အထပ်ထပ်ရစ်ပတ်ထားတဲ့ ပတ်တီးတွေဖြည်ချနေစဉ်မှာ အလှုပ်ခတ်ရဆုံးသော နှလုံးသားက ပင်ပန်းလာတာမို့ ဘေးက အိပ်ရာခင်းစကို ခပ်တင်းတင်းဆုပ်ဆွဲမိလိုက်သည်။
ပိတ်ထားတဲ့မျက်ခွံတွေပေါ်မှာ ကာရံထားသမျှတွေ တခုမှ မရှိတော့တဲ့အခါ ကျနော် လုပ်နိုင်တာက ဆုတောင်းဖို့ပါပဲ။
~ ကျေးဇူးပြုပြီး...
ကျနော်တို့နှစ်ယောက် ကျူးလွန်ထားခဲ့သမျှအပြစ်ကြွေးတွေကို ပယ်ဖျောက်ပေးပြီး မျက်စိအလင်းပြန်ရတဲ့ဘဝမှာ အသစ်တဖန်ရှင်သန်ခွင့်ပေးလှည့်ပါ ~~
" မျက်လုံးကို အတတ်နိုင်ဆုံးဖြည်းဖြည်းချင်း ဖွင့်ပါ "
မျက်စိ ဆရာဝန်ရဲ့ ညွန်ကြားချက်အတိုင်း အလင်းရောင်စူးခနဲဝင်လာမှာစိုးပြီး မျက်လုံးကို ခပ်ဖြည်းဖြည်း ဖွင့်သည်။ ခပ်ဝါးဝါး တိမ်တိုက်လိုအရိပ်တွေ ထပ်ဟပ်လာတဲ့အခါ အမြင်အာရုံရဲ့ တုံ့ပြန်သိနိုင်စွမ်းကို ကျနော် အမှတ်ရလာခဲ့ပါပြီ။
" ကျနော့ လက်ကို မြင်ရလား...
မမြင်ရသေးလည်း စိတ်မပူပါနဲ့။ ဒါမျိုးက ဖြစ်လေ့ဖြစ်ထရှိတာမို့... ရက်နည်းနည်းလောက်ထပ်ပြီး စောင့်ကြည့်ရုံပါ။ "
" .... "
" မမြင်ရရင်တောင်မှ အလင်းလေး ဝင်လာတာမျိုးရော သတိထားမိလား "
အခန်းတခုလုံး အသက်ရှူသံမှမကြားရအောင် တိတ်ဆိတ်နေကြပြီး ကျနော့ နှုတ်ဖျားက ပွင့်ဟလာမည့်တခွန်းတည်းသော အဖြေကို အယောက်တိုင်း ငံ့လင်နေကြမည်မှာ မလွဲဧကန်ပင်။
" မြင်...ရတယ် "
" Ahhh !!! Yess !!!
ပျော်လိုက်တာကွာ... နောက်ဆုံးတော့...
သူ လုပ်နိုင်ခဲ့ပြီ...
တကယ်ပဲ...(sob) "
" ပတ်ချန်းတို့ကတော့ ဝမ်းသာရမယ့်ကိစ္စကို လာငိုနေတယ်။ မင်း မျက်ခွက်ကြီးပြင်စမ်း "
ခေါင်းငုံ့ကာ ငိုရှိုက်နေသူရဲ့ ကျောပြင်ကို အတွင်းရေးမှူး Kim လို့ထင်ရတဲ့အသံကျယ်ကျယ်နဲ့လူက ပွတ်ပေးနေတဲ့အခါ မျက်လုံးလှလှနဲ့ ဆရာဝန်တယောက်က ခေါင်းတညိတ်ညိတ်လုပ်ပြီး ကျနော့ ဖက်ကို လှည့်ကြည့်နေခဲ့သည်။ သူ့ဘေးမှာ ရပ်နေတဲ့ Dr.Wu Yifan ကတော့ ချက်ချင်းဆိုသလို တဖက်လှည့်သွားသည်။ ဆရာလည်း ကျနော့အတွက် ဝမ်းသာလွန်းလို့ မျက်ရည်ကျနေခဲ့ပြီထင်ပါရဲ့။
" မြင်ရတယ်တဲ့...မြင်ရတယ်လို့ပြောလိုက်တယ်... Kyungsoo yaa...
