Love Game
By perthyeol
3K 235 21
Epi 1
Epi 2
Epi 3
Epi 4
Epi 5
Epi 6
Epi 7
Epi 8
Epi 9
Epi 10
Epi 11
Epi 12
Hi💜
Hello 😍
Epi 14
Epi 15
Epi 16
Epi 17
Epi 18
Epi 19
Epi 20
Epi 21
Epi 13
101 10 0
By perthyeol
For Zawgyi ,
ငါနေမကောင်းမှန်း
နင်ဘယ်လိုသိတာလဲ "
ကြောင့်
" အော် ဟုတ်လား ...... "
" အော် ဟုတ်လားတွေဘာတွေ
လာခဲ့တယ်မလား
ပြုစုပေးခဲ့ပုံရတယ်
နေတာဆိုတော့လေ .. "
မနေနဲ့ "
ဟုတ်တယ်မလား မမ "
အားကျနေပြီ "
မှန်းမသိဘူး .... "
" မမရယ် စမနေပါနဲ့တော့
တော်တော်လဲ ရှက်နေပြီ
ထင်တယ် "
ချစ်စရာကောင်းသေးတယ်
ညီမရယ် .... ကြည့်စမ်းပါဦး
ကောင်းမယ့်ပုံပဲ "
ယောက်ျားလေးတယောက်
တာပေါ့ ။
ဦးမယ် "
လား ငါ့ကိုသဝန်တိုမှာ
သဝန်တိုမှာလဲ ***
လင်းလင်းရေ ... ကိုစစ်က
ကိုစစ် ဖြစ်ပျက်နေတဲ့
သွားမိသည် ။
နေတာများလားကွာ ***
မင်းစစ်လွန်းနိုင်က
မသိပေမယ့်
သူကပဲ
သွားရအောင် "
" ဘယ်သွားမလို့လဲ .... ဒါနဲ့
လေ "
တယ် "
" အေးလေ ကလေးကလဲ
စိတ်ဆိုးနေဦးမယ် "
မသိပါဘူးဗျာ
" ဆေး(၂)ကလို့ပြောတာပဲဟ
ပြီးတော့ အဲကျောင်းက
အကိုတွေက
အရမ်းတော်ကြတယ်တဲ့ "
မြန်မြန်သွားကြမယ် "
ပြည့်နေပြီ ဖြစ်သည် ။
ပါလား .... "
the whole King လေ
တာနဲ့တင် တကွင်းလုံး
ပြည့်နေပြီ "
" အင်းပေါ့လေ .. သူက
" ဘာလဲ သဝန်တိုနေတာလား
မတိုပါနဲ့ဟာ ကိုစစ်က
နင့်ကိုပဲ ချစ်တာပါ "
ကလေးကိုပဲ ချစ်တာ
မနွေတို့ပြောတာယုံ "
သာသွားမိသည် ။
ခဏအကြာ
လေတော့သည် ။
ကစားနေပုံတွေကလဲ
အရမ်းလန်းတာပဲ "
တကယ်ကို မိုက်နေပါတယ် ။
ဒါကြောင့်လဲ
သည် ။
ထင်ပါတယ် ။
မိတယ် ။
မင်းစစ်လွန်းနိုင်က
အနိုင်ရသွားလေသည် ။
ဟေး .... နိုင်ပြီဟ !!
မျက်နှာမသာမယာနဲ့
ပြန်သွားကြလေတော့သည် ။
ပွဲပြီးလို့သူများတြွေပန်သွားကြသော်
လည်း သူကတော့
ငေးကြည့်နေမိသည် ။
" အင်း .. အင်း ပြန်မယ်လေ "
သူ့ကို ကြည့်ရင်း
ရင်ခုန်သံတြွေမန်လာနေမိသည် ။
" baby ... ပြန်ကြရအောင်လေ "
ကျွန်တော့ရင်ခုန်သံတြွေမန်လာ
တာကတော့ တကယ်ပါဗျာ ***
ကျေနပ်နေမိတယ် ။
ကိုမှ အားမနာ "
" ဟုတ်ပ သံစဉ်ရေ
ယိုကြတာပေါ့ "
" ဟာဗျာ ... မနွေကလဲ ဘာတွေ
ပြောမှန်းမသိဘူး "
ခဲ့သည် ။
ပြုံးမိသွားသည် ။ သူရဲ့အပြုံးတွေကို
A/N
ရှိလဲ ခွင့်လွှတ်ကြပါ
For Unicode ,
လင်းသူရိယ ကျောင်းရောက်တော့
သူ့ထက်စောစီးစွာ ရောက်နေတဲ့ သူငယ်
ချင်းဖြစ်သူ သံစဉ် နှင့် မနွေခတ္တာရာ
တို့ကို တွေ့လိုက်ရသည် ။
" နေကောင်းသွားပြီလား လင်းလင်း "
" အင်း ကောင်းသွားပြီ ဒါနဲ့
ငါနေမကောင်းမှန်း
နင်ဘယ်လိုသိတာလဲ "
" အော် ဒါကလား မှန်းကြည့်တာလေ
နင်ကကျောင်းလဲမလာဘူး ဖုန်းဆက်
တော့လဲ မကိုင်ဘူးဆိုတော့ အဲဒါ
ကြောင့်
နေမကောင်းဘူးထင်လို့လေ "
" အော် ဟုတ်လား ...... "
" အော် ဟုတ်လားတွေဘာတွေ
လုပ်မနေနဲ့ နင့်ဆီကို ကိုစစ်ရောက်
လာခဲ့တယ်မလား
ပြီးတော့ ကြည့်ရတာ ကိုစစ်က
နင့်ကို ကိုယ်ဖိရင်ဖိနဲ့ သေချာကို
ပြုစုပေးခဲ့ပုံရတယ်
နင့်မျက်နှာလေးကလဲ သိပ်ကိုလန်း
နေတာဆိုတော့လေ .. "
" ဘာ ကိုယ်ဖိရင်ဖိစောင့်ရှောက်တာ
လဲ ပေါက်ကရတွေလျှောက်ပြော
မနေနဲ့ "
*** ကြည့်ရတာ ကိုလွန်းကတကယ်
ရောက်လာတာပဲ ငါထင်ယောင်
ထင်မှားဖြစ်တာ မဟုတ်ဘူးပဲ ***
" ပေါက်ကရတွေ လျှောက်ပြောတာ
မဟုတ်ပါဘူးဟာ နင့်မျက်နှာလေး
ကိုက လန်းဆန်းတက်ကြွနေပြီး
ပျော်ရွှင်နေတဲ့ပုံပဲလေ
ဟုတ်တယ်မလား မမ "
" ဟုတ်ပ ငါ့ကလေးလေးက ပျော်
နေလိုက်တာ မမတို့FAတွေတောင်
အားကျနေပြီ "
" ဟာ ... မနွေကလဲ ဘာတွေပြောနေ
မှန်းမသိဘူး .... "
သံစဉ်ပွင့်ဖြူနဲ့မနွေခတ္တာရာတို့၏
စနောက်စကားတွေကြောင့် သူ့မှာမျက်နှာပူလာကာ
ရှက်လွန်းသောကြောင့်မျက်နှာတခုလုံးလဲ နီရဲလာတော့သည် ။
သူ့စိတ်ထဲတွင်လည်း အချစ်နဲ့အမုန်း
လွန်ဆွဲကာ မိမိစိတ်ကို မိမိခုထိ မဆန်း
စစ်နိုင်ဘူး ဖြစ်နေမိသည် ။
*** ငါတကယ် ကိုလွန်းကိုချစ်နေတာ
များလား မဟုတ်နိုင်ပါဘူး ငါက သူ့ကို
အမြင်ကပ်ပြီး မုန်းနေတာပါ ***
" မမရယ် စမနေပါနဲ့တော့
ဟိုမှာမျက်နှာတခုလုံးလဲနီရဲနေပြီ
တော်တော်လဲ ရှက်နေပြီ
ထင်တယ် "
" ရှက်နေတာလေးက ပိုတောင်
ချစ်စရာကောင်းသေးတယ်
ညီမရယ် .... ကြည့်စမ်းပါဦး
စစ်လွန်းသာ ဒီမျက်နှာလေးကို
မြင်ရင်တော့ အသဲတွေယားပြီး
ပိုတောင်ချစ်လာတော့မှာပဲ
ပြောသာပြောရတာ မမတောင်
အသဲယားပြီး အဲပါးလေးကို လိမ်
ဆွဲချင်နေမိပြီ ကြည့်ရတာ
တော်တော်ကို ကိုင်ဆွဲလို့
ကောင်းမယ့်ပုံပဲ "
မမ ပြောလဲပြောချင်စရာ လင်းလင်း
ရှက်နေပုံလေးက တော်တော်ကို ချစ်စရာကောင်းလှတယ် ။
ယောက်ျားလေးတယောက်
ရှက်နေတာက ဒီလောက်လှမယ်လို့ သူမ မထင်မိခဲ့ဘူး ။
အင်းလေ ဒါကြောင့်လဲကိုစစ်က ချစ်နေ
တာပေါ့ ။
" မမရေ သံစဉ်ရှေ့မှာပြောတာက
ပြသာနာမရှိဘူးနော် ကိုစစ်ရှေ့
မှာပြောလို့ ဟိုကသဝန်တွေတိုနေ
ဦးမယ် "
" နင်ကလဲ စ မနေပါနဲ့ဟာ ကိုလွန်းက
လား ငါ့ကိုသဝန်တိုမှာ
စိတ်ကူးတွေယဉ်မနေနဲ့သိလား "
*** ကိုလွန်းက ငါ့ကိုမှမချစ်တာ ဘာလို့
သဝန်တိုမှာလဲ ***
" စိတ်ကူးယဉ်နေတာ မဟုတ်ပါဘူး
လင်းလင်းရေ ... ကိုစစ်က
နင့်ကို အရမ်းချစ်တာနော်
နင်နေမကောင်းဘူးဆိုတုန်းက
ကိုစစ် ဖြစ်ပျက်နေတဲ့
ပုံကို နင်မတွေ့လိုက်ရလို့ "
သူငယ်ချင်းဖြစ်သူရဲ့ ကိုလွန်းက
နင့်ကိုအရမ်းချစ်တာ ဆိုတဲ့
ပြောစကားကြောင့် သူရင်ခုန်
သွားမိသည် ။
*** ဟူး ... ငါတော့ရူးနေပြီထင်ပါတယ်
ငါမုန်းဖူးတဲ့ သူတယောက်ကို ရင်တွေ
ဘာတွေခုန်တတ်နေပြီဆိုတော့ ငါရူး
နေတာများလားကွာ ***
သူကိုယ်တိုင်စခဲ့တဲ့ ဒီဇာတ်လမ်းမှာ
သူပဲ ရှုံးနိမ့်နေပြီထင်ပါတယ်
မင်းစစ်လွန်းနိုင်က
သူ့ကို တကယ်ချစ်လားမချစ်လား
မသိပေမယ့်
သူကတော့ မင်းစစ်လွန်းနိုင်ကို ချစ်မိနေပြီထင်ပါတယ် ....
အနိုင်လိုချင်လို့ စခဲ့တဲ့ဒီဇာတ်လမ်းမှာ
သူကပဲ
ရှုံးနိမ့်နေမိပြီထင်ပါတယ် ....
" လင်းလင်း .... နင်ရင်ခုန်သံတွေ
မြန်နေပြီလား ရင်ခုန်ချင်လဲ
နောက်မှခုန်နော် အခုတော့
သွားရအောင် "
" ဘယ်သွားမလို့လဲ .... ဒါနဲ့
ကိုလွန်းလဲ မရောက်သေးဘူး
လေ "
" နင်မေ့နေပြီလား လင်းလင်း
ဒီနေ့က ကိုစစ်တို့ basketball
ပြိုင်မဲ့နေ့လေ နင်ကလဲဟာ
မေ့စရာရှားလို့ ဒီနေ့မှ မေ့တတ်
တယ် "
" အေးလေ ကလေးကလဲ
ကိုယ့်ချစ်သူရဲ့ပြိုင်ပွဲကိုမှ
မေ့ရတယ်လို့ စစ်လွန်း သိရင်
စိတ်ဆိုးနေဦးမယ် "
" မနွေတို့မပြောရင် ကိုလွန်း
မသိပါဘူးဗျာ
ဒါနဲ့ သံစဉ် ကိုလွန်းတို့နဲ့
ပြိုင်မှာကဘယ်ကျောင်းကလဲ "
" ဆေး(၂)ကလို့ပြောတာပဲဟ
ပြီးတော့ အဲကျောင်းက
အကိုတွေက
အရမ်းတော်ကြတယ်တဲ့ "
" ကဲကဲ စကားများမနေကြနဲ့
မြန်မြန်သွားကြမယ် "
basketball ကွင်းကို သူတို့ရောက်
လာတော့ တကွင်းလုံးလဲလူတွေ
ပြည့်နေပြီ ဖြစ်သည် ။
" ဝိုး ! လူတွေတော်တော်ပြည့်နေ
ပါလား .... "
" ပြည့်မှာပေါ့ဟ. ကိုစစ်က
the whole King လေ
ကိုစစ်ကို ကြည့်ချင်လို့လာကြ
တာနဲ့တင် တကွင်းလုံး
ပြည့်နေပြီ "
" အင်းပေါ့လေ .. သူက
တော်တော်စန်းပွင့်တာကို "
" ဘာလဲ သဝန်တိုနေတာလား
မတိုပါနဲ့ဟာ ကိုစစ်က
နင့်ကိုပဲ ချစ်တာပါ "
" ဟုတ်တယ် ကလေး စစ်လွန်းက
ကလေးကိုပဲ ချစ်တာ
မနွေတို့ပြောတာယုံ "
မနွေတို့ပြောစကားကြောင့် ရင်ထဲနေ
သာသွားမိသည် ။
*** ကျွန်တော် တကယ်သဝန်တိုနေတာ
များလား မသိတော့ဘူးကွာ ဘာမှ မတွေးတာပဲ ကောင်းတယ် ***
သူအတွေးလွန်နေစဉ်မှာပဲ ကစားသမားတွေ ထွက်လာကြပြီး
ခဏအကြာ
ဝီစီမြည်သံနဲ့အတူ ပြိုင်ပွဲစတင်
လေတော့သည် ။
" လင်းလင်း ဟိုမှာ ကိုစစ်ဟ
ကိုစစ်က မိုက်လိုက်တာဟာ
ကစားနေပုံတွေကလဲ
အရမ်းလန်းတာပဲ "
သံစဉ်ပြောသလိုပဲ မင်းစစ်လွန်းနိုင်က
တကယ်ကို မိုက်နေပါတယ် ။
ဒါကြောင့်လဲ
တကွင်းလုံး သူ့ကိုအားပေးနေသံတွေ
ချည်းဖြစ်နေပြီး သူက တကယ်ကို
စန်းပွင့်တဲ့ကောင်ဖြစ်တယ် ။
ဆေး(၂)ကလူတွေကလဲ တကယ်ကိုတော်ကြပြီး နှစ်ဖက်လုံးလဲ
အကြိုက်အနေယှဉ်ပြိုင်နေကြလေ
သည် ။
မင်းစစ်လွန်းနိုင်ကစားပုံတွေ
ကြည့်ပြီး နဂိုကတည်းက ချစ်မိနေတဲ့
ကျွန်တော့မှာ ခုတော့အဲကောင်ကို
ပိုလို့ ချစ်မိသွားလေပြီ ။
ဒီGameမှာ ကျွန်တော်ရှုံးပြီ
ထင်ပါတယ် ။
ဒါပေမယ့် Gameရှုံးမှာထက်
သူ့ကိုချစ်ရမှာ ကျွန်တော်ကြောက်နေ
မိတယ် ။
" လင်းလင်း ... ပွဲပြီးတော့မယ်ဟ
ခုထိ သရေပဲ ဖြစ်နေကြတုန်း "
အဲဒီအချိန် စက္ကန့်ပိုင်းလေးမှာပဲ
မင်းစစ်လွန်းနိုင်က
ဟိုဘက်ကို ဂိုးသွင်းပြီး အမှတ်သာကာ
အနိုင်ရသွားလေသည် ။
ဟေး .... နိုင်ပြီဟ !!
ကျွန်တော်တို့ တကျောင်းလုံး
ပျော်လွန်းလို့ အော်ဟစ်လိုက်ကြသည် ။
ဟိုဘက်ကျောင်းကလူတွေကတော့
မျက်နှာမသာမယာနဲ့
ပြန်သွားကြလေတော့သည် ။
ပွဲပြီးလို့သူများတွေပြန်သွားကြသော်
လည်း သူကတော့
အသင်းသားတွေနဲ့စကားပြောနေတဲ့
မင်းစစ်လွန်းနိုင်ကိုသာ
ငေးကြည့်နေမိသည် ။
" လင်းလင်း ပြန်ရအောင်လေ .. "
" အင်း .. အင်း ပြန်မယ်လေ "
ထိုစဉ် မင်းစစ်လွန်းနိုင်က
ကျွန်တော့ဆီကို လျှောက်လာခဲ့လေသည် ။ ကျွန်တော်
သူ့ကို ကြည့်ရင်း
ရင်ခုန်သံတွေမြန်လာနေမိသည် ။
" baby ... ပြန်ကြရအောင်လေ "
" ကိုလွန်း အသင်းသားတွေနဲ့
အောင်ပွဲမခံတော့ဘူးလား "
" မခံတော့ပါဘူးကွာ ကိုယ်က
babyနဲ့ပဲ အောင်ပွဲခံချင်တာ "
*** ခင်ဗျားက လိမ်ညာပြောတာလား
မသိပေမယ့် ခင်ဗျားစကားကြောင့်
ကျွန်တော့ရင်ခုန်သံတွေမြန်လာ
တာကတော့ တကယ်ပါဗျာ ***
မပြန်ကြသေးတဲ့ကျောင်းသူတချို့ရဲ့
စိတ်ဝင်စားသလိုအကြည့်တွေ
အားကျတဲ့အကြည့်တွေကြောင့်
ကျွန်တော်စိတ်ထဲ ဂုဏ်ယူသလိုနဲ့
ကျေနပ်နေမိတယ် ။
ကျွန်တော်ကတော့ ခင်ဗျားကို တကယ်
ချစ်သွားပြီထင်ပါတယ်ဗျာ ....
" RSတွေကဲကို ကဲတယ် ... FAတွေ
ကိုမှ အားမနာ "
" ဟုတ်ပ သံစဉ်ရေ
ဘာပဲဖြစ်ဖြစ်လေ ငါတို့
love scene ကြည့်ပြီး သွားရည်
ယိုကြတာပေါ့ "
" ဟာဗျာ ... မနွေကလဲ ဘာတွေ
ပြောမှန်းမသိဘူး "
ရှက်ရှက်နဲ့သူအမြန် ပြေးထွက်လာ
ခဲ့သည် ။
ရှက်ပြီးပြေးသွားတဲ့ကောင်လေးကို
ကြည့်ပြီး မင်းစစ်လွန်းနိုင် သဘောကျစွာနဲ့
ပြုံးမိသွားသည် ။ သူရဲ့အပြုံးတွေကို
ပြေးထွက်သွားတဲ့ကောင်လေး
ကတော့ သိမှာမဟုတ်ပါဘူးလေ ။
A/N
#basketballကစားနည်းအကြောင်း
မသိလို့ အကုန်ရောချလိုက်တာ မှားတာ
ရှိလဲ ခွင့်လွှတ်ကြပါ
#ပြီးတော့basketballပြိုင်တာက
ဟိုဘက်ကျောင်းနဲ့ဒီဘက်ကျောင်း
ပြိုင်တဲ့သဘောမျိုးရေးလိုက်တာပါ
စိတ်ကူးယဉ်ပြီးရေးလိုက်တာမို့ မှားတာ
ရှိရင်လဲ ဖြည့်တွေးပေးကြပါ
Xing
6.3.2020.
Thu.
Continue Reading
You'll Also Like
228K 16.4K 54
ABHIMANYU RATHORE :- Rude , workaholic CEO of Rathore Empire .Devilesing hot , every girls drools over him .But loves his family to dearest . . SAKS...
2.9M 117K 75
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
272K 17.4K 44
・𝐁𝐨𝐨𝐤 𝟏 𝐨𝐟 𝐑𝐚𝐠𝐡𝐮𝐯𝐚𝐧𝐬𝐡𝐢 𝐬𝐞𝐫𝐢𝐞𝐬 𝐕𝐞𝐞𝐫𝐚𝐧𝐬𝐡 𝐑𝐚𝐠𝐡𝐮𝐯𝐚𝐧𝐬𝐡𝐢 Darkness , that's what his world is fill...