Zawgyi
အျပင္တြင္လည္း ရွင္းသန္႔ေမာင္သည္ သူ႔ကိုအနားတြင္သာ ေခၚထားခဲ့သည္။ သိပ္မတူညီသည္က အေခ်ာေလးသည္ စကားမ်ားၿပီး ရွင္းသန္႔ေမာင္သည္ စကားနည္းသည္။ သူတုိ႔ယခုမွ စျမင္ဖူးသည္မုိ႔ ရွင္းသန္႔ေမာင္သည္ ယခုလိုမ်ိဳးျဖစ္ေနသည္လား။ ဟန္မင္းပိုင္ Bubble Tea ဘူးမွ ပိုက္ေလးကို ကိုက္ေနရင္းျဖင့္ ျပံဳးသည္။ ေၾသာ္... အေခ်ာေလးမွာ ရွက္တတ္တ့ဲ အခ်ိန္လည္းရိွေသးတယ္ေပါ့။
ရွင္းသန္႔ေမာင္မွေတာ့ သူ႔ဘာသာ ျပံဳးလုိက္ရယ္လုိက္လုပ္ေနသည့္ ေကာင္ေလးကို မည္သူတစ္ေယာက္မွ အေျဖမေဖာ္ႏုိင္သည့္ မ်က္လံုးမ်ားျဖင့္သာၾကည့္ႏိုင္ရွာသည္။ ထိုေကာင္ေလးက သူ႔ကိုရွာေတြ႔သြားၿပီမို႔ သူ လုပ္ႏိုင္သည္က သူ႔အမည္ကိုျပန္မိတ္ဆက္ၿပီး အျခားေသာ ပြဲစဥ္တစ္ခုမေရာက္ခင္ ဆုိင္တစ္ခုတြင္ ဝင္ထိုင္ရန္သာ။
"တစ္ခုခုစားၾကမလား..."
ရွင္းသန္႔ေမာင္သည္ တစ္အုပ္စုလံုးကို ျခံဳေမးသည့္ ေမးခြန္းမ်ိဳးျဖင့္သာ ေမး၏။ မည္သူမည္ဝါဟု ေခါင္းစဥ္တပ္မေမးေသာ္လည္း တစ္အုပ္စုလံုး၏ အၾကည့္က ဟန္မင္းပိုင္ထံေရာက္လာေတာ့ အေအးဘူးေလးကိုင္ထားသည့္ ဆယ္တန္းေျဖၿပီးကာစ ေကာင္ေလးခမ်ာ ေယာင္ေတာင္ေတာင္ျဖင့္ သူ႔အေနာက္ကို ျပန္ၾကည့္သည္။
"အင္း... စားမယ္ေလ..."
ျပံဳးလိုက္တုိင္းေဖာင္းတက္ေနသည့္ ပါးေဖာင္းေဖာင္းေလးႏွင့္ ပါးခ်ိဳင့္ေလးမ်ားသည္ ထိုေကာင္ေလး၏ ေယာက်ာ္းဆန္မႈကို ယုတ္ေလ်ာ့ေစၿပီး သူ႔ကို ခ်စ္စရာ သတၱဝါေလးတစ္ေကာင္အျဖစ္သာ ျမင္ရသူတုိင္းကို ခံစားရေစသည္။ သြန္းႏွင္းဆု တံေတာင္ျဖင့္တြတ္ကာ နဒီေဇာ္အနားခပ္တိုးတိုးေမးခြန္းတစ္ခုေမးေတာ့ နဒီေဇာ္သည္ သြန္းႏွင္းဆုကို မ်က္ေထာင့္ကပ္ၾကည့္ၿပီး ေခါင္းသာယမ္းျပ၏။ သြန္းႏွင္းဆုမ်က္ႏွာေလးတြင္ စိတ္ပ်က္သြားမႈမ်ားအထင္းသား။
နဒီေဇာ္သည္ သူ႔သူငယ္ခ်င္းမကို အေနာက္ကသာ ဖင္ပိတ္ကန္ခ်င္သြားေတာ့သည္။ ျမန္မာႏိုင္ငံ၏ လူဦးေရအမ်ားစုသည္ ရိုးရွင္းေသာ အေျဖာင့္လူသားမ်ားသာျဖစ္သည္။ ဘယ္ႏိုင္ငံတြင္မဆုိ သူမတုိ႔လို လူဦးေရက လူနည္းစုသာ။ ေနာက္ၿပီး ထိုေကာင္ေလးပံုကိုၾကည့္ရံုျဖင့္ ထိုေကာင္ေလးသည္ သူတုိ႔ Community Circle ႏွင့္ပတ္သက္ၿပီး ဘာမွ ေသခ်ာမသိသူျဖစ္ေၾကာင္း ထင္ရွားေလသည္။
နဒီေဇာ္၏ အၾကည့္တို႔က အရပ္ပုပုျဖင့္ ေကာင္ေလးကို စကားဆုိေနသည့္ ကလန္ကလားေကာင္ထံသို႔ ေရာက္သြား၏။ သူမ ႏႈတ္ခမ္းတုိ႔သည္ ကုတ္က်သြားခဲ့သည္။ ဒီရွင္းသန္႔ေမာင္ဟာ ဘယ္ေတာ့မွ သူ႔အေတြးတုိ႔ႏွင့္ အေၾကာက္တရားတုိ႔ကို ထုတ္ေျပာတတ္သည့္ သူတစ္ေယာက္မဟုတ္။ သူက အျမဲတမ္း အျပံဳးအရယ္တို႔ျဖင့္ သူ႔အစစ္အမွန္ကုိ ဖံုးကြယ္သည့္သူ။ အာကာမိုးထက္သည္လည္း ရွင္းသန္႔ေမာင္ကိုတစ္လွည့္ ဟန္မင္းပိုင္ကို တစ္လွည့္သာ ၾကည့္ေနလိုက္၏။
ေနာက္ဆံုးတြင္ေတာ့ သူတုိ႔ Dagon Center မ်က္ႏွာခ်င္းဆုိင္ရိွ Moon Bakery လမ္းၾကားသို႔ဝင္ၿပီးေနာက္ စားစရာေသာက္စရာေရာရသည့္ ဆိုင္တစ္ခုတြင္ ဝင္ထိုင္ျဖစ္ၾကသည္။
"ငါတို႔အေဝးႀကီးေတာ့ သြားလို႔မျဖစ္ေသးဘူး... ဒီဆုိင္က သိပ္ေတာ့မေကာင္းေပမ့ဲ ဒီမွာ ခဏထိုင္ရေအာင္ Moon Bakery မွာကလည္း လူေတြတအားမ်ားေနတယ္ဆုိေတာ့... ဒါနဲ႔ ဟန္ေလး မင္း ပြဲၿပီးတဲ့အထိ ေနလို႔ရလို႔လား..."
ရွင္းသန္႔ေမာင္ သူ႔ေဘးတြင္ ထိုင္လာသည့္ ဟန္မငး္ပိုင္ကိုၾကည့္ေမးသည္။ ၿပိဳင္ပြဲဝင္သည့္ အဖြဲ႔က သိပ္မမ်ားသည့္တုိင္ အစီအစဥ္မ်ားအရ အနည္းဆံုးပြဲၿပီးမည့္အခ်ိန္က ညကိုးနာရီဆယ္နာရီ။ ထိုအသက္မျပည့္ေသးသည့္ ေကာင္ေသးေသးေလးက ထိုအခ်ိန္ထိေနလုိ႔ရပါ့မလား။
"အင္း ရတယ္... ကြ်န္ေတာ့္ အိမ္က ဒီနားတင္... ေနာက္ၿပီး ကြ်န္ေတာ္ေနာက္က်မယ္ဆုိရင္ ကိုလင္း လာႀကိဳလို႔ရတယ္..."
သူ႔အိမ္သည္ စမ္းေခ်ာင္းတင္မုိ႔ ဟန္မင္းပိုင္ သူ႔ကို စိုးရိမ္ေနသည့္ အေခ်ာေလးကို စိတ္မပူေစရန္ေျပာ၏။
"အင္း... ၿပီးေရာေလ... အဲ့ဒါဆုိ မိတ္ဆက္ေပးရဦးမယ္..."
