Unicode 🐶🐥
ကိုယ်ဝန်ကြီးနဲ့တောက်လျှောက်စိတ်ခံစားမှု
ဆိုးဆိုးဝါးဝါးကြုံစေခဲ့တဲ့ Baekhyun လေး
ဟာ စိတ်ကျရောဂါဖြစ်တဲ့အထိဆိုးဝါးလာပြီး
သွေးပေါင်တွေလဲတအားထိုးတက်ပြီးရှော့ဖြစ်
သွားလို့ဆေးရုံတက်ရသည်အထိဖြစ်လာခဲ့ပါ
တယ် ဆရာဝန်ကမွေးခါနီးရက်မှသွေးပေါင်
ပုံမှန်မဖြစ်တာအကြောင်းအရာတစ်ခုခုကြောင့်
အခုလို ထိုးတက်လာလျှင် ကလေးမွေးဖို့ခွဲစိတ်
တာပင် ခက်ခဲလာလိမ့်မည်ပြောလာတာကြောင့် Sehun အရမ်းတွေထိတ်လန့်ပြီး သူ့ကြောင့်အခု
လောက်အခြေအနေထိ ဆိုးရွားသွားခဲ့တာ
ဆိုပြီး အပြစ်တင်မဆုံး ယူကျုံးမရဖြစ်နေ
တော့သည် အရေးပေါ်အခြေအနေနဲ့ဆေးရုံ
စတက်ပြီးသတိပြန်ရကတည်းက သူ့ကိုလုံးဝ
အတွေ့မခံတာဒီနေ့လဲ သူစိတ်ပြောင်းနိုးနိုးနဲ့
အခန်းဝမှာရပ်စောင့်နေရတဲ့ အခြေအနေပါ
" Omma ဒီနေ့လဲ Sehun လာစောင့်နေသေး
လား သွားကြည့်ပေးပါဦး သားမတွေ့ချင်သေး
လို့ ပြန်ခိုင်းလိုက်ပါနော် "
"အင်းပါ မဟုတ်တောင်သူနဲ့ပြောစရာ
လေးတွေရှိနေလို့ တွေ့ဖို့စဉ်းစားထားတာ"
" ဘာလုပ်မလို့လဲဟင် ...သူ့ကိုအရမ်းမဆူ
ပါနဲ့နော် သူလဲ ..အရမ်းပင်ပန်းနေတဲ့ပုံပေါ်
ပါတယ် "
" ငါ့သားလေးက အရမ်းချစ်တတ်တာဘဲ
နော် သူကသားအတွက်အဲ့လောက်တောင်
ဘဲလား သားရယ် .."
" သားသူ့ကိုအရမ်းစိတ်နာနေတာ ဒါပေမဲ့
သူကိုမြင်ရင် သားစိတ်တွေက အလိုလို
အရှုံးပေးချင်လာလို့ပါ အဲ့ဒါကြောင့်သူနဲ့
ဘယ်လိုမှတွေ့လို့မဖြစ်ဘူး သားက အရမ်း
ညံ့ဖျင်း တာဘဲနော် "
" သားငယ် ..ဘာမှတွေးမနေနဲ့ တော့ ဆေး
တွေလဲသွင်းထားတာ အိပ်ပျော်အောင်အိပ်
လိုက်အားလုံးကို ဒီအမေက ဖြေရှင်းပေးပါ့မယ်
အကုန်လုံးအတွက်အဖြစ်သင့်ဆုံးကို တွေးထား
ပြီးပြီဒီတစ်ခါတော့ Omma ရဲ့စကားကိုသား
နားထောင်မှကိုဖြစ်မှာ ..."
" ဟုတ်ကဲ့ သားခဏအိပ်လိုက်ဦးမယ်နော် "
အခန်းတံခါးပွင့်လာတော့ သူ့ကိုများဝင်ခွင့်
ပေးမလား မျှော်လင့်မိပေမဲ့ အထဲတောင်
ချောင်းကြည့်လို့မရအောင်တံခါးကိုပြန်
ပိတ်လိုက်ပြီး ......
" အန်တီ Baekhyun အခြေအနေလေး....
