့
" ရပါတယ် သခင်လေး.. "
သောက်ရမ်းမိုက်တာပဲ ...
____________________
______________
{7-1-2020}
__________________________
့
ဘုံချွန်းက သူ့သခင်ရဲ့ အမေးကြောင့် မေ့စေးကို လက်ချောင်းတို့နဲ့ ပွတ်ကာ နက်နဲစွာ စဉ်းစားပြီး ပြန်ဖြေတယ်။
" အွန်း.. သခင်ကို မလိမ်ဘဲ ပြောရရင် ကျွန်တော်လည်း သေချာမသိဘူး ..ရိုးရိုးသားသား ပြောရရင် အဲ့ဒီ မှော်သားကောင်ရဲ့ သွင်ပြင်က လူပုံစံအတိုင်း ရှိနေမလား ဘယ်လိုရှိနေမလဲဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး "
ဟွမ်မင်ရဲ့ ခံစားချက်လေးမှာ စိတ်ထိခိုက်သွားရှာလေပြီ။
ငိုးမ စာရေးဆရာ ...အဓိကဇာတ်လိုက်ရဲ့ ဘေးမှာ စွမ်းအားကြီးတဲ့ မှော်သားကောင်က အတူရှိနေတဲ့အပြင် အဲ့ဒီမှော်သားကောင်က ယောကျာ်လေးလား မိန်းခလေးလား ဆိုတာတောင် တစ်ကြိမ်လောက်တောင် မရေးသားပေးခဲ့ဘူး နင်ဘာသုံးစားလို့ရလို့လဲ သောက်ချီးထုပ်ကြီးရဲ့!!! ....
တကယ်ဆို သူမသေခင်ကတည်းက စာရေးဆရာက ဒီကာရိုက်တာအတွဲတွေကို ပြောပြထားခဲ့သင့်တယ်မဟုတ်ဘူးလား !
အခုတော့... တောက်! ဖာခ့်ပဲကွာ!!!!
ဒါပေမယ့် သူဒီကမ္ဘာပို့ခံရသည့်တိုင် ကံကောင်းနေပါသေးတယ်။သူနဲ့အတူ တန်ဖိုးရှိလှတဲ့ ကလေးတစ်ယောက်အပြင် သစ္စာရှိအစေခံလေးကလည်း သူ့အနားမှာ ရှိနေပေးတယ်။နောက်ပိုင်းကျရင် မှော်သားကောင်ကိုလည်း ရလာနိုင်တာပဲလေ။
" ဟွန့် ဟွန့်.. ငါလည်း တစ်ကောင်လိုချင်တယ် "
ဟွမ်မင် ငြိမ်သက်သွားတယ်။ သူဘယ်လိုလုပ်မှ မှော်သားကောင်တစ်ကောင်ရဲ့ ချစ်မေတ္တာတွေကို ရမည်နည်း။ အခုတော့ သူမှာ ကျိတ်ပြီး ငိုယိုကာ စိတ်ကူးယဉ်ရုံပဲ တတ်နိုင်သေးတယ်။
" သခင်လေးကို အားထားရတဲ့ မှော်သားကောင်တစ်ကောင်ကောင်က လိုချင်မှာပါ "
ဘုံချွန်းက အလေးအနက်တွေးခေါ်ကာ ပြောလိုက်တယ်။
ဟွမ်မင်ကတော့ သူ့အစေခံလေးရဲ့ ပြောစကားကြောင့် မျက်ဖြူလန်ပြလိုက်ပြီး ထေ့ငေါ့ပြောလိုက်တယ်။
" ကျစ်.. အခုလို အားပေးစကားပြောပေးလို့ ကျေးဇူးပါပဲကွယ် "
ဘုံချွန်းကတော့ သူ့သခင်ကို အနည်းငယ်ကူညီကာ အားပေးစကားပြောလိုက်သည့်အတွက်ရော သူ့သခင်က သဘောကျတဲ့အတွက်ပါ ရွှင်ပျစွာနဲ့ ပြန်ပြောလိုက်တယ်။
" ရပါတယ် သခင်လေး.. "
ဟွမ်မင်ရဲ့ စိတ်ထဲမှာတော့...
ဒီလူက တကယ်ကို အရေထူတာပဲ ငါက ထေ့ငေါ့ပြောတာတောင် ဒီခွေးပေါက်လေးက ရိုးရိုးသားသားနဲ့ ငါ့အတွက် စဉ်စားပေးတာတော့ ကျေးဇူးတင်စရာပဲ .....
ရုတ်တရက် သူတို့ထုတ်ပိုးလာခဲ့တဲ့ ဝောင်ထုပ်ကြီးဟာ လှုပ်ရှားလာပြီး အထဲမှာ ဟွမ်ဂျွန်းက နိုင်းနေခဲ့တယ်။ ဟွမ်ဂျွန်းကို ချီထုတ်လိုက်တဲ့အခါမှာ ကလေးငယ်က စိတ်ရှုပ်နေဟန်ဖြင့် မျက်လုံးတို့ပွင့်လာတယ်။
အာ...., နောက်ဆုံးတော့ သေးသေးလေး တစ်ယောက်နိုးလာပြီပဲ ...
ဟွမ်မင်က ကလေးကို ပြုံးပြလိုက်ပြီး ပေါင်မုန့်လုံးလေး စိတ်မရှုပ်အောင် ကြံကြံဖန်ဖန် ဂရုစိုက်နေရှာတယ်။
ထိုအချိန် မမျှော်လင့်ဘဲ ဘုံချွန်းက စိတ်လှုပ်ရှားစွာနဲ့ အော်ပြောလာတယ်။
" သခင်လေး .. တောအုပ်ကြီးဆီ ကျွန်တော်တို့ ရောက်လာခဲ့ပြီး ကျွန်တော်တို့ လုပ်နိုင်ခဲ့ပြီး ရေး.... "
ဘုံချွန်းမှာ စိတ်လှုပ်ရှားလွန်း၍ ဟွမ်မင်ကိုပင် စက်ဝိုင်းသဏ္ဍာန် လည်ပတ်ကာ ခုန်ပေါက်နေတော့တယ်။
ဘုံချွန်း၍ အပြုအမူတွေကို မြင်ရတဲ့ ဟွမ်မင်ကတော့ သူ့ရဲ့နဖူးကို ရိုက်ကာ ခေါင်းကို အသာအယာခါလိုက်ရင်း ...
ရေး... တကယ့်ကို သစ္စာရှိပြီး အနံ့ခံကောင်းတဲ့ ခွေးပေါက်လေးပဲ ......
သူတို့တွေဟာ ခပ်စိမ်းစိမ်းနေရာဒေသတစ်ခုမှ မတ်တပ်ရပ်နေခဲ့ကြပြီး ကုန်းမြေ ဧကတွေ တစ်ခုပြီးတစ်ခုကို ခမ်းနားလှတဲ့ တောကြီးက ဖုံးအုပ်ထားတယ်။ ကြည့်ရတာ နတ်သမီးပုံပြင်တွေထဲက နေရာနဲ့ တူတယ်။ အခုက ညအချိန်ရောက်နေတာကြောင့် ဒီမှော်ဆန်တဲ့ နေရာက အလွန်တိတ်ဆိတ်နေတယ်။ မြေကြီးတွေပေါ်မှာ သစ်ပင်တွေက တည့်တည့်မတ်မတ် ပေါက်ရောက်နေကြပြီး ညအချိန်မှာ သက်ရှိသတ္တဝါတွေမြင်သာနိုင်အောင် လနှစ်စင်းကလဲ လုံလောက်တဲ့ အလင်းရောင်ကို ပေးစွမ်းထားတယ်။ သေးငယ်တဲ့ သက်ရှိလေးတွေလည်း ရှိကြကာ ပန်းပင်လေးတွေကလည်း တစ်ပင်နဲ့တစ်ပင် မှင်စာလေးတွေ ကနေသလို ယိမ်းနွဲ့နေကြလေတယ်။
ဒါက ၂၁ရာစုကလာတဲ့ လူတစ်ယောက်အတွက် အံသြလွန်း၍ ကြက်သေသေသွားစေတယ်။
သောက်ရမ်းမိုက်တာပဲ ...
ဟွမ်မင်နဲ့ ဘုံချွန်းဟာ တောအာပ်ရဲ့ အဝင်ဝမှာ ရပ်နေကြပြီး လမ်းညွှန်ဆိုင်းဘုတ်မှာ ပြထားတဲ့ ဦးတည်ဘက်လမ်းတွေကို သေချာစိုက်ကြည့်နေကြတယ်။ သူတို့ရပ်နေတဲ့ အရှေတည့်တည့် ဝင်ပေါက်လမ်းရဲ့ ဘေးမှာ သစ်ပင်တစ်ပင်ရှိနေပြီး တောလမ်းက လူသွားလမ်းတွေနဲ့ ကွဲပြားစွာ ဖုန်တွေ အညစ်အကျေးတွေနဲ့ ရှိနေတယ်။
ဟွမ်ဂျွန်းလေး နိုးလာတော့ ဟွမ်မင်က အသာအယာကြည့်ကြည့်လိုက်တယ်။ အဲ့ဒီအခါမှာ ကလေးငယ်က အရမ်းပင်ပန်းနေတဲ့ ပုံပေါက်တာကြောင့် မြောက်အရပ်ကို ညွှန်ပြကာ ချင်းဟိုင်နိုင်ငံ လို့ ရေးထားတဲ့ နေရာကို ရွေးဖို့ ဆုံးဖြတ်လိုက်တယ်။
သူတို့ဟာ လမ်းကို အပန်းဖြေ အပျော်ခရီးသွားနေကြသလို အေးအေးဆေးဆေး လျှောက်လာနေကြပြီး သူတို့ကို သစ်ပင်ပင်စည်တစ်ခုကနေ သေးငယ်တဲ့ သတ္တဝါလေး တစ်ကောင်က စိုက်ကြည့်နေတာကိုတော့ မသိလိုက်ကြဘူး။ နောက်တော့ အဲ့ဒီ အကောင်သေးသေးလေးက သခင်နဲ့ အစေခံတို့ နှစ်ယောက်နားက သုတ်သုတ်ပျာပျာနဲ့ ပြေးထွက်သွားပြီး ချုံနွယ်တွေ ထူထပ်စွာပေါက်နေတဲ့ကြားထဲ ဝင်ရောက်ပျောက်ကွယ်သွားလေတယ်။