သူတုိ႔ Guild တစ္ခုလံုးႏွင့္ ဟန္မင္းပိုင္ကို ရွင္းသန္႔ေမာင္မိတ္ဆက္ေပးေတာ့ သူ႔ကို သနားကရုဏာသက္စြာၾကည့္ေနၾကသည့္ သူတုိ႔ Guild Member မ်ား။ ယခု ၿပိဳင္ပြဲဝင္ရန္အတြက္ ေရာက္ရိွလာသည့္ ဆယ္ေယာက္လံုးသည္ ရွင္းသန္႔ေမာင္ဆုိသည့္ သူသည္ ေယာက်ာ္းေလးမ်ားကိုသာ စိတ္ဝင္စားသည့္ သူျဖစ္ေၾကာင္း သိၾကသည့္သူမ်ား။ ထိုသူတို႔သည္ သူအယံုၾကည္ရဆံုး လက္တစ္ဆုတ္လူမ်ားလည္းျဖစ္သည္။
ရွင္းသန္႔ေမာင္ႏႈတ္ခမ္းစြန္းမ်ား ျပံဳးမလိုမဲ့မလို တစ္ခ်က္တြန္႔သြား၏။ သူတုိ႔၏ အၾကည့္မ်ားက Little_wolf က ေယာက်ာ္းေလးျဖစ္ေနေသာ္လည္း ထုိေကာင္ေလးက ျမင္ရံုႏွင့္ ေျဖာင့္မတ္ေနသည္ကို ေကာင္းေကာင္းသိႏုိင္သည္မို႔ သူ႔အတြက္ စိတ္မေကာင္းလုိက္တာ ဆုိသည့္အၾကည့္မ်ား။ ရွင္းသန္႔ေမာင္ စားပြဲကိုလွန္ကာသာ ထုိသူငယ္ခ်င္းတစ္အုပ္ကို နားရင္းရိုက္ခ်င္ေနေတာ့သည္။
"ကြ်န္ေတာ္က Little_wolf ပါ..."
ဘာမွမသိရွာသည့္ေကာင္ေလးမွာေတာ့ လူၾကမ္းေလးမ်ား၏ မ်က္လံုးခ်င္းစကားေျပာေနမႈတုိ႔ကို မသိဘဲ အျပံဳးၾကည္ၾကည္ေတာက္ေတာက္ေလးမ်ားျဖင့္ မိတ္ဖြဲ႔ရွာ၏။ ရိုးရွင္းျဖဴစင္သည့္ သူ႔အမူအက်င့္ေလးမ်ားေၾကာင့္ စားေသာက္ၿပီးခ်ိန္တြင္ တစ္ဖြဲ႔လံုးသည္ ထိုေကာင္ေလးကို ခင္မင္ရင္းႏီွးသြားေတာ့သည္။
"ငါတုိ႔က မင္းကို မိန္းကေလးထင္ေနတာ..."
"Little_wolf က မိန္းကေလးလုိ႔ ထင္ေနတဲ့သူေတြလည္းရိွတယ္... ဟုတ္တယ္... အားနာလိုက္တာ ကိုရွင္းသန္႔က ကြ်န္ေတာ့္ေၾကာင့္ ဘူပိတ္ေတာ့မွာပဲ..."
ကန္စြန္းပလိန္းေၾကာ္ကို ကုန္းႏိႈက္ေနသည့္ ဟန္မင္းပိုင္၏ ပန္းကန္ထဲသို႔ ရွင္းသန္႔ေမာင္ သူ႔လက္တံရွည္မ်ားျဖင့္ လွမ္းထည့္ေပးလုိက္သည္။ စိတ္ထဲတြင္ေတာ့ ဘူ မပိတ္ပါဘူး... မပိတ္ရပါဘူးကြာ... မင္းေယာက်ာ္းေလးမွန္း ငါ သိေနၿပီးသားပဲကို။
ဟန္မင္းပိုင္က သူတုိ႔အုပ္စုႏွင့္ မေတြ႔ခင္ ၾကံဳေတြ႔ခဲ့ရသည့္ အျဖစ္အပ်က္ကိုသြားတက္ေလးမ်ားေပၚေအာင္ ရယ္ၿပီး ရွင္းျပေတာ့ သူတို႔အုပ္စု၏ ရယ္သံက တဝါးဝါး။ နဒီေဇာ္ႏွင့္အာကာမိုးထက္၏ သနားၾကည့္မ်ားကို ရွင္းသန္႔ေမာင္ခမ်ာ စစ္ေျမျပင္တြင္ အဆက္မျပတ္ပစ္လႊတ္သည့္ မေရတြက္ႏိုင္သည့္ မွ်ားတံမ်ားအလား အႀကိမ္ႀကိမ္အခါခါ လက္ခံရရိွေန၏။
"ငါ ဘာမွမျဖစ္ပါဘူး..."
ေနာက္ဆံုးတြင္ မေနႏိုင္ေတာ့စြာျဖင့္ သူ စကားကိုဝင္ျဖတ္ေတာ့သည္။ ငါ ေယာက်ာ္းေလးေတြပဲ စိတ္ဝင္စားတာမို႔ မိန္းကေလးေတြ ငါ့ကို သေဘာမက်ေတာ့တာနဲ႔ပတ္သက္ၿပီး ငါ ဘာမွကို ခံစားရမွာမဟုတ္ဘူး။ တကယ္လို႔ ေယာက်ာ္းေလးေတြက ငါ့ကို အတြဲရိွေနၿပီလို႔ ထင္ၿပီး လက္ေလွ်ာ့သြားၾကရင္ေတာ့ တစ္မ်ိဳးေပါ့။ ရွင္းသန္႔ေမာင္၏ ဘာမွမျဖစ္ပါဘူး စကား၏ ေနာက္ဆက္တြဲအေတြးတို႔ကို ဟန္မင္းပိုင္ ခမ်ာ မသိရွာခဲ့။
"ေက်းဇူးတင္ပါတယ္... ကြ်န္ေတာ့္ကို အျမဲတမ္း ကူညီေနလုိ႔... ဒီေန႔ ကြ်န္ေတာ္ ဝယ္ေကြ်းမယ္ေလ..."
အလိုလုိက္ခံထားရတဲ့ သူေဌးသားေပါက္စေလးကေတာ့... အငယ္မ်ားကို ေခါင္းေခါက္လိုက္ နဖူးေတာက္လုိက္ လုပ္ေနသည့္ အက်င့္အရ ရွင္းသန္႔ေမာင္ ယခုမွ ေတြ႔ဖူးသည့္ ဟန္မင္းပိုင္၏ ေခါင္းကိုငယ္ထိပ္ကို လက္သီးျဖင့္ မနာေအာင္ ထိုးခ်ကာ...
"ဘာကို ဝယ္ေကြ်းမွာလဲ... ငါတုိ႔က တကၠသိုလ္ေက်ာင္းသားေတြ... မင္းက အခုမွ ဆယ္တန္းေျဖထားတဲ့ ခ်ာတိတ္ကို..."
သမာသမတ္ရိွလွသည့္ အစ္ကိုႀကီးတစ္ေယာက္အလား သူ ခပ္တည္တည္ဆုိေတာ့ သြန္းႏွင္းဆု မ်က္ႏွာေလးခ်ီကာ...
"ေျပာစမ္းပါ ရွင္းသန္႔ရာ... အမွန္ကုိပဲေျပာ..."
ရွင္းသန္႔ေမာင္သည္ သူ႔ကို ၿပီတီတီမ်က္ႏွာေပးမ်ားျဖင့္ ၾကည့္ေနသည့္ တစ္ဝိုင္းလံုးကို ဖဲ့ခ်င္သည့္ စိတ္က နဂိုတည္းက ရိွေနသည္မို႔ မ်က္ႏွာထက္တြင္ ညစ္က်ယ္က်ယ္ အျပံဳးတစ္ခုျပဳၿပီး သူ႔ကို ၾကည့္ေနသည့္ ဟန္မင္းပိုင္ဘက္လွည့္ကာ...
