''မလိုဘူးလို႔ ေျပာၿပီးၿပီမလား"

႐ုန္းေနေသာလဲသူ႔အားကိုမယွဥ္ႏိုင္၍႐ုန္းကန္ျခင္းကိုရပ္တန္႔လိုက္ရသည္...

"အဲ့ပုံေတြထဲကေကာင္မေလးက ကိုယ့္နဲ႔တစ္ဝမ္းကြဲညီမေလးပါ..''

''ဘာ!!''

တစ္ဝမ္းကြဲတူမဆိုေသာေၾကာင့္ သူ႔ဘက္ကိုလွည့္ၾကည့္ရင္း...

"ခမ်ားႀကီးလာေနာက္ေနတာလား?လူကိုလွည့္လို႔ရမယ္ထင္ေနတာလား?''

ေ႐ွ႕ကေန ႏႈတ္ခမ္းတစ္ေထာ္ေထာ္နဲ႔စြာေနတဲ့ေကာင္ေလးက အသည္းယားဖို႔ေကာင္းေနတယ္ဆိုသူေလးသိပါစ...

"တကယ္ပါကြာ ကိုယ့္ရင္ထဲမွာဒီေကာင္ေလးအျပည့္႐ွိေနတာကို ဘယ္သူမွစိတ္မဝင္စားႏိုင္ပါဘူးကြာ"

ရင္ခြင္ကိုဆြဲဖက္လိုက္ျပီးဆံပင္ေလးထဲကိုငုံနမ္းရင္ေျပာလိုက္ေတာ့ အေကာင္ေပါက္ေလးကသူ႔ကိုျပန္ဖက္လာသည္...

ရင္ဘတ္တစ္ေနရာကစိုစြတ္မႈေၾကာင့္ အလန္႔တၾကားဆြဲထုတ္ၾကည့္မိေတာ့ ပါးႏွစ္ဖက္မွာမ်က္ရည္စီးေၾကာင္းေတြနဲ႔ေကာင္ေလး...

"ေတာင္းပန္ပါတယ္ မယုံခဲ့လို႔"

ငိုသံေလးနဲ႔ေတာင္းပန္လာတဲ့ေကာင္ေလးေၾကာင့္သက္ျပင္းခ်လိုက္မိတယ္...

တစ္ဖန္ရင္ခြင္မွာဖက္ထားၿပီးနဖူးေလးကိုနမ္း႐ႈိက္ျခင္းကိုသူျပဳလုပ္လိုက္ေတာ့သည္...

ျပန္လည္ဖက္တြယ္လာတဲ့လက္ကေလးေတြကလဲတင္းၾကပ္စြာနဲ႔...

"Hello Brother"

ေအာက္ထပ္ကိုဆင္းဆင္းျခင္းမိန္းကေလးသံေၾကာင့္ ၾကည့္လိုက္ေတာ့ ပုံထဲကေကာင္မေလး...

ကိုယ့္ေနာက္ကိုလွည့္ၾကည့္ေတာ့ ဘယ္သူမွမ႐ွိပါ...

"ဘယ္ေတြၾကည့္ေနတာလဲ Brother ရဲ႕..Bother ကိုေျပာေနတာ"

ကိုယ့္ကိုလက္ညိဳးထိုးၿပီးေျပာတာေၾကာင့္ ေၾကာင္အမ္းအမ္းနဲ႔ေခါင္းညိမ့္ျပလိုက္မိသည္။

"လာ...လာ..ကိုေလးကိုညမကေတြ႔ခ်င္လြန္းလို႔ေစာင့္ေနရတာၾကာပီရယ္"

''ဟမ္!!''

''ကိုေလးကခ်စ္စရာေလး ဒါေၾကာင့္ ကိုႀကီးကသဲသဲလႈပ္တာေနမွာ"

"😮😮''

''အဟမ္း ေတာ္ေတာ့ေလ"

မ်က္လုံးေလးမွိတ္ေနေအာင္ျပဳံးျပေနတဲ့ေကာင္မေလးကျဖဴစင္စြာ...မဆီမဆိုင္အထင္လြဲမိတဲ့ကိုယ့္ကိုယ့္ကိုေတာင္အျပစ္တင္မိတယ္...

ၾကားထဲကိုတိုးထိုင္လာတဲ့လူႀကီးေၾကာင့္ေဘးနားကိုေရြ႔ေပးလိုက္ရတယ္...