" သားငယ် အိပ်နေတယ် အန်တီနဲ့စကား
ခဏလောက်ပြောကြတာပေါ့ "
" တစ်နေရာရာသွားပြောကြမလား "
" အင်း အပြင်က ခုံတန်းလေးမှာထိုင်ပြီး
ပြောကြတာပေါ့ "
" ဟုတ်ကဲ့ ...
Sehun ယောက်ခမ ဖြစ်သူနောက်ကလိုက်
လာရတာ စိတ်ခံစားချက်ကလုံးဝမကောင်း
ဘာတွေများပြောလာလိမ့်မလဲစိုးထိတ်ပြီး
မျက်နှာလေးက သေးသေးလေးပင်ရှိတော့တယ်
" အန်တီ သေသေချာချာစဉ်းစားပြီးပြီ
သားငယ်ရဲ့အဖေနဲ့လဲတိုင်ပင်လိုက်တာ
ဒီထက်ပိုကောင်းတဲ့အဖြေထွက်မလာဘူး"
" ဟုတ်ကဲ့ ပြောပါ ..ကျွန်တော်..နားထောင်
နေပါတယ် ..."
" အမှန်အတိုင်းပြောရရင် အန်တီမင်းကို
စိတ်အရမ်းဆိုးတယ် မင်းတို့ကိုသဘောတူပေး
ပြီးနောက်ပိုင်းအန်တီကမင်းကိုစိတ်ချထားလို့
သားကိစ္စဝင်ကိုမပါတော့တာ အဲ့ဒါကြောင့်
လဲအန်တီသားက အခုလောက်ထိအခြေ
အနေဖြစ်သွားရတာ အန်တီသားလေးကို
ဘယ်လိုဖြစ်ပြီးဒီလောက်ထိ လုပ်ရက်တာ
ရတာလဲ Sehun ရယ် "
" ကျွန်တော်တောင်းပန်ပါတယ် ....ပြောစရာ
စကားမရှိပါဘူး ...အခုသူနေကောင်းမယ်ဆို
ဘာဘဲဖြစ်ဖြစ် ကျွန်တော်လုပ်ပေးပါရစေ"
" သားကလေ မင်းကိုတော်တော်ချစ်ရှာတာပါ
မင်းကိုမဆူပါနဲ့တဲ့ဒီလောက်အခြေအနေတောင်
မင်းဘက်က ကာကွယ်ပေးနေတုန်း ..."
" 😢😢😢😢😢😢😢😢 "
" အခုမှမငိုနဲ့ သားငယ်က မင်းကြောင့်အများ
ကြီးငိုခဲ့ရပြီးပါပြီ အန်တီဖြစ်ချင်တာပြောမယ်
သားလေးကို မင်းရဲ့လောင်းရိပ်အောက်က
လွတ်မြောက်ပြီး သူလုပ်ချင်တာလေးတွေ
လုပ်ပြီး တောက်ပတဲ့ကောင်လေးတစ်ယောက်
အဖြစ်ပြန်မြင်ချင်တယ် သူကိုအဲ့လိုလေးလုပ်
ခွင့်ပေးလိုက်ကြရအောင်နော် "
" အန်တီပြောတဲ့ အဓိပါ္ပယ်က ....
" သားကိုကလေးမွေးပြီးရင် အဲ့ကလေးနဲ့တူတူ
သူ့အစ်ကိုနဲ့မရီးဆီပို့လိုက်ပြီးပတ်ဝန်းကျင်အသစ်
မှာ နေခိုင်းတော့မှာ မြေးအမွှာနှစ်ယောက်ကို
တော့ အန်တီဘဲခေါ်ထားပြီး ကျောင်းပိတ်ရက်
လောက်ဘဲ သားငယ်ဆီပို့ပေးမယ် ကလေးသုံး
ယောက်ထိန်းနေရရင်သူ့အတွက်ဘာမှမလုပ်နိုင်
တော့ ထူးလာမှာမဟုတ်ဘူးလေ "
" ဒါဆို ကျွန်တော်ကကော ....
" မင်းက ဉာဏ်ကောင်းပါတယ် Sehunရယ်
ဒီလောက်ဆို သဘောပေါက်မှာပါအန်တီ
ပါးစပ်ကထုတ်ပြောရလောက်တဲ့အထိ
မင်းကို မရက်စက်ချင်ဘူး "
" ကျွန်တော် နားလည်ပါတယ် ဒါပေမဲ့
ဒါအန်တီသဘောလေ Baekhyun
သဘောက ဘယ်လိုမှန်း...
