True Martial World (BOOK 15-1...

By MinNanDar

5.3K 668 13

Translator - Min Nan Dar More

C-211
C-212
C-213
C-214
C-215
C-216
C-217
C-218
C-219
C-220
C-221
C-222
C-223
C-224
C-225
C-226
C-227
C-228
C-229
C-230
C-231
232
C-233
C-234
C-236
C-237
C-238
C-239
C-240

C-235

143 19 0
By MinNanDar

“ အခန်း ၂၃၅ ”

“ အုတ်ဂူဟောင်းမှ ထွက်ခွာလာခဲ့ခြင်း”

နောက်တစ်နေ့တွင် လူသစ်သိုင်းပြိုင်ပွဲကတော့ ဆက်လက်ကျင်းပနေလျက် ရှိသည်။

ယန်ကုနှင့် ချူရှောက်ယန်တို့က သိုင်းပြိုင်ပွဲ၏ ဒုတိယနေ့တွင် ထိပ်ဆုံးအမှတ်စဉ် ၃၀၀၀ ထဲသို့ ဝင်ရောက်လာခဲ့ကြသည်။ သူတို့အားလုံး၏ ရလာဒ်ကတော့ ဂုဏ်ယူဝင့်ကြွားစရာပင်၊

သာမန်အသိုင်းအဝိုင်းမှ ဆင်းသက်လာခဲ့သည့် ကုမူကဲ့သို့သော သင်တန်းသားသစ်သည်ပင် အမှတ်စဉ် ၄၅၀၀ အထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ယန်ကုနှင့် ချူရှောက်ယန်တို့၏ ရလာဒ်များကို မယှဉ်ပြိုင်နိုင်သေးသော်လည်း အခြားသော လူသစ်များထက် အပုံကြီးသာသည်။

လောလောဆယ် … လူသစ်များထဲတွင်တော့ ကုမူ၏ အဆင့်က တတိယအဆင့်ဟု ပြောလို့ရသည်။

ကုမူထက် ပို၍ ထင်ပေါ်ကျော်ကြားသည့် ကျွန်တော်တို့၏ ဇာတ်လိုက်ကျော်ကြီး ရီယွမ်ကတော့ ယခုထိ ပေါ်မလာသေးပေ။

လူသစ်တန်း သိုင်းပြိုင်ပွဲက ဆယ်ရက်တိတိကြာသည်။ ပထမဆုံး လေး ရက်တွင်မူ လူသစ်အချင်းချင်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ငါးရက်မြောက်နေ့မှစပြီး မြေပြင်အဆင့်ရှိ သိုင်းသမားများကို စိန်ခေါ်တိုက်ခိုက်ကြရသည်။ စည်းမျဉ်းစည်းကမ်းများအရတော့  လူတစ်ယောက်က တစ်နေ့လျှင် ၁၂ ပွဲတိတိ တိုက်ခိုက်ခွင့် ရှိသည်။ သို့သော် ထို၁၂ ပွဲက တကယ်တမ်း တိုက်ခိုက်ရသော တိုက်ပွဲများကိုသာ ရည်ညွှန်းပြီး ပြိုင်ဘက်က အရှုံးပေးသွားသော တိုက်ပွဲများကို ဆိုလိုခြင်း မဟုတ်ပေ။

ထို့ပြင် မိမိဘက်မှ စတင်စိန်ခေါ်နိုင်ခွင့်က တစ်နေ့လျှင် နှစ်ပွဲသာ ကန့်သတ်ထားပေးသည်။

ခြောက်ရက်မြောက်နေ့တွင်တော့ လူတစ်ယောက်က တစ်နေ့လျှင် ၁၂ ကြိမ်အထိ စိန်ခေါ်ခွင့်ရှိသည်။ မြေပြင်သင်ပုန်းတွင် သူတို့၏ နာမည်ကို ရေးထိုးနိုင်ခြင်းက သင်တန်းသားသစ်များအတွက် မဟာအောင်မြင်မှုကြီးပင် ဖြစ်၏။ စည်းမျဉ်းစည်းကမ်းများက ရှုပ်ထွေးသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် အလွန်လွယ်ကူပေသည်။

ယန်ကုက မြေပြင်အမှတ်စဉ် ၂၉၀၀ တွင် ရပ်တည်နေပြီး ချူရှောက်ယန်က အမှတ်စဉ် ၂၈၀၀ တွင် ရှိနေသည်ဆိုပါက အကယ်၍ ယန်ကုကို အခြားလူတစ်ယောက်က စိန်ခေါ်ပြီး အနိုင်ယူသွားသည်ဆိုပါက ချူရှောက်ယန်က လူသစ်များကြားထဲတွင် နံပါတ်တစ် ဖြစ်သွားပေလိမ့်မည်။

ယခုအခါတွင် … လူသစ်သင်တန်းသားများ၏ ပြိုင်ပွဲ ကိုးရက်မြောက်နေ့ပင် ဖြစ်သည်။ ပြိုင်ပွဲကာလ ပြီးဆုံးရန်အတွက် နှစ်ရက်သာ ကျန်ရှိတော့သည် ။ ရီယွမ် ဝင်ရောက်မယှဉ်ပြိုင်ခြင်းကြောင့် သူ၏ အမှတ်စဉ်က ၁၀၀၀၃ တွင် ရှိနေဆဲပင် ဖြစ်၏။

ရီယွမ် မလာရောက်နိုင်ခဲ့ခြင်းအတွက် လူအများက မည်သို့မှ စဉ်းစားရမှန်းပင် မသိတော့ချေ … ရီယွမ်က ဘာလုပ်နေတာလဲ …

“ရီယွမ်ဘာတွေဖြစ်နေတာလဲ … သူ့ကို မမြင်ရတာကြာပြီး …. သူက ယန်ကုနဲ့ ချူရှောက်ယန်တို့ရဲ့ နောက်မှာပဲ နေတော့မလို့လား …”

ယန်ကုနှင့် ချူရှောက်ယန်တို့သည်ကား တကယ့်မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ ရီယွမ်သာ ယန်ကုနှင့် ချူရှောက်ယန်တို့၏ ယှဉ်ပြိုင်ပုံများကို တွေ့လိုက်ရပါက နောက်တစ်နေ့ သိုင်းပြိုင်ပွဲသို့ လာဝံ့တော့မည်ပင် မဟုတ်ချေ။

“ဘယ်လိုဖြစ်ရတာလဲ … ယန်ကုနဲ့ ချူရှောက်ယန်ကို မနိုင်ဘူးဆိုရင်တောင် သူ့အနေနဲ့ ထိပ်ဆုံး အယောက် ငါးထောင်လောက်ထဲ ဝင်နိုင်ဖို့က အသာလေးပဲ”

လူအများက အတော်လေး လျှာယားနေကြသည်။ နောက်ဆုံးနေ့သို့ပင် ရောက်ရှိတော့မည် ရီယွမ်က ယခုထိ ပေါ်ထွက်မလာသေးပေ။ ရီယွမ်က ပြိုင်ပွဲတစ်ပွဲမှ ထပ်ပြီးမယှဉ်ပြိုင်ရသေးပေ။ သူ့တွင် စိန်ခေါ်ရန်အတွက် လေးခါ ( နှစ်ရက်စာ) သာ အခွင့်အရေးရှိတော့သည်။ ထိုကလေးက သူ့ကိုယ်သူ ဘာထင်နေသည်နည်း ။

ထိုအချိန်တွင် ရီယွမ်ကို စိုးရိမ်ပူပန်မည့်လူ သိပ်မရှိပေ။ လူအားလုံးက ယန်ကုနှင့်ချူရှောက်ယန်ကိုသာ အာရုံစိုက်နေကြသည်။

ထိုတိုက်ပွဲက လူသစ်များထဲတွင် မည်သူက အတော်ဆုံးဆိုခြင်းကို အဆုံးအဖြတ် ပေးသွားပေလိမ့်မည်။ ပြိုင်ပွဲများအကြောင်း စဉ်းစားလိုက်ရုံနှင့် သင်တန်းသားသစ်များ အလွန်အမင်း စိတ်လှုပ်ရှားမိနေကြသည်။

ထိုအချိန်တွင် အကြီးအကဲ ဂျန်ချီနှင့် ရီယွမ်ကို အုတ်ဂူဟောင်းထဲသို့ ပို့ပေးခဲ့သည့် အဘိုးကြီးတို့ နတ်ဘုရားဗဟိုမျှော်စင်ထဲတွင် ကျားထိုးနေကြသည်။

သူတို့အားလုံး သူငယ်ချင်းဟောင်းများ ဖြစ်ကြသည်။ လူတစ်ယောက်နှင့်တစ်ယောက် ရင်းနှီးယုံကြည်ဖို့အတွက် လုံးဝမလွယ်ကူပေ ။ သူတို့၏ ရှည်ကြာလှသော သက်တမ်းများကြောင့် သူတို့နှင့် ချစ်သူခင်သူအတော်များများ အကုန်လုံး သူတို့ရှေ့မှောက်တွင်ပဲ ကွယ်လွန်သွားခဲ့ကြသလို ၊ သူငယ်ချင်းများစွာထဲမှ သူတို့နှစ်ဦးသာ ကျန်ရှိခဲ့ကြတော့သည်။

“ခန်းယန် … ဟိုကလေး အခြေအနေ ဘယ်လိုလဲ …” အကြီးအကဲ ဂျန်ဂီက ကျားစေ့ကို ရွှေ့ရင်း လှမ်းမေးလိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက လူသစ်တန်း သိုင်းပြိုင်ပွဲကို အစဉ်တစိုက် သူအမြဲမပြတ် တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

“အိုး … သူထွက်မလာသေးဘူးနဲ့ တူတယ်…” အဘိုးကြီးက အများကြီးမစဉ်းစားပဲ ပုံမှန်အတိုင်းသာ မဆိုင်းမတွ ပြန်ဖြေလိုက်သည်။

အကြီးအကဲ ဂျန်ဂီက မျက်မှောင်ကြုတ်လိုက်မိသည်။ “သူထွက်မလာသေးဘူး .. ဟုတ်လား … သူအဲဒီမှာ ရှိနေတာ ဘယ်နှစ်ရက်ကြပြီးလဲ … ခရမ်းရောင်သွေးအဆင့် သိုင်းသမားတစ်ယောက်အနေနဲ့ အုတ်ဂူဟောင်းထဲမှာ ဒီလောက်ကြာအောင်နေခဲ့တယ်ဆိုတော့ သူတစ်ခုခုများ ရှာတွေ့သွားလို့လား …”

“သူအဲဒီမှာရှိနေတာ လေးငါးရက်လောက်တော့ ရှိပြီး ၊ လွန်ခဲ့တဲ့ရက်တွေကတော့ ငါသူ့ကို အမြဲစောင့်ကြည့်နေသေးပါတယ် ၊ လူအိုကြီးခန်းယန်က ကျားစေ့ကို ရွှေ့ကာ လှမ်းပြောလိုက်သည်။ သူက ဓါးမော့တရားအကြောင်း ရေးထားတဲ့ နံရံရှေ့မှာ ဒီအတိုင်းထိုင်နေတာပဲ ၊ သူ့ကိုအဲဒီလိုတွေ့ရတော့ ငါလဲ အပြင်ကို မခေါ်ထုတ်တော့ဘူး ၊ ပြောရမယ်ဆိုရင် အဲဒီကလေးက အဲဒီ အုတ်ဂူထဲမှာ နေဖို့ တစ်ရက်ကို စင်ကြယ်ခြင်းအမှတ်တစ်မှတ် ပေးရမှာပဲ ၊ အခု ဘယ်နှစ်ရက်ရှိမှန်းတောင် တွက်မထိတော့ဘူးဆိုတော့ ငါလဲ ဘယ်လောက်တောင်းရတော့မှန်းတောင် မသိတော့ဘူး ၊ ဒီကောင် ကံကောင်းသွားတယ်”

“မင်း…” ဂျန်ဂီအကြီးအကဲ မျက်လုံးပြူးသွားသည်။ ဘာပြောရမှန်းလဲ မသိတော့ချေ။ “မင်းက ဒီအချိန်မှာတောင် နောက်ပြောင်နေနိုင်သေးတယ် … ရီယွမ် အဲဒီ စာကြောင်းတွေရှေ့မှာ မလှုပ်မယှက်ထိုင်နေပုံထောက်ရင် သူဓါးမော့တရားဆီက ဥာဏ်အလင်းမရသေးတာ သေချာနေပြီး ၊ သူလမ်းမှားဘက်ရောက်နေတာ ဖြစ်နိုင်လောက်တယ် … ချင်ဟိုတန်တောင် အဲဒီလောက်ထိ မကြာဘူး ဟုတ်လား ..”

ဓါးမော့တရားသည်ကား နက်နဲလွန်းလှသည်။ ခရမ်းရောင်သွေးအဆင့် သိုင်းသမားတစ်ယောက်အဖို့ အလွန်နားလည်ဖို့ ခက်ခဲလွန်းသည့်အပြင် … လမ်းလွှဲရောက်သွားနိုင်ချေက များသည်။

အကယ်၍ သိုင်းသမားတစ်ယောက်သာ အမှန်တရားလမ်းကြောင်းမှ သွေဖယ်သွားပါက သူ၏ အနာဂတ်ကျင့်ကြံမှုအပေါ် ဆိုးကျိုးများ သက်ရောက်သွားပေလိမ့်မည်။

“ခန်းယွမ် … ကလေးကို အပြင်ခေါ်ထုတ်လိုက်တော့ … သူ့ကို အမှားတွေ အမှန်မထင်မိစေနဲ့” ….အကြီးအကဲ ဂီဂျန်က လူငယ်များအတွက် အမြဲအလေးထားသည်။

“ဟူး .. မင်းက ရေရှည်ကို တော်တော်တွေးတာပဲ … လူသစ်တန်း သိုင်းပြိုင်ပွဲလည်း ပြီးတော့မှာပဲ .. သူသေချာပေါက်ထွက်လာမှာပါ”

ထိုသို့စိတ်ထဲက တွေးလိုက်ကာ ပိန်ပိန်ပါးပါး လူအိုကြီးက ကျားစေ့ကို ပစ်ချလိုက်ပြီး အုတ်ဂူဟောင်းရှိရာသို့ လျှောက်သွားလေတော့သည်။

…………….

ထိုအချိန်တွင် အုတ်ဂူဟောင်းထဲရှိ ရီယွမ်ကတော့ လုံးဝ ဈာန်ဝင်စားနေပြီ ဖြစ်၏။

ရီယွမ်၏ စွမ်းအင်မြင်ကွင်းများထဲတွင် စွမ်းအင်မျဉ်းကြောင်းလေးများ လှည့်ပတ်စီးဆင်နေကြသည်။ ထိုအလင်းတန်းလေးများက ဓါးမော့သိုင်းဟန် လှုပ်ရှားနေသည့်ဟန် ပေါ်လွင်လာခဲ့သည်။
ရီယွမ်၏ မြင်ကွင်းတွင် ထိုစာလုံးများက စာလုံးမဟုတ်ကြတော့ပေ။ ဓါးမော့တစ်လက်၏ ခုတ်ချက် ၊ လွှဲဟန် ၊ ပိုင်းဖြတ်ဟန်များအဖြစ် ပြောင်းလဲသွားကြသည်။

ဓါးမော့လမ်းကြောင်းတစ်ခုချင်းစီတိုင်း ရီယွမ်၏ မျက်ဝန်းအိမ်ထဲတွင် ခိုင်မြဲစွာ အမြစ်တွယ်သွားခဲ့ကြသည်။ ရီယွမ်က သူ၏ ဝိညာဉ်ထဲတွင် ထိုဓါးမော့သိုင်းဟန်များကို ထပ်ကာထပ်ကာ ပြန်လည်တွေးတော မြင်ယောင်နေလိုက်သည်။

စကားလုံးများမှတဆင့် ၊ ဓါးမော့သိုင်းဟန်များ နှင့်အတူ စာလုံးများမှ စွမ်းအင်များက ရီယွမ်၏ သွေးကြောများအတွင်းသို့ စီးဝင်ပေါင်းစပ်သွားကြသည်။

“စကားလုံးတိုင်းမှာ စွမ်းအင်ဦးတည်ချက် ကိုယ်စီရှိကြတယ် … အဲဒီစွမ်းအင်တွေနဲ့တူညီတဲ့ ဦးတည်ရာလမ်းကြောင်းက ငါ့ရဲ့သွေးကြောတွေပဲ … အဲဒါက တကယ့်ကို မှော်ဆန်လွန်းတယ်”  ရီယွမ်က ထိုကဲ့သို့ ရေရွတ်လိုက်မိသည်။ ရီယွမ်က ထိုသို့တွေးတောနေစဉ် အချိန်အတွင်း ကျွီ .. ကျွီ .. ကျွီ.. ဟူသော စက်ခလုတ်ခုံများ လည်ပတ်သည့်အသံကို ကြားလိုက်ရသည်။

ရီယွမ်က အနောက်သို့လှည့်ကြည့်လိုက်ရာ ကြေးနီတံခါးဝတွင် ရပ်နေသော ခန်းယွန်ကို တွေ့လိုက်ရသည်။

ထိုလူကြီးက သူ၏ မေးဖျားကို အသာအယာပွတ်သပ်နေရင်း ရီယွမ်ကို လှောင်အိမ်ထဲက သတ္တဝါလေးတစ်ကောင်လို လှမ်းကြည့်နေလေ၏။

ခန်းယန်က “ကလေး … မင်းအဲဒီထဲမှာ ရှိနေတာ ဘယ်နှစ်ရက်ရှိနေပြီးလဲ …”

ရီယွမ်က ခေါင်းခါပြလိုက်သည် ။ “ကျွန်တော် မမှတ်မိဘူး …”

လွန်ခဲ့သော ရက်များအတွင်း ကျင့်ကြံခြင်း၌သာ သူအာရုံစိုက်ထားခဲ့သည်။ ဆာလောင်သည့်အခါတိုင်း သူယူလာသော အရိုးအမြူတေများကိုသာ အားဖြည့်စားသောက်ခဲ့ရသည်။ ပြင်ပအလင်းရောင်များကို မမြင်တွေ့နိုင်သည့် အုတ်ဂူဟောင်းထဲတွင် နေ့ပေါင်းမည်မျှ ကုန်ဆုံးသွားခဲ့ပြီလဲဆိုခြင်းကို သူမသိနိုင်ခဲ့ချေ။

“အိုး… လေးရက်ကျော်လောက်တော့ ရှိမယ် .. အဲဒါကြောင့် .. မင်းငါ့ကို စင်ကြယ်ခြင်းအမှတ် သုံးခု အကြွေးတင်သွားပြီ ၊ မင်းပြန်ထွက်လာတာနဲ့ ငါ့ကို ပေးရတော့မယ် ..” ခန်းယန်က ခပ်ဟဟလေး လှောင်ရယ်လိုက်၏။

ထိုမျှအထိ ကြာသွားလိမ့်မည် မထင်ထားသဖြင့် ရီယွမ်ကအံ့သြသင့်သွားခဲ့သည်။ အချိန်ဘယ်လောက်ကုန်ဆုံးသွားမှန်း သူတကယ်မသိခဲ့ခြင်းပင် ဖြစ်သည်။ သို့သော် သုံးရက်တာအတောအတွင်း သူအနည်းငယ် ရရှိခဲ့သည် ဖြစ်သောကြောင့် စင်ကြယ်ခြင်း သုံးမှတ်ပေးဖို့ကတော့ တန်သည်ဟု ဆိုရပေလိမ့်မည်။

လူသစ်တန်းသိုင်းပြိုင်ပွဲသို့ သူမတက်ရောက်နိုင်ခဲ့သည်မှာ အတော်ကြာပြီ ဖြစ်၏ ။ နှစ်ရက်သာ ကျန်ရှိတော့သည်ဖြစ်ရာ သူအလျှင်အမြန်သွားရန် လိုအပ်သည်။

ရီယွမ်က လူသစ်တန်းသိုင်းပြိုင်ပွဲမှ ရရှိနိုင်မည့်ဆုလာဘ်များကို ပြန်လည်စဉ်းစားလိုက်သည်။

စီနီယာ အခုလို သတိလာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်  ရီယွမ်က လက်နှစ်ဖက်ကို ဆုပ်ကာ ပြောလိုက်သည်။ လူအိုကြီးခန်းယန် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ “ဒင်းက င့ါကို တကယ်ကျေးဇူးတင်နေတာလား … စင်ကြယ်ခြင်း အမှတ်တွေကို သူမနှမြောဘူးလား …”

“ကလေး .. ငါမင်းကို ပြောပြဦးမယ် .. ဘိုးဘွားအမွေ အနှစ်တစ်ခုဖြစ်တဲ့ ရှေးဟောင်းအုတ်ဂူက ကနဦးစွမ်းအင်တွေ သိုလှောင်ထားတဲ့နေရာတစ်ခုပဲ .. အဲဒီကနေသာ သိုင်းဈန်တစ်ခုလောက်ရတာနဲ့ မင်းတဟုန်ထိုး အောင်မြင်သွားမှာ … မင်းရဲ့ သိုင်းပညာအတွက် ဘာမှ နှောင့်နှေးကြန့်ကြာတာတွေ ဘာတွေ မရှိတော့ပဲ .. အနာဂတ်ကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်မှာ …”

“ဒါပေမယ့် မင်းရဲ့သိုင်းအဆင့်က အရမ်းနိမ့်နေတော့ မင်းအနေနဲ့ ဘာသိုင်းဈန်ကိုမှ ရနိုင်ဦးမှာ မဟုတ်ဘူး ၊ ဒီနှစ်တွေထဲမှာ လူအိုကြီးက လူငယ်ပါရမီရှင်တွေကို ဒီထဲခေါ်လာခဲ့တယ် … အဲဒီထဲကမှ ချင်ဟိုတန် တစ်ယောက်ပဲ ဓါးတရားကို နည်းနည်းလေး နားလည်နိုင်ခဲ့တယ်။ ချင်ဟိုတန်က ဓါးသမားတစ်ယောက်ပဲလေ … သူ့ရဲ့ဓါးနဲ့ပတ်သက်တဲ့ ထိုးထွင်းသိမြင်နိုင်စွမ်းက အရမ်းမြင့်မားတယ် …”

“ကလေး … မင်းဖင်မနိုင်ပဲ ပဲကြီးဟင်း မစားနဲ့ … ကိုယ်လိုက်မမှီဘူး … နားမလည်တော့ဘူးလို့ထင်ရင် ကိုယ့်ကိုကိုယ်အတင်းဖိအားမပေးနဲ့ … မင်းလျှောက်ရမယ့်လမ်းက အရှည်ကြီး ကျန်သေးတယ် … မင်းသာ အနာဂတ်မှာ အဆင့်မြင့်သွားခဲ့ရင် ဒီကို နောက်တစ်ခေါက်ပြန်လာပြီး လာလေ့လာလို့ရသေးတာပဲ ….”