"ကိုႀကီးတို႔မ်ား ညမနဲ႔ေတာင္သဝန္တိုကပ္စီးနဲေနတာ ဟင္းဟင္း"

''အဟမ္း မဟုတ္ပါဘူး"

''ဘာမဟုတ္တာလဲ ခုပဲၾကည့္ေလ ကပ္သီးကပ္ဖဲ့ ၾကားထဲဝင္ထိုင္ေနတာ"

''ဟာ...ဒီေကာင္မေလးကေတာ့"

လက္သီးနဲ႔ေခါင္းကိုထုမယ့္ပုံလုပ္ျပလိုက္ေတာ့ ေနာက္ေဖးကိုေျပးထြက္သြားတဲ့ကေလးမ...

ေကာင္ေလးကိုၾကည့္လိုက္ေတာ့ ေခါင္းေလးငုံထားတဲ့သူေလးရဲ႕ပါးေလးကေတာ့ပန္းေရာင္သန္းေနတာေၾကာင့္အသည္းယားကာစလိုက္မိသည္...

"ကေလး ၾကမ္းျပင္မွာဘာ႐ွိလို႔ အဲ့ေလာက္ၾကည့္ေနတာလဲ"

''ဟမ္"

''ေအာ္ ကေလးကေခါင္းကိုၾကမ္းျပင္နဲ႔ထိမတတ္ငုံၾကည့္ေနေတာ့ ၾကမ္းျပင္မွာဘာစိတ္ဝင္စားစရာ႐ွိလို႔လဲလို႔"

''ခမ်ားႀကီး အျမင္ကပ္ဖို႔ေကာင္းတယ္"

ေအာ္ဟစ္ကာေနာက္ေဖးခန္းထဲဝင္သြားတဲ့ေကာင္ေလးေၾကာင့္ ရယ္လိုက္မိသည္။မၾကာပါ ေနာက္ေဖးခန္းထဲကရယ္သံေလးေတြထြက္လာသျဖင့္ က်ေနာ္လဲသြားၾကည့္မိေတာ့ ကေလးေတြလို႔ခြၽဲေနၾကတဲ့ က်ေနာ့္ညီမေလးနဲ႔သူေလးကိုၾကည့္ရင္းႏႈတ္ခမ္းထက္အျပဳံးေတြျဖစ္ထြန္းလာေလသည္။

ကားပါကင္တြင္ကားရပ္ၿပီးဆင္းဖို႔အလုပ္ လက္ကိုလွမ္းကိုင္လာတဲ့လူႀကီး...

လက္ကိုသူ႔ႏႈတ္ခမ္းနားထိယူၿပီးနမ္း႐ိႈက္လာတဲ့လူႀကီးေၾကာင့္ႏွလုံးသားေလးအထိန္းအကြပ္မဲ့စြာအခုန္ျမန္ေနေလ၏...

"ေန႔လည္ေစာင့္ေနမယ္ေနာ္ကေလး"

''ဟုတ္"

တစ္ဖန္နဖူးထက္ကိုပါအနမ္းေႁခြလာတဲ့လူႀကီးေၾကာင့္ေအာက္ႏႈတ္ခမ္းကိုဖိကိုက္မိေလသည္။ဒီလူႀကီးေၾကာင့္ႏွလုံးေရာဂါရေတာ့မွာပဲ...

"ဒါနဲ႔ကေလး ကိုယ္ကေလးကိုေမးစရာ႐ွိတယ္"

''အြန္း ေမးေလ"

''ကိုယ့္ဆီကိုပို႔လာတဲ့ပုံေတြ ကေလးဘယ္သူ႔ဆီကရတာလဲ"

"ဟင္.. က်ေနာ္လဲမသိဘူး"

ခ်က္ခ်င္းဖုန္းကိုထုတ္ၿပီးစစ္ၾကည့္လိုက္ေတာ့ Unknown Number တစ္ခုကပို႔ထားျခင္းျဖစ္ေၾကာင္းေတြ႔လိုက္ရသည္။

နံပါတ္ကိုဆက္ၾကည့္ေတာ့ ဆက္သြယ္ထားျခင္းမ႐ွိပါဆိုတဲ့ျပန္ေျဖသံဘဲၾကားလိုက္ရသည္။

"သိပ္ပီးစဥ္းစားမေနပါနဲ႔ က်ေနာ္တို႔ကလြယ္လြယ္နဲ႔ခြဲလို႔ရမယ့္သူေတြမွမဟုတ္တာ ေနာ့္"

မ်က္လုံးေလးပုတ္ခတ္ ပုတ္ခတ္နဲ႔ေျပာလာတဲ့ေကာင္ေလးေၾကာင့္ရယ္မိလိုက္သည္။ဒီေကာင္ေလးကအျမဲသူ႔ကိုျပဳံးႏိုင္ေအာင္လုပ္ေနတဲ့တစ္ဦးတည္းေသာေကာင္ေလးပဲ။

"အင္း သြားေတာ့ေလ"

''တာ့တာ"

ကေလးဆန္စြာတာ့တာျပရင္အတန္းကိုသြားခဲ့တဲ့ေကာင္ေလးကိုၾကည့္ရင္း ကိစၥတစ္ခုကိုသိေအာင္လုပ္ရန္ ဖုန္းကိုထုတ္ကာ လူတစ္ေယာက္ဆီဖုန္းဆက္လိုက္သည္။

#TBC

LTNS ဟီး တစ္ရက္ျခား 1 updateျဖစ္ေနတယ္ ...😄😄စိတ္မဆိုးၾကပါနဲ႔

မတတ္တစ္ေခါက္ေလးမို႔ ဦးေႏွာက္ထဲကျဖစ္ညစ္ထုတ္ထားရလို႔ပါဂ်ာ🙁

Starေလးေတြအတြက္လဲ အရမ္း..ရမ္း..ရမ္း...ေက်းဇူးတင္ပါတယ္လို႔စ္😘😘😘

#unicode

တင်းကြပ်ပြီးလှုပ်မရသောကြောင့်အိပ်နေရာမှနိုးလာကာ ခါးနားကိုကြည့်လိုက်တော့ လက်တစ်စုံ...

နောက်လှည့်မကြည့်ဘဲနဲ့ထိုလက်ပိုင်ရှင်ကိုသူသိလိုက်ပါပြီ...

ရုန်းသောလဲပိုပြီးတင်းအောင်တိုးပြီးဖက်လိုက်သောကြောင့်သူမအိပ်မှန်းသိလိုက်ရသည်။

"ကျနော့်ကိုလွှတ်ပေးပါ''

''ဟင့်အင်း ခနလေးပဲလေနော်"

''ခများဘာသာအိပ်ချင်ရင် ကိုယ့်အခန်းထဲကိုသွားအိပ်"

''ကလေးကလဲ ခနလေးပဲ"

''ခများကိုပြောနေတာနားမလည်ဘူးလား"

စိတ်မရှည်စွာ အော်လိုက်မှုကြောင့် သူမျက်လုံးတွေဖွင့်ပြီးကြည့်လာတယ်...

"ကိုယ်ရှင်းပြချင်..''

''ရတယ် ခများရှင်းပြစရာမလိုဘူး ကျနော်စိတ်လဲမဝင်စားဘူး အဲ့ဒါကြောင့် ခများကိုယ့်အခန်းကိုပြန်လိုက်တော့"

ခါးကိုဖက်ထားတဲ့လက်တွေကိုဆွဲခွာကာ အိပ်ရာပေါ်မှထရင် ရေချိုးခန်းထဲဝင်ဖို့အလုပ်...

ခါးကိုဆွဲဖက်ကာ ပခုံးပေါ်မေးတင်လာတဲ့သူကြောင့် လူကအလိုလိုသူရင်ခွင်ထဲနစ်သွားလေသည်။

"ကလေးအထင်လွဲနေတာပါ ကိုယ်အဲ့ဒါရှင်းပြချင်သေးတယ်"

''မလိုဘူးလို့ ပြောပြီးပြီမလား"

ရုန်းနေသောလဲသူ့အားကိုမယှဉ်နိုင်၍ရုန်းကန်ခြင်းကိုရပ်တန့်လိုက်ရသည်...

"အဲ့ပုံတွေထဲကကောင်မလေးက ကိုယ့်နဲ့တစ်ဝမ်းကွဲညီမလေးပါ..''

''ဘာ!!''

တစ်ဝမ်းကွဲတူမဆိုသောကြောင့် သူ့ဘက်ကိုလှည့်ကြည့်ရင်း...

"ခများကြီးလာနောက်နေတာလား?လူကိုလှည့်လို့ရမယ်ထင်နေတာလား?''

ရှေ့ကနေ နှုတ်ခမ်းတစ်ထော်ထော်နဲ့စွာနေတဲ့ကောင်လေးက အသည်းယားဖို့ကောင်းနေတယ်ဆိုသူလေးသိပါစ...

"တကယ်ပါကွာ ကိုယ့်ရင်ထဲမှာဒီကောင်လေးအပြည့်ရှိနေတာကို ဘယ်သူမှစိတ်မဝင်စားနိုင်ပါဘူးကွာ"

ရင်ခွင်ကိုဆွဲဖက်လိုက်ပြီးဆံပင်လေးထဲကိုငုံနမ်းရင်ပြောလိုက်တော့ အကောင်ပေါက်လေးကသူ့ကိုပြန်ဖက်လာသည်...

ရင်ဘတ်တစ်နေရာကစိုစွတ်မှုကြောင့် အလန့်တကြားဆွဲထုတ်ကြည့်မိတော့ ပါးနှစ်ဖက်မှာမျက်ရည်စီးကြောင်းတွေနဲ့ကောင်လေး...

"တောင်းပန်ပါတယ် မယုံခဲ့လို့"

ငိုသံလေးနဲ့တောင်းပန်လာတဲ့ကောင်လေးကြောင့်သက်ပြင်းချလိုက်မိတယ်...

တစ်ဖန်ရင်ခွင်မှာဖက်ထားပြီးနဖူးလေးကိုနမ်းရှိုက်ခြင်းကိုသူပြုလုပ်လိုက်တော့သည်...

ပြန်လည်ဖက်တွယ်လာတဲ့လက်ကလေးတွေကလဲတင်းကြပ်စွာနဲ့...

"Hello Brother"

အောက်ထပ်ကိုဆင်းဆင်းခြင်းမိန်းကလေးသံကြောင့် ကြည့်လိုက်တော့ ပုံထဲကကောင်မလေး...

ကိုယ့်နောက်ကိုလှည့်ကြည့်တော့ ဘယ်သူမှမရှိပါ...

"ဘယ်တွေကြည့်နေတာလဲ Brother ရဲ့..Bother ကိုပြောနေတာ"

ကိုယ့်ကိုလက်ညိုးထိုးပြီးပြောတာကြောင့် ကြောင်အမ်းအမ်းနဲ့ခေါင်းညိမ့်ပြလိုက်မိသည်။

"လာ...လာ..ကိုလေးကိုညမကတွေ့ချင်လွန်းလို့စောင့်နေရတာကြာပီရယ်"

''ဟမ်!!''

''ကိုလေးကချစ်စရာလေး ဒါကြောင့် ကိုကြီးကသဲသဲလှုပ်တာနေမှာ"

"😮😮''

''အဟမ်း တော်တော့လေ"

မျက်လုံးလေးမှိတ်နေအောင်ပြုံးပြနေတဲ့ကောင်မလေးကဖြူစင်စွာ...မဆီမဆိုင်အထင်လွဲမိတဲ့ကိုယ့်ကိုယ့်ကိုတောင်အပြစ်တင်မိတယ်...

ကြားထဲကိုတိုးထိုင်လာတဲ့လူကြီးကြောင့်ဘေးနားကိုရွေ့ပေးလိုက်ရတယ်...

"ကိုကြီးတို့များ ညမနဲ့တောင်သဝန်တိုကပ်စီးနဲနေတာ ဟင်းဟင်း"

''အဟမ်း မဟုတ်ပါဘူး"

''ဘာမဟုတ်တာလဲ ခုပဲကြည့်လေ ကပ်သီးကပ်ဖဲ့ ကြားထဲဝင်ထိုင်နေတာ"

''ဟာ...ဒီကောင်မလေးကတော့"

လက်သီးနဲ့ခေါင်းကိုထုမယ့်ပုံလုပ်ပြလိုက်တော့ နောက်ဖေးကိုပြေးထွက်သွားတဲ့ကလေးမ...

ကောင်လေးကိုကြည့်လိုက်တော့ ခေါင်းလေးငုံထားတဲ့သူလေးရဲ့ပါးလေးကတော့ပန်းရောင်သန်းနေတာကြောင့်အသည်းယားကာစလိုက်မိသည်...

"ကလေး ကြမ်းပြင်မှာဘာရှိလို့ အဲ့လောက်ကြည့်နေတာလဲ"

''ဟမ်"

''အော် ကလေးကခေါင်းကိုကြမ်းပြင်နဲ့ထိမတတ်ငုံကြည့်နေတော့ ကြမ်းပြင်မှာဘာစိတ်ဝင်စားစရာရှိလို့လဲလို့"

''ခများကြီး အမြင်ကပ်ဖို့ကောင်းတယ်"

အော်ဟစ်ကာနောက်ဖေးခန်းထဲဝင်သွားတဲ့ကောင်လေးကြောင့် ရယ်လိုက်မိသည်။မကြာပါ နောက်ဖေးခန်းထဲကရယ်သံလေးတွေထွက်လာသဖြင့် ကျနော်လဲသွားကြည့်မိတော့ ကလေးတွေလို့ချွဲနေကြတဲ့ ကျနော့်ညီမလေးနဲ့သူလေးကိုကြည့်ရင်းနှုတ်ခမ်းထက်အပြုံးတွေဖြစ်ထွန်းလာလေသည်။

ကားပါကင်တွင်ကားရပ်ပြီးဆင်းဖို့အလုပ် လက်ကိုလှမ်းကိုင်လာတဲ့လူကြီး...

လက်ကိုသူ့နှုတ်ခမ်းနားထိယူပြီးနမ်းရှိုက်လာတဲ့လူကြီးကြောင့်နှလုံးသားလေးအထိန်းအကွပ်မဲ့စွာအခုန်မြန်နေလေ၏...

"နေ့လည်စောင့်နေမယ်နော်ကလေး"

''ဟုတ်"

တစ်ဖန်နဖူးထက်ကိုပါအနမ်းခြွေလာတဲ့လူကြီးကြောင့်အောက်နှုတ်ခမ်းကိုဖိကိုက်မိလေသည်။ဒီလူကြီးကြောင့်နှလုံးရောဂါရတော့မှာပဲ...

"ဒါနဲ့ကလေး ကိုယ်ကလေးကိုမေးစရာရှိတယ်"

''အွန်း မေးလေ"

''ကိုယ့်ဆီကိုပို့လာတဲ့ပုံတွေ ကလေးဘယ်သူ့ဆီကရတာလဲ"

"ဟင်.. ကျနော်လဲမသိဘူး"

ချက်ချင်းဖုန်းကိုထုတ်ပြီးစစ်ကြည့်လိုက်တော့ Unknown Number တစ်ခုကပို့ထားခြင်းဖြစ်ကြောင်းတွေ့လိုက်ရသည်။

နံပါတ်ကိုဆက်ကြည့်တော့ ဆက်သွယ်ထားခြင်းမရှိပါဆိုတဲ့ပြန်ဖြေသံဘဲကြားလိုက်ရသည်။

"သိပ်ပီးစဉ်းစားမနေပါနဲ့ ကျနော်တို့ကလွယ်လွယ်နဲ့ခွဲလို့ရမယ့်သူတွေမှမဟုတ်တာ နော့်"

မျက်လုံးလေးပုတ်ခတ် ပုတ်ခတ်နဲ့ပြောလာတဲ့ကောင်လေးကြောင့်ရယ်မိလိုက်သည်။ဒီကောင်လေးကအမြဲသူ့ကိုပြုံးနိုင်အောင်လုပ်နေတဲ့တစ်ဦးတည်းသောကောင်လေးပဲ။

"အင်း သွားတော့လေ"

''တာ့တာ"

ကလေးဆန်စွာတာ့တာပြရင်အတန်းကိုသွားခဲ့တဲ့ကောင်လေးကိုကြည့်ရင်း ကိစ္စတစ်ခုကိုသိအောင်လုပ်ရန် ဖုန်းကိုထုတ်ကာ လူတစ်ယောက်ဆီဖုန်းဆက်လိုက်သည်။

#TBC

LTNS ဟီး တစ်ရက်ခြား 1 updateဖြစ်နေတယ် ...😄😄စိတ်မဆိုးကြပါနဲ့

မတတ်တစ်ခေါက်လေးမို့ ဦးနှောက်ထဲကဖြစ်ညစ်ထုတ်ထားရလို့ပါဂျာ🙁

Starလေးတွေအတွက်လဲ အရမ်း..ရမ်း..ရမ်း...ကျေးဇူးတင်ပါတယ်လို့စ်😘😘😘

Continue Reading

You'll Also Like

407K 3.9K 5
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
277K 7.5K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
507K 12.3K 90
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1M 32.9K 37
အငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်