Unicode
အခန်း၏ညာဘက် ထောင့်ကျကျတွင်ရှိနေသော တစ်ယောက်အိပ်ကုတင်ဘေးမှ ပြတင်းပေါက်ရှိ လိုက်ကာစဖြူလွလွသည် ငြိမ်သက်လျက်ရှိနေသည်။ ထိုအချိန်
အိမ်အပြင်ဘက် သစ်ပင်ကြီးရှိသစ်ရွက်စိမ်းစိမ်းတို့အား ဖြတ်သန်းတိုက်ခတ်လာသော လေညှင်းကြောင့် လိုက်ကာစသည် အိပ်ယာပေါ်ဝယ်အိပ်မောကျနေသော ကောင်လေး၏
နုနယ်သောမျက်နှာပေါ်၌ လျင်မြန်စွာဖြတ်ပြေးသွားသည်။
မျက်နှာပေါ်အေးခနဲဖြစ်သွားသော
ခံစားမှုကြောင့် ယိုရှီ မျက်လုံးတို့ကို
ဖြည်းညှင်းစွာဖွင့်ကြည့်ကာ ခေါင်းရင်းရှိ
ပြတင်းပေါက်အား လှမ်းကြည့်လိုက်သည်။
လိုက်ကာစသည်လှုပ်ခါနေဆဲ။
ယိုရှီ ခပ်ဖြည်းဖြည်းထထိုင်ကာ
လိုက်ကာစအား ကြိုးဖြူဖြူလေးဖြင့်ပတ်ကာ
ချည်လိုက်သည် ဖြူနုနေသော
လက်သွယ်သွယ်တို့သည် လိုက်ကာစဖြူဖြူ
နှင့် ပနံသင့်လှစွာ လှပလွန်းနေသည်..
"ဆောင်းလေတွေတောင်တိုက်နေပီ..."
"ဟက်ချိုး"
သူ လက်တစ်ဖက်ဖြင့် နှာခေါင်းနှင့်
နှုတ်ခမ်းတို့အားပိတ်လိုက်သည်။
အင်း..ညက ပြတင်းပေါက်ပိတ်ဖိုမေ့သွားတဲ့
အကျိုးနဲ့ နှာချေနေပြီ...
ယိုရှီ အိပ်ရာပေါ်မှဆင်းကာ ဗီရိုထဲရှိ
အပေါ်ထပ်အနွေးထည်အက်ျီတစ်ထည်အား လက်တစ်ဖက်ဖြင့် ဖြည်းညှင်းစွာယူလိုက်ကာ
ကိုယ်ပေါ်သို့ထပ်ဝတ်လိုက်သည်။
အကျီဝတ်ပြီးပြီးချင်းပင် ဗီရိုဘေးရှိ ပြက္ခဒိန်သို့အကြည့်ရောက်သွားသည်။
January 23, မေမေဆုံးတာ 15 နှစ်ပြည့်တဲ့နေ့ပဲ..
"ဟက်ချိုး"
အာ..ဖျားတော့မှာလားမသိဘူး
ဒေါက် ဒေါက် ဒေါက်
တံခါးခေါက်သံအဆုံး
တစ်ဖက်ခြမ်းဆီမှ ဖေဖေ့အသံထွက်ပေါ်လာသည်။
" သား,ရှီ နေမကောင်းဘူးလား "
နှစ်ကြိမ်လောက်နှာချေရုံနှင့်ပင်
ဖေဖေသည် အိမ်ပေါ်ထပ်သို့တက်လာပြီး
မေးပြီဖြစ်သည်...
" မဟုတ်ဘူး ဖေဖေ ညကပြတင်းပေါက်
ပိတ် ပြီးအိပ်ဖို့မေ့သွားလို့ "
"ဪ ဒါဆို ဒေါ်ကြီးအာယုကို ဖေဖေဆေးလာပို့ခိုင်းလိုက်မယ် သား"
ဖေဖေ အစိုးရိမ်လွန်နေသည်သာဖြစ်သည်။
နှာချေရုံဖြင့် ယိုရှီ လမ်းမလျှောက်နိုင်တော့တာမဟုတ်ပါ..
"ရတယ် ဖေဖေ..ရှီ အခုပဲအိမ် အောက်ဆင်းလာတော့မှာပါ ..."
" ဟုတ်ပြီသား ဒါဆို ဖေဖေ အောက်ဆင်းပြီ
မနက်စာစားပြီးရင် မေမေ့ အုတ်ဂူဆီ ဖေဖေနဲ့သွားမယ် "
သား,ရှီအား မှာကာ အောက်ဆင်းလာပြီး
ထမင်းစားပွဲ၌ ထိုင်လိုက်သည်။ ကြွေပန်းကန်ပေါ်မှကိတ်မုန့်တစ်ချပ်ကိုလှမ်းယူစဉ်
လှေကားပေါ်မှ
စာအုပ်ထူထူတစ်အုပ်ကိုင်ကာဆင်းလာသော
သား,ရှီအား သူ လှမ်းကြည့်လိုက်မိသည်
တီရှပ်ဖြူအား အပေါ်မှ အသားရောင်အပေါ်ထပ်အနွေးထည်ခပ်ပါးပါးဝတ်ထား
သော သား,ရှီသည် ဆုံးပါးသွားခဲ့သော
သူ၏ဇနီးတစ်ဖြစ်လည်း သား,ရှီ၏မိခင်နှင့်
တစ်ထေရာတည်းဆင်နေခဲ့သည်။
မိခင်ကဲ့သို့ နှုတ်ခမ်းပါးပါးတစ်စုံ, နှာခေါင်း
ချွန်ချွန်နှင့် မျက်ဝန်းလှလှတို့သည်
ယောက်ျားလေးဟုပင်မထင်ရအောင်တည်ရှိနေသည်.. ဖခင်ဖြစ်သည့် သူ နှင့်
တူသည့်မျက်နှာအစိတ်အပိုင်းဟူ၍
မှောင်နက်သောမျက်ခုံးတို့သာရှိသည်
ထိုမျက်ခုံးတို့သည်လည်း ဖခင်ဖြစ်သူလို
ထူသည်မဟုတ် ခပ်ပါးပါးသာ...
သူ တွေးနေစဉ် သား,ရှီက မျက်နှာချင်း
ဆိုင် ထိုင်ခုံတွင်ထိုင်ကာ ကော်ဖီကိုသောက်နေပြီဖြစ်သည်။
အချိန်ကား မနက် ရှစ်နာရီခွဲ
ထမင်းစား စားပွဲ၏အနောက်ဘက်တံခါးဖွင့်
သံအား ကြားလိုက်ရသည်။
ဒေါ်အာယု ကော်ဖီကရားလာဖြည့်သည်ဖြစ်မည်။
"ဒေါ်အာယု သား,ရှီ အအေးမိနေလို့
ဆေးလေးတစ်ချက်ရှာယူခဲ့ပေးပါအုံး"
"ဟုတ်ကဲ့ "
ဒေါ်အာယုက ကော်ဖီကရားအား
ဖြည့်ကာထွက်သွားပြီဖြစ်သည်
သား,ရှီက ကော်ဖီခွက်ဘေးချကာ စာအုပ်ကို သည်းသည်းမဲမဲဖတ်နေသည်။
ခဏအကြာ၌ ဒေါ်အာယုလာပေးသော
ဆေးအား ယိုရှီယူသောက်ကာ
ထမင်းစား စားပွဲမှထထွက်လာခဲ့ပြီး
ဧည့်ခန်းရှိခုံ၌ ထိုင်နေလိုက်သည်။
ယိုရှီထသွားပြီးသိပ်မကြာလိုက်ပါ
ဖေဖေ လည်းထလာကာ
" သား,ရှီ သွားကြစို့ "
ဖေဖေနှင့် အိမ်အပြင်ထွက်လာချိန်
ဦး,ခီ သည်ကားပေါ်မှစောင့်နေသည်
ယိုရှီဝင်ထိုင်လိုက်ကာ ဖတ်လက်စ စာအုပ်ကိုပင် ဖတ်နေလိုက်သည်။
ကားရှေ့ခန်းမှ ဖေဖေက
" ခီ.. ပန်းဆိုင်ကိုအရင်သွားကြတာပေါ့ "
ဖေဖေ့စကားအဆုံးတွင် ဦး,ခီက ပန်းဆိုင်ရာရှိရာလမ်းဆီသို့ ကားကို
ညင်သာစွာပင်ကွေ့လိုက်သည်။
ပန်းဆိုင်ရှေ့အရောက်တွင် ယိုရှီ
စာအုပ်ကို ပိတ်ကာ ကားပေါ်မှဆင်းလာခဲ့လိုက်သည်။ ဆင်းဆင်းချင်းပင်
လေပြေအဝှေ့ ကြောင့် သူအနည်းငယ်လန်းသွားသည်။
ဆိုင်ရှေ့၌ စီရီကာချထားသော နှင်းဆီ
ပန်းအိုးရောင်စုံများသည် မြင်ရသူ
ရင်ကိုအေးမြသွားစေသည်။ ဆိုင်အတွင်း၌လည်း နံရံအောက်ခြေတို့တွင်
အစီအရီချထားသော ပန်းအိုးရောင်စုံလေးများ၊နံရံပေါ်၌ချိတ်ဆွဲထားသော သစ်ခွ
ပန်းမျိုးစုံတို့သည် နက်မှောင်လှသောအရောင်ရှိသည့် ပန်းအိုးလေးတို့အား အခြေစိုက်ကာ အစိမ်းနုရောင်သုတ်ထားသော နောက်ခံ
နံရံနှင့်လှချင်တိုင်းလှနေသည်။
ယခင်နှစ်များက အနှီပန်းဆိုင်လေး သို့မဝင်ဖြစ်ခဲ့ဒေါ်ကြီးအာယု
အသင့်ဝယ်ပေးထားသော
ပန်းစည်းတို့ကိုသာ သားအဖနှစ်ယောက်
ယူသွားဖြစ်ခဲ့သည်။ ပန်းအိုးရောင်စုံလေးတို့အား ယိုရှီနှစ်လိုဖွယ်ကြည့်လိုက်သည်။
ထို့နောက် ပန်းအိုးတို့ရှေ့၌ဒူးထောက်ထိုင်ချရင်း ပန်းနုရောင်နှင်းဆီပွင့်လေးအား
မွှေးကြူလိုက်သည် .. နှာခေါင်းထိပ်
ချွန်ချွန်ဖြင့် နမ်းရှိုက်ခြင်းခံရသော
ပန်းနုရောင်နှင်းဆီပွင့်လေးသည်ပင်
ရှက်သွေးဖြာကာ နှင်းဆီနီအဖြစ်
ပြောင်းသွားသယောင်။နူးညံ့စွာဒူးထောက်ထိုင်နေသော ထိုကောင်လေးသည် ဆောင်းဦးရာသီ၏ နတ်သူငယ်လေးတစ်ပါးဝင်စားသကဲ့သို့ ရောင်စုံနှင်းဆီပွင့်တို့ကြား၌ရှိနေသည်။
ပန်းအိုးရောင်စုံ များ၏ဘေးဘက်တွင်တော့
ထပ်တရာပန်းများရှိနေသည် ပန်းများအားသူ နှစ်ခြိုက်သော်လည်း ထပ်တရာပန်းကို
ယိုရှီလုံးဝမကြိုက်ပါ တွန့်ခေါက်ခေါက်အထပ်တို့နှင့် ကွေးကွေးကောက်ကောက်
ပန်းချပ်များအား ယိုရှီ ဘယ်လိုမျှချစ်၍မရဖြစ်နေသည်။ ထပ်တရာပန်းများထံမှ
အကြည့်လွှဲကာ ဘောင်းဘီအိတ်ကပ်ဆီမှ
ဖုန်းကိုထုတ်ယူရင်း နှင်းဆီပန်းရောင်စုံတို့
အား ဓာတ်ပုံရိုက်ယူလိုက်သည်။
ဆိုင်အပြင်ဘက်မှ ခိုးခိုးခစ်ခစ် ရယ်သံတစ်ချို့နှင့် စကားပြောသံအချို့ကိုကြားမိ၍
ဇနီးဖြစ်သူအတွက် နှင်းဆီဖြူပန်းစည်း
ရွေးယူနေရာမှ သူ အပြင်သို့လှမ်းကြည့်မိသည်။ အတွင်းရှိ အလှပန်းအိုးတို့အားမြင်နိုင်ရန် ဆိုင်ရှေ့ မျက်နှာစာအားမှန်ဖြင့်ပြုလုပ်ထားသဖြင့် အပြင်မှဖြတ်သွားဖြတ်လာလူများလည်းအတွင်းဘက်သို့ မြင်နိုင်သလို အတွင်းမှဝယ်သူလည်းအပြင်သို့
တိုက်ရိုက်မြင်နိုင်သည်ပင်ဖြစ်သည်။
သား,ရှီ အား သိသာစွာ ငေးကြည့်နေကြသော
ကျောင်းသူကောင်မလေးတို့ကတစ်စု
တစ်ချက်တစ်ချက် လှမ်းကြည့်ကာ တစ်စုံတစ်ရာအားတိုးတိတ်စွာ
ပြောနေကြသူများကတစ်စုနှင့် ဆိုင်ရှေ့တွင်
လူများစည်ကုန်သည် .. သား,ရှီက သတိထား
မိပုံပင်မရပဲ နှင်းဆီပွင့်များအား ခပ်ဖွဖွထိကိုင်ကြည့်နေ၍ သူပြုံးလိုက်မိသည် "အမေနဲ့အတော်ကိုတူတဲ့သားပဲကိုး"ဟု စိတ်ထဲမှရေရွတ်နေမိလသည်
ဇနီးသည်အတွက် ပွင့်ချပ်ကြီးကြီးတို့နှင့်
နှင်းဆီဖြူပန်းစည်း
ရွေးပေးသည်နှင့် သူ ကောင်တာပေါ်သို့
တင်လိုက်သည် သား,ရှီက သူနှင့်ဆန့်ကျင်စွာ
ပွင့်ချပ်ခပ်သေးသေးနှင့် နှင်းဆီဖြူ အနည်းငယ်မျှသာပါသော ပန်းစည်းနှင့်
မျိုးစေ့ထုတ်အနည်းငယ်အား ဖခင်နည်းတူငွေရှင်းကောင်တာသို့ တင်လိုက်သည်
ဆိုင်ရှင်သည် ကျသင့်ငွေကိုတွက်နေဆဲ ။
"ဂိတ်တံခါးက ကာဇူးနဲ့ ဒီကမိန်းကလေးကို
Gender ချင်းလဲလိုက်လိမ့်မယ်"
စာကြည့်တိုက်မှူး၏ သတိပေးသံက
ကူရာ့နားထဲတွင် တိုးကာကျယ်ကာနှင့်
ဝေ့ဝဲနေသည်.. ကူရာနားနှစ်ဖက်အား
လက်ဖြင့်အုပ်ကာ ကာဇူးရှိရာသို့မော့ကြည့်လိုက်မိသည် ကာဇူးသည်လည်း ကူရာ့နည်းတူ တအံ့တဩဖြစ်နေသည်။
ကူရာစာကြည့်တိုက်မှူးအားမနှုတ်ဆက်နိုင်
စာကြည့်တိုက်အပြင်အား ခပ်မြန်မြန်ပြေးထွက်လာခဲ့ပြီး အနီးရှိဆာကူရာပင်
ခြေ၌ ထိုင်ချလိုက်မိသည်။ ကူရာ ဒူးနှစ်ဖက်အားထောင်ကာ ခေါင်းကို
အောက်သို့ငုံ့ထားရင်း ဆာကူရာပွင့်ဖတ်များအားကြည့်နေလိုက်သည် ။
ကူရာ ဘာဆက်လုပ်ရမလဲ..
မိနစ်အနည်းငယ်အကြာ၌ ကူရာ့ ရှေ့သို့
ကာဇူးရောက်နေပြီဖြစ်ကြောင်း ဖြူနုကာ သွေးကြောစိမ်းစိမ်းလေးများပေါ်နေသောခြေဖမိုး ကြောင့် သိလိုက်ရသည် ကူရာ့
၏ အကျည်းတန်လှစွာသော ခြေပြားခပ်ကျယ်ကျယ်နှင့်ခြေဖမိုးသည် ဖြူနုနေသောခြေဖမိုးသေးသေးလေးအား မယှဉ်နိုင်
မိန်းကလေးဖြစ်သော်ငြား ယောက်ျားလေး
တစ်ဦး နီးပါးပင်မလှသောကြောင့် ကူရာ အလိုလိုသိမ်ငယ်လာသည်။
ထိုခြေဖမိုးတို့ပိုင်ရှင်မှာကာဇူးမှန်းသိသော်လည်း ကူရာမော့မကြည့်ပဲ
ခေါင်းကိုသာဆက်ငုံ့ထားလိုက်သည်
ကာဇူးက ကူရာနှင့်မျက်နှာချင်းဆိုင်က
တပလ္လင်ခွေထိုင်ချလိုက်သည်မို့
ထိုခြေဖမိုးတို့သည် အစိမ်းနုရောင်သမ်းနေသောမွှေးညှင်းပါးများရှိရာ ကာဇူး၏
ခြေထောက်နှစ်ဖက်ကြား၌ ပျောက်ကွယ်သွားသည်။
" ကူရာ ပြန်မယ်မလား.. "
တိုးညှင်းစွာမေးလာသော ကာကာ့အမေးကြောင့် ကူရာတွေဝေသွားသည်
ကူရာပြန်ချင်ပါသည် ပြန်ဖို့ရန် ထိုဂိတ်တံခါးအား ဖြတ်မှဖြစ်မည် သို့သော်
ကူရာ gender မလဲချင်ပါ ရွက်ကြမ်းရေကျို
မျှသာရှိသောရုပ်ရှည်နှင့် ယောက်ျားလေး
ဖြစ်သွားမည်ဆိုပါက ကူရာသည်
ရုပ်မလှသည်မှပင် ပို၍ရုပ်ဆိုးသွားအုံး
မည်ဖြစ်သည်။
ထို့ပြင် လက်ချောင်းလှလှတို့
နှင့်အကိုသည် ပန်းအိုးပေါ်ရှိ ကောင်လေး
နှစ်ဦး ကျောပေးကာရပ်နေသည်ကိုပင်သဘောမကျသူ။ကူရာ ယောက်ျားလေးဖြစ်သွားပါက အနှီအကို့ထံ သူမခံစားချက်တွေ
မည်သို့မည်ပုံဖွင့်ဟရပါတော့မည်နည်း
ထိုသို့လုပ်လိုက်ပါက ယောက်ျားချင်းချင်း
ကွာဆိုပြီး နေရာ၌ပင်အထိုးခံရမည်လား
ရွံရှာခံရမည်လား မုန်းသွားမည်လား
အတွေးပေါင်းစုံတို့လွင့်ပျောက်သွားစေရန်
ကူရာ ခေါင်း ကို မူးနောက်သွားအောင်ခါယမ်းလိုက်သည်။
ဒါဆို ကာဇူးကရော
ကာဇူးသည် ယောက်ျားလေးအဖြစ်နှင့်ပင်
ပန်းချီကားသဖွယ်အထင်မှားရအောင်
ချောမောသူဖြစ်သည် အစိမ်းရောင်ဆံပင်
တို့ဖြင့်ချောမောချင်တိုင်းချောမောနေသူ
ကာဇူး မိန်းကလေးဖြစ်လျှင်လည်း
နာမည်ကျော်မင်းသမီးတို့ထက်ပင်
ပို၍လှသွားဖို့သာရှိသည် ။ ကူရာချစ်ရသူအကိုမြင်လျှင်လည်း မေတ္တာသက်ဝင်သွားနိုင်သည်။ မိန်းကလေးဖြစ်သူ ကူရာအဖို့ မနာလိုဝန်တိုစိတ်လေးက ရေးရေးလေး
ပေါ်လာသည်။
ကာဇူးသည်လည်း ဆာကူရာပင်များရှိနေသော ကမ္ဘာနှင့်မိဘတို့၏အငွေ့အသက်များရှိရာ အိမ်လေးကို ထားခဲ့နိုင်မည်မဟုတ်
ကူရာ အတွေးတို့ကိုရပ်ကာခေါင်းကိုမော့ရင်း
ကာဇူးအားကြည့်လိုက်သည် ကာဇူးသည်ကူရာ့အားကြည့်မနေ မျက်စိတစ်ဆုံးတည်ရှိနေသော ဆာကူရာပင်တို့ကိုသာငေးနေသည်
ဖြစ်သည် ကာဇူးမျက်နှာမှာ ကူရာ ထွက်သွားရန်ပြင်သည့်ညကလို ခပ်မှိုင်းမှိုင်းဖြစ်ကာ
မျက်ခုံးတို့အား တွန့်ကွေးအောင် ကျုံ့ထားသည်။
" ကာကာ.. "
ကူရာ့ခေါ်သံအဆုံးတွင် ကာဇူး ကူရာ့ဘက်သို့လှည့်လာသည် ဝမ်းနည်းရိပ်သမ်းနေသော
မျက်ဝန်းတစ်စုံကြောင့် နှုတ်ခမ်းကွေးကွေးတို့မှာပြုံးသည်ဟုပင်မထင်ရ
" ကူရာ ပြန်မယ်မလား
ကာကာ ပါလိုက်ရမယ်ထင်တယ် "
ကာဇူးခပ်တိုးတိုးပြောသံအား ကူရာ
စိတ်မောဖွယ် ကြားလိုက်ရသည်
ကူရာ ကာဇူးကို အားနာသော်လည်း
ပြန်ရမှဖြစ်မည် ဘွားရဲ့နာရေးသည်လည်း
မပြီးပြတ်သေးပါ။ ကာဇူးအပေါ် တစ်ကိုယ်ကောင်းဆန်သလိုဖြစ်သွားမည်ကိုလည်း ကူရာစိုးရိမ်နေသည်။
ကူရာ့မျက်နှာအရိပ်အကဲအား လျင်မြန်စွာ
ဖတ်တတ်သော ကာဇူးသည်
" ကာကာ့ကိုအားမနာပါနဲ့ နှစ်ယောက်ဖြတ်မှရမယ်ဆိုလည်း ဖြတ်မယ်လေ ကူရာ့
ကိစ္စ်တွေပြီးပြတ်မှ ကာကာ့ကို ဒီဘက်ကမ္ဘာကို ပြန်ပို့ဖို့ကူရာကြိုးစားပေးလို့ရပါတယ်"
ပြုံးကာပြောလာသော ကာဇူးကြောင့်
ကူရာအားနာသည်ထက်ပို၍ပင်
ဝမ်းနည်းလာခဲ့သည်။ မျက်လုံးအိမ်ရှိ
မျက်ရည်စတို့အား ကူရာလက်ဖြင့်
ပွတ်ကာ
"ကာကာရယ် ဒီက ဆာကူရာပင်တွေနဲ့
ကာကာ့အိမ်ကို ထားခဲ့နိုင်မှာလား
ကူရာတစ်ယောက်ထဲပဲဖြတ်ပါမယ်
တကယ်လို့ကူရာ့အသက်ဆုံးသွားလည်း
ဘွားနောက်ကိုလိုက်သွားရမှာပဲလေ
အနည်းဆုံးတော့ ကူရာ့ဘွားလည်း
တမလွန်မှာအထီးမကျန်နေတော့ဘူးပေါ့"
ကာဇူးက အနီးရှိကြွေနေသော ဆာကူရာ
ပွင့်ဖတ်လေးအားကောက်ယူကာ
"ကာကာ ထားခဲ့လို့ရပါတယ်
လွမ်းတော့လည်းဒီတိုင်းပဲလွမ်းလိုက်တာပေါ့"
ကူရာ ပျော်မယ်ဆိုကာကာ အကုန်လုံးကို
ထားခဲ့နိုင်ပါတယ် ။
"ကြိတ်ချစ်ရသူရဲ့ ပေးဆပ်မှုတွေဟာ
သက်ဆိုင်သူအတွက် ပျော်ရွှင်မှုတွေ
အဖြစ် ပြောင်းပေးနိုင်မယ်ဆို
ပေးဆပ်ရကျိုးနပ်မည်မဟုတ်ပါလား..."
Zawgyi
အခန္း၏ညာဘက္ ေထာင့္က်က်တြင္ရွိေနေသာ တစ္ေယာက္အိပ္ကုတင္ေဘးမွ ျပတင္းေပါက္ရွိ လိုက္ကာစျဖဴလြလြသည္ ၿငိမ္သက္လ်က္ရွိေနသည္။ ထိုအခ်ိန္
အိမ္အျပင္ဘက္ သစ္ပင္ႀကီးရွိသစ္ရြက္စိမ္းစိမ္းတို႔အား ျဖတ္သန္းတိုက္ခတ္လာေသာ ေလညႇင္းေၾကာင့္ လိုက္ကာစသည္ အိပ္ယာေပၚဝယ္အိပ္ေမာက်ေနေသာ ေကာင္ေလး၏
ႏုနယ္ေသာမ်က္ႏွာေပၚ၌ လ်င္ျမန္စြာျဖတ္ေျပးသြားသည္။
မ်က္ႏွာေပၚေအးခနဲျဖစ္သြားေသာ
ခံစားမွုေၾကာင့္ ယိုရွီ မ်က္လုံးတို႔ကို
ျဖည္းညႇင္းစြာဖြင့္ၾကည့္ကာ ေခါင္းရင္းရွိ
ျပတင္းေပါက္အား လွမ္းၾကည့္လိုက္သည္။
လိုက္ကာစသည္လွုပ္ခါေနဆဲ။
ယိုရွီ ခပ္ျဖည္းျဖည္းထထိုင္ကာ
လိုက္ကာစအား ႀကိဳးျဖဴျဖဴေလးျဖင့္ပတ္ကာ
ခ်ည္လိုက္သည္ ျဖဴႏုေနေသာ
လက္သြယ္သြယ္တို႔သည္ လိုက္ကာစျဖဴျဖဴ
ႏွင့္ ပနံသင့္လွစြာ လွပလြန္းေနသည္..
"ေဆာင္းေလေတြေတာင္တိုက္ေနပီ..."
"ဟက္ခ်ိဳး"
သူ လက္တစ္ဖက္ျဖင့္ ႏွာေခါင္းႏွင့္
ႏွုတ္ခမ္းတို႔အားပိတ္လိုက္သည္။
အင္း..ညက ျပတင္းေပါက္ပိတ္ဖိုေမ့သြားတဲ့
အက်ိဳးနဲ႔ ႏွာေခ်ေနၿပီ...
ယိုရွီ အိပ္ရာေပၚမွဆင္းကာ ဗီရိုထဲရွိ
အေပၚထပ္အေႏြးထည္အက္်ီတစ္ထည္အား လက္တစ္ဖက္ျဖင့္ ျဖည္းညႇင္းစြာယူလိုက္ကာ
ကိုယ္ေပၚသို႔ထပ္ဝတ္လိုက္သည္။
အက်ီဝတ္ၿပီးၿပီးခ်င္းပင္ ဗီရိုေဘးရွိ ျပကၡဒိန္သို႔အၾကည့္ေရာက္သြားသည္။
January 23, ေမေမဆုံးတာ 15 ႏွစ္ျပည့္တဲ့ေန႔ပဲ..
"ဟက္ခ်ိဳး"
အာ..ဖ်ားေတာ့မွာလားမသိဘူး
ေဒါက္ ေဒါက္ ေဒါက္
တံခါးေခါက္သံအဆုံး
တစ္ဖက္ျခမ္းဆီမွ ေဖေဖ့အသံထြက္ေပၚလာသည္။
" သား,ရွီ ေနမေကာင္းဘူးလား "
ႏွစ္ႀကိမ္ေလာက္ႏွာေခ်႐ုံႏွင့္ပင္
ေဖေဖသည္ အိမ္ေပၚထပ္သို႔တက္လာၿပီး
ေမးၿပီျဖစ္သည္...
" မဟုတ္ဘူး ေဖေဖ ညကျပတင္းေပါက္
ပိတ္ ၿပီးအိပ္ဖို႔ေမ့သြားလို႔ "
"ဪ ဒါဆို ေဒၚႀကီးအာယုကို ေဖေဖေဆးလာပို႔ခိုင္းလိုက္မယ္ သား"
ေဖေဖ အစိုးရိမ္လြန္ေနသည္သာျဖစ္သည္။
ႏွာေခ်႐ုံျဖင့္ ယိုရွီ လမ္းမေလၽွာက္နိုင္ေတာ့တာမဟုတ္ပါ..
"ရတယ္ ေဖေဖ..ရွီ အခုပဲအိမ္ ေအာက္ဆင္းလာေတာ့မွာပါ ..."
" ဟုတ္ၿပီသား ဒါဆို ေဖေဖ ေအာက္ဆင္းၿပီ
မနက္စာစားၿပီးရင္ ေမေမ့ အုတ္ဂူဆီ ေဖေဖနဲ႔သြားမယ္ "
သား,ရွီအား မွာကာ ေအာက္ဆင္းလာၿပီး
ထမင္းစားပြဲ၌ ထိုင္လိုက္သည္။ ေႂကြပန္းကန္ေပၚမွကိတ္မုန႔္တစ္ခ်ပ္ကိုလွမ္းယူစဥ္
ေလွကားေပၚမွ
စာအုပ္ထူထူတစ္အုပ္ကိုင္ကာဆင္းလာေသာ
သား,ရွီအား သူ လွမ္းၾကည့္လိုက္မိသည္
တီရွပ္ျဖဴအား အေပၚမွ အသားေရာင္အေပၚထပ္အေႏြးထည္ခပ္ပါးပါးဝတ္ထား
ေသာ သား,ရွီသည္ ဆုံးပါးသြားခဲ့ေသာ
သူ၏ဇနီးတစ္ျဖစ္လည္း သား,ရွီ၏မိခင္ႏွင့္
တစ္ေထရာတည္းဆင္ေနခဲ့သည္။
မိခင္ကဲ့သို႔ ႏွုတ္ခမ္းပါးပါးတစ္စုံ, ႏွာေခါင္း
ခၽြန္ခၽြန္ႏွင့္ မ်က္ဝန္းလွလွတို႔သည္
ေယာက္်ားေလးဟုပင္မထင္ရေအာင္တည္ရွိေနသည္.. ဖခင္ျဖစ္သည့္ သူ ႏွင့္
တူသည့္မ်က္ႏွာအစိတ္အပိုင္းဟူ၍
ေမွာင္နက္ေသာမ်က္ခုံးတို႔သာရွိသည္
ထိုမ်က္ခုံးတို႔သည္လည္း ဖခင္ျဖစ္သူလို
ထူသည္မဟုတ္ ခပ္ပါးပါးသာ...
သူ ေတြးေနစဥ္ သား,ရွီက မ်က္ႏွာခ်င္း
ဆိုင္ ထိုင္ခုံတြင္ထိုင္ကာ ေကာ္ဖီကိုေသာက္ေနၿပီျဖစ္သည္။
အခ်ိန္ကား မနက္ ရွစ္နာရီခြဲ
ထမင္းစား စားပြဲ၏အေနာက္ဘက္တံခါးဖြင့္
သံအား ၾကားလိုက္ရသည္။
ေဒၚအာယု ေကာ္ဖီကရားလာျဖည့္သည္ျဖစ္မည္။
"ေဒၚအာယု သား,ရွီ အေအးမိေနလို႔
ေဆးေလးတစ္ခ်က္ရွာယူခဲ့ေပးပါအုံး"
"ဟုတ္ကဲ့ "
ေဒၚအာယုက ေကာ္ဖီကရားအား
ျဖည့္ကာထြက္သြားၿပီျဖစ္သည္
သား,ရွီက ေကာ္ဖီခြက္ေဘးခ်ကာ စာအုပ္ကို သည္းသည္းမဲမဲဖတ္ေနသည္။
ခဏအၾကာ၌ ေဒၚအာယုလာေပးေသာ
ေဆးအား ယိုရွီယူေသာက္ကာ
ထမင္းစား စားပြဲမွထထြက္လာခဲ့ၿပီး
ဧည့္ခန္းရွိခုံ၌ ထိုင္ေနလိုက္သည္။
ယိုရွီထသြားၿပီးသိပ္မၾကာလိုက္ပါ
ေဖေဖ လည္းထလာကာ
" သား,ရွီ သြားၾကစို႔ "
ေဖေဖႏွင့္ အိမ္အျပင္ထြက္လာခ်ိန္
ဦး,ခီ သည္ကားေပၚမွေစာင့္ေနသည္
ယိုရွီဝင္ထိုင္လိုက္ကာ ဖတ္လက္စ စာအုပ္ကိုပင္ ဖတ္ေနလိုက္သည္။
ကားေရွ႕ခန္းမွ ေဖေဖက
" ခီ.. ပန္းဆိုင္ကိုအရင္သြားၾကတာေပါ့ "
ေဖေဖ့စကားအဆုံးတြင္ ဦး,ခီက ပန္းဆိုင္ရာရွိရာလမ္းဆီသို႔ ကားကို
ညင္သာစြာပင္ေကြ႕လိုက္သည္။
ပန္းဆိုင္ေရွ႕အေရာက္တြင္ ယိုရွီ
စာအုပ္ကို ပိတ္ကာ ကားေပၚမွဆင္းလာခဲ့လိုက္သည္။ ဆင္းဆင္းခ်င္းပင္
ေလေျပအေဝွ႕ ေၾကာင့္ သူအနည္းငယ္လန္းသြားသည္။
ဆိုင္ေရွ႕၌ စီရီကာခ်ထားေသာ ႏွင္းဆီ
ပန္းအိုးေရာင္စုံမ်ားသည္ ျမင္ရသူ
ရင္ကိုေအးျမသြားေစသည္။ ဆိုင္အတြင္း၌လည္း နံရံေအာက္ေျခတို႔တြင္
အစီအရီခ်ထားေသာ ပန္းအိုးေရာင္စုံေလးမ်ား၊နံရံေပၚ၌ခ်ိတ္ဆြဲထားေသာ သစ္ခြ
ပန္းမ်ိဳးစုံတို႔သည္ နက္ေမွာင္လွေသာအေရာင္ရွိသည့္ ပန္းအိုးေလးတို႔အား အေျခစိုက္ကာ အစိမ္းႏုေရာင္သုတ္ထားေသာ ေနာက္ခံ
နံရံႏွင့္လွခ်င္တိုင္းလွေနသည္။
ယခင္ႏွစ္မ်ားက အႏွီပန္းဆိုင္ေလး သို႔မဝင္ျဖစ္ခဲ့ေဒၚႀကီးအာယု
အသင့္ဝယ္ေပးထားေသာ
ပန္းစည္းတို႔ကိုသာ သားအဖႏွစ္ေယာက္
ယူသြားျဖစ္ခဲ့သည္။ ပန္းအိုးေရာင္စုံေလးတို႔အား ယိုရွီႏွစ္လိုဖြယ္ၾကည့္လိုက္သည္။
ထို႔ေနာက္ ပန္းအိုးတို႔ေရွ႕၌ဒူးေထာက္ထိုင္ခ်ရင္း ပန္းႏုေရာင္ႏွင္းဆီပြင့္ေလးအား
ေမႊးၾကဴလိုက္သည္ .. ႏွာေခါင္းထိပ္
ခၽြန္ခၽြန္ျဖင့္ နမ္းရွိုက္ျခင္းခံရေသာ
ပန္းႏုေရာင္ႏွင္းဆီပြင့္ေလးသည္ပင္
ရွက္ေသြးျဖာကာ ႏွင္းဆီနီအျဖစ္
ေျပာင္းသြားသေယာင္။ႏူးညံ့စြာဒူးေထာက္ထိုင္ေနေသာ ထိုေကာင္ေလးသည္ ေဆာင္းဦးရာသီ၏ နတ္သူငယ္ေလးတစ္ပါးဝင္စားသကဲ့သို႔ ေရာင္စုံႏွင္းဆီပြင့္တို႔ၾကား၌ရွိေနသည္။
ပန္းအိုးေရာင္စုံ မ်ား၏ေဘးဘက္တြင္ေတာ့
ထပ္တရာပန္းမ်ားရွိေနသည္ ပန္းမ်ားအားသူ ႏွစ္ၿခိဳက္ေသာ္လည္း ထပ္တရာပန္းကို
ယိုရွီလုံးဝမႀကိဳက္ပါ တြန႔္ေခါက္ေခါက္အထပ္တို႔ႏွင့္ ေကြးေကြးေကာက္ေကာက္
ပန္းခ်ပ္မ်ားအား ယိုရွီ ဘယ္လိုမၽွခ်စ္၍မရျဖစ္ေနသည္။ ထပ္တရာပန္းမ်ားထံမွ
အၾကည့္လႊဲကာ ေဘာင္းဘီအိတ္ကပ္ဆီမွ
ဖုန္းကိုထုတ္ယူရင္း ႏွင္းဆီပန္းေရာင္စုံတို႔
အား ဓာတ္ပုံရိုက္ယူလိုက္သည္။
ဆိုင္အျပင္ဘက္မွ ခိုးခိုးခစ္ခစ္ ရယ္သံတစ္ခ်ိဳ႕ႏွင့္ စကားေျပာသံအခ်ိဳ႕ကိုၾကားမိ၍
ဇနီးျဖစ္သူအတြက္ ႏွင္းဆီျဖဴပန္းစည္း
ေရြးယူေနရာမွ သူ အျပင္သို႔လွမ္းၾကည့္မိသည္။ အတြင္းရွိ အလွပန္းအိုးတို႔အားျမင္နိုင္ရန္ ဆိုင္ေရွ႕ မ်က္ႏွာစာအားမွန္ျဖင့္ျပဳလုပ္ထားသျဖင့္ အျပင္မွျဖတ္သြားျဖတ္လာလူမ်ားလည္းအတြင္းဘက္သို႔ ျမင္နိုင္သလို အတြင္းမွဝယ္သူလည္းအျပင္သို႔
တိုက္ရိုက္ျမင္နိုင္သည္ပင္ျဖစ္သည္။
သား,ရွီ အား သိသာစြာ ေငးၾကည့္ေနၾကေသာ
ေက်ာင္းသူေကာင္မေလးတို႔ကတစ္စု
တစ္ခ်က္တစ္ခ်က္ လွမ္းၾကည့္ကာ တစ္စုံတစ္ရာအားတိုးတိတ္စြာ
ေျပာေနၾကသူမ်ားကတစ္စုႏွင့္ ဆိုင္ေရွ႕တြင္
လူမ်ားစည္ကုန္သည္ .. သား,ရွီက သတိထား
မိပုံပင္မရပဲ ႏွင္းဆီပြင့္မ်ားအား ခပ္ဖြဖြထိကိုင္ၾကည့္ေန၍ သူျပဳံးလိုက္မိသည္ "အေမနဲ႔အေတာ္ကိုတူတဲ့သားပဲကိုး"ဟု စိတ္ထဲမွေရရြတ္ေနမိလသည္
ဇနီးသည္အတြက္ ပြင့္ခ်ပ္ႀကီးႀကီးတို႔ႏွင့္
ႏွင္းဆီျဖဴပန္းစည္း
ေရြးေပးသည္ႏွင့္ သူ ေကာင္တာေပၚသို႔
တင္လိုက္သည္ သား,ရွီက သူႏွင့္ဆန႔္က်င္စြာ
ပြင့္ခ်ပ္ခပ္ေသးေသးႏွင့္ ႏွင္းဆီျဖဴ အနည္းငယ္မၽွသာပါေသာ ပန္းစည္းႏွင့္
မ်ိဳးေစ့ထုတ္အနည္းငယ္အား ဖခင္နည္းတူေငြရွင္းေကာင္တာသို႔ တင္လိုက္သည္
ဆိုင္ရွင္သည္ က်သင့္ေငြကိုတြက္ေနဆဲ ။
"ဂိတ္တံခါးက ကာဇူးနဲ႔ ဒီကမိန္းကေလးကို
Gender ခ်င္းလဲလိုက္လိမ့္မယ္"
စာၾကည့္တိုက္မွူး၏ သတိေပးသံက
ကူရာ့နားထဲတြင္ တိုးကာက်ယ္ကာႏွင့္
ေဝ့ဝဲေနသည္.. ကူရာနားႏွစ္ဖက္အား
လက္ျဖင့္အုပ္ကာ ကာဇူးရွိရာသို႔ေမာ့ၾကည့္လိုက္မိသည္ ကာဇူးသည္လည္း ကူရာ့နည္းတူ တအံ့တဩျဖစ္ေနသည္။
ကူရာစာၾကည့္တိုက္မွူးအားမႏွုတ္ဆက္နိုင္
စာၾကည့္တိုက္အျပင္အား ခပ္ျမန္ျမန္ေျပးထြက္လာခဲ့ၿပီး အနီးရွိဆာကူရာပင္
ေျခ၌ ထိုင္ခ်လိုက္မိသည္။ ကူရာ ဒူးႏွစ္ဖက္အားေထာင္ကာ ေခါင္းကို
ေအာက္သို႔ငုံ႔ထားရင္း ဆာကူရာပြင့္ဖတ္မ်ားအားၾကည့္ေနလိုက္သည္ ။
ကူရာ ဘာဆက္လုပ္ရမလဲ..
မိနစ္အနည္းငယ္အၾကာ၌ ကူရာ့ ေရွ႕သို႔
ကာဇူးေရာက္ေနၿပီျဖစ္ေၾကာင္း ျဖဴႏုကာ ေသြးေၾကာစိမ္းစိမ္းေလးမ်ားေပၚေနေသာေျခဖမိုး ေၾကာင့္ သိလိုက္ရသည္ ကူရာ့
၏ အက်ည္းတန္လွစြာေသာ ေျချပားခပ္က်ယ္က်ယ္ႏွင့္ေျခဖမိုးသည္ ျဖဴႏုေနေသာေျခဖမိုးေသးေသးေလးအား မယွဥ္နိုင္
မိန္းကေလးျဖစ္ေသာ္ျငား ေယာက္်ားေလး
တစ္ဦး နီးပါးပင္မလွေသာေၾကာင့္ ကူရာ အလိုလိုသိမ္ငယ္လာသည္။
ထိုေျခဖမိုးတို႔ပိုင္ရွင္မွာကာဇူးမွန္းသိေသာ္လည္း ကူရာေမာ့မၾကည့္ပဲ
ေခါင္းကိုသာဆက္ငုံ႔ထားလိုက္သည္
ကာဇူးက ကူရာႏွင့္မ်က္ႏွာခ်င္းဆိုင္က
တပလႅင္ေခြထိုင္ခ်လိုက္သည္မို႔
ထိုေျခဖမိုးတို႔သည္ အစိမ္းႏုေရာင္သမ္းေနေသာေမႊးညႇင္းပါးမ်ားရွိရာ ကာဇူး၏
ေျခေထာက္ႏွစ္ဖက္ၾကား၌ ေပ်ာက္ကြယ္သြားသည္။
" ကူရာ ျပန္မယ္မလား.. "
တိုးညႇင္းစြာေမးလာေသာ ကာကာ့အေမးေၾကာင့္ ကူရာေတြေဝသြားသည္
ကူရာျပန္ခ်င္ပါသည္ ျပန္ဖို႔ရန္ ထိုဂိတ္တံခါးအား ျဖတ္မွျဖစ္မည္ သို႔ေသာ္
ကူရာ gender မလဲခ်င္ပါ ရြက္ၾကမ္းေရက်ိဳ
မၽွသာရွိေသာ႐ုပ္ရွည္ႏွင့္ ေယာက္်ားေလး
ျဖစ္သြားမည္ဆိုပါက ကူရာသည္
႐ုပ္မလွသည္မွပင္ ပို၍႐ုပ္ဆိုးသြားအုံး
မည္ျဖစ္သည္။
ထို႔ျပင္ လက္ေခ်ာင္းလွလွတို႔
ႏွင့္အကိုသည္ ပန္းအိုးေပၚရွိ ေကာင္ေလး
ႏွစ္ဦး ေက်ာေပးကာရပ္ေနသည္ကိုပင္သေဘာမက်သူ။ကူရာ ေယာက္်ားေလးျဖစ္သြားပါက အႏွီအကို႔ထံ သူမခံစားခ်က္ေတြ
မည္သို႔မည္ပုံဖြင့္ဟရပါေတာ့မည္နည္း
ထိုသို႔လုပ္လိုက္ပါက ေယာက္်ားခ်င္းခ်င္း
ကြာဆိုၿပီး ေနရာ၌ပင္အထိုးခံရမည္လား
ရြံရွာခံရမည္လား မုန္းသြားမည္လား
အေတြးေပါင္းစုံတို႔လြင့္ေပ်ာက္သြားေစရန္
ကူရာ ေခါင္း ကို မူးေနာက္သြားေအာင္ခါယမ္းလိုက္သည္။
ဒါဆို ကာဇူးကေရာ
ကာဇူးသည္ ေယာက္်ားေလးအျဖစ္ႏွင့္ပင္
ပန္းခ်ီကားသဖြယ္အထင္မွားရေအာင္
ေခ်ာေမာသူျဖစ္သည္ အစိမ္းေရာင္ဆံပင္
တို႔ျဖင့္ေခ်ာေမာခ်င္တိုင္းေခ်ာေမာေနသူ
ကာဇူး မိန္းကေလးျဖစ္လၽွင္လည္း
နာမည္ေက်ာ္မင္းသမီးတို႔ထက္ပင္
ပို၍လွသြားဖို႔သာရွိသည္ ။ ကူရာခ်စ္ရသူအကိုျမင္လၽွင္လည္း ေမတၱာသက္ဝင္သြားနိုင္သည္။ မိန္းကေလးျဖစ္သူ ကူရာအဖို႔ မနာလိုဝန္တိုစိတ္ေလးက ေရးေရးေလး
ေပၚလာသည္။
ကာဇူးသည္လည္း ဆာကူရာပင္မ်ားရွိေနေသာ ကမၻာႏွင့္မိဘတို႔၏အေငြ႕အသက္မ်ားရွိရာ အိမ္ေလးကို ထားခဲ့နိုင္မည္မဟုတ္
ကူရာ အေတြးတို႔ကိုရပ္ကာေခါင္းကိုေမာ့ရင္း
ကာဇူးအားၾကည့္လိုက္သည္ ကာဇူးသည္ကူရာ့အားၾကည့္မေန မ်က္စိတစ္ဆုံးတည္ရွိေနေသာ ဆာကူရာပင္တို႔ကိုသာေငးေနသည္
ျဖစ္သည္ ကာဇူးမ်က္ႏွာမွာ ကူရာ ထြက္သြားရန္ျပင္သည့္ညကလို ခပ္မွိုင္းမွိုင္းျဖစ္ကာ
မ်က္ခုံးတို႔အား တြန႔္ေကြးေအာင္ က်ဳံ႕ထားသည္။
" ကာကာ.. "
ကူရာ့ေခၚသံအဆုံးတြင္ ကာဇူး ကူရာ့ဘက္သို႔လွည့္လာသည္ ဝမ္းနည္းရိပ္သမ္းေနေသာ
မ်က္ဝန္းတစ္စုံေၾကာင့္ ႏွုတ္ခမ္းေကြးေကြးတို႔မွာျပဳံးသည္ဟုပင္မထင္ရ
" ကူရာ ျပန္မယ္မလား
ကာကာ ပါလိုက္ရမယ္ထင္တယ္ "
ကာဇူးခပ္တိုးတိုးေျပာသံအား ကူရာ
စိတ္ေမာဖြယ္ ၾကားလိုက္ရသည္
ကူရာ ကာဇူးကို အားနာေသာ္လည္း
ျပန္ရမွျဖစ္မည္ ဘြားရဲ့နာေရးသည္လည္း
မၿပီးျပတ္ေသးပါ။ ကာဇူးအေပၚ တစ္ကိုယ္ေကာင္းဆန္သလိုျဖစ္သြားမည္ကိုလည္း ကူရာစိုးရိမ္ေနသည္။
ကူရာ့မ်က္ႏွာအရိပ္အကဲအား လ်င္ျမန္စြာ
ဖတ္တတ္ေသာ ကာဇူးသည္
" ကာကာ့ကိုအားမနာပါနဲ႔ ႏွစ္ေယာက္ျဖတ္မွရမယ္ဆိုလည္း ျဖတ္မယ္ေလ ကူရာ့
ကိစၥ္ေတြၿပီးျပတ္မွ ကာကာ့ကို ဒီဘက္ကမၻာကို ျပန္ပို႔ဖို႔ကူရာႀကိဳးစားေပးလို႔ရပါတယ္"
ျပဳံးကာေျပာလာေသာ ကာဇူးေၾကာင့္
ကူရာအားနာသည္ထက္ပို၍ပင္
ဝမ္းနည္းလာခဲ့သည္။ မ်က္လုံးအိမ္ရွိ
မ်က္ရည္စတို႔အား ကူရာလက္ျဖင့္
ပြတ္ကာ
"ကာကာရယ္ ဒီက ဆာကူရာပင္ေတြနဲ႔
ကာကာ့အိမ္ကို ထားခဲ့နိုင္မွာလား
ကူရာတစ္ေယာက္ထဲပဲျဖတ္ပါမယ္
တကယ္လို႔ကူရာ့အသက္ဆုံးသြားလည္း
ဘြားေနာက္ကိုလိုက္သြားရမွာပဲေလ
အနည္းဆုံးေတာ့ ကူရာ့ဘြားလည္း
တမလြန္မွာအထီးမက်န္ေနေတာ့ဘူးေပါ့"
ကာဇူးက အနီးရွိေႂကြေနေသာ ဆာကူရာ
ပြင့္ဖတ္ေလးအားေကာက္ယူကာ
"ကာကာ ထားခဲ့လို႔ရပါတယ္
လြမ္းေတာ့လည္းဒီတိုင္းပဲလြမ္းလိုက္တာေပါ့"
ကူရာ ေပ်ာ္မယ္ဆိုကာကာ အကုန္လုံးကို
ထားခဲ့နိုင္ပါတယ္ ။
"ႀကိတ္ခ်စ္ရသူရဲ့ ေပးဆပ္မွုေတြဟာ
သက္ဆိုင္သူအတြက္ ေပ်ာ္ရႊင္မွုေတြ
အျဖစ္ ေျပာင္းေပးနိုင္မယ္ဆို
ေပးဆပ္ရက်ိဳးနပ္မည္မဟုတ္ပါလား..."