ရီယွမ်က … “စီနီယာ အခုလို လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“အဲဒီကလေးကတော့ …”

ခန်းယန် က မုတ်ဆိတ်များကို အသာအယာ ပွတ်သပ်လိုက်သည်။ ရီယွမ်၏ မျက်ဝန်းများထဲတွင် ယုံကြည်မှုပြင်းထန်သော အရိပ်အယောင်များ တစ်စွန်းတစ်စ ထွက်ပေါ်နေသည်ကို သူတွေ့လိုက်ရသည်။

“အင်း .. ဒီကလေးက အမှားကို အမှန်ထင်နေတာလား …သူအခုနေ ယုံကြည်စိတ်တွေ ပြင်းထန်နေပေမယ့် နောက်ကျရင် ဆိုးကျိုးရလာဒ်တွေကို သူပဲခံစားရမှာ”

ဉာဏ်အလင်းပေါက်ပြီး ရရှိခဲ့သည် အသိသညာများကို စကားဖြင့် ရှင်းပြနိုင်ရန် မလွယ်ကူပေ။ ခန်းယွမ်အနေဖြင့် ထိုအပိုင်းကို မည်သို့မှ ဝင်မစွက်ဖက်နိုင်ချေ။ အရာအားလုံးက ရီယွမ်အပေါ်တွင်သာ မူတည်သည်။

“အင်း … ဒီကလေးကို အုတ်ဂူဟောင်းထဲ ခေါ်ထည့်ထားလို့ ငါဘာမှ ပြဿနာမတက်နိုင်ဘူး ထင်တာပဲ …ဟူး ..”

ရီယွမ်၏ အမူအရာကို ကြည့်ရင်း လူအိုကြီး ခန်းယန်က စိုးရိမ်စပြုလာသည်။ သို့သော် … ရီယွမ်ကတော့ သူ့ကို နူတ်ဆက်ပြီး ထွက်ခွာသွားနှင့်နေပြီ ဖြစ်၏။

ရီယွမ်က လူသစ်တန်းသိုင်းပြိုင်ပွဲသို့ အလျဉ်မှီရင် ပြေးထွက်သွားခြင်း ဖြစ်သည်။

ယခုအခါတွင် ကိုးရက်မြောက်နေ့၏ မွန်းတည့်ချိန်သို့ပင် ရောက်ရှိနေပြီ ဖြစ်သောကြောင့် ရီယွမ်သာ ပြိုင်ပွဲအတွက် စာရင်းသွင်းဦးမည်ဆိုပါက သူ့တွင် စိန်ခေါ်ခွင့် လေးခါသာ ကျန်ရှိတော့သည်။

“လေးခါပဲ ကျန်တော့တာလား … အင်း … အဲလောက်ဆိုရင်ပဲ လုံလောက်နေပါပြီး …” ရီယွမ်က ထိုသို့တွေးလိုက်ပြီး သိုင်းပြိုင်ပွဲရှိရာသို့ တဟုန်ထိုး ပြေးထွက်သွားလေတော့သည်။

Continue Reading

You'll Also Like

194K 4.8K 111
As the Maid of Evil, Y/n sacrifices her life for her twin brother. As the Mist Hashira, Y/n sacrifices her life for humanity. But not anymore will Y...
313K 15.6K 48
Ruby King is your average young woman who is starting to attend college full time. Everything is going great until she notices that there seems to be...
96.5K 4.4K 57
Elite3532, an individual who can be considered as an icon among the Tensura fandom community failed in accomplishing his dream... As he regretted his...
72.1K 8.1K 38
" و أخيراً أنا فلور فورتينا، عروس بحر، و عروس البحر بداخلي تُدعى سونيا ولا تكاد الإنتظار لتقابلكِ و أخذك في جولة في المحيط. " حسناً.. الوضع يزداد غرا...