" သားငယ်လေးက မင်းကိုအခုတောင်
မမြင်ချင်လို့ လူနာခန်းတောင်မလာရတာ
သူမင်းကိုမပြောရက်လို့ရှောင်နေတာပေါ့
အန်တီသားအကြောင်းအန်တီကောင်းကောင်း
သိပါတယ် သူကမင်းနဲ့ပက်သက်ရင်တအား
ပျော့ညံ့သွားတာ သူ့သဘောကိုမေးနေရင်
လိုရင်းရောက်မှာ မဟုတ်တော့ဘူး "
" အဲ့တော့ ကျွန်တော်က ကလေးတွေ
နဲ့ကော မတွေ့ရတော့ဘူးလားအဲ့ဒီလိုကြီး
ကတော့ မဖြစ်သင့်ဘူးလေ အန်တီရယ်"
" တွေ့ရမှာပါ အမွှာလေးတွေက အန်တီ
ခေါ်ထားမှာဆိုတော့ မင်း အချိန်မရွေး
လာတွေ့ခွင့်ရှိပါတယ် အခုမွေးလာမဲ့
ကလေးလေးကိုတော့ သားငယ်ရဲ့ဆန္ဒ
အရ မင်းနဲ့မပက်သက်စေချင်ဘူးတဲ့ .."
" သမီးလေးက အဖေအရင်းကိုတောင်
မသိဘဲနေသွားရမှာ သနားစရာမကောင်း
လွန်းနေဘူးလား သူ့မှာဘာအပြစ်ရှိလို့လဲ
တကယ်တမ်း အပြစ်ရှိတာက ကျွန်တော်လေ..
" အမွှာတွေကို အန်တီခေါ်ထားပေးတာ
မင်းအတွက် စဉ်းစားပေးထားလို့လေ သားငယ် ရဲ့သဘောအရဆို သူ့ကလေးတွေကိုသူ့အနား
မှာဘဲထားချင်မှာ မင်းအပေါ်လဲအန်တီမတရား
မလုပ်ချင်ဘူးကွယ် မင်းမေမေကိုလဲသနားတာပါ
လို့ ဟိုနေ့က အိမ်လာပြီးတောင်းပန်သွားရှာတယ် "
" ဟင် မေမေက ...အန်တီဆီလာတယ် "
" ဟုတ်တယ် သူ့သားအပြစ်တွေအမေဖြစ်သူက
လာတောင်းပန်သင့်တယ်ဆိုပြီး မင်းကမလိမ္မာပေမဲ့
သူတို့က သားတစ်ယောက်ထဲမွေးထားလို့ဒီမြေး
လေးတွေကိုတော့ အဆက်မဖြတ်ပါရစေနဲ့တဲ့ "
" ကျွန်တော် အန်တီပြောတာတွေသေချာ
စဉ်းစားပေးပါ့မယ် တစ်ခုလေးတော့
တောင်းဆိုပါရစေနော် "
" ပြောကြည့်လေ "
" အန်တီသဘောအတိုင်းBaekhyun နဲ့ခွဲပြီးနေ
ဖြစ်မယ်ဆိုရင်တောင် ကျွန်တော်ကတော့တရား
ဝင်ကွာရှင်းစာချုပ်တွေဘာတွေလက်မှတ်မထိုး
ပေးနိုင်ဘူး ကျွန်တော်လဲသူနဲ့ခွဲနေပေမဲ့ တခြား
တစ်ယောက် အစားထိုးမှာ လုံးဝမဟုတ်လို့
အဲ့လောက်လုပ်ဖို့အထိ မလိုအပ်ဘူးထင်တယ် "
" မင်းက အခုထိ အတ္တတွေ မလျော့သေး
ပါလား ကွာရှင်းတဲ့ကိစ္စ အပိုင်းကတော့
သားငယ်ကျန်းမာရေးကောင်းမှသူ့သဘော
မေးပြီး ဆုံးဖြတ်ကြတာပေါ့ "
" အန်တီက Baekhyun ကို ကူပြောပေးပါ
နော် ကျွန်တော် တကယ်မကွာရှင်းချင်ဘူး