အူးး ဝါးးးး "
" ငါကြားပါတယ်ကွ..ငြိမ်ငြိမ်နေစမ်းပါ "
အပျော်လွန်ပြီး Kyungsoo ကိုပြေးဖက်လိုက်တဲ့ Jongin ကြောင့် ကျနော့ကို ဝမ်းသာအားရ ပြုံးပြနေတဲ့ သူငယ်ချင်းလေးမှာ စိတ်မသက်မသာစ်ြသွားပုံပါပဲ။ ဝမ်းသာခြင်းမျက်ရည်စတွေကြားက " တော်လိုက်တာ...ကျေးဇူးတင်လိုက်တာ " ဆိုတဲ့စကားကို ခပ်တိုးတိုးပြောပြနေသေးတာ။
" ဘယ်လောက်အထိမြင်ရလဲ ဆရာ့ကို ပြောပြပေးပါလား... နဲနဲဝါးနေလား...ဒါမှ မဟုတ် အလယ်ဖက်ပဲ မြင်ရပြီး ဘေးဖက်မှာ မမြင်ရတာမျိုးရှိလား "
အောင်ပွဲခံနေသူတွေရဲ့ ဆူဆူညံညံ အသံတွေတိတ်ဆိတ်သွားချိန်မှာ အခန်းထဲက လူတွေရဲ့ အာရုံစုစည်းရာက ကျနော်ပြန်ဖြစ်သွားရသည်။
" ဝါးတာမျိုး မရှိပေမယ့် ခေါင်းက နည်းနည်း... "
" မူးတာလား။ မူးနေရင် ခနနားလိုက်ပါဦး။ နောက်မှပြန်ပြီးစစ်ဆေးလို့ရပါတယ် "
မျက်လုံးတွေမှိတ်လို့ ခေါင်းအုံးပေါ်ပြန်လှဲချလိုက်တဲ့အခါ မှာစရာရှိတာတွေမှာပြီးထွက်သွားတဲ့ ဆရာဝန်ကို ကျေးဇူးတင်ကြောင်း ပြောနေကြတဲ့အသံတွေကြားရသည်။ ကုတင်အနားကို ပြန်ရောက်လာတဲ့ သူငယ်ချင်းမိတ်ဆွေတွေရဲ့ ဝမ်းသာအယ်လဲနဲ့ အားပေးနေတဲ့စကားသံတွေနောက်မှာ ကျနော် အကြားချင်လှဆုံး ပိကျိ ပိကျိ အသံလေးတခုလိုက်ပါလာတာသိလိုက်သည်။
" အယ်ရီလေး "
" အာပါးးး "
မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ ချစ်စရာအသံလေးတွေထွက်နေတဲ့ ဖိနပ်ကလေးရဲ့ပိုင်ရှင်က ကျနော့ကုတင်ဘေးမှာ ပန်းစည်းလေးတခုကိုင်မြှောက်ပြီး အလှဆုံးလေးပြုံးပြနေခဲ့ပြီ။
" အာပါးးး ချူခါးဟယ် "
" အာ.. သမီးရယ် "
ကျနော်ထင်ခဲ့တာမှားတာပဲ...အယ်ရီက သူ့အဖေလို မျက်လုံးဝိုင်းတာလည်း မဟုတ်၊ ကျနော့လို မျက်လုံး မှေးတာမျိုးလည်းမဟုတ်ပဲ ကြယ်စင်တွေကြဲဖြန့်ထားလို မျက်လုံးလေးတွေက ရွှန်းလဲ့နေခဲ့တာ...
ပါးမို့မို့လေးနှစ်ဖက်က ပူတင်းတုံးလေးလို ဖောင်းအိဖြူစင်နေတဲ့အခါ ကျနော်နဲ့တူတဲ့ နှုတ်ခမ်းပါးလေးတွေရယ်..သူ့အဖေနဲ့တူတဲ့ နားရွက်ကားကားလေးတွေရယ်...
ရယ်လိုက်ရင် ပိတ်ကျသွားတတ်တဲ့မျက်လုံးလေးတွေရယ်... ပါးနှစ်ဖက်စလုံးမှာ အသည်းယားစရာကောင်းအောင်ပေါ်လာတဲ ပါးချိုင့်နက်နက်ကလေးတွေရယ်....အလှအပတွေအားလုံး တယောက်ထဲ ပိုင်ဆိုင်ထားတဲ့ သမီးလေးက စာဖွဲ့လို့ မမှီအောင်ပဲ ပြည့်စုံနေလိုက်တာလေ။
ကျနော့ ကမ္ဘာကြီးရဲ့တည်မှီရာကို နောက်တဖန်ရှာတွေ့ခဲ့ပြန်ပြီပေါ့။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
[ ငါးလခန့်ကြာသော်...]
.
.
.
.
.
.
.
* ဒုန်းဒုန်း !! *
" ပါပါးး !!!
အာပါးး ရေးး
နိုးဂျတေးပူးယား "
တံခါးကတဒုန်းဒုန်းထုသံကြောင့် Chanyeol မျက်လုံးတွေပွင့်လာသည်။ နာရီကို လှည့်ကြည့်တော့ ရှစ်နာရီကျော်ကျော်ကို ညွှန်ပြနေတာမို့ အိပ်ချင်မူးတူးမျက်လုံးတွေ အော်တိုပြူးလာပြီး အားခနဲတောင်အော်မိလိုက်တော့သည်။
" Light ရေ... ထ..ထ...မြန်မြန်..
ကျောင်းနောက်ကျတော့မယ် !! "
သူ့ ဘေးနားမှာ စောင်နဲ့ထုပ်ပြီး အိပ်ကောင်းနေသူက ခေါင်းကလေးထောင်ကြည့်ပြီး ပြန်လှဲချသွားတာမို့ Chanyeolပဲ တံခါးဖွင့်ပြီး အယ်ရီလေးကို အထဲခေါ်ရသည်။
" သမီးရေ... ပါပါးသွားတိုက်ပြီး မနက်စာလုပ်ပေးမယ်နