Uni
ရိပေါ် နိုးလာတော့ တွေ့လိုက်ရတာက မျက်နှာကျက် အဖြူရောင် သူ့က်ိုယ်သူပြန်ကြည့်တော့ ညက အင်္ကျီမဟုတ် သူနဲ့ ကြီးနေလို့ သူ့အင်္ကျီမဟုတ်မှန်းလည်းသိလိုက်ပြီ
**ဟင် ငါဘယ်ရောက်နေတာလဲ ဒါငါ့အခန်းမဟုတ်ပါဘူး ကျိလေး ငါ့ကို ဘယ်ခေါ်လာတာလဲ**
"နိုးလာပြီလား ရိပေါ်"
"ဟင် မင်း ရှောင်းးးးရှောင်းကျန့် ဘယ်လိုဖြစ်"
ရှောင်းကျန့်က ယုန်သွားလေးတွေပေါ်အောင်ပြုံးပြပြီး
"ညက မင်းမူးပြီးနံရံနဲ့ဆောင့်မိတာ
မေ့သွားလို့ ကိုယ့်အိမ်ကိုပဲခေါ်လာလိုက်တာ"
"ဒါမင်းအိမ်လား မင်းကဘာလို့ငါ့ကိုခေါ်လာတာလဲ ကျိယန်ရော ကျိယန် ငါအိမ်ပြန်မယ် ငါ့ဖုန်း ငါ့ဖုန်းရော"
"ဖုန်းက စားပွဲပေါ်မှာ မနက်စာ စားပြီးမှ ပြန်လေ ဒီနေ့တစ်မနက်လုံးအားတယ်မှတ်လား "
"ရတယ် ရတယ် အိမ်ပြန်ပြီးပဲစားလိုက်မယ် ဒါနဲ့ အင်္ကျီတွေက မင်းလဲပေးထားတာလား"
"အင်းဟုတ်တယ် က်ိုယ့် အင်္ကျီတွေ မင်းနဲ့ နည်းနည်းတော့ကြီးတယ်"
ရိပေါ်ချက်ချင်း မျက်နှာတွေရဲလာသည် သူ့ကို ရှောင်းကျန့်က အင်္ကျီလဲပေးထားတာတဲ့ အာနောက်ညကသူမူးပြီး ဖြစ်ပျက်နေတာတွေ သတိပြန်ရလာတယ် နည်းတဲ့ အရှက်ကွဲပုံလား
ဖုန်းကိုယူပြီး ကျိယန်ဆီ ဖုန်းဆက်လိုက်သည်
"ကျိလေး မင်း"
(ညက ငါ့မားအသဲအသည်ဖြစ်လို့ ပြန်သွားရတာ ဝမ်ဝမ် အဲ့ဒါကြောင့် ရှောင်းကျန့်ကို အကူညီတောင်းပြီး မင်းကို ခေါ်သွားခိုင်းလိုက်တာ အဆင်ပြေတယ်မှတ်လား နေ့လယ်မှ ရိုက်ကွင်းတစ်ခုရှိတယ် မနက်ပိုင်းတော့ မင်းအားတယ် ရှောင်းကျန့်ကို ကျေးဇူးတင်တယ် ပြောလိုက်ဦး နေ့လယ်11မှ ငါလာခေါ်မယ် )
ရိပေါ်ဘာမှတောင်မပြောရသေး ကျိယန်ရဲ့ ရေပက်မဝင်စကားထဲတိုးမပေါက် ကျိယန်ကတော့ မလှိမ့်တစ်ပတ်လုပ်ပြီ ရိပေါ်တော့ မသိရှာ
"အေအေ မင်းမား သက်သာလား"
"အင်းသက်သာတယ် မင်းလည်းအေးဆေးနားလေ ညက မူးထားတယ်မှတ်လား အိမ်မပြန်လာနဲ့တော့ ရှောင်းကျန့်အိမ်မှာပဲနေ ပင်ပန်းတယ် မင်းတစ်ယောက်တည်းပြန်လာလည်းအဆင်မပြေဘူး ငါလည်းလာမကြိုနိုင်ဘူးအခု ဒါပဲဟာ ဒါပဲ"
