(Unicode)
"အခုလို Gwangcheon ဆေးရုံကြီးသစ်ကို ပါဝင်ကူညီပေးကြတဲ့ ရှယ်ရာရှင်တွေ ဆရာဝန်တွေ nuresတွေအားလုံးကို ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်"
ဆေးရုံအုပ်ကြီးBang Sihyukပြောစကားအပြီးမှာ ကျွန်တော်တို့အားလုံးလက်ခုပ်တီးကာ အဆုံးသတ်ပေးလိုက်ကြသည်။
ဒီနေ့ကဆေးရုံဖွင့်ပွဲနေ့ဖြစ်တာကြောင့် ဆရာဝန် Nurseတွေအားလုံး အလုပ်များကြလျက်။ဒဏ်ရာကမသက်သာပေမဲ့လဲ သူလှုပ်ရှားလို့ရတာကြောင့် ဆေးရုံဖွင့်ပွဲကိုလုပ်ခိုင်းလိုက်သည်။
သူလက်ခုပ်တီးပြီး ဟိုရှာ ဒီရှာ လုပ်နေမိသည်။မနေ့က သူ့ကို လူလိမ်ကြီးလို့အော်ပြီးထွက်သွားတဲ့ကောင်လေးကို။
ပွဲစဖွင့်ကထဲရှာတာ အခုထိမတွေ့သေး။ဘယ်တွေများရောက်နေလဲကလေးရာ။
"Jeon Jungkook Ssi ဖဲကြိုးသွားဖျက်ရအောင်လေ"
သူ့ကို ပုခုံးပုတ်ကာခေါ်လာတဲ့Kim Namjoon ကြောင့် သူ့ရှာပုံတော်အစီစဥ်ကြီးပျက်သွားရသည်။
ဘယ်လိုတောင်ကလေးအပေါ်စိတ်ရှိနေလဲသူမသိလိုက်။ဟောခန်းထဲကြည့်လိုက်တော့ လူအနည်းကျင်းသာရှိတော့သည်။သူလဲKim Namjoon ကိုပြုံးပြလိုက်ကာ
"သွားမယ်လေ"
.
.
.
.
"Jeon Jungkook Ssiကို ကတ်ကြေးဗန်းသယ်ပေးမဲ့သူကဘယ်သူလဲ"
Dr.Namjoonက သူ့အား ကတ်ကြေးဗန်းရှာပေးနေလေသည်။သူကတော့ သူ့ကိုနေရာထားတာပေးသော နေရာ၌သာ။
"ကတ်ကြေးရပါပြီ"
သူနားထဲသို့ဩရှရှ အသံကြားလို့မော့ကြည့်လိုက်တော့ ကလေးငယ်။
"ကလေး"
သူတိုးတိုးရေရွတ်မိတော့ သူ့အားမသိချင်ယောင်ဆောင်နေသည်။နေနိုင်လိုက်တာဗျာ။ဒီလူကိုတစ်ခါမှ မတွေ့ဖူးသလို ဟန်ဆောင်နေတာ ပီပြင်လွန်းတယ်။ အနီးကပ်မြင်နေရတဲ့ ပါးပေါ်ကအမွေးညင်းညင်းလေးကို သူ နှုတ်ခမ်းနဲ့ ထိတွေ့ချင်စိတ်ထိန်းလို့မရ။
အင်း စိတ်ထဲရှိတဲ့အတိုင်းသာလုပ်ရင် အရှက်ကွဲတော့မှာပဲ။
"သူဌေးJeon Jungkook Ssi Camera ဘက်လေးကြည့်ပေးပါ"
Camera manပြောလာသည်မို့ သူလဲ ကတ်ကြေးယူလိုက်ကာ cameraကို ကြည့်လိုက်သည်။
"Ok 1 2 3 "
"ချလပ်"
.
.
.
.
.
"Jeon Jungkook Ssi သက်သာရဲ့လား"
ပွဲအခမ်းနားလဲပြီးသွားရော သူလဲ သူ့ရဲ့လူနာခန်းကို ပြန်လာကာ အနားယူနေတုန်း အခန်းထဲဝင်လာတဲ့Dr.Kim Namjoon။
"Naeသက်သာပါတယ်"
"ပွဲလဲပြီးပြီဆိုတော့ Jeon Jungkook ပြန်ချင်နေမှာ-"
"မပြန်ဘူး!!"
"ဗျာ"
သူ့ကိုပြန်မဲ့အကြောင်းလာပြောတဲ့Dr.Namjoonကိုသူငြင်းလိုက်သည်။
"ဟို သက်သာပေမဲ့ ဒီပုံစံနဲ့ပြန်ရင် ကျွန်တော့်သူငယ်ချင်းတွေက စိတ်ဆိုးလိမ့်မယ်။အခုaccidentကို သူတို့ကိုအသိမပေးထားဘူးလေ။အဲ့ဒါ ကြောင့်"
သူ ပါးစပ်ထဲရှာ ဖြေရှင်းပေးလိုက်တော့ Dr.Namjoonကပြုံးကာ
"အကြံတူပြီပေါ့ဗျာ ကျွန်တော်လဲ မပြန်ခိုင်းမို့လာပြောတာပါ။ခင်ဗျား လက်က ၁လလောက်အနားယူမှရမယ်လေ။နောက်ပြီး တစ်လတောင်ဆေးရုံကြီးမှာနေမှာဆိုတော့-"
"ဒါဆို Drအိမ်မှာနေလို့ရမလား!"
"ဗျာ"
သူ့အားကြောင်စီစီကြည့်လျက် ဆွံ့အနေသော Dr.Kim Namjoon။Jeon Jungkook တော်တော်ဖြစ်နေလား။ဒီဆေးရုံရဲ့ ရှယ်ယာရှင်သိက္ခာထောက်ဦး ဟင်းဟင်း
"ဟင်းဟင်း ဒီမှာနေရင်လဲစိတ်မွန်းကျပ်လို့ ပြီးတော့ ဒီမှာ ကျွန်တော်က Drန့ဲပဲခင်တာလေ အဲ့ဒါကြောင့်အကူညီတောင်းတာပါ.Hotelကျတော့လဲ ဘယ်လိုပြောရမလဲ အင်း ဟို"
"ရပါတယ် ကျွန်တော်လဲအိမ်ကိုဖိတ်မလို့ Jeon Jungkook Ssiအဆင်ပြေမပြေသိချင်လို့ပါ"
"ပြေတယ် ပြေတယ် ရတယ်ကိစ္စမရှိဘူး"
သူဖြေလိုက်တော့Dr.Kim Namjoonကပြုံးပြသည်။သူလဲအရှက်ပြေပြန်ပြုံးပြလိုက်သည်။သူ့ကိုရှောင်ပြေးနေမယ်ကြံတဲ့ကောင်လေးကြောင့် သူကပဲလိုက်ရတော့မှာပေါ့လေ...
🍀
သူ့ကိုမမြင်ဖူးတဲ့လူလိုကြည့်နေတဲ့ ထိုလူရဲ့အကြည့်တွေကို ပြန်မြင်ယောင်ချိန်မှာ ရင်တွေက အတိုင်းစမဲ့တုန်ယင်လျက်။
ဟူး ဒီရင်ဘက်ကြီးန့ဲအသက်ရှင်လာရတာမလွယ်ကူလိုက်တာ။Jeon Jungkook အကြောင်းတွေးလိုက်တိုင်း အခုန်မြန်နေတာ ခက်တယ်။တွေးယုံတာ အဲ့လိုသာဖြစ်နေရင် တွေ့များပြန်တွေ့ရင်တော့ ပေါက်ထွက်ပြီး သူ့နောက်များလိုက်သွားမလားဟမ်
"အေး အဲ့မှာ ခုန်နေလိုက်"
စဥ်းစားနေရင်းတောင်တစ်ဒုတ်ဒုတ်မြည်နေတဲ့ ထိုနှလုံးသားကြီးကို သူအမြင်ကတ်ကတ်နဲ့ရွဲ့လိုက်သည်။
သေချာပြန်စဥ်းစားကြည့်ရင်Jungkookနဲ့သူ လုံးဝမဖြစ်နိုင်တော့ပါ။ဘာလို့ဆို Jungkookမှာအစ်မHaeနဲ့Eun Wooလေးရှိတယ်မလား။သူသာပြန်လက်ခံလိုက်ရင်Jungkookသူ့ဆီလာမှာသူသိပါသည်။
ဒါပေမဲ့ အချစ်အတ္တတစ်ခုအတွက်နဲ့ သူ သူများမိသားစုကိုတော့ အထိခိုက်မခံနိုင်ပါ။
မွန်းကျပ်လာတဲ့နှလုံးသာတစ်စုံနဲ့အတူ သူ သက်ပြင်းသာချမိသည်။သူအရင်လိုမငိုမိတော့ပါ။အချိန်တွေကလဲကုစားသွားတာနေမှာပေါ့လေ။ဒါပေမဲ့ သူ့အချစ်တွေကိုတော့အခုထိမကုစားသေးပင်။
အချိန်တစ်ခုရောက်လာခဲ့လို့
ကိုကိုဆိုတဲ့Jeon Jungkookကိုမေ့သွားခဲ့ရင်..Kim Taehyungဆိုတဲ့ကျွန်တော်ရောဒီကမ္ဘာမြေပေါ်မှာတည်ရှိပါဦးမလား..
.
.
.
.
"Jin ah Taehyung ah ဧည့်သည်ပါလာတယ်"
သူရေချိုးပြီးလို့ အကျီလဲနေတုန်း ဧည့်သည်ပါလာတယ်ဆိုတဲ့အသံကြားလို့အကျီလဲပြီးထွက်လာခဲ့လိုက်တော့ ဧည့်ခန်းထဲမှာစကားပြောနေတဲ့Namjoon hyungနဲ့သူ Jeon Jungkook
"Taehyung အအေးလေးလုပ်ပေးပါဦး"
"ဟ ဟုတ်"
သူ့ကိုစိုက်ကြည့်နေတဲ့ထိုလူသားဆီကနေ ရှောင်ဖယ်လိုက်ပြီး အအေးဖျော်ဖို့ထွက်လာခဲ့လိုက်သည်။
သူဘယ်လိုလုပ်ဒီအိမ်ကိုရောက်လာတာပါလိမ့်။ဒီမှာနေမှာတော့မဖြစ်နိုင်ပါဘူးနော်။
မနေနိုင်လောက်ပါဘူး သူ့လိုလူကHotelမှာအေးဆေးနေနိုင်တဲ့ဟာကို
"ဘာတွေတွေးနေတာလဲ"
"Hotelအကြောင်း ဟမ်"
အနောက်ကမေးလာတဲ့အသံကြောင့် သူယောင်ပြီးနှုတ်မှထွက်သွားရသည်။
"Jeon Jungkook"
"ထားပါ ခေါ်ချင်သလိုခေါ်တော့ နောက်မှပဲပြန်ပြင်ပေးတော့မယ်"
"ဘာလိုချင်လဲလို့လဲ"
"Kim Taehyungကို"
မီးဖိုချောင်ထဲကို ဝင်လာတာကြောင့် ဘာလိုချင်တာရှိလို့လဲမေးလိုက်တော့ ပြန်ဖြေလာတဲ့ထိုလူကြောင့်ပြောစရာစကားစွံ့အ။
"အပိုစကားတွေပြောမဲ့အစား seoulမှာစောင့်နေတဲ့ မိန်းမနဲ့သားကို သတိရလိုက်ပါ Jeon Jungkook"
"အင်း မိန်းမ ဘယ်ကမိန်းမလဲ မိန်းမတော့မရှိဘူး ယောကျာ်းတော့ရှိတယ် "
သူ့ခါးကိုဆွဲဖက်ကာ ပြောလာသည့်ကိုကိုကြောင့် သူကြောင်အသွားရသည်။
"ကိုကို့ယောက်ကျာ်းKim Taehyungလေး"
"ခင်ဗျားရူးနေလားဟမ်"
"ကိုယ်ကွာရှင်းလိုက်ပြီ"
သူ့ကိုဖက်ကာပြောလာသည့်စကားကြောင့်သူဘာမှပြန်မပြောမိ။
"သားကကိုယ့်သားမဟုတ်ဘူး။Park Jihyoရဲ့သား။ရှင်းပြရရင် နည်းနည်းတော့ရှည်တယ် နားထောင်မှာလား"
"ဟို"
"Taehyung အအေးရပြီလား"
အပြင်ကနေ Seok Jin hyungအသံကြားတာကြောင့် သူ့ကိုကိုလဲခွာသွားသည်။
"ရပြီHyung ကျွန်တော်ခေါင်းကိုက်နေလို့ အိပ်ယာဝင်ဦးမယ်"
သူပြောလိုက်တော့ နှဖူကိုလာစမ်းသည့်Seok jin hyung။သူhyugကိုပြုံးပြလိုက်သည်။
"ကိုယ်လဲမပူပါဘူး ဂရုစိုက်ဦး"
"ဟုတ်"
"ဟို Jeon jungkook Ssiအိမ်သာ ဝင်ပြီးပြီလား "
"အာ Naeသွားကြတာပေါ့"
အိမ်ရှေ့ကိုထွက်သွားတဲ့Seok Jin Hyungနဲ့Jeon Jungkookကို ကြည့်ကာ သူ အိပ်ခန်းထဲသို့ဝင်လာခဲ့လိုက်သည်။
ကွာရှင်းလိုက်ပြီ။ဘာလို့လဲ။Eun Wooက Jihyo Noonaကလေး။ဘာတွေလဲ သူတစ်ခုမှနားမလည်တော့ချေ။
ခေါင်းမကိုက်ပေမဲ့ သူလိမ်လိုက်သည်။ဒါပေမဲ့ အခုသူတကယ်ကိုခေါင်းကိုက်နေခဲ့ပြီ။
🍀
"Jeon Jungkook Jeon Jungkook။ပြောတော့ခဏပဲ အခုတော့တစ်လကြာမယ်တဲ့ ဪ အေးကောင်းတယ်။ဒီကJung Hoseokကြီးက ဒင်းအလုပ်တွေကြည့်ပေးရဦးမယ်"
အလုပ်ဆင်းချိန်phလာကာ သူကြာမည့်အကြောင့် အလုပ်တွေကြည့်ပေးပါဆိုသည့်အကြောင့် အမှာတော်ပါးသွားသည့်Jeon Jungkook။နေကောင်းလားHyungဆိုတဲ့စကားတစ်ခွန်းတောင်မဟ မှာသွားလိုက်တာများ။သူလဲ ဘာမှမပြောတော့ အခုနှစ်တွေတွင်းမှာ jungkookဘယ်လိုခံစားခဲ့ရလဲသူသာအသိဆုံးမလို့ပင်။
!ကျွီ!!!!!"
"ဟ ဘာလား"
အိမ်ရောက်ခါနီးလောက်မှ ကားကဖွတ်ခနဲပျက်သွားတာကြောင့် သူအော်လိုက်သည်။
အား ဒီနေ့ သူကံမကောင်း။မနက်ကလဲ ငှက်ချေးက သူ့အကျီပေါ်ပါချသည်။
အစည်းအဝေးပွဲမှာလဲအဆင်မပြေ။ဘေးနားကအတွင်းရေးမှူးကောင်းလို့အဆင်ပြေသွားရသည်။Jeon Jungkookကလဲ ပြန်မလာ။အခုလဲကားပျက်။အိုခေမှာစိုပြေပဲ။
ဝပ်ရှော့ကိုphဆက်လိုက်ကာ သူလဲ လမ်းလျှောက်လာလိုက်သည်။ကွန်ဒိုအိမ်ရာဖြစ်တာကြောင့်သူတို့လမ်းက မဆူညံသော်လည်းမတိတ်ဆိတ်ပါ။
"ဟေ့ ဟေ့ သွင်းတော့လေ သွင်းတော့!!!!!"
သူတို့တိုက်အောက်မျက်စောင်းထိုးနားလေးမှာ ပွဲစည်နေသော ဘောလုံးပွဲအသေးစားလေး။သူလဲ တစ်ချက်သာကြည့်ပြီး တိုက်ဘက်ကိုအကူး၌..
