Unicode
~~~~~~~
အိမ်မက်ဆိုးတစ်ခုက ဟေးယောင်ရဲ့နှစ်ခြိုက်စွာအိပ်မောကျနေခြင်းအား ထိပ်လန့်ခြင်းနဲ့အတူ နိုးထစေခဲ့သည် ။ သူအိမ်မက်ဆိုးမက်တဲ့အခါတိုင်း တော်တော်နဲ့ပြန်မအိပ်တတ်တော့ဘူး ။ တနည်းပြောရရင် အိပ်ရမှာကိုကြောက်သွားခြင်းကြောင့်ဖြစ်လေသည် ။
အိမ်မက်ထဲမှာ သူ့ကိုယ်တစ်ခုလုံးက မိုးပေါ်ကကျလာသည့်ရေစက်လေးတွေလို ထိကြည့်ယုံဖြင့် လွင့်ပျယ်သွားနိုင်သည့်သဏ္ဍာန်ရှိနေပြီး သူ့ရဲ့အရှေ့မှာ ဒူးထောက်ကာ ရှင်းအော်ငိုနေ၏ ။သူ့ရဲ့လက်တွေက ရှင်းရဲ့ဆံနွယ်လေးတွေကို ထိချင်ပေမဲ့ ထိလိုက်လျှင် ခန္ဓာကိုယ်တစ်ခုလုံးကွဲကြေသွားမည်ကိုကြောက်နေပြီး သူ့အား ကိုကိုဟုခေါ်ကာ ငိုနေသည့်ရှင်းကိုသာ ငေးကြည့်နေရသည် ။
သို့ပေးမဲ့ ရှင်းသူ့ကိုမမြင်နိုင်ပေ ။ ရှေ့သို့လှမ်းလာသည့် ရှင်းရဲ့လက်တွေက သူ့ကိုယ်လေးကို ထိုးဖောက်ပြီး ဟေးယောင်ရဲ့ခန္ဓာတစ်ခုလုံး အငွှေ့အဖြစ်ပျောက်ကွယ်ကာ သူ့အမြင်အာရုံထဲက ရှင်းရဲ့ပုံရိပ်လေးအားအမှောင်ထုကြီးက ဖုံးလွှမ်းသွားလေသည် ။
" မဖြစ်ရဘူး …… မဖြစ်ရဘူး …… ရှင်းကိုယ့်ကိုဆွဲထားပေးပါ ……ကိုယ်မင်းအနားမှာပဲနေချင်တယ် "
ဟေးယောင်တိုးတိုးလေး ရေရွတ်နေမ်ိသည် ။ ရှင်းရဲ့ အော်ငိုသံတွေက သူ့ရဲ့နားထပ်မှာ လွင့်ပျံနေပြီး ထိုအိမ်မက်ဆိုးက တကယ်များဖြစ်လာမလားဆိုပြီး ဟေးယောင်စိုးရိမ်စပြုလာသည် ။ ပြီးနောက် အတွေးပေါင်းများစွာဝင်ရောက်လာပြီး စိတ်တွေ ချောက်ခြားလာ၏ ။
မနက် ၆ နာရီရှိနေပေမဲ့ အာကာပြင်တခွင်လုံး မိုးရိပ်များ ရစ်မဲနေခြင်းကြောင့် အလင်းရောင်ထွက်ပေါ်မလာသေးပေ ။ ဟေးယောင် ဘေးနားကစားပွဲပေါ်က ရေဘူးကိုဆွဲယူပြီး ရေတစ်ငုံသောက်ကာ မောပန်းမှုကိုဖြေဖျောက်လိုက်သည် ။ ဘေးနားကိုကြည့်လိုက်တော့ ရှင်းရှိမနေတော့ပေ ။ ဒီအချိန်ဆို ရှင်းမနက်စာပြင်နေပြီမို့ အောက်ထပ်ကမီးဖိုခန်းထဲတွင် ရှိနေမည်မှာအသေအချာပင် ။ ဟေးယောင်အချိန်ဆွဲမနေပဲ ကုတင်ပေါ်ကနေထကာ အောက်ထပ်သို့အပြေးဆင်းလာခဲ့သည် ။
အောက်ထပ်ကိုရောက်တော့ မီးဖိုခန်းထဲမှာ ဘောင်းဘီဒူးထိနှင့် အင်္ကျိလက်ပြတ်ကိုဝတ်ဆင်ပြီး ချမ်းအေးမှုကိုမခံစားရပဲ သွက်လက်စွာ ဟင်းများချက်ပြုတ်နေသည့်ရှင်းအား တွေ့လိုက်ရသည် ။ ဟေးယောင်ခြေလှမ်းတွေက မြန်ဆန်နေပြီး အိမ်မက်ဆိုးတွေကြောင့် စိတ်ချောက်ခြားကာ ရှင်းရဲ့အနောက်ကိုရောက်တော့ ကြီးမားကျယ်ပြန်သည့် ရှင်းရဲ့ကျောပြင်လေးအားမှီပြီး ရှင်းရဲ့ခါးကိုထင်းကြပ်စွာဖက်ထားလိုက်သည် ။
" ကိုကို နိုးပြီလား ……အစောကြီးရှိသေးတယ် "
ရှင်းက ဟေးယောင်လက်လေးအား ဖွဖွလေးကိုင်ပြီး မေးလိုက်ခြင်းဖြစ်သည် ။ ရှင်း သူ့အနောက်က ကျောပြင်အားမှီနေသည့်ဟေးယောင်မျက်နှာကိုမမြင်ရ၍ ဟေးယောင်အဆင်မပြေနေမှန်း သူမသိပေ ။
" ရှင်း …… ကိုယ်တောင်းပန်ပါတယ် "
ရုတ်တရပ်တောင်းပန်လာသည့်ဟေးယောင်ကြောင့် ရှင်းအနောက်သို့လှည့်လာ၏ ။ သူက ဟေးယောင်ရဲ့ ဝမ်းနည်းနေသည့် မျက်နှာလေးကိုမြင်ရတော့ တစ်စုံတစ်ရာလွဲမှားနေမှန်းသိသွားပြီး စိုးရိမ်စွာဖြင့်မေးလာ၏ ။
" ကိုကို တစ်ခုခုဖြစ်လို့လားဟင် …… ကျနော့ကိုစိတ်ပူအောင်မလုပ်ပါနဲ့ …… ဘာတွေဖြစ်နေတာလဲ ကျနော့ကိုပြောပါ "
ဟေးယောင်ပြောမထွက်ပေ ။ သူရှင်းနဲ့မခွဲနိုင်သလို ရှင်းလဲသူနဲ့ခွဲနိုင်မည်မဟုတ်မှန်းသိသည် ။ ဒါကြောင့်လဲ ဆေးကုသွားဖို့အတွက် ဆုံးဖြတ်ချက်ချရခက်ခဲနေ၏ ။
" ရှင်း ……ကိုယ်တစ်စုံတစ်ရာဖြစ်သွားခဲ့ရင် ……မင်းအနားကနေ ကိုယ်ထွက်သွားခဲ့ရင် ……မင်းကိုယ့်ကိုမေ့ပျောက်သွားမှာလား "
ရှင်းရဲ့မျက်ဝန်းတွေပြူးကျယ်သွားပြီး ထူးထူးဆန်းဆန်းတွေမေးနေသည့် ဟေးယောင်အား ကြည့်ကာဆိုလာ၏ ။
" ကိုကိုဘာတွေပြောနေတာလဲ ……အဲ့လိုမဖြစ်ရဘူး …… ကျနော်တကယ်ရူးသွားမှာ "
ဟေးယောင်အား သူ့ရဲ့ရင်ခွင်ထဲဆွဲကာဖက်ထားရင်း ရှင်းတစ်ကြိမ်တစ်ခါမှ မစဉ်းစားဖူးသည့် ကိစ္စတစ်ခုကို သတိရသွားသည် ။
* ကိုကို့ကိုယ်လေးက အရမ်းကိုသေးသွားတယ် … ပြီးတော့ ကိုကိုအရင်ကထက်လဲအားနည်းလာတယ် … ညအိပ်တိုင်းလဲ ကိုကိုခံနိုင်ရည်တွေလျော့နည်းလာပြီ … တခါတရံနှုတ်ခမ်းလေးတွေခြောက်နေတာကိုတွေ့ရတယ် … အစားပျက်နေတာလဲကြာပြီ … ဒါကြောင့်အားမရှိတာများလား … ပြီးတော့ ကိုကိုခိုးပြီးသောက်နေတဲ့ ဆေးတွေအကြောင်းလဲမမေးရသေးဘူး … ကိုကိုဘာတွေဖုံးကွယ်ထားတာလဲ … ဘာကြောင့်ငါ့ကို မသိစေချင်ရတာလဲ … ဘယ်လိုအရာတွေက ကိုကို့ကိုပြောင်းလဲသွားစေတာလဲ … ခုလဲကြောက်နေတဲ့ပုံပဲ … ငါမေးလိုက်ရင်ကိုကိုပြောပြပါ့မလား … ငါ့ကိုစိတ်ဆိုးသွားမှာလား *
အချိန်အတော်ကြာဖက်ထားပြီး ရင်ခွင်ထဲက ဟေးယောင်ကြောက်စိတ်တွေပျောက်ပြီး ငြိမ်သွားတော့မှ နောက်ဆုံးတော့ ရှင်းတွေဝေမနေတော့ပဲ မေးမြန်ရန်ဆုံးဖြတ်လိုက်သည် ။
" ကိုကို "
" ဟင် … ရှင်း "
" ကိုကိုကျနော့ကို ဖုံးကွယ်ထားတဲ့အရာတွေရှိနေတယ်လို့ကျနော်ခံစားရတယ် …… ခုတလောကိုကို့ကြည့်ရတာအားမရဘူး …… ဆေးစစ်ကြည့်မယ်ဆိုတော့ ကိုကိုအဆင်ပြေတယ်ဆိုပြီး ကျနော်မသိတဲ့ဆေးတွေပဲခိုးခိုးသောက်နေတယ် ……ကိုကိုဘာဖြစ်နေတာလဲ ……ကိုကိုပြောမှကျနော်သိရမှာပေါ့ ……ဒါမှကျနော်ကူညီနိုင်မှာ "
* ငါ့ရဲ့ရောဂါအကြောင်းပြောပြလိုက်ရင် ရှင်းခံစားရမှာ … အိမ်မက်ထဲကလို သူငိုကြွေးနေမှာလား … ငါခွဲစိတ်မှုမအောင်မြင်ရင် သူရူးသွားမှာလား … ငါတိတ်တိတ်လေး ထွက်သွားတာက ရှင်းအတွက်ပိုအဆင်ပြေလိမ့်မယ် … ငါပြန်လာလိမ့်မယ်ဆိုတဲ့အသိစိတ်လေးနဲ့ သူကောင်းကောင်းအသက်ရှင်သန်နိုင်မယ် … ငါမရှိတော့ရင်တောင် ငါပြန်လာမယ်ဆိုတဲ့မျှော်လင့်ချက်လေးကသူ့ကိုအသက်ရှင်သန်နေဖို့ အထောက်အကူဖြစ်စေလိမ့်မယ် … ငါပြောလို့မဖြစ်ဘူး … ဒီအကြောင်းတွေရှင်းသိလို့မဖြစ်ဘူး *ဟေးယောင်က ကြိုးစားကာပြုံးရင်း ……
" စိတ်မပူပါနဲ့ ……ကိုယ်က ငယ်ငယ်လေးကတည်းက အားနည်းတတ်တဲ့သူလေ …… ဒါကြောင့်လဲ အိမ်တွင်းဆရာဝန်အဖြစ် ထယ်ယောင်း Hyung ကိုခေါ်ထားရတာပေါ့ ……ခုဆေးကလဲ သူပေးထားတဲ့ဆေးတွေ ……မယုံရင်မေးကြည့် ……ကိုယ်နားလိုက်ရင် ပြန်အားပြည့်ပြီးကျန်းမာလာမှာ ……ရှင်းစိတ်မပူနဲ့တော့နော် "
ထိုအခါမှ ရှင်းက အပြုံးလေးဖြင့်ဆိုလာ၏ ။
" ဟုတ်ကိုကို ……ကျနော်လဲ ထယ်ယောင်း Hyung ကို စော်ကားမိခဲ့တဲ့အတွက် ပြန်တောင်းပန်ရမယ် …… ပြီးတော့ ကိုကို့ကို ဂရုစိုက်ပေးဖို့လဲ သေချာမှာရမယ် ……ဒါမှကိုကိုကကျမ်းမာလာမှာ ……ခုမနက်စာစားချိန်ရောက်ပြီဆိုတော့ ကိုကိုရေသွားချိုးတော့ ……ကျနော်ပြီးအောင်ပြင်လိုက်ဦးမယ် "
ရှင်းရဲ့အပြုံးလေးကို မြင်ရတာ့မှ ဟေးယောင်စိတ်သက်သာရာရသွားကာ အပေါ်ထပ်သို့ထပ်လာပြီးရေမိုးချိုးပြင်ဆင်လိုက်သည် ။ သူပြန်ဆင်းလာတော့ ရှင်းကစားပွဲပေါ်မှာထိုင်နေပြီး အရှေ့မှာစားစရာမျိုးစုံကို အရန်သင့်ချထားသည် ။ရှင်းက ဟေးယောင်ပန်းကန်ထဲ စားစရာတွေထည့်ပေးရင်း ဆိုလာ၏ ။
" ကိုကို ကျနော်တို့ ယွင်ရှန့်ကိုလဲသွားမတွေ့ရသေးဘူး ……ဒီတပတ်ကျောင်းပိတ်ရက်မှာသွားတွေ့ဖို့စဉ်းစားထားတယ် ……ကိုကိုလိုက်မှာလား "
" အင်း …… ရှောင်လုဖန်လဲ အဲ့ဒိကိုရောက်နေတယ်ကြားတယ် ……ကိုယ်လဲသွားတွေ့ရမလားစဉ်းစားနေတာ ……ပိတ်ရက်ကျ တူတူသွားကြတာပေါ့ "
" ဟုတ်ကိုကို "
ပြီးနောက်မနက်စာကို တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ပျော်ရွှင်စွာဖြင့်စားကြလေသည် ။
~ ~ ~
လုဖန် ယွင်ရှန့်တို့အိမ်ကိုရောက်နေတာ တစ်ပတ်ရှိနေပြီဖြစ်သော်လဲ ယခုအချိန်ထိ ယွင်ရှန့်ရဲ့အရေးပေးမှုကိုမရရှိသေးပေ ။
" ရှောင်လုဖန် ……မနက်စာစားချိန်အမှီထမလာရင် မင်းအတွက်ချန်မထားပဲအကုန်စားလိုက်မှာနော် ……မင်းမထချင်နေ "
ကြမ်းပြင်ပေါ်က မွှေ့ယာပေါ်မှာအိပ်နေသည့် လုဖန်တစ်ယောက် ခန္ဓာကိုယ်က သက်တောင့်သက်သာမရှိသော်လဲ အကျင့်ဖြစ်နေပြီဖြစ်၍ ကြိုးစားကာထနေ၏ ။ ပထမတစ်ရက်ကသာ ယွင်ရှန့်ကုတင်ပေါ်မှာ အိပ်ခွင့်ရခဲ့ပြီး ကျန်ရက်တွေမှာတော့ ယွင်ရှန့်ကန်ကန်ချခြင်းကြောင့် လုဖန် အရှုံးပေးကာ ကြမ်းပြင်ပေါ်မှာ အိပ်ဆက်နေရခြင်းဖြစ်သည် ။လုဖန်မျက်နှာသစ်ပြီး အောက်ထပ်ကိုဆင်းလာတော့ စားပွဲဝိုင်းတွင် ဘာတစ်ခုမှမရှိသေးပေ ။ ဦလေးချမ်းက မီးဖိုချောင်ဘက်ကနေထွက်လာပြီး လုဖန်ကိုလဲမြင်ရော အံ့သြသကြီးမေးလာ၏ ။
" သခင်လေး စောစောထလ်ို့ပါလား ……ဒီနေ့ဦးလေးရုံးပိတ်တယ်လေ ……ဒါကြောင့်သမီးလေးတောင်မထသေးဘူး ……သခင်လေးပြန်အိပ်ပါဦးလား "
နာရီမကြည့်မိပဲ ဒီနေ့အိပ်ယာထတော့ သူ့ခေါင်းတွေထိုးကိုက်နေရတဲ့အကြောင်းအရင်းကို လုဖန် သိသွားလေသည် ။ လုဖန်က သန်းဝေရင်း ……
" အဲ့ဒါဆိုလဲ ကျနော်ပြန် …… "
လုဖန်ပင်စကားမဆုံးသေး အနောက်ကနေ ယွင်ရှန့်ရောက်လာကာ ဝင်ပြောလာ၏ ။
" ဦလေးကလဲ ……သူကဒီနေ့မနက်စာကို ကိုယ်တိုင်ပြင်ပေးမို့ စောစောထလာတာ ……ဟုတ်တယ်မလား လုဖန် "
ဦလေးချမ်းက အံ့သြစွာဖြင့် မေးလာ၏ ။
" တကယ်လား ……သခင်လေးကိုယ်တိုင်ပြင်ပေးမဲ့မနက်စာကိုဦးသိချင်ပြီ "
ယွင်ရှန့်က တက်ကြွစွာဖြင့် ……
" ဒါပေါ့ ……သူတစ်ယောက်ထည်းပြင်ပေးမှာ ……ဦလေးက တစ်ပတ်လုံး ပင်ပန်းထာတော့ ဒီပိတ်ရက်မှာ အေးဆေးအနားယူသင့်တယ် ……ခုပြန်သွားအိပ်လိုက်ပါလား "
" တကယ်လား …… ဦလေးပင်ပန်းတာတော့အမှန်ပဲ …… ရှောင်သခင်လေးရာအဆင်ပြေရဲ့လား "
ယွင်ရှန့်က ငြိမ်ပြီးရပ်နေသည့် လုဖန်အားကြည့်လိုက်ပြီး ……
" ပြေတယ်လို့ပြောလိုက်လေ "
သူ့အကြံနဲ့သူကျေနပ်နေသည့် ယွင်ရှန့်အားကြည့်ပြီး လုဖန်မငြင်းဆန်နိုင်တော့ပေ ။
" ဟုတ် … ဟုတ်တာပေါ့ …… ဦးလေးသွားနားပါ ……ကျနော်ပဲပြင်လိုက်မယ် "
" ကောင်းလိုက်တာ ……ယွင်ရှန့် မင်းဘေးကနေကူညီလိုက် ……ဦးလေးပြန်သွားနားလိုက်ဦးမယ် "
" ဟုတ်ကဲ့ ဖြေးဖြေးသွာနော် "
ဦးလေးချမ်းသူ့အခန်းသူပြန်ဝင်သွားတော့ ထွက်ပြေးရန်ချောင်းနေသည့် ယွင်ရှန့်အား လှေကားတစ်ဝက်ကနေ လုဖန် ဖမ်းမိထားသည် ။
" ဒါက ဘယ်ကိုပြေးဖို့ကြံနေတာလဲယွင်လေး ……ကိုယ့်ကိုကူညီဖို့ ဦးလေးက မှာခဲ့တယ်လေ "
ယွင်ရှန့်က လုဖန်လက်ထဲကနေ အတင်းရုန်းထွက်နေရင်း ……
" လွှတ်စမ်းလုဖန် ……ငါကဘာကြောင့်ကူညီရမှာလဲ ……မင်းဘာသာလုပ် "
" ကိုယ်မလုပ်တတ်တာမင်းအသိဆုံးလေ "
" မင်းမှာလုပ်တတ်တာရောရှိသေးရဲ့လား "
လုဖန်က ညစ်ကျယ်ကျယ်အပြုံးဖြင့် ဆိုလာ၏ ။
" ဒါပေါ့ …… ရှိတာပေါ့ ……မင်းကိုလုပ်တာ ကိုယ်အကျွမ်းကျင်ဆုံးပဲ "
ယွင်ရှန့်က မျက်စောင်းတစ်ချက်ထိုးလိုက်ရင်း ……
" မင်းခေါင်းထဲမှာ ဒါတွေပဲပြည့်နေတာလား …… ဖယ် …… ကိုယ့်ဘာသာပဲချက်မယ် "
မီးဖိုခန်းထဲမှာ လုဖန်က ကြက်ဥဖောက်ကာ ခလောက်နေပြီး ယွင်ရှန့်က ကြော်ရန်အိုးတည်နေ၏ ။ ဒီနေ့မနက်စာကို ကြက်ဥပေါင်မုန့်ကြော် ဝက်အူချောင်းကျော်နှင့် ယွင်ရှန့်ကိုယ်တိုင်ဖျော်စပ်မည့် လက်လုပ်ကော်ဖီပြင်ဆင်ရန် ဆုံးဖြတ်ထားသည် ။ယွင်ရှန့်က ကြက်ဥအတွင်း ပေါင်မုန့်ကိုနှစ်ပြီး ဆီထဲသို့ထည့်ကာကြော်နေ၏ ။ လုဖန်က ဘာတစ်ခုမှမလုပ်ပဲ မေးထောက်ကာ ယွင်ရှန့်အား စိုက်ကြည့်နေလေသည် ။
" ရှောင်လုဖန် ……မင်းထိုင်နေမဲ့အစား ငါ့ကိုကော်ဖီစေ့ကြိတ်ပေး "
" ကိုယ်မလုပ်တတ်ဘူး "
" ဒါဆိုလဲ တစ်ဖက်က ဒယ်အိုးမှာ ဝက်အူချောင်းသွားကြော် "
" ဝက်အူချောင်း ကိုယ်မကြိုက်ဘူး "
ယွင်ရှန့်က စိတ်မရှည်စွာဖြင့် လုဖန်အားကြည့်လိုက်ပြီး ……
" မင်းမှာကြိုက်တာရောရှိသေရဲ့လား …… ဇီဇာကြောင်တဲ့အဖိုးကြီး "
ထိုအခါတွင် လုဖန်က ထိုင်နေရာမှထလာကာ ယွင်ရှန့်နားနားလေးကပ်ပြီး ပြောလိုက်သည် ။
" ကိုယ်မင်းကိုကြိုက်တယ်လေ ……မင်းညီလေးရောပဲ …… ပြီးတော့ ပန်းရောင်ချယ်ရီသီးတွေလေး … နောက်ဆုံး မင်းရဲ့ခရေ လေးက ကိုယ့်ကိုရူးသွပ်အောင်ပြုစားထားတယ် "
ယွင်ရှန့် ပါးတွေနီလာပြီး ရှက်စိတ်ကို ဒေါသအဖြစ်ပြောင်းလဲကာ လုဖန်အား အော်လေတော့သည် ။
" အရှက်မဲ့လိုက်တာ …… ပေါက်ကရတွေပြောနေမယ်ဆို ခုထွက်သွား "
" မသွားနိုင်ပါဘူး ……ကိုယ့်ရဲ့မနက်စာလေးကို စားရဦးမယ်လေ "
လုဖန်လက်တွေက ရဲတင်းစွာဖြင့် ယွင်ရှန့်ခါးအား ဖက်လိုက်ပြီး ဖြူဖွေးနေသည့် ယွင်ရှန့်လည်တိုင်လေးအား ကုန်းကိုက်လိုက်သည် ။
" မင်းဘာလုပ်တာလဲ ……မင်းကိုပါဆီထဲထည့်ကြော်ပစ်လိုက်မှာနော် "
လုဖန်တစ်ယောက် စိတ်တွေချုပ်တီးမရသည့်အဆုံး၌ ယွင်ရှန့်လက်ထဲက ဒယ်အိုးကိုချစေလိုက်ပြီး မီးခလုပ်ကိုပိတ်ကာ ယွင်ရှန့်အား ဧည့်ခန်းထဲ ဆွဲခေါ်သွာလေသည် ။
" မင်းဘာလုပ်နေတာလဲ …… မနက်စာပြင်လို့မပြီးသေးဘူး "
လုဖန်က လူ ၃ ဦးခန့်ဆန့်သည့် ဆိုဖာအပေါ်သို ယွင်ရှန့်အား တွန့်ပို့လိုက်သည် ။ ပြီးနောက် အပေါ်ကနေအုပ်မိုးကာ ရုန်းကန်နေသည့် ယွင်ရှန့် လက်လေးတွေကို ဖမ်းချုပ်ထားလိုက်သည် ။
" ရှောင်လုဖန် ခုလွှတ်နော် …… ငါမင်းကိုကန်မိတော့မယ် "
ဒါကြောင့်မို့ လုဖန်က တမင်ခြေထောက်တွေပေါ်ဖိနှိပ်ကာ ခွထိုင်ထားခြင်းဖြစ်သည် ။
" မလွှတ်နိုင်ဘူး …… မနက်ပိုင်းဆို ငြှို့အားပြင်းလွန်းတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်သင့်တယ် "
" မင်းဘာတွေပြာနေတာလဲ …… ဦးလေးတို့ဆင်းလာရင် မြင်သွားလိမ့်မယ် "
" စိတ်ချပါ …… သူတို့ ခုချိန်ဆင်းလာဦးမှာမဟုတ်ဘူး "
" မင်းဘာတွေကြံနေတာလဲ "
" ယောက်ျားတွေရဲ့ကာမစိတ်က မနက်ပိုင်းမှာပိုအားကောင်းတယ်တဲ့ …… ကိုယ့်ကိုစောစောနှိုးလိုက်တဲ့မင်းရဲ့အပြစ်ပဲ "
" တစ်ခါမှမကြားဖူးဘူး "
" မယုံရင်စမ်းကြည့်မလား …… အားကောင်းမကောင် သိရတာပေါ့ "
" လုဖန် စနောက်နေတာတွေတော်သင့်ပြီ ……ဒါငါ့အိမ် … ငါမင်းရဲ့အရုပ်လဲမဟုတ်တော့ဘူး ……မင်းလုပ်ချင်တဲ့အချိန်လုပ်ရအောင်ထိ ငါ့ခန္ဓာကိုယ်က မင်းအမြင်မှာ အပေါစားဆန်နေပြီလား "
လေးနက်စွာပြောလာသည့် ယွင်ရှန့်ကြောင့် လုဖန်ရင်ထဲမကောင်းဖြစ်သွားသည် ။ သူက ယွင်ရှန့်လက်လေးအား သူ့ရင်ဘက်ပေါ် ထောက်ထားစေပြီး ……
" ဒီနေရာကခံစားမိလား ……ကိုယ်မင်းနဲ့ရှိတဲ့အချိန်တိုင်း ရင်တွေခုန်နေတယ် ……မင်းကိုအပေါစားအရာတစ်ခုလို့ကိုယ်ဘယ်တုန်းကမှမမြင်ခဲ့ဘူး ……မင်းက ကို့အတွက်အဖိုးမဖြတ်န်ိုင်တဲ့အရာတစ်ခုပဲယွင်လေး .… မင်းကကိုယ့်ရဲ့အရာရာပါပဲကွာ "
ယွင်ရှန့် လုဖန်ရဲ့တော်ကီတွေကြွယ်ဝမှုအောက်မှာ ပါစပ်အဟောင်းသားလေးနဲ့ငြိမ်ကျသွားလေတော့တယ် … ခနကြာတော့မှ အသိပြန်ဝင်လာပြီ …
" မင်းပြောလို့ပြီးပြီဆိုဖယ်တော့ "
ယွင်ရှန့်လက်တွေက လုဖန်အားတွန်းထုတ်နေသော်လဲ မျက်လုံးခြင်းမစုံရဲပေ ။ လုဖန်စကားကြောင့် နီရဲလာသည့်ပါးပြင်ကို ဖုံးကွယ်ရန်ကြိုးစားပေမဲ့ သူ့ရဲ့လက်တွေက လုဖန်ဖမ်းချုပ်တာကို ခံလိုက်ရလေသည် ။ လုဖန်က ယွင်ရှန့် လက်ဖမိုးလေးအား သူ့ရဲ့နှုတ်ခမ်းသားလေးနဲ့ ထိတွေ့ကာ အနမ်းပေးလိုက်သည် ။
" ကိုယ်ပြောတာတကယ်ပါကွာ ……မင်းယုံကြည်လာအောင် ကိုယ်ကြိုးစားမယ် …… ဒါပေမဲ့ ခုကိုယ်မင်းကို မလွှတ်ပေးချင်သေးဘူး ……ကိုယ့်ကိုနမ်းခွင့်ပေးပါလား ……နမ်းယုံလေးပါပဲတကယ်ပါ ……မင်းခွင့်ပြုချက်မပါပဲ ကိုယ်အဆင့်မတတ်ဘူး …… နမ်းယုံလေးတော့ ခွင့်ပြုပါကွာနော် "
ယွင်ရှန့်မျက်နှာက ဘေးဘက်သို့သာလှည့်နေ၏ ။ လုဖန်တောင်းဆိုမှုကို မငြင်းဆန်သလို လက်ခံသည်ဟုလဲမပြောပေ ။ခဏတာတိတ်ဆိတ်သွားပြီးနောက် အသံတိုးတိုးလေးထွက်ပေါ်လာ၏ ။
" ဒီတစ်ကြိမ်ပဲနော် …… နောက်ဆိုမရဘူး "
လုဖန်က ခွင့်ပြုလိမ့်မည်ဟုထင်မထား၍ ဝမ်းနည်းနေသည့်ကြားက ယွင်ရှန့်ရဲ့ အသံလေးကိုကြားလိုက်ရတော့ လွန်စွာပျော်ရွှင်သွားလေသည် ။ သူ့ရဲ့လက်တွေက နီနေသည့် ယွင်ရှန့်ပါး ၂ ဖက်အားဖစ်ကိုင်လိုက်ပြီး ပန်းဆီရောင်နှုတ်ခမ်းသားလေးအား သူ့ရဲ့နှုတ်ခမ်းတွေနဲ့ အားရှိသမျှဖိကပ်လိုက်သည် ။ ပြီးနောက် တစ်လွှာခြင်းကို နူးညံ့စွာဖြင်စုပ်ယူနေတော့သည် ။ သူ့ရဲ့လျှာလေးက ယွင်ရှန့်ခံတွင်းထဲတွင် လှည့်လည်နေပြီး အနမ်းတွေကို ဦးဆောင်နေ၏ ။
ယွင်ရှန့် ထိုအနမ်းတွေအပေါ် ပြန်ပြီးမတုန့်ပြန်မိစေရန် ကြိုးစားပေမဲ့ လုဖန်ရဲ့ကြွမ်းကြင်မှုကြောင့် သူ့လျှာက သူ့စကားကိုနားမထောင်ပဲ လုဖန်လှုပ်ရှားမှုအတိုင်း လုပ်ဆောင်နေ၏ ။ နောက်ဆုံးတော့ အလျော့အတင်းမရှိ ဟန်ချက်ညီနေသည့် အနမ်းတစ်ခုရဲ့ မြင်ကွင်းက မနက်ခင်းနေရောင်ခြည်၏ လှပမှုထက်ပင် သာလွန်နေတော့သည် ။
…………………………………………………………………
To Be Continued ………
#Zawgyi
အိမ္မက္ဆိုးတစ္ခုက ေဟးေယာင္ရဲ႔ႏွစ္ျခိဳက္စြာအိပ္ေမာက်ေနျခင္းအား ထိပ္လန္ ့ျခင္းနဲ႔အတူ နိုးထေစခဲ႔သည္ ။ သူအိမ္မက္ဆိုးမက္တဲ႔အခါတိုင္း ေတာ္ေတာ္နဲ႔ျပန္မအိပ္တတ္ေတာ့ဘူး ။ တနည္းေျပာရရင္ အိပ္ရမွာကိုေျကာက္သြားျခင္းေျကာင့္ျဖစ္ေလသည္ ။
အိမ္မက္ထဲမွာ သူ ့ကိုယ္တစ္ခုလံုးက မိုးေပၚကက်လာသည့္ေရစက္ေလးေတြလို ထိျကည့္ယံုျဖင့္ လြင့္ပ်ယ္သြားနိုင္သည့္သ႑ာန္ရွိေနျပီး သူ ့ရဲ႔အေရွ႔မွာ ဒူးေထာက္ကာ ရွင္းေအာ္ငိုေန၏ ။
သူ ့ရဲ႔လက္ေတြက ရွင္းရဲ႔ဆံႏြယ္ေလးေတြကို ထိခ်င္ေပမဲ့ ထိလိုက္လ်ွင္ ခႏၶာကိုယ္တစ္ခုလံုးကြဲေျကသြားမည္ကိုေျကာက္ေနျပီး သူးအား ကိုကိုဟုေခၚကာ ငိုေနသည့္ရွင္းကိုသာ ေငးျကည့္ေနရသည္ ။
သို ့ေပးမဲ႔ ရွင္းသူ ့ကိုမျမင္နိုင္ေပ ။ ေရွ႔သို ့လွမ္းလာသည့္ ရွင္းရဲ႔လက္ေတြက သူ ့ကိုယ္ေလးကို ထိုးေဖာက္ျပီး ေဟးေယာင္ရဲ႔ခႏၶာတစ္ခုလံုး အေငႊ႔အျဖစ္ေပ်ာက္ကြယ္ကာ သူ ့အျမင္အာရံုထဲက ရွင္းရဲ႔ပံုးရိပ္ေလးအားအေမွာင္ထုျကီးက ဖံုးလႊမ္းသြားေလသည္ ။
" မျဖစ္ရဘူး ...... မျဖစ္ရဘူး ......
ရွင္းကိုယ့္ကိုဆြဲထားေပးပါ ......
ကိုယ္မင္းအနားမွာပဲေနခ်င္တယ္ "
ေဟးေယာင္တိုးတိုးေလး ေရရြတ္ေနမ္ိသည္ ။
ရွင္းရဲ႔ ေအာ္ငိုသံေတြက သူ ့ရဲ႔နားထပ္မွာ လြင့္ပ်ံေနျပီး ထိုအိမ္မက္ဆိုးက တကယ္မ်ားျဖစ္လာမလားဆိုျပီး ေဟးေယာင္စိုးရိမ္စျပဳလာသည္ ။ ျပီးေနာက္ အေတြးေပါင္းမ်ားစြာဝင္ေရာက္လာျပီး စိတ္ေတြ ေခ်ာက္ျခားလာ၏ ။
မနက္ ၆ နာရီရွိေနေပမဲ႔ အာကာျပင္တခြန္လံုး မိုးရိပ္မ်ား ရစ္မဲေနျခင္းေျကာင့္ အလင္းေရာင္ထြက္ေပၚမလာေသးေပ ။
ေဟးေယာင္ ေဘးနားကစားပြဲေပၚက ေရဘူးကိုဆြဲယူျပီး ေရတစ္ငံုေသာက္ကာ ေမာပန္းမႈကိုေျဖေဖ်ာက္လိုက္သည္ ။
ေဘးနားကိုျကည့္လိုက္ေတာ့ ရွင္းရွိမေနေတာ့ေပ ။ ဒီအခ်ိန္ဆို ရွင္းမနက္စာျပင္ေနျပီမို ့ ေအာက္ထပ္ကမီးဖိုခန္းထဲတြင္ ရွိေနမည္မွာအေသအခ်ာပင္ ။
ေဟးေယာင္အခ်ိန္ဆြဲမေနပဲ ကုတင္ေပၚကေနထကာ ေအာက္ထပ္သို ့အေျပးဆင္းလာခဲ႔သည္ ။
ေအာက္ထပ္ကိုေရာက္ေတာ့ မီးဖိုခန္းထဲမွာ ေဘာင္းဘီဒူးထိနွင့္ အကႋ်လက္ျပတ္ကိုဝတ္ဆင္ျပီး ခ်မ္းေအးမႈကိုမခံစားရပဲ သြက္လက္စြာ ဟင္းမ်ားခ်က္ျပဳတ္ေနသည့္ရွင္းအား ေတြ႔လိုက္ရသည္ ။
ေဟးေယာင္ေျခလွမ္းေတြက ျမန္ဆန္ေနျပီး အိမ္မက္ဆိုးေတြေျကာင့္ စိတ္ေခ်ာက္ျခားကာ ရွင္းရဲ႔အေနာက္ကိုေရာက္ေတာ့ ျကီးမားက်ယ္ျပန္သည့္ ရွင္းရဲ႔ေက်ာျပင္ေလးအားမွီျပီး ရွင္းရဲ႔ခါးကိုထင္းျကပ္စြာဖက္ထားလိုက္သည္ ။
" ကိုကို နိုးျပီလား ......
အေစာျကီးရွိေသးတယ္ "
ရွင္းက ေဟးေယာင္လက္ေလးအား ဖြဖြေလးကိုင္ျပီး ေမးလိုက္ျခင္းျဖစ္သည္ ။ ရွင္း သူ ့အေနာက္က ေက်ာျပင္အားမွီေနသည့္ေဟးေယာင္မ်က္နွာကိုမျမင္ရ၍ ေဟးေယာင္အဆင္မေျပေနမွန္း သူမသိေပ ။
" ရွင္း ......
ကိုယ္ေတာင္းပန္ပါတယ္ "
ရုတ္တရပ္ေတာင္းပန္လာသည့္ေဟးေယာင္ေျကာင့္ ရွင္းအေနာက္သို ့လွည့္လာ၏ ။ သူက ေဟးေယာင္ရဲ႔ ဝမ္းနည္းေနသည့္ မ်က္နွာေလးကိုျမင္ရေတာ့ တစ္စံုတစ္ရာလြဲမွားေနမွန္းသိသြားျပီး စိုးရိမ္စြာျဖင့္ေမးလာ၏ ။
" ကိုကို တစ္ခုခုျဖစ္လို ့လားဟင္ ......
က်ေနာ့ကိုစိတ္ပူေအာင္မလုပ္ပါနဲ႔ ......
ဘာေတြျဖစ္ေနတာလဲ က်ေနာ့ကိုေျပာပါ "
ေဟးေယာင္ေျပာမထြက္ေပ ။
သူရွင္းနဲ႔မခြဲနိုင္သလို ရွင္းလဲသူနဲ႔ခြဲနိုင္မည္မဟုတ္မွန္းသိသည္ ။ ဒါေျကာင့္လဲ ေဆးကုသြားဖို ့အတြက္ ဆံုးျဖတ္ခ်က္ခ်ရခက္ခဲေန၏ ။
" ရွင္း ......
ကိုယ္တစ္စံုတစ္ရာျဖစ္သြားခဲ႔ရင္ ......
မင္းအနားကေန ကိုယ္ထြက္သြားခဲ႔ရင္ ......
မင္းကိုယ့္ကိုေမ့ေပ်ာက္သြားမွာလား "
ရွင္းရဲ႔မ်က္ဝန္းေတြျပဴးက်ယ္သြားျပီး ထူးထူးဆန္းဆန္းေတြေမးေနသည့္ ေဟးေယာင္အား ျကည့္ကိုဆိုလာ၏ ။
" ကိုကိုဘာေတြေျပာေနတာလဲ ......
အဲ႔လိုမျဖစ္ရဘူး ......
က်ေနာ္တကယ္ရူးသြားမွာ "
ေဟးေယာင္အား သူ ့ရဲ႔ရင္ခြင္ထဲဆြဲကာဖက္ထားရင္း ရွင္းတစ္ျကိမ္တစ္ခါမွ မစဥ္းစားဖူးသည့္ ကိစၥတစ္ခုကို သတိရသြားသည္ ။
* ကိုကို ့ကိုယ္ေလးက အရမ္းကိုေသးသြားတယ္ ... ျပီးေတာ့ ကိုကိုအရင္ကထက္လဲအားနည္းလာတယ္ ... ညအိပ္တိုင္းလဲ ကိုကိုခံနိုင္ရည္ေတြေလ်ာ့နည္းလာျပီ ... တခါတရံႏႈတ္ခမ္းေလးေတြေျခာက္ေနတာကိုေတြ႔ရတယ္ ... အစားပ်က္ေနတာလဲျကာျပီ ... ဒါေျကာင့္အားမရွိတာမ်ားလား ... ျပီးေတာ့ ကိုကိုခိုးျပီးေသာက္ေနတဲ႔ ေဆးေတြအေျကာင္းလဲဲမေမရေသးဘူး ... ကိုကိုဘာေတြဖံုးကြယ္ထားတာလဲ ... ဘာေျကာင့္ငါ့ကို မသိေစခ်င္ရတာလဲ ... ဘယ္လိုအရာေတြက ကိုကို ့ကိုေျပာင္းလဲသြားေစတာလဲ ... ခုလဲေျကာက္ေနတဲ႔ပံုပဲ ... ငါေမးလိုက္ရင္ကိုကိုေျပာျပပါ့မလား ... ငါ့ကိုစိတ္ဆိုးသြားမွာလား *
အခ်ိန္အေတာ္ျကာဖက္ထားျပီး ရင္ခြင္ထဲက ေဟးေယာင္ေျကာက္စိတ္ေတြေပ်ာက္ျပီး ျငိမ္သြားေတာ့မွ ေနာက္ဆံုးေတာ့ ရွင္းေတြေဝမေနေတာ့ပဲ ေမးျမန္ရန္ဆံုးျဖတ္လိုက္သည္ ။
" ကိုကို "
" ဟင္ ရွင္း "
" ကိုကိုက်ေနာ့ကို ဖံုးကြယ္ထားတဲ႔အရာေတြရွိေနတယ္လို ့က်ေနာ္ခံစားရတယ္ ......
ခုတေလာကိုကို ့ျကည့္ရတာအားမရဘူး ......
ေဆးစစ္ျကည့္မယ္ဆုိေတာ့ ကိုကိုအဆင္ေျပတယ္ဆိုျပီး က်ေနာ္မသိတဲ႔ေဆးေတြပဲခိုးခိုးေသာက္ေနတယ္ ......
ကိုကိုဘာျဖစ္ေနတာလဲ ......
ကိုကိုေျပာမွက်ေနာ္သိရမွာေပါ့ ......
ဒါမွက်ေနာ္ကူညီနိုင္မွာ "
* ငါ့ရဲ႔ေရာဂါအေျကာင္းေျပာျပလိုက္ရင္ ရွင္းခံစားရမွာ ... အိမ္မက္ထဲကလို သူငိုေျကြးေနမွာလား ... ငါခြဲစိတ္မႈမေအာင္ျမင္ရင္ သူရူးသြားမွာလား ... ငါတိတ္တိတ္ေလး ထြက္သြားတာက ရွင္းအတြက္ပိုအဆင္ေျပလိမ့္မယ္ ... ငါျပန္လာလိမ့္မယ္ဆိုတဲ႔အသိစိတ္ေလးနဲ႔ သူေကာင္းေကာင္းအသက္ရွင္သန္နိုင္မယ္ ... ငါမရွိေတာ့ရင္ေတာင္ ငါျပန္လာမယ္ဆိုတဲ႔ေမ်ွာ္လင့္ခ်က္ေလးကသူ ့ကိုအသက္ရွင္သန္ေနဖို ့ အေထာက္အကူျဖစ္ေစလိမ့္မယ္ ... ငါေျပာလို ့မျဖစ္ဘူး ... ဒီအေျကာင္းေတြရွင္းသိလို ့မျဖစ္ဘူး *
ေဟးေယာင္က ျကိဳးစားကာျပံဳးရင္း ......
" စိတ္မပူပါနဲ႔ ......
ကိုယ္က ငယ္ငယ္ေလးကတည္းက အားနည္းတတ္တဲ႔သူေလ ......
ဒါေျကာင့္လဲ အိမ္တြင္းဆရာဝန္အျဖစ္ ထယ္ေယာင္ Hyung ကိုေခၚထားရတာေပါ့ ......
ခုေဆးကလဲ သူေပးထားတဲ႔ေဆးေတြ ......
မယံုရင္ေမးျကည့္ ......
ကိုယ္နားလိုက္ရင္ ျပန္အားျပည့္ျပီးက်မ္းမာလာမွာ ......
ရွင္းစိတ္မပူနဲ႔ေတာ့ေနာ္ "
ထိုအခါမွ ရွင္းက အျပံဳးေလးျဖင့္ဆိုလာ၏ ။
" ဟုတ္ကိုကို ......
က်ေနာ္လဲ ထယ္ေယာင္း Hyung ကို ေစာ္ကားမိခဲ႔တဲ႔အတြက္ ျပန္ေတာင္းပန္ရမယ္ ......
ျပီးေတာ့ ကိုကို ့ကို ဂရုစိုက္ေပးဖို ့လဲ ေသခ်ာမွာရမယ္ ......
ဒါမွကိုကိုကက်မ္းမာလာမွာ ......
ခုမနက္စာစားခ်ိန္ေရာက္ျပီဆိုေတာ့ ကိုကိုေရသြားခ်ိဳးေတာ့ ......
က်ေနာ္ျပီးေအာင္ျပင္လိုက္ဦးမယ္ "
ရွင္းရဲ႔အျပံဳးေလးကို ျမင္ရတာ့မွ ေဟးေယာင္စိတ္သက္သာရာရသြားကာ အေပၚထပ္သို ့ထပ္လာျပီးေရမိုးခ်ိဳးျပင္ဆင္လိုက္သည္ ။
သူျပန္ဆင္းလာေတာ့ ရွင္းကစားပြဲေပၚမွာထိုင္ေနျပီး အေရွ႔မွာစားစရာမ်ိဳးစံုကို အရန္သင့္ခ်ထားသည္ ။
ရွင္းက ေဟးေယာင္ပန္းကန္ထဲ စားစရာေတြထည့္ေပးရင္း ဆိုလာ၏ ။
" ကိုကို က်ေနာ္တို ့ ယြင္ရွန္ ့ကိုလဲသြားမေတြ႔ရေသးဘူး ......
ဒီတပတ္ေက်ာင္းပိတ္ရက္မွာသြားေတြ႔ဖို ့စဥ္းစားထားတယ္ ......
ကိုကိုလိုက္မွာလား "
" အင္း ...... ေရွာင္လုဖန္လဲ အဲ႔ဒိကိုေရာက္ေနတယ္ျကားတယ္ ......
ကိုယ္လဲသြားေတြ႔ရမလားစဥ္းစားေနတာ ......
ပိတ္ရက္က် တူတူသြားျကတာေပါ့ "
" ဟုတ္ကိုကို "
ျပီးေနာက္မနက္စာကို တစ္ေယာက္မ်က္နွာတစ္ေယာက္ျကည့္ရင္း ေပ်ာ္ရႊင္စြာျဖင့္စားျကေလသည္ ။
~ ~ ~
လုဖန္ ယြင္ရွန္ ့တို ့အိမ္ကိုေရာက္ေနတာ တစ္ပတ္ရွိေနျပီျဖစ္ေသာ္လဲ ယခုအခ်ိန္ထိ ယြင္ရွန္ ့ရဲ႔အေရးေပးမႈကိုမရရွိေသးေပ ။
" ေရွာင္လုဖန္ ......
မနက္စာစားခ်ိန္အမွီထမလာရင္ မင္းအတြက္ခ်န္မထားပဲအကုန္စားလိုက္မွာေနာ္ ......
မင္းမထခ်င္ေန "
ျကမ္းျပင္ေပၚက ေမႊ႔ယာေပၚမွာအိပ္ေနသည့္ လုဖန္တစ္ေယာက္ ခႏၶာကိုယ္က သက္ေတာင့္သက္သာမရွိေသာ္လဲ အက်င့္ျဖစ္ေနျပီျဖစ္၍ ျကိဳးစားကာထေန၏ ။
ပတာထမတစ္ရက္ကသာ ယြင္ရွန္ ့ကုတင္ေပၚမွာ အိပ္ခြင့္ရခဲ႔ျပီး က်န္ရက္ေတြမွာေတာ့ ယြင္ရွန္ ့ကန္ကန္ခ်ျခင္းေျကာင့္ လုဖန္ အရႈံးေပးကာ ျကမ္းျပင္ေပၚမွာ အိပ္ဆက္ေနရျခင္းျဖစ္သည္ ။
လုဖန္မ်က္နွာသစ္ျပီး ေအာက္ထပ္ကိုဆင္းလာေတာ့ စားပြဲဝိုင္းတြင္ ဘာတစ္ခုမွမရွိေသးေပ ။ ဦေလးခ်မ္းက မီးဖိုေခ်ာင္ဘက္ကေနထြက္လာျပီး လုဖန္ကိုလဲျမင္ေရာ အ့ံျသသျကီးေမးလာ၏ ။
" သခင္ေလး ေစာေစာထလ္ုိ ့ပါလား ......
ဒီေန ့ဦးေလးရံုးပိတ္တယ္ေလ ......
ဒါေျကာင့္သမီးေလးေတာင္မထေသးဘူး ......
သခင္ေလးျပန္အိပ္ပါဦးလား "
နာရီမျကည့္မိပဲ ဒီေန ့အိပ္ယာထေတာ့ သူ ့ေခါင္းေတြထိုးကိုက္ေနရတဲ႔အေျကာင္းအရင္းကို လုဖန္ သိသြားေလသည္ ။ လုဖန္က သန္းေဝရင္း ......
" အဲ႔ဒါဆိုလဲ က်ေနာ္ျပန္ ...... "
လုဖန္ပင္စကားမဆံုးေသး အေနာက္ကေန ယြင္ရွန္ ့ေရာက္လာကာ ဝင္ေျပာလာ၏ ။
" ဦေလးကလဲ ......
သူကဒီေန ့မနက္စာကို ကိုယ္တိုင္ျပင္ေပးမို ့ ေစာေစာထလာတာ ......
ဟုတ္တယ္မလား လုဖန္ "
ဦေေလးခ်မ္းက အ့ံျသစြာျဖင့္ ေမးလာ၏ ။
" တကယ္လား ......
သခင္ေလးကိုယ္တိုင္ျပင္ေပးမဲ႔မနက္စာကိုဦးသိခ်င္ျပီ "
ယြင္ရွန္ ့က တက္ျကြစြာျဖင့္ ......
" ဒါေပါ့ ......
သူတစ္ေယာက္ထည္းျပင္ေပးမွာ ......
ဦေလးက တစ္ပတ္လံုး ပင္ပန္းထာေတာ့ ဒီပိတ္ရက္မွာ ေအးေဆးအနားယူသင့္တယ္ ......
ခုျပန္အိပ္သြားအိပ္လိုက္ပါလား "
" တကယ္လား ......
ဦေလးပင္ပန္းတာေတာ့အမွန္ပဲ ......
ေရွာင္သခင္ေလးရာအဆင္ေျပရဲ႔လား "
ယြင္ရွန္ ့က ျငိမ္ျပီးရပ္ေနသည့္ လုဖန္အားျကည့္လိုက္ျပီး ......
" ေျပတယ္လို ့ေျပာလိုက္ေလ "
သူ ့အျကံနဲ႔သူေက်နပ္ေနသည့္ ယြင္ရွန္ ့အားျကည့္ျပီး လုဖန္မျငင္းဆန္နိုင္ေတာ့ေပ ။
" ဟုတ္ ... ဟုတ္တာေပါ့ ......
ဦးေလးသြားနားပါ ......
က်ေနာ္ပဲျပင္လိုက္မယ္ "
" ေကာင္းလိုက္တာ ......
ယြင္ရွန္ ့ မင္းေဘးကေနကူညီလိုက္ ......
ဦးေလးျပန္သြားနားလိုက္ဦးမယ္ "
" ဟုတ္ကဲ႔ ေျဖးေျဖးသြာေနာ္ "
ဦးေလးခ်မ္းသူ ့အခန္းသူျပန္ဝင္သြားေတာ့ ထြက္ေျပးရန္ေခ်ာင္းေနသည့္ ယြင္ရွန္ ့အား ေလွကားတစ္ဝက္ကေန လုဖန္ ဖမ္းမိထားသည္ ။
" ဒါက ဘယ္လိုေျပးဖို ့ျကံေနတာလဲယြင္ေလး ......
ကိုယ့္ကိုကူညီဖို ့ ဦးေလးက မွာခဲ႔တယ္ေလ "
ယြင္ရွန္ ့က လုဖန္လက္ထဲကေန အတင္းရုန္းထြက္ေနရင္း ......
" လႊတ္စမ္းလုဖန္ ......
ငါကဘာေျကာင့္ကူညီရမွာလဲ ......
မင္းဘာသာလုပ္ "
" ကိုယ္မလုပ္တတ္တာမင္းအသိဆံုးေလ "
" မင္းမွာလုပ္တတ္တာေရာရွိေသးရဲ႔လား "
လုဖန္က ညစ္က်ယ္က်ယ္အျပံဳးျဖင့္ ဆိုလာ၏ ။
" ဒါေပါ့ ...... ရွိတာေပါ့ ......
မင္းကိုလုပ္တာ ကိုယ္အျကြမ္းက်င္ဆံုးပဲ "
ယြင္ရွန္ ့က မ်က္ေစာင္းတစ္ခ်က္ထိုးလိုက္ရင္း ......
" မင္းေခါင္းထဲမွာ ဒါေတြပဲျပည့္ေနတာလား ......
ဖယ္ ...... ကိုယ့္ဘာသာခ်က္မယ္ "
မီးဖိုခန္းထဲမွာ လုဖန္က ျကက္ဥေဖာက္ကာ ခေလာက္ေနျပီး ယြင္ရွန္ ့က ေက်ာ္ရန္အိုးတည္ေန၏ ။
ဒီေန ့မနက္စာကို ျကက္ဥေပါင္မုန္ ့ေျကာ္ ဝက္အူေခ်ာင္းေက်ာ္နွင့္ ယြင္ရွန္ ့ကိုယ္တိုင္ေဖ်ာ္စပ္မည့္ လက္လုပ္ေကာ္ဖီျပင္ဆင္ရန္ ဆံုးျဖတ္ထားသည္ ။
ယြင္ရွန္ ့က ျကက္ဥအတြင္း ေပါင္မုန္ ့ကိုနွစ္ျပီး ဆီထဲသို ့ထည့္ကာေျကာ္ေန၏ ။
လုဖန္က ဘာတစ္ခုမွမလုပ္ပဲ ေမးေထာက္ကာ ယြင္ရွန္ ့အား စိုက္ျကည့္ေနေလသည္ ။
" ေရွာင္လုဖန္ ......
မင္းထိုင္ေနမဲ႔အစား ငါ့ကိုေကာ္ဖီေစ႔ျကိတ္ေပး "
" ကိုယ္မလုပ္တတ္ဘူး "
" ဒါဆိုလဲ တစ္ဖက္က ဒယ္အိုးမွာ ဝက္အူေခ်ာင္းသြားေျကာ္ "
" ဝက္အူေခ်ာင္း ကိုယ္မျကိဳက္ဘူး "
ယြင္ရွန္ ့က စိတ္မရွည္စြာျဖင့္ လုဖန္အားျကည့္လိုက္ျပီး ......
" မင္းမွာျကိဳက္တာေရာရွိေသရဲ႔လား ......
ဇီဇာေက်ာင္တဲ႔အဖိုးျကီး "
ထိုအခါတြင္ လုဖန္က ထိုင္ေနရာမွထလာကာ ယြင္ရွန္ ့နားနားေလးကပ္ျပီး ေျပာလိုက္သည္ ။
" ကိုယ္မင္းကိုျကိဳက္တယ္ေလ ......
မင္းညီေလးေရာပဲ ......
ျပီးေတာ့ ပန္းေရာင္ Ass ေလးက ကိုယ့္ကိုရူးသြပ္ေအာင္ျပဳစားထားတယ္ "
ယြင္ရွန္ ့ ပါးေတြနီလာျပီး ရွက္စိတ္ကို ေဒါသအျဖစ္ေျပာင္းလဲကာ လုဖန္အား ေအာ္ေလေတာ့သည္ ။
" အရွက္မဲ႔လိုက္တာ ......
ေပါက္ကရေတြေျပာေနမယ္ဆို ခုထြက္သြား "
" မသြားနိုင္ပါဘူး ......
ကိုယ့္ရဲ႔မနက္စာေလးကို စားရဦးမယ္ေလ "
လုဖန္လက္ေတြက ရဲတင္းစြာျဖင့္ ယြင္ရွန္ ့ခါးအား ဖက္လိုက္ျပီး ျဖဴေဖြးေနသည့္ ယြင္ရွန္ ့လည္တိုင္ေလးအား ကုန္းကိုက္လိုက္သည္ ။
" မင္းဘာလုပ္တာလဲ ......
မင္းကိုပါဆီထဲထည့္ေျကာ္ပစ္လိုက္မွာေနာ္ "
လုဖန္တစ္ေယာက္ စိတ္ေတြခ်ဳပ္တီးမရသည့္အဆံုး၌ ယြင္ရွန္ ့လက္ထဲက ဒယ္အိုးကိုခ်ေစလိုက္ျပီး မီးခလုပ္ကိုပိတ္ကာ ယြင္ရွန္ ့အား ဧည့္ခန္းထဲ ဆြဲေခၚသြာေလသည္ ။
" မင္းဘာလုပ္ေနတာလဲ ......
မနက္စာျပင္လို ့မျပီးေသးဘူး "
လုဖန္က လူ ၃ ဦးခန္ ့ဆန္ ့သည့္ ဆိုဖာအေပၚသို ယြင္ရွန္ ့အား တြန္ ့ပို ့လိုက္သည္ ။ ျပီးေနာက္ အေပၚကေနအုပ္မိုးကာ ရုန္းကန္ေနသည့္ ယြင္ရွန္ ့ လက္ေလးေတြကို ဖမ္းခ်ဳပ္ထားလိုက္သည္ ။
" ေရွာင္လုဖန္ ခုလႊတ္ေနာ္ ......
ငါမင္းကိုကန္မိေတာ့မယ္ "
ဒါေျကာင့္မို ့ လုဖန္က တမင္ေျခေထာက္ေတြေပၚဖိနွိပ္ကာ ခြထိုင္ထားျခင္းျဖစ္သည္ ။
" မလႊတ္နိုင္ဘူး ......
မနက္ပိုင္းဆို ျငွိဳ ့အားျပင္လြန္းတဲ႔ မင္းကိုယ္မင္းပဲ အျပစ္တင္သင့္တယ္ "
" မင္းဘာေတြျပာေနတာလဲ ......
ဦးေလးတို ့ဆင္းလာရင္ ျမင္သြားလိမ့္မယ္ "
" စိတ္ခ်ပါ ......
သူတို ့ ခုခ်ိန္ဆင္းလာဦးမွာမဟုတ္ဘူး "
" မင္းဘာေတြျကံေနတာလဲ "
" ေယာက္်ားေတြရဲ႔ကာမစိတ္က မနက္ပိုင္းမွာပိုအားေကာင္းတယ္တဲ႔ ......
ကိုယ့္ကိုေစာေစာနႈိးလိုက္တဲ႔မင္းရဲ႔အျပစ္ပဲ "
" တစ္ခါမွမျကားဖူးဘူး "
" မယံုရင္စမ္းျကည့္မလား ......
အားေကာင္းမေကာင္ သိရတာေပါ့ "
" လုဖန္ စေနာက္ေနတာေတြေတာ္သင့္ျပီ ......
ဒါငါ့အိမ္ ... ငါမင္းရဲ႔အရုပ္လဲမဟုတ္ေတာ့ဘူး ......
မင္းလုပ္ခ်င္တဲ႔အခ်ိန္လုပ္ရေအာင္ထိ ငါ့ခႏၶာကိုယ္က မင္းအျမင္မွာ အေပါစားဆန္ေနျပီလား "
ေလးနက္စြာေျပာလာသည့္ ယြင္ရွန္ ့ေျကာင့္ လုဖန္ရင္ထဲမေကာင္းျဖစ္သြားသည္ ။ သူက ယြင္ရွန္ ့လက္ေလးအား သူ ့ရင္လက္ေပၚ ေထာက္ထားေစျပီး ......
" ဒီေနရာကခံစားမိလား ......
ကိုယ္မင္းနဲ႔ရွိတဲ႔အခ်ိန္တိုင္း ရင္ေတြခုန္ေနတယ္ ......
မင္းကိုအေပါစာအရာတစ္ခုလို ့ကိုယ္ဘယ္တုန္းကမွမျမင္ခဲ႔ဘူး ......
မင္းက ကို ့အတြက္အဖိုးမျဖတ္န္ုိင္တဲ႔အရာတစ္ခုပဲယြင္ေလး .
မင္းကကိုယ့္ရဲ႔အရာရာပါပဲကြာ "
" မင္းေျပာလို ့ျပီးျပီဆိုဖယ္ေတာ့ "
ယြင္ရွန္ ့လက္ေတြက လုဖန္အားတြန္းထုပ္ေနေသာ္လဲ မ်က္လံုးျခင္းမစံုရဲေပ ။ လုဖန္စကားေျကာင့္ နီရဲလာသည့္ပါးျပင္ကို ဖံုးကြယ္ရန္ျကိဳးစားေပမဲ႔ သူ ့ရဲ႔လက္ေတြက လုဖန္ဖမ္းခ်ဳပ္တာကို ခံလိုက္ရေလသည္ ။
လုဖန္က ယြင္ရွန္ ့ လက္ဖမိုးေလးအား သူ ့ရဲ႔ႏႈတ္ခမ္းသားေလးနဲ႔ ထိေတြ႔ကာ အနမ္းေပးလိုက္သည္ ။
" ကိုယ္ေျပာတာတကယ္ပါကြာ ......
မင္းယံုျကည္လာေအာင္ ကိုယ္ျကိဳးစားမယ္ ......
ဒါေပမဲ႔ ခုကိုယ္မင္းကို မလႊတ္ေပးခ်င္ေသးဘူး ......
ကိုယ့္ကိုနမ္းခြင့္ေပးပါလား ......
နမ္းယံုေလးပါပဲတကယ္ပါ ......
မင္းခြင့္ျပဳခ်က္မပါပဲ ကိုယ္အဆင့္မတတ္ဘူူး ......
နမ္းယံုေလးေတာ့ ခြင့္ျပဳပါကြာေနာ္ "
ယြင္ရွန္ ့မ်က္နွာက ေဘးဘက္သို ့သာလွည့္ေန၏ ။ လုဖန္ေတာင္းဆိုမႈကို မျငင္းဆန္သလို လက္ခံသည္ဟုလဲမေျပာေပ ။
ခဏတာတိတ္ဆိတ္သြားျပီးေနာက္ အသံတိုးတိုးေလးထြက္ေပၚလာ၏ ။
" ဒီတစ္ျကိမ္ပဲေနာ္ ...... ေနာက္ဆိုမရဘူး "
လုဖန္က ခြင့္ျပဳလိမ့္မည္ဟုထင္မထား၍ ဝမ္းနည္းေနသည့္ျကားက ယြင္ရွန္ ့ရဲ႔ အသံေလးကိုျကားလိုက္ရေတာ့ လြန္စြာေမ်ာ္ရႊင္သြားေလသည္ ။
သူ ့ရဲ႔လက္ေတြက နီေနသည့္ ယြင္ရွန္ ့ပါး ၂ ဖက္အားဖစ္ကိုင္လိုက္ျပီး ပန္းဆီေရာင္ႏႈတ္ခမ္းသားေလးအား သူ ့ရဲ႔ႏႈတ္ခမ္းေတြနဲ႔ အားရွိသမ်ွဖိကပ္လိုက္သည္ ။
ျပီးေနာက္ တစ္လႊာျခင္းကို နူးည့ံစြာျဖင္စုပ္ယူေနေတာ့သည္ ။ သူ ့ရဲ႔လ်ွာေလးက ယြင္ရွန္ ့ခံတြင္းထဲတြင္ လွည့္လည္ေနျပီး အနမ္းေတြကို ဦးေဆာင္ေန၏ ။
ယြင္ရွန္ ့ ထိုအနမ္းေတြအေပၚ ျပန္ျပီးမတုန္ ့ျပန္မိေစရန္ ျကိဳးစားေပမဲ႔ လုဖန္ရဲ႔ျကြမ္းျကင္မႈေျကာင့္ သူ ့လ်ွာက သူ ့စကားကိုနားမေထာင္ပဲ လုဖန္လႈပ္ရွားမႈအတိုင္း လုပ္ေဆာင္ေန၏ ။
ေနာက္ဆံုးေတာ့ အေလ်ာ့အတင္းမရွိ ဟန္ခ်က္ညီေနသည့္ အနမ္းတစ္ခုရဲ႔ ျမင္ကြင္းက မနက္ခင္းေနေရာင္ျခည္၏ လွပမႈထက္ပင္ သာလြန္ေနေတာ့သည္ ။
...........................................................................
[ AN / ဖန္လံုးရဲ႔ျငွိဳ ့အားေတြေအာက္မွာ ယြင္ရွန္ ့မခံနိုင္ပါဘူး 🙄 ဒါဒါေလးေတြေတာ့မသိဘူး သာသာကေတာ့ ဒီတစ္လြဲကိုယ္ေတာ္တို ့အတြဲကို အရမ္းေတြ ကလိကလိျဖစ္ေနp🤗🤗
ရွင္းေလးတို ့ကိုေတာ့ ရင္နာနာနဲ႔ေစာင့္ေမ်ွာ္ေပးပါေနာ္ ငိုရဦးမယ္ 😢 အဆံုးသတ္က HE ေလးပါ 🤗 ]