"အမ် ကျိ"
ကျိယန် ပြောပြီးဖုန်းချလိုက်သည်သူဘာမှတောင် ပြန်မပြောလိုက်ရ
ရိပေါ်ဖုန်းပြောပြီး ကြည့်လိုက်တော့ သူ့အရှေ့မှာရပ်နေတဲ့ ရှောင်းကျန့်က သူ့ကို ပြုံးပြီးကြည့်နေတယ်
"ဟင် မင်းဘာရပ်လုပ်နေသေးတာလဲ"
"ကျိယန်ဘာပြောလဲ "
"ဘာမှမပြောဘူး ငါရေချိုးချင်တယ်"
"အာ ဟုတ်သားပဲ ဟိုဘက်မှာရေချိုးခန်း ကိုယ် အင်္ကျီထုတ်ထားပေးမယ်"
"အင်း"
ရိပေါ်လည်းရေချိုးခန်းထဲ ဝင်ပြီးရေချိုးလိုက်သည် ရှောင်းကျန့်ကတော့ မီးဖိုခန်းထဲ ဝင်ပြီး မနက်စာချက်ပြုတ်နေသည်
"ရှောင်းးးးကျန့်"
ရိပေါ် အခန်းထဲကနေခေါင်းလေးထွက်ပြီး လှမ်းခေါ်သည်
"ဝေး ဘာဖြစ်လို့လဲ ရိပေါ်"
"ငါ ငါ"
"ဘာဖြစ်လို့လဲဟင် ဘာ ဘာအလိုရှိလဲ"
ရှောင်းကျန့် ရိပေါ်ပုံက်ိုကြည့်ပြီး သတွေးတွေ မြိုချပြီး စကားပါ ထစ်နေသည် ရိပေါ်က ပုဝါတစ်ထည်ကို ခါးအောင်ပိုင်းတွင်ပတ်ထားပြီး အပေါ်ပ်ိုင်းက ဗလာကျင်း
"မင်းမှာ အတွင်းခံ အပိုရှိလား "
"အာ ရှိတယ် ရှိတယ် မေ့သွားတာ ထုတ်ပေးဖို့ အသစ်တွေရှိတယ် ရော့ဒါဝတ်"
ရှောင်းကျန့်ပြောလည်းပြော ထုတ်လည်းထုတ်ပေးလိုက်သည်
ရိပေါ်လည်း ရေချိုးခန်းထဲ ပြန်ဝင်ပြီး အင်္ကျီသွားဝတ်လိုက်သည် underwear က ဆိုဒ်ကြီးပေမယ့် အသစ်မို့ အရမ်းမချောင် အင်္ကျီကတော့ လက်ကရှည်ပြီး ပုခုံးကလျှောကျနေသည် ဘောင်ဘီ အတိုမို့ ဒူးဖုံးသေးသည် ခါးကတော့ချောင်ကျပြီး အတွင်းခံပါပေါ်နေသည်တော်သေးအင်္ကျီခါးကရှည်ပြီးပေါင်ထိရောက်နေလို့ ရိပေါ်ထွက်လာတော့ ထမင်းဝိုင်းမှာ မိန့်မိန့်ကြီးထိုင်နေတဲ့ ရှောင်းကျန့်
"ရိပေါ် လာ ကိုယ်မနက်စာပြင်ထားပေးတယ် လာစားလိုက်"
"မင်းက ချက်တတ်တယ်ပေါ့"
"နည်းနည်း သင်ထားတာ"
"ဪ"
ရိပေါ်လည်း ရှောင်းကျန့်လက်ရာကို မြည်းစမ်းကြည့်လိုက်သည် မဆိုးဘူးပဲ
သူတို့ ထမင်းဝိုင်းလေးက တ်ိတ်ဆိတ်နေသည် တစ်ယောက်မှ စကားမဟမိကြ
"ရိပေါ် "
"ဟင်"
"ဟို ကိုယ်လေ တောင်းပန်တယ်နော်"
"မင်းက ဘာကိုတောင်းပန်ပြန်ပြီလဲ လူကိုတွေ့ရင်တောင်းပန်တယ်စကားပဲပြောတတ်တာလား"
"အာ မဟုတ်ဘူးလေ ရိပေါ်ကို အိမ်ခေါ်လာလိုက်လို့ နောက်ပြီး မသိဘဲ အင်္ကျီလဲပေးမိလို့ "
ရိပေါ် မျက်နှာရဲတက်လာသည်နောက်ဘာမှ မဖြစ်တဲ့ပုံဖြင့်
"ဒါမင်းစတိုင်မဟုတ်ပါဘူး လုပ်ချင်ရာလုပ်ပြီး ကျေနပ်နေတဲ့ မင်းက အခုမှ ဘာလာဖြစ်ပြနေတာလဲ လောရှည်ကောင်"
"ရား ဂျပုလေး"
"လောရှည်ကောင်"
"ဂျပုလေး ကိုယ်မင်းကို အဲ့လို ခေါ်ရတာ သဘောကျတယ် "
"ငါမကြိုက်ဘူးနော်"
အင်းပါ မကြိုက်ရင် မခေါ်ပါဘူး မေးစရာရှိတယ် အမှန်တိုင်းဖြေ
"ဘာမေးမဖို့လဲ"
"ကိုယ့်ကို ချစ်သေးလား"
"ဘာ"
"ဟိုလေ အရင်လို ကိုယ့်ကို ချစ်နေသေးလားလို့ အဖြေပြန်ပေးဖို့"
"ကျစ် လောရှည်ကောင် မင်းကိုယ်မင်း ဘာထင်နေလဲ ငါကမင်းကို ဘယ်တုန်းက ချစ်တယ်ပြောမိလို့လဲ "
"ပန်းရောင် စာအုပ်"
"အဲ့ဒါ ငါရူးနေလို့ ငယ်သေးလို့ အရူးထတာ မင်းလိုကောင်ကို သဘောကျမိတာ"
"မယုံဘူး ရူးနေလို့ဆ်ိုတာ ခုမင်းကိုယ့်ကို ချစ်သေးလားပဲပြော"
"ရှောင်းကျန့် မင်းကိုယ်မင်း အထင်ကြီးမနေနဲ့ အဟက် ဘာလဲ မင်းတိုက်ခန်းမှာ မင်းက ငါကို ကြိုက်သလို ပြောဆိုလို့ ရတယ်ဆိုပြီး ပြောနေတာလား"
"အာ မဟုတ်ဘူး ကိုယ် မရည်ရွယ်ဘူး ကိုယ်ကဒီတိုင်းသိချင်တာ"
"အဟက် သိချင်တာက ယုံကြည်ချက် အပြည့်ပဲ ငါပြောပြီးပြီး ငါ အဲ့တုန်းက ရူးနေလို့လို့ "
ရိပေါ်ပြောပြီး ထမင်းစားခန်းထဲက ထထွက်လာလိုက်သည် အိပ်ခန်းထဲ ဝင်ပြီး သူ့အင်္ကျီကို ပြန်လဲဖို့လုပ်နေသည်
ရှောင်းကျန့်လည်း အပြေးလိုက်လာကာ
"ရိပေါ် ဘာလ်ို့ အင်္ကျီလဲတာလဲ ဘယ်သွားဖို့လဲ"
"ငါပြန်မယ်"
"ဟင် ပြန်လို့အဆင်မပြေဘူးလေ ဒီပုံနဲ့ ကိုယ်လိုက်ပို့ပေးမယ် "
"ရတယ် မပို့နဲ့ ယွီပင် ကို လာကြိုခိုင်းလိုက်မယ် "