"ဝေး ဂိုး!! ဟာ!!!"
"ဘုတ်!!'
"အ့"
နောက်စိဘက်ကို လာမှန်တဲ့ ခပ်မာမာအရာတစ်ခု။အရှိန်ကြောင့် သူရှေ့တောင်တိုးသွားရသလို။ခေါင်းလဲပူထူသွားကာ မျက်လုံးတောင်ပြာသွားရသည်။
!တောက် ဘယ်မိမဆုံးမ ဖမဆုံးမသားလဲ!
"အိုး sorry sorry မရည်ရွယ်ပါဘူး ဥိ်းလေးကြီးရယ်"
သူ့ဆီပြေးလာကာ စကားပြောနေတဲ့ဖြူဖြူကြီး မျက်လုံးကပြာနေတာကြောင့် သိပ်မသဲကွဲ။ခေါင်းကိုခါလိုက်ပြီး သေချာကြည့်တော့မှာ မျက်လုံးသေးသေး သွားသေးသေးလေးတွေနဲ့ကြည့်နေတဲ့ ကောင်လေး မဟုတ်ဘူးကောင်မလေးတစ်ယောက်
ဆံပင်ဂုတ်ကွဲနဲ့ အားကစားT shirtကိုဘောင်းဘီတိုနဲ့ဝတ်ထားသည်။သေချာဝန်ခံရရင် သူယောက်ကျာ်းလေးလား မိန်းကလေးလားမခွဲတတ်။
မူးဝေဝေနဲ့ သူရင်ဘက်ဆီကြည့်လိုက်တော့ဖောင်းမို့နေသည်။ဪ မိန်းကလေးပဲ
"Yrrrr!!!!နှာဘူးကြီး!!!!!
ဝေတေတေဖြစ်နေပါတယ်ဆိုမှ ဘယ်ဘက်မျက်လုံးဆီသို့ရောက်လာပြန်တဲ့ နောက်ထပ်ခပ်မာမာ
!ခွပ်!
မျက်လုံးဆီကကျိန်းစက်မှု ပြာဝေမှု ရယ် ခေါင်းကအရှိန်ရယ်ကြောင့်Jung Hoseokတစ်ယောက် မေ့မြောကမ္ဘာဆီသို့ ခပ်ပြုံးပြုံးဖြင့် အလည်သွားလိုက်ရသည်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
အယ် Hoseokကြီးတွေ့တာ ဘယ်သူလေးပါလိမ့်🙄🙄
Daily upတယ်နော်ချစ်လားပြော😗..
........
(Zawgyi)
"သွားမယ်လေ"
.
.
.
.
"ကတ်ကြေးရပါပြီ"
"ကလေး"
"Ok 1 2 3 "
"ချလပ်"
.
.
.
.
.
"Naeသက်သာပါတယ်"
"မပြန်ဘူး!!"
"ဗျာ"
"ဗျာ"
"ဟင်းဟင်း ဒီမှာနေရင်လဲစိတ်မွန်းကျပ်လို့ ပြီးတော့ ဒီမှာ ကျွန်တော်က Drနဲ့ပဲခင်တာလေ အဲ့ဒါကြောင့်အကူညီတောင်းတာပါ.Hotelကျတော့လဲ ဘယ်လိုပြောရမလဲ အင်း ဟို"
🍀
.
.
.
.
"ဟ ဟုတ်"
"ဘာတွေတွေးနေတာလဲ"
"Hotelအကြောင်း ဟမ်"
"Jeon Jungkook"
"ဘာလိုချင်လဲလို့လဲ"
"Kim Taehyungကို"
"ခင်ဗျားရူးနေလားဟမ်"
"ဟို"
"Taehyung အအေးရပြီလား"
"ဟုတ်"
"အာ Naeသွားကြတာပေါ့"
🍀
!ကျွီ!!!!!"
"ဟ ဘာလား"
"ဝေး ဂိုး!! ဟာ!!!"
"ဘုတ်!!'
"အ့"
"အိုး sorry sorry မရည်ရွယ်ပါဘူး ဥိးလေးကြီးရယ်"
"Yrrrr!!!!နှာဘူးကြီး!!!!!
!ခွပ်!
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