(Zawgyi)
Arc-4.2
မင္းမေဟာ္ စစ္တလင္းႏွင့္အတူ အမဲလိုက္ထြက္ရင္း စိတ္ဝင္စားစရာေကာင္းေသာ လူသား ေကာင္ေလးတစ္ေယာက္အား ေတြ႕ျခင္းျဖစ္သည္။ ႀကီးမားေသာမ်က္ဝန္းမ်ားႏွင့္ ျဖဴျဖဴေသးေသး ကိုယ္ ေလး ေပါင္းစပ္မႈက မင္းမေဟာ္ အတြက္ စိတ္ဝင္စားစရာေကာင္းေသာေၾကာင့္ ေသခ်ာၾကည့္ေနမိ သည္။
ေဘးမွ ေအးစက္စက္အၾကည့္မ်ားကို ခံစားမိေသာေၾကာင့္ ၾကည့္လိုက္ေတာ့ စစ္တလင္း..။ မ်က္ခုံးတစ္ဖက္ပင့္ကာ အၾကည့္မလႊဲဘဲ စူးစိုက္ၾကည့္ေနျခင္း ျဖစ္သည္...။
စူးရွလြန္းေသာ အနက္ေရာင္မ်က္ဝန္းမ်ားက မင္းမေဟာ္ကိုပင္ ရွိန္သြားေစသည္။ တစ္ဆက္တည္း ပင္ မင္းမေဟာ္ ေတြးမိသည္က စစ္တလင္းမွာ ဒီလိုလွတဲ့ အနက္ေရာင္ မ်က္ဝန္းေတြရွိတာလား...။
စစ္တလင္းႏွင့္ မိမိ သည္ ငယ္စဥ္ထဲက ေစ့စပ္ထားေသာ သူမ်ား ျဖစ္ေသာ္လည္း တစ္ေယာက္ထဲ ေအးေဆးေနတတ္ေသာ စစ္တလင္း က မင္းမေဟာ္ ကိုပင္ မလိုအပ္ဘဲ စကားမေျပာ...။ မိမိ သည္လည္း စိတ္မဝင္စားေသာေၾကာင့္ အမႈမွတ္အမွတ္မဲ့သာ...။
စစ္တလင္း ၏ မ်က္ဝန္းအၾကည့္မ်ားမွာ စူးရွလြန္းကာ မိမိဝိညာဥ္ထိတိုင္ ေဖာက္ထြင္းၾကည့္ေန သည္ဟု ခံစားရေသာ္လည္း ထူးဆန္းစြာပင္ သက္ေတာင့္သက္သာျဖင့္ အသားက်ေနသည္ဟု ခံစားရ သည္..။ မ်က္ဝန္း နက္နက္ကေလးမ်ားကို ၾကည့္ေနျခင္းမွ အၾကည့္လႊဲရန္ မစဥ္းစားမိသလို ထိုမ်က္ဝန္း ေလးမ်ား မိမိေပၚမွ ဖယ္ခြာသြားမည္ကိုပင္ စိုးရိမ္မိသည္...။
စစ္တလင္း၏ မ်က္ဝန္းမ်ားသည္ အရင္လို အသက္မဲ့ေနေသာ မ်က္ဝန္းမ်ား မဟုတ္ဘဲ ထက္ျမက္ ျပတ္သားေသာ အရိပ္ေယာင္မ်ားသာ ထင္ဟပ္ေနသည္..။ အေစာပိုင္းက စိတ္ဝင္တစား ၾကည့္ေနမိေသာ လူသား ေကာင္ေလးကိုပင္ ေမ့ေပ်ာက္သြားေအာင္ ထိုမ်က္ဝန္းမ်ားက စြမ္းေဆာင္နိုင္သည္....။
-----------------
ဝသန္ စစ္တလင္း ခႏၶာကိုယ္ထဲ ေရာက္ေရာက္ျခင္း ႀကဳံလိုက္ရသည္က ဇာတ္လိုက္ ႏွစ္ေကာင္၏ ေတြ႕ဆုံခန္း..။ ဝသန္ ဘာအစီအစဥ္မွပင္ မေတြးရေသး..။
ၾကင္ယာေလာင္းကို ေရွ႕ထားၿပီး မ်က္လုံးျပဴးႀကီးနဲ႕ ရွိန္းေႏြကို ၾကည့္ေနေသာ ဇာတ္လိုက္ေကာင္ မင္းမေဟာ္ ကိုဘဲ နရင္းထရိုက္ရမလား..။ ေရွ႕က ၾကာပန္းျဖဴ ရွိန္းေႏြ ကိုဘဲ ထကန္ရမလား..။ ဒင္းတို႔ ေတြ႕ဆုံခန္း အတြက္ ေနာက္ခံသီခ်င္းဘဲ ေျပးဖြင့့္ရမလား..။ ဝသန္ လမ္းေပ်ာက္ေနမိသည္။
ေဘးက မင္းမေဟာ္ အား မေက်မနပ္ မ်က္ေစာင္းထိုးမိေတာ့ မိမိဘက္ ခ်က္ခ်င္း လွည့္ၾကည့္လာ သည္ႏွင့္ ဆုံေသာေၾကာင့္ ဝသန္ ပင္လန႔္သြားရသည္။ ဒီေကာင္ဘာလားဟ..။
အေတာ္ၾကာသည္အထိ အၾကည့္မလြဲေသာ မ်က္ဝန္းညိုမ်ားေၾကာင့္ ဝသန္ ပင္ အေနခက္လာရ သည္...။
"စစ္တလင္း မင္းမ်က္ဝန္းေတြက အရမ္းလွတာဘဲ ငါ အခုမွ သိ တယ္.."
"ဟမ္..!!.."
႐ုတ္တရက္ဆန္စြာ ေျပာလာသည္က မင္းမ်က္ဝန္းေတြက အရမ္းလွတယ္တဲ့..။ ဝသန္ ႏႈတ္ခမ္း မ်ား တြန႔္သြားရသည္..။ ေအးေပါ့ကြာ မင္းတို႔က ဇာတ္လိုက္ ဆိုေတာ့လဲ က်ပ္မျပည့့္လဲရတာေပါ့ေလ..။
အၾကည့္ခ်င္း စစ္တိုက္ေနၾကေသာ ႏွစ္ဦးသားသည္ ေျမျပင္ေပၚတြင္ လဲက်ေနဆဲျဖစ္ေသာ ရွိန္းေႏြ
အား အဖတ္ပင္ မလုပ္ၾက...။
ရွိန္းေႏြ အစပိုင္းတြင္ မိမိဒုကၡေရာက္ေနစဥ္ ေရာက္လာေသာ သူႏွစ္ဦးေၾကာင့္ ဝမ္းသာသြားျခင္း ျဖစ္သည္..။ မိမိအား ကူညီမည္ဟု ထင္ထားေသာ္လည္း အခ်င္းခ်င္း စိုက္ၾကည့္ေနၾကကာ မိမိအား အဖတ္ပင္မလုပ္...။ လစ္လ်ဴရႈခံရျခင္းအား သေဘာမက်ေသာ ရွိန္းေႏြ တစ္ေယာက္ မိမိတည္ရွိမႈကို သတိထားမိေစရန္ စကားစလိုက္သည္...။
"ဒီ..ဒီမွာ...ကြၽန္ေတာ့္ကို ကူညီနိုင္မလား..။ ကြၽန္ေတာ္ ေတာထဲ လမ္းေပ်ာက္သြားလို႔ပါ..။ ေျခ ေထာက္မွာလဲ ငုတ္ဆူးထားလို႔ မထနိုင္လို႔ပါ။ ေက်းဇူးျပဳၿပီး ကူညီလို႔ရမလားဟင္..."
ဝသန္ ႏွင့္ မင္းမေဟာ္၏ အၾကည့္မ်ား ရွိန္းေႏြ ဆီသို႔ ေရာက္လာရသည္...။ ထိုအခါမွ ရွိန္းေႏြ ေက်နပ္သြားရသည္..။ ဟုတ္တယ္ ငါ့ကိုဘဲ အေရးစိုက္ၾကစမ္းပါ..။ အညိုေရာင္မ်က္ဝန္းမ်ား ပိုင္ဆိုင္ ေသာ သူဆီမွ အေမးစကားဦးစြာ ထြက္လာသည္။
"မင္းက ေတာထဲ ဘယ္လိုေရာက္ေနတာလဲ..။ ဒါျပန္လမ္းမဲ့ေတာလို႔ နာမည္ႀကီးေနတာ မသိဘူး လား.."
႐ုတ္တရက္ မာဆတ္ဆတ္အေမးေၾကာင့္ ရွိန္းေႏြ ကိုယ္ေလးတုန္သြားရသည္။ ေဘးက ဝသန္ လည္း မင္းမေဟာ္အား မ်က္လုံးျပဴးကာ ၾကည့့္မိသည္။ Hero တန္းမလုပ္ဘဲ ေမးခြန္းေတြဘာေတြ ေမး လို႔ပါလားဟ..။ အထူး အဆန္း....။ တည္ထားေသာ မ်က္ႏွာႏွင့့္ မာထန္စြာ ေမးေနသည္မွာ ေစာေစာက ငမ္းေနသည္မွာ သူမဟုတ္သကဲ့သို႔ပင္..။
"ကြၽန္ေတာ္..ကြၽန္ေတာ္လဲ မသိပါဘူး..။ ဦးေလးက ႏွိပ္စက္လို႔ ထြက္ေျပးရင္း ေရာက္လာတာပါ..။ ကြၽန္..ကြၽန္ေတာ္ကို ကူညီပါေနာ္... အဟင့္..ဟင့္..."
႐ုတ္တ႐ုက္ ငိုခ်လိဳက္ေသာ လူသားေကာင္ေလးေၾကာင့့္ မင္းမေဟာ္ စိတ္ရႈပ္သြားရသည္။ ေပ်ာ့ညံ့ လိုက္တာ...။
ဝသန္ ထူးထူးအား ဇာတ္လိုက္မင္းမေဟာ္ စိတ္ေဖာက္ေနျခင္း ရွိ၊ မရွိ စစ္ေဆးခိုင္းေနရင္း ေအးေဆးစြာသာ ပြဲၾကည့္ပရိသတ္ လုပ္ေနလိုက္သည္။
ေၾကာက္လန႔္ေနေသာ ယုန္ေလးကဲ့သို႔ပင္ ကိုယ္ေလး တုန္ယင္ေနကာ မ်က္ရည္မ်ားက်ေနေသာ ဇာတ္လိုက္ရွိန္းေႏြ ေၾကာင့္ ဝသန္ ဟက္ထိသြားရသည္...။
^^အာ~~ၾကည့္စမ္း မ်က္ရည္ေတြ က်ေနတာ သနားစရာေလးကြာ..။ ဒီက ေကာ္ရီး ကယ္မယ္..^^
ဝသန္ မ်က္ႏွာတြင္ ေႏြးေထြးေသာ အၿပဳံးတစ္ခု ေပၚလာကာ ဇာတ္လိုက္ရွိန္းေႏြ ေရွ႕တြင္ ဒူး တစ္ဖက္ ေထာက္ေသာ ပုံစံျဖင့္ ထိုင္လိုက္သည္..။ မ်က္ရည္မ်ားကို အိပ္ကပ္ထဲမွ ပုဝါအျဖဴေရာင္ေလး ျဖင့္ သုတ္ေပးလိုက္သည္။
"မငိုနဲ႕ေတာ့ ေနာ္... ေျခေထာက္ထိသြားတာလား မထနိုင္ေတာ့ဘူးလား.."
ႏူးညံ့ညင္သာေသာ ဝသန့္စကားအဆုံး ရွိန္းေႏြ၏ မ်က္ႏွာေလး နီရဲလာရသည္။ ရွိန္းေႏြ၏ တုန႔္ျပန္ မႈေၾကာင့္ ဝသန္ အၿပဳံးမ်ား ပိုမိုပီျပင္သြားရသည္။ ဒီေလာက္ေလးနဲ႕ ေႂကြေနၿပီလားကြာ။ ငါတို႔ ကစားပြဲ ေလး တစ္ခု ကစားၾကတာေပါ့ ရွိန္းေႏြ..။
"ဟုတ္...ေျခေထာက္က လမ္းေလွ်ာက္လို႔မရေတာ့လို႔..."
"ေၾသာ္....စိတ္မရွိနဲ႕ေနာ္..."
"အေမ့..."
႐ုတ္တရက္ ဆြဲေပြ႕လိုက္ေသာ ဝသန႔္ အျပဳအမူေၾကာင့္ ရွိန္းေႏြ အလန႔္တၾကားျဖင့္ လက္မ်ားကို ဝသန႔္လည္ပင္းတြင္ သိုင္းဖက္ကာ ေနရာခ်လိဳက္ရသည္။ ဝသန္ ရွိန္းေႏြအား ၿပဳံးျပကာ ေျပာလိုက္ သည္က ညင္ညင္သာသာ..။
"လန႔္သြားတာလား ကိုယ္မရည္႐ြယ္ပါဘူး..။ အေရွ႕မွာ ဂူတစ္ခု ရွိတယ္ မင္းကို ကိုယ္ ေခၚသြားေပး မလို႔ပါ..။ မင္းက လမ္းေလွ်ာက္မရဘူး ဆိုလို႔..."
"ဟုတ္..."
စူးရွေသာ မ်က္ဝန္းနက္နက္မ်ားျဖင့္ ႐ုပ္ရည္ေခ်ာေမာကာ ထူးျခားေသာ အရွိန္အဝါရွိသည္..။ ထို ကဲ့သို႔ေသာ သူတစ္ဦး၏ ေပြ႕ခ်ီထားျခင္း ခံရသည့္အျပင္ ရွိန္းျမျမ ကိုယ္သင္းနံ႕က ရွိန္းေႏြ ႏွာဖ်ားတြင္ က်ီဆယ္ေနေသာေၾကာင့္ ရွိန္းေႏြ ၏ နား႐ြက္ဖ်ားမ်ားထိ ရဲတြတ္လာရသည္။
ဝသန္ အေနာက္မွ စူးရဲေသာ အၾကည့္စူးစူးမ်ားျဖင့္ မင္းမေဟာ္ အား လ်စ္လ်ဴရႈကာ ရွိန္းေႏြအား ေပြ႕ခ်ီၿပီး ေရွ႕မွ ထြက္လာခဲ့သည္။ သစၥာေဖာက္ေကာင္ ေၾကကြဲစမ္း...။
မင္းမေဟာ္ လက္သီးမ်ား တင္းတင္းဆုပ္ထားလိုက္မိသည္။ မင္းမေဟာ္ လုံးဝ မႀကိဳက္ပါ..။ စစ္တလင္း က မိမိမဟုတ္ေသာ အျခားသူတစ္ဦးကို ဂ႐ုစိုက္ေပးေနျခင္းကို..။ မိမိပင္ တစ္ခါမွ မရဘူး ေသးေသာ ဂ႐ုစိုက္မႈမ်ား..။
အၿမဲေအးစက္ေနတတ္ေသာ သူက လူသားေကာင္ေလးကို ေႏြးေထြးေသာ အၾကည့္မ်ား၊ အၿပဳံး
မ်ား ေပးေနသည့္အျပင္ ဂ႐ုပင္စိုက္ေပးေနေသးသည္..။
^^ငါပိုင္တဲ့ အၿပဳံးေတြကို သူမ်ားေရွ႕ ၿပဳံးျပရဲတယ္ေပါ့ေလ..^^
ထို႔ျပင္ သူအလြန္တန္ဖိုးထားေသာ သူ႕အေမေပးခဲ့သည့္ လက္ကိုင္ပုဝါျဖင့္ပင္ ထိုေကာင္ေလး ၏ မ်က္ရည္မ်ားကို သုတ္ေပးေနေသးသည္။ မိမိ ေရွ႕တြင္ပင္ ထိုေကာင္ေလး အား ေပြ႕ခ်ီသြားေသးသည္...။
^^စစ္တလင္း မင္းက ငါ့..အ..ပိုင္..ေလ..။ ငါ့ေရွ႕မွာ သူမ်ားကို ဂ႐ုစိုက္ရဲတယ္။ မင္း လုပ္ရဲမွေတာ့ မင္းျဖစ္လာမယ့္ အက်ိဳးဆက္အတြက္ ျပင္ဆင္ထား ပါ..^^
မင္းမေဟာ္ ေအးစက္စက္အၿပဳံးတစ္ခု ေပၚလာရသည္ႏွင့္အတူ ရွိန္းေႏြ အေပၚ အေကာင္းျမင္မႈ မ်ားသည္လည္း က်ဆင္းသြားရေလသည္။
.................
JM(27.1.2020)
Next>>>>>>>
(Unicode)
Arc-4.2
မင်းမဟော် စစ်တလင်းနှင့်အတူ အမဲလိုက်ထွက်ရင်း စိတ်ဝင်စားစရာကောင်းသော လူသား ကောင်လေးတစ်ယောက်အား တွေ့ခြင်းဖြစ်သည်။ ကြီးမားသောမျက်ဝန်းများနှင့် ဖြူဖြူသေးသေး ကိုယ် လေး ပေါင်းစပ်မှုက မင်းမဟော် အတွက် စိတ်ဝင်စားစရာကောင်းသောကြောင့် သေချာကြည့်နေမိ သည်။
ဘေးမှ အေးစက်စက်အကြည့်များကို ခံစားမိသောကြောင့် ကြည့်လိုက်တော့ စစ်တလင်း..။ မျက်ခုံးတစ်ဖက်ပင့်ကာ အကြည့်မလွှဲဘဲ စူးစိုက်ကြည့်နေခြင်း ဖြစ်သည်...။
စူးရှလွန်းသော အနက်ရောင်မျက်ဝန်းများက မင်းမဟော်ကိုပင် ရှိန်သွားစေသည်။ တစ်ဆက်တည်း ပင် မင်းမဟော် တွေးမိသည်က စစ်တလင်းမှာ ဒီလိုလှတဲ့ အနက်ရောင် မျက်ဝန်းတွေရှိတာလား...။
စစ်တလင်းနှင့် မိမိ သည် ငယ်စဉ်ထဲက စေ့စပ်ထားသော သူများ ဖြစ်သော်လည်း တစ်ယောက်ထဲ အေးဆေးနေတတ်သော စစ်တလင်း က မင်းမဟော် ကိုပင် မလိုအပ်ဘဲ စကားမပြော...။ မိမိ သည်လည်း စိတ်မဝင်စားသောကြောင့် အမှုမှတ်အမှတ်မဲ့သာ...။
စစ်တလင်း ၏ မျက်ဝန်းအကြည့်များမှာ စူးရှလွန်းကာ မိမိဝိညာဉ်ထိတိုင် ဖောက်ထွင်းကြည့်နေ သည်ဟု ခံစားရသော်လည်း ထူးဆန်းစွာပင် သက်တောင့်သက်သာဖြင့် အသားကျနေသည်ဟု ခံစားရ သည်..။ မျက်ဝန်း နက်နက်ကလေးများကို ကြည့်နေခြင်းမှ အကြည့်လွှဲရန် မစဉ်းစားမိသလို ထိုမျက်ဝန်း လေးများ မိမိပေါ်မှ ဖယ်ခွာသွားမည်ကိုပင် စိုးရိမ်မိသည်...။
စစ်တလင်း၏ မျက်ဝန်းများသည် အရင်လို အသက်မဲ့နေသော မျက်ဝန်းများ မဟုတ်ဘဲ ထက်မြက် ပြတ်သားသော အရိပ်ယောင်များသာ ထင်ဟပ်နေသည်..။ အစောပိုင်းက စိတ်ဝင်တစား ကြည့်နေမိသော လူသား ကောင်လေးကိုပင် မေ့ပျောက်သွားအောင် ထိုမျက်ဝန်းများက စွမ်းဆောင်နိုင်သည်....။
-----------------
ဝသန် စစ်တလင်း ခန္ဓာကိုယ်ထဲ ရောက်ရောက်ခြင်း ကြုံလိုက်ရသည်က ဇာတ်လိုက် နှစ်ကောင်၏ တွေ့ဆုံခန်း..။ ဝသန် ဘာအစီအစဉ်မှပင် မတွေးရသေး..။
ကြင်ယာလောင်းကို ရှေ့ထားပြီး မျက်လုံးပြူးကြီးနဲ့ ရှိန်းနွေကို ကြည့်နေသော ဇာတ်လိုက်ကောင် မင်းမဟော် ကိုဘဲ နရင်းထရိုက်ရမလား..။ ရှေ့က ကြာပန်းဖြူ ရှိန်းနွေ ကိုဘဲ ထကန်ရမလား..။ ဒင်းတို့ တွေ့ဆုံခန်း အတွက် နောက်ခံသီချင်းဘဲ ပြေးဖွင့့်ရမလား..။ ဝသန် လမ်းပျောက်နေမိသည်။
ဘေးက မင်းမဟော် အား မကျေမနပ် မျက်စောင်းထိုးမိတော့ မိမိဘက် ချက်ချင်း လှည့်ကြည့်လာ သည်နှင့် ဆုံသောကြောင့် ဝသန် ပင်လန့်သွားရသည်။ ဒီကောင်ဘာလားဟ..။
အတော်ကြာသည်အထိ အကြည့်မလွဲသော မျက်ဝန်းညိုများကြောင့် ဝသန် ပင် အနေခက်လာရ သည်...။
"စစ်တလင်း မင်းမျက်ဝန်းတွေက အရမ်းလှတာဘဲ ငါ အခုမှ သိ တယ်.."
"ဟမ်..!!.."
ရုတ်တရက်ဆန်စွာ ပြောလာသည်က မင်းမျက်ဝန်းတွေက အရမ်းလှတယ်တဲ့..။ ဝသန် နှုတ်ခမ်း များ တွန့်သွားရသည်..။ အေးပေါ့ကွာ မင်းတို့က ဇာတ်လိုက် ဆိုတော့လဲ ကျပ်မပြည့့်လဲရတာပေါ့လေ..။
အကြည့်ချင်း စစ်တိုက်နေကြသော နှစ်ဦးသားသည် မြေပြင်ပေါ်တွင် လဲကျနေဆဲဖြစ်သော ရှိန်းနွေ
အား အဖတ်ပင် မလုပ်ကြ...။
ရှိန်းနွေ အစပိုင်းတွင် မိမိဒုက္ခရောက်နေစဉ် ရောက်လာသော သူနှစ်ဦးကြောင့် ဝမ်းသာသွားခြင်း ဖြစ်သည်..။ မိမိအား ကူညီမည်ဟု ထင်ထားသော်လည်း အချင်းချင်း စိုက်ကြည့်နေကြကာ မိမိအား အဖတ်ပင်မလုပ်...။ လစ်လျူရှုခံရခြင်းအား သဘောမကျသော ရှိန်းနွေ တစ်ယောက် မိမိတည်ရှိမှုကို သတိထားမိစေရန် စကားစလိုက်သည်...။
"ဒီ..ဒီမှာ...ကျွန်တော့်ကို ကူညီနိုင်မလား..။ ကျွန်တော် တောထဲ လမ်းပျောက်သွားလို့ပါ..။ ခြေ ထောက်မှာလဲ ငုတ်ဆူးထားလို့ မထနိုင်လို့ပါ။ ကျေးဇူးပြုပြီး ကူညီလို့ရမလားဟင်..."
ဝသန် နှင့် မင်းမဟော်၏ အကြည့်များ ရှိန်းနွေ ဆီသို့ ရောက်လာရသည်...။ ထိုအခါမှ ရှိန်းနွေ ကျေနပ်သွားရသည်..။ ဟုတ်တယ် ငါ့ကိုဘဲ အရေးစိုက်ကြစမ်းပါ..။ အညိုရောင်မျက်ဝန်းများ ပိုင်ဆိုင် သော သူဆီမှ အမေးစကားဦးစွာ ထွက်လာသည်။
"မင်းက တောထဲ ဘယ်လိုရောက်နေတာလဲ..။ ဒါပြန်လမ်းမဲ့တောလို့ နာမည်ကြီးနေတာ မသိဘူး လား.."
ရုတ်တရက် မာဆတ်ဆတ်အမေးကြောင့် ရှိန်းနွေ ကိုယ်လေးတုန်သွားရသည်။ ဘေးက ဝသန် လည်း မင်းမဟော်အား မျက်လုံးပြူးကာ ကြည့့်မိသည်။ Hero တန်းမလုပ်ဘဲ မေးခွန်းတွေဘာတွေ မေး လို့ပါလားဟ..။ အထူး အဆန်း....။ တည်ထားသော မျက်နှာနှင့့် မာထန်စွာ မေးနေသည်မှာ စောစောက ငမ်းနေသည်မှာ သူမဟုတ်သကဲ့သို့ပင်..။
"ကျွန်တော်..ကျွန်တော်လဲ မသိပါဘူး..။ ဦးလေးက နှိပ်စက်လို့ ထွက်ပြေးရင်း ရောက်လာတာပါ..။ ကျွန်..ကျွန်တော်ကို ကူညီပါနော်... အဟင့်..ဟင့်..."
ရုတ်တရုက် ငိုချလိုက်သော လူသားကောင်လေးကြောင့့် မင်းမဟော် စိတ်ရှုပ်သွားရသည်။ ပျော့ညံ့ လိုက်တာ...။
ဝသန် ထူးထူးအား ဇာတ်လိုက်မင်းမဟော် စိတ်ဖောက်နေခြင်း ရှိ၊ မရှိ စစ်ဆေးခိုင်းနေရင်း အေးဆေးစွာသာ ပွဲကြည့်ပရိသတ် လုပ်နေလိုက်သည်။
ကြောက်လန့်နေသော ယုန်လေးကဲ့သို့ပင် ကိုယ်လေး တုန်ယင်နေကာ မျက်ရည်များကျနေသော ဇာတ်လိုက်ရှိန်းနွေ ကြောင့် ဝသန် ဟက်ထိသွားရသည်...။
^^အာ~~ကြည့်စမ်း မျက်ရည်တွေ ကျနေတာ သနားစရာလေးကွာ..။ ဒီက ကော်ရီး ကယ်မယ်..^^
ဝသန် မျက်နှာတွင် နွေးထွေးသော အပြုံးတစ်ခု ပေါ်လာကာ ဇာတ်လိုက်ရှိန်းနွေ ရှေ့တွင် ဒူး တစ်ဖက် ထောက်သော ပုံစံဖြင့် ထိုင်လိုက်သည်..။ မျက်ရည်များကို အိပ်ကပ်ထဲမှ ပုဝါအဖြူရောင်လေး ဖြင့် သုတ်ပေးလိုက်သည်။
"မငိုနဲ့တော့ နော်... ခြေထောက်ထိသွားတာလား မထနိုင်တော့ဘူးလား.."
နူးညံ့ညင်သာသော ဝသန့်စကားအဆုံး ရှိန်းနွေ၏ မျက်နှာလေး နီရဲလာရသည်။ ရှိန်းနွေ၏ တုန့်ပြန် မှုကြောင့် ဝသန် အပြုံးများ ပိုမိုပီပြင်သွားရသည်။ ဒီလောက်လေးနဲ့ ကြွေနေပြီလားကွာ။ ငါတို့ ကစားပွဲ လေး တစ်ခု ကစားကြတာပေါ့ ရှိန်းနွေ..။
"ဟုတ်...ခြေထောက်က လမ်းလျှောက်လို့မရတော့လို့..."
"သြော်....စိတ်မရှိနဲ့နော်..."
"အမေ့..."
ရုတ်တရက် ဆွဲပွေ့လိုက်သော ဝသန့် အပြုအမူကြောင့် ရှိန်းနွေ အလန့်တကြားဖြင့် လက်များကို ဝသန့်လည်ပင်းတွင် သိုင်းဖက်ကာ နေရာချလိုက်ရသည်။ ဝသန် ရှိန်းနွေအား ပြုံးပြကာ ပြောလိုက် သည်က ညင်ညင်သာသာ..။
"လန့်သွားတာလား ကိုယ်မရည်ရွယ်ပါဘူး..။ အရှေ့မှာ ဂူတစ်ခု ရှိတယ် မင်းကို ကိုယ် ခေါ်သွားပေး မလို့ပါ..။ မင်းက လမ်းလျှောက်မရဘူး ဆိုလို့..."
"ဟုတ်..."
စူးရှသော မျက်ဝန်းနက်နက်များဖြင့် ရုပ်ရည်ချောမောကာ ထူးခြားသော အရှိန်အဝါရှိသည်..။ ထို ကဲ့သို့သော သူတစ်ဦး၏ ပွေ့ချီထားခြင်း ခံရသည့်အပြင် ရှိန်းမြမြ ကိုယ်သင်းနံ့က ရှိန်းနွေ နှာဖျားတွင် ကျီဆယ်နေသောကြောင့် ရှိန်းနွေ ၏ နားရွက်ဖျားများထိ ရဲတွတ်လာရသည်။
ဝသန် အနောက်မှ စူးရဲသော အကြည့်စူးစူးများဖြင့် မင်းမဟော် အား လျစ်လျူရှုကာ ရှိန်းနွေအား ပွေ့ချီပြီး ရှေ့မှ ထွက်လာခဲ့သည်။ သစ္စာဖောက်ကောင် ကြေကွဲစမ်း...။
မင်းမဟော် လက်သီးများ တင်းတင်းဆုပ်ထားလိုက်မိသည်။ မင်းမဟော် လုံးဝ မကြိုက်ပါ..။ စစ်တလင်း က မိမိမဟုတ်သော အခြားသူတစ်ဦးကို ဂရုစိုက်ပေးနေခြင်းကို..။ မိမိပင် တစ်ခါမှ မရဘူး သေးသော ဂရုစိုက်မှုများ..။
အမြဲအေးစက်နေတတ်သော သူက လူသားကောင်လေးကို နွေးထွေးသော အကြည့်များ၊ အပြုံး
များ ပေးနေသည့်အပြင် ဂရုပင်စိုက်ပေးနေသေးသည်..။
^^ငါပိုင်တဲ့ အပြုံးတွေကို သူများရှေ့ ပြုံးပြရဲတယ်ပေါ့လေ..^^
ထို့ပြင် သူအလွန်တန်ဖိုးထားသော သူ့အမေပေးခဲ့သည့် လက်ကိုင်ပုဝါဖြင့်ပင် ထိုကောင်လေး ၏ မျက်ရည်များကို သုတ်ပေးနေသေးသည်။ မိမိ ရှေ့တွင်ပင် ထိုကောင်လေး အား ပွေ့ချီသွားသေးသည်...။
^^စစ်တလင်း မင်းက ငါ့..အ..ပိုင်..လေ..။ ငါ့ရှေ့မှာ သူများကို ဂရုစိုက်ရဲတယ်။ မင်း လုပ်ရဲမှတော့ မင်းဖြစ်လာမယ့် အကျိုးဆက်အတွက် ပြင်ဆင်ထား ပါ..^^
မင်းမဟော် အေးစက်စက်အပြုံးတစ်ခု ပေါ်လာရသည်နှင့်အတူ ရှိန်းနွေ အပေါ် အကောင်းမြင်မှု များသည်လည်း ကျဆင်းသွားရလေသည်။
.................
JM(27.1.2020)
Next>>>>>>>