"က်ိုယ်ပဲ နေ့လယ်လိုက်ပို့မယ် အခုတော့ မပြန်နဲ့လေနော် ခုနက အတွက်တောင်းပန်ပါတယ်နော် မပြန်ပါနဲ့နော်"
ရှောင်းကျန့်မျက်နှာငယ်လေးနဲ့
ပြောတော့ ရိပေါ် မနေနိုင်ပြန် စိတ်လျှော့ပြီး ကုတင်ပေါ်ထိုင်ချလိုက်သည်
"ရိပေါ်"
"ဘာလဲဟာ ငါ့ကို စကားလာမပြောနဲ့"
"အင်း အင်းပါ "
ရှောင်းကျန့်ပြောပြီး အခန်းပြင်ပြန်ထွက်လာလိုက်ပြီး ထမင်းပန်းကန်တွေသိမ်းလိုက်ပြီးအတွေးနယ်ချဲ့နေသည်
**ငါကွာ ဘာတွေသွားမေးမိတာလဲ ဂျပုလေး ရှက်သွားလားမသိဘူး ငါ ဘယ်လိုစပြောရမလဲ မသိဘူး အာ ရိပေါ်ခုနက ပုံက ငါ့ကိုရေဆာစေတယ် ဟင်းညကလည်း ငါတော်တော် ဒုက္ခရောက်ခဲ့တာပဲ ဟူး ရိပေါ်ရေ အခုရူးနေတာက ကိုယ်ဖြစ်နေပြီ**
ညက ရိပေါ်ကို အင်္ကျီလဲပေးရင်း ရှောင်းကျန့်ချွေးပြန်ခဲ့ရကာ ရေချိုးခန်းထဲပြသနာဖြေရှင်းခဲ့ရသေးသည်လေ
ရိပေါ်အခန်းထဲက မထွက်တော့ ရှောင်းကျန့်လည်း အခန်းထဲမဝင်မိ ကုမ္ပဏီလည်း မသွားဖြစ် နေ့လယ် ကျိယန်ရောက်ချလာပြီး ရိပေါ်လည်း ရေချိုး အင်္ကျီလဲကာ ရှုတင်သွားဖို့ပြင်သည် ရှောင်းကျန့်လည်း ပြင်ဆင်ပြီး သူရိပေ့်ကိုလိုက်ပို့ပေးပြီးရင် ကုမ္ပဏီသွားမယ်ဆိုကာ ရိပေါ်တို့ကားနောက်က သူ့ကားဖြင့်လိုက်ခဲ့သည်
"တိတိလေး"
"ဟင် ကောဝမ်ဟန် ကောက ဒီမှာဘာလုပ်"
"တိတိလေး ပြန်ရောက်ပြီးတည်းက မတွေ့ဖြစ်ဘူးနော် ကော သတိရနေတာ
တိတိလေးနဲ့ကောအတူတူ ပစ္စည်းကြော်ငြာ ရိုက်ရမှာလေ"
"ဪ ဟုတ်အဆင်ပြေတာပေါ့ စီနီယာ ကောကော ကူညီပါ"
ရိပေါ်က ပြုံးစစလေးဖြင့်ပြောလိုက်သည် ဝမ်ဟမ်က တရုတ်မှာ နာမည်တစ်ခုရထားတဲ့ မင်းသား သူက ကျောင်းမပြီးခင်တည်းက အနုပညာ အလုပ်တွေ လုပ်နေတာ
"တိတိလေးကကွာ အရင်တိုင်းချစ်စရာလေးပဲ"
ဝမ်ဟန်ရိပေါ်ခေါင်းကဆံပင်ကို ဖွပြီး ပြောလိုက်သည်
"အဟမ်း အဟမ်း"
"ဟင် ညီ ရှောင်းကျန့် နဲ့ကျိယန်တို့ ကောမတွေ့မ်ိဘူး ဘာလာလုပ်ကြတာလဲ "
"ရိပေါ်နောက်လိုက်လာတာ ကျွန်တော်က ဝမ်ဝမ်ရဲ့ မန်နေဂျာလေ"