သူနဲ့ခွဲပြီးနေရမှာတောင် အရမ်းခက်ခဲမှာ
အဲ့လိုမျိုး ဘာမှမသက်ဆိုင်ကြတဲ့သူတွေအဖြစ်
တော့ လုံးဝမရောက်ချင်ဘူူး "
" ကူမပြောပေးပါဘူး အန်တီစိတ်အရဆို
မင်းနဲ့ပြတ်ပြတ်သားသားလုပ်ပေးပြီးအယ်ရီနဲ့
တောင် ထပ်ပေးစားပစ်ချင်တာ သားငယ်က
အယ်ရီကိုမယူလို့သာ အဲ့ကလေးမလောက်
သားငယ်ကိုနားလည်ပေးနိုင်တဲ့လူထပ်မရှိနိုင်
တော့ဘူး သားငယ် နဲ့အသင့်တော်ဆုံးဘဲ "
" အဲ့လောက်ထိတော့မလုပ်ပါနဲ့ အန်တီရယ်
ကျွန်တော့် အမှားတွေပြင်ပြီး သမီးလေးအ
တွက် ကောင်းမွန်တဲ့ အဖေ အဖြစ်ပြန်ကြိုး
စားမယ်လို့ကတိပေးပါတယ် ဒီကတိက
သမီးလေးရဲ့အဖေတစ်ယောက်အနေနဲ့
ပေးတဲ့ ကတိဖြစ်လို့အန်တီယုံကြည်ပြီး
စောင့်ကြည့်ပေးပါနော် "
" စကားတွေနဲ့က ပြောရလွယ်တယ်တကယ်
တမ်းလုပ်ဖို့ကျ အဲ့လောက်မလွယ်ကူဘူး
Sehun ရဲ့ မင်းတောင်မွေးမလာသေးတဲ့
ကလေးအတွက်တွေးပြီးနာကျင်တတ်သေး
တာ ငါလဲ ငါ့သားလေးဘဝအတွက် နောက်
တစ်ကြိမ်မင်းကိုယုံကြည်ပြီး လောင်းကြေး
မထပ်ရဲဘူး "
" ကျွန်တော်ဒီတစ်ခါ တကယ်ကြိုးစားမှာပါ
အန်တီရယ် အချစ်ရဆုံးသူကိုဆုံးရှုံးလိုက်
ရတဲ့ အပြစ်နဲ့တင် ကျွန်တော်တကယ်ကြီး
နောင်တကောင်းကောင်း ရနေပါပြီ "
သူတို့စကားအခြေအတင်ပြောနေတာကို
အခန်းရဲ့ပြတင်းပေါက်ကနေ မသိမသာ
ချောင်းကြည့်နေတဲ့ ကောင်လေးရဲ့ အချစ်
ဝဠ်ကြွေးကလဲ မသေးဘူးရယ်
" အစ်ကို သွားမကြည့်နဲ့လေ ကြည့်ပြီးရင်
စိတ်ခိုင်တာလဲမဟုတ်ဘဲနဲ့ ဒေါက်တာ
က စိတ်ခံစားချက်ကို ငြိမ်ငြိမ်လေးဖြစ်နေ
မှ ကလေးမွေးဖို့အဆင်ပြေနိုင်မယ်ပြောထား
တယ်မဟုတ်လား "
" ခဏလေးပါ အယ်ရီရယ် Sehun က
မျက်နှာလေးလဲချောင်သွားလိုက်တာ
ညမအိပ်ဘူးလားတောင်မသိဘူးနော် "
" အဲ့လောက်တွေ့ချင်ရင်လဲ ခေါ်တွေ့ပြီး
မေးကြည့်လေ ဘယ်သူက တားနေလို့လဲ "
" မတွေ့တော့ပါဘူူး အယ်ရီမသိလို့
ချစ်ခြင်းရဲ့အခြားတစ်ဖက်မှာအပြစ်
တွေကလဲရှိနေသေးတာကြောင့်သူ့
အပြစ်ကြွေးတွေဆပ်ဖို့လိုအပ်နေသေး
တယ် Sehun ကိုမမုန်းရက်ပေမဲ့ ဖောက်ပြန်
တဲ့အချိန်ကလုပ်ရပ်တွေကိုတော့ ခွင့်လွှတ်
လို့မရသေးဘူး "
