{Zawgyi}
•လဲ့ေယာင္၏ပိုကာကဒ္ေလးမ်ား•
ေနာက္တစ္ရက္လဲ့ေယာင္ႏိုးလာခ်ိန္မွာ အျပင္ဘက္မွာမိုးေတြ႐ြာေနတယ္။ သူအိပ္ယာေပၚမွာ ၾကက္ၿခံလိုရႈပ္ပြေနတဲ့ ဆံပင္ေတြနဲ႔ထိုင္ေနၿပီး မ်က္လုံးကလည္းဝါးတားတားျဖစ္ေနတုန္းပဲ။ ရင္းႏွီးေနတဲ့ringtoneသံကိုၾကားေတာ့ ႐ုတ္တရက္စိတ္လႈပ္ရွားစြာ သူ႔ရဲ႕စကားေျပာစက္ကို ၾကည့္လိုက္တယ္။ သူ႔ရဲ႕ေခ်းေငြေတြအကုန္ ရွင္းၿပီးသြားၿပီဆိုတာ ျမင္လိုက္ေတာ့မွ အလုံးႀကီးက်သြားေတာ့တယ္။
"ဘာလုပ္ေနတာလဲ? ပိုက္ဆံထပ္ၿပီး လႊဲယူခံရမွာေၾကာက္ေနတာလား?" သူ႔ေဘးနားက ဗိုလ္ခ်ဳပ္ႀကီးကခပ္အက္အက္အသံနဲ႔ ေျပာတယ္။
"မဟုတ္ပါဘူး!" လဲ့ေယာင္သူ႔ကို စိုက္ၾကည့္လိုက္တယ္။ ရႈေယာင္ရဲ႕အသံက ႏိုးလာခ်ိန္ဆို အသံၾသၾသနဲ႔ အက္ရွရွႀကီးျဖစ္တယ္။ အဲ့လိုဆိုသူ႔ရင္ထဲမွာ ထူးဆန္းတဲ့ခံစားမႈတစ္ခုျဖစ္လာၿပီး ပူလာတတ္တယ္။ တကယ္လို႔ရႈေယာင္ပုံက ေန႔တိုင္းသူ႔ကိုစေနာက္ဖို႔ အႀကံဆိုးႀကီးရွိေနတဲ့သူတစ္ေယာက္နဲ႔ မတူရင္ေတာ့ ပိုေကာင္းမွာေပါ့။
သူ႔ကိုအခ်ိန္ခဏေလာက္ၾကည့္ၿပီးေတာ့မွ လဲ့ေယာင္မတ္တပ္ရပ္ကာ ေခါင္းကိုေမာ့ ရင္ကိုဖြင့္ၿပီးတိုက္ပြဲဝင္ေတာ့မလို အားအင္အျပည့္နဲ႔ မီးဖိုေခ်ာင္ဆီ ေျမာက္ႂကြေျမာက္ႂကြခ်ီတက္သြားတယ္။
သူ႔ဇနီးေလးရဲ႕ တက္ႂကြတဲ့ၾကက္ဖလိုပုံမ်ိဳးေလးကို ျမင္ေတာ့ ရႈေယာင္လည္းအိပ္ယာထဲေနခ်င္စိတ္ေပ်ာက္ၿပီး ထလာလိုက္တယ္။ မိုးစင္စင္မလင္းေသးေပမယ့္ ေရခ်ိဳးၿပီးေတာ့ ထုံးစံအတိုင္းတဘက္တစ္ထည္ခါးမွာပတ္ၿပီး ထြက္လာတယ္။ ဆိုဖာေပၚမွာထိုင္ၿပီး ေဆးလိပ္မီးညႇိကာ အက်င့္ျဖစ္ေနတဲ့အတိုင္း လက္ဖက္ရည္စားပြဲေပၚ သူ႔ရဲ႕ေျခေထာက္ရွည္ႀကီးႏွစ္ေခ်ာင္းလုံးတင္ကာ သူ႔ရဲ႕IAက ေျပာျပေပးေနတဲ့ မနက္ပိုင္းစစ္ေရးသတင္းေတြကို နားေထာင္ေနတယ္။[T/N : IA - intelligent assistant]
ခဏၾကာေတာ့ ရႈေယာင္လွမ္းေအာ္ေျပာလာတယ္ "လဲ့ေယာင္ေယာင္ေရ ကိုယ့္ကို ေရတစ္ခြက္ေလာက္!"
အဲ့တာကိုၾကားေတာ့ လဲ့ေယာင္ခ်က္ခ်င္း သူ႔ဆပ္ရမယ့္ယြမ္ႏွစ္သန္းေက်ာ္ကို ေတြးမိလိုက္တယ္။ သူ႔ရဲ႕ေက်းဇူးရွင္ႀကီးစကားကို မနာခံလို႔ဘယ္ျဖစ္မလဲ? အဲ့ေတာ့ သူဇနီးေကာင္းေလးတစ္ေယာက္လို ျပန္ေမးလိုက္တယ္ "အေအးလား အပူလား?"
ရႈေယာင္က "အေအး"
လဲ့ေယာင္ျမန္ျမန္ေလး ေရေအးေအးတစ္ခြက္ခပ္ၿပီး ရႈေယာင္ကိုေပးလိုက္တယ္။ နာခံတတ္တဲ့ေခြးေပါက္ေလးလို ဒီလိုစကားလုံးေတြေျပာလိုက္တယ္ "ဗိုလ္ခ်ဳပ္ႀကီး ခင္ဗ်ားအတြက္ေရပါ"
ရႈေယာင္ခြက္ကို ယူကာ မ်က္လုံးပင့္ၿပီးေမးလိုက္တယ္ "ကိုယ္မွတ္မိသေလာက္ဆိုရင္ေတာ့ တစ္စုံတစ္ေယာက္က မေန႔ညကကိုယ့္ဆီကေန ဇနီးအမည္ခံၿပီး ပိုက္ဆံေခ်းသြားတာလားလို႔? အခုကိုယ့္ကို ဘယ္လိုေခၚလိုက္တာလဲ?"
လဲ့ေယာင္ဆုံးျဖတ္ခ်က္တစ္ခု ျမန္ျမန္ခ်လိုက္တယ္ "အစ္ကိုႀကီးရႈ!"
"ကိုယ့္မွာ ညီအစ္ကိုေတြလိုမေနဘူး" ရႈေယာင္ျပတ္ျပတ္သားသားေျပာလိုက္တယ္။
လဲ့ေယာင္ "..." 'ရႈေယာင္၊ မင္းေသေတာ့မယ္! ဒီညငါ့ရဲ႕သရဲညီအစ္ကိုေတြကို ခင္ဗ်ားကိုယ္ေပၚတက္နင္းခိုင္းရင္ မင္းငါ့ကိုစေနာက္ႏိုင္အုံးမလား ၾကည့္ၾကတာေပါ့?'
ယုန္ေပါက္ေလးရဲ႕မ်က္လုံးရဲရဲေလးေတြက တြင္းနက္ႀကီးလိုနက္ေမွာင္ေနတဲ့ ဝံပုေလြႀကီးရဲ႕မ်က္လုံးထဲကို မိုက္ၾကည့္ၾကည့္ေနတယ္။ ထုံးစံအတိုင္းယုန္ေလးပဲ အရႈံးေပးလိုက္ရတယ္ "အား! ငါ့ရဲ႕မနက္စာေတြေတာ့ ပ်က္ကုန္ေတာ့မွာပဲ!"
အဲ့လိုေျပာၿပီး မီးဖိုေခ်ာင္ထဲအျမန္ေျပးသြားတယ္။ သူ႔အျမႇီးကိုတက္နင္းခံလိုက္ရသလို ခပ္သုတ္သုတ္ေျပးသြားတဲ့ ပုံရိပ္ေလးကို ရႈေယာင္ၾကည့္ေနလိုက္တယ္။
မနက္စာလုပ္ေနရင္း သူ႔စိတ္ထဲပိုရင္းႏွီးသြားေအာင္ လဲ့ေယာင္ႀကိဳးစားၿပီး ေခၚၾကည့္လိုက္တယ္။ 'ေယာက်ာ္း?' 'အခ်စ္ေလး?' 'ဘုရားသခင္ ငါသူ႔ကိုဘယ္လိုေခၚရမွာလဲ? တစ္ကိုယ္လုံး ၾကက္သီးေတြေတာင္ထတယ္!' ရႈေယာင္ဘာလုပ္ေနလဲဆိုတာသိဖို႔ ခိုးေၾကာင္ခိုးဝွက္လွည့္ၾကည့္လိုက္တယ္။ ရႈေယာင္ကမီးဖိုေခ်ာင္ဘက္ၾကည့္ေနတာကိုလည္း ျမင္ေရာ သူျမန္ျမန္ေက်ာေပးၿပီး အသီးအ႐ြက္ေတြပဲဆက္ လွီးေနလိုက္တယ္။
'ဂလုံ-ဂလြမ္ ဂလုံ-ဂလြမ္!' မနက္ေစာေစာစီးစီး ဗိုလ္ခ်ဳပ္ႀကီးရဲ႕ဇနီးေလးကေတာ့ သူတစ္ေယာက္တည္းနဲ႔တင္ မီးဖိုေခ်ာင္ကိုသက္ဝင္လႈပ္ရွားေအာင္ လုပ္ေပးေနတယ္။
ရႈေယာင္ကေတာ့ သူ႔ကိုစိတ္ကြက္တာေတာင္ မျဖစ္မိဘူး။ သူစစ္ေရးသတင္းေတြပဲ ဆက္ၾကည့္ေနလိုက္တယ္။ စားပြဲေပၚမွ စားစရာအနံ႔ေတြထြက္လာေတာ့ ထမင္းစားပြဲထိပ္မွာ ေနရာယူလိုက္တယ္။ ဒီေန႔မနက္စာက အမယ္မတူတာကိုသတိထားမိသြားတယ္။ ေပါင္မုန႔္၊ အသားကင္၊ အ႐ြက္သုပ္၊ ေဖ်ာ္ရည္နဲ႔ အေရာင္အေသြးစုံလွတဲ့စားစရာအျပင္ ေမႊးပ်ံ႕ကာ အာဟာရအမ်ားႀကီးပါတယ္။ ႐ုတ္တရက္ စိတ္ထဲၾကည္ႏူးသြားၿပီး ဒီမနက္စာကိုတစ္စုံတစ္ေယာက္က သူ႔တစ္ေယာက္တည္းအတြက္ျပင္ေပးထားတာေၾကာင့္ ဝမ္းသာသြားတယ္။
"ခင္ဗ်ားဒီလိုစားစရာေတြကို စားလို႔အသားက်ပါ့မလားေတာ့ ကြၽန္ေတာ္မသိဘူး" လဲ့ေယာင္ေျပာလိုက္တယ္။ "ဘာပဲျဖစ္ျဖစ္ ေနတိုင္းမတူတာေတြခ်က္ေပးႏိုင္ဖို႔ ႀကိဳးစားမွာပါ အဲ့တာေၾကာင့္ မပ်င္းေစရဘူး၊ တကယ္လို႔ တစ္ခုခုကစားမေကာင္းဘူးဆိုရင္ ကြၽန္ေတာ့္ကိုတိုက္႐ိုက္ေျပာပါ.. ေနာက္တစ္ႀကိမ္ကြၽန္ေတာ္မခ်က္ေတာ့ဘူး" [T/N : ပိုက္ဆံမ်က္ႏွာႀကီးလိုက္တာ]
ရႈေယာင္ရွည္ၾကာတဲ့တိုက္ပြဲတုန္းက သည္းခံၿပီးျဖတ္ေက်ာ္ခဲ့ရတယ္။ ေကာင္းေကာင္းစားႏိုင္ဖို႔မေျပာနဲ႔ စားစရာေတာင္ ေပါေပါမ်ားမ်ားမရွိတာေၾကာင့္ ခုလိုသူ႔ဇနီးေလးက ေသခ်ာအားစိုက္ထုတ္ၿပီးလုပ္ေပးထားတာကို ဘယ္ျငင္းႏိုင္ပါ့မလဲ? သူမတတ္သာဘဲခ်ီးက်ဴးလိုက္ေပမယ့္ အမွန္ကိုလည္းေျပာရေသးတယ္ "ယုန္ေပါက္ မင္းဘာလို႔ဒီမနက္အရမ္းစိတ္ေကာင္းဝင္ေနတာလဲ?"
"ဒါကိုစိတ္ေကာင္းဝင္တယ္လို႔ မေခၚဘူး အေျခအေနကိုသိတယ္လို႔ေခၚတယ္" လဲ့ေယာင္ျပန္ေျဖလိုက္တယ္။ "ကြၽန္ေတာ့္ရဲ႕ေက်းဇူးရွင္ကို ေကာင္းေကာင္းျပဳစုရမွာေပါ့... ဒါနဲ႔ ဒီမွာကြၽန္ေတာ္အလုပ္လုပ္လို႔ရတဲ့ ေနရာမ်ားရွိလား?"
ရႈေယာင္ျပန္ေျပာတယ္ "မရွိဘူး ကိုယ္တို႔ကစစ္ေျမျပင္ကိုေရာက္ေနတာဆိုေတာ့ ကိုယ္တို႔အမ်ားဆုံးလိုတာ စစ္သားေတြပဲရွိတယ္၊ မင္းက ဒီမွာမရွိသေလာက္ရွားတဲ့ omegaဆိုေတာ့ မင္းနဲ႔သင့္ေတာ္တဲ့အလုပ္မရွိဘူး... ၿပီးေတာ့ မင္းဘာလုပ္ႏိုင္တယ္ထင္လဲ? ကိုယ္မွတ္မိတာမွန္တယ္ဆို မင္းေက်ာင္းသားပဲရွိေသးတယ္ေလ"
လဲ့ေယာင္စိတ္ထဲမွာတိတ္တိတ္ေလးေျပာလိုက္တယ္ 'ဟုတ္ပါတယ္၊ ၿပီးေတာ့ ေက်ာင္းမွာလည္း ခ်ာတူးလန္အမွတ္ေတြနဲ႔ေလ'
အမွန္က လြန္ခဲ့တဲ့ႏွစ္ ၅၀၀ေက်ာ္ကမာၻမွာတုန္းက သူကေက်ာင္းသားေကာင္းတစ္ေယာက္ျဖစ္ခဲ့ေပမယ့္ ဒီမွာေတာ့သူသင္ခဲ့တာေတြက သုံးလို႔သင့္ေတာ္မွာ ဒါမွမဟုတ္သုံးလို႔ရမွာမဟုတ္ေတာ့ဘူး။ ၿပီးေတာ့လည္း အဲ့လိုစေကးနဲ႔ဆိုရင္ အလုပ္ေကာင္းတစ္ခုကိုရွာဖို႔ အရမ္းခက္လိမ့္မယ္။ ၿပီးေတာ့လည္းသူနဲ႔အရင္းႏွီးဆုံးျဖစ္တဲ့ ဒႆနိကေဗဒကို ဒီမွာတစ္ေယာက္မွယုံၾကမွာမဟုတ္ဘူး။
"ဒီေန႔မင္းဘာလုပ္မွာလဲ?" ရႈေယာင္႐ုတ္တရက္ေမးလိုက္တယ္။
"ၾကည့္ရေအာင္.. တကယ္လို႔တစ္ေန႔လုံးမိုး႐ြာေနရင္ ကြၽန္ေတာ္အိမ္မွာပဲ ပုံဆြဲတာျဖစ္ျဖစ္လုပ္ၿပီး အခ်ိန္ျဖဳန္းေတာ့မယ္"
"မင္းပုံဆြဲႏိုင္တာလား?"
"ဒါေပါ့ လူတိုင္းလုပ္ႏိုင္တာပဲ မဟုတ္လား?" အကယ္လို႔သူပုံမဆြဲတတ္ရင္ သူ႔ညီအစ္ကိုေတြဖဲကစားႏိုင္ဖို႔ သူဘယ္လိုလုပ္ေပးႏိုင္မွာလဲ?
အစကေတာ့ မနက္စာစားၿပီးသြားရင္ ဦးေလးမင္အားလားဆိုတာ လဲ့ေယာင္သြားၾကည့္ခ်င္ခဲ့တာ။ တကယ္လို႔ သူအားရင္ ဦးေလးမင္နဲ႔တင္ေပၚသြားမလို႔။ အေမႊးနံ႔သာလုပ္ဖို႔ ကုန္ၾကမ္းအျဖစ္သစ္ပင္အခ်ိဳ႕က သစ္ကိုင္းေလးေတြလိုတာေၾကာင့္ ျဖစ္တယ္။ ဒါေပမယ့္ ဒီေန႔မိုးပဲ႐ြာေနတာေၾကာင့္ သူ႔အႀကံကိုဖ်က္မွရမယ္။ ဒီလိုရာသီဥတုမွာ ေတာင္ေပၚတက္ဖို႔ဆိုတာ ေသခ်ာေပါက္မျဖစ္ႏိုင္ဘဲ အႏၲရာယ္မ်ားတယ္။
ရႈေယာင္ေမးခြန္းေတြ ဆက္မထုတ္ေတာ့ဘူး။ မိုး႐ြာေနလည္း သူလုပ္စရာရွိေနတာေၾကာင့္ စစ္ယူနီေဖာင္းကို ျပင္ဆင္ၿပီး ေကာ္လာကိုေသခ်ာျပင္ကာ လဲ့ေယာင္ကို လက္ယမ္းေခၚလိုက္တယ္ "ေယာင္ေယာင္ ဒီနားလာပါအုံး"
"ဟမ္ ဘာလို႔လဲ?" လဲ့ေယာင္ေမးလိုက္တယ္။
ရႈေယာင္သူ႔လက္ကို ဆြဲၿပီး လက္ေခ်ာင္းတစ္ေခ်ာင္းကိုေ႐ြးကာ ဘာမွမေျပာဘဲသူ႔ရဲ႕ဆက္သြယ္ေရးစက္ေပၚတင္လိုက္တယ္။ "Leslie ငါ့ဇနီးေလးရဲ႕ကိုယ္ေရးအခ်က္အလက္ေတြကို မွတ္ထားၿပီး သူ႔ကိုတစ္ခ်ိန္တည္းမွာ လုပ္ပိုင္ခြင့္ဒုတိယအဆင့္သုံးခြင့္ရေအာင္ ဖြင့္ေပးလိုက္"
Leslieျပန္ေျဖတယ္ "ဟုတ္ကဲ့ပါ ဗိုလ္ခ်ဳပ္ႀကီး"
ဆက္သြယ္ေရးစက္ေပၚမွာ အျပာေရာင္အလင္းစက္ေလးေပၚလာၿပီးေနာက္ အလင္းေတြဆက္တိုက္ထြက္ေပၚလာကာ အခ်င္းတစ္မီတာေလာက္ရွိတဲ့ အလင္းတစ္ခုေပၚလာတယ္။ ဒီအလင္းက လဲ့ေယာင္တစ္ကိုယ္လုံး ဖုံးအုပ္သြားၿပီး အေပၚေအာက္ အျပန္ျပန္အလွန္လွန္ scanဖတ္ေနတယ္။ Leslieေျပာလိုက္တယ္ "ဗိုလ္ခ်ဳပ္ႀကီးကို သတင္းပို႔ပါတယ္၊ Madamရဲ႕ကိုယ္ေရးအခ်က္အလက္ေတြကို မွတ္ၿပီး လုပ္ပိုင္ခြင့္ဒုတိယအဆင့္ကို ေအာင္ေအာင္ျမင္ျမင္ဖြင့္ေပးၿပီးပါၿပီ"
အလင္းေရာင္ေပ်ာက္သြားတာေတြ႕ေတာ့ လဲ့ေယာင္သူ႔လက္ကိုျပန္ဆြဲေပမယ့္ ရႈေယာင္ကေတာ့သူ႔လက္ကိုမေလ်ာ့ေပးေသးဘူး
"ဘာလုပ္တာလဲ?" လဲ့ေယာင္ေမးလိုက္တယ္။
ရႈေယာင္သူ႔ရဲ႕လက္မနဲ႔ လဲ့ေယာင္လက္ဖဝါးကို ပြတ္သပ္ၿပီး "မင္းဒီတစ္ေလွ်ာက္လုံး ဘာေတြစားလာတာလဲ? ဘယ္လိုျဖစ္လို႔ မင္းအသားအေရက အရမ္းႏုဖတ္ေနရတာလဲ?"
သူအဲ့လိုေျပာၿပီးတာနဲ႔ ရႈေယာင္လက္ကိုလႊတ္ေပးၿပီး ၿပဳံးကာ "ကိုယ္မင္းကိုတာဝန္ေပးခဲ့မယ္၊ ကိုယ္ျပန္မလာခင္ မင္းကိုယ့္ကိုဘယ္လိုေခၚမလဲဆိုတာ စဥ္းစားထားလိုက္... မွတ္ထားေနာ္ ကိုယ္ကထူးျခားၿပီး ၾကင္ၾကင္နာနာရွိမယ့္ဟာမ်ိဳးလိုခ်င္တယ္"
အဲ့ေနာက္ လဲ့ေယာင္သေဘာတူတူမတူတူ ဂ႐ုမစိုက္ဘဲ လွည့္ကာမိုးေရထဲေလွ်ာက္ထြက္သြားတယ္။
လဲ့ေယာင္ အပူေလာင္ထားသလိုခံစားေနရတဲ့ သူ႔လက္ဖဝါးကိုပြတ္ရင္း ရင္အခုန္ျမန္ေနကာ ေဒါသလည္းထြက္ေနတယ္။ စိတ္သက္သာဖို႔လက္နဲ႔မ်က္ႏွာကို ယက္ခပ္သလိုျမန္ျမန္ခပ္လိုက္ၿပီး ေရေအးခြက္ႀကီးႏွစ္ခြက္ေသာက္လိုက္တယ္။ 'ဟမ္ ငါဘာေတြျဖစ္ေနတာလဲ?'
ထိုအခ်ိန္ ဦးေလးမင္နဲ႔ယန္က်ဲ႕လည္း ၿခံထဲေလွ်ာက္လာၿပီး ရႈေယာင္ရဲ႕hoverကားေပၚတက္လိုက္တယ္။ hoverကားက ေျဖးေျဖးခ်င္းထြက္ခြာသြားတယ္။
"ဗိုလ္ခ်ဳပ္ႀကီး Madamရဲ႕ ဆက္သြယ္ေရးစက္ေမာ္နီတာမွာ သူ႔အပူခ်ိန္က တစ္နဲ႔ႏွစ္ဒီဂရီၾကားေတာက္ေလွ်ာက္တိုးေနတယ္လို႔ ျပေနပါတယ္" Leslieေျပာလိုက္တယ္။
"ဆက္သြယ္ေရးစက္ေမာ္နီတာနဲ႔ လုပ္ပိုင္ခြင့္ဒုတိယအဆင့္မွာပါတဲ့ အေသးစိတ္စြမ္းရည္ေတြအေၾကာင္း သတိေပးလိုက္အုံး" ရႈေယာင္အမိန႔္ေပးလိုက္တယ္။
Leslie "ဟုတ္ကဲ့ပါ ဗိုလ္ခ်ဳပ္ႀကီး"
ယန္က်ဲ႕တုန္လႈပ္သြားတယ္ "အစ္ကိုႀကီးရႈ လဲ့ေယာင္အတြက္ လုပ္ပိုင္ခြင့္ဒုတိယအဆင့္ကို ဖြင့္ေပးလိုက္တာလား? အဲ့တာအရမ္းအႏၲရာယ္မမ်ားဘူးလား?"
ဟြာရွားမွာရွိတဲ့ စစ္သားတိုင္းတိက်တဲ့လုပ္ပိုင္ခြင့္ အဆင့္ေတြရွိၾကတယ္။ ရႈေယာင္ကေတာ့ အျမင့္ဆုံးေပါ့။ ဦးေလးမင္နဲ႔တပ္ရင္းေခါင္းေဆာင္ သူအပါအဝင္အျခားငါးေယာက္ေျခာက္ေယာက္ေလာက္ကလည္း အျမင့္ဆုံးအဆင့္မွာရွိတယ္။ ၿပီးမွ သာမာန္လုပ္ပိုင္ခြင့္ အဆင့္တစ္၊ အဆင့္ႏွစ္နဲ႔ အဆင့္သုံးတို႔လာတယ္။ အဆင့္ႏွစ္ဆိုတာ အရမ္းနိမ့္တယ္လို႔ထင္ရေပမယ့္ Flying Wolf စခန္းခြဲရဲ႕ေနရာေတာ္ေတာ္မ်ားကို လြတ္လြတ္လပ္လပ္သြားခြင့္ရေနေသးတယ္။
ရႈေယာင္က "ဘာအႏၲရာယ္မွမရွိဘူး၊ သူလာတုန္းက တစ္ေယာက္ေယာက္ကိုရွာခ်င္တယ္လို႔ေျပာထားတယ္.. ဒါေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ရက္တည္းက ဘာလႈပ္ရွားမႈမွမရွိေသးဘူး... သူဘယ္သူ႔ကိုရွာေနတာလဲဆိုတာသိခ်င္တယ္"
ယန္က်ဲ႕ေမးလိုက္တယ္ "တကယ္လို႔ သူကတစ္ေယာက္ေယာက္ကိုရွာသလို ဟန္ေဆာင္ၿပီး တကယ့္တကယ္တမ္းက်ေတာ့ တျခားတစ္ခုခုလုပ္မွာဆိုရင္ ဘယ္လိုလုပ္ၾကမလဲ?"
ရႈေယာင္ ယန္က်ဲ႕ကို အသာၾကည့္လိုက္တယ္ "ငါ့မ်က္စိေရွ႕မွာတင္ ငါ့ကိုလွည့္စားရဲတဲ့သူကို မင္းျမင္ဖူးလို႔လား?"
'ဟုတ္ကဲ့ ျမင္ဖူးပါတယ္!'
ယန္က်ဲ႕ဆက္ေျပာခ်င္ေပမယ့္ ဦးေလးမင္က သူ႔ကိုတားလိုက္တယ္။ ဦးေလးမင္က "ၿပီးခဲ့တဲ့ရက္ေတြက Mr.ေရွာင္လဲ့လုပ္ပုံကိုင္ပုံေတြက ဦးေလးတို႔ရွာေတြ႕ထားတဲ့ပုံေတြနဲ႔ တကယ့္ကိုအကြာႀကီးကြာတယ္၊ သူဟြာရွားကိုလာရတဲ့ အဓိကရည္႐ြယ္ခ်က္ကို အတည္မျပဳရေသးေပးမယ့္ သူ႔စိတ္ကူးကိုနားမလည္ေသးသေ႐ြ႕ သူ႔ကိုဘာေခါင္းစဥ္မွ တပ္လိုက္ဖို႔မသင့္ဘူး.. ေနာက္ၿပီးေတာ့ ဗိုလ္ခ်ဳပ္ႀကီး Mr.ေရွာင္လဲ့ကို ဇနီးအျဖစ္ဆက္ၿပီးထားထားဖို႔ ရည္႐ြယ္ထားတာလား?"
"ကြၽန္ေတာ့္ပါးစပ္ထဲေတာင္ ေရာက္ေနၿပီျဖစ္တဲ့အသားတုံးကို ကြၽန္ေတာ္ကေထြးပစ္လိုက္မယ္လို႔ ထင္ေနတာလား?"
အခုခ်ိန္မွာ သူ႔ပုံစံကအနည္းငယ္အူျမဴးေနမွန္း သိသာတယ္။ ဒါေပမယ့္ ထူးဆန္းတာက သူ႔စကားလုံးေတြကို တျခားသူေတြေမးခြန္းထုတ္မရတာပဲ။
ဦးေလးမင္နဲ႔ ယန္က်ဲ႕လည္း ဒီျပႆနာအေၾကာင္း ဘာမွဆက္မေျပာေတာ့ဘူး။ ႐ုတ္တရက္ အခုခ်ိန္မွ လဲ့ေယာင္က ရႈေယာင္ဆီကို ပထမဆုံးအႀကိမ္သူ႔ရဲ႕အသံဖိုင္ပို႔လာတယ္။
အျဖဴေရာင္ယုန္ေပါက္ : "ဗိုလ္ခ်ဳပ္ႀကီး ကြၽန္ေတာ္ခင္ဗ်ားရဲ႕ပုံႏွိပ္စကၠဴေတြသုံးလို႔ရလား? ဒီမွာပုံႏွိပ္စကၠဴတခ်ိဳ႕ရွိတယ္ထင္တယ္"
ရႈေယာင္လက္တန္းကို အသာဆုတ္ကိုင္ရင္း ၿပဳံးကာ "ဒါေပါ့ သုံးလို႔ရတယ္... ဒါေပမယ့္ စကၠဴတစ္႐ြက္ကို တစ္ကိုက္ေနာ္ ဘယ္လိုလဲ?"
လဲ့ေယာင္ေၾကာက္မေၾကာက္ေတာ့ မသိဘူး။ ဒါေပမယ့္ သူ႔messageကို ဘာမွမတုန႔္ျပန္လာေတာ့ဘူး။
ယန္က်ဲ႕အျမင္အရဆိုရင္ ရႈေယာင္ကသူ႔ရဲ႕ဇနီးေလးကို အလိုလိုက္သလိုပုံေပါက္ေနေပမယ့္ တကယ့္တကယ္တမ္းမွာေတာ့ တဖက္လူရဲ႕အသက္နဲ႔ဘဝကို အင္အားနဲ႔ထိန္းခ်ဳပ္ထားၿပီး တဖက္လူကိုသူ႔လက္ဖဝါးေပၚတင္ထားတာျဖစ္တယ္။ ႐ုတ္တရင္ သူအနည္းငယ္စြံအသြားသလိုခံစားရတယ္။ 'ဟုတ္သားပဲ.. သူဘာေၾကာင့္မ်ား ယုန္ေပါက္ေလးတစ္ေကာင္က Mr.ေျမေခြးကို လွည့္စားႏိုင္မယ္လို႔ ထင္မိသြားရတာလဲ? ဒါကျဖစ္မွမျဖစ္ႏိုင္တာ ဟုတ္တယ္မွတ္လား?'
hoverကား အိမ္ေဆာင္တစ္ခုနားကို အသံနိမ့္နိမ့္နဲ႔ဆင္းသက္လာတယ္။ တံခါးေပါက္ပြင့္သြားတဲ့အခါ ယန္က်ဲ႕တစ္ေယာက္ လဲ့ေယာင္အေပၚပူပန္ေနတာေတြ ဘာမွမေတြးေတာ့ဘဲ ထြက္လာလိုက္တယ္။
တစ္စုံတစ္ေယာက္က ရႈေယာင္ကိုေတြ႕ဖို႔အတြက္ ျမစ္ကမ္းေဘးနားက ဂူနားကေနထြက္လာၿပီး လွမ္းေအာ္တယ္ "ဗိုလ္ခ်ဳပ္ႀကီး"
"မင္း ဒီေနရာဆိုတာေသခ်ာလား?" ရႈေယာင္ေမးလိုက္တယ္။
"ဟုတ္ပါတယ္၊ ပုံမွန္မဟုတ္တဲ့စြမ္းအင္တစ္ခုက အာ႐ုံမတက္ခင္မွာ တက္လိုက္က်လိုက္ျဖစ္ေနၿပီး အာ႐ုံတက္သြားခ်ိန္မွာ ေပ်ာက္သြားပါတယ္" ထိုလူကျပန္ေျဖလိုက္တယ္။
ရႈေယာင္ဘာမွဆက္မေမးေတာ့ဘူး။ သူဂူဘက္ကို တိုက္႐ိုက္သြားၿပီး ဝင္သြားတယ္။
တစ္ခ်ိန္တည္းမွာပဲ လဲ့ေယာင္အရည္အေသြးေကာင္းတဲ့ မိတၱဴစကၠဴတစ္႐ြက္ထုတ္လိုက္တယ္။ အ႐ြယ္အစားကိုတိုင္းလိုက္ၿပီး ေဆာ့တဲ့ကဒ္ေတြအတြက္ သူညႇပ္ရမယ့္အေရအတြက္ကို ခ်ိန္ဆလိုက္တယ္။ သူမိတၱဴစကၠဴကို ေထာင့္မွန္စတုဂံအပိုင္းေလး ေျခာက္ဆယ့္ေလးခုရေအာင္ ညႇပ္လိုက္တယ္။ ညႇပ္ၿပီးေနာက္ ေဘာပင္အမည္းနဲ႔အနီကိုယူၿပီး နံပါတ္ A ကေန 10ထိ ဆြဲလိုက္တယ္။ အခ်င္း 2.5cm x 4cm ရွိတဲ့ စကၠဴပိုင္းအမ်ားႀကီးလုပ္လိုက္ၿပီး hearts, spades, diamonds နဲ႔ clubs ေတြအမ်ားႀကီးဆြဲလိုက္တယ္။
႐ိုး႐ိုးသားသားေျပာရရင္ ဒီေလာက္ေသးတဲ့စကၠဴပိစိေလးေတြေပၚမွာ ပုံဆြဲၿပီးသြားခ်ိန္မွာ သူ႔မ်က္လုံးေတြေတာင္ ကန္းသြားၿပီလားလို႔ ေတြးခဲ့မိတယ္။ ဒါေပမယ့္ ေနာက္တစ္႐ြက္ထပ္ကုန္မွာေၾကာက္လို႔ သူမနည္းထိန္းၿပီးလုပ္ေနရတယ္။ မိတၱဴစကၠဴက မိတၱဴစက္ရဲ႕အံထဲမွာထည့္ထားတာျဖစ္ၿပီး အရည္အေသြးကလည္း အရမ္းေကာင္းတယ္ဆိုေပမယ့္ အေရအတြက္ကအရမ္းနည္းတယ္။ သူသာစာ႐ြက္ေတြထပ္ယူလိုက္ရင္ ရႈေယာင္ခ်က္ခ်င္းသိသြားလိမ့္မယ္လို႔ ေတြးလိုက္မိတယ္။
A ကေန 10ထိဆြဲရတာေတာ့ အေတာ္ေလးလြယ္တယ္။ အကုန္လုံးက ႐ိုးရွင္းၿပီး ဂ်ီၾသေမတ်ီစာလုံးေတြခ်ည္းပဲျဖစ္တယ္။ ဒါေပမယ့္ J, Q, Kနဲ႔ jokerႏွစ္ခုကို ဆြဲရတဲ့အလွည့္က်ေတာ့ လဲ့ေယာင္တုန႔္ဆိုင္းသြားတယ္။ ဒီသူရဲေကာင္းေတြ၊ ဘုရင္ေတြ၊ ဘုရင္မေတြကို သူဘယ္လိုဆြဲရမွာလဲ အာ? အဲ့လိုနဲ႔အခ်ိန္အၾကာႀကီးစဥ္းစားၿပီးေနာက္ လက္ဖ်ားခါေလာက္တဲ့အႀကံတစ္ခုရသြားတယ္!
ေန႔ဝက္ေလာက္ၾကာေတာ့ စိတ္ေတြလြင့္ၿပီး ပ်င္းရိေနတဲ့ က်ီဖန္းယုနဲ႔ စုန႔္ဟယ္ေရွ႕ကို ႐ုတ္တရက္ကစားစရာဖဲထုတ္ေလးတစ္ခု ေရာက္လာတယ္! ကစားစရာကဒ္ေပၚမွာ ေရးထားတာကေတာ့ 'ပိုကာကဒ္မ်ား'တဲ့ေလ။ သူတို႔ေတြ အရမ္းေပ်ာ္သြားၿပီး ကဒ္ေတြကိုျမင္ဖို႔ေတာင္ မေစာင့္ႏိုင္ေတာ့ဘူး။ ဒါေပမယ့္ သူတို႔pokerဘူးကို ဖြင့္ၾကည့္လိုက္ခ်ိန္မွာ အ႐ြယ္အစားရယ္ ပိုကာကဒ္ေပၚက ပုံေတြရယ္ကို ျမင္လိုက္ခ်ိန္မွာ စြံ႕အၿပီး အေတာင့္လိုက္ႀကီးေတြျဖစ္သြားတယ္!
A ကေန 10ထိ အ႐ြယ္အစားနဲ႔ ႐ုပ္ပုံေတြနဲ႔ပက္သက္ၿပီး အဆင္ေျပေနပါေသးတယ္။ ၾကည့္ရတာ အားလုံးအဆင္ေျပေနေပမယ့္ ဖဲတစ္ဖုံစီမွာပါတဲ့ ကဒ္သုံးကဒ္ကလြဲလို႔ေပါ့! J, Q, K နဲ႔ အႀကီးနဲ႔အေသး '႐ုပ္ဆိုး'ဆိုတာက ဘာႀကီးလဲ?
လဲ့ေယာင္က Jကဒ္ရဲ႕အေပၚမွာ အ႐ိုးေျခာက္ပုံေလးေတြဆြဲထားၿပီး တစ္ေယာက္ခ်င္းစီက ဓားတစ္ေခ်ာင္း၊ ဓားရွည္၊ ေသနတ္နဲ႔ ဓားေျမႇာင္အစရွိတဲ့ မတူညီတဲ့လက္နက္ေတြထည့္ေပးထားတယ္။ Qကဒ္မွာက်ေတာ့လည္း အဲ့လိုပဲအ႐ိုးေျခာက္ပုံေလးေတြဆြဲထားၿပီး တစ္ေယာက္ခ်င္းစီက အနီေရာင္မက္မြန္ပန္းတစ္ပြင့္၊ အနက္ေရာင္မက္မြန္ပန္းတစ္ပြင့္၊ ေလးေထာင့္ပန္းတစ္ပြင့္နဲ႔ ဇီးပန္းတစ္ပြင့္စီပန္ေပးထားတယ္။ Kကဒ္မွာက်ျပန္ေတာ့လည္း ထပ္ၿပီးေတာ့အ႐ိုးေျခာက္ပုံေတြပဲျဖစ္ၿပီး တစ္ေယာက္ခ်င္းစီရဲ႕ေခါင္းမွာ သရဖူေလးေတြတစ္ခုစီတပ္ေပးထားၿပီးေတာ့ သရဖူတစ္ခုစီရဲ႕အေပၚမွာ ဘာေရးထားလဲဆိုတာ သိၾကရဲ႕လား?
King 1, King 2, King 3, King 4 တဲ့ေလ! [T/N : ေသပါၿပီေတာ္]
ပိုၿပီးစိတ္ပ်က္စရာေကာင္းတာက ဂ်ိဳကာေတြျဖစ္တယ္။ 'joker' ကဒ္ေတြကို 'clown'လို႔လည္း ေခၚၾကတယ္။ လဲ့ေယာင္က ေသခ်ာေရးရမွာပ်င္းလို႔ျဖစ္မယ္ အဲ့တာေၾကာင့္သူ '႐ုပ္ဆိုး'ႀကီးဆိုတာကို ေရာင္စုံဂ်ိဳကာပါတဲ့ စာ႐ြက္ပိုင္းမွာေရးထားၿပီး '႐ုပ္ဆိုး'ေလးဆိုတာကိုက်ေတာ့ အျဖဴအမည္းဂ်ိဳကာေပၚမွာေရးထားတယ္။
အခုကမနက္ပိုင္းျဖစ္ေနတာေၾကာင့္ က်ီဖန္းယု လဲ့ေယာင္ဆီပ်ံသြားၿပီး ကဒ္ကိစၥကိုမေက်မနပ္ေျပာမရျဖစ္ေနတယ္။ 'ဒါေပမယ့္ ဒါေတြကဆိုးလိုက္တာ! မဟုတ္ဘူး! ေတာ္ေတာ္ႀကီးကိုဆိုးဝါးတယ္!'
စုန႔္ဟယ္ အနီေရာင္မက္မြန္ပန္းနဲ႔ Qကဒ္ရဲ႕အစြန္နားေလးကို လက္မနဲ႔လက္ညႇိဳးၾကားကိုင္ထားၿပီး "ညီအစ္ကိုက်ီ၊ သူအေမႊးနံ႔သာကိုလုပ္ႏိုင္တယ္ဆိုတာ ေသခ်ာရဲ႕လား?"
က်ီေလ်ာင္ခဏေလာက္တိတ္သြားၿပီးမွ ေျပာလာတယ္ "အရင္ဆုံးဒီကဒ္ေတြနဲ႔ ေဆာ့ၾကရေအာင္"
ေယဘုယ်အားျဖင့္ေျပာရမယ္ဆိုရင္ ေသဆုံးသူေတြအတြက္မီးရႈိ႕ေပးဖို႔ဆို အ႐ြယ္အစားမလိုဘူး။ အဲ့တာေတြကို ေသးေသးေလးနဲ႔ ျဖစ္ႏိုင္ရင္အတိအက်လုပ္ေပးရတာေၾကာင့္ လဲ့ေယာင္ကအဲ့တာေတြေနာက္မွာ ရွိသင့္တဲ့အ႐ြယ္အစားေတြကို ထည့္ေရးေပးဖို႔လိုတယ္။ မီးရႈိ႕လိုက္တဲ့ပစၥည္းေတြက ေျမေအာက္ေလာကကိုေရာက္ရင္ ေ႐ႊဒဂၤါးေတြျဖစ္ေစတာကလြဲရင္ သူ႔ေပၚမွာေရးထားတဲ့အတိုင္း ေျပာင္းလဲသြားတယ္။ ဒါေပမယ့္ အခုလိုဆို လဲ့ေယာင္ကပိုကာကဒ္ေတြေနာက္မွာ အ႐ြယ္အစားေရးဖို႔ေမ့သြားပုံရတယ္။
လဲ့ေယာင္တကယ္ႀကီး အ႐ြယ္အစားကိုေရးဖို႔ေမ့သြားတာျဖစ္တယ္။ ကဒ္ေတြေပၚမွာ အေသးစိတ္လုပ္ရတာနဲ႔တင္ သူ႔ေက်ာနဲ႔မ်က္စိေတြနာေနၿပီျဖစ္တယ္။ ဆြဲၿပီးသြားတာ အရမ္းေကာင္းတယ္! ၿပီးတာနဲ႔သူအဲ့ကဒ္အေသးေလးေတြကို ယူကာေရခ်ိဳးခန္းထဲမွာ ရႈိ႕လိုက္ၿပီး သူ႔အတြက္ေန႔လည္စာသြားလုပ္ေတာ့တယ္။
အျပင္မွာမိုး႐ြာေနတုန္းပဲ။ က်ီဖန္းယုနဲ႔ သူ႔ညီအစ္ကိုေတြေတာ့ ေသခ်ာေပါက္အခ်ိန္ေကာင္းေလးျဖစ္ေနေတာ့မွာပဲလို႔ ေတြးလိုက္တယ္၊ ဟုတ္တယ္မွတ္လား?
တကယ့္တကယ္ ေျမေအာက္ေလာကရဲ႕လက္ရွိအေျခအေနကေတာ့ ဒီလိုရွိပါတယ္...
စုန႔္ဟယ္ ပိုကာကဒ္ေတြကို ႐ိုက္ခ်ၿပီး စားပြဲကိုတြန္းလိုက္တယ္ "ပုံစံတူသုံးခုကြ!"
က်ီဖန္းယု ကဒ္ကိုၾကည့္ၿပီး ေၾကာင္အေနတယ္ "အဲ့မွာ ႏွစ္ခုတည္းရွိေနတယ္မွတ္လား? တတိယတစ္ခုက ဘယ္ေရာက္သြားတာလဲ?"
ဝမ္ေဖးရွမ်က္ႏွာကိုအုပ္ကာ ေခါင္းရမ္းလိုက္တယ္ "ဒါေတြက အရမ္းေသးၿပီး ေပါ့ေပါ့ေလးေတြျဖစ္ေနတယ္... အဲ့ထဲကတစ္ခုက စားပြဲဆီမေရာက္ခင္ ေလတိုက္ၿပီး လြင့္သြားတယ္ေလ... မင္းတို႔မျမင္လိုက္ဘူးလား?"
စုန႔္ဟယ္ : "..."
က်ီဖန္းယု : "..."
____________________________________
{Unicode}
•လဲ့ယောင်၏ပိုကာကဒ်လေးများ•
နောက်တစ်ရက်လဲ့ယောင်နိုးလာချိန်မှာ အပြင်ဘက်မှာမိုးတွေရွာနေတယ်။ သူအိပ်ယာပေါ်မှာ ကြက်ခြံလိုရှုပ်ပွနေတဲ့ ဆံပင်တွေနဲ့ထိုင်နေပြီး မျက်လုံးကလည်းဝါးတားတားဖြစ်နေတုန်းပဲ။ ရင်းနှီးနေတဲ့ringtoneသံကိုကြားတော့ ရုတ်တရက်စိတ်လှုပ်ရှားစွာ သူ့ရဲ့စကားပြောစက်ကို ကြည့်လိုက်တယ်။ သူ့ရဲ့ချေးငွေတွေအကုန် ရှင်းပြီးသွားပြီဆိုတာ မြင်လိုက်တော့မှ အလုံးကြီးကျသွားတော့တယ်။
"ဘာလုပ်နေတာလဲ? ပိုက်ဆံထပ်ပြီး လွှဲယူခံရမှာကြောက်နေတာလား?" သူ့ဘေးနားက ဗိုလ်ချုပ်ကြီးကခပ်အက်အက်အသံနဲ့ ပြောတယ်။
"မဟုတ်ပါဘူး!" လဲ့ယောင်သူ့ကို စိုက်ကြည့်လိုက်တယ်။ ရှုယောင်ရဲ့အသံက နိုးလာချိန်ဆို အသံသြသြနဲ့ အက်ရှရှကြီးဖြစ်တယ်။ အဲ့လိုဆိုသူ့ရင်ထဲမှာ ထူးဆန်းတဲ့ခံစားမှုတစ်ခုဖြစ်လာပြီး ပူလာတတ်တယ်။ တကယ်လို့ရှုယောင်ပုံက နေ့တိုင်းသူ့ကိုစနောက်ဖို့ အကြံဆိုးကြီးရှိနေတဲ့သူတစ်ယောက်နဲ့ မတူရင်တော့ ပိုကောင်းမှာပေါ့။
သူ့ကိုအချိန်ခဏလောက်ကြည့်ပြီးတော့မှ လဲ့ယောင်မတ်တပ်ရပ်ကာ ခေါင်းကိုမော့ ရင်ကိုဖွင့်ပြီးတိုက်ပွဲဝင်တော့မလို အားအင်အပြည့်နဲ့ မီးဖိုချောင်ဆီ မြောက်ကြွမြောက်ကြွချီတက်သွားတယ်။
သူ့ဇနီးလေးရဲ့ တက်ကြွတဲ့ကြက်ဖလိုပုံမျိုးလေးကို မြင်တော့ ရှုယောင်လည်းအိပ်ယာထဲနေချင်စိတ်ပျောက်ပြီး ထလာလိုက်တယ်။ မိုးစင်စင်မလင်းသေးပေမယ့် ရေချိုးပြီးတော့ ထုံးစံအတိုင်းတဘက်တစ်ထည်ခါးမှာပတ်ပြီး ထွက်လာတယ်။ ဆိုဖာပေါ်မှာထိုင်ပြီး ဆေးလိပ်မီးညှိကာ အကျင့်ဖြစ်နေတဲ့အတိုင်း လက်ဖက်ရည်စားပွဲပေါ် သူ့ရဲ့ခြေထောက်ရှည်ကြီးနှစ်ချောင်းလုံးတင်ကာ သူ့ရဲ့IAက ပြောပြပေးနေတဲ့ မနက်ပိုင်းစစ်ရေးသတင်းတွေကို နားထောင်နေတယ်။[T/N : IA - intelligent assistant]
ခဏကြာတော့ ရှုယောင်လှမ်းအော်ပြောလာတယ် "လဲ့ယောင်ယောင်ရေ ကိုယ့်ကို ရေတစ်ခွက်လောက်!"
အဲ့တာကိုကြားတော့ လဲ့ယောင်ချက်ချင်း သူ့ဆပ်ရမယ့်ယွမ်နှစ်သန်းကျော်ကို တွေးမိလိုက်တယ်။ သူ့ရဲ့ကျေးဇူးရှင်ကြီးစကားကို မနာခံလို့ဘယ်ဖြစ်မလဲ? အဲ့တော့ သူဇနီးကောင်းလေးတစ်ယောက်လို ပြန်မေးလိုက်တယ် "အအေးလား အပူလား?"
ရှုယောင်က "အအေး"
လဲ့ယောင်မြန်မြန်လေး ရေအေးအေးတစ်ခွက်ခပ်ပြီး ရှုယောင်ကိုပေးလိုက်တယ်။ နာခံတတ်တဲ့ခွေးပေါက်လေးလို ဒီလိုစကားလုံးတွေပြောလိုက်တယ် "ဗိုလ်ချုပ်ကြီး ခင်ဗျားအတွက်ရေပါ"
ရှုယောင်ခွက်ကို ယူကာ မျက်လုံးပင့်ပြီးမေးလိုက်တယ် "ကိုယ်မှတ်မိသလောက်ဆိုရင်တော့ တစ်စုံတစ်ယောက်က မနေ့ညကကိုယ့်ဆီကနေ ဇနီးအမည်ခံပြီး ပိုက်ဆံချေးသွားတာလားလို့? အခုကိုယ့်ကို ဘယ်လိုခေါ်လိုက်တာလဲ?"
လဲ့ယောင်ဆုံးဖြတ်ချက်တစ်ခု မြန်မြန်ချလိုက်တယ် "အစ်ကိုကြီးရှု!"
"ကိုယ့်မှာ ညီအစ်ကိုတွေလိုမနေဘူး" ရှုယောင်ပြတ်ပြတ်သားသားပြောလိုက်တယ်။
လဲ့ယောင် "..." 'ရှုယောင်၊ မင်းသေတော့မယ်! ဒီညငါ့ရဲ့သရဲညီအစ်ကိုတွေကို ခင်ဗျားကိုယ်ပေါ်တက်နင်းခိုင်းရင် မင်းငါ့ကိုစနောက်နိုင်အုံးမလား ကြည့်ကြတာပေါ့?'
ယုန်ပေါက်လေးရဲ့မျက်လုံးရဲရဲလေးတွေက တွင်းနက်ကြီးလိုနက်မှောင်နေတဲ့ ဝံပုလွေကြီးရဲ့မျက်လုံးထဲကို မိုက်ကြည့်ကြည့်နေတယ်။ ထုံးစံအတိုင်းယုန်လေးပဲ အရှုံးပေးလိုက်ရတယ် "အား! ငါ့ရဲ့မနက်စာတွေတော့ ပျက်ကုန်တော့မှာပဲ!"
အဲ့လိုပြောပြီး မီးဖိုချောင်ထဲအမြန်ပြေးသွားတယ်။ သူ့အမြှီးကိုတက်နင်းခံလိုက်ရသလို ခပ်သုတ်သုတ်ပြေးသွားတဲ့ ပုံရိပ်လေးကို ရှုယောင်ကြည့်နေလိုက်တယ်။
မနက်စာလုပ်နေရင်း သူ့စိတ်ထဲပိုရင်းနှီးသွားအောင် လဲ့ယောင်ကြိုးစားပြီး ခေါ်ကြည့်လိုက်တယ်။ 'ယောကျာ်း?' 'အချစ်လေး?' 'ဘုရားသခင် ငါသူ့ကိုဘယ်လိုခေါ်ရမှာလဲ? တစ်ကိုယ်လုံး ကြက်သီးတွေတောင်ထတယ်!' ရှုယောင်ဘာလုပ်နေလဲဆိုတာသိဖို့ ခိုးကြောင်ခိုးဝှက်လှည့်ကြည့်လိုက်တယ်။ ရှုယောင်ကမီးဖိုချောင်ဘက်ကြည့်နေတာကိုလည်း မြင်ရော သူမြန်မြန်ကျောပေးပြီး အသီးအရွက်တွေပဲဆက် လှီးနေလိုက်တယ်။
'ဂလုံ-ဂလွမ် ဂလုံ-ဂလွမ်!' မနက်စောစောစီးစီး ဗိုလ်ချုပ်ကြီးရဲ့ဇနီးလေးကတော့ သူတစ်ယောက်တည်းနဲ့တင် မီးဖိုချောင်ကိုသက်ဝင်လှုပ်ရှားအောင် လုပ်ပေးနေတယ်။
ရှုယောင်ကတော့ သူ့ကိုစိတ်ကွက်တာတောင် မဖြစ်မိဘူး။ သူစစ်ရေးသတင်းတွေပဲ ဆက်ကြည့်နေလိုက်တယ်။ စားပွဲပေါ်မှ စားစရာအနံ့တွေထွက်လာတော့ ထမင်းစားပွဲထိပ်မှာ နေရာယူလိုက်တယ်။ ဒီနေ့မနက်စာက အမယ်မတူတာကိုသတိထားမိသွားတယ်။ ပေါင်မုန့်၊ အသားကင်၊ အရွက်သုပ်၊ ဖျော်ရည်နဲ့ အရောင်အသွေးစုံလှတဲ့စားစရာအပြင် မွှေးပျံ့ကာ အာဟာရအများကြီးပါတယ်။ ရုတ်တရက် စိတ်ထဲကြည်နူးသွားပြီး ဒီမနက်စာကိုတစ်စုံတစ်ယောက်က သူ့တစ်ယောက်တည်းအတွက်ပြင်ပေးထားတာကြောင့် ဝမ်းသာသွားတယ်။
"ခင်ဗျားဒီလိုစားစရာတွေကို စားလို့အသားကျပါ့မလားတော့ ကျွန်တော်မသိဘူး" လဲ့ယောင်ပြောလိုက်တယ်။ "ဘာပဲဖြစ်ဖြစ် နေတိုင်းမတူတာတွေချက်ပေးနိုင်ဖို့ ကြိုးစားမှာပါ အဲ့တာကြောင့် မပျင်းစေရဘူး၊ တကယ်လို့ တစ်ခုခုကစားမကောင်းဘူးဆိုရင် ကျွန်တော့်ကိုတိုက်ရိုက်ပြောပါ.. နောက်တစ်ကြိမ်ကျွန်တော်မချက်တော့ဘူး" [T/N : ပိုက်ဆံမျက်နှာကြီးလိုက်တာ]
ရှုယောင်ရှည်ကြာတဲ့တိုက်ပွဲတုန်းက သည်းခံပြီးဖြတ်ကျော်ခဲ့ရတယ်။ ကောင်းကောင်းစားနိုင်ဖို့မပြောနဲ့ စားစရာတောင် ပေါပေါများများမရှိတာကြောင့် ခုလိုသူ့ဇနီးလေးက သေချာအားစိုက်ထုတ်ပြီးလုပ်ပေးထားတာကို ဘယ်ငြင်းနိုင်ပါ့မလဲ? သူမတတ်သာဘဲချီးကျူးလိုက်ပေမယ့် အမှန်ကိုလည်းပြောရသေးတယ် "ယုန်ပေါက် မင်းဘာလို့ဒီမနက်အရမ်းစိတ်ကောင်းဝင်နေတာလဲ?"
"ဒါကိုစိတ်ကောင်းဝင်တယ်လို့ မခေါ်ဘူး အခြေအနေကိုသိတယ်လို့ခေါ်တယ်" လဲ့ယောင်ပြန်ဖြေလိုက်တယ်။ "ကျွန်တော့်ရဲ့ကျေးဇူးရှင်ကို ကောင်းကောင်းပြုစုရမှာပေါ့... ဒါနဲ့ ဒီမှာကျွန်တော်အလုပ်လုပ်လို့ရတဲ့ နေရာများရှိလား?"
ရှုယောင်ပြန်ပြောတယ် "မရှိဘူး ကိုယ်တို့ကစစ်မြေပြင်ကိုရောက်နေတာဆိုတော့ ကိုယ်တို့အများဆုံးလိုတာ စစ်သားတွေပဲရှိတယ်၊ မင်းက ဒီမှာမရှိသလောက်ရှားတဲ့ omegaဆိုတော့ မင်းနဲ့သင့်တော်တဲ့အလုပ်မရှိဘူး... ပြီးတော့ မင်းဘာလုပ်နိုင်တယ်ထင်လဲ? ကိုယ်မှတ်မိတာမှန်တယ်ဆို မင်းကျောင်းသားပဲရှိသေးတယ်လေ"
လဲ့ယောင်စိတ်ထဲမှာတိတ်တိတ်လေးပြောလိုက်တယ် 'ဟုတ်ပါတယ်၊ ပြီးတော့ ကျောင်းမှာလည်း ချာတူးလန်အမှတ်တွေနဲ့လေ'
အမှန်က လွန်ခဲ့တဲ့နှစ် ၅၀၀ကျော်ကမ္ဘာမှာတုန်းက သူကကျောင်းသားကောင်းတစ်ယောက်ဖြစ်ခဲ့ပေမယ့် ဒီမှာတော့သူသင်ခဲ့တာတွေက သုံးလို့သင့်တော်မှာ ဒါမှမဟုတ်သုံးလို့ရမှာမဟုတ်တော့ဘူး။ ပြီးတော့လည်း အဲ့လိုစကေးနဲ့ဆိုရင် အလုပ်ကောင်းတစ်ခုကိုရှာဖို့ အရမ်းခက်လိမ့်မယ်။ ပြီးတော့လည်းသူနဲ့အရင်းနှီးဆုံးဖြစ်တဲ့ ဒဿနိကဗေဒကို ဒီမှာတစ်ယောက်မှယုံကြမှာမဟုတ်ဘူး။
"ဒီနေ့မင်းဘာလုပ်မှာလဲ?" ရှုယောင်ရုတ်တရက်မေးလိုက်တယ်။
"ကြည့်ရအောင်.. တကယ်လို့တစ်နေ့လုံးမိုးရွာနေရင် ကျွန်တော်အိမ်မှာပဲ ပုံဆွဲတာဖြစ်ဖြစ်လုပ်ပြီး အချိန်ဖြုန်းတော့မယ်"
"မင်းပုံဆွဲနိုင်တာလား?"
"ဒါပေါ့ လူတိုင်းလုပ်နိုင်တာပဲ မဟုတ်လား?" အကယ်လို့သူပုံမဆွဲတတ်ရင် သူ့ညီအစ်ကိုတွေဖဲကစားနိုင်ဖို့ သူဘယ်လိုလုပ်ပေးနိုင်မှာလဲ?
အစကတော့ မနက်စာစားပြီးသွားရင် ဦးလေးမင်အားလားဆိုတာ လဲ့ယောင်သွားကြည့်ချင်ခဲ့တာ။ တကယ်လို့ သူအားရင် ဦးလေးမင်နဲ့တင်ပေါ်သွားမလို့။ အမွှေးနံ့သာလုပ်ဖို့ ကုန်ကြမ်းအဖြစ်သစ်ပင်အချို့က သစ်ကိုင်းလေးတွေလိုတာကြောင့် ဖြစ်တယ်။ ဒါပေမယ့် ဒီနေ့မိုးပဲရွာနေတာကြောင့် သူ့အကြံကိုဖျက်မှရမယ်။ ဒီလိုရာသီဥတုမှာ တောင်ပေါ်တက်ဖို့ဆိုတာ သေချာပေါက်မဖြစ်နိုင်ဘဲ အန္တရာယ်များတယ်။
ရှုယောင်မေးခွန်းတွေ ဆက်မထုတ်တော့ဘူး။ မိုးရွာနေလည်း သူလုပ်စရာရှိနေတာကြောင့် စစ်ယူနီဖောင်းကို ပြင်ဆင်ပြီး ကော်လာကိုသေချာပြင်ကာ လဲ့ယောင်ကို လက်ယမ်းခေါ်လိုက်တယ် "ယောင်ယောင် ဒီနားလာပါအုံး"
"ဟမ် ဘာလို့လဲ?" လဲ့ယောင်မေးလိုက်တယ်။
ရှုယောင်သူ့လက်ကို ဆွဲပြီး လက်ချောင်းတစ်ချောင်းကိုရွေးကာ ဘာမှမပြောဘဲသူ့ရဲ့ဆက်သွယ်ရေးစက်ပေါ်တင်လိုက်တယ်။ "Leslie ငါ့ဇနီးလေးရဲ့ကိုယ်ရေးအချက်အလက်တွေကို မှတ်ထားပြီး သူ့ကိုတစ်ချိန်တည်းမှာ လုပ်ပိုင်ခွင့်ဒုတိယအဆင့်သုံးခွင့်ရအောင် ဖွင့်ပေးလိုက်"
Leslieပြန်ဖြေတယ် "ဟုတ်ကဲ့ပါ ဗိုလ်ချုပ်ကြီး"
ဆက်သွယ်ရေးစက်ပေါ်မှာ အပြာရောင်အလင်းစက်လေးပေါ်လာပြီးနောက် အလင်းတွေဆက်တိုက်ထွက်ပေါ်လာကာ အချင်းတစ်မီတာလောက်ရှိတဲ့ အလင်းတစ်ခုပေါ်လာတယ်။ ဒီအလင်းက လဲ့ယောင်တစ်ကိုယ်လုံး ဖုံးအုပ်သွားပြီး အပေါ်အောက် အပြန်ပြန်အလှန်လှန် scanဖတ်နေတယ်။ Leslieပြောလိုက်တယ် "ဗိုလ်ချုပ်ကြီးကို သတင်းပို့ပါတယ်၊ Madamရဲ့ကိုယ်ရေးအချက်အလက်တွေကို မှတ်ပြီး လုပ်ပိုင်ခွင့်ဒုတိယအဆင့်ကို အောင်အောင်မြင်မြင်ဖွင့်ပေးပြီးပါပြီ"
အလင်းရောင်ပျောက်သွားတာတွေ့တော့ လဲ့ယောင်သူ့လက်ကိုပြန်ဆွဲပေမယ့် ရှုယောင်ကတော့သူ့လက်ကိုမလျော့ပေးသေးဘူး
"ဘာလုပ်တာလဲ?" လဲ့ယောင်မေးလိုက်တယ်။
ရှုယောင်သူ့ရဲ့လက်မနဲ့ လဲ့ယောင်လက်ဖဝါးကို ပွတ်သပ်ပြီး "မင်းဒီတစ်လျှောက်လုံး ဘာတွေစားလာတာလဲ? ဘယ်လိုဖြစ်လို့ မင်းအသားအရေက အရမ်းနုဖတ်နေရတာလဲ?"
သူအဲ့လိုပြောပြီးတာနဲ့ ရှုယောင်လက်ကိုလွှတ်ပေးပြီး ပြုံးကာ "ကိုယ်မင်းကိုတာဝန်ပေးခဲ့မယ်၊ ကိုယ်ပြန်မလာခင် မင်းကိုယ့်ကိုဘယ်လိုခေါ်မလဲဆိုတာ စဉ်းစားထားလိုက်... မှတ်ထားနော် ကိုယ်ကထူးခြားပြီး ကြင်ကြင်နာနာရှိမယ့်ဟာမျိုးလိုချင်တယ်"
အဲ့နောက် လဲ့ယောင်သဘောတူတူမတူတူ ဂရုမစိုက်ဘဲ လှည့်ကာမိုးရေထဲလျှောက်ထွက်သွားတယ်။
လဲ့ယောင် အပူလောင်ထားသလိုခံစားနေရတဲ့ သူ့လက်ဖဝါးကိုပွတ်ရင်း ရင်အခုန်မြန်နေကာ ဒေါသလည်းထွက်နေတယ်။ စိတ်သက်သာဖို့လက်နဲ့မျက်နှာကို ယက်ခပ်သလိုမြန်မြန်ခပ်လိုက်ပြီး ရေအေးခွက်ကြီးနှစ်ခွက်သောက်လိုက်တယ်။ 'ဟမ် ငါဘာတွေဖြစ်နေတာလဲ?'
ထိုအချိန် ဦးလေးမင်နဲ့ယန်ကျဲ့လည်း ခြံထဲလျှောက်လာပြီး ရှုယောင်ရဲ့hoverကားပေါ်တက်လိုက်တယ်။ hoverကားက ဖြေးဖြေးချင်းထွက်ခွာသွားတယ်။
"ဗိုလ်ချုပ်ကြီး Madamရဲ့ ဆက်သွယ်ရေးစက်မော်နီတာမှာ သူ့အပူချိန်က တစ်နဲ့နှစ်ဒီဂရီကြားတောက်လျှောက်တိုးနေတယ်လို့ ပြနေပါတယ်" Leslieပြောလိုက်တယ်။
"ဆက်သွယ်ရေးစက်မော်နီတာနဲ့ လုပ်ပိုင်ခွင့်ဒုတိယအဆင့်မှာပါတဲ့ အသေးစိတ်စွမ်းရည်တွေအကြောင်း သတိပေးလိုက်အုံး" ရှုယောင်အမိန့်ပေးလိုက်တယ်။
Leslie "ဟုတ်ကဲ့ပါ ဗိုလ်ချုပ်ကြီး"
ယန်ကျဲ့တုန်လှုပ်သွားတယ် "အစ်ကိုကြီးရှု လဲ့ယောင်အတွက် လုပ်ပိုင်ခွင့်ဒုတိယအဆင့်ကို ဖွင့်ပေးလိုက်တာလား? အဲ့တာအရမ်းအန္တရာယ်မများဘူးလား?"
ဟွာရှားမှာရှိတဲ့ စစ်သားတိုင်းတိကျတဲ့လုပ်ပိုင်ခွင့် အဆင့်တွေရှိကြတယ်။ ရှုယောင်ကတော့ အမြင့်ဆုံးပေါ့။ ဦးလေးမင်နဲ့တပ်ရင်းခေါင်းဆောင် သူအပါအဝင်အခြားငါးယောက်ခြောက်ယောက်လောက်ကလည်း အမြင့်ဆုံးအဆင့်မှာရှိတယ်။ ပြီးမှ သာမာန်လုပ်ပိုင်ခွင့် အဆင့်တစ်၊ အဆင့်နှစ်နဲ့ အဆင့်သုံးတို့လာတယ်။ အဆင့်နှစ်ဆိုတာ အရမ်းနိမ့်တယ်လို့ထင်ရပေမယ့် Flying Wolf စခန်းခွဲရဲ့နေရာတော်တော်များကို လွတ်လွတ်လပ်လပ်သွားခွင့်ရနေသေးတယ်။
ရှုယောင်က "ဘာအန္တရာယ်မှမရှိဘူး၊ သူလာတုန်းက တစ်ယောက်ယောက်ကိုရှာချင်တယ်လို့ပြောထားတယ်.. ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ရက်တည်းက ဘာလှုပ်ရှားမှုမှမရှိသေးဘူး... သူဘယ်သူ့ကိုရှာနေတာလဲဆိုတာသိချင်တယ်"
ယန်ကျဲ့မေးလိုက်တယ် "တကယ်လို့ သူကတစ်ယောက်ယောက်ကိုရှာသလို ဟန်ဆောင်ပြီး တကယ့်တကယ်တမ်းကျတော့ တခြားတစ်ခုခုလုပ်မှာဆိုရင် ဘယ်လိုလုပ်ကြမလဲ?"
ရှုယောင် ယန်ကျဲ့ကို အသာကြည့်လိုက်တယ် "ငါ့မျက်စိရှေ့မှာတင် ငါ့ကိုလှည့်စားရဲတဲ့သူကို မင်းမြင်ဖူးလို့လား?"
'ဟုတ်ကဲ့ မြင်ဖူးပါတယ်!'
ယန်ကျဲ့ဆက်ပြောချင်ပေမယ့် ဦးလေးမင်က သူ့ကိုတားလိုက်တယ်။ ဦးလေးမင်က "ပြီးခဲ့တဲ့ရက်တွေက Mr.ရှောင်လဲ့လုပ်ပုံကိုင်ပုံတွေက ဦးလေးတို့ရှာတွေ့ထားတဲ့ပုံတွေနဲ့ တကယ့်ကိုအကွာကြီးကွာတယ်၊ သူဟွာရှားကိုလာရတဲ့ အဓိကရည်ရွယ်ချက်ကို အတည်မပြုရသေးပေးမယ့် သူ့စိတ်ကူးကိုနားမလည်သေးသရွေ့ သူ့ကိုဘာခေါင်းစဉ်မှ တပ်လိုက်ဖို့မသင့်ဘူး.. နောက်ပြီးတော့ ဗိုလ်ချုပ်ကြီး Mr.ရှောင်လဲ့ကို ဇနီးအဖြစ်ဆက်ပြီးထားထားဖို့ ရည်ရွယ်ထားတာလား?"
"ကျွန်တော့်ပါးစပ်ထဲတောင် ရောက်နေပြီဖြစ်တဲ့အသားတုံးကို ကျွန်တော်ကထွေးပစ်လိုက်မယ်လို့ ထင်နေတာလား?"
အခုချိန်မှာ သူ့ပုံစံကအနည်းငယ်အူမြူးနေမှန်း သိသာတယ်။ ဒါပေမယ့် ထူးဆန်းတာက သူ့စကားလုံးတွေကို တခြားသူတွေမေးခွန်းထုတ်မရတာပဲ။
ဦးလေးမင်နဲ့ ယန်ကျဲ့လည်း ဒီပြဿနာအကြောင်း ဘာမှဆက်မပြောတော့ဘူး။ ရုတ်တရက် အခုချိန်မှ လဲ့ယောင်က ရှုယောင်ဆီကို ပထမဆုံးအကြိမ်သူ့ရဲ့အသံဖိုင်ပို့လာတယ်။
အဖြူရောင်ယုန်ပေါက် : "ဗိုလ်ချုပ်ကြီး ကျွန်တော်ခင်ဗျားရဲ့ပုံနှိပ်စက္ကူတွေသုံးလို့ရလား? ဒီမှာပုံနှိပ်စက္ကူတချို့ရှိတယ်ထင်တယ်"
ရှုယောင်လက်တန်းကို အသာဆုတ်ကိုင်ရင်း ပြုံးကာ "ဒါပေါ့ သုံးလို့ရတယ်... ဒါပေမယ့် စက္ကူတစ်ရွက်ကို တစ်ကိုက်နော် ဘယ်လိုလဲ?"
လဲ့ယောင်ကြောက်မကြောက်တော့ မသိဘူး။ ဒါပေမယ့် သူ့messageကို ဘာမှမတုန့်ပြန်လာတော့ဘူး။
ယန်ကျဲ့အမြင်အရဆိုရင် ရှုယောင်ကသူ့ရဲ့ဇနီးလေးကို အလိုလိုက်သလိုပုံပေါက်နေပေမယ့် တကယ့်တကယ်တမ်းမှာတော့ တဖက်လူရဲ့အသက်နဲ့ဘဝကို အင်အားနဲ့ထိန်းချုပ်ထားပြီး တဖက်လူကိုသူ့လက်ဖဝါးပေါ်တင်ထားတာဖြစ်တယ်။ ရုတ်တရင် သူအနည်းငယ်စွံအသွားသလိုခံစားရတယ်။ 'ဟုတ်သားပဲ.. သူဘာကြောင့်များ ယုန်ပေါက်လေးတစ်ကောင်က Mr.မြေခွေးကို လှည့်စားနိုင်မယ်လို့ ထင်မိသွားရတာလဲ? ဒါကဖြစ်မှမဖြစ်နိုင်တာ ဟုတ်တယ်မှတ်လား?'
hoverကား အိမ်ဆောင်တစ်ခုနားကို အသံနိမ့်နိမ့်နဲ့ဆင်းသက်လာတယ်။ တံခါးပေါက်ပွင့်သွားတဲ့အခါ ယန်ကျဲ့တစ်ယောက် လဲ့ယောင်အပေါ်ပူပန်နေတာတွေ ဘာမှမတွေးတော့ဘဲ ထွက်လာလိုက်တယ်။
တစ်စုံတစ်ယောက်က ရှုယောင်ကိုတွေ့ဖို့အတွက် မြစ်ကမ်းဘေးနားက ဂူနားကနေထွက်လာပြီး လှမ်းအော်တယ် "ဗိုလ်ချုပ်ကြီး"
"မင်း ဒီနေရာဆိုတာသေချာလား?" ရှုယောင်မေးလိုက်တယ်။
"ဟုတ်ပါတယ်၊ ပုံမှန်မဟုတ်တဲ့စွမ်းအင်တစ်ခုက အာရုံမတက်ခင်မှာ တက်လိုက်ကျလိုက်ဖြစ်နေပြီး အာရုံတက်သွားချိန်မှာ ပျောက်သွားပါတယ်" ထိုလူကပြန်ဖြေလိုက်တယ်။
ရှုယောင်ဘာမှဆက်မမေးတော့ဘူး။ သူဂူဘက်ကို တိုက်ရိုက်သွားပြီး ဝင်သွားတယ်။
တစ်ချိန်တည်းမှာပဲ လဲ့ယောင်အရည်အသွေးကောင်းတဲ့ မိတ္တူစက္ကူတစ်ရွက်ထုတ်လိုက်တယ်။ အရွယ်အစားကိုတိုင်းလိုက်ပြီး ဆော့တဲ့ကဒ်တွေအတွက် သူညှပ်ရမယ့်အရေအတွက်ကို ချိန်ဆလိုက်တယ်။ သူမိတ္တူစက္ကူကို ထောင့်မှန်စတုဂံအပိုင်းလေး ခြောက်ဆယ့်လေးခုရအောင် ညှပ်လိုက်တယ်။ ညှပ်ပြီးနောက် ဘောပင်အမည်းနဲ့အနီကိုယူပြီး နံပါတ် A ကနေ 10ထိ ဆွဲလိုက်တယ်။ အချင်း 2.5cm x 4cm ရှိတဲ့ စက္ကူပိုင်းအများကြီးလုပ်လိုက်ပြီး hearts, spades, diamonds နဲ့ clubs တွေအများကြီးဆွဲလိုက်တယ်။
ရိုးရိုးသားသားပြောရရင် ဒီလောက်သေးတဲ့စက္ကူပိစိလေးတွေပေါ်မှာ ပုံဆွဲပြီးသွားချိန်မှာ သူ့မျက်လုံးတွေတောင် ကန်းသွားပြီလားလို့ တွေးခဲ့မိတယ်။ ဒါပေမယ့် နောက်တစ်ရွက်ထပ်ကုန်မှာကြောက်လို့ သူမနည်းထိန်းပြီးလုပ်နေရတယ်။ မိတ္တူစက္ကူက မိတ္တူစက်ရဲ့အံထဲမှာထည့်ထားတာဖြစ်ပြီး အရည်အသွေးကလည်း အရမ်းကောင်းတယ်ဆိုပေမယ့် အရေအတွက်ကအရမ်းနည်းတယ်။ သူသာစာရွက်တွေထပ်ယူလိုက်ရင် ရှုယောင်ချက်ချင်းသိသွားလိမ့်မယ်လို့ တွေးလိုက်မိတယ်။
A ကနေ 10ထိဆွဲရတာတော့ အတော်လေးလွယ်တယ်။ အကုန်လုံးက ရိုးရှင်းပြီး ဂျီသြမေတျီစာလုံးတွေချည်းပဲဖြစ်တယ်။ ဒါပေမယ့် J, Q, Kနဲ့ jokerနှစ်ခုကို ဆွဲရတဲ့အလှည့်ကျတော့ လဲ့ယောင်တုန့်ဆိုင်းသွားတယ်။ ဒီသူရဲကောင်းတွေ၊ ဘုရင်တွေ၊ ဘုရင်မတွေကို သူဘယ်လိုဆွဲရမှာလဲ အာ? အဲ့လိုနဲ့အချိန်အကြာကြီးစဉ်းစားပြီးနောက် လက်ဖျားခါလောက်တဲ့အကြံတစ်ခုရသွားတယ်!
နေ့ဝက်လောက်ကြာတော့ စိတ်တွေလွင့်ပြီး ပျင်းရိနေတဲ့ ကျီဖန်းယုနဲ့ စုန့်ဟယ်ရှေ့ကို ရုတ်တရက်ကစားစရာဖဲထုတ်လေးတစ်ခု ရောက်လာတယ်! ကစားစရာကဒ်ပေါ်မှာ ရေးထားတာကတော့ 'ပိုကာကဒ်များ'တဲ့လေ။ သူတို့တွေ အရမ်းပျော်သွားပြီး ကဒ်တွေကိုမြင်ဖို့တောင် မစောင့်နိုင်တော့ဘူး။ ဒါပေမယ့် သူတို့pokerဘူးကို ဖွင့်ကြည့်လိုက်ချိန်မှာ အရွယ်အစားရယ် ပိုကာကဒ်ပေါ်က ပုံတွေရယ်ကို မြင်လိုက်ချိန်မှာ စွံ့အပြီး အတောင့်လိုက်ကြီးတွေဖြစ်သွားတယ်!
A ကနေ 10ထိ အရွယ်အစားနဲ့ ရုပ်ပုံတွေနဲ့ပက်သက်ပြီး အဆင်ပြေနေပါသေးတယ်။ ကြည့်ရတာ အားလုံးအဆင်ပြေနေပေမယ့် ဖဲတစ်ဖုံစီမှာပါတဲ့ ကဒ်သုံးကဒ်ကလွဲလို့ပေါ့! J, Q, K နဲ့ အကြီးနဲ့အသေး 'ရုပ်ဆိုး'ဆိုတာက ဘာကြီးလဲ?
လဲ့ယောင်က Jကဒ်ရဲ့အပေါ်မှာ အရိုးခြောက်ပုံလေးတွေဆွဲထားပြီး တစ်ယောက်ချင်းစီက ဓားတစ်ချောင်း၊ ဓားရှည်၊ သေနတ်နဲ့ ဓားမြှောင်အစရှိတဲ့ မတူညီတဲ့လက်နက်တွေထည့်ပေးထားတယ်။ Qကဒ်မှာကျတော့လည်း အဲ့လိုပဲအရိုးခြောက်ပုံလေးတွေဆွဲထားပြီး တစ်ယောက်ချင်းစီက အနီရောင်မက်မွန်ပန်းတစ်ပွင့်၊ အနက်ရောင်မက်မွန်ပန်းတစ်ပွင့်၊ လေးထောင့်ပန်းတစ်ပွင့်နဲ့ ဇီးပန်းတစ်ပွင့်စီပန်ပေးထားတယ်။ Kကဒ်မှာကျပြန်တော့လည်း ထပ်ပြီးတော့အရိုးခြောက်ပုံတွေပဲဖြစ်ပြီး တစ်ယောက်ချင်းစီရဲ့ခေါင်းမှာ သရဖူလေးတွေတစ်ခုစီတပ်ပေးထားပြီးတော့ သရဖူတစ်ခုစီရဲ့အပေါ်မှာ ဘာရေးထားလဲဆိုတာ သိကြရဲ့လား?
King 1, King 2, King 3, King 4 တဲ့လေ! [T/N : သေပါပြီတော်]
ပိုပြီးစိတ်ပျက်စရာကောင်းတာက ဂျိုကာတွေဖြစ်တယ်။ 'joker' ကဒ်တွေကို 'clown'လို့လည်း ခေါ်ကြတယ်။ လဲ့ယောင်က သေချာရေးရမှာပျင်းလို့ဖြစ်မယ် အဲ့တာကြောင့်သူ 'ရုပ်ဆိုး'ကြီးဆိုတာကို ရောင်စုံဂျိုကာပါတဲ့ စာရွက်ပိုင်းမှာရေးထားပြီး 'ရုပ်ဆိုး'လေးဆိုတာကိုကျတော့ အဖြူအမည်းဂျိုကာပေါ်မှာရေးထားတယ်။
အခုကမနက်ပိုင်းဖြစ်နေတာကြောင့် ကျီဖန်းယု လဲ့ယောင်ဆီပျံသွားပြီး ကဒ်ကိစ္စကိုမကျေမနပ်ပြောမရဖြစ်နေတယ်။ 'ဒါပေမယ့် ဒါတွေကဆိုးလိုက်တာ! မဟုတ်ဘူး! တော်တော်ကြီးကိုဆိုးဝါးတယ်!'
စုန့်ဟယ် အနီရောင်မက်မွန်ပန်းနဲ့ Qကဒ်ရဲ့အစွန်နားလေးကို လက်မနဲ့လက်ညှိုးကြားကိုင်ထားပြီး "ညီအစ်ကိုကျီ၊ သူအမွှေးနံ့သာကိုလုပ်နိုင်တယ်ဆိုတာ သေချာရဲ့လား?"
ကျီလျောင်ခဏလောက်တိတ်သွားပြီးမှ ပြောလာတယ် "အရင်ဆုံးဒီကဒ်တွေနဲ့ ဆော့ကြရအောင်"
ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင် သေဆုံးသူတွေအတွက်မီးရှို့ပေးဖို့ဆို အရွယ်အစားမလိုဘူး။ အဲ့တာတွေကို သေးသေးလေးနဲ့ ဖြစ်နိုင်ရင်အတိအကျလုပ်ပေးရတာကြောင့် လဲ့ယောင်ကအဲ့တာတွေနောက်မှာ ရှိသင့်တဲ့အရွယ်အစားတွေကို ထည့်ရေးပေးဖို့လိုတယ်။ မီးရှို့လိုက်တဲ့ပစ္စည်းတွေက မြေအောက်လောကကိုရောက်ရင် ရွှေဒင်္ဂါးတွေဖြစ်စေတာကလွဲရင် သူ့ပေါ်မှာရေးထားတဲ့အတိုင်း ပြောင်းလဲသွားတယ်။ ဒါပေမယ့် အခုလိုဆို လဲ့ယောင်ကပိုကာကဒ်တွေနောက်မှာ အရွယ်အစားရေးဖို့မေ့သွားပုံရတယ်။
လဲ့ယောင်တကယ်ကြီး အရွယ်အစားကိုရေးဖို့မေ့သွားတာဖြစ်တယ်။ ကဒ်တွေပေါ်မှာ အသေးစိတ်လုပ်ရတာနဲ့တင် သူ့ကျောနဲ့မျက်စိတွေနာနေပြီဖြစ်တယ်။ ဆွဲပြီးသွားတာ အရမ်းကောင်းတယ်! ပြီးတာနဲ့သူအဲ့ကဒ်အသေးလေးတွေကို ယူကာရေချိုးခန်းထဲမှာ ရှို့လိုက်ပြီး သူ့အတွက်နေ့လည်စာသွားလုပ်တော့တယ်။
အပြင်မှာမိုးရွာနေတုန်းပဲ။ ကျီဖန်းယုနဲ့ သူ့ညီအစ်ကိုတွေတော့ သေချာပေါက်အချိန်ကောင်းလေးဖြစ်နေတော့မှာပဲလို့ တွေးလိုက်တယ်၊ ဟုတ်တယ်မှတ်လား?
တကယ့်တကယ် မြေအောက်လောကရဲ့လက်ရှိအခြေအနေကတော့ ဒီလိုရှိပါတယ်...
စုန့်ဟယ် ပိုကာကဒ်တွေကို ရိုက်ချပြီး စားပွဲကိုတွန်းလိုက်တယ် "ပုံစံတူသုံးခုကွ!"
ကျီဖန်းယု ကဒ်ကိုကြည့်ပြီး ကြောင်အနေတယ် "အဲ့မှာ နှစ်ခုတည်းရှိနေတယ်မှတ်လား? တတိယတစ်ခုက ဘယ်ရောက်သွားတာလဲ?"
ဝမ်ဖေးရှမျက်နှာကိုအုပ်ကာ ခေါင်းရမ်းလိုက်တယ် "ဒါတွေက အရမ်းသေးပြီး ပေါ့ပေါ့လေးတွေဖြစ်နေတယ်... အဲ့ထဲကတစ်ခုက စားပွဲဆီမရောက်ခင် လေတိုက်ပြီး လွင့်သွားတယ်လေ... မင်းတို့မမြင်လိုက်ဘူးလား?"
စုန့်ဟယ် : "..."
ကျီဖန်းယု : "..."
_____
Thanks 😉