"အဆင်ပြေတာပေါ့ ညီရှောင်းကျန့်ရော မတွေ့တာကြာပြီနော် ညီကသူဌေးကြီးရှောင်းဖြစ်နေပြီ"
"ဟုတ် စီနီယာ ကျွန်တော် ရိုက်ကွင်းအခြေအနေလာကြည့်တာ"
"ဒီကုန်ပစ္စည်းက ညီတို့ ကုမ္ပဏီက ထုတ်တာမဟုတ်ပါဘူး ညီကလာလေ့လာတာလား"
"ဟုတ် ရိပေါ် မိတ်ကပ် room က ဘယ်မှာလဲ သွားကြမယ်လေ"
ရှောင်းကျန့်စကားဆက်မပြောချင်တော့၍ ရိပေါ်နောက်လိုက်ရန်ပြင်နေသည် ရိပေါ်ကတော့ သူ့ကို အဖတ်မလုပ် မလိုက်နဲ့လို့ ငြင်းလည်း မငြင်းမိ
"ရှောင်းကျန့် ကုမ္ပဏီမသွားဘူးလား မင်းမနက်ကလည်း မသွားဘူး"
"အာ အစက မင်းကိုပို့ပြီးသွားဖို့ အခု မသွားတော့ဘူး "
"ရှောင်းကျန့် မင်းရိပေါ် မန်နေဂျာလုပ်မလား"
"တကယ်လုပ်လို့ရလား ကျိယန်"
"ကျ်ိလေး ဘာတွေပြောနေလဲ မင်းက ငြိုငြင်နေပြီလား"
"ငါက စတာပါ ဝမ်ဝမ်ရာ ငါ့သူငယ်ချင်းလေးကို ငြိုငြင်စရာလား"
"အေအေ သွားအပြင်ထွက်ကြ ငါ အဝတ်အစားလဲမယ်"
အခန်းထဲကထွက်လာရတာက ရှောင်းကျန့်တစ်ယောက်တည်းပါ သူလည်း ခပ်တည်တည်နဲ့ ခုံတစ်လုံးဆွဲယူပြီး ထိုင်နေလိုက်သည်
ရိပေါ် မိတ်ကပ်ပြင် အဝတ်အစားလဲ ပြီး အပြင်ထွက်ခဲ့လိုက်ပြီး ရိုက်ရန်ပြင်နေသည်
ရှောင်းကျန့်မြင်တော့ ကျိယန်နားသွားကာ
"ဟင် အင်္ကျီကဘာလို့ ကြယ်သီးမတပ်ထားတာလဲ"
"သူတို့ အဓိက underwearကို ပြချင်တာလေ ဒီတစ်ပုံပဲ အင်္ကျီပါမှာ ကျန်တာ အပေါ်ပိုင်း ဗလာပဲ ဒါတောင်သူတို့က အကုန်ချွတ်ပြီး boxerတစ်ထည်တည်းနဲ့ ရိုက်စေချင်တာ ရိပေါ်က လက်မခံလို့"
"ဘာ "
"မင်းကလည်း အော်လိုက်တာ ခဏပဲ ရိုက်ရမှာ "
"ဟင် စီနီယာနဲ့နှစ်ယောက်တွဲလား"
"အေ အစက ရိပေါ်တစ်ယောက်တည်း အခုမှသိတာ စီနီယာနဲ့ နှစ်ယောက်ရိုက်ရမှာက်ို"
"ကျစ် အဆင်မပြေနေဘူး"
"အမ် ဘာလို့လဲ"
"ရိပေါ်ကို ဖက်ထားတာ မသိရင်အတွဲလိုပဲ မင်းပြောပြော ဒါရိုက်တာကို ပိုစ့်ပြောင်းဖို့ ဟန်လုပ်ရင်ရပြီလေ ဘယ်လိုတွေ ပူးကပ်ခိုင်းနေတာလဲ"
"ငါပြောလို့မရဘူးဟ သူတို့ပိုက်ဆံယူထားတာ သူတို့ခိုင်းတဲ့အတိုင်းလုပ်ရမယ်"
"နောက်ခါ ရိပေါ်ကို အဲ့ပစ္စည်းကြော်ငြာ မရိုက်ခိုင်းနဲ့"
"အေ အေးပါကွာ မင်း ကုမ္ပဏီသွားဖို့ အစီအစဥ်မရှိတော့ဘူးလား"
"မရှိဘူး"
"အေးပါ"
ရှောင်းကျန့် ရိပေါ် ရိုက်နေတဲ့ တစ်လျှောက်ထိုင်ကြည့်နေတယ် သူ့မျက်စိထဲ အဆင်မပြေရင် ဝင်ပြောသေးတယ် အားလုံးရဲ့စိတ်ထဲမှာတော့ Xiao ကုမ္ပဏီရဲ့CEOက ဝမ်ရိပေါ်ရဲ့ မန်နေဂျာလားပေါ့ ဒါမှမဟုတ် ဝမ်ရိပေါ်တို့ agency က သူဌေးလားပေါ့
"ကဲပြီးပြီ အားလုံးတာဝန်ကျေပါတယ်
မင်းသား ဝမ်ရိပေါ် အရမ်းတော်ပါတယ် မင်းသားဝမ်ဟမ်လည်း ဂျူနီယာကို ဆွဲခေါ်ပေးန်ိုင်တယ် တော်ကြပါတယ်"
ဒါရ်ိုက်တာကြီး၏ ချီးကျူးသံ
ရိပေါ်အဝတ်အစားပြန်လဲပြီး အပြင်ပြန်ထွက်လာခဲ့တယ်
"တိတိလေး ကောတို့ နေ့လယ်စာ တစ်ခုခု သွားစားကြရအောင် အားတယ်မှတ်လား"
"ဟုတ် အားပါတယ် ညမှ ပွဲတစ်ခုတက်ရမယ်"
"ဒါဆိုသွားကြမယ်လေ ညီတို့လည်း လိုက်ခဲ့လေ"
"ဟုတ်ကဲ့ စီနီယာ ကျွန်တော်တို့ နောက်ကလိုက်ခဲ့မယ်"
ရှောင်းကျန့်က မလိုက်ချင်ပေမယ့် အင်တင်တင်နဲ့လိုက်ခဲ့လိုက်သည်
Sea Food ဆိုင်သို့ ဝမ်ဟန် ကားလေး ဦးတည်သွားသည်
"တိတိလေး ပေးပေး အဲ့ ဂဏန်းကော ခွာပေးမယ် ကျောက်ပုစွန်ရောစားမလား ကောခွာပေးမယ်"
ဝမ်ဟန်ကရိပေါ်စားမည့်ဟာကို ဒိုင်ခံ လုပ်ပေးသည် သူက်ိုယ်တိုင်တောင် သိပ်မစားဖြစ်
"ဂဏန်း မာဆလာ စားမလား အနှစ်ကောင်းတယ်"
"ရိပေါ် အစပ်မစားဘူး စီနီယာ"
ရှောင်းကျန့်ပြောလိုက်တာပါ သူကြည့်နေတာ အကောင်းတော့မဟုတ် ဝမ်ဟန်က်ို တော်တော် အမြင်ကပ်နေပြီလေ
"ဟင် ဪ ကောမေ့သွားလို့ ဟုတ်တယ် ဒါနည်းနည်းစပ်တယ် ပုစွန်ပဲစားတော့"
"ကော မလုပ်ပေးနဲ့တော့ ကောလည်းစားလေ ကျွန်တော့် ကိုယ်ပါကိုယ် လုပ်လိုက်မယ်"
"ရော့ ရိပေါ် ဒါစား စီနီယာလည်း ကိုယ့်ဟာကိုယ်စားလေ "
အခွံခွာထားသော ပုစွန်အသားများနှင့်ဂဏန်းအသားတွေ ရှောင်းကျန့်က ရိပေါ်ရှေ့ထိုးပေးလိုက်သည်
"ရှောင်းကျန့် ညီ အရမ်းတော်တာပဲ တစ်နှစ်အတွင်း အရမ်းအောင်မြင်လာတယ် စီးပွားရေး လောက မှာ နာမည်ကြီးပဲ ဒါနဲ့ ရန်ရှီရော "
"မသိဘူး"
"ဟမ်"
"သူ့အကြောင်းမမေးနဲ့ ကျွန်တော်သူ့အကြောင်းဘာမှ မသိဘူး"
"ဪ အေအေ ညီတို့က အရမ်းလိုက်ဖက်တဲ့ အတွဲလေ ကောကကျောင်းပြီတာနဲ့ လက်ထပ်မယ်ထင်တာ"
ရှောင်းကျန့်ချက်ချင်း မျက်နှာပျက်သွားသည် မျက်ခုံးနှစ်ခုက်ိုလည်း ကျုတ်ထားပြီး လက်သီးပါ စုပ်ထားသည် သူတော်တော် ဒေါသ ထွက်နေပြီလေ
"စီနီယာ ရှောင်းကျန့်တို့က ပြတ်သွားပြီ"
"ဟင် ကောမသ်ိလို့ မေးမ်ိတာ တောင်းပန် ပါတယ် ညီ"
"ရပါတယ်"
ရိပေါ်ကတော့ ရှောင်းကျန့် ဖြစ်သွားတဲ့ပုံကို ကြည့်ပြီး စ်ိတ်ထဲ အလိုလို ဝမ်းနည်းနေတယ် ရှောင်းကျန့်က ခုထိ ရန်ရှီက်ိုမမေ့နိုင်သေးဘူးဘဲ အေလေ သူအရမ်းချစ်ခဲ့တာကို ..
*******&&&&&******
TBC
Uni
ရိပေါ် နိုးလာတော့ တွေ့လိုက်ရတာက မျက်နှာကျက် အဖြူရောင် သူ့ကိုယ်သူပြန်ကြည့်တော့ ညက အင်္ကျီမဟုတ် သူနဲ့ ကြီးနေလို့ သူ့အင်္ကျီမဟုတ်မှန်းလည်းသိလိုက်ပြီ
"နိုးလာပြီလား ရိပေါ်"
"အင်းဟုတ်တယ် ကိုယ့် အင်္ကျီတွေ မင်းနဲ့ နည်းနည်းတော့ကြီးတယ်"
"ကျိလေး မင်း"
"အေအေ မင်းမား သက်သာလား"
"အမ် ကျိ"
"ကျိယန်ဘာပြောလဲ "
"အင်း"
"ရှောင်းးးးကျန့်"
"ငါ ငါ"
ရှောင်းကျန့် ရိပေါ်ပုံကိုကြည့်ပြီး သတွေးတွေ မြိုချပြီး စကားပါ ထစ်နေသည် ရိပေါ်က ပုဝါတစ်ထည်ကို ခါးအောင်ပိုင်းတွင်ပတ်ထားပြီး အပေါ်ပိုင်းက ဗလာကျင်း
"မင်းမှာ boxer အပိုရှိလား "
ရိပေါ်လည်း ရေချိုးခန်းထဲ ပြန်ဝင်ပြီး အင်္ကျီသွားဝတ်လိုက်သည် boxer က ဆိုဒ်ကြီးပေမယ့် အသစ်မို့ အရမ်းမချောင် အင်္ကျီကတော့ လက်ကရှည်ပြီး ပုခုံးကလျှောကျနေသည် ဘောင်ဘီ အတိုမို့ ဒူးဖုံးသေးသည် ခါးကတော့ချောင်ကျပြီး အတွင်းခံပါပေါ်နေသည်တော်သေးအင်္ကျီခါးကရှည်ပြီးပေါင်ထိရောက်နေလို့ ရိပေါ်ထွက်လာတော့ ထမင်းဝိုင်းမှာ မိန့်မိန့်ကြီးထိုင်နေတဲ့ ရှောင်းကျန့်