" အဲ့လောက်အနှိပ်စက်ခံရတာကို ခွင့်လွှတ်
ပြီးပြန်ပေါင်းကြည့် အစ်ကို ကိုတစ်သက်လုံး
နိုင်စားလို့တောင်ဆုံးမှာမဟုတ်ဘူး "
" မဆူပါနဲ့ အယ်ရီရယ် လူနာကိုစကား
ညင်ညင်သာသာပြောပေးပါ "
" အစ်ကိုက မဟုတ်တာတွေလုပ်နေတာ
ကို ဆူရမှာပေါ့ အခုလဲ အားရှိအောင်အိပ်
လို့အိုမားက ပြောသွားတာကို နားမထောင်
ပြန်ဘူးလေ "
" အခု အိပ်ပြီ မို့ အယ်ရီက အခြေအနေ
လေးတွေ ကြည့်ထားပြီး ပြန်ပြောပြနော်
ပြီးတော့ အိုမား ဘာတွေကြံစည်နေတာ
လဲ စုံစမ်းပေးဦးနော် "
" အင်းပါ အစ်ကိုရယ် .........
မြင်ရတာ စိတ်မသက်သာလိုက်တာ နှစ်
ယောက်သား မချစ်ကြတာလဲမဟုတ်ဘဲနဲ့
စိတ်ခံစားချက်လေးခဏတာအလိုလိုက်မိ
တာနဲ့ အခြေအနေတွေက အခုလောက်ထိ
ဆိုးဝါးသွားကြတယ် အိမ်ထောင်ပြုတယ်ဆိုတာ
ထီထိုးသလိုဘဲဆိုတာ ရှေးလူကြီးတွေပြောကြ
တာတကယ်မှန်တာဘဲ ဒီလောက်အသည်း
အသန်ချစ်ပြီးယူကြတာတောင် မခိုင်မြဲကြဘူး
အယ်ရီတော့ လက်ထပ်ရမှာတောင်ကြောက်
ပါတယ် အခုကတော့ ဒီအစ်ကိုသေးသေးလေး
ကိုဘဲ စောင့်ရှောက်ပေးရမှာမို့ ဖူးစာရှင်တောင်
မရှာနိုင်သေးပါဘူးကွယ်
............................TBC......................
ရီရီလေးတွေကို ငိုအောင်လုပ်မိတာ
အားနာလွန်းလို့ အမြန် Up ပေးလိုက်
တယ်နော် နောက်တစ်ပိုင်းကျမှ ရှည်ရှည်
ရေးပေးမှာမို့ အချိန်လေးနဲနဲစောင့်ပေး
ကြပါဦးနော် ❤️❤️❤️
Zawgyi 🐶🐥
ပါတယ် "
ဘဲလား သားရယ် .."
ညံ့ဖျင်း တာဘဲနော် "
ပိတ်လိုက်ပြီး ......
ခဏလောက်ပြောကြတာပေါ့ "
ပြောကြတာပေါ့ "
" ဟုတ်ကဲ့ ...
နေပါတယ် ..."
ရတာလဲ Sehun ရယ် "
" 😢😢😢😢😢😢😢😢 "
" အန်တီပြောတဲ့ အဓိပ္ပါယ်က ....
" ဒါဆို ကျွန်တော်ကကော ....
သဘောက ဘယ်လိုမှန်း...
တောင်းဆိုပါရစေနော် "
" ပြောကြည့်လေ "
တော့ လုံးဝမရောက်ချင်ဘူး "
မထပ်ရဲဘူး "
တယ်မဟုတ်လား "
" မတွေ့တော့ပါဘူး အယ်ရီမသိလို့
လို့မရသေးဘူး "
ညင်ညင်သာသာပြောပေးပါ "
ပြန်ဘူးလေ "
လဲ စုံစမ်းပေးဦးနော် "
" အင်းပါ အစ်ကိုရယ် .........
............................TBC......................
ကြပါဦးနော် ❤️❤️❤️