____________________
ဟွမ်မင်နဲ့ ဘုံးချွန်း အချိန်အတော်ကြာ လမ်းလျှောက်လာပြီးတဲ့အခါ ကံကောင်းစွာနဲ့ ချောင်ကျတဲ့ နေရာတစ်ခုမှာ ကန့်လန့်ဖြစ်နေတဲ့ ဂူတစ်လုံးကို တွေ့လိုက်ရတယ်။
ဘုံချွန်းကို ဂူထဲကို ချောင်းကြည့်လိုက်ပြီး ဘာအန္တာရာယ်မှ မရှိတာကို သေချာမှ ဒီနေရာကို အနည်းငယ် သန့်ရှင်းပြီး ယာယီစခန်းချရန် ဆုံးဖြတ်လိုက်တယ်။
ဘုံချွန်းက အိပ်ယာနဲ့ မီးပုံကို ပြင်ဆင်နေတဲ့ အချိန်အတောအတွင်းမှာ ဟွမ်မင်ကတော့ ပန်းအချို့ကို ဘေဘီဂျွန်းနဲ့ အတူ သွားရောက် ခူးနေတယ်။ ဒီပန်းတွေက မှောင်မိုက်နေတဲ့ ဂူထဲမှာ အလင်းရောင် အနည်းငယ်ကို ပေးစွမ်းနိုင်မယ်။ အယ်... မီးရှို့လိုက်မယ်ဆိုရင်ပေါ့လေ။
ပန်းတွေကို ခူပြီးတော့ ဟွမ်မင်နဲ့ သူ့ကလေးတို့ ပြန်လာခဲ့ကြပြီး ဘုံချွန်း အစီအစဉ်ချထားပေးတဲ့ နေရာမှာ ထိုင်ချလိုက်ကာ ယူလာတဲ့ အသားငါးတွေကို မီးလေးနဲ့ ကင်လိုက်တယ်။ နတ်ဘုရားတွေကို ကျေးဇူးတင်ရမှာက သူတို့ဟာ အမဲလိုက်ဖို့ မဖြစ်နိုင်တဲ့အတွက် ခရီးသွားဖို့ အစားအစာတွေ အလုံအလောက် ယူလာနိုင်ခဲ့လို့ပဲ။
တကယ်လို့ အစာရေဆာသာ ပြတ်လပ်သွားရင် သေချာပေါက် သူတို့က အမဲမလိုက်တတ်လို့ ငတ်ကြတော့မှာပဲ။
ညစာ စားသောက်ပြီးတဲ့အခါမှာ ဟွမ်ဂျွန်းကို နို့တိုက်လိုက်ပြီး ဘုံချွန်း ပြင်ပေးထားတဲ့ မီးပုံဘေးမှာ အစေခံလေးရယ် သခင်တစ်ယောက်ရယ် ကလေးတစ်ယောက်ရယ်တို့က နှစ်ခြိုက်စွာနဲ့ အေးချမ်းစွာ အိပ်စက်လိုက်ကြတယ်။
အဲ့ဒီအချိန်မှာ ချစ်စရာ သတ္တဝါလေးတစ်ကောင်က ဂူထဲကို မသိမသာ ဝင်လာခဲ့ပြီး ခိုးကြောင်ခိုးဝှက်နဲ့ ဘုံချွန်းရဲ့ အရှေ့ကို ပြေးလာကာ စူးစမ်းကာ စိုက်ကြည့်နေလေတယ်။
အတော်ကြာ စိုက်ကြည့်ပြီး နောက်ဆုံးမှာတော့ သတ္တဝါလေးက လှုပ်ရှားလာကာ ပုန်းဖို့ လုံလောက်တဲ့ ကျောက်တုံးကြီးတစ်တုံးရဲ့ နောက်ကို ပြေးဝင်သွားကာ ဘောလုံးလို ခန္ဓာကိုယ်ကို ကွေးပြီး ဖြည်းဖြည်းချင်းလဲကာ နွေးထွေးစွာ အိပ်ပျော်သွားလေတယ်။
မနက်မိုင်းလင်း ဒီသခင်နဲ့ အစေခံနှစ်ယောက်ဟာ သူတို့ရဲ့ ရှေ့ကအရာကိုသာ မြင်ခဲ့ပါမူ စိတ်ဝင်စားစရာတွေ ဖြစ်လာတော့မည်။ အထူးသဖြင့် သူတို့ထဲက ဘုံချွန်းပေါ့။ နောက်ဆုံးတော့ သူတို့ဟာ တောထဲကို ရောက်လာခဲ့ပြီးဖြစ်သည်။
______________
စာလုံးပေါင်း မှားယွင်းခြင်းအား သည်းခံခွင့်လွှတ်ပေးပါရန် 😘😘
{7-1-2020}
__________________________