"မင်းက ချက်တတ်တယ်ပေါ့"
"နည်းနည်း သင်ထားတာ"
"ဪ"
သူတို့ ထမင်းဝိုင်းလေးက တိတ်ဆိတ်နေသည် တစ်ယောက်မှ စကားမဟမိကြ
"ရိပေါ် "
"ဟင်"
"ရား ဂျပုလေး"
"လောရှည်ကောင်"
"ငါမကြိုက်ဘူးနော်"
"ဘာမေးမဖို့လဲ"
"ကိုယ့်ကို ချစ်သေးလား"
"ဘာ"
"ပန်းရောင် စာအုပ်"
"မယုံဘူး ရူးနေလို့ဆိုတာ ခုမင်းကိုယ့်ကို ချစ်သေးလားပဲပြော"
"ရိပေါ် ဘာလို့ အင်္ကျီလဲတာလဲ ဘယ်သွားဖို့လဲ"
"ငါပြန်မယ်"
"ကိုယ်ပဲ နေ့လယ်လိုက်ပို့မယ် အခုတော့ မပြန်နဲ့လေနော် ခုနက အတွက်တောင်းပန်ပါတယ်နော် မပြန်ပါနဲ့နော်"
"ရိပေါ်"
"အင်း အင်းပါ "
"တိတိလေး"
"အဟမ်း အဟမ်း"
"ဟင် ညီ ရှောင်းကျန့် နဲ့ကျိယန်တို့ ကောမတွေ့မိဘူး ဘာလာလုပ်ကြတာလဲ "
"က်ျိလေး ဘာတွေပြောနေလဲ မင်းက ငြိုငြင်နေပြီလား"
"ဘာ "
"အေ အစက ရိပေါ်တစ်ယောက်တည်း အခုမှသိတာ စီနီယာနဲ့ နှစ်ယောက်ရိုက်ရမှာကို"
"ကျစ် အဆင်မပြေနေဘူး"
"အမ် ဘာလို့လဲ"
"မရှိဘူး"
"အေးပါ"
မင်းသား ဝမ်ရိပေါ် အရမ်းတော်ပါတယ် မင်းသားဝမ်ဟမ်လည်း ဂျူနီယာကို ဆွဲခေါ်ပေးနိုင်တယ် တော်ကြပါတယ်"
ဒါရိုက်တာကြီး၏ ချီးကျူးသံ
ဝမ်ဟန်ကရိပေါ်စားမည့်ဟာကို ဒိုင်ခံ လုပ်ပေးသည် သူကိုယ်တိုင်တောင် သိပ်မစားဖြစ်
ရှောင်းကျန့်ပြောလိုက်တာပါ သူကြည့်နေတာ အကောင်းတော့မဟုတ် ဝမ်ဟန်ကို တော်တော် အမြင်ကပ်နေပြီလေ
"မသိဘူး"
"ဟမ်"
ရှောင်းကျန့်ချက်ချင်း မျက်နှာပျက်သွားသည် မျက်ခုံးနှစ်ခုကိုလည်း ကျုတ်ထားပြီး လက်သီးပါ စုပ်ထားသည် သူတော်တော် ဒေါသ ထွက်နေပြီလေ
"ဟင် ကောမသိလို့ မေးမိတာ တောင်းပန် ပါတယ် ညီ"
"ရပါတယ်"
ရိပေါ်ကတော့ ရှောင်းကျန့် ဖြစ်သွားတဲ့ပုံကို ကြည့်ပြီး စိတ်ထဲ အလိုလို ဝမ်းနည်းနေတယ် ရှောင်းကျန့်က ခုထိ ရန်ရှီကိုမမေ့နိုင်သေးဘူးဘဲ အေလေ သူအရမ်းချစ်ခဲ့တာကို ..
*******&&&&&******
TBC