Unicode
~~~~~~~
Chapter - 66
မင်္ဂလာပွဲကနေ ပြန်လာပြီးကတည်းက လုဖန်အချိုးတွေပြောင်းလဲနေ၏ ။ အေးစက်စက်နေတတ်သည့် သူ့ရဲ့မျက်နှာထားက တစ်စုံတစ်ရာကို လေးနက်စွာတွေးတောပြီး ပြုံးနေတတ်သည် ။ ယွင်ရှန့်ကို ထူးဆန်းတဲ့အဝတ်အစားတွေဝတ်ခိုင်းပြီး တစ်ယောက်ထည်းအလုပ်ရှုတ်နေတတ်သည် ။ အားလုံးကလဲ မင်္ဂလာပွဲဝတ်ဆုံများဖြစ်နေ၏ ။ တစ်ခုမှ သူစိတ်တိုင်းမကျပေ ။ မပြောင်းလဲတဲ့အကျင့်တစ်ခုကတော့ ယခုချိန်ထိ ယွင်ရှန့်ကို အခန်းတွင်း ပိတ်ထားပြီး လက်ထိပ်ခပ်ထားခြင်းပင် ။
" မင်း ဒါတွေကို ဘယ်ချိန်ထိ လုပ်နေမှာလဲ "
အဝတ်ပုံတွေအလယ်မှာ ယွင်ရှန့်ထိုင်နေရင်း လုဖန်အားကြည့်ကာ မေးလိုက်ခြင်းဖြစ်သည် ။ စိတ်တိုင်းမကျနိုင်သည့် လုဖန်က ဒီဇိုင်နာကိုခေါ်ပြီး အဝတ်တွေကို ပြန်သိမ်းစေလိုက်သည် ။ ပြီးနောက် ယွင်ရှန့်အား ဆွဲခေါ်ကာ သူ့ရဲ့ပေါင်ပေါ်သို့ ထိုင်စေလိုက်သည် ။ ဒီအနေအထားက နေသားကျနေပြီမို့ ယွင်ရှန့် မငြင်းဆိုပဲ ထိုင်နေပြီး လုဖန်ရဲ့ကလိသမျှကို ငြိမ်သက်စွာ ခံယူနေလိုက်သည် ။
လုဖန်ရဲ့လက်တွေက ယွင်ရှန့် ရင်အုံကို ဖစ်ညှစ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်က ပေါင်သားနုနုလေးအပေါ် ပွတ်သပ်ကျီဆယ်နေ၏ ။ သူ့ရဲ့မေးကို ယွင်ရှန့်ပခုံပေါ်တင်ထားပြီး တိုးညှင်းစွာ ပြောလာသည် ။
" ကိုယ် မင်းနဲ့ လက်ထပ်ဖို့ကို မစောင့်နိုင်တော့ဘူးကွာ "
ပြီးနောက် ကြေနပ်စွာပြုံးရင်း သူကဆက်ပြောသည် ။
" အဖြူရောင်ဝတ်ဆုံနဲ့သတို့သားလေး ကမ္ဘာပေါ်မှာ မင်းတစ်ယောက်သာ အလှဆုံးဖြစ်စေရမယ် …… ကိုယ့်တို့ကို ပရိတ်သတ် ရာပေါင်းများစွာက နှစ်သက်အားကျတဲ့အကြည့်တွေနဲ့ ကြည့်နေလိမ့်မယ် …… ကိုယ်မင်းကို လက်စွပ် စွပ်ပေးတဲ့အခါ လက်ခုပ်သံတွေက ကမ္ဘာလောကကြီးတစ်ခုလုံးကို လွှမ်းခြုံသွားစေလိမ့်မယ် …… အဲ့ဒိအချိန်မှာ ကောင်းကင်ပေါ်ကကျလာတဲ့ အနီရောင် နှင်းဆီပွင့်ဖက်လေးတွေနဲ့ မင်းရဲ့အပြုံးလေးတွေပေါင်းစပ်ပြီး လင်းလပ်နေတဲ့နေရောင်ခြဉ်ကတောင် မင်းရဲ့အပြုံးတွေအောက် ပျောက်ကွယ်သွားလိမ့်မယ် …… အဲ့ဒိပုံရိပ်လေးကို ပန်းချီကားချပ်ထဲရေးဆွဲပြီး ထာဝရသိမ်းထားမယ် …… ကိုယ်တို့အသက်ကြီးလာတဲ့အခါ ကိုယ်တို့ရဲ့ မင်္ဂလာနေ့ရက်လေးကို အမှတ်တရပြန်ကြည့်ပြီး ပျော်ရွှင်စရာ အချိန်အခါလေးကို သက်ဆုံးတိုင် သယ်ဆောင်သွားကြမယ် "
စိတ်ကူးယဉ်ဆန်လှတဲ့ လုဖန်ပြောစကားတွေက ကြည်နူးမှုအပြည့် ဖြစ်ပေါ်စေသော်လဲ တဆက်ထည်း ဝမ်းနည်းမှုတို့ ဖြစ်ပေါ်လာစေသည် ။ ယခင်အချိန်ကဆိုလျှင် ထိုစိတ်ကူးအား ဝမ်းမြောက်ဝမ်းသာ ထောက်ခံမိလိမ့်မည် ။ ယခုအချိန်မှာတော့ ဒါတွေဟာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်နေခဲ့သည် ။ လက်တေွ့မှာတော့ ထိုအခြေအနေမျိုး ဖြစ်လာနိုင်ဖို့ ရာခိုင်နှုန်းမရှိတော့ခြေ ။ လုဖန်ရဲ့ ယွင်ရှန့်အပေါ်စောင့်ကြည့်မှုတွေက ယခင်ကထက် တင်းကြပ်လာပြီး မျက်စိအောက်က နည်းနည်းလေးမှ အပျောက်မခံပေ ။ ဒါကထောင်ကျသည်ထက်ပင် ဆိုးလွန်းလှသည် ။
" လုဖန် … ငါ toiled သွားတာကိုတော့ မင်းလွှတ်ထားပေးသင့်တယ် "
" ကျစ် … ဘယ်ဖြစ်မလဲ …… မင်းထပ်ပြီး အရင်လို ထွက်ပြေးသွားရင်ရော ……ကိုယ့်ကို ထားသွားဖို့ နည်းနည်းလေးမှ စိတ်မကူးနဲ့ "
လုဖန်က တံခါးဘောင်ကိုမှီလျှက် လက်ပိုက်ကာရပ်နေ၏ ။ ယွင်ရှန့်ဘာမှမပြောနိုင်တော့ပေ ။ ဒါက ပထမဆုံးအကြိမ်လဲမဟုတ်တော့၍ လုပ်နေကျအတိုင်း လုဖန်ကို တွန်းထုပ်ကာ တံခါးကိုစောင့်ပိတ်လိုက်သည် ။
ယွင်ရှန့် နံရံပေါ်က မှန်ပေါ်မှာပေါ်နေသည့် သူ့ရဲ့ပုံရိပ်ကိုကြည့်နေရင်း သူ့ရဲ့မျက်ဝန်းတွေက ဝမ်းနည်းရိပ်သန်းလာ၏ ။
" မင်းဘာကြောင့် ငါ့အပေါ် အမြဲ အယုံအကြည်မရှိခဲ့တာလဲ ……ငါ … ငါလဲ မင်းအနားကနေ ထွက်မသွား ချင်ခဲ့ဘူး …… ဒါပေမဲ့ ခုငါမင်းနဲ့တူတူနေရပေမဲ့ ငါ့တို့ ၂ ယောက်ကြားမှာ မှန်တစ်ချပ် ခြားထားသလို ခံစားနေရတယ် …… တစ်ယောက်ကိုတစ်ယောက် ဖောက်ထွင်းမြင်နေရပေမဲ့ ငါတို့ရဲ့အချစ်တွေက အလှမ်းဝေးကွာသွားသလိုပဲ …… တကယ်တော့ ငါက လှောင်အိမ်ထဲက အရုပ်သာသာပါပဲလား "
အတွေးပင်လယ်ဝေနေခိုက် အပြင်ဘက်က အော်ခေါ်သံကို ယွင်ရှန့် ပျက်သားစွာ ကြားလိုက်ရသည် ။
" ယွင်လေး … နောက် ၃ မိနစ်နေလို့မှ ထွက်မလာရင် ကိုယ်တံခါးဖျက်ပြီး ဝင်လာမှာနော် "
ယွင်ရှန့်သက်ပြင်းဖွဖွချလိုက်ရင်း ကိစ္စပြီးမြောက်အောင်လုပ်ဆောင်ပြီးနောက် အပြင်ဘက်သို့ ပြန်ထွက်လာခဲ့သည် ။ လုဖန် ထိုင်ခုံပေါ်မှာ ထိုင်နေရင်း မေးထောက်ကာ အခန်းထဲက ထွက်လာသည့် ယွင်ရှန့်ကို မျက်တောင်မခပ်တန်း စိုက်ကြည့်နေ၏ ။
' ဒီနေ့လဲ ထူးထူးဆန်းဆန်း ဘာတွေလုပ်ဖို့ ကြံနေပြန်ပြီလဲ ' ယွင်ရှန့်တွေးရင်း လုဖန်အနားသို့လျှောက်လာခဲ့သည် ။
" ဒီနေ့ ကိုယ်မင်းအတွက် ပြင်ဆင်ထားတာ တစ်ခုရှိတယ် "
လုဖန်မျက်နှာက ကြည်လင်နေပြီး စိတ်ကြေနပ်မှုအပြည့်ရှိနေ၏ ။ သူ့ရဲ့အပြုံးတွေက အမှောင်ထုကြီးဆိုးနေသည့် အခန်းတစ်ခုလုံး လင်းလပ်သွားသည်ထိ ထောက်ပနေသည် ။ ဒီလိုပုံစံမျိုး မမြင်ဖူးတာကြာပြီမို့ ယွင်ရှင် တစ်ခနမျှ ငေးကြည့်မိလိုက်ပြီးနောက် အကြည့်လွှဲလိုက်ကာ ပြန်မေးလိုက်သည် ။
" ဘာတွေ ထပ်ပြီး ကြံစည်နေတာလဲ "
လုဖန် လက်တစ်ဖျောက်တီးကာ အချက်ပြလိုက်သည်နှင့် လူတစ်စုဝင်လာကြသည် ။ ထိုအရာကိုမြင်တော့ ယွင်ရှန့် လေးခပ်ပြင်းပြင်းမှုတ်ထုပ်လိုက်ရင်း …
" ဒီနေ့လဲ ထပ်ပြီး ဝတ်ရအုံးမှာလား ……ဘယ်တော့များ မင်းစိတ်ကြိုက်ကိုတွေ့မှာတဲ့လဲ …… ငါတကယ်စိတ်ကုန်နေပြီ "
ဒီအဖွဲ့က လာနေကြအဖွဲမဟုတ်ပေမဲ့ သူတို့ကိုင်ဆောင်လာသည့် ပစ္စည်းတွေကိုကြည့်ရင် မင်္ဂလာသတို့သားအပြင်အဆင်မှန်း သိသာလှသည် ။လုဖန်ထိုသို့လုပ်ဆောင်နေတာ တစ်ပတ်လောက်ပင်ရှိခဲ့ပြီ ။ ခုချိန်ထိ လက်မလျော့သေးတာ ယွင်ရှန့်အံ့ဩနေမိသည် ။ ထို့နောက် လုဖန် ထိုင်နေရာမှထလာပြီး အစောင့်တစ်ယောက်ကိုင်ထားသည့် ပုံးကိုယူကာ ယွင်ရှန့်ထံ ပေးလိုက်သည် ။
" ဒီတစ်ခါအတည်ပါ …… ဒါကို လဲပြီးရင် အပေါ်ဆုံးအထပ်ကိုတက်လာခဲ့ …… ကိုယ်စောင့်နေမယ် "
လုဖန်ထွက်သွားပြီးနောက် ယွင်ရှန့် ပုံးထဲကပစ္စည်တစ်ချို့ကို ထုတ်ယူကြည့်လိုက်သည် ။ အားလုံးက အဖြူရောင် ဇာအပါးလေးများဖြင့် အလှဆုံးချုပ်လုပ်ထားသည့် သတို့သမီးဝတ်ဆုံလေးဖြစ်နေ၏ ။
" သူတကယ် ရူးသွားပြီလား "
ယွင်ရှန့်နောက်ဆုံးတော့လဲ လုဖန်အမိန့်ကို နာခံရသည် ။ ကိုယ်လက်သန့်စင်ပြီးနောက် မိတ်ကပ်ဆရာတွေရဲ့ ပြင်ဆင်ချယ်သမှုကို ခံယူလိုက်သည် ။ တစ်နာရီခန့်ကြာတော့ မျက်နှာတစ်ခုလုံး ချယ်သပြီးဖြစ်ပြီး သူမတူအောင် ပြောင်းလဲသွားသည်ကို ယွင်ရှန့် မှန်သားပြင်ပေါ်ကနေ တွေ့လိုက်ရသည် ။ ယခင်နှစ်က ဒေါ်လေးလီရဲ့ပြင်ဆင်မှုဟာ လှပပေမဲ့ ဒီတစ်ကြိမ်က သူ့ကိုပို၍ အ့ံဩမှင်သက်စေသည် ။ အကြောင်းက သူ့ရဲ့ရုပ်ရည်ဟာ လုံးဝမိန်းကလေးတစ်ယောက်အတွင် ပြောင်းယူထားခြင်းကြောင့်ပင် ။
' မိတ်ကပ်အစွမ်းတွေက တစ်နှစ်ထပ်တစ်နှစ် ပိုပြီး တိုးတပ်လာတာပဲ ' ဟု ယွင်ရှန့်မှတ်ချက်ပြုလိုက်သည် ။
" သခင်လေး အဝတ်လဲဖို့အချိန်ကြပါပြီ "
အမျိုးသား ဒီဇိုင်နာက ယွင်ရှန့်အား အခန်းတွင်ခေါ်ဆောင်လာပြီး ပုံးလေးထဲက ဇာများဖြင့် ချုပ်လုပ်ထားသည့် ဖဲဂါဝန်လေးကို လှပသေသပ်စွာ ဝတ်ဆင်ပေးလိုက်သည် ။ ဂါဝန်ကားကားလေးက ပေါင်လယ်ထိသာရှည်ပြီး အနောက်က ဇာပဝါဟာ ကြမ်းပြင်ထိတွဲကြနေသည် ။ ရင်ဘက်ပေါ်တွင် အတုထပ်မထားခြင်းကြောင့် ပြားကပ်နေသော်လဲ သူ့နေရာနှင့်သူ ကပ်ချပ်နေပြီး တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှုရှိနေ၏ ။ ဂါဝန်အပေါ်ပိုင်းဟာ ရင်ဘက်ပေါ်သာဖုံးအုပ်ထားပြီး ဖြူဖွေးသည့် ပခုံးသားလေးကို လစ်ဟထားသည် ။ အဖြူရောင် ဆံနွယ်လေးတွေကို အတုတပ်မေပးပဲ နကိုဆံပင်လေးကို လှပစွာချပေးထားကာ အဖြူရောင် ပန်းခွေလေးနှင့် ဇာအပါးလေးကို ပန်ဆင်ပေးထားသည် ။
ဒါက သဘာဝအလှကိုပို၍ ပေါ်လွင်စေပြီး အတင်းမိန်းကလေးအသွင် ဆောင်ယူထားပုံလဲမပေါ်ပေ ။ ယွင်ရှန့်ကျေနပ်မိသော်လဲ အနည်းငယ်နေရခပ်နေ၏ ။ ယွင်ရှန့်အား ပြင်ဆင်ပြီးသွားပြီးနောက် အားလုံးဟာ ချက်ချင်းပြန်သွားကြသည် ။ သို့ပေမဲ့ သတိမမေ့မလျော့ပဲ သခင်လေးမှာထားသည့်အတိုင် ပြင်ဆင်ပြီးနောက် ယွင်ရှန့်လက်အား ပြန်၍ လက်ထိပ်ခပ်သွားသေးသည် ။ ထူးဆန်းတာက လက်ထိပ်ကအစ အဖြူရောင်ဇာအပါးလေးဖြင့် အလှဆင်ကာ ပန်းပွင့်လေးပါ တပ်ပေးထားသည် ။ ယွင်ရှန့် လက်ထိပ်ကို စိုက်ကြည့်ရင်း တွေးလိုက်မိသည် ။
" သူရူးတာက တကယ်ကို ဆေးမမှီတော့ဘူးပဲ "
ထိုစဉ်အခန်းအပြင်မှ အော်ခေါ်သံကို ကြားလိုက်ရသည် ။
" ရှောင်သခင်လေး စောင့်နေပါတယ် …… ကျနော်တို့သွားဖို့အချိန်ကျပြီ "
ယွင်ရှန့် အခန်းပြင်ထွက်လာတော့ အစောင့်တချို့ ရပ်စောင့်နေကြပြီး သူ့အား အပေါ်ထပ်သို့ လမ်းပြခေါ်ဆောင်လာကြသည် ။ ယခု ယွင်ရှန့်ထွက်လာသည့်အခန်းက အခန်းလွတ်တစ်ခုဖြစ်နေပြီး ဒုထိယထပ်မှာတည်ရှိသည် ။ ထူးဆန်းစွာပင် ပထမထပ်ကိုကြည့်လိုက်မိတော့ မည်သူတစ်ဦးတစ်ယောက်မှရှိမနေပဲ တိတ်ဆိတ်နေ၏ ။ ပြီးမှ ယွင်ရှန့် ပြန်သတိရလိုက်သည် ။ ဒီနေ့က ယွန်းဂျယ် ဆေးခန်းသွားပြရမည့်နေ့ဖြစ်ပြီး ကျန်သူများကလဲ အလုပ်ကိုယ်စီနဲ့မို့ အိမ်မှာ မည်သူတစ်ဦးတစ်ယောက်မှရှိမနေတာ မအံ့ဩမိတော့ပေ ။ ဒါကြောင့်လဲ လုဖန် သူ့ကို အခန်းအပြင်သို့ လွတ်လပ်စွာ ခေါ်ထုပ်လာခြင်းဖြစ်လိမ့်မယ် ။
အပေါ်ဆုံးထပ်ကိုရောက်ရန် ကြားတွင် နှစ်ထပ်လောက် တက်ရသေးသည် ။ ပထမလှေကားထိပ်အဆုံးက တတိယထပ်ဖြစ်ပြီး ထိုအထပ်ကအခန်းများထဲတွင် ဧည့်သည်များအတွက်သီးသန့်ခန်းများစွာရှိနေ၏ ။ ယွင်ရှန့် တတိယကိုရောက်တော့ နောက်လှေကားတစ်ဆင့်တက်ရန်ပြင်ခိုက် အခန်းတစ်ခုထံမှ တံခါးပွင့်လာကာ အမျိုးသမီးတစ်ဦးအသံ ထွက်ပေါ်လာ၏ ။
" နေဦး "
သူမအသံက ပူလောင်မှုမရှိသော်လဲ အေးချမ်းနေခြင်းမျိုးမဟုတ် ခပ်ထန်လှသည် ။ သူမခြေသံတွေ တဖြေးဖြေးကပ်လာပြီး ယွင်ရှန့်အနောက်ရောက်မှ ရပ်တန့်လိုက်သည် ။ ယွင်ရှန့်ချက်ချင်းလှည့်မကြည့်သေး ။ ဒီမျက်နှာနဲ့ သူမအား မျက်နှာချင်းဆိုင်ရမှာကို ရှက်ရွံ့နေ၏ ။ သူမက အစောင့်တွေအားကြည့်ကာ အမိန်းပေးလိုက်သည် ။
" မင်းတို့ ဒီနေရာကနေ ထွက်သွားပေး …… ငါစကားမပြောပြီးမခြင်း မလာခဲ့နဲ့ "
အစောင့်တွေကလဲ အလိုက်သင့် ထွက်ခွာပေးကြသည် ။ ပြီးမှ သူမက သူ့အား ကျောပေးထားသည့် ယွင့်ရှန့်ပခုံးကိုကိုင်ကာ အားပါပါဖြင့်လှည့်လိုက်သည် ။ ယွင်ရှန့်မော့ကြည့်လိုက်တော့ သူမမျက်နှာတွင် အ့ံဩမှု ရွံရှာမှုနှင့် အထင်သေးမှုတို့ ရောယှက်နေပြီး ယွင်ရှန့်အား ခပ်ထန်စွာကြည့်နေ၏ ။ ထိုသူကတော့ ယွန်းဂျယ်၏ မိခင်ဖြစ်သူပင် ။ ( အစစ်မဟုတ် ) သူမက Korea လူမျိုးဖြစ်သော်လဲ တရုတ်စကားကိုတော့ ကြွမ်းကျင်စွာ တက်မြောက်ပုံပင် ။ သူမက ယွင်ရှန့်အားကြည့်ကာ စတင်ပြောကြားလာသည် ။
" မင်းနဲ့ လုဖန်က ဒီအခြေအနေထိရောက်နေပြီဆိုမှတော့ တို့မိသားစုနဲ့ ရှောင်မိသားစုကြားက ဆက်ဆံရေးကိုလဲ သိမှာပေါ့ …… တို့မိသားစုနဲ့ ရှောင်မိသားစုနဲ့က စီးပွားဖက်တွေဖြစ်ခဲ့တာ နှစ်ချီနေပြီ …… တို့ရဲ့ ယွန်းဂျယ်နဲ့ လုဖန်ကို အိမ်ထောင်ချပေးမလို့စီစဉ်ထားတာ သူတို့ ဘွဲ့ယူပြီးတာနဲ့ လက်ထပ်ကြမှာ …… မင်းလည်း တောကြိုအုံကြားက လာတဲ့ လူမဟုတ်တော့ ကိုနဲ့အဆင့်အတန်းသူတဲ့သူအချင်းချင်း လက်ထပ်ကြတယ်ဆိုတာ နားလည်မယ်လို့ထင်တယ် …… ပွင့်ပွင့်လင်းလင်းပြောရရင် လိင်တူအတွဲတွေဆိုတာ ဘယ်တော့မှ ကောင်းကောင်းအဆုံးသတ်မသွားရဘူး ……မင်းတို့တွေ ဘယ်လောက်ကြာကြာ အတူတူနေနိုင်မယ် ထင်လို့လဲ …… နောက်ဆယ်နှစ်လား အနှစ် ၂၀ လား မင်းတို့အသက်ကြီးလာရင် ဘယ်လိုလုပ်မလဲ …… ဒီလိုအောင်မြင်နေတဲ့ လုပ်ငန်းကြီးက ဆက်ခံသူမရှိပဲ ပျက်စီးသွားမှာကို မင်းက လက်ပိုက်ကြည့်နေနိုင်တာလား …… မင်းက မင်းရဲ့ကောင်းကျိုးအတွက် မကြည့်ဘူးဆိုရင်တောင် လုဖန်ရဲ့ရှေ့ရေး ကောင်းဖို့အတွက် ကြည့်ရမှာပေါ့ မဟုတ်ဘူးလား …… လုဖန်က မင်းကိုတဖြေးဖြေး စိတ်ကုန်လာရင်ရော သူနဲ့အတူနေခိုင်းမယ်ထင်နေတာလား …… အဲ့အခါကြရင် မင်းက ဘာကောင်မှမဟုတ်တော့ဘူး … အစွန့်ပစ်ခံ DOLL တစ်ခုသာသာပဲဖြစ်သွားမှာ … ဘာတန်ဖိုးမှ မရှိတော့ဘူး "
ယွင်ရှန့်ပြောစရာစကားများပျောက်ရှသွားသည် ။ သူမစကားတွေက ပျက်သားပြီးမာထန်နေ၏ ။ တစ်ဆက်ထည်း ယွင်ရှန့်ကို ပို၍ စိတ်ဓာတ်ကျသွားစေသည် ။ သူမက တိတ်ဆိတ်ကာ ခေါင်းငုံနေသည့် ယွင်ရှန့်ကိုကြည့်ပြီး သူမစကား ထိရောက်၍ ကျေနပ်သွားသည် ။ ပြီးနောက် သူမက ယွင်ရှန့်လက်က လက်ထိပ်ကို မြင်သွားပြီး အကြံရသွားပုံပင် ဆက်၍ပြောလာသည် ။
" မင်းအတွက်လဲ ခက်ခဲမယ်ဆိုတာ သိပါတယ် ……ခုပဲကြည့်လေ မင်းဝတ်ထားတဲ့ပုံစံက မင်းသိက္ခကို ဘယ်လောက်ထိခိုက်စေလဲ ……ဒီလိုမျိုးချုပ်နှောင်ထားတာက ချစ်သူတစ်ယောက်အပေါ် ဆက်ဆံပုံမျိုးဖြစ်သင့်ရဲ့လား ……ရှောင်လုဖန်က သူစိတ်ကျေနပ်ဖို့အတွက်ပဲ မင်းကိုသုံးနေသာအသိသာကြီး ……မင်းခံစားချက် မင်းအကြိုက်တွေကို သူမေးဖူးလား ……ကြည့်ရတာတော့ သူကပဲ မင်းကိုအမိန်ပေးနေပုံပဲ ……ဒါက သူမင်းကို Doll တစ်ခုလိုပဲ ဆက်ဆံတာ အသိသာကြီး ……ကဲထားပါ မင်းလဲ ဒီလိုချုပ်နှောင်မှုကနေ လွတ်မြောက်ချင်နေပြီမလား …… ဒီမှာပိုက်ဆံကိုယူလိုက် "
သူမက ကဒ်ပြားလေးတစ်ခုကို ယွင်ရှန့်ထံ ကမ်းပေးလိုက်သည် ။ ပြီးနောက် ဆက်၍ပြောလာ၏ ။
" ငါတို့ကို ယုတ်မာတဲ့သူတွေလို့တော့မပြောနဲ့ ……ရှောင်မိသားစုကို မင်းလိုမျိုး ကလေးမမွေးနိုင်တဲ့အပြင် လူသိရှင်ကြား လက်တောင်ထက်လို့မရနိုင်တဲ့သူကြောင့် အပူကပ်မနေစေနဲ့ …… ဒီထဲမှာ မင်းဘဝဆိုးရိမ်စရာမလိုအောင် ထိုင်စားလို့ရတဲ့ပမာဏ ထည့်ပေးထားတယ် "
ထိုအခါ ယွင်ရှန့်ရဲ့ ဝမ်းနည်းစိတ်ကနေ ဒေါအဖြစ်ပြောင်းလဲသွားပြီး သူ့အရှေ့က အမျိုးသမီးအား မျက်နှာချင်းဆိုကာ ခေါင်းမော့ကြည့်ပြီး တစ်လုံးခြင်း ပြောလိုက်သည် ။
" ကျနော်ဒီပိုက်ဆံတွေမယူဘူး ……ကျနော်ဘယ်သူ့ကိုမှမမှီခိုပဲ ကျနော့ဘာသာ ရှာစားနိုင်တယ် "
" ခုမင်းဘက်မှာလုဖန်ရှိနေတော့ ပြောနိုင်တာပေါ့ …… အ့ဆိုတို့လုပ်ပေးနိုင်တာက မင်းနဲ့လုဖန်တိတ်တိတ်ပုန်းနေနေတဲ့အကြောင်း ဖွင့်ချလိုက်ယုံပဲရှိတော့တယ် …… ခုချိန်မှာ လူတွေက ယွန်းဂျယ်နဲ့ လုဖန်အကြောင်းကိုပဲသိထားပြီး သူတို့အတွဲက လိုက်ဖက်ညီတဲ့အကြောင်း ချီးမွန်းပြောဆိုနေကြတာ …… ဒီသတင်းပေါက်ကြားသွားတဲ့အခါကြရင် မင်းကတစ်စုံတစ်ယောက်ဖြစ်သွားပြီး လုဖန်နဲ့ ရှောင်မျိုးရိုးရဲ့ဂုဏ်သိက္ခာတွေက မင်းလက်ထဲရောက်သွားမှာလေ "
" ခများ "
" ဟင်း … လူငယ်တွေ အမှန်မမြင်နိုင်ပါ့လား ……ခုမင်းသာနောက်ဆုတ်ပေးလိုက်ရင် လုဖန်နဲ့ရှောင်မိသားစုသိက္ခမထိခိုက်သလို မင်းအတွက်လဲအသာကြီးပဲ ……ခုလိုချုပ်နှောင်မှုကနေမင်းမလွတ်မြောက်ချင်တာတော့ မဟုတ်ပါဘူးနော် ……မင်းအတွက်ရွေးချယ်စရာ လမ်းတစ်လမ်းပဲရှိတယ် ……ဒီအိမ်တော်ကနေ ခုချက်ချင်း ထွက်သွားပါ ……မင်းကိုဘယ်တော့မှပြန်ရှာမတွေ့နိုင်တဲ့ အဝေးဆုံးနေရာထိ "
သူမက အားရကျေနပ်စွာ ပြောပြီးသည့်နောက် ယွင်ရှန့်ထံက အဖြေစကားကို ကြားချင်ပုံမပေါ်ပေ ထိုနေရာကနေ ချက်ချင်း လှည့်ထွက်သွားလေတော့သည် ။ ပြီးနောက် အစောင့်တွေပြန်ရောက်လာကြပြီး ယွင်ရှန့်အား အပေါ်ဆုံးထပ်သို့ ခေါ်ဆောင်လာကြသည် ။ ယွင်ရှန့်ရဲ့ခြေလှန်းတွေက လေးလံနေပြီး အတွေးပေါင်းများစွာက အသိစိတ်လွတ်မတတ် နှောက်ယှက်နေ၏ ။ ဘယ်အချိန်က အပေါ်ဆုံးထပ်သို့ရောက်သွားမှန်း သူမသိလိုက်ခြေ ။ သူအသိပြန်ဝင်လာတော့ ဘေးနားကအစောင့်တွေအားလုံး မရှိကြတော့ပေ ။ သူနဲ့မလှန်းမကန်းမှာတော့ သူ့အားကျောပေးရပ်နေသည့် တစ်စုံတစ်ယောက်ရှိနေပြီး အပေါ်ဆုံး လေသာပြင်တစ်ခုလုံးဟာလဲ ပန်းများ ဇာပဝါအဖြူလေးများတွဲလောင်းချကာ အလှဆင်ထားပြီး မင်္ဂလာခန်းမထက်ပင် ခန်းနားကြီးကျယ်လွန်းလှသည် ။
' ဒါက လုဖန်ရဲ့ စိတ်ကူးယဉ် မင်္ဂလာပွဲလား ' ယွင်ရှန့်တွေးတောရင်း တဖြေးဖြေးလျှောက်လှမ်းလာခဲ့သည် ။ သူခြေချရာ လျှောက်လမ်းတစ်ခုလုံးဟာ အနီရောင်နှစ်ဆီပွင့်ဖက်များ ချခင်ထားပြီး လေတစ်ချက်ဝှေ့လိုက်တိုင်း လွင့်ပျံလာကာ ပန်းများ ပတ်ဖြန်းနေသယောင်ထင်ရစေသည် ။ အဖြူရောင်ဇာလေးတွေက လေမှာလွင့်နေပြီး တစ်ခါတစ်ခါ အရှေ့ကလူအား မမြင်နိုင်အောင် ဖုံးအုပ်ထားသည် ။ ဇာပဝါပေါင်းများစွာက တွဲလောင်းချည်နှောင်ထားခြင်းကြောင့် လုဖန်ထံရောက်ရန် ဝင်္ကပါတစ်ခုပမာ ဖြစ်နေ၏ ။
အနက်ရောင်ဝတ်ဆုံနှင့် ခန့်ညားနေသည့် လုဖန်ဟာ သူ့အား ကျောပေးထားမြဲ တစ်စုံတစ်ခုအား ကိုင်ဆောင်ထားပုံပင် ထိုအရာအား တစိုက်မက်မက်စိုက်ကြည့်နေ၏ ။ သူ့ရဲ့အရှေ့မှာ ဝရံသာရှိနေပြီး ပန်းများဖြင့်အလှဆင်ထားသည် ။ ထိုနေရာကနေ ရှောင်အိမ်တော်တစ်ခုလုံးရဲ့မြင်ကွင်းကို လှပစွာ မြင်နိုင်၏ ။ လေတွေက ခပ်ကြမ်းကြမ်း တိုက်ခပ်လာသည့်အခါ အဖြူရောင် ဇာပဝါလေးတွေက သူတို့ ၂ ဦးကြား ခြားနာထားသည် ။ ယွင်ရှန့်အရှေ့သို့ရောက်လာလေ ခြားနားထားသည့် ပဝါစလေးတွေကြောင့် ပို၍ ဝေးကွာသွားသလိုခံစားလာရသည် ။ ပြီးနောက် အမြင်အာရုံတစ်ခုလုံး အဖြူရောင်ပဝါစလေးများ ဖုံးလွှမ်းသွားကာ သူ့အရှေ့က လုဖန်ဟာလဲ ပျောက်ကွယ်သွားလေတော့သည် ။
အမြင်များ မှားလေသလား စမ်းတဝါးဝါး ရှာကြည့်သော်လဲ ထိုနေရာတွင် မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေတော့ခြေ ။ ယွင်ရှန့်စိတ်ထဲတွင် အမျိုးအမည်မသိ ခံစားလိုက်သည် ။ သို့ပေမဲ့ သူ့အတွေးပင်မဆုံးလိုက် အနောက်မှ အန္တရာယ်အငွှေ့အသက်များ ခံစားရသည်နှင့် ချက်ချင်း လှည့်ကြည့်လိုက်သည် ။ ထင်သည့်အတိုင်းပင် လုဖန်ဟာ သူ့ရဲ့အနောက်တွင် ရောက်ရှိနေပြီး သူ့ရဲ့လက်တွေက ယွင်ရှန့်ကိုယ်လေးအား ဆွဲယူဖမ်းချုပ်ထားလေသည် ။
" ကိုယ့်ရဲ့ သတိုးသမီးလေး "
လုဖန်က ယွင်ရှန့်ပခုံးအား ကိုင်ကာ သူ့ဘက်သို့လှည့်စေလိုက်သည် ။ ဦးခေါင်းထက်က ဇာအပါးလေးကနေတဆင့် တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဆုံကာ တစ်ယောက်အလှကိုတစ်ယောက် တစ်ခနမျှ မှင်သက်စွာ ကြည့်မိကြသည် ။ လုဖန်ဟာ အနက်ရောင်ဝတ်ဆုံကို ဆင်မြန်းထားပြီး ကျော့မော့ရှင်းသန့်ကာ ယခင်ကထက်ပိုမိုချောမောနေပြီး သူ့ရဲ့မျက်နှာက တည်ကြည်လှသည် ။ အသက်ငယ်ရွယ်သည့် သခင်လေးတစ်ယောက်နှင့်ပင်မတူခြေ ။ ဒီရက်ပိုင်းအတွင် ပို၍ရင့်ကျပ်လာပုံပင် ။
သူက ယွင်ရှန့် ဦးခေါင်းထက်က ဇာအပါးလေးကို မယူကာ ဖယ်ရှာပြီးနောက် ချောမွှေ့လှသည့် ယွင်ရှန့်ပါးနှစ်ဖက်အား လက်ဖဝါးဖြင့်အုပ်မိုးကာ ဆွဲယူလိုက်သည် ။ နှင်းဆီဖူးပမာ နှုတ်ခမ်းရဲရဲလေးအား သူ့ရဲ့နှုတ်ခမ်းသားလေးဖြင့် ထိကပ်ကာ အနမ်းခြွေလိုက်သည် ။ ထိုခန၌ ပတ်ဝင်းကျင်တခွင် အရာအားလုံး ခေတ်တခန ရပ်တန့်သွားသလို ခံစားလိုက်ရပြီးနောက် တခနကြာတော့ လေပြေသွေးလေးတွေက နှင့်ဆီပွင့်ဖက်လေးတွေကို တယ်ဆောင်လာကာ ဇာပဝါလေးတွေကလဲ တလွင့်လွင့် ပျံသန်းနေပြီး သဘာဝတရားက ကောင်းချီးပေးနေသည့်အလား ပတ်ဝန်းကျင်တခွင် ဆူညံလှုပ်ခပ်သွားလေသည် ။
လုဖန်က အနမ်းကနေ ဖယ်ခွာပြီးနောက် သူ့ရဲ့ အင်္ကျိအိပ်ကပ်ထဲမှာ ထည့်ထားသည့် အနီရောင်ဘူးလေးကို ထုတ်ယူလိုက်ပြီး ဖွင့်ကာ ယွင်ရှန့်အား ကမ်းပေးလိုက်သည် ။ ထိုထဲတွင်တော့ ငွေရောင်လက်စွပ်လေး ၂ ကွင်းက နေရာယူနေပြီး ရိုးရိုးလေးနှင့် လှပလွန်းသည် ။ ယွင်ရှန့် ထိုအခြေအနေအား မှင်သက်မိသော်လဲ ပျော်ရွှင်မည်ကြံရွယ်တုန်း စောတုန်းကပြောသွားသည့် အမျိုးသမီးရဲ့စကားတွေကို ပြန်ကြားရောင်မိလာပြီး ချက်ချင်း ဝမ်းနည်းသွားမိသည် ။ ပြီးနောက် လုဖန်ထံက စကားသံတချို့ကို ကြားလိုက်ရသည် ။
" ကိုယ်မင်းဆီကနေ လက်ထက်ခွင့်ကို အတင်းမတောင်းဆိုဘူး …… ဒါပေမဲ့ မင်းကကိုယ့်အပိုင်ဆိုတာကိုတော့ မင်းသိထားရမယ် …… ဒီလက်စွပ်လေးက ကိုယ်တို့တစ်ယောက်ကိုတစ်ယောက် ပိုင်ဆိုင်တယ်ဆိုတဲ့ သက်သေပဲ "
လုဖန်က ပြောပြီးနောက် လက်စွပ်တစ်ကွင်းအား ထုတ်ယူကာ ယွင်ရှန့်လက်အား စွပ်ပေးလိုက်သည် ။ ရုတ်တရပ် ယွင်ရှန့် မငြင်းဆိုမိပဲ လက်ခံပြီးမှ နောင်သရမိသွားသည် ။
' ငါသူ့ကို ထပ်ပြီးမျှော်လင့်ချက်တွေ ပေးနေမိပြန်ပြီ ' တကယ်တော့ ယွင်ရှန့် ငြင်းဆိုရန် ဆုံးဖြတ်ထားခြင်းဖြစ်သည် ။ လုဖန် လက်စွပ်နောက်တစ်ကွင်းကို ယူကာ ကမ်းပေးရန် ပြင်လိုက်ချိန် မထင်မှတ်ထားသည့် အရာကြောင့် သူ့ရဲ့လက်က လမ်းတစ်ဝက်မှာပင် ရပ်သန့်သွားသည့် ။ သူ့ရဲ့အကြည့်တွေကလဲ ဝမ်းနည်းမှုနှင့် ဒေါသတွေ ရေယှက်နေ၏ အကြောင်းက ယွင်ရှန့် သူ့လက်က လုဖန်ခုလေးတင် စွပ်ပေးလိုက်သည့်လွက်စွပ်အား ချွတ်ကာ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သောကြောင့်ပင်ဖြစ်သည် ။ မြင်ကွင်းရှေ့မှာပါ လက်စွပ်ဟာ လိမ့်သွားကာ ချက်ချင်းပျောက်ကွယ်သွားသည် ။ လုဖန်အကြည့်တွေကလဲ ပျော်ရွှင်မှုကနေ ချက်ချင်း အေးဆက်သွားလေသည် ။ သူက ဒေါသကို မနည်းချုပ်သည်းထားပြီး လမ်းတစ်ဝက်မှာတင် ရပ်သွားသည့် သူ့လက်ထဲက လက်စွပ်အား ယွင်ရှန့်ထံ လှမ်းပေးလိုက်သည် ။
" ကိုယ့်ကို ပြန်စွပ်ပေး "
လုဖန်ရဲ့အသံက မနူးညံ့တော့ပဲ မာထန်နေသောကြောင့် ယွန့်ရှန့်ချက်ချင်းယူကာ စွပ်ပေးလိုက်သည် ။ ထိုအခါမှ လုဖန်အနည်းငယ် ပျော်သွားပုံပင် ။ သူက လက်စွပ်မရှိတော့သည့် ယွင်ရှန့်လက်အား လှမ်းယူပြီး လက်ဖမိုးလေးအား နမ်းရှုတ်လိုက်သည် ။
" ကိုယ် ဒီလက်စွပ်ကို မင်းကြိုက်မယ်ထင်ထားတာ ကိုယ်တကယ်ပဲ မင်းအကြိုက်တွေကို မသိသေးဘူးပဲ …… ဒါပေမဲ့ ခုကိုယ့်လက်မှာ မင်းစွပ်ပေးတဲ့လက်စွပ်ရှိနေပြီ ကိုယ့်ကိုမင်းပိုင်တယ် …… ဒါကြောင့် ဘယ်တော့မှ ကိုယ့်ကို ထားမသွားနဲ့ "
လုဖန်စကားတွေကြောင့် ငြင်းဆိုမည့် ယွင်ရှန့် စကားလုံးမှာ လမ်းတစ်ဝက်မှာတင်ရပ်တန့်သွားရသည် ။ သို့ပေမဲ့ ခု သူရွေးချယ်မဲ့လမ်းက မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ လုဖန်အတွက် အကောင်းဆုံးမို့ တွေဝေနေမှုကို ဖယ်ရှားကာ ယွင်ရှန့်ကြိုးစားကာ ပြောလိုက်သည် ။
" ငါ့ကို ထွက်သွားခွင့်ပြုပါ …… ကျေးဇူးပြုပြီး ငါ … ငါမင်းကို ထပ်ပြီးမချစ်နိုင်တော့ဘူး လုဖန် "
ဒီတစ်ခါတော့ လက်စွပ် လွှင့်ပြစ်လိုက်တုန်းကထက် လုဖန်မျက်နှာ မဲမှောင်သွားပြီး စိတ်ဓာတ်အကြီးကြီးကျသွားပုံပင် ။ လေထုကလဲ တဖြေးဖြေးအေးစက်လာ၏ ။ လုဖန်လက်တွေက ယွင်ရှန့်ကိုယ်ပေါ်ကနေ ခွာသွားပြီး တောင့်တင်းသွားသည် ။ ယခုအချိန်မှာ လုဖန်မျက်နှာကို ယွင်ရှန့်မကြည့်ရဲပေ ။ သေချာတာကတော့ ဒေါသကြောင့် မဲမှောင်ပြီး မှန်းစရခက်သည့် မျက်နှာထားမျိုးဖြစ်နေလိမ့်မည် ။ တစ်ဆက်ထည်းမှာပဲ လူဖန်ရဲ့ အေးဆက်ဆက်အသံ ထွက်ပေါ်လာ၏ ။
" ကိုယ့်ကို မချစ်တော့ဘူးတဲ့လား ….မင်းညာနေတာမလား "
" ငါတကယ်ပြောနေတာ …… ကျေးဇူးပြုပြီး ထွက်သွား … အွန်း "
စကားပင်မဆုံးသေး လုဖန်က ယွင်ရှန့်နှုတ်ခမ်းအား လက်ဖြင့် ဖိကာပိတ်ပြစ်လိုက်သည် ။ ထိုစကားကို ထပ်ပြီး ကြားချင်ပုံမပေါ်ပေ ။ သူက ယွင်ရှန့်အနားကပ်ကာ တိုးတိုးလေးပြောလိုက်သည် ။
" ဒီစကားကို ထပ်ပြီးပြောနေရင် နောက်မပြောနိုင်အောင် လုပ်ပြစ်မယ် "
သူစကားက မန်ပါနေသောကြောင့် ယွင်ရှန့် တုန်လှုပ်သွားရသည် ။ ဒါကို လုဖန်ရိပ်မိသွားပုံပင် ။ စိတ်ကို ထိန်းချုပ်ပြီး တိုးတိုးလေးပြောလာ၏ ။
" နောက်အပတ်မှာ ကိုယ်တို့ လက်မှတ်ထိုးကြမယ် ……ဒါကကိုယ်တို့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ ……မင်းငြင်းဖို့မကြိုးစားနဲ့တော့ ……ဒီမင်္ဂလာပွဲကို ခုစိတ်မပါတော့ဘူး …… ဒါတွေကို မင်းမကြိုက်တော့လဲ ဖျက်စီးပြစ်ယုံပေါ့ "
လှပတဲ့အပြင်အဆင်တွေက တစ်ခနအတွင်းမှာ ပျံကြဲကုန်ပြီး လေမှာပျံဝဲနေတဲ့ ဇာပဝါတွေကလဲ မြေခကုန်ကြသည် ။ လုဖန်အတော်လေး ပေါက်ကွဲနေပုံပင် ။ အားလုံးကို ရှုတ်ထွေးအောင်လုပ်ပြီးနောက် ကျောခိုင်းကာ ထွက်ခွာသွားလေတော့သည် ။ ယွင်ရှန့်ကတော့ မှင်သက်စွာပင် ရပ်နေမြဲဖြစ်ပြီး သူ့မျက်ဝန်းတွေက မြေခသွားသည့် လက်စွပ်လေးကို ရှာဖွေနေမိသည် ။
~ ~ ~ ~
တစ်ပတ်ခန့်ကြာပြီးနောက် ……
လုဖန်က ယွင်ရှန့်အား ပို၍ တင်းကြပ်ကာ အစောင့်တွေပါ ချပေးထားသည် ။ ပြတင်းပေါက်ကအစ သံပေါင်များ ခပ်ထားသည် ။ ဒါက ယွင်ရှန့်ထွက်ပြေးဖို့အတွက် အခွင့်အလန်း မရှိတော့ခြေ ။ ထိုစဉ် အခန်းတွင်း လူတစ်ဦးဝင်လာခြင်းကြောင့် ပြတင်းပေါက်မှ ငေးကြည့်နေသည့် ယွင်ရှန့် အနောက်သို့ လှည့်ကြည့်လိုက်သည် ။ သူ့ရဲ့မျက်ဝန်းတွေက ပြူးကျယ်ကာ ပျော်ရွှင်မှုအပြည့်ဖြစ်သွားလေတော့သည် ။
" အကိုမိုခွန်း "
မိုခွန်းက ယွင်ရှန့်သတင်းကြားပြီး အတော်လေးစိတ်မကောင်းဖြစ်နေ၏ ။ ခရီးကပြန်လာလာခြင်း ယွင်ရှန့်ထံ ချက်ချင်းလာခဲ့ခြင်းဖြစ်သည် ။
" ယွင်လေး "
ခုချိန်ထိ လက်ထိပ်ခပ်ထားမြဲဖြစ်၍ ယွင်ရှန့်လက်တွေက နီရဲနေ၏ ။ မိုခွန်းပို၍စိတ်မကောင်းဖြစ်သွားသည် ။မိုခွန်းက ယွင်ရှန့်အား ပွေ့ဖက်ထားပြီး နှစ်သိမ့်ပေးလိုက်သည် ။
" မကြောက်နဲ့တော့ ….ညီလေးကအချစ်ကြီးလွန်းတာကြောင့်ပါ ….ယွင်လေးကို သူအန္တရာယ်မပြုနိုင်ပါဘူး ……သူကအစွဲလမ်းကြီးလွန်းတာကြောင့်ပါ "
ယွင်ရှန့်က ဝမ်းနည်းစိတ်ကြောင့် ငိုကြွေးမိသွားသည် ။ လမ်းပျောက်နေချိန် အားကိုရှာတွေ့သည့်အတွက်လဲ ပျော်ရွှင်သွားမိသည် ။ တဆက်ထည်းသတင်းဆိုးတစ်ခုပါ သူကြားလိုက်ရသည် ။
" မနက်ဖြန် ညီလေး မင်္ဂလာဆောင်တော့မှာ သိပြီးပြီလား "
" …… "
မိုခွန်သူပြောမိတာကို နောင်တရသွားသည် ။
" မင်းမသိသေးဘူးထင်တယ် …… အကိုတောင်းပန်ပါတယ် ညီလေးက ဘာကြောင့်ဖုံးကွယ်ထားမှန်းမသိပေမဲ့ မနက်ဖြန် ညီလေးမင်္ဂလာဆောင်တော့မှာသေချာတယ် ……ဒါပေမဲ့စိတ်မပူပါနဲ့ သူ့မှာအကြံတစ်ခုခုတော့ရှိမှာပါ "
ယွင်ရှန့် သက်ပြင်းချလိုက်ပြီး ပြန်ဖြေလိုက်သည် ။
" ကျနော်ဝမ်းနည်းနေတော့ရော ဘာထူးမှာလဲ ……တစ်နေ့နေ့မှာ ဒါကဖြစ်လာမှာပဲလေ ……အနှေးနဲ့အမြန်ပဲကွာတယ် ……ပြီးတော့ အကို ကျနော့ကို တစ်ခုလောက်ကူညီပါ "
" ဘာများလဲ "
" ကျနော့ကို ဒီကထွက်သွားနိုင်အောင် ကူညီပါဗျာ …… ကျနော့ကို အကိုကူညီမှရမှာမလို့ပါ "
ဒီရက်အတွင်းမှာ ယွင်ရှန့်ထွက်ပြေးဖို့အတွက် အကြိမ်ကြိမ်ကြိုးစားခဲ့သည် ။ ဒါပေမဲ့ မအောင်မြင်ခဲ့ပေ ။ သို့ပေမဲ့ ရွီမုနဲ့ဆက်သွယ်ကာ အစီအစဉ်အားလုံးက ချပြီးပြီမို့ ယွင်ရှန့် သွားမည်ဆိုလျှင် အချိန်က မနက်ဖြန်တစ်ရက်သာလိုတော့သည် ။ တိုက်ဆိုင်စွာပင် ထိုနေ့က လုဖန်ကတိပေးထားသည့်နေ့ဖြစ်နေ၏ ။ ပြီးတော့ လုဖန်ရဲ့ မင်္ဂလာပွဲနေ့ ။ မိုခွန်းအစကတွေဝေနေပေမဲ့ ငိုနေတဲ့ ယွင်ရှန့်ကိုမကြည့်ရက်တော့၍ ကူညီရန်ကတိပေးကာ ထွက်သွားလေတော့သည် ။ ထိုအခါမှ ယွင်ရှန့် စိတ်သက်သာယာ ရသွားသည် ။ သူ့ရင်ထဲမှာတော့ လုဖန်ကို ထာဝရ ဆုံးရှုံရတော့မှာမို့ အသည်းတစ်ခုလုံး အစိတ်စိတ်အမွှာမွှာကွဲကြေနေခဲ့ပြီ ။
ညနေခင်းလေပြေအေးတွေက တိုက်ခပ်နေ၏ ။ လုဖန်စိတ်တွေကလဲ လေးလံနေပြီး တစ်စုံတစ်ရာကို ဆုံးရှုံးရတော့မည်ဟု ခံစားနေရသည် ။ သူ့ရဲ့လက်ထဲမှာ ယွင်ရှန့်ကြိုက်မည်ထင်လောက်သည့် စားစရာများကို ဝယ်ယူကာ သယ်ဆောင်လာခဲ့သည် ။
" သား မင်္ဂလာပွဲကို ဘယ်အချိန်လောက်စကြမလဲ "
အေးဆက်နေသည့် လုဖန်မျက်နှာ ပို၍ မဲမှောင်သွားပြီး အေးဆက်စွာ ပြန်ဖြေလိုက်သည် ။
" နေ့လည်လောက်မှစကြတာပေါ့ ……မနက်ပိုင်းဆို ကျနော့အတွက် အဆင်မပြေဘူး "
" ကောင်းပါပြီ … သားသဘောပဲ "
* တောင်းပန်ပါတယ်မေမေ ၊ သားမနက်ပိုင်းမှာ ယွင်ရှန့်ကိုခေါ်ပြီး အိမ်တော်ကနေ ထွက်သွားတော့မယ် *
လုဖန်နဲ့ ယွန်ဂျယ်မင်္ဂလာဆောင်က မနက်ဖြန်နေ့လည်ဖြစ်ပြီး လုဖန်က ယွင်ရှန့်ကို မနက်ပိုင်းမှာ ခိုးပြေးရန် ကြံရွယ်ထားခြင်းဖြစ်သည် ။ သို့ပေမဲ့ သူ့ရဲ့အကြံအစည်တွေက အောင်မြင်နိုင်ပါ့မလား ? အရာအားလုံးက ထင်ထားသလို ဖြစ်မလာနိုင်ပေ ။ လုဖန်အိမ်တော်ကို ပြန်ရောက်တော့ စားစရာများကိုယူကာ ယွင်ရှန့်အခန်းရှိရာသို့ ချက်ချင်းထွက်လာခဲ့သည် ။
" ယွင်လေး "
ထူးဆန်းစွာ အခန်းလေးက တိတ်ဆိတ်နေ၏ ။ အစောင့်တွေကလဲ တစ်ယောက်မှရှိမနေသောကြောင့် လုဖန်စိတ်များ ယောက်ယက်ခပ်သွားလေတော့သည် ။ သူ့လက်ထဲက မုန့်တွေက မြေပြင်ပေါ်ကျသွားပြီး သူ့ရဲ့ခြေလှမ်းတွေက အပေါ်ထပ်သို့ဦးတည်ကာ ပြေးသွားလေသည် ။ ညမှောင်နေပြီမို့ အိမ်တော်ရဲ့မီးအလင်းရောင်များအောက်၌ လုဖန်တစ်ယောက် ပြေးလွှားကာ ယွင်ရှန့်အားရှာဖွေနေမိသည် ။ သူရဲ့အခန်း play Room နှင့် တစ်ခြား ယွင်ရှန့်သွားတတ်သည့် အခန်းတွေထဲ ရှာကြည့်ပေမဲ့ ဘယ်သူမှရှိမနေခဲ့ပေ ။ နောက်ဆုံး ခေါင်မိုးထပ်ပေါ်သို့ပြေးတက်လာခဲ့သည် ။ သူ့ရဲ့ရင်ထဲမှာတော့ ပူလောင်သော မီးလျှံများ အပြည့်နေရာယူနေ၏ ။
* ယွင်လေး မင်းတကယ်ပဲ ကိုယ့်ကို ထားသွားပြီလား * သူအတွေးအဆုံးမှာတော့ အမှောင်ထုထဲ၌ သူ့အားကျောပေးကာ ရပ်နေသည့် အရိပ်လေးကို မြင်လိုက်ရတော့မှ လုဖန်အပူမီးလျှံများ ငြိမ်းသွားတော့သည် ။
" ယွင်လေး "
လုဖန် အမှောင်ထုထဲက ယွင်ရှန့်အား ပွေးဖက်လိုက်သည် ။ သူ့ရဲ့အသက်ရှူသံတွေက မြန်ဆန်နေပြီး ယွင်ရှန့်အား တင်းကြပ်စွာ ဆုတ်ကိုင်ထားသည် ။
" ဒီမှာတစ်ယောက်ထည်းဘာလုပ်နေတာလဲ …… ကိုယ့်ကို ထားသွားပြီထင်နေတာ "
" ငါအခန်းထဲမှာ ပူလာတာနဲ့ လေညင်းခံနေတာ "
" အင်း ကိုယ်သိပြီ ……မနက်ဖြန် ကတိအတိုင်း ဒီနေရာမှာစောင့်နေပါ ……ကိုယ်မင်းကို လာခေါ်မယ် "
" အင်း "
* ကိုယ်တို့ ဒီကနေ အတူတူထွက်ပြေးကြမယ် … ဟိုးကမ္ဘာဆုံးထိ *
* ငါတောင်းပန်ပါတယ် … မင်းမပါပဲ ငါတစ်ယောက်ပဲ ထွက်သွားရလိမ်မယ် … ဒါကဖြစ်သင့်တဲ့အရာတစ်ခုပဲ … ငါတို့အားလုံးအတွက် အကောင်းဆုံးရွေးချယ်မှုပဲ *
၂ ယောက်သား အတွေးကိုယ်စီဖြင့် တစ်ယောက်ကိုတစ်ယောက် မလွှတ်တန်း ဖက်သွယ်ထားမိကြသည် ။ ထိုညက သူတို့ရဲ့ ထိတွေ့မှုတွေရဲ့ နောက်ဆုံးညလေးတစ်ညဖြစ်နေခဲ့သည့်အကြောင်း လုဖန်လုံးဝမသိရှာပေ ။
~ ~ ~ ~
လုဖန်ဟာ မိဘတွေသဘောအတိုင်း ယွင်ရှန့်နှင့် ခွဲအိပ်ခဲ့ရသည် ။ ယနေ့မနက်မှာတော့ ထူးဆန်းစွာ အစောကြီးနိုးနေပြီး ယွင်ရှန့်ကိုသွားခေါ်ချင်ပေမဲ့ စောင့်ကြည့်နေသည့် အစောင့်များကြောင့် ပုံမှန်ထွက်နေကြအချိန်မှ ထွက်လာခဲ့ရသည် ။
" သားလေး ဘယ်အချိန်မှ ပြင်ဆင်မှာလဲ "
" အစောကြီးရှိသေးတယ် ……သားသွားစရာရှိတာလေး သွားပြီး ပြန်လာမှ ပြင်ဆင်တော့မယ် "
" အဲ့ဒါဆိုလဲ မြန်မြန်သွားနော် ……သားဖွားဖွားတို့ရောက်မလာခင် ပြီးနေရမယ် "
" ဟုတ်ကဲ့ "
လုဖန်ခွင့်ရသည်နှင့် ခေါင်မိုးထပ်သို့အပြေးတက်လာခဲ့သည် ။ သို့ပေမဲ့ စောင့်ကြိုနေသူက သူမျှော်မှန်းထားသူမဟုတ်ပဲ မိုခွန်းဖြစ်နေ၍ ဝမ်းနည်းသွားရသည် ။
" ကိုကိုဒီမှာ ဘယ်လိုရောက်နေတာလဲ …. ယွင်ရှန့်ရော "
" သွားပြီ "
" ဘယ်လို "
လုဖန်မယုံကြည်နိုင်စွာဖြင့် ပြန်မေးနေမိသည် "
" သူထွက်သွားပြီ "
လုဖန်နှလုံးသားလေးတစ်စစီကွဲကြွေသွားလေတော့သည် ။ တစ်ညလုံးမက်ခဲ့သည့် အိမ်မက်တွေက ရေစုန်မျောခဲ့ရပြီ ။ သူက အသိစိတ်လွတ်သွားသည့်နယ် မေးနေရှာ၏ ။
" ဘယ်ကိုသွားတာလဲ … ဘာသွားလုပ်တာလဲ … ပြန်လာမှာမှတ်လားဟင် ……ကျနော်တို့ အတူတူသွားဖို့ပြောထားကြတာလေ ……သူဘယ်ကိုသွားတာလဲ ကိုကိုသိတယ်မလား …… ကျနော့ကိုပြောပါ သူဘယ်သွားလဲ ပြောပြပါ "
မိုခွန်းက တစ်လုံးခြင်းပြောလိုက်သည် ။
" ( ----- ) လေဆိတ် "
လုဖန်ချက်ချင်းပင်တွေဝေမနေပဲ ထိုလေဆိတ်ရှိရာသို့ အပြေးထွက်သွားလေတော့သည် ။ လုဖန်အိမ်တော်ထဲက ထွက်သွားတာသေချာတော့မှ မိုခွန်း အချက်ပေးလိုက်သည် ။
" မင်းထွက်လာလို့ရပြီ ယွင်လေး "
ဒေါင့်လေးအခြေမှာပုန်းနေသည့်ယွင်ရှန့် အဝတ်အိပ်ကိုဆွဲကာ ထွက်လာခဲ့သည် ။ သူကိုယ်တိုင်လဲ ထွက်ခွာသွားသည့်လုဖန်ကိုကြည့်ကာ ဝမ်းနည်းနေ၏ ။ ပြီးနောက် မိုခွန်းအား ကျေးဇူးတင်စကားဆိုလိုက်သည် ။
" ကျနော့ကို ကူညီပေးတဲ့အတွက် ကျေးဇူးပါ အကိုမိုခွန်း "
" မင်းတကယ်ပဲ ထွက်သွားတော့မှာလား …… လုဖန်ကိုကြည့် သူဘယ်လောက်ရူူသွပ်ရှာမလဲ …… မင်းထွက်သွားပြီလဲဆိုရော ဘာမှမစဉ်စားပဲ လိုက်သွားရှာတယ် …… ငါကူညီပေးတာမှန်လားမှားလားမသိပေမဲ့ ကာယကံရှင် မင်းကိုယ်တိုင်ရွေးချယ်တာဆိုတော့လဲ ငါဝင်မပြောတော့ပါဘူး ……ကံကောင်းပါစေယွင်လေး ……လုဖန်ပြန်မလာခင် မင်းထွက်သွားပါ "
" ကျေးဇူးပါအကို "
လှည့်ထွက်သွားသည့် ယွင်ရှန့်အားကြည့်ကာ မိုခွန်းလှန်းမေးလိုက်သည် ။
" မင်းဘယ်ကိုသွားမှာလဲ အကို့ကို မပြောခဲ့တော့ဘူးလား "
" တောင်းပန်ပါတယ် … ကျနော်အားလုံးနဲ့အဝေးဆုံးကို ထွက်သွားမှာမလို့အကို့ကိုလဲ ပြောပြလို့မရဘူး …… ကံမကုန်ရင်တော့ တစ်နေ့နေ့ပြန်ဆုံတွေ့မှာပါ "
" အင်း … အကိုလဲ ပြန်ဆုံဖို့ကိုမျှော်လင့်နေပါတယ် "
* လုဖန် မရရအောင် ပြန်ရှာလိမ့်မယ်လို့ ကိုယ်ယုံကြည်တယ် … မင်းတို့ကံကောင်းပါစေ *
ယွင်ရှန့်ထွက်သွားပြီး နာရီဝက်အကြာမှာတော့ လုဖန်မှုန်ကုတ်စွာဖြင့်ပြန်ရောက်လာ၏ ။ သူ့ပုံစံက အသိစိတ်လွတ်နေပုံပင် ။ ဒေါသထွက်ရန်ပင်မေ့လျော့နေ၏ ။
" သားလေး ပြင်ဆင်တော့ လေ …… မေမေတို့ မင်္ဂလာပွဲကို သွားကြတော့မယ် "
* မင်းတကယ် ထွက်သွားပြီပဲ … ကိုယ့်ကိုထားပြီးတော့လေ … တကယ်ပဲ မင်းထားသွားရက်တယ် … ကိုယ့်ကိုအဲ့လောက်တောင်မုန်းနေပြီလား *
ထိုမင်္ဂလာပွဲအား လုဖန်အသက်မဲ့စွာ လိုက်ပါလာခဲ့သည် ။ သူ့ပုံစံက မင်္ဂလာပွဲအား တစ်ခုခုလုပ်ရန် ကြံစည်ထားပုံပင် ။ ဒေါသအချိန်ကိုက်ဗုံးကို မင်္ဂလာပွဲတွင် ဖောက်ခွဲဖို့ ကြံရွယ်ထားပုံပင် ။ သို့ပေမဲ့ ကံကောင်းစွာပင် မင်္ဂလာခန်းမ၌ သတင်းကောင်းကစီးကြိုနေ၏ ။
" သတို့သမီးပျောက်သွားပြီ "
" ဘယ်လို "
" ဟုတ်တယ် ဘယ်မှာမှ ရှာမတွေ့ဘူး "
" ကိုယ်ဝန်အရင့်အမာကြီးနဲ့လေ …… မဖြစ်ဘူး ခုတွေ့အောင်ရှာကြ "
အားလုံးက ထိုစိတ်နဲ့ လုဖန်အား ဂရုမစိုက်မိကြတော့ပေ ။ လုဖန် ထိုကိစ္စအား အခွင့်ကောင်းယူကာ ခန်းမထဲကနေ ပြေးထွက်လာခဲ့သည် ။
" ကိုယ်မင်းရှာဖို့အချိန်ကျပြီယွင်လေး ……ကိုယ့်ကိုထားသွားရဲတဲ့မင်းကို ကိုယ့်လက်နဲ့ပြန်ဖမ်းပြမယ် "
ထိုနေ့၌ သတို့သမီးပျောက်ဆုံးပြီးနောက် သတို့သားပါပျောက်ဆုံးသွားကာ ထိုမင်္ဂလာပွဲပျက်သွားလေတော့သည် ။
……………………………………………………………………
To Be Continued ……
#Zawgyi
မဂၤလာပြဲကေန ျပန္လာၿပီးကတည္းက လုဖန္အခ်ိဳးေတြေျပာင္းလဲေန၏ ။ ေအးစက္စက္ေနတတ္သည့္ သူ႕ရဲ႕မ်က္ႏွာထားက တစ္စုံတစ္ရာကို ေလးနက္စြာေတြးေတာၿပီး ၿပဳံးေနတတ္သည္ ။
ယြင္ရွန႔္ကို ထူးဆန္းတဲ့အဝတ္အစားေတြဝတ္ခိုင္းၿပီး တစ္ေယာက္ထည္းအလုပ္ရႈတ္ေနတတ္သည္ ။ အားလုံးကလဲ မဂၤလာပြဲဝတ္ဆုံမ်ားျဖစ္ေန၏ ။ တစ္ခုမွ သူစိတ္တိုင္းမက်ေပ ။
မေျပာင္းလဲတဲ့အက်င့္တစ္ခုကေတာ့ ယခုခ်ိန္ထိ ယြင္ရွန႔္ကို အခန္းတြင္း ပိတ္ထားၿပီး လက္ထိပ္ခပ္ထားျခင္းပင္ ။
" မင္း ဒါေတြကို ဘယ္ခ်ိန္ထိ လုပ္ေနမွာလဲ "
အဝတ္ပုံေတြအလယ္မွာ ယြင္ရွန႔္ထိုင္ေနရင္း လုဖန္အားၾကည့္ကာ ေမးလိုက္ျခင္းျဖစ္သည္ ။ စိတ္တိုင္းမက်နိဳင္သည့္ လုဖန္က ဒီဇိုင္နာကိုေခၚၿပီး အဝတ္ေတြကို ျပန္သိမ္းေစလိုက္သည္ ။
ၿပီးေနာက္ ယြင္ရွန႔္အား ဆြဲေခၚကာ သူ႕ရဲ႕ေပါင္ေပၚသို႔ ထိုင္ေစလိုက္သည္ ။ ဒီအေနအထားက ေနသားက်ေနၿပီမို႔ ယြင္ရွန႔္ မျငင္းဆိုပဲ ထိုင္ေနၿပီး လုဖန္ရဲ႕ကလိသမွ်ကို ၿငိမ္သက္စြာ ခံယူေနလိုက္သည္ ။
လုဖန္ရဲ႕လက္ေတြက ယြင္ရွန႔္ ရင္အုံကို ဖစ္ညွစ္ကိုင္ထားၿပီး က်န္လက္တစ္ဖက္က ေပါင္သားႏုႏုေလးအေပၚ ပြတ္သပ္က်ီဆယ္ေန၏ ။ သူ႕ရဲ႕ေမးကို ယြင္ရွန႔္ပခုံေပၚတင္ထားၿပီး တိုးညွင္းစြာ ေျပာလာသည္ ။
" ကိုယ္ မင္းနဲ႕ လက္ထပ္ဖို႔ကို မေစာင့္နိုင္ေတာ့ဘူးကြာ "
ၿပီးေနာက္ ေၾကနပ္စြာၿပဳံးရင္း သူကဆက္ေျပာသည္ ။
" အျဖဴေရာင္ဝတ္ဆုံနဲ႕သတို႔သားေလး ကမာၻေပၚမွာ မင္းတစ္ေယာက္သာ အလွဆုံးျဖစ္ေစရမယ္ ……
ကိုယ့္တို႔ကို ပရိတ္သတ္ ရာေပါင္းမ်ားစြာက ႏွစ္သက္အားက်တဲ့အၾကည့္ေတြနဲ႕ ၾကည့္ေနလိမ့္မယ္ ……
ကိုယ္မင္းကို လက္စြပ္ စြပ္ေပးတဲ့အခါ လက္ခုပ္သံေတြက ကမာၻေလာကႀကီးတစ္ခုလုံးကို လႊမ္းၿခဳံသြားေစလိမ့္မယ္ ……
အဲ့ဒိအခ်ိန္မွာ ေကာင္းကင္ေပၚကက်လာတဲ့ အနီေရာင္ ႏွင္းဆီပြင့္ဖက္ေလးေတြနဲ႕ မင္းရဲ႕အၿပဳံးေလးေတြေပါင္းစပ္ၿပီး လင္းလပ္ေနတဲ့ေနေရာင္ျခဥ္ကေတာင္ မင္းရဲ႕အၿပဳံးေတြေအာက္ ေပ်ာက္ကြယ္သြားလိမ့္မယ္ ……
အဲ့ဒိပုံရိပ္ေလးကို ပန္ခ်ီကားခ်ပ္ထဲေရးဆြဲၿပီး ထာဝရသိမ္းထားမယ္ ……
ကိုယ္တို႔အသက္ႀကီးလာတဲ့အခါ ကိုယ္တို႔ရဲ႕ မဂၤလာေန႕ရက္ေလးကို အမွတ္တရျပန္ၾကည့္ၿပီး ေပ်ာ္႐ႊင္စရာ အခ်ိန္အခါေလးကို သက္ဆုံးတိုင္ သယ္ေဆာင္သြားၾကမယ္ "
စိတ္ကူးယဥ္ဆန္လွတဲ့ လုဖန္ေျပာစကားေတြက ၾကည္ႏူးမႈအျပည့္ ျဖစ္ေပၚေစေသာ္လဲ တဆက္ထည္း ဝမ္းနည္းမႈတို႔ ျဖစ္ေပၚလာေစသည္ ။
ယခင္အခ်ိန္ကဆိုလွ်င္ ထိုစိတ္ကူးအား ဝမ္းေျမာက္ဝမ္းသာ ေထာက္ခံမိလိမ့္မည္ ။ ယခုအခ်ိန္မွာေတာ့ ဒါေတြဟာ စိတ္ကူးယဥ္သက္သက္သာ ျဖစ္ေနခဲ့သည္ ။ လက္ေတာ့မွာေတာ့ ထိုအေျခအေနမ်ိဳး ျဖစ္လာနိုင္ဖို႔ ရာခိုင္ႏႈန္းမရွိေတာ့ေျခ ။
လုဖန္ရဲ႕ ယြင္ရွန႔္အေပၚေစာင့္ၾကည့္မႈေတြက ယခင္ကထက္ တင္းၾကပ္လာၿပီး မ်က္စိေအာက္က နည္းနည္းေလးမွ အေပ်ာက္မခံေပ ။ ဒါကေထာင္က်သည္ထက္ပင္ ဆိုးလြန္းလွသည္ ။
" လုဖန္ … ငါ toiled သြားတာကိုေတာ့ မင္းလႊတ္ထားေပးသင့္တယ္ "
" က်စ္ … ဘယ္ျဖစ္မလဲ ……
မင္းထပ္ၿပီး အရင္လို ထြက္ေျပးသြားရင္ေရာ ……
ကိုယ့္ကို ထားသြားဖို႔ နည္းနည္းေလးမွ စိတ္မကူးနဲ႕ "
လုဖန္က တံခါးေဘာင္ကိုမွီလွ်က္ လက္ပိုက္ကာရပ္ေန၏ ။ ယြင္ရွန႔္ဘာမွမေျပာနိုင္ေတာ့ေပ ။ ဒါက ပထမဆုံးအႀကိမ္လဲမဟုတ္ေတာ့၍ လုပ္ေနက်အတိုင္း လုဖန္ကို တြန္းထုပ္ကာ တံခါးကိုေစာင့္ပိတ္လိုက္သည္ ။
ယြင္ရွန့္ နံရံေပၚက မွန္ေပၚမွာေပၚေနသည့္ သူ႕ရဲ႕ပုံရိပ္ကိုၾကည့္ေနရင္း သူ႕ရဲ႕မ်က္ဝန္းေတြက ဝမ္းနည္းရိပ္သန္းလာ၏ ။
" မင္းဘာေၾကာင့္ ငါ့အေပၚ အၿမဲ အယုံအၾကည္မရွိခဲ့တာလဲ ……
ငါ … ငါလဲ မင္းအနားကေန ထြက္မသြား ခ်င္ခဲ့ဘူး ……
ဒါေပမဲ့ ခုငါမင္းနဲ႕တူတူေနရေပမဲ့ ငါ့တို႔ ၂ ေယာက္ၾကားမွာ မွန္တစ္ခ်ပ္ ျခားထားသလို ခံစားေနရတယ္ ……
တစ္ေယာက္ကိုတစ္ေယာက္ ေဖာက္ထြင္းျမင္ေနရေပမဲ့ ငါတို႔ရဲ႕အခ်စ္ေတြက အလွမ္းေဝးကြာသြားသလိုပဲ ……
တကယ္ေတာ့ ငါက လွောင္အိမ္ထဲက အ႐ုပ္သာသာပါပဲလား "
အေတြးပင္လယ္ေဝေနခိုက္ အျပင္ဘက္က ေအာ္ေခၚသံကို ယြင္ရွန႔္ ပ်က္သားစြာ ၾကားလိုက္ရသည္ ။
" ယြင္ေလး … ေနာက္ ၃ မိနစ္ေနလို႔မွ ထြက္မလာရင္ ကိုယ္တံခါးဖ်က္ၿပီး ဝင္လာမွာေနာ္ "
ယြင္ရွန႔္သက္ျပင္းဖြဖြခ်လိဳက္ရင္း ကိစၥၿပီးေျမာက္ေအာင္လုပ္ေဆာင္ၿပီးေနာက္ အျပင္ဘက္သို႔ ျပန္ထြက္လာခဲ့သည္ ။
လုဖန္ ထိုင္ခုံေပၚမွာ ထိုင္ေနရင္း ေမးေထာက္ကာ အခန္းထဲက ထြက္လာသည့္ ယြင္ရွန႔္ကို မ်က္ေတာင္မခပ္တန္း စိုက္ၾကည့္ေန၏ ။
' ဒီေန႕လဲ ထူးထူးဆန္းဆန္း ဘာေတြလုပ္ဖို႔ ႀကံေနျပန္ၿပီလဲ ' ယြင္ရွန႔္ေတြးရင္း လုဖန္အနားသို႔ေလွ်ာက္လာခဲ့သည္ ။
" ဒီေန႕ ကိုယ္မင္းအတြက္ ျပင္ဆင္ထားတာ တစ္ခုရွိတယ္ "
လုဖန္မ်က္ႏွာက ၾကည္လင္ေနၿပီး စိတ္ေၾကနပ္မႈအျပည့္ရွိေန၏ ။ သူ႕ရဲ႕အၿပဳံးေတြက အေမွာင္ထုႀကီးဆိုးေနသည့္ အခန္းတစ္ခုလုံး လင္းလပ္သြားသည္ထိ ေထာက္ပေနသည္ ။ ဒီလိုပုံစံမ်ိဳး မျမင္ဖူးတာၾကာၿပီမို႔ ယြင္ရွင္ တစ္ခနမွ် ေငးၾကည့္မိလိုက္ၿပီးေနာက္ အၾကည့္လႊဲလိုက္ကာ ျပန္ေမးလိုက္သည္ ။
" ဘာေတြ ထပ္ၿပီး ႀကံစည္ေနတာလဲ "
လုဖန္ လက္တစ္ေဖ်ာက္တီးကာ အခ်က္ျပလိုက္သည္ႏွင့္ လူတစ္စုဝင္လာၾကသည္ ။
ထိုအရာကိုျမင္ေတာ့ ယြင္ရွန႔္ ေလးခပ္ျပင္းျပင္းမႈတ္ထုပ္လိုက္ရင္း …
" ဒီေန႕လဲ ထပ္ၿပီး ဝတ္ရအုံးမွာလား ……
ဘယ္ေတာ့မ်ား မင္းစိတ္ႀကိဳက္ကိုေတြ႕မွာတဲ့လဲ ……
ငါတကယ္စိတ္ကုန္ေနၿပီ "
ဒီအဖြဲ႕က လာေနၾကအဖြဲမဟုတ္ေပမဲ့ သူတို႔ကိုင္ေဆာင္လာသည့္ ပစၥည္းေတြကိုၾကည့္ရင္ မဂၤလာသတို႔သားအျပင္အဆင္မွန္း သိသာလွသည္ ။
လုဖန္ထိုသို႔လုပ္ေဆာင္ေနတာ တစ္ပတ္ေလာက္ပင္ရွိခဲ့ၿပီ ။ ခုခ်ိန္ထိ လက္မေလ်ာ့ေသးတာ ယြင္ရွန႔္အ့ံဩေနမိသည္ ။
ထို႔ေနာက္ လုဖန္ ထိုင္ေနရာမွထလာၿပီး အေစာင့္တစ္ေယာက္ကိုင္ထားသည့္ ပုံးကိုယူကာ ယြင္ရွန႔္ထံ ေပးလိုက္သည္ ။
" ဒီတစ္ခါအတည္ပါ ……
ဒါကို လဲၿပီးရင္ အေပၚဆုံးအထပ္ကိုတက္လာခဲ့ ……
ကိုယ္ေစာင့္ေနမယ္ "
လုဖန္ထြက္သြားၿပီးေနာက္ ယြင္ရွန႔္ ပုံးထဲကပစၥည္တစ္ခ်ိဳ႕ကို ထုပ္ယူၾကည့္လိုက္သည္ ။ အားလုံးက အျဖဴေရာင္ ဇာအပါးေလးမ်ားျဖင့္ အလွဆုံးခ်ဳပ္လုပ္ထားသည့္ သတို႔သမီးဝတ္ဆုံေလးျဖစ္ေန၏ ။
" သူတကယ္ ႐ူးသြားၿပီလား "
ယြင္ရွန႔္ေနာက္ဆုံးေတာ့လဲ လုဖန္အမိန႔္ကို နာခံရသည္ ။ ကိုယ္လက္သန႔္စင္ၿပီးေနာက္ မိတ္ကပ္ဆရာေတြရဲ႕ ျပင္ဆင္ခ်ယ္သမႈကို ခံယူလိုက္သည္ ။
တစ္နာရီခန႔္ၾကာေတာ့ မ်က္ႏွာတစ္ခုလုံး ခ်ယ္သၿပီးျဖစ္ၿပီး သူမတူေအာင္ ေျပာင္းလဲသြားသည္ကို ယြင္ရွန႔္ မွန္သားျပင္ေပၚကေန ေတြ႕လိုက္ရသည္ ။
ယခင္ႏွစ္က ေဒၚေလးလီရဲ႕ျပင္ဆင္မႈဟာ လွပေပမဲ့ ဒီတစ္ႀကိမ္က သူ႕ကိုပို၍ အ့ံဩမွင္သက္ေစသည္ ။ အေၾကာင္းက သူ႕ရဲ႕႐ုပ္ရည္ဟာ လုံးဝမိန္းကေလးတစ္ေယာက္အတြင္ ေျပာင္းယူထားျခင္းေၾကာင့္ပင္ ။
' မိတ္ကပ္အစြမ္းေတြက တစ္ႏွစ္ထပ္တစ္ႏွစ္ ပိုၿပီး တိုးတပ္လာတာပဲ ' ဟု ယြင္ရွန႔္မွတ္ခ်က္ျပဳလိုက္သည္ ။
" သခင္ေလး အဝတ္လဲဖို႔အခ်ိန္ၾကပါၿပီ "
အမ်ိဳးသား ဒီဇိုင္နာက ယြင္ရွန႔္အား အခန္းတြင္ေခၚေဆာင္လာၿပီး ပုံးေလးထဲက ဇာမ်ားျဖင့္ ခ်ဳပ္လုပ္ထားသည့္ ဖဲဂါဝန္ေလးကို လွပေသသပ္စြာ ဝတ္ဆင္ေပးလိုက္သည္ ။
ဂါဝန္ကားကားေလးက ေပါင္လယ္ထိသာရွည္ၿပီး အေနာက္က ဇာပဝါဟာ ၾကမ္းျပင္ထိတြဲၾကေနသည္ ။
ရင္ဘက္ေပၚတြင္ အတုထပ္မထားျခင္းေၾကာင့္ ျပားကပ္ေနေသာ္လဲ သူ႕ေနရာႏွင့္သူ ကပ္ခ်ပ္ေနၿပီး တစ္မ်ိဳးတစ္ဖုံ ဆြဲေဆာင္မႈရွိေန၏ ။ ဂါဝန္အေပၚပိုင္းဟာ ရင္ဘက္ေပၚသာဖုံးအုပ္ထားၿပီး ျဖဴေဖြးသည့္ ပခုံးသားေလးကို လစ္ဟထားသည္ ။
အျဖဴေရာင္ ဆံႏြယ္ေလးေတြကို အတုတပ္မေပးပဲ နကိုဆံပင္ေလးကို လွပစြာခ်ေပးထားကာ အျဖဴေရာင္ ပန္းေခြေလးႏွင့္ ဇာအပါးေလးကို ပန္ဆင္ေပးထားသည္ ။
ဒါက သဘာဝအလွကိုပို၍ ေပၚလြင္ေစၿပီး အတင္းမိန္းကေလးအသြင္ ေဆာင္ယူထားပုံလဲမေပၚေပ ။ ယြင္ရွန႔္ေက်နပ္မိေသာ္လဲ အနည္းငယ္ေနရခပ္ေန၏ ။
ယြင္ရွန႔္အား ျပင္ဆင္ၿပီးသြားၿပီးေနာက္ အားလုံးဟာ ခ်က္ခ်င္းျပန္သြားၾကသည္ ။ သို႔ေပမဲ့ သတိမေမ့မေလ်ာ့ပဲ သခင္ေလးမွာထားသည့္အတိုင္ ျပင္ဆင္ၿပီးေနာက္ ယြင္ရွန႔္လက္အား ျပန္၍ လက္ထိပ္ခပ္သြားေသးသည္ ။
ထူးဆန္းတာက လက္ထိပ္ကအစ အျဖဴေရာင္ဇာအပါးေလးျဖင့္ အလွဆင္ကာ ပန္းပြင့္ေလးပါ တပ္ေပးထားသည္ ။ ယြင္ရွန႔္ လက္ထိပ္ကို စိုက္ၾကည့္ရင္း ေတြးလိုက္မိသည္ ။
" သူ႐ူးတာက တကယ္ကို ေဆးမမွီေတာ့ဘူးပဲ "
ထိုစဥ္အခန္းအျပင္မွ ေအာ္ေခၚသံကို ၾကားလိုက္ရသည္ ။
" ေရွာင္သခင္ေလး ေစာင့္ေနပါတယ္ ……
က်ေနာ္တို႔သြားဖို႔အခ်ိန္က်ၿပီ "
ယြင္ရွန႔္ အခန္းျပင္ထြက္လာေတာ့ အေစာင့္တခ်ိဳ႕ ရပ္ေစာင့္ေနၾကၿပီး သူ႕အား အေပၚထပ္သို႔ လမ္းျပေခၚေဆာင္လာၾကသည္ ။
ယခု ယြင္ရွန႔္ထြက္လာသည့္အခန္းက အခန္းလြတ္တစ္ခုျဖစ္ေနၿပီး ဒုထိယထပ္မွာတည္ရွိသည္ ။ ထူးဆန္းစြာပင္ ပထမထပ္ကိုၾကည့္လိုက္မိေတာ့ မည္သူတစ္ဦးတစ္ေယာက္မွရွိမေနပဲ တိတ္ဆိတ္ေန၏ ။
ၿပီးမွ ယြင္ရွန႔္ ျပန္သတိရလိုက္သည္ ။ ဒီေန႕က ယြန္းဂ်ယ္ ေဆးခန္းသြားျပရမည့္ေန႕ျဖစ္ၿပီး က်န္သူမ်ားကလဲ အလုပ္ကိုယ္စီနဲ႕မို႔ အိမ္မွာ မည္သူတစ္ဦးတစ္ေယာက္မွရွိမေနတာ မအ့ံဩမိေတာ့ေပ ။ ဒါေၾကာင့္လဲ လုဖန္ သူ႕ကို အခန္းအျပင္သို႔ လြတ္လပ္စြာ ေခၚထုပ္လာျခင္းျဖစ္လိမ့္မယ္ ။
အေပၚဆုံးထပ္ကိုေရာက္ရန္ ၾကားတြင္ ႏွစ္ထပ္ေလာက္ တက္ရေသးသည္ ။
ပထမေလွကားထိပ္အဆုံးက တတိယထပ္ျဖစ္ၿပီး ထိုအထပ္ကအခန္းမ်ားထဲတြင္ ဧည့္သည္မ်ားအတြက္သီးသန႔္ခန္းမ်ားစြာရွိေန၏ ။
ယြင္ရွန႔္ တတိယကိုေရာက္ေတာ့ ေနာက္ေလွကားတစ္ဆင့္တက္ရန္ျပင္ခိုက္ အခန္းတစ္ခုထံမွ တံခါးပြင့္လာကာ အမ်ိဳးသမီးတစ္ဦးအသံ ထြက္ေပၚလာ၏ ။
" ေနဦး "
သူမအသံက ပူေလာင္မႈမရွိေသာ္လဲ ေအးခ်မ္းေနျခင္းမ်ိဳးမဟုတ္ ခပ္ထန္လွသည္ ။ သူမေျခသံေတြ တေျဖးေျဖးကပ္လာၿပီး ယြင္ရွန႔္အေနာက္ေရာက္မွ ရပ္တန႔္လိုက္သည္ ။ ယြင္ရွန႔္ခ်က္ခ်င္းလွည့္မၾကည့္ေသး ။ ဒီမ်က္ႏွာနဲ႕ သူမအား မ်က္ႏွာခ်င္းဆိုင္ရမွာကို ရွက္႐ြံ႕ေန၏ ။
သူမက အေစာင့္ေတြအားၾကည့္ကာ အမိန္းေပးလိုက္သည္ ။
" မင္းတို႔ ဒီေနရာကေန ထြက္သြားေပး ……
ငါစကားမေျပာၿပီးမျခင္း မလာခဲ့နဲ႕ "
အေစာင့္ေတြကလဲ အလိုက္သင့္ ထြက္ခြာေပးၾကသည္ ။ ၿပီးမွ သူမက သူ႕အား ေက်ာေပးထားသည့္ ယြင့္ရွန႔္ပခုံးကိုကိုင္ကာ အားပါပါျဖင့္လွည့္လိုက္သည္ ။
ယြင္ရွန႔္ေမာ့ၾကည့္လိုက္ေတာ့ သူမမ်က္ႏွာတြင္ အ့ံဩမႈ ႐ြံရွာမႈႏွင့္ အထင္ေသးမႈတို႔ ေရာယွက္ေနၿပီး ယြင္ရွန႔္အား ခပ္ထန္စြာၾကည့္ေန၏ ။
ထိုသူကေတာ့ ယြန္းဂ်ယ္၏ မိခင္ျဖစ္သူပင္ ။ ( အစစ္မဟုတ္ ) သူမက Korea လူမ်ိဳးျဖစ္ေသာ္လဲ တ႐ုတ္စကားကိုေတာ့ ႂကြမ္းက်င္စြာ တက္ေျမာက္ပုံပင္ ။ သူမက ယြင္ရွန႔္အားၾကည့္ကာ စတင္ေျပာၾကားလာသည္ ။
" မင္းနဲ႕ လုဖန္က ဒီအေျခအေနထိေရာက္ေနၿပီဆိုမွေတာ့ တို႔မိသားစုနဲ႕ ေရွာင္မိသားစုၾကားက ဆက္ဆံေရးကိုလဲ သိမွာေပါ့ ……
တို႔မိသားစုနဲ႕ ေရွာင္မိသားစုနဲ႕က စီးပြားဖက္ေတြျဖစ္ခဲ့တာ ႏွစ္ခ်ီေနၿပီ ……
တို႔ရဲ႕ ယြန္းဂ်ယ္နဲ႕ လုဖန္ကို အိမ္ေထာင္ခ်ေပးမလို႔စီစဥ္ထားတာ သူတို႔ ဘြဲ႕ယူၿပီးတာနဲ႕ လက္ထပ္ၾကမွာ ……
မင္းလည္း ေတာႀကိဳအုံၾကားက လာတဲ့ လူမဟုတ္ေတာ့ ကိုနဲ႕အဆင့္အတန္းသူတဲ့သူအခ်င္းခ်င္း လက္ထပ္ၾကတယ္ဆိုတာ နားလည္မယ္လို႔ထင္တယ္ ……
ပြင့္ပြင့္လင္းလင္းေျပာရရင္ လိင္တူအတြဲေတြဆိုတာ ဘယ္ေတာ့မွ ေကာင္းေကာင္းအဆုံးသတ္မသြားရဘူး ……
မင္းတို႔ေတြ ဘယ္ေလာက္ၾကာၾကာ အတူတူေနနိုင္မယ္ ထင္လို႔လဲ ……
ေနာက္ဆယ္ႏွစ္လား အႏွစ္ ၂၀ လား မင္းတို႔အသက္ႀကီးလာရင္ ဘယ္လိုလုပ္မလဲ ……
ဒီလိုေအာင္ျမင္ေနတဲ့ လုပ္ငန္းႀကီးက ဆက္ခံသူမရွိပဲ ပ်က္စီးသြားမွာကို မင္းက လက္ပိုက္ၾကည့္ေနနိုင္တာလား ……
မင္းက မင္းရဲ႕ေကာင္းက်ိဳးအတြက္ မၾကည့္ဘူးဆိုရင္ေတာင္ လုဖန္ရဲ႕ေရွ႕ေရး ေကာင္းဖို႔အတြက္ ၾကည့္ရမွာေပါ့ မဟုတ္ဘူးလား ……
လုဖန္က မင္းကိုတေျဖးေျဖး စိတ္ကုန္လာရင္ေရာ သူနဲ႕အတူေနခိုင္းမယ္ထင္ေနတာလား ……
အဲ့အခါၾကရင္ မင္းက ဘာေကာင္မွမဟုတ္ေတာ့ဘူး … အစြန႔္ပစ္ခံ DOLL တစ္ခုသာသာပဲျဖစ္သြားမွာ … ဘာတန္ဖိုးမွ မရွိေတာ့ဘူး "
ယြင္ရွန႔္ေျပာစရာစကားမ်ားေပ်ာက္ရွသြားသည္ ။ သူမစကားေတြက ပ်က္သားၿပီးမာထန္ေန၏ ။ တစ္ဆက္ထည္း ယြင္ရွန႔္ကို ပို၍ စိတ္ဓာတ္က်သြားေစသည္ ။
သူမက တိတ္ဆိတ္ကာ ေခါင္းငုံေနသည့္ ယြင္ရွန႔္ကိုၾကည့္ၿပီး သူမစကား ထိေရာက္၍ ေက်နပ္သြားသည္ ။ ၿပီးေနာက္ သူမက ယြင္ရွန႔္လက္က လက္ထိပ္ကို ျမင္သြားၿပီး အႀကံရသြားပုံပင္ ဆက္၍ေျပာလာသည္ ။
" မင္းအတြက္လဲ ခက္ခဲမယ္ဆိုတာ သိပါတယ္ ……
ခုပဲၾကည့္ေလ မင္းဝတ္ထားတဲ့ပုံစံက မင္းသိကၡကို ဘယ္ေလာက္ထိခိုက္ေစလဲ ……
ဒီလိုမ်ိဳးခ်ဳပ္ေႏွာင္ထားတာက ခ်စ္သူတစ္ေယာက္အေပၚ ဆက္ဆံပုံမ်ိဳးျဖစ္သင့္ရဲ႕လား ……
ေရွာင္လုဖန္က သူစိတ္ေက်နပ္ဖို႔အတြက္ပဲ မင္းကိုသုံးေနသာအသိသာႀကီး ……
မင္းခံစားခ်က္ မင္းအႀကိဳက္ေတြကို သူေမးဖူးလား ……
ၾကည့္ရတာေတာ့ သူကပဲ မင္းကိုအမိန္ေပးေနပုံပဲ ……
ဒါက သူမင္းကို Doll တစ္ခုလိုပဲ ဆက္ဆံတာ အသိသာႀကီး ……
ကဲထားပါ မင္းလဲ ဒီလိုခ်ဳပ္ေႏွာင္မႈကေန လြတ္ေျမာက္ခ်င္ေနၿပီမလား ……
ဒီမွာပိုက္ဆံကိုယူလိုက္ "
သူမက ကဒ္ျပားေလးတစ္ခုကို ယြင္ရွန႔္ထံ ကမ္းေပးလိုက္သည္ ။ ၿပီးေနာက္ ဆက္၍ေျပာလာ၏ ။
" ငါတို႔ကို ယုတ္မာတဲ့သူေတြလို႔ေတာ့မေျပာနဲ႕ ……
ေရွာင္မိသားစုကို မင္းလိုမ်ိဳး ကေလးမေမြးနိုင္တဲ့အျပင္ လူသိရွင္ၾကား လက္ေတာင္ထက္လို႔မရနိုင္တဲ့သူေၾကာင့္ အပူကပ္မေနေစနဲ႕ ……
ဒီထဲမွာ မင္းဘဝဆိုးရိမ္စရာမလိုေအာင္ ထိုင္စားလို႔ရတဲ့ပမာဏ ထည့္ေပးထားတယ္ "
ထိုအခါ ယြင္ရွန႔္ရဲ႕ ဝမ္းနည္းစိတ္ကေန ေဒါအျဖစ္ေျပာင္းလဲသြားၿပီး သူ႕အေရွ႕က အမ်ိဳးသမီးအား မ်က္ႏွာခ်င္းဆိုကာ ေခါင္းေမာ့ၾကည့္ၿပီး တစ္လုံးျခင္း ေျပာလိုက္သည္ ။
" က်ေနာ္ဒီပိုက္ဆံေတြမယူဘူး ……
က်ေနာ္ဘယ္သူ႕ကိုမွမမွီခိုပဲ က်ေနာ့ဘာသာ ရွာစားနိုင္တယ္ "
" ခုမင္းဘက္မွာလုဖန္ရွိေနေတာ့ ေျပာနိုင္တာေပါ့ ……
အ့ဆိုတို႔လုပ္ေပးနိုင္တာက မင္းနဲ႕လုဖန္တိတ္တိတ္ပုံန္းေနေနတဲ့အေၾကာင္း ဖြင့္ခ်လိဳက္ယုံပဲရွိေတာ့တယ္ ……
ခုခ်ိန္မွာ လူေတြက ယြန္းဂ်ယ္နဲ႕ လုဖန္အေၾကာင္းကိုပဲသိထားၿပီး သူတို႔အတြဲက လိုက္ဖက္ညီတဲ့အေၾကာင္း ခ်ီးမြန္းေျပာဆိုေနၾကတာ ……
ဒီသတင္းေပါက္ၾကားသြားတဲ့အခါၾကရင္ မင္းကတစ္စုံတစ္ေယာက္ျဖစ္သြားၿပီး လုဖန္နဲ႕ ေရွာင္မ်ိဳးရိုးရဲ႕ဂုဏ္သိကၡာေတြက မင္းလက္ထဲေရာက္သြားမွာေလ "
" ခမ်ား "
" ဟင္း … လူငယ္ေတြ အမွန္မျမင္နိုင္ပါ့လား ……
ခုမင္းသာေနာက္ဆုတ္ေပးလိုက္ရင္ လုဖန္နဲ႕ေရွာင္မိသားစုသိကၡမထိခိုက္သလို မင္းအတြက္လဲအသာႀကီးပဲ ……
ခုလိုခ်ဳပ္ေႏွာင္မႈကေနမင္းမလြတ္ေျမာက္ခ်င္တာေတာ့ မဟုတ္ပါဘူးေနာ္ ……
မင္းအတြက္ေ႐ြးခ်ယ္စရာ လမ္းတစ္လမ္းပဲရွိတယ္ ……
ဒီအိမ္ေတာ္ကေန ခုခ်က္ခ်င္း ထြက္သြားပါ ……
မင္းကိုဘယ္ေတာ့မွျပန္ရွာမေတြ႕နိုင္တဲ့ အေဝးဆုံးေနရာထိ "
သူမက အားရေက်နပ္စြာ ေျပာၿပီးသည့္ေနာက္ ယြင္ရွန႔္ထံက အေျဖစကားကို ၾကားခ်င္ပုံမေပၚေပ ထိုေနရာကေန ခ်က္ခ်င္း လွည့္ထြက္သြားေလေတာ့သည္ ။
ၿပီးေနာက္ အေစာင့္ေတြျပန္ေရာက္လာၾကၿပီး ယြင္ရွန႔္အား အေပၚဆုံးထပ္သို႔ ေခၚေဆာင္လာၾကသည္ ။
ယြင္ရွန႔္ရဲ႕ေျခလွန္းေတြက ေလးလံေနၿပီး အေတြးေပါင္းမ်ားစြာက အသိစိတ္လြတ္မတတ္ ေႏွာက္ယွက္ေန၏ ။ ဘယ္အခ်ိန္က အေပၚဆုံးထပ္သို႔ေရာက္သြားမွန္း သူမသိလိုက္ေျခ ။ သူအသိျပန္ဝင္လာေတာ့ ေဘးနားကအေစာင့္ေတြအားလုံး မရွိၾကေတာ့ေပ ။
သူနဲ႕မလွန္းမကန္းမွာေတာ့ သူ႕အားေက်ာေပးရပ္ေနသည့္ တစ္စုံတစ္ေယာက္ရွိေနၿပီး အေပၚဆုံး ေလသာျပင္တစ္ခုလုံးဟာလဲ ပန္းမ်ား ဇာပဝါအျဖဴေလးမ်ားတြဲေလာင္းခ်ကာ အလွဆင္ထားၿပီး မဂၤလာခန္းမထက္ပင္ ခန္းနားႀကီးက်ယ္လြန္းလွသည္ ။
' ဒါက လုဖန္ရဲ႕ စိတ္ကူးယဥ္ မဂၤလာပြဲလား ' ယြင္ရွန႔္ေတြးေတာရင္း တေျဖးေျဖးေလွ်ာက္လွမ္းလာခဲ့သည္ ။
သူေျခခ်ရာ ေလွ်ာက္လမ္းတစ္ခုလုံးဟာ အနီေရာင္ႏွစ္ဆီပြင့္ဖက္မ်ား ခ်ခင္ထားၿပီး ေလတစ္ခ်က္ေဝွ႕လိုက္တိုင္း လြင့္ပ်ံလာကာ ပန္းမ်ား ပတ္ျဖန္းေနသေယာင္ထင္ရေစသည္ ။
အျဖဴေရာင္ဇာေလးေတြက ေလမွာလြင့္ေနၿပီး တစ္ခါတစ္ခါ အေရွ႕ကလူအား မျမင္နိုင္ေအာင္ ဖုံးအုပ္ထားသည္ ။
ဇာပဝါေပါင္းမ်ားစြာက တြဲေလာင္းခ်ည္ေႏွာင္ထားျခင္းေၾကာင့္ လုဖန္ထံေရာက္ရန္ ဝကၤပါတစ္ခုပမာ ျဖစ္ေန၏ ။
အနက္ေရာင္ဝတ္ဆုံႏွင့္ ခန႔္ညားေနသည့္ လုဖန္ဟာ သူ႕အား ေက်ာေပးထားၿမဲ တစ္စုံတစ္ခုအား ကိုင္ေဆာင္ထားပုံပင္ ထိုအရာအား တစိုက္မက္မက္စိုက္ၾကည့္ေန၏ ။ သူ႕ရဲ႕အေရွ႕မွာ ဝရံသာရွိေနၿပီး ပန္းမ်ားျဖင့္အလွဆင္ထားသည္ ။ ထိုေနရာကေန ေရွာင္အိမ္ေတာ္တစ္ခုလုံးရဲ႕ျမင္ကြင္းကို လွပစြာ ျမင္နိုင္၏ ။
ေလေတြက ခပ္ၾကမ္းၾကမ္း တိုက္ခပ္လာသည့္အခါ အျဖဴေရာင္ ဇာပဝါေလးေတြက သူတို႔ ၂ ဦးၾကား ျခားနာထားသည္ ။
ယြင္ရွန႔္အေရွ႕သို႔ေရာက္လာေလ ျခားနားထားသည့္ ပဝါစေလးေတြေၾကာင့္ ပို၍ ေဝးကြာသြားသလိုခံစားလာရသည္ ။ ၿပီးေနာက္ အျမင္အာ႐ုံတစ္ခုလုံး အျဖဴေရာင္ပဝါစေလးမ်ား ဖုံးလႊမ္းသြားကာ သူ႕အေရွ႕က လုဖန္ဟာလဲ ေပ်ာက္ကြယ္သြားေလေတာ့သည္ ။
အျမင္မ်ား မွားေလသလား စမ္းတဝါးဝါး ရွာၾကည့္ေသာ္လဲ ထိုေနရာတြင္ မည္သူတစ္ဦးတစ္ေယာက္မွ ရွိမေနေတာ့ေျခ ။
ယြင္ရွန႔္စိတ္ထဲတြင္ အမ်ိဳးအမည္မသိ ခံစားလိုက္သည္ ။ သို႔ေပမဲ့ သူ႕အေတြးပင္မဆုံးလိုက္ အေနာက္မွ အႏၲရာယ္အေငႊ႕အသက္မ်ား ခံစားရသည္ႏွင့္ ခ်က္ခ်င္း လွည့္ၾကည့္လိုက္သည္ ။ ထင္သည့္အတိုင္းပင္ လုဖန္ဟာ သူ႕ရဲ႕အေနာက္တြင္ ေရာက္ရွိေနၿပီး သူ႕ရဲ႕လက္ေတြက ယြင္ရွန႔္ကိုယ္ေလးအား ဆြဲယူဖမ္းခ်ဳပ္ထားေလသည္ ။
" ကိုယ့္ရဲ႕ သတိုးသမီးေလး "
လုဖန္က ယြင္ရွန႔္ပခုံးအား ကိုင္ကာ သူ႕ဘက္သို႔လွည့္ေစလိုက္သည္ ။ ဦးေခါင္းထက္က ဇာအပါးေလးကေနတဆင့္ တစ္ေယာက္ကိုတစ္ေယာက္ အၾကည့္ခ်င္းဆုံကာ တစ္ေယာက္အလွကိုတစ္ေယာက္ တစ္ခနမွ် မွင္သက္စြာ ၾကည့္မိၾကသည္ ။
လုဖန္ဟာ အနက္ေရာင္ဝတ္ဆုံကို ဆင္ျမန္းထားၿပီး ေက်ာ့ေမာ့ရွင္းသန႔္ကာ ယခင္ကထက္ပိုမိုေခ်ာေမာေနၿပီး သူ႕ရဲ႕မ်က္ႏွာက တည္ၾကည္လွသည္ ။ အသက္ငယ္႐ြယ္သည့္ သခင္ေလးတစ္ေယာက္ႏွင့္ပင္မတူေျခ ။ ဒီရက္ပိုင္းအတြင္ ပို၍ရင့္က်ပ္လာပုံပင္ ။
သူက ယြင္ရွန႔္ ဦးေခါင္းထက္က ဇာအပါးေလးကို မယူကာ ဖယ္ရွာၿပီးေနာက္ ေခ်ာေမႊ႕လွသည့္ ယြင္ရွန႔္ပါးႏွစ္ဖက္အား လက္ဖဝါးျဖင့္အုပ္မိုးကာ ဆြဲယူလိုက္သည္ ။
ႏွင္းဆီဖူးပမာ ႏႈတ္ခမ္းရဲရဲေလးအား သူ႕ရဲ႕ႏႈတ္ခမ္းသားေလးျဖင့္ ထိကပ္ကာ အနမ္းေႁခြလိုက္သည္ ။ ထိုခန၌ ပတ္ဝင္းက်င္တခြင္ အရာအားလုံး ေခတ္တခန ရပ္တန႔္သြားသလို ခံစားလိုက္ရၿပီးေနာက္ တခနၾကာေတာ့ ေလေျပေသြးေလးေတြက ႏွင့္ဆီပြင့္ဖက္ေလးေတြကို တယ္ေဆာင္လာကာ ဇာပဝါေလးေတြကလဲ တလြင့္လြင့္ ပ်ံသန္းေနၿပီး သဘာဝတရားက ေကာင္းခ်ီးေပးေနသည့္အလား ပတ္ဝန္းက်င္တခြင္ ဆူညံလႈပ္ခပ္သြားေလသည္ ။
လုဖန္က အနမ္းကေန ဖယ္ခြာၿပီးေနာက္ သူ႕ရဲ႕ အကၤ်ိအိပ္ကပ္ထဲမွာ ထည့္ထားသည့္ အနီေရာင္ဘူးေလးကို ထုပ္ယူလိုက္ၿပီး ဖြင့္ကာ ယြင္ရွန႔္အား ကမ္းေပးလိုက္သည္ ။
ထိုထဲတြင္ေတာ့ ေငြေရာင္လက္စြပ္ေလး ၂ ကြင္းက ေနရာယူေနၿပီး ရိုးရိုးေလးႏွင့္ လွပလြန္းသည္ ။ ယြင္ရွန႔္ ထိုအေျခအေနအား မွင္သက္မိေသာ္လဲ ေပ်ာ္႐ႊင္မည္ႀကံ႐ြယ္တုန္း ေစာတုန္းကေျပာသြားသည့္ အမ်ိဳးသမီးရဲ႕စကားေတြကို ျပန္ၾကားေရာင္မိလာၿပီး ခ်က္ခ်င္း ဝမ္းနည္းသြားမိသည္ ။
ၿပီးေနာက္ လုဖန္ထံက စကားသံတခ်ိဳ႕ကို ၾကားလိုက္ရသည္ ။
" ကိုယ္မင္းဆီကေန လက္ထက္ခြင့္ကို အတင္းမေတာင္းဆိုဘူး ……
ဒါေပမဲ့ မင္းကကိုယ့္အပိုင္ဆိုတာကိုေတာ့ မင္းသိထားရမယ္ ……
ဒီလက္စြပ္ေလးက ကိုယ္တို႔တစ္ေယာက္ကိုတစ္ေယာက္ ပိုင္ဆိုင္တယ္ဆိုတဲ့ သက္ေသပဲ "
လုဖန္က ေျပာၿပီးေနာက္ လက္စြပ္တစ္ကြင္းအား ထုပ္ယူကာ ယြင္ရွန႔္လက္အား စြပ္ေပးလိုက္သည္ ။ ႐ုတ္တရပ္ ယြင္ရွန႔္ မျငင္းဆိုမိပဲ လက္ခံၿပီးမွ ေနာင္သရမိသြားသည္ ။
' ငါသူ႕ကို ထပ္ၿပီးေမွ်ာ္လင့္ခ်က္ေတြ ေပးေနမိျပန္ၿပီ ' တကယ္ေတာ့ ယြင္ရွန႔္ ျငင္းဆိုရန္ ဆုံးျဖတ္ထားျခင္းျဖစ္သည္ ။
လုဖန္ လက္စြပ္ေနာက္တစ္ကြင္းကို ယူကာ ကမ္းေပးရန္ ျပင္လိုက္ခ်ိန္ မထင္မွတ္ထားသည့္ အရာေၾကာင့္ သူ႕ရဲ႕လက္က လမ္းတစ္ဝက္မွာပင္ ရပ္သန႔္သြားသည့္ ။ သူ႕ရဲ႕အၾကည့္ေတြကလဲ ဝမ္းနည္းမႈႏွင့္ ေဒါသေတြ ေရယွက္ေန၏ ။
အေၾကာင္းက ယြင္ရွန႔္ သူ႕လက္က လုဖန္ခုေလးတင္ စြပ္ေပးလိုက္သည့္လြက္စြပ္အား ခြၽတ္ကာ ၾကမ္းျပင္ေပၚသို႔ ပစ္ခ်လိဳက္ေသာေၾကာင့္ပင္ျဖစ္သည္ ။
ျမင္ကြင္းေရွ႕မွာပါ လက္စြပ္ဟာ လိမ့္သြားကာ ခ်က္ခ်င္းေပ်ာက္ကြယ္သြားသည္ ။ လုဖန္အၾကည့္ေတြကလဲ ေပ်ာ္႐ႊင္မႈကေန ခ်က္ခ်င္း ေအးဆက္သြားေလသည္ ။
သူက ေဒါသကို မနည္းခ်ဳပ္သည္းထားၿပီး လမ္းတစ္ဝက္မွာတင္ ရပ္သြားသည့္ သူ႕လက္ထဲက လက္စြပ္အား ယြင္ရွန႔္ထံ လွမ္းေပးလိုက္သည္ ။
" ကိုယ့္ကို ျပန္စြပ္ေပး "
လုဖန္ရဲ႕အသံက မႏူးညံ့ေတာ့ပဲ မာထန္ေနေသာေၾကာင့္ ယြန႔္ရွန႔္ခ်က္ခ်င္းယူကာ စြပ္ေပးလိုက္သည္ ။ ထိုအခါမွ လုဖန္အနည္းငယ္ ေပ်ာ္သြားပုံပင္ ။ သူက လက္စြပ္မရွိေတာ့သည့္ ယြင္ရွန႔္လက္အား လွမ္းယူၿပီး လက္ဖမိုးေလးအား နမ္းရႈတ္လိုက္သည္ ။
" ကိုယ္ ဒီလက္စြပ္ကို မင္းႀကိဳက္မယ္ထင္ထားတာ ကိုယ္တကယ္ပဲ မင္းအႀကိဳက္ေတြကို မသိေသးဘူးပဲ ……
ဒါေပမဲ့ ခုကိုယ့္လက္မွာ မင္းစြပ္ေပးတဲ့လက္စြပ္ရွိေနၿပီ ကိုယ့္ကိုမင္းပိုင္တယ္ ……
ဒါေၾကာင့္ ဘယ္ေတာ့မွ ကိုယ့္ကို ထားမသြားနဲ႕ "
လုဖန္စကားေတြေၾကာင့္ ျငင္းဆိုမည့္ ယြင္ရွန႔္ စကားလုံးမွာ လမ္းတစ္ဝက္မွာတင္ရပ္တန႔္သြားသည္ ။
သို႔ေပမဲ့ ခု သူေ႐ြးခ်ယ္မဲ့လမ္းက မွားသည္ျဖစ္ေစ မွန္သည္ျဖစ္ေစ လုဖန္အတြက္ အေကာင္းဆုံးမို႔ ေတြေဝေနမႈကို ဖယ္ရွားကာ ယြင္ရွန႔္ႀကိဳးစားကာ ေျပာလိုက္သည္ ။
" ငါ့ကို ထြက္သြားခြင့္ျပဳပါ ……
ေက်းဇူးျပဳၿပီး ငါ … ငါမင္းကို ထပ္ၿပီးမခ်စ္နိုင္ေတာ့ဘူး လုဖန္ "
ဒီတစ္ခါေတာ့ လက္စြပ္ လႊင့္ျပစ္လိုက္တုန္းကထက္ လုဖန္မ်က္ႏွာ မဲေမွာင္သြားၿပီး စိတ္ဓာတ္အႀကီးႀကီးက်သြားပုံပင္ ။ ေလထုကလဲ တေျဖးေျဖးေအးစက္လာ၏ ။
လုဖန္လက္ေတြက ယြင္ရွန႔္ကိုယ္ေပၚကေန ခြာသြားၿပီး ေတာင့္တင္းသြားသည္ ။ ယခုအခ်ိန္မွာ လုဖန္မ်က္ႏွာကို ယြင္ရွန႔္မၾကည့္ရဲေပ ။ ေသခ်ာတာကေတာ့ ေဒါသေၾကာင့္ မဲေမွာင္ၿပီး မွန္းစရခက္သည့္ မ်က္ႏွာထားမ်ိဳးျဖစ္ေနလိမ့္မည္ ။ တစ္ဆက္ထည္းမွာပဲ လူဖန္ရဲ႕ ေအးဆက္ဆက္အသံ ထြက္ေပၚလာ၏ ။
" ကိုယ့္ကို မခ်စ္ေတာ့ဘူးတဲ့လား ….
မင္းညာေနတာမလား "
" ငါတကယ္ေျပာေနတာ ……
ေက်းဇူးျပဳၿပီး ထြက္သြား … အြန္း "
စကားပင္မဆုံးေသး လုဖန္က ယြင္ရွန႔္ႏႈတ္ခမ္းအား လက္ျဖင့္ ဖိကာပိတ္ျပစ္လိုက္သည္ ။ ထိုစကားကို ထပ္ၿပီး ၾကားခ်င္ပုံမေပၚေပ ။ သူက ယြင္ရွန႔္အနားကပ္ကာ တိုးတိုးေလးေျပာလိုက္သည္ ။
" ဒီစကားကို ထပ္ၿပီးေျပာေနရင္ ေနာက္မေျပာနိုင္ေအာင္ လုပ္ျပစ္မယ္ "
သူစကားက မန္ပါေနေသာေၾကာင့္ ယြင္ရွန႔္ တုန္လႈပ္သြားရသည္ ။ ဒါကို လုဖန္ရိပ္မိသြားပုံပင္ ။ စိတ္ကို ထိန္းခ်ဳပ္ၿပီး တိုးတိုးေလးေျပာလာ၏ ။
" ေနာက္အပတ္မွာ ကိုယ္တို႔ လက္မွတ္ထိုးၾကမယ္ ……
ဒါကကိုယ္တို႔ရဲ႕ ေနာက္ဆုံးအခြင့္အေရးပဲ ……
မင္းျငင္းဖို႔မႀကိဳးစားနဲ႕ေတာ့ ……
ဒီမဂၤလာပြဲကို ခုစိတ္မပါေတာ့ဘူး ……
ဒါေတြကို မင္းမႀကိဳက္ေတာ့လဲ ဖ်က္စီးျပစ္ယုံေပါ့ "
လွပတဲ့အျပင္အဆင္ေတြက တစ္ခနအတြင္းမွာ ပ်ံႀကဲကုန္ၿပီး ေလမွာပ်ံဝဲေနတဲ့ ဇာပဝါေတြကလဲ ေျမခကုန္ၾကသည္ ။ လုဖန္အေတာ္ေလး ေပါက္ကြဲေနပုံပင္ ။ အားလုံးကို ရႈတ္ေထြးေအာင္လုပ္ၿပီးေနာက္ ေက်ာခိုင္းကာ ထြက္ခြာသြားေလေတာ့သည္ ။ ယြင္ရွန႔္ကေတာ့ မွင္သက္စြာပင္ ရပ္ေနၿမဲျဖစ္ၿပီး သူ႕မ်က္ဝန္းေတြက ေျမခသြားသည့္ လက္စြပ္ေလးကို ရွာေဖြေနမိသည္ ။
~ ~ ~ ~
တစ္ပတ္ခန႔္ၾကာၿပီးေနာက္ ……
လုဖန္က ယြင္ရွန႔္အား ပို၍ တင္းၾကပ္ကာ အေစာင့္ေတြပါ ခ်ေပးထားသည္ ။ ျပတင္းေပါက္ကအစ သံေပါင္ပ်ား ခပ္ထားသည္ ။ ဒါက ယြင္ရွန႔္ထြက္ေျပးဖို႔အတြက္ အခြင့္အလန္း မရွိေတာ့ေျခ ။
ထိုစဥ္ အခန္းတြင္ လူတစ္ဦးဝင္လာျခင္းေၾကာင့္ ျပတင္းေပါက္မွ ေငးၾကည့္ေနသည့္ ယြင္ရွန႔္ အေနာက္သို႔ လွည့္ၾကည့္လိုက္သည္ ။ သူ႕ရဲ႕မ်က္ဝန္းေတြက ျပဴးက်ယ္ကာ ေပ်ာ္႐ႊင္မႈအျပည့္ျဖစ္သြားေလေတာ့သည္ ။
" အကိုမိုခြန္း "
မိုခြန္းက ယြင္ရွန႔္သတင္းၾကားၿပီး အေတာ္ေလးစိတ္မေကာင္းျဖစ္ေန၏ ။ ခရီးကျပန္လာလာျခင္း ယြင္ရွန႔္ထံ ခ်က္ခ်င္းလာခဲ့ျခင္းျဖစ္သည္ ။
" ယြင္ေလး "
ခုခ်ိန္ထိ လပ္ထိပ္ခပ္ထားၿမဲျဖစ္၍ ယြင္ရွန႔္လက္ေတြက နီရဲေန၏ ။ မိုခြန္းပို၍စိတ္မေကာင္းျဖစ္သြားသည္ ။
မိုခြန္းက ယြင္ရွန႔္အား ေပြ႕ဖက္ထားၿပီး ႏွစ္သိမ့္ေပးလိုက္သည္ ။
" မေၾကာက္နဲ႕ေတာ့ ….
ညီေလးကအခ်စ္ႀကီးလြန္းတာေၾကာင့္ပါ ….
