မ်က္နွာေပၚခပ္စိုက္စိုက္က်ေနသာ
ေခါင္းစြပ္ကိုဆြဲခ်ကာ
ေစ်းထဲမွေျပးထြက္လာသည့္လူတစ္ေယာက္။
စပါးခင္းေတြကိုျဖတ္ရင္း....
လူေတြနဲ႔ေ၀းသည့္ေနရာအေရာက္ေခါင္းေပၚမွ
ေခါင္းစြပ္ကိုဖယ္လိုက္သည္။
လူေတြနဲ႔ေ၀းရာသို႔ေရာက္လာသည့္အတြက္
ျဖစ္ေပၚလာသည့္မ့ဲၿပံဳးတစ္ခု။
မုန္းတယ္..............
သာမာန္လူလိုအက်ယ္ႀကီးေအာ္ကာသာ
ငိုခ်ျပစ္ခ်င္သည္။
ပညတ္ထားတာက
တစ္နိုင္ငံလံုးဦးေဆာင္ရမ့ဲလူကမငိုရဘူးတ့ဲေလ။
ရင္ထဲကဒဏ္ရာက ဘာနဲ႔မွလဲလို႔မရတ႕ဲအမုန္း။
မယ္ေတာ္က ၀ူရွန္႔ေလးကိုသတ္ခ့ဲတာတ့ဲ။
၀ူရွန္႔ေလးလည္ပင္းေသြးနဲ႔
သူအသက္ရွင္ခ့ဲတာတ့ဲ။
မုန္းလိုက္တာကံၾကမၼာရယ္။
အ့ဲအစားကြၽန္ေတာ့္ကိုပဲေသခိုင္းလိုက္ပါေတာ့လား။
သူဘယ္ေတာ့မွေမ့လို႔မရေတာ့တ့ဲ
အကူညီေတာင္းသံေလးနဲ႔
သရဲေဘာေၾကာင္စြာ ေႁမြတစ္ေကာင္ကိုေၾကာက္ၿပီး
၀ူရွန္႔ေလးက်သြားတာကို
ၾကည့္ေနမိတ့ဲမိမိ။
သူလိုလူက ၀ူရွန္႔ေလးေသြးေတြေရာထားခ့ဲတ့ဲ
ေဆးေတြကိုေသာက္ၿပီး
အသက္ရွင္ေနခ႔ဲတာ။
နာနာၾကည္းၾကည္းနဲ႔စာရင္းရွင္းခြင့္မေပးခ့ဲတဲ့
ေလာကႀကီးကိုမုန္းတယ္။
၀ူရွန္႔ေလးကိုသတ္ခိုင္းတ့ဲလူက
မယ္ေတာ္မျဖစ္လို႔မရခ႕ဲဘူးလားဗ်ာ။
*ေတာင္းပန္ပါတယ္ကေလး။မင္းရဲ႕ေကာက
သူ႔ရဲ႕မယ္ေတာ္အေပၚ၊နိုင္ငံအေပၚ
အရမ္းနဲ႔သိတတ္ေနခ႔ဲလို႔။*
ေမာလြန္း၍လိႈက္ဖိုေနေသာရင္ဘတ္အစံုကို
ႀကိဳးစားတင္းက်ပ္စြာဆုပ္ကိုင္ထားမိသည္။
သူျပန္ရအံုးမည္။ဘာပဲျဖစ္ျဖစ္ ခဏေတာ့ငိုသြားခ်င္သည္။
ခုေတာ့ တစ္ေယာက္တည္းလႊတ္ထားေပးပါ။
မိွတ္ထားေသာမ်က္၀န္းအစံုမွမ်က္ရည္စတို႔က
အျပင္သို႔အလုအယက္တိုးထြက္ေနသည္ ။
"အဆင္ေျပရဲ႕လား ....အ!!!"
ေနာက္မွအသံနွင့္ပခံုးေပၚက်ေရာက္လာေသာလက္တစ္
စံုက၀မ့္က်ီးဆြဲခ်လိုက္သျဖင့္
စပါးခင္းထဲသို႔လက္ပိုင္ရွင္နွင့္အတူလံုးေထြးကာ
က်သြားသည္။
ေ၀့ရင္းရုတ္တရက္ဆြဲခ်ကာတတ္ဖိခံထားရျခင္းေၾကာင့္
ေယာင္ရမ္းကာမ်က္စိကိုမိွတ္ထားမိသည္။
ထိုလူကေတာ္ေတာ္နွင့္အေပၚမွမဖယ္ေပး။
ေ၀့ရင္းလည္းအႏၲရာယ္မျဖစ္နိုင္ေတာ့မွန္းသိ၍
မ်က္လံုးဖြင့္ရန္ျပင္လိုက္စဥ္
"မဖြင့္နဲ႔။မင္းမ်က္လံုးကိုေဖာက္ထုတ္ပစ္မယ္"
တည္ၾကည္လွေသာအသံေၾကာင့္
ေ၀့ရင္းမ်က္လံုးေလးကိုသာ
တင္းေနေအာင္မိွတ္ထားမိသည္။
ေခါင္းကိုလည္းအဆက္မျပတ္ညိမ့္ျပလိုက္ရေသးသည္။
"ဟိုေလ။ကြၽန္ေတာ့္အေပၚကဖယ္ေပးပါလားဟင္။
ေကာဖိထားတ့ဲလက္ကလည္းနာေနၿပီ"
ေ၀့ရင္းမရဲတရဲေတာင္းဆိုမိေတာ့
ထိုသူက ဆြဲခ်ဳပ္ထားေသာ
ေ၀့ရင္းလက္မ်ားကိုလႊတ္ေပးလိုက္သည္။
တက္ဖိထေသာခနၶာကိုယ္ႀကီးကေတာ့
အရင္တိုင္း။
"ဟိုေလ...."
🥰"မင္းမ်က္လံုးကိုဆက္မိွတ္ထား။ငါထြက္သြားၿပီး
နည္းနည္းၾကာမွဖြင့္။ၾကားလား"
ဘာလို႔သူ႔မ်က္နွာကိုအျမင္မခံလဲေ၀့ရင္းမသိေပမ့ဲ
ထိုသူ၏စကားသံကလူဆိုးမဟုတ္မွန္း
သိသာသည္။
ျမင့္ျမင့္ျမတ္ျမတ္အသိုင္း၀ိုင္းထဲကလူတစ္ေယာက္အသံ။
သတိ၀င္လာေတာ့ထိုလူထြက္သြားတာ
အေတာ္ၾကာေနၿပီ။
ေတြ႕လိုေတြ႕ျငားပတ္၀န္းက်င္ကို
စပ္စုၾကည့္ေတာ့
စပါးခင္းႀကီးကလြဲ၍
လူအရိပ္ေယာင္ပင္မရိွ။
ေ၀့ရင္းေခါင္းေလးကိုသာကုတ္ရင္း
"သူအဆင္ေရာေျပရဲ႕လားမသိဘူး။"
ထို႔ေနာက္ေဘးနားမွစပါးနွံေလးတစ္ခုကိုဆြဲကာ
ေလထဲတြင္ရမ္းကာေဆာ့လ်က္
ခုန္ဆြခုန္ဆြနွင့္ထြက္ခြာခ့ဲသည္။
🐉🐉🐉🐉🐉🐉🐉
ေ၀့ရင္းမ်ားစြာေသာလယ္ကြင္းမ်ားကိုျဖတ္ၿပီးသည္နွင့္
တစ္ပတ္တစ္ခါလာေနၾက
ယြမ္အိမ္ေတာ္သို႔ေရာက္လာသည္။
ေက်ာက္ျပားေလးမ်ားခင္းထားေသာလမ္းအတိုင္း
ခုန္ေပါက္ကာေျပးလႊားရင္း
ေရညႇိတတ္ေနေသာ ေက်ာက္ျပားကိုနင္းမိေသာအခါ
ေ၀့ရင္းေခ်ာ္လဲေလသည္။
ေခါင္းနွင့္ေျမႀကီးမိတ္ဆက္ၿပီထင္ထားေသာ္လည္း
ေလထဲ၌ရပ္တန္႔ေနေသာကိုယ္ေၾကာင့္ေနာက္လွည့္ၾကည့္မိ
ေတာ့
"ယြမ္သခင္ေလး!!"
မ်က္လံုးေလးမွိတ္ေအာင္ၿပံဳးျပရင္း
သူ႔ေရွ႕မွအေတာင့္လိုက္ႀကီးရပ္ၾကည့္ေနေသာ
ယြမ္သခင္ေလးအား နႈတ္ဆက္လိုက္သည္။
"ေနမေကာင္းဘူးလားသခင္ေလး"
မမွီတမွီအရပ္ေလးနွင့္ေျခဖ်ားေထာက္ကာနဖူးကို
လာစမ္းသည့္လက္ကေလးေၾကာင့္
ယြမ္လင္း တကယ္ပင္ဖ်ားခ်င္သြားသည္။
"ေကာင္း!ေကာင္းတယ္ေ၀့ရင္း။
ဘာကိစၥလဲ"
"ယြမ္သခင္ႀကီးက ပါးကိုအိမ္ေတာ္ကိုလာဖို႔ေျပာခိုင္းထားတာပါး
ကမၾကာခင္လာခ့ဲမယ္တ့ဲ။အ့ဲဒါျပန္လာ
ေျပာရင္း သခက္ေလးဓားကစားတာ
လာၾကည့္တာ။"
"ေ၀့ရင္းပါးကဓားမကိုင္ခိုင္းဘူးမလား။
စကားနားမေထာင္ဘူးေပါ့"
ယြမ္လင္းစကားကိုေ၀့ရင္းနႈတ္တ္ခမ္းေလးစူကာ
"ေ၀့ရင္း စကားနားမေထာင္တာမဟုတ္ပါဘူး။
အေရးႀကံဳရင္ကာကြယ္လို႔မရမွာစိုးလို႔။
ဒီေန႔ေတာင္လယ္ကြင္းကိုျဖတ္သြားရင္း
လူတစ္ေယာက္ခ်ဳပ္တာခံလိုက္ရေသးတယ္"
ေ၀့ရင္းစကားေၾကာင့္ယြမ္လင္းမ်က္လံုးျပဴး
မ်က္ဆံျပဴးနွင့္
ေ၀့ရင္းတစ္ကိုယ္လံုးကို
လွည့္ပတ္ကာၾကည့္ေနေလသည္။
"ဘာျဖစ္သြားေသလဲ။သူမင္းကိုဘာလုပ္လိုက္တာလဲ"
"ဘာမွမလုပ္ပါဘူးယြမ္သခင္ေလးရယ္။
ဒီတိုင္းမၾကည့္နဲ႔ေျပာၿပီးထျပန္သြားတယ္"
"ဘာမွမျဖစ္လို႔ေတာ္ေသးတာေပါ့။"
ယြမ္လင္းတိုးတိုးေလးေရ႐ြတ္မိသည္ကိုေ၀့
ရင္းမၾကားေတာ့။
**
"အရွင္....."
နန္းေတာ္၀ေရာက္သည္နွင့္ေသြးမရိွသပ့ဲသို႔
ျဖဴစုတ္ေနသည့္စစ္သူႀကီးမ်က္နွာ။
စစ္သူႀကီးနွင့္မယ္ေတာ္ေျပာေနသည့္
စကားမ်ားကို
၀မ့္က်ီးမေတာ္တဆၾကားရင္း
အျဖစ္မွန္ေတြအားလံုးသိခ့ဲရသည္။
မယ္ေတာ္မျဖစ္ပါေစနဲ႔လို႔
ဆုေတာင္းခ့ဲေပမ့ဲ
သူ႔ဆုေတာင္းေတြမျပည့္ခ့ဲ။
စစ္သူႀကီးအားစစ္ေမးေတာ့
အမွန္တရားအားလံုးေပၚလာသည္။
"သူ႔အတြက္ေၾကာင့္ပါ"တ့ဲေလ။
ဒီခႏၶာကိုယ္ကိုေသခိုင္းၿပီး
၀ူရွန္႔ေလးကိုေပ်ာ္ေစပါေတာ့လား။
ခုေတာ့........။
"အရွင့္သား...ဘယ္ေတြေလ်ာက္သြားး...."
မ၀့ံမရဲနွင့္ေမးေနသည့္
စစ္သူႀကီးကို၀မ့္က်ီး
တစ္ခ်က္သာေစာင္းင့ဲၾကည့္လိုက္သည္။
"ငါကိုယ္ေတာ္အျပင္ထြက္တာ
မယ္ေတာ္မသိေစနဲ႔။
မင္းအျပစ္ေတြ ခမည္းေတာ္ကို
မေလ်ာက္တင္ေစခ်င္ရင္
ငါ့ဆႏၵအတိုင္း
လိုက္ေနရမယ္။"
အစတည္းက မယ္မယ္ႀကီး
စကားကိုမလြန္ဆန္ရဲ၍
သာ၀ူရွန္႔ေလးကို
သတ္ခ့ဲရသည္ေလ။
အသတ္ခံေနရတာေတာင္
ၿပံဳးၿပံဳးေလး ေနေပးသည့္
အခ်စ္ႀကီးလြန္းေသာထိုကေလးအား
စစ္သူႀကီးမ်က္လံုးထဲမွမထြက္။
"ေကာအတြက္"ဆိုတ႔ဲစကားေလး
နဲ႔လည္စင္းေပးခ့ဲသူေလး။
အျပစ္မရိွတ႔ဲကေလးရဲ႕လည္ပင္းေသြးကို
သူဘယ္လိုစိတ္နဲ႔ေဖာက္
ရက္ရမွာလဲ။
"မွန္လွပါအရွင့္သား......"
🐉🐉🐉🐉🐉
အျပင္မွျပန္လာၿပီး အဆင္သ့္ျပင္ေပးထားေသာ
ေရခ်ိဳးဇလံုထဲ
၀မ့္က်ီး၀င္စိမ္ေနလိုက္သည္။
ေပါေလာ ေပၚေနေသာ
နွင္းဆီပြင့္ဖတ္ေလးမ်ားအား
လက္နွင့္ဆြဲဖယ္လိုက္ေတာ့
ေရမ်က္နွာျပင္မွာ
ေပၚလာသည့္
မ်က္နွာေဖြးေဖြးပံုရိပ္ေလး.....။
ၿပံဳးျပေနသည့္ နႈတ္ခမ္းေလး
မ်ားက မၿပံဳးရတာၾကာသည့္
၀မ့္က်ီးနႈတ္ခမ္းမ်ားကို
ပြင့္ဟလာေအာင္
ဆြဲေဆာင္နိုင္စြမ္းရိွသည္။
*လြမ္းတယ္ကေလး*
ၿပံဳးလ်က္နွင့္ပင္ စီးက်လာေသာ
မ်က္ရည္မ်ားက
ေရမ်က္နွာျပင္ကိုဂယက္ထသြားေစသည္။
တျဖည္းျဖည္း
ေပ်ာက္ကြယ္သြားသည့္ပံုရိပ္ေလး
ကိုသာေငးၾကည့္ရင္းက
နွလံုးသားကတဆစ္ဆစ္။
"၀ူရွန္႔...မင္းအခုခ်ိန္ဆို
ငါနဲ႔ ဓားသိုင္းက်င့္ဖို႔
ပူဆာေနမွာပဲ။
အဟင္း.....အခုခ်ိန္မင္းလာခြၽဲရင္
ေကာ ဆူလႊတ္ေလာက္ေသးလား"
တစ္ေယာက္တည္းၿပံဳးၿပီး
စကားေတြေဖာင္ဖြဲ႕ေနသည္။
မ်က္ရည္ေတြကလည္း
သခင့္နွလံုးသားအတိုင္း........။
*ေကာ ကေလးကိုအရမ္းခ်စ္တယ္*
🐉🐉🐉🐉🐉🐉🐉🐉🐉🐉🐉🐉🐉
ဘာႀကီးလိုေနလဲဟင္😖
ေပါ့ပ်က္ပ်က္ႀကီးျဖစ္ေနသလားလို႔😖
သာသာဒါေလးေရးထားတာ၂ရက္
ရိွၿပီ😅
အက်င့္ပုပ္ၿပီး မUpေပးတာ😂😂
နားမလည္က်ရင္လည္း
ေျပာ😂
ဒီကေရးလိုက္ရင္
ေပါက္ကရေတြမို႔😁
😘😘😘😘
မျက်နှာပေါ်ခပ်စိုက်စိုက်ကျနေသာ
ခေါင်းစွပ်ကိုဆွဲချကာ
ဈေးထဲမှပြေးထွက်လာသည့်လူတစ်ယောက်။
စပါးခင်းတွေကိုဖြတ်ရင်း....
လူတွေနဲ့ဝေးသည့်နေရာအရောက်ခေါင်းပေါ်မှ
ခေါင်းစွပ်ကိုဖယ်လိုက်သည်။
လူတွေနဲ့ဝေးရာသို့ရောက်လာသည့်အတွက်
ဖြစ်ပေါ်လာသည့်မဲ့ပြုံးတစ်ခု။
မုန်းတယ်..............
သာမာန်လူလိုအကျယ်ကြီးအော်ကာသာ
ငိုချပြစ်ချင်သည်။
ပညတ်ထားတာက
တစ်နိုင်ငံလုံးဦးဆောင်ရမဲ့လူကမငိုရဘူးတဲ့လေ။
ရင်ထဲကဒဏ်ရာက ဘာနဲ့မှလဲလို့မရတဲ့အမုန်း။
မယ်တော်က ၀ူရှန့်လေးကိုသတ်ခဲ့တာတဲ့။
၀ူရှန့်လေးလည်ပင်းသွေးနဲ့
သူအသက်ရှင်ခဲ့တာတဲ့။
မုန်းလိုက်တာကံကြမ္မာရယ်။
အဲ့အစားကျွန်တော့်ကိုပဲသေခိုင်းလိုက်ပါတော့လား။
သူဘယ်တော့မှမေ့လို့မရတော့တဲ့
အကူညီတောင်းသံလေးနဲ့
သရဲဘောကြောင်စွာ မြွေတစ်ကောင်ကိုကြောက်ပြီး
၀ူရှန့်လေးကျသွားတာကို
ကြည့်နေမိတဲ့မိမိ။
သူလိုလူက ၀ူရှန့်လေးသွေးတွေရောထားခဲ့တဲ့
ဆေးတွေကိုသောက်ပြီး
အသက်ရှင်နေခဲ့တာ။
နာနာကြည်းကြည်းနဲ့စာရင်းရှင်းခွင့်မပေးခဲ့တဲ့
လောကကြီးကိုမုန်းတယ်။
၀ူရှန့်လေးကိုသတ်ခိုင်းတဲ့လူက
မယ်တော်မဖြစ်လို့မရခဲ့ဘူးလားဗျာ။
*တောင်းပန်ပါတယ်ကလေး။မင်းရဲ့ကောက
သူ့ရဲ့မယ်တော်အပေါ်၊နိုင်ငံအပေါ်
အရမ်းနဲ့သိတတ်နေခဲ့လို့။*
မောလွန်း၍လှိုက်ဖိုနေသောရင်ဘတ်အစုံကို
ကြိုးစားတင်းကျပ်စွာဆုပ်ကိုင်ထားမိသည်။
သူပြန်ရအုံးမည်။ဘာပဲဖြစ်ဖြစ် ခဏတော့ငိုသွားချင်သည်။
ခုတော့ တစ်ယောက်တည်းလွှတ်ထားပေးပါ။
မှိတ်ထားသောမျက်ဝန်းအစုံမှမျက်ရည်စတို့က
အပြင်သို့အလုအယက်တိုးထွက်နေသည် ။
"အဆင်ပြေရဲ့လား ....အ!!!"
နောက်မှအသံနှင့်ပခုံးပေါ်ကျရောက်လာသောလက်တစ်
စုံက၀မ့်ကျီးဆွဲချလိုက်သဖြင့်
စပါးခင်းထဲသို့လက်ပိုင်ရှင်နှင့်အတူလုံးထွေးကာ
ကျသွားသည်။
ဝေ့ရင်းရုတ်တရက်ဆွဲချကာတတ်ဖိခံထားရခြင်းကြောင့်
ယောင်ရမ်းကာမျက်စိကိုမှိတ်ထားမိသည်။
ထိုလူကတော်တော်နှင့်အပေါ်မှမဖယ်ပေး။
ဝေ့ရင်းလည်းအန္တရာယ်မဖြစ်နိုင်တော့မှန်းသိ၍
မျက်လုံးဖွင့်ရန်ပြင်လိုက်စဉ်
"မဖွင့်နဲ့။မင်းမျက်လုံးကိုဖောက်ထုတ်ပစ်မယ်"
တည်ကြည်လှသောအသံကြောင့်
ဝေ့ရင်းမျက်လုံးလေးကိုသာ
တင်းနေအောင်မှိတ်ထားမိသည်။
ခေါင်းကိုလည်းအဆက်မပြတ်ညိမ့်ပြလိုက်ရသေးသည်။
"ဟိုလေ။ကျွန်တော့်အပေါ်ကဖယ်ပေးပါလားဟင်။
ကောဖိထားတဲ့လက်ကလည်းနာနေပြီ"
ဝေ့ရင်းမရဲတရဲတောင်းဆိုမိတော့
ထိုသူက ဆွဲချုပ်ထားသော
ဝေ့ရင်းလက်များကိုလွှတ်ပေးလိုက်သည်။
တက်ဖိထသောခန္ဓာကိုယ်ကြီးကတော့
အရင်တိုင်း။
"ဟိုလေ...."
🥰"မင်းမျက်လုံးကိုဆက်မှိတ်ထား။ငါထွက်သွားပြီး
နည်းနည်းကြာမှဖွင့်။ကြားလား"
ဘာလို့သူ့မျက်နှာကိုအမြင်မခံလဲဝေ့ရင်းမသိပေမဲ့
ထိုသူ၏စကားသံကလူဆိုးမဟုတ်မှန်း
သိသာသည်။
မြင့်မြင့်မြတ်မြတ်အသိုင်းဝိုင်းထဲကလူတစ်ယောက်အသံ။
သတိဝင်လာတော့ထိုလူထွက်သွားတာ
အတော်ကြာနေပြီ။
တွေ့လိုတွေ့ငြားပတ်ဝန်းကျင်ကို
စပ်စုကြည့်တော့
စပါးခင်းကြီးကလွဲ၍
လူအရိပ်ယောင်ပင်မရှိ။
ဝေ့ရင်းခေါင်းလေးကိုသာကုတ်ရင်း
"သူအဆင်ရောပြေရဲ့လားမသိဘူး။"
ထို့နောက်ဘေးနားမှစပါးနှံလေးတစ်ခုကိုဆွဲကာ
လေထဲတွင်ရမ်းကာဆော့လျက်
ခုန်ဆွခုန်ဆွနှင့်ထွက်ခွာခဲ့သည်။
🐉🐉🐉🐉🐉🐉🐉
ဝေ့ရင်းများစွာသောလယ်ကွင်းများကိုဖြတ်ပြီးသည်နှင့်
တစ်ပတ်တစ်ခါလာနေကြ
ယွမ်အိမ်တော်သို့ရောက်လာသည်။
ကျောက်ပြားလေးများခင်းထားသောလမ်းအတိုင်း
ခုန်ပေါက်ကာပြေးလွှားရင်း
ရေညှိတတ်နေသော ကျောက်ပြားကိုနင်းမိသောအခါ
ဝေ့ရင်းချော်လဲလေသည်။
ခေါင်းနှင့်မြေကြီးမိတ်ဆက်ပြီထင်ထားသော်လည်း
လေထဲ၌ရပ်တန့်နေသောကိုယ်ကြောင့်နောက်လှည့်ကြည့်မိ
တော့
"ယွမ်သခင်လေး!!"
မျက်လုံးလေးမှိတ်အောင်ပြုံးပြရင်း
သူ့ရှေ့မှအတောင့်လိုက်ကြီးရပ်ကြည့်နေသော
ယွမ်သခင်လေးအား နှုတ်ဆက်လိုက်သည်။
"နေမကောင်းဘူးလားသခင်လေး"
မမှီတမှီအရပ်လေးနှင့်ခြေဖျားထောက်ကာနဖူးကို
လာစမ်းသည့်လက်ကလေးကြောင့်
ယွမ်လင်း တကယ်ပင်ဖျားချင်သွားသည်။
"ကောင်း!ကောင်းတယ်ဝေ့ရင်း။
ဘာကိစ္စလဲ"
"ယွမ်သခင်ကြီးက ပါးကိုအိမ်တော်ကိုလာဖို့ပြောခိုင်းထားတာပါး
ကမကြာခင်လာခဲ့မယ်တဲ့။အဲ့ဒါပြန်လာ
ပြောရင်း သခက်လေးဓားကစားတာ
လာကြည့်တာ။"
"ဝေ့ရင်းပါးကဓားမကိုင်ခိုင်းဘူးမလား။
စကားနားမထောင်ဘူးပေါ့"
ယွမ်လင်းစကားကိုဝေ့ရင်းနှုတ်တ်ခမ်းလေးစူကာ
"ဝေ့ရင်း စကားနားမထောင်တာမဟုတ်ပါဘူး။
အရေးကြုံရင်ကာကွယ်လို့မရမှာစိုးလို့။
ဒီနေ့တောင်လယ်ကွင်းကိုဖြတ်သွားရင်း
လူတစ်ယောက်ချုပ်တာခံလိုက်ရသေးတယ်"
ဝေ့ရင်းစကားကြောင့်ယွမ်လင်းမျက်လုံးပြူး
မျက်ဆံပြူးနှင့်
ဝေ့ရင်းတစ်ကိုယ်လုံးကို
လှည့်ပတ်ကာကြည့်နေလေသည်။
"ဘာဖြစ်သွားသေလဲ။သူမင်းကိုဘာလုပ်လိုက်တာလဲ"
"ဘာမှမလုပ်ပါဘူးယွမ်သခင်လေးရယ်။
ဒီတိုင်းမကြည့်နဲ့ပြောပြီးထပြန်သွားတယ်"
"ဘာမှမဖြစ်လို့တော်သေးတာပေါ့။"
ယွမ်လင်းတိုးတိုးလေးရေရွတ်မိသည်ကိုဝေ့
ရင်းမကြားတော့။
**
"အရှင်....."
နန်းတော်ဝရောက်သည်နှင့်သွေးမရှိသပဲ့သို့
ဖြူစုတ်နေသည့်စစ်သူကြီးမျက်နှာ။
စစ်သူကြီးနှင့်မယ်တော်ပြောနေသည့်
စကားများကို
၀မ့်ကျီးမတော်တဆကြားရင်း
အဖြစ်မှန်တွေအားလုံးသိခဲ့ရသည်။
မယ်တော်မဖြစ်ပါစေနဲ့လို့
ဆုတောင်းခဲ့ပေမဲ့
သူ့ဆုတောင်းတွေမပြည့်ခဲ့။
စစ်သူကြီးအားစစ်မေးတော့
အမှန်တရားအားလုံးပေါ်လာသည်။
"သူ့အတွက်ကြောင့်ပါ"တဲ့လေ။
ဒီခန္ဓာကိုယ်ကိုသေခိုင်းပြီး
၀ူရှန့်လေးကိုပျော်စေပါတော့လား။
ခုတော့........။
"အရှင့်သား...ဘယ်တွေလျောက်သွားး...."
မ၀ံ့မရဲနှင့်မေးနေသည့်
စစ်သူကြီးကိုဝမ့်ကျီး
တစ်ချက်သာစောင်းငဲ့ကြည့်လိုက်သည်။
"ငါကိုယ်တော်အပြင်ထွက်တာ
မယ်တော်မသိစေနဲ့။
မင်းအပြစ်တွေ ခမည်းတော်ကို
မလျောက်တင်စေချင်ရင်
ငါ့ဆန္ဒအတိုင်း
လိုက်နေရမယ်။"
အစတည်းက မယ်မယ်ကြီး
စကားကိုမလွန်ဆန်ရဲ၍
သာဝူရှန့်လေးကို
သတ်ခဲ့ရသည်လေ။
အသတ်ခံနေရတာတောင်
ပြုံးပြုံးလေး နေပေးသည့်
အချစ်ကြီးလွန်းသောထိုကလေးအား
စစ်သူကြီးမျက်လုံးထဲမှမထွက်။
"ကောအတွက်"ဆိုတဲ့စကားလေး
နဲ့လည်စင်းပေးခဲ့သူလေး။
အပြစ်မရှိတဲ့ကလေးရဲ့လည်ပင်းသွေးကို
သူဘယ်လိုစိတ်နဲ့ဖောက်
ရက်ရမှာလဲ။
"မှန်လှပါအရှင့်သား......"
🐉🐉🐉🐉🐉
အပြင်မှပြန်လာပြီး အဆင်သ့်ပြင်ပေးထားသော
ရေချိုးဇလုံထဲ
၀မ့်ကျီးဝင်စိမ်နေလိုက်သည်။
ပေါလော ပေါ်နေသော
နှင်းဆီပွင့်ဖတ်လေးများအား
လက်နှင့်ဆွဲဖယ်လိုက်တော့
ရေမျက်နှာပြင်မှာ
ပေါ်လာသည့်
မျက်နှာဖွေးဖွေးပုံရိပ်လေး.....။
ပြုံးပြနေသည့် နှုတ်ခမ်းလေး
များက မပြုံးရတာကြာသည့်
၀မ့်ကျီးနှုတ်ခမ်းများကို
ပွင့်ဟလာအောင်
ဆွဲဆောင်နိုင်စွမ်းရှိသည်။
*လွမ်းတယ်ကလေး*
ပြုံးလျက်နှင့်ပင် စီးကျလာသော
မျက်ရည်များက
ရေမျက်နှာပြင်ကိုဂယက်ထသွားစေသည်။
တဖြည်းဖြည်း
ပျောက်ကွယ်သွားသည့်ပုံရိပ်လေး
ကိုသာငေးကြည့်ရင်းက
နှလုံးသားကတဆစ်ဆစ်။
"၀ူရှန့်...မင်းအခုချိန်ဆို
ငါနဲ့ ဓားသိုင်းကျင့်ဖို့
ပူဆာနေမှာပဲ။
အဟင်း.....အခုချိန်မင်းလာချွဲရင်
ကော ဆူလွှတ်လောက်သေးလား"
တစ်ယောက်တည်းပြုံးပြီး
စကားတွေဖောင်ဖွဲ့နေသည်။
မျက်ရည်တွေကလည်း
သခင့်နှလုံးသားအတိုင်း........။
*ကော ကလေးကိုအရမ်းချစ်တယ်*
🐉🐉🐉🐉🐉🐉🐉🐉🐉🐉🐉🐉🐉
ဘာကြီးလိုနေလဲဟင်😖
ပေါ့ပျက်ပျက်ကြီးဖြစ်နေသလားလို့😖
သာသာဒါလေးရေးထားတာ၂ရက်
ရှိပြီ😅
အကျင့်ပုပ်ပြီး မUpပေးတာ😂😂
နားမလည်ကျရင်လည်း
ပြော😂
ဒီကရေးလိုက်ရင်
ပေါက်ကရတွေမို့😁
😘😘😘😘