"ငါတစ္ေယာက္တည္းမင္းကို ကူထားတာမို႔ ေကြ်းရင္ ငါ့ကိုပဲ ေကြ်းသင့္တယ္... ဒီေကာင္ေတြ ပါစရာမလိုဘူး..."
"ေအေပး!"
"သူေတာင္းစား!"
ညံသြားသည့္ ဆဲဆိုသံမ်ားေၾကာင့္ ရွင္းသန္႔ေမာင္ရယ္သလို ဟန္မင္းပိုင္လည္း ရယ္ေနခဲ့သည္။ ထိုသူမ်ားသည္ ခင္ဖို႔ေကာင္းသည္။ သူတုိ႔သည္ ေပါ့ပါးၾကၿပီးတစ္ေယာက္ႏွင့္တစ္ေယာက္ အလြန္ဂရုစိုက္ကာ စည္းလံုးသည့္ သူငယ္ခ်င္းအုပ္စုတစ္ခုျဖစ္သည္ဆုိသည္ကို ဟန္မင္းပိုင္ အခ်ိန္ပိုင္းေလးတြင္ပင္နားလည္သြားခဲ့၏။
>>>>><<<<<
ၿပိဳင္ပြဲတစ္ေလ်ွာက္လံုးတြင္ ဟန္မင္းပိုင္ အၾကည့္တို႔က ရွင္းသန္႔ေမာင္ထံတြင္ ရိွ၏။ ထိုသူ၏ လက္ေခ်ာင္းရွည္ရွည္မ်ားသည္ Keyboard တြင္ လ်င္ျမန္စြာလႈပ္ရွားေနၾကသည္။ တစ္ဖက္အသင္း၏ ေအာ္ဟစ္ေျပာဆိုေနမႈႏွင့္ အေနာက္မွၾကည့္သူတို႔၏ အသံမွအပ လူၾကမ္းေလးမ်ားအဖြဲ႕၏ အသံသည္ Boss Count Down ပြဲတြင္ကဲ့သို႔ ရိွမေန။
သူတို႔က ဘယ္ေလာက္ၾကာၾကာ အုပ္စုလိုက္ train ထားတာမို႔ ဒီေလာက္ထိ လူညီေနရတာလဲ။ ဟန္မင္းပိုင္ တအံ့တၾသေတြးေနခ်ိန္တြင္ပင္ လူၾကမ္းေလးမ်ားသည္ ဆီမီးဖိုင္နယ္ ပြဲစဥ္သို႔တက္သြားေခ်ၿပီ။
"မင္းေညာင္းေနေရာေပါ့ ဘာလို႔ဆိုင္တစ္ဆိုင္မွာ ထိုင္ေစာင့္မေနတာလဲ..."
"ဟီးဟီး အေခ်ာေလးရဲ႕ ဆရာက်မႈေတြကိုၾကည့္ေနတာ..."
ရွင္းသန္႔ေမာင္မေနတတ္စြာျဖင့္ ႏွာေခါင္းပြတ္ကာ အျခားေသာ လက္တစ္ဖက္ျဖင့္ ထိုေကာင္ေလး ေခါင္းကို ဖြ၏။ ယခုမွစေတြ႔ဖူးၾကေသာ္လည္း တစ္ႏွစ္ပတ္လံုးရင္းႏီွးေနသည့္ အျပင္ လင္းယုေဝမွလည္း သူ႔ကို မၾကာမၾကာ ထိုသို႔ဆက္ဆံတတ္သည္မို႔ သူ႔စိတ္ထဲမည္သို႔မွ မခံစားလိုက္ရ။
သို႔ေသာ္ ရွင္းသန္႔ေမာင္ စိတ္ထဲတြင္ေတာ့ မသက္မသာခံစားေနရသည္။ ဒီေကာင္ေလးကို သူ ထိေတြ႔ျခင္းမျပဳသင့္။ ဘာေၾကာင့္ဆို ထိုေကာင္ေလးက သူ႔ Virtual World မွ စိတ္ကူးယဥ္ခ်စ္သူေလးေလ။ သူ႔လက္ကို ဆတ္ခနဲရုတ္ကာ စိတ္ထဲတြင္ ဗ်ာမ်ားေနမႈမ်ားကို ထိုေကာင္ေလးမသိရွာ။ ရွင္းသန္႔ေမာင္ သက္ျပင္းေမာသာရိႈက္၏။ တေျဖာင့္တည္းေတြးတတ္သည့္ ရိုးရွင္းသူမ်ားသည္ သူလို ေကြ႔ေကာက္သည့္ သူမ်ားမွ handle လုပ္ရန္ခက္ခဲသည့္ သူမ်ားျဖစ္သည္။
First Tournament ခ်န္ပီယံသည္ လူၾကမ္းေလးမ်ားသာျဖစ္သည္။ မည္သည့္အသင္းကမွ သူတို႔ေလာက္မွ strong မျဖစ္ေခ်ဘဲ။ ပြဲၿပီးခ်ိန္တြင္ေတာ့ ည ကုိးနာရီခြဲ။ ထိုအခ်ိန္ေလာက္က မဟာရန္ကုန္ၿမိဳ႕ႀကီးတြင္ မီးထိန္ထိန္လင္းေနသည့္ အခ်ိန္သာျဖစ္ေနေသးသည္။ ထို႔အတြက္ သူတို႔တေတြမျပန္ျဖစ္ၾကေသးေသာ္လည္း အငယ္ဆံုးကေလးကို ၾကည့္၏။ ထိုကေလးက သူတို႔အသင္းမွမဟုတ္ေသာ္လည္း သူတို႔အသင္း၏ ေခါင္ႏွင့္ကြ်မ္းဝင္သူျဖစ္သည္ေလ။
"ကြ်န္ေတာ္အိမ္ကိုေနာက္က်မယ္လို႔ ဖုန္းဆက္ထားတယ္..."
လက္ထဲမွဖုန္းကိုျပၿပီး ဟန္မင္းပိုင္ သူ႔ကို ၾကည့္ေနသည့္ ရွင္းသန္႔ေမာင္ကို ရႊင္ျမဴးစြာေျပာသည္။ သူ႔ကိုတစ္ႏွစ္ပတ္လံုး ကူညီေပးခဲ့သည့္ ထိုသူႏွင့္ သူ ေနလို႔ရသေရြ႕ေနၾကည့္ခ်င္သည္။ အေခ်ာေလးႏွင့္ ရွင္းသန္႔ေမာင္၏ မတူညီမႈမ်ားကုိ သူ ရင္းႏီွးၾကည့္ခ်င္သည္။ ရွင္းသန္႔ေမာင္၏ အျပင္သူငယ္ခ်င္းမ်ား ရွင္းသန္႔ေမာင္ကို ရင္းႏီွးသလို သူလည္းရင္းႏွီးၾကည့္ခ်င္တာေတာ့ မလြန္ေလာက္ဘူးမလား။
"အင္း အဲ့ဒါဆို ငါတို႔နဲ႔ညစာလိုက္စားေလ အျပန္ ငါမင္းကို ျပန္ပို႔ေပးမယ္..."
မည္သူတစ္ဦးကမွ သူ႔ကို စေနာက္မေနၾက။ ထိုမ်ွထိ သူလိုလူတစ္ေယာက္၏ အခ်စ္ဇာတ္လမ္းသည္ လြယ္ကူမႈမရိွသည္ကို သူ႔သူငယ္ခ်င္းမ်ားသည္ နားလည္ၾကသည္။
"ဟုတ္..."
ထိုကေလးငယ္၏ ရုိးစင္းေနမႈကို ၾကည့္ၿပီရွင္းသန္႔ေမာင္ ခပ္ေဖ်ာ့ေဖ်ာ့သာျပံဳးျဖစ္၏။ သူ႔စိတ္ကူးယဥ္ခ်စ္သူေလးသည္ အျပင္တြင္ပါခ်စ္ဖို႔ေကာင္းေနခဲ့သည္။ ဒီလိုကေလးမ်ိဳးႏွင့္ရင္းႏီွးတာ မဆိုးေတာ့မဆိုးပါဘူး ဟုေတြးကာသာ ရွင္းသန္႔ေမာင္ သူ႔ကိုယ္သူ ေျဖသိမ့္ေနလိုက္၏။ ေနာက္ပိုင္းဂိမ္းထဲတြင္ သူ အီစီကလီေျပာလ်ွင္ ထိုေကာင္ေလးက စေနာက္သည္ဟု ထင္မည့္အျပင္ သူ႔ကိုေယာက်ာ္းေလးသူငယ္ခ်င္းတစ္ေယာက္လိုသာ ဆက္ဆံေတာ့မည္ကို ႀကိဳေတြးၿပီး ရွင္းသန္႔ေမာင္၏ စိတ္သည္ မရႊင္ျပေနေတာ့။
ေယာက်ာ္းေလးမ်ားလည္းပါကာ အုပ္စုထဲမွ ႏွစ္ေဗြေသာအမ်ိဳးသမီးတို႔မွာလည္း ေသာက္စားတတ္ေနသည္မို႔ သူတို႔၏ ေအာင္ပြဲခံေနရာသည္ ေသာက္စရာႏွင့္စားစရာႏွစ္မ်ိဳးလံုးရႏိုင္သည့္ ဆိုင္ႀကီးတစ္ခုဆီသို႔။ ဟန္မင္းပိုင္တစ္ေယာက္ စားေသာက္ဖြယ္ရာမ်ားႏွင့္ နီးေအာင္ အလယ္တြင္ထားရန္ သူစဥ္းစားေသာ္လည္း ေသာက္မည့္ သူမ်ားႏွင့္မို႔ထိုကေလးကို ေခ်ာင္ထဲထည့္ရန္ဆံုးျဖတ္ကာ သူ ထိုကေလးေဘးတြင္ထိုင္ေနလိုက္သည္။
ထံုးစံအတုိင္း တစ္ခြက္ ၈၀၀ ႏွင့္ ေလးခြက္ေသာက္ တစ္ခြက္ free ရေသာ စည္ဘီယာကို မွာၾကၿပီးေနာက္ သူတို႔အျမည္းေသာက္ရင္း စားစရာမ်ားကိုေစာင့္ေနလိုက္၏။ ဟန္မင္းပိုင္အတြက္ သူ မေမ့မေလ်ာ့ spirite တစ္ဘူးမွာေပးထားသည္။
"အသက္မျပည့္ေသးတဲ့ ကေလးေတြက မေသာက္ရဘူး ဒါေပမဲ့ ဟိုေကာင္မေလးေတြေသာက္သလို spy ေသာက္ခ်င္ရင္ေတာ့ တစ္ပုလင္းရမယ္..."
သူ႔စကားေၾကာင့္ ထိုေကာင္ေလးရယ္ကာ...
"ဟင့္အင္း မေသာက္ဘူး အေအးဆိုရၿပီ..."
"ဘာစားမလဲ ထမင္းေၾကာ္?"
"ဟုတ္ ပသ်ွဴးပင္လယ္စာ..."
"အင္း..."
ကိုယ့္ထက္အငယ္တစ္ေယာက္ျဖစ္သည့္အျပင္ ထိုကေလးရင္းႏီွးသူကလည္း သူသာ ျဖစ္သျဖင့္ဟန္မင္းပိုင္ အေနခက္မႈမရိွေစရန္ ရွင္းသန္႔ေမာင္ဂရုစိုက္ေပးေနလိုက္သည္။
စားလိုက္ေသာက္လိုက္ျဖင့္ စကားတေျပာေျပာလုပ္ၿပီး ေလးခြက္ေျမာက္ေရာက္ၿပီးခ်ိန္တြင္ေတာ့ ဘီယာအစြမ္းျပကာျဖင့္ ရွင္းသန္႔ေမာင္တစ္ေယာက္ အေနာက္ခန္းသို႔ အာကာမိုးထက္ႏွင့္အတူ လစ္သြားေလ၏။ ေခ်ာင္ထဲတြင္ရိွေနသည့္ ဟန္မင္းပိုင္တစ္ေယာက္ ဖုန္းဖြင့္ face book သံုးေနခ်ိန္တြင္ သြန္းႏွင္းဆုသည္ သူ႔အနားေရာက္လာေတာ့သည္။
"ပ်င္းေနၿပီလား..."
"မပ်င္းပါဘူး... အစ္မ..."
"အစ္မကို အပ္ေပး..."
"ဟုတ္..."
တစ္ေယာက္ႏွင့္တစ္ေယာက္ပိုရင္းႏီွးသြားေစရန္ ထိုေကာင္ေလးအေကာင့္ျဖင့္ မိမိအေကာင့္ကို ရွာကာ သြန္းႏွင္းဆုအပ္ၿပီးေနာက္ ခ်က္ခ်င္း accept လုပ္သည္။ သူမ ထိုအေကာင္ေပါက္ေလးကို ခ်စ္သည္။ သြားတက္ေလးမ်ားျဖင့္ ကေလးေလးသည္ အႏိုင္က်င့္ခ်င္စဖြယ္ ေမာင္ငယ္ေလးတစ္ေယာက္အလား။
"ဆယ္တန္းေျဖထားတာဆို ေျဖႏိုင္လား..."
"အင္း မဆိုးေတာ့မဆိုးပါဘူး ဟီးဟီး..."
"ဘာတက္ဖို႔ စိတ္ကူးထားလဲ..."
"TU..."
"ဟယ္ အစ္မတို႔တစ္အုပ္စုလံုးက ကြန္ပ်ဴတာက ကြန္ပ်ဴတာ တက္ပါလား... kouhai ကို ဒီ senpai က ကိုယ္ဖိရင္ဖိေစာင့္ေရွာက္မွာပါ..."
"ကေလးကိုသြားစေန နင့္ကို ရွင္းသန္႔ေမာင္ လုပ္လိမ့္မယ္..."
သြန္းႏွင္းဆု၏ ျမဴဆြယ္ေနမႈကို နဒီေဇာ္မ်က္ေထာင့္ကပ္ၾကည့္ရင္း လွမ္းဟန္႔၏။ ဒီေကာင္မစုတ္ေလးလုပ္ေနတာကို သူမ မသိဘဲေနမလားေလ။ ထိုေကာင္ေလးသူတို႔ေက်ာင္းလာတက္ၿပီး ရွင္းသန္႔ေမာင္ႏွင့္ပိုရင္းႏီွးသြားေစရန္ သြန္းႏွင္းဆုတစ္ေယာက္ ဥာဏ္မ်ားေနျခင္း။ သြန္းႏွင္းဆု တစ္ေယာက္ သူမအၾကံကို ငါသိတယ္ဆိုသည့္ အၾကည့္မ်ားေပးေနသည့္ နဒီေဇာ္ကို သြားေလးျဖဲျပသည္။
ဟန္မင္းပိုင္ကေတာ့ ထိုအစ္မႏွစ္ေယာက္ကို ၾကည့္ၿပီး အေတြးမ်ားေနေတာ့၏။ သူ... ကြန္ပ်ဴတာတက္ရမလား... ကိုလင္းလည္း ကြန္ပ်ဴတာ တက္ေနတာဆိုေတာ့။
"ကြ်န္ေတာ့္အစ္ကိုလည္း ကြန္ပ်ဴတာက..."
သူ မရည္ရြယ္ဘဲ ထုတ္ေျပာမိေတာ့ ဝိုင္းရိွလူေတာ္ေတာ္မ်ားမ်ား၏ အၾကည့္က သူ႔ထံေရာက္လာေတာ့သည္။ သူ လည္ကုတ္ကို အသာေလးကိုင္ရင္း...
"ကိုလင္းက အစ္ကိုတို႔အစ္မတို႔ထက္ႀကီးမယ္ထင္တယ္..."
သြန္းႏွင္းဆုရင္ထဲထိတ္ခနဲ။ လင္းဆိုတဲ့ စကားလံုးျဖင့္ အမည္က သူမတို႔ေက်ာင္းမွာ အမ်ားႀကီးရိွႏိုင္တာပဲလို႔ သူမကိုယ္သူမ ေျဖေတြးလိုက္ေလသည္။
"မင္းအစ္ကိုနာမည္က ဘယ္သူလဲ..."
ဝိုင္းထဲမွေယာက်ာ္းေလးတစ္ေယာက္အေမးကို ဟန္မင္းပိုင္သည္ ျပံဳး၍သာ ေျဖ၏။
"လင္းယုေဝ... သူက ဂုဏ္ထူးတန္းတက္ေနတာ..."
အမည္ကိုေျပာရင္း တက္ေနသည့္ အတန္းကိုေျဖလိုက္ခ်ိန္တြင္ သူ႔အသံတြင္ အစ္ကိုျဖစ္သူအတြက္ ဂုဏ္ယူမႈရိွေနခဲ့၏။
သြန္းႏွင္းဆုမ်က္ႏွာသည္ မည္းသြားသလို နဒီေဇာ္သည္လည္း တစ္ဖက္လွည့္ကာ ရယ္ေနခဲ့သည္။ အား သူတို႔အုပ္စုႏွင့္ ဒီေကာင္ေလးၾကားက ကံတရားဆက္ႏြယ္မႈက ရိုးရွင္းေနမႈမရိွသည္ဘဲ။ ေတြးၿပီးမွ နဒီေဇာ္မ်က္ေမွာင္ၾကဳတ္၏။ ဒီလိုအေတြးမ်ိဳးက သြန္းႏွင္းဆုလို ေဗဒင္ဆရာမက ေတြးရမွာမ်ိဳးေလ သူမ ေတြးရမွာမွ မဟုတ္တာ။
~~~~~~~~~~
Anna : ဒီေန႔က ေသာၾကာေန႔ေလ ေဘးေဘးးး XD
Unicode
အပြင်တွင်လည်း ရှင်းသန့်မောင်သည် သူ့ကိုအနားတွင်သာ ခေါ်ထားခဲ့သည်။ သိပ်မတူညီသည်က အချောလေးသည် စကားများပြီး ရှင်းသန့်မောင်သည် စကားနည်းသည်။ သူတို့ယခုမှ စမြင်ဖူးသည်မို့ ရှင်းသန့်မောင်သည် ယခုလိုမျိုးဖြစ်နေသည်လား။ ဟန်မင်းပိုင် Bubble Tea ဘူးမှ ပိုက်လေးကို ကိုက်နေရင်းဖြင့် ပြုံးသည်။ သြော်... အချောလေးမှာ ရှက်တတ်တဲ့ အချိန်လည်းရှိသေးတယ်ပေါ့။
ရှင်းသန့်မောင်မှတော့ သူ့ဘာသာ ပြုံးလိုက်ရယ်လိုက်လုပ်နေသည့် ကောင်လေးကို မည်သူတစ်ယောက်မှ အဖြေမဖော်နိုင်သည့် မျက်လုံးများဖြင့်သာကြည့်နိုင်ရှာသည်။ ထိုကောင်လေးက သူ့ကိုရှာတွေ့သွားပြီမို့ သူ လုပ်နိုင်သည်က သူ့အမည်ကိုပြန်မိတ်ဆက်ပြီး အခြားသော ပွဲစဉ်တစ်ခုမရောက်ခင် ဆိုင်တစ်ခုတွင် ဝင်ထိုင်ရန်သာ။
"တစ်ခုခုစားကြမလား..."
ရှင်းသန့်မောင်သည် တစ်အုပ်စုလုံးကို ခြုံမေးသည့် မေးခွန်းမျိုးဖြင့်သာ မေး၏။ မည်သူမည်ဝါဟု ခေါင်းစဉ်တပ်မမေးသော်လည်း တစ်အုပ်စုလုံး၏ အကြည့်က ဟန်မင်းပိုင်ထံရောက်လာတော့ အအေးဘူးလေးကိုင်ထားသည့် ဆယ်တန်းဖြေပြီးကာစ ကောင်လေးခမျာ ယောင်တောင်တောင်ဖြင့် သူ့အနောက်ကို ပြန်ကြည့်သည်။
"အင်း... စားမယ်လေ..."
ပြုံးလိုက်တိုင်းဖောင်းတက်နေသည့် ပါးဖောင်းဖောင်းလေးနှင့် ပါးချိုင့်လေးများသည် ထိုကောင်လေး၏ ယောကျာ်းဆန်မှုကို ယုတ်လျော့စေပြီး သူ့ကို ချစ်စရာ သတ္တဝါလေးတစ်ကောင်အဖြစ်သာ မြင်ရသူတိုင်းကို ခံစားရစေသည်။ သွန်းနှင်းဆု တံတောင်ဖြင့်တွတ်ကာ နဒီဇော်အနားခပ်တိုးတိုးမေးခွန်းတစ်ခုမေးတော့ နဒီဇော်သည် သွန်းနှင်းဆုကို မျက်ထောင့်ကပ်ကြည့်ပြီး ခေါင်းသာယမ်းပြ၏။ သွန်းနှင်းဆုမျက်နှာလေးတွင် စိတ်ပျက်သွားမှုများအထင်းသား။
နဒီဇော်သည် သူ့သူငယ်ချင်းမကို အနောက်ကသာ ဖင်ပိတ်ကန်ချင်သွားတော့သည်။ မြန်မာနိုင်ငံ၏ လူဦးရေအများစုသည် ရိုးရှင်းသော အဖြောင့်လူသားများသာဖြစ်သည်။ ဘယ်နိုင်ငံတွင်မဆို သူမတို့လို လူဦးရေက လူနည်းစုသာ။ နောက်ပြီး ထိုကောင်လေးပုံကိုကြည့်ရုံဖြင့် ထိုကောင်လေးသည် သူတို့ Community Circle နှင့်ပတ်သက်ပြီး ဘာမှ သေချာမသိသူဖြစ်ကြောင်း ထင်ရှားလေသည်။
နဒီဇော်၏ အကြည့်တို့က အရပ်ပုပုဖြင့် ကောင်လေးကို စကားဆိုနေသည့် ကလန်ကလားကောင်ထံသို့ ရောက်သွား၏။ သူမ နှုတ်ခမ်းတို့သည် ကုတ်ကျသွားခဲ့သည်။ ဒီရှင်းသန့်မောင်ဟာ ဘယ်တော့မှ သူ့အတွေးတို့နှင့် အကြောက်တရားတို့ကို ထုတ်ပြောတတ်သည့် သူတစ်ယောက်မဟုတ်။ သူက အမြဲတမ်း အပြုံးအရယ်တို့ဖြင့် သူ့အစစ်အမှန်ကို ဖုံးကွယ်သည့်သူ။ အာကာမိုးထက်သည်လည်း ရှင်းသန့်မောင်ကိုတစ်လှည့် ဟန်မင်းပိုင်ကို တစ်လှည့်သာ ကြည့်နေလိုက်၏။
နောက်ဆုံးတွင်တော့ သူတို့ Dagon Center မျက်နှာချင်းဆိုင်ရှိ Moon Bakery လမ်းကြားသို့ဝင်ပြီးနောက် စားစရာသောက်စရာရောရသည့် ဆိုင်တစ်ခုတွင် ဝင်ထိုင်ဖြစ်ကြသည်။
"ငါတို့အဝေးကြီးတော့ သွားလို့မဖြစ်သေးဘူး... ဒီဆိုင်က သိပ်တော့မကောင်းပေမဲ့ ဒီမှာ ခဏထိုင်ရအောင် Moon Bakery မှာကလည်း လူတွေတအားများနေတယ်ဆိုတော့... ဒါနဲ့ ဟန်လေး မင်း ပွဲပြီးတဲ့အထိ နေလို့ရလို့လား..."
ရှင်းသန့်မောင် သူ့ဘေးတွင် ထိုင်လာသည့် ဟန်မင်းပိုင်ကိုကြည့်မေးသည်။ ပြိုင်ပွဲဝင်သည့် အဖွဲ့က သိပ်မများသည့်တိုင် အစီအစဉ်များအရ အနည်းဆုံးပွဲပြီးမည့်အချိန်က ညကိုးနာရီဆယ်နာရီ။ ထိုအသက်မပြည့်သေးသည့် ကောင်သေးသေးလေးက ထိုအချိန်ထိနေလို့ရပါ့မလား။
"အင်း ရတယ်... ကျွန်တော့် အိမ်က ဒီနားတင်... နောက်ပြီး ကျွန်တော်နောက်ကျမယ်ဆိုရင် ကိုလင်း လာကြိုလို့ရတယ်..."
သူ့အိမ်သည် စမ်းချောင်းတင်မို့ ဟန်မင်းပိုင် သူ့ကို စိုးရိမ်နေသည့် အချောလေးကို စိတ်မပူစေရန်ပြော၏။
"အင်း... ပြီးရောလေ... အဲ့ဒါဆို မိတ်ဆက်ပေးရဦးမယ်..."
သူတို့ Guild တစ်ခုလုံးနှင့် ဟန်မင်းပိုင်ကို ရှင်းသန့်မောင်မိတ်ဆက်ပေးတော့ သူ့ကို သနားကရုဏာသက်စွာကြည့်နေကြသည့် သူတို့ Guild Member များ။ ယခု ပြိုင်ပွဲဝင်ရန်အတွက် ရောက်ရှိလာသည့် ဆယ်ယောက်လုံးသည် ရှင်းသန့်မောင်ဆိုသည့် သူသည် ယောကျာ်းလေးများကိုသာ စိတ်ဝင်စားသည့် သူဖြစ်ကြောင်း သိကြသည့်သူများ။ ထိုသူတို့သည် သူအယုံကြည်ရဆုံး လက်တစ်ဆုတ်လူများလည်းဖြစ်သည်။
ရှင်းသန့်မောင်နှုတ်ခမ်းစွန်းများ ပြုံးမလိုမဲ့မလို တစ်ချက်တွန့်သွား၏။ သူတို့၏ အကြည့်များက Little_wolf က ယောကျာ်းလေးဖြစ်နေသော်လည်း ထိုကောင်လေးက မြင်ရုံနှင့် ဖြောင့်မတ်နေသည်ကို ကောင်းကောင်းသိနိုင်သည်မို့ သူ့အတွက် စိတ်မကောင်းလိုက်တာ ဆိုသည့်အကြည့်များ။ ရှင်းသန့်မောင် စားပွဲကိုလှန်ကာသာ ထိုသူငယ်ချင်းတစ်အုပ်ကို နားရင်းရိုက်ချင်နေတော့သည်။
"ကျွန်တော်က Little_wolf ပါ..."
ဘာမှမသိရှာသည့်ကောင်လေးမှာတော့ လူကြမ်းလေးများ၏ မျက်လုံးချင်းစကားပြောနေမှုတို့ကို မသိဘဲ အပြုံးကြည်ကြည်တောက်တောက်လေးများဖြင့် မိတ်ဖွဲ့ရှာ၏။ ရိုးရှင်းဖြူစင်သည့် သူ့အမူအကျင့်လေးများကြောင့် စားသောက်ပြီးချိန်တွင် တစ်ဖွဲ့လုံးသည် ထိုကောင်လေးကို ခင်မင်ရင်းနှီးသွားတော့သည်။
"ငါတို့က မင်းကို မိန်းကလေးထင်နေတာ..."
"Little_wolf က မိန်းကလေးလို့ ထင်နေတဲ့သူတွေလည်းရှိတယ်... ဟုတ်တယ်... အားနာလိုက်တာ ကိုရှင်းသန့်က ကျွန်တော့်ကြောင့် ဘူပိတ်တော့မှာပဲ..."
ကန်စွန်းပလိန်းကြော်ကို ကုန်းနှိုက်နေသည့် ဟန်မင်းပိုင်၏ ပန်းကန်ထဲသို့ ရှင်းသန့်မောင် သူ့လက်တံရှည်များဖြင့် လှမ်းထည့်ပေးလိုက်သည်။ စိတ်ထဲတွင်တော့ ဘူ မပိတ်ပါဘူး... မပိတ်ရပါဘူးကွာ... မင်းယောကျာ်းလေးမှန်း ငါ သိနေပြီးသားပဲကို။
ဟန်မင်းပိုင်က သူတို့အုပ်စုနှင့် မတွေ့ခင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကိုသွားတက်လေးများပေါ်အောင် ရယ်ပြီး ရှင်းပြတော့ သူတို့အုပ်စု၏ ရယ်သံက တဝါးဝါး။ နဒီဇော်နှင့်အာကာမိုးထက်၏ သနားကြည့်များကို ရှင်းသန့်မောင်ခမျာ စစ်မြေပြင်တွင် အဆက်မပြတ်ပစ်လွှတ်သည့် မရေတွက်နိုင်သည့် မျှားတံများအလား အကြိမ်ကြိမ်အခါခါ လက်ခံရရှိနေ၏။
"ငါ ဘာမှမဖြစ်ပါဘူး..."
နောက်ဆုံးတွင် မနေနိုင်တော့စွာဖြင့် သူ စကားကိုဝင်ဖြတ်တော့သည်။ ငါ ယောကျာ်းလေးတွေပဲ စိတ်ဝင်စားတာမို့ မိန်းကလေးတွေ ငါ့ကို သဘောမကျတော့တာနဲ့ပတ်သက်ပြီး ငါ ဘာမှကို ခံစားရမှာမဟုတ်ဘူး။ တကယ်လို့ ယောကျာ်းလေးတွေက ငါ့ကို အတွဲရှိနေပြီလို့ ထင်ပြီး လက်လျှော့သွားကြရင်တော့ တစ်မျိုးပေါ့။ ရှင်းသန့်မောင်၏ ဘာမှမဖြစ်ပါဘူး စကား၏ နောက်ဆက်တွဲအတွေးတို့ကို ဟန်မင်းပိုင် ခမျာ မသိရှာခဲ့။
"ကျေးဇူးတင်ပါတယ်... ကျွန်တော့်ကို အမြဲတမ်း ကူညီနေလို့... ဒီနေ့ ကျွန်တော် ဝယ်ကျွေးမယ်လေ..."
အလိုလိုက်ခံထားရတဲ့ သူဌေးသားပေါက်စလေးကတော့... အငယ်များကို ခေါင်းခေါက်လိုက် နဖူးတောက်လိုက် လုပ်နေသည့် အကျင့်အရ ရှင်းသန့်မောင် ယခုမှ တွေ့ဖူးသည့် ဟန်မင်းပိုင်၏ ခေါင်းကိုငယ်ထိပ်ကို လက်သီးဖြင့် မနာအောင် ထိုးချကာ...
"ဘာကို ဝယ်ကျွေးမှာလဲ... ငါတို့က တက္ကသိုလ်ကျောင်းသားတွေ... မင်းက အခုမှ ဆယ်တန်းဖြေထားတဲ့ ချာတိတ်ကို..."
သမာသမတ်ရှိလှသည့် အစ်ကိုကြီးတစ်ယောက်အလား သူ ခပ်တည်တည်ဆိုတော့ သွန်းနှင်းဆု မျက်နှာလေးချီကာ...
"ပြောစမ်းပါ ရှင်းသန့်ရာ... အမှန်ကိုပဲပြော..."
ရှင်းသန့်မောင်သည် သူ့ကို ပြီတီတီမျက်နှာပေးများဖြင့် ကြည့်နေသည့် တစ်ဝိုင်းလုံးကို ဖဲ့ချင်သည့် စိတ်က နဂိုတည်းက ရှိနေသည်မို့ မျက်နှာထက်တွင် ညစ်ကျယ်ကျယ် အပြုံးတစ်ခုပြုပြီး သူ့ကို ကြည့်နေသည့် ဟန်မင်းပိုင်ဘက်လှည့်ကာ...
"ငါတစ်ယောက်တည်းမင်းကို ကူထားတာမို့ ကျွေးရင် ငါ့ကိုပဲ ကျွေးသင့်တယ်... ဒီကောင်တွေ ပါစရာမလိုဘူး..."
"အေပေး!"
"သူတောင်းစား!"
ညံသွားသည့် ဆဲဆိုသံများကြောင့် ရှင်းသန့်မောင်ရယ်သလို ဟန်မင်းပိုင်လည်း ရယ်နေခဲ့သည်။ ထိုသူများသည် ခင်ဖို့ကောင်းသည်။ သူတို့သည် ပေါ့ပါးကြပြီးတစ်ယောက်နှင့်တစ်ယောက် အလွန်ဂရုစိုက်ကာ စည်းလုံးသည့် သူငယ်ချင်းအုပ်စုတစ်ခုဖြစ်သည်ဆိုသည်ကို ဟန်မင်းပိုင် အချိန်ပိုင်းလေးတွင်ပင်နားလည်သွားခဲ့၏။
>>>>><<<<<
ပြိုင်ပွဲတစ်လျှောက်လုံးတွင် ဟန်မင်းပိုင် အကြည့်တို့က ရှင်းသန့်မောင်ထံတွင် ရှိ၏။ ထိုသူ၏ လက်ချောင်းရှည်ရှည်များသည် Keyboard တွင် လျင်မြန်စွာလှုပ်ရှားနေကြသည်။ တစ်ဖက်အသင်း၏ အော်ဟစ်ပြောဆိုနေမှုနှင့် အနောက်မှကြည့်သူတို့၏ အသံမှအပ လူကြမ်းလေးများအဖွဲ့၏ အသံသည် Boss Count Down ပွဲတွင်ကဲ့သို့ ရှိမနေ။
သူတို့က ဘယ်လောက်ကြာကြာ အုပ်စုလိုက် train ထားတာမို့ ဒီလောက်ထိ လူညီနေရတာလဲ။ ဟန်မင်းပိုင် တအံ့တသြတွေးနေချိန်တွင်ပင် လူကြမ်းလေးများသည် ဆီမီးဖိုင်နယ် ပွဲစဉ်သို့တက်သွားချေပြီ။
"မင်းညောင်းနေရောပေါ့ ဘာလို့ဆိုင်တစ်ဆိုင်မှာ ထိုင်စောင့်မနေတာလဲ..."
"ဟီးဟီး အချောလေးရဲ့ ဆရာကျမှုတွေကိုကြည့်နေတာ..."
ရှင်းသန့်မောင်မနေတတ်စွာဖြင့် နှာခေါင်းပွတ်ကာ အခြားသော လက်တစ်ဖက်ဖြင့် ထိုကောင်လေး ခေါင်းကို ဖွ၏။ ယခုမှစတွေ့ဖူးကြသော်လည်း တစ်နှစ်ပတ်လုံးရင်းနှီးနေသည့် အပြင် လင်းယုဝေမှလည်း သူ့ကို မကြာမကြာ ထိုသို့ဆက်ဆံတတ်သည်မို့ သူ့စိတ်ထဲမည်သို့မှ မခံစားလိုက်ရ။
သို့သော် ရှင်းသန့်မောင် စိတ်ထဲတွင်တော့ မသက်မသာခံစားနေရသည်။ ဒီကောင်လေးကို သူ ထိတွေ့ခြင်းမပြုသင့်။ ဘာကြောင့်ဆို ထိုကောင်လေးက သူ့ Virtual World မှ စိတ်ကူးယဉ်ချစ်သူလေးလေ။ သူ့လက်ကို ဆတ်ခနဲရုတ်ကာ စိတ်ထဲတွင် ဗျာများနေမှုများကို ထိုကောင်လေးမသိရှာ။ ရှင်းသန့်မောင် သက်ပြင်းမောသာရှိုက်၏။ တဖြောင့်တည်းတွေးတတ်သည့် ရိုးရှင်းသူများသည် သူလို ကွေ့ကောက်သည့် သူများမှ handle လုပ်ရန်ခက်ခဲသည့် သူများဖြစ်သည်။
First Tournament ချန်ပီယံသည် လူကြမ်းလေးများသာဖြစ်သည်။ မည်သည့်အသင်းကမှ သူတို့လောက်မှ strong မဖြစ်ချေဘဲ။ ပွဲပြီးချိန်တွင်တော့ ည ကိုးနာရီခွဲ။ ထိုအချိန်လောက်က မဟာရန်ကုန်မြို့ကြီးတွင် မီးထိန်ထိန်လင်းနေသည့် အချိန်သာဖြစ်နေသေးသည်။ ထို့အတွက် သူတို့တတွေမပြန်ဖြစ်ကြသေးသော်လည်း အငယ်ဆုံးကလေးကို ကြည့်၏။ ထိုကလေးက သူတို့အသင်းမှမဟုတ်သော်လည်း သူတို့အသင်း၏ ခေါင်နှင့်ကျွမ်းဝင်သူဖြစ်သည်လေ။
"ကျွန်တော်အိမ်ကိုနောက်ကျမယ်လို့ ဖုန်းဆက်ထားတယ်..."
လက်ထဲမှဖုန်းကိုပြပြီး ဟန်မင်းပိုင် သူ့ကို ကြည့်နေသည့် ရှင်းသန့်မောင်ကို ရွှင်မြူးစွာပြောသည်။ သူ့ကိုတစ်နှစ်ပတ်လုံး ကူညီပေးခဲ့သည့် ထိုသူနှင့် သူ နေလို့ရသရွေ့နေကြည့်ချင်သည်။ အချောလေးနှင့် ရှင်းသန့်မောင်၏ မတူညီမှုများကို သူ ရင်းနှီးကြည့်ချင်သည်။ ရှင်းသန့်မောင်၏ အပြင်သူငယ်ချင်းများ ရှင်းသန့်မောင်ကို ရင်းနှီးသလို သူလည်းရင်းနှီးကြည့်ချင်တာတော့ မလွန်လောက်ဘူးမလား။
"အင်း အဲ့ဒါဆို ငါတို့နဲ့ညစာလိုက်စားလေ အပြန် ငါမင်းကို ပြန်ပို့ပေးမယ်..."
မည်သူတစ်ဦးကမှ သူ့ကို စနောက်မနေကြ။ ထိုမျှထိ သူလိုလူတစ်ယောက်၏ အချစ်ဇာတ်လမ်းသည် လွယ်ကူမှုမရှိသည်ကို သူ့သူငယ်ချင်းများသည် နားလည်ကြသည်။
"ဟုတ်..."
ထိုကလေးငယ်၏ ရိုးစင်းနေမှုကို ကြည့်ပြီရှင်းသန့်မောင် ခပ်ဖျော့ဖျော့သာပြုံးဖြစ်၏။ သူ့စိတ်ကူးယဉ်ချစ်သူလေးသည် အပြင်တွင်ပါချစ်ဖို့ကောင်းနေခဲ့သည်။ ဒီလိုကလေးမျိုးနှင့်ရင်းနှီးတာ မဆိုးတော့မဆိုးပါဘူး ဟုတွေးကာသာ ရှင်းသန့်မောင် သူ့ကိုယ်သူ ဖြေသိမ့်နေလိုက်၏။ နောက်ပိုင်းဂိမ်းထဲတွင် သူ အီစီကလီပြောလျှင် ထိုကောင်လေးက စနောက်သည်ဟု ထင်မည့်အပြင် သူ့ကိုယောကျာ်းလေးသူငယ်ချင်းတစ်ယောက်လိုသာ ဆက်ဆံတော့မည်ကို ကြိုတွေးပြီး ရှင်းသန့်မောင်၏ စိတ်သည် မရွှင်ပြနေတော့။
ယောကျာ်းလေးများလည်းပါကာ အုပ်စုထဲမှ နှစ်ဗွေသောအမျိုးသမီးတို့မှာလည်း သောက်စားတတ်နေသည်မို့ သူတို့၏ အောင်ပွဲခံနေရာသည် သောက်စရာနှင့်စားစရာနှစ်မျိုးလုံးရနိုင်သည့် ဆိုင်ကြီးတစ်ခုဆီသို့။ ဟန်မင်းပိုင်တစ်ယောက် စားသောက်ဖွယ်ရာများနှင့် နီးအောင် အလယ်တွင်ထားရန် သူစဉ်းစားသော်လည်း သောက်မည့် သူများနှင့်မို့ထိုကလေးကို ချောင်ထဲထည့်ရန်ဆုံးဖြတ်ကာ သူ ထိုကလေးဘေးတွင်ထိုင်နေလိုက်သည်။
ထုံးစံအတိုင်း တစ်ခွက် ၈၀၀ နှင့် လေးခွက်သောက် တစ်ခွက် free ရသော စည်ဘီယာကို မှာကြပြီးနောက် သူတို့အမြည်းသောက်ရင်း စားစရာများကိုစောင့်နေလိုက်၏။ ဟန်မင်းပိုင်အတွက် သူ မမေ့မလျော့ spirite တစ်ဘူးမှာပေးထားသည်။
"အသက်မပြည့်သေးတဲ့ ကလေးတွေက မသောက်ရဘူး ဒါပေမဲ့ ဟိုကောင်မလေးတွေသောက်သလို spy သောက်ချင်ရင်တော့ တစ်ပုလင်းရမယ်..."
သူ့စကားကြောင့် ထိုကောင်လေးရယ်ကာ...
"ဟင့်အင်း မသောက်ဘူး အအေးဆိုရပြီ..."
"ဘာစားမလဲ ထမင်းကြော်?"
"ဟုတ် ပသျှူးပင်လယ်စာ..."
"အင်း..."
ကိုယ့်ထက်အငယ်တစ်ယောက်ဖြစ်သည့်အပြင် ထိုကလေးရင်းနှီးသူကလည်း သူသာ ဖြစ်သဖြင့်ဟန်မင်းပိုင် အနေခက်မှုမရှိစေရန် ရှင်းသန့်မောင်ဂရုစိုက်ပေးနေလိုက်သည်။
စားလိုက်သောက်လိုက်ဖြင့် စကားတပြောပြောလုပ်ပြီး လေးခွက်မြောက်ရောက်ပြီးချိန်တွင်တော့ ဘီယာအစွမ်းပြကာဖြင့် ရှင်းသန့်မောင်တစ်ယောက် အနောက်ခန်းသို့ အာကာမိုးထက်နှင့်အတူ လစ်သွားလေ၏။ ချောင်ထဲတွင်ရှိနေသည့် ဟန်မင်းပိုင်တစ်ယောက် ဖုန်းဖွင့် face book သုံးနေချိန်တွင် သွန်းနှင်းဆုသည် သူ့အနားရောက်လာတော့သည်။
"ပျင်းနေပြီလား..."
"မပျင်းပါဘူး... အစ်မ..."
"အစ်မကို အပ်ပေး..."
"ဟုတ်..."
တစ်ယောက်နှင့်တစ်ယောက်ပိုရင်းနှီးသွားစေရန် ထိုကောင်လေးအကောင့်ဖြင့် မိမိအကောင့်ကို ရှာကာ သွန်းနှင်းဆုအပ်ပြီးနောက် ချက်ချင်း accept လုပ်သည်။ သူမ ထိုအကောင်ပေါက်လေးကို ချစ်သည်။ သွားတက်လေးများဖြင့် ကလေးလေးသည် အနိုင်ကျင့်ချင်စဖွယ် မောင်ငယ်လေးတစ်ယောက်အလား။
"ဆယ်တန်းဖြေထားတာဆို ဖြေနိုင်လား..."
"အင်း မဆိုးတော့မဆိုးပါဘူး ဟီးဟီး..."
"ဘာတက်ဖို့ စိတ်ကူးထားလဲ..."
"TU..."
"ဟယ် အစ်မတို့တစ်အုပ်စုလုံးက ကွန်ပျူတာက ကွန်ပျူတာ တက်ပါလား... kouhai ကို ဒီ senpai က ကိုယ်ဖိရင်ဖိစောင့်ရှောက်မှာပါ..."
"ကလေးကိုသွားစနေ နင့်ကို ရှင်းသန့်မောင် လုပ်လိမ့်မယ်..."
သွန်းနှင်းဆု၏ မြူဆွယ်နေမှုကို နဒီဇော်မျက်ထောင့်ကပ်ကြည့်ရင်း လှမ်းဟန့်၏။ ဒီကောင်မစုတ်လေးလုပ်နေတာကို သူမ မသိဘဲနေမလားလေ။ ထိုကောင်လေးသူတို့ကျောင်းလာတက်ပြီး ရှင်းသန့်မောင်နှင့်ပိုရင်းနှီးသွားစေရန် သွန်းနှင်းဆုတစ်ယောက် ဉာဏ်များနေခြင်း။ သွန်းနှင်းဆု တစ်ယောက် သူမအကြံကို ငါသိတယ်ဆိုသည့် အကြည့်များပေးနေသည့် နဒီဇော်ကို သွားလေးဖြဲပြသည်။
ဟန်မင်းပိုင်ကတော့ ထိုအစ်မနှစ်ယောက်ကို ကြည့်ပြီး အတွေးများနေတော့၏။ သူ... ကွန်ပျူတာတက်ရမလား... ကိုလင်းလည်း ကွန်ပျူတာ တက်နေတာဆိုတော့။
"ကျွန်တော့်အစ်ကိုလည်း ကွန်ပျူတာက..."
သူ မရည်ရွယ်ဘဲ ထုတ်ပြောမိတော့ ဝိုင်းရှိလူတော်တော်များများ၏ အကြည့်က သူ့ထံရောက်လာတော့သည်။ သူ လည်ကုတ်ကို အသာလေးကိုင်ရင်း...
"ကိုလင်းက အစ်ကိုတို့အစ်မတို့ထက်ကြီးမယ်ထင်တယ်..."
သွန်းနှင်းဆုရင်ထဲထိတ်ခနဲ။ လင်းဆိုတဲ့ စကားလုံးဖြင့် အမည်က သူမတို့ကျောင်းမှာ အများကြီးရှိနိုင်တာပဲလို့ သူမကိုယ်သူမ ဖြေတွေးလိုက်လေသည်။
"မင်းအစ်ကိုနာမည်က ဘယ်သူလဲ..."
ဝိုင်းထဲမှယောကျာ်းလေးတစ်ယောက်အမေးကို ဟန်မင်းပိုင်သည် ပြုံး၍သာ ဖြေ၏။
"လင်းယုဝေ... သူက ဂုဏ်ထူးတန်းတက်နေတာ..."
အမည်ကိုပြောရင်း တက်နေသည့် အတန်းကိုဖြေလိုက်ချိန်တွင် သူ့အသံတွင် အစ်ကိုဖြစ်သူအတွက် ဂုဏ်ယူမှုရှိနေခဲ့၏။
သွန်းနှင်းဆုမျက်နှာသည် မည်းသွားသလို နဒီဇော်သည်လည်း တစ်ဖက်လှည့်ကာ ရယ်နေခဲ့သည်။ အား သူတို့အုပ်စုနှင့် ဒီကောင်လေးကြားက ကံတရားဆက်နွယ်မှုက ရိုးရှင်းနေမှုမရှိသည်ဘဲ။ တွေးပြီးမှ နဒီဇော်မျက်မှောင်ကြုတ်၏။ ဒီလိုအတွေးမျိုးက သွန်းနှင်းဆုလို ဗေဒင်ဆရာမက တွေးရမှာမျိုးလေ သူမ တွေးရမှာမှ မဟုတ်တာ။
~~~~~~~~~~
Anna : ဒီနေ့က သောကြာနေ့လေ ဘေးဘေးးး XD