ယြင္ေလးကို သူအႏၲရာယ္မျပဳနိုင္ပါဘူး ……
သူကအစြဲလမ္းႀကီးလြန္းတာေၾကာင့္ပါ "
ယြင္ရွန႔္က ဝမ္းနည္းစိတ္ေၾကာင့္ ငိုေႂကြးမိသြားသည္ ။ လမ္းေပ်ာက္ေနခ်ိန္ အားကိုရွာေတြ႕သည့္အတြက္လဲ ေပ်ာ္႐ႊင္သြားမိသည္ ။ တဆက္ထည္းသတင္းဆိုးတစ္ခုပါ သူၾကားလိုက္ရသည္ ။
" မနက္ျဖန္ ညီေလး မဂၤလာေဆာင္ေတာ့မွာ သိၿပီးၿပီလား "
" …… "
မိုခြန္သူေျပာမိတာကို ေနာင္တရသြားသည္ ။
" မင္းမသိေသးဘူးထင္တယ္ ……
အကိုေတာင္းပန္ပါတယ္ ညီေလးက ဘာေၾကာင့္ဖုံးကြယ္ထားမွန္းမသိေပမဲ့ မနက္ျဖန္ ညီေလးမဂၤလာေဆာင္ေတာ့မွာေသခ်ာတယ္ ……
ဒါေပမဲ့စိတ္မပူပါနဲ႕ သူ႕မွာအႀကံတစ္ခုခုေတာ့ရွိမွာပါ "
ယြင္ရွန႔္ သက္ျပင္းခ်လိဳက္ၿပီး ျပန္ေျဖလိုက္သည္ ။
" က်ေနာ္ဝမ္းနည္းေနေတာ့ေရာ ဘာထူးမွာလဲ ……
တစ္ေန႕ေန႕မွာ ဒါကျဖစ္လာမွာပဲေလ ……
အေႏွးနဲ႕အျမန္ပဲကြာတယ္ ……
ၿပီးေတာ့ အကို က်ေနာ့ကို တစ္ခုေလာက္ကူညီပါ "
" ဘာမ်ားလဲ "
" က်ေနာ့ကို ဒီကထြက္သြားနိုင္ေအာင္ ကူညီပါဗ်ာ ……
က်ေနာ့ကို အကိုကူညီမွရမွာမလို႔ပါ "
ဒီရက္အတြင္းမွာ ယြင္ရွန႔္ထြက္ေျပးဖို႔အတြက္ အႀကိမ္ႀကိမ္ႀကိဳးစားခဲ့သည္ ။ ဒါေပမဲ့ မေအာင္ျမင္ခဲ့ေပ ။ သို႔ေပမဲ့ ႐ြီမုနဲ႕ဆက္သြယ္ကာ အစီအစဥ္အားလုံးက ခ်ၿပီးၿပီမို႔ ယြင္ရွန႔္ သြားမည္ဆိုလွ်င္ အခ်ိန္က မနက္ျဖန္တစ္ရက္သာလိုေတာ့သည္ ။ တိုက္ဆိုင္စြာပင္ ထိုေန႕က လုဖန္ကတိေပးထားသည့္ေန႕ျဖစ္ေန၏ ။ ၿပီးေတာ့ လုဖန္ရဲ႕ မဂၤလာပြဲေန႕ ။
မိုခြန္းအစကေတြေဝေနေပမဲ့ ငိုေနတဲ့ ယြင္ရွန႔္ကိုမၾကည့္ရက္ေတာ့၍ ကူညီရန္ကတိေပးကာ ထြက္သြားေလေတာ့သည္ ။ ထိုအခါမွ ယြင္ရွန႔္ စိတ္သက္သာယာ ရသြားသည္ ။ သူ႕ရင္ထဲမွာေတာ့ လုဖန္ကို ထာဝရ ဆုံးရႈံရေတာ့မွာမို႔ အသည္းတစ္ခုလုံး အစိတ္စိတ္အမႊာမႊာကြဲေၾကေနခဲ့ၿပီ ။
ညေနခင္းေလေျပေအးေတြက တိုက္ခပ္ေန၏ ။ လုဖန္စိတ္ေတြကလဲ ေလးလံေနၿပီး တစ္စုံတစ္ရာကို ဆုံးရႈံးရေတာ့မည္ဟု ခံစားေနရသည္ ။
သူ႕ရဲ႕လက္ထဲမွာ ယြင္ရွန႔္ႀကိဳက္မည္ထင္ေလာက္သည့္ စားစရာမ်ားကို ဝယ္ယူကာ သယ္ေဆာင္လာခဲ့သည္ ။
" သား မဂၤလာပြဲကို ဘယ္အခ်ိန္ေလာက္စၾကမလဲ "
ေအးဆက္ေနသည့္ လုဖန္မ်က္ႏွာ ပို၍ မဲေမွာင္သြားၿပီး ေအးဆက္စြာ ျပန္ေျဖလိုက္သည္ ။
" ေန႕လည္ေလာက္မွစၾကတာေပါ့ ……
မနက္ပိုင္းဆို က်ေနာ့အတြက္ အဆင္မေျပဘူး "
" ေကာင္းပါၿပီ … သားသေဘာပဲ "
* ေတာင္းပန္ပါတယ္ေမေမ ၊ သားမနက္ပိုင္းမွာ ယြင္ရွန႔္ကိုေခၚၿပီး အိမ္ေတာ္ကေန ထြက္သြားေတာ့မယ္ *
လုဖန္နဲ႕ ယြန္ဂ်ယ္မဂၤလာေဆာင္က မနက္ျဖန္ေန႕လည္ျဖစ္ၿပီး လုဖန္က ယြင္ရွန႔္ကို မနက္ပိုင္းမွာ ခိုးေျပးရန္ ႀကံ႐ြယ္ထားျခင္းျဖစ္သည္ ။ သို႔ေပမဲ့ သူ႕ရဲ႕အႀကံအစည္ေတြက ေအာင္ျမင္နိုင္ပါ့မလား ? အရာအားလုံးက ထင္ထားသလို ျဖစ္မလာနိုင္ေပ ။
လုဖန္အိမ္ေတာ္ကို ျပန္ေရာက္ေတာ့ စားစရာမ်ားကိုယူကာ ယြင္ရွန႔္အခန္းရွိရာသို႔ ခ်က္ခ်င္းထြက္လာခဲ့သည္ ။
" ယြင္ေလး "
ထူးဆန္းစြာ အခန္းေလးက တိတ္ဆိတ္ေန၏ ။ အေစာင့္ေတြကလဲ တစ္ေယာက္မွရွိမေနေသာေၾကာင့္ လုဖန္စိတ္မ်ား ေယာက္ယက္ခပ္သြားေလေတာ့သည္ ။
သူ႕လက္ထဲက မုန႔္ေတြက ေျမျပင္ေပၚက်သြားၿပီး သူ႕ရဲ႕ေျခလွမ္းေတြက အေပၚထပ္သို႔ဦးတည္ကာ ေျပးသြားေလသည္ ။
ညေမွာင္ေနၿပီမို႔ အိမ္ေတာ္ရဲ႕မီးအလင္းေရာင္မ်ားေအာက္၌ လုဖန္တစ္ေယာက္ ေျပးလႊားကာ ယြင္ရွန႔္အားရွာေဖြေနမိသည္ ။
သူရဲ႕အခန္း play Room ႏွင့္ တစ္ျခား ယြင္ရွန႔္သြားတတ္သည့္ အခန္းေတြထဲ ရွာၾကည့္ေပမဲ့ ဘယ္သူမွရွိမေနခဲ့ေပ ။ ေနာက္ဆုံး ေခါင္မိုးထပ္ေပၚသို႔ေျပးတက္လာခဲ့သည္ ။ သူ႕ရဲ႕ရင္ထဲမွာေတာ့ ပူေလာင္ေသာ မီးလွ်ံမ်ား အျပည့္ေနရာယူေန၏ ။
* ယြင္ေလး မင္းတကယ္ပဲ ကိုယ့္ကို ထားသြားၿပီလား * သူအေတြးအဆုံးမွာေတာ့ အေမွာင္ထုထဲ၌ သူ႕အားေက်ာေပးကာ ရပ္ေနသည့္ အရိပ္ေလးကို ျမင္လိုက္ရေတာ့မွ လုဖန္အပူမီးလွ်ံမ်ား ၿငိမ္းသြားေတာ့သည္ ။
" ယြင္ေလး "
လုဖန္ အေမွာင္ထုထဲက ယြင္ရွန႔္အား ေပြးဖက္လိုက္သည္ ။ သူ႕ရဲ႕အသက္ရႉသံေတြက ျမန္ဆန္ေနၿပီး ယြင္ရွန႔္အား တင္းၾကပ္စြာ ဆုတ္ကိုင္ထားသည္ ။
" ဒီမွာတစ္ေယာက္ထည္းဘာလုပ္ေနတာလဲ ……
ကိုယ့္ကို ထားသြားၿပီထင္ေနတာ "
" ငါအခန္းထဲမွာ ပူလာတာနဲ႕ ေလညင္းခံေနတာ "
" အင္း ကိုယ္သိၿပီ ……
မနက္ျဖန္ ကတိအတိုင္း ဒီေနရာမွာေစာင့္ေနပါ ……
ကိုယ္မင္းကို လာေခၚမယ္ "
" အင္း "
* ကိုယ္တို႔ ဒီကေန အတူတူထြက္ေျပးၾကမယ္ … ဟိုးကမာၻဆုံးထိ *
* ငါေတာင္းပန္ပါတယ္ … မင္းမပါပဲ ငါတစ္ေယာက္ပဲ ထြက္သြားရလိမ္မယ္ … ဒါကျဖစ္သင့္တဲ့အရာတစ္ခုပဲ … ငါတို႔အားလုံးအတြက္ အေကာင္းဆုံးေ႐ြးခ်ယ္မႈပဲ *
၂ ေယာက္သား အေတြးကိုယ္စီျဖင့္ တစ္ေယာက္ကိုတစ္ေယာက္ မလႊတ္တန္း ဖက္သြယ္ထားမိၾကသည္ ။ ထိုညက သူတို႔ရဲ႕ ထိေတြ႕မႈေတြရဲ႕ ေနာက္ဆုံးညေလးတစ္ညျဖစ္ေနခဲ့သည့္အေၾကာင္း လုဖန္လုံးဝမသိရွာေပ ။
~ ~ ~ ~
လုဖန္ဟာ မိဘေတြသေဘာအတိုင္း ယြင္ရွန႔္ႏွင့္ ခြဲအိပ္ခဲ့ရသည္ ။ ယေန႕မနက္မွာေတာ့ ထူးဆန္းစြာ အေစာႀကီးနိုးေနၿပီး ယြင္ရွန႔္ကိုသြားေခၚခ်င္ေပမဲ့ ေစာင့္ၾကည့္ေနသည့္ အေစာင့္မ်ားေၾကာင့္ ပုံမွန္ထြက္ေနၾကအခ်ိန္မွ ထြက္လာခဲ့ရသည္ ။
" သားေလး ဘယ္အခ်ိန္မွ ျပင္ဆင္မွာလဲ "
" အေစာႀကီးရွိေသးတယ္ ……
သားသြားစရာရွိတာေလး သြားၿပီး ျပန္လာမွ ျပင္ဆင္ေတာ့မယ္ "
" အဲ့ဒါဆိုလဲ ျမန္ျမန္သြားေနာ္ ……
သားဖြားဖြားတို႔ေရာက္မလာခင္ ၿပီးေနရမယ္ "
" ဟုတ္ကဲ့ "
လုဖန္ခြင့္ရသည္ႏွင့္ ေခါင္မိုးထပ္သို႔အေျပးတက္လာခဲ့သည္ ။ သို႔ေပမဲ့ ေစာင့္ႀကိဳေနသူက သူေမွ်ာ္မွန္းထားသူမဟုတ္ပဲ မိုခြန္းျဖစ္ေန၍ ဝမ္းနည္းသြားရသည္ ။
" ကိုကိုဒီမွာ ဘယ္လိုေရာက္ေနတာလဲ …. ယြင္ရွန႔္ေရာ "
" သြားၿပီ "
" ဘယ္လို "
လုဖန္မယုံၾကည္နိုင္စြာျဖင့္ ျပန္ေမးေနမိသည္ "
" သူထြက္သြားၿပီ "
လုဖန္ႏွလုံးသားေလးတစ္စစီကြဲေႂကြသြားေလေတာ့သည္ ။ တစ္ညလုံးမက္ခဲ့သည့္ အိမ္မက္ေတြက ေရစုန္ေမ်ာခဲ့ရၿပီ ။ သူက အသိစိတ္လြတ္သြားသည့္နယ္ ေမးေနရွာ၏ ။
" ဘယ္ကိုသြားတာလဲ … ဘာသြားလုပ္တာလဲ … ျပန္လာမွာမွတ္လားဟင္ ……
က်ေနာ္တို႔ အတူတူသြားဖို႔ေျပာထားၾကတာေလ ……
သူဘယ္ကိုသြားတာလဲ ကိုကိုသိတယ္မလား ……
က်ေနာ့ကိုေျပာပါ သူဘယ္သြားလဲ ေျပာျပပါ "
မိုခြန္းက တစ္လုံးျခင္းေျပာလိုက္သည္ ။
" ( ----- ) ေလဆိတ္ "
လုဖန္ခ်က္ခ်င္းပင္ေတြေဝမေနပဲ ထိုေလဆိတ္ရွိရာသို႔ အေျပးထြက္သြားေလေတာ့သည္ ။ လုဖန္အိမ္ေတာ္ထဲက ထြက္သြားတာေသခ်ာေတာ့မွ မိုခြန္း အခ်က္ေပးလိုက္သည္ ။
" မင္းထြက္လာလို႔ရၿပီ ယြင္ေလး "
ေဒါင့္ေလးအေျခမွာပုန္းေနသည့္ယြင္ရွန႔္ အဝတ္အိပ္ကိုဆြဲကာ ထြက္လာခဲ့သည္ ။ သူကိုယ္တိုင္လဲ ထြက္ခြာသြားသည့္လုဖန္ကိုၾကည့္ကာ ဝမ္းနည္းေန၏ ။ ၿပီးေနာက္ မိုခြန္းအား ေက်းဇူးတင္စကားဆိုလိုက္သည္ ။
" က်ေနာ့ကို ကူညီေပးတဲ့အတြက္ ေက်းဇူးပါ အကိုမိုခြန္း "
" မင္းတကယ္ပဲ ထြက္သြားေတာ့မွာလား ……
လုဖန္ကိုၾကည့္ သူဘယ္ေလာက္႐ူူသြပ္ရွာမလဲ ……
မထြက္သြားၿပီလဲဆိုေရာ ဘာမွမစဥ္စားပဲ လိုက္သြားရွာတယ္ ……
ငါကူညီေပးတာမွန္လားမွားလားမသိေပမဲ့ ကာယကံရွင္ မင္းကိုယ္တိုင္ေ႐ြးခ်ယ္တာဆိုေတာ့လဲ ငါဝင္မေျပာေတာ့ပါဘူး ……
ကံေကာင္းပါေစယြင္ေလး ……
လုဖန္ျပန္မလာခင္ မင္းထြက္သြားပါ "
" ေက်းဇူးပါအကို "
လွည့္ထြက္သြားသည့္ ယြင္ရွန႔္အားၾကည့္ကာ မိုခြန္းလွန္းေမးလိုက္သည္ ။
" မင္းဘယ္ကိုသြားမွာလဲ အကို႔ကို မေျပာခဲ့ေတာ့ဘူးလား "
" ေတာင္းပန္ပါတယ္ … က်ေနာ္အားလုံးနဲ႕အေဝးဆုံးကို ထြက္သြားမွာမလို႔အကို႔ကိုလဲ ေျပာျပလို႔မရဘူး ……
ကံမကုန္ရင္ေတာ့ တစ္ေန႕ေန႕ျပန္ဆုံေတြ႕မွာပါ "
" အင္း … အကိုလဲ ျပန္ဆုံဖို႔ကိုေမွ်ာ္လင့္ေနပါတယ္ "
* လုဖန္ မရရေအာင္ ျပန္ရွာလိမ့္မယ္လို႔ ကိုယ္ယုံၾကည္တယ္ … မင္းတို႔ကံေကာင္းပါေစ *
ယြင္ရွန႔္ထြက္သြားၿပီး နာရီဝက္အၾကာမွာေတာ့ လုဖန္မႈန္ကုတ္စြာျဖင့္ျပန္ေရာက္လာ၏ ။ သူ႕ပုံစံက အသိစိတ္လြတ္ေနပုံပင္ ။ ေဒါသထြက္ရန္ပင္ေမ့ေလ်ာ့ေန၏ ။
" သားေလး ျပင္ဆင္ေတာ့ ေလ ……
ေမေမတို႔ မဂၤလာပြဲကို သြားၾကေတာ့မယ္ "
* မင္းတကယ္ ထြက္သြားၿပီပဲ … ကိုယ့္ကိုထားၿပီးေတာ့ေလ … တကယ္ပဲ မင္းထားသြားရက္တယ္ … ကိုယ့္ကိုအဲ့ေလာက္ေတာင္မုန္းေနၿပီလား *
ထိုမဂၤလာပြဲအား လုဖန္အသက္မဲ့စြာ လိုက္ပါလာခဲ့သည္ ။ သူ႕ပုံစံက မဂၤလာပြဲအား တစ္ခုခုလုပ္ရန္ ႀကံစည္ထားပုံပင္ ။ ေဒါသအခ်ိန္ကိုက္ဗုံးကို မဂၤလာပြဲတြင္ ေဖာက္ခြဲဖို႔ ႀကံ႐ြယ္ထားပုံပင္ ။ သို႔ေပမဲ့ ကံေကာင္းစြာပင္ မဂၤလာခန္းမ၌ သတင္းေကာင္းကစီးႀကိဳေန၏ ။
" သတို႔သမီးေပ်ာက္သြားၿပီ "
" ဘယ္လို "
" ဟုတ္တယ္ ဘယ္မွာမွ ရွာမေတြ႕ဘူး "
" ကိုယ္ဝန္အရင့္အမာႀကီးနဲ႕ေလ ……
မျဖစ္ဘူး ခုေတြ႕ေအာင္ရွာၾက "
အားလုံးက ထိုစိတ္နဲ႕ လုဖန္အား ဂ႐ုမစိုက္မိၾကေတာ့ေပ ။ လုဖန္ ထိုကိစၥအား အခြင့္ေကာင္းယူကာ ခန္းမထဲကေန ေျပးထြက္လာခဲ့သည္ ။
" ကိုယ္မင္းရွာ ရွာဖို႔အခ်ိန္က်ၿပီယြင္ေလး ……
ကိုယ့္ကိုထားသြားရဲတဲ့မင္းကို ကိုယ့္လက္နဲ႕ျပန္ဖမ္းျပမယ္ "
ထိုေန႕၌ သတို႔သမီးေပ်ာက္ဆုံးၿပီးေနာက္ သတို႔သားပါေပ်ာက္ဆုံးသြားကာ ထိုမဂၤလာပြဲပ်က္သြားေလေတာ့သည္ ။
……………………………………………………………………
[ ကဲ ကေလးေတြ ဘယ္အခ်ိန္မွာ ျပန္ေတြ႕ၾကမလဲ ဆက္ေမွ်ာ္ေပးပါအုံးေနာ္ 🤗🤗 ]