💖💖💖
ရှောင်းကျန့်မိမိလက်ထဲရှိဓာတ်ပုံအားမကျေနပ်စွာ၊မနာလိုစွာကြည့်နေမိသည်။မှန်သည်။
ဝမ်ရိပေါ် ... ဘာလို့အဲ့လောက်ကြည့်ကောင်းနေရတာလဲမသိ???
ငါနဲ့အသက်တူတူပဲတဲ့! ရုပ်လည်းယှဉ်ကြည့်ပါဦ !!!
Grrrrr......
မေမေကငါ့ကိုဘယ်လိုမွေးပေးထားမှန်းမသိဘူး!
အရင်တုန်းကတော့သူ့၏ရှေ့သွားလေးနှစ်ချောင်းကြောင့်ချစ်စရာကောင်းသည်ဟုပြောခံရသည်နှင့်ယုန်လေးဟုအမည်တွင်ခံရသည်အားအရမ်းသဘောကျပါသည်။
ယခုမူ....
~Arrr.... ~
တွေးရင်းနှင့်ပင်စိတ်ရှုပ်လာသောကြောင့်ရှောင်းကျန့်ဆံပင်များအားဆွဲဖွမိသည်။
သူသည်တော်ရုံရုပ်ရည်အားဂရုစိုက်တတ်သူမဟုတ်၊ထို့ပြင်သူများအားမနာလိုခြင်းလည်းတစ်ခါမှမရှိခဲ့၊သူ့သူငယ်ချင်းအရင်းကြီးဖြစ်သောကျန်းချန်ပင်လူကြီးလူကောင်းဆန်စွာချောသောသူဖြစ်သည်။
သို့ပေမယ့်...
ဘာကြောင့်မှန်းမသိ...
ဝမ်ရီပေါ်ဆိုသောသူ၏ရုပ်ရည်အားအရမ်းကိုမနာလိုဖြစ်နေမိသည်။
*တော်ပီ ငါက သူ့ကိုမနာလိုဖြစ်နေလည်းသူကသိမှာမဟုတ်ဘူး ငါပဲအာရုံနောက်မှာ မေ့လိုက်... မနက်ဖြန်ကျရုံးပိတ်ရက်ဆိုတော့ ငါ့ရဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ရမယ်...
Aigoo... တယ်တော်တဲ့ကျန့်ကျန့်
အခုတော့ အိပ်တာပဲကောင်းတယ် *
ရှောင်းကျန့်တစ်ယောက်မနက်ဖြန်အတွက် သူ့plan အားစဉ်းစားရင်းဖြင့် အိပ်ပျော်သွားလေတော့သည်။🌜🌜
💖💖💖
ရှောင်းကျန့်တစ်ယောက်သူ၏ လူပျို ဘဝလေးအားအဓွန့်ရှည်စေရန် *ဝမ်ရီပေါ် နှင့်လက်မထပ်ရရေး ရှောင်းကျန့်အရေး * ဟူ၍ သူ၏planကြီးအားအကောင်အထည်ဖော်ရန် မနက်ခြောက်နာရီကတည်းကပင်တက်ကြွနေလေသည်။
~အဲ ရှောင် တစ်ရေးနိုးလာတာလားသား ဘာလိုချင်လို့လဲ.. ~
မီးဖိုးချောင်ထဲတွင်မနက်စာပြင်နေသောအဒေါ် ယွီကမေးခြင်းဖြစ်သည်။
အဒေါ် ယွီပိုင်ရှန်းသည် ရှောင်းကျန့်မေမေကိုယ်ဝန်သည်ဘဝကတည်းကငှားထားသောအိမ်အကူအဒေါ် ကြီးဖြစ်သည်။
အိမ်တွင်အလုပ်လုပ်သည်မှာနှစ်အတော်ကြာနေပီဖြစ်သောကြောင့်မိသားစုဝင်တစ်ယောက်ကဲ့သို့ပင်ရင်းနှီး၍နေလေသည်။
ရှောင်းကျန့်သည်တစ်ခါမှအစောမထဘူးသူဖြစ်သောကြောင့်တစ်ရေးနိုးလာသည်ဟုထင်နေပုံပင်။ကျောင်းပိတ်ရက်ဖြစ်နေသောကြောင့့်လည်းထင်ပါသည်။
~မဟုတ်ပါဘူး အဒေါ်ယွီရဲ့ သားဒီတိုင်းအစောထကြည့်တာပါ ~
~အဲ အဒေါ်တော့ဒီနေ့ထီထိုးဦးမှပဲ ~
~ဟာ အဒေါ် ယွီ ကလည်းဗျာ ~
~ဟားး... အင်းပါ မစတော့ပါဘူးရှောင်ရယ် ~
~သားခြံထဲခဏဆင်းလိုက်ဦ မယ် ~
~ အေးအေး ရှောင် အနွေးထည်ဝတ်သွားဦး အောက်မှာလေတိုက်နေတယ် ~
လေအေးထိလျှင်ဖျားတတ်သောရှောင်းကျန့်၏စရိုက်အရဂရုတစိုက်ပြောခြင်းပင်။အဒေါ် ယွီသည်ရှောင်းကျန့်အားသားတစ်ယောက်ကဲ့သို့ပင်အလွန်ချစ်၍ဂရုစိုက်တတ်သူဖြစ်သည်။
~ဟုတ်ကဲ့ အဒေါ်ယွီ ~
ရှောင်းကျန့်အဒေါ်ယွီနှင့်စကားပြောပီးနောက် အနွေးထည်ထပ်ဝတ်ကာခြံထဲသို့ဆင်းလာခဲ့သည်။မနက်ခင်းအစောချိန်မို့လေအေးလေးများတိုက်ခတ်နေကာလေအဝှေ့တွင်ပါလာသောသစ်ရွက်ခြောက်များမှာဟိုတစ်စသည်တစ်စဖြင့်.....
ရှောင်းကျန်မနက်ခင်းလေအားအပြည့်အဝရှူသွင်းလိုက်သည်။
သူနံနက်ခင်းလေအေးအားမခံစားရသည်မှာအတော်ပင်ကြာပီဖြစ်သည်။
<အိပ်ပုတ်ကြီးနေတာကို😒>
ရှောင်းကျန့်တစ်ယောက်ခြံထဲရှိအပင်များအားစိတ်ကြိုက်ကစားပြီးနောက်အိမ်ထဲသို့ပြန်ဝင်လာခဲ့လေသည်။
💖💖💖
ဝမ်ရီပေါ် တစ်ယောက်မနက်စာစားပီးနောက်စာကြည့်ခန်းထဲတွင်ဖိုင်တဲအလုပ်ရှုပ်နေပြန်လေသည်။ရုံးပိတ်ရက်ပင်ဖြစ်သော်ငြားအလုပ်ကိုသာဘဝဟုသတ်မှတ်ထားသောသူ့လိုလူအတွက်အချိန်ပြည့်အလုပ်အကြောင်းသာခေါင်းထဲရှိနေလေသည်။
📱📱📱
အပ်ကျသံပင်မကြားရအောင်တိတ်ဆိတ်နေသောစာကြည့်ခန်းထဲတွင် ဝမ်ရီပေါ် ၏ဖုန်းသံမှာကျယ်လောင်စွာထွက်ပေါ် လာလေသည်။
ဖုန်းနံပါတ်အစိမ်းဖြစ်နေသောကြောင့်မကိုင်ရန်စိတ်ကူးထားသော်လည်းအလုပ်မှဖုန်းဖြစ်နေမည်ဆိုးသောကြောင့်ကိုင်လိုက်လေသည်။
~ ဝေ ~
~ ဝေ ဝမ်ရီပေါ် ဆိုတာလားမသိဘူး ~
ဝမ်ရီပေါ် !!! ဘယ်သူပါလိမ့်! အလုပ်ရှိလူများသည်သူ့အားဝမ်ရီပေါ် ဟုခေါ်ဖို့ပင်မပြောနှင့်... မျက်နှာချင်းဆိုင်၍ပင်မကြည့်ရဲသူများဖြစ်သောကြောင့်အလုပ်ဖုန်းမဟုတ်မှန်းသေချာနေပီဖြစ်သည်။
~သြော် ဟုတ်ပါတယ် ဘယ်သူလဲမသိဘူး ~
~ ကျွန်တော်ကခင်ဗျားနဲ့အိမ်ကသဘောတူထားတဲ့ရှောင်းကျန့်ပါ ~
ဘယ်သူကြီး???
ဝမ်ရီပေါ် လက်ထဲမှဖုန်းအားလွတ်မကျမိအောင်သေချာထိန်းကိုင်ထားလိုက်ရသည်။
အိမ်ကသဘောတူထားတဲ့ရှောင်းကျန့်!!!
သူကဘာလုပ်ဖို့ဆက်တာလဲ???
~အင်း ဘာကိစရှိလို့လဲ ~
<keyboard အခက်အခဲကြောင့်နှစ်ထပ်ရိုက်၍မရပါ😩>
~ဝမ်ရီပေါ် အားရင်ကျွန်တော်တို့တွေ့ကြရအောင်ပါ ~
တွေ့ကြရအောင်!!! ဘာလုပ်မို့ပါလိမ့်???
အင်းပေါ့!စောစောညှိနှုင်းထားတော့ပိုကောင်းတာပေါ့။
<အငြင်းခံရမှာကိုမသိသောပေါ် ကြီး😂>
~ အားပါတယ် တွေ့မယ်လေ ~
~အဲ့ဒါဆို နောက်တစ်နာရီနေရင် @#$ ဆိုင်ကိုလာခဲ့ပါ ~
~အင်း ကောင်းပီလေ အာ့ဆို ဖုန်း~
~နေဦးလေ ကျွန်တော့်ကိုမြင်ဖူးလို့လား ~
~အာ ဟုတ်သားပဲ ~
~ ကျွန်တော်အဖြူဝမ်းဆက်ဝတ်ခဲ့မယ် ထောင့်နားကျတဲ့ဝိုင်းမှာစောင့်နေမယ် ခင်ဗျားကိုတော့မေမေကဓာတ်ပုံပြထားလို့မြင်ဖူးထားတယ် ~
~ok လေ အာ့ဆို see you ~
~ ok ~
ကျသွားပီဖြစ်သောဖုန်းကိုကြည့်ကာဝမ်ရီပေါ် အနည်းငယ်စိတ်လှုပ်ရှားမိသွားသည်။အိမ်ကစေ့စပ်ပေးသည့်လူ! ဘယ်လိုလူမျိုးဖြစ်နေမှာပါလိမ့်???
ဝမ်ရီပေါ် အတွေးများအားဘေးချိတ်ကာချိန်းထားသည့်နေရာသို့သွားရန်ပြင်ဆင်နေတော့သည်။
Note💙
Yibo နဲ့ Xiao Zhan ကUniခြင်းလည်းမတူ၊မေဂျာလည်းမတူတာမို့ Zhan Zhan ကUni မပီးသေးတာပါ။စိတ်ကူးနဲ့ရေးတာမို့အမှားပါသွားရင်sorry ပါ။
ဝေဖန်ပေးကြပါဦ 😊။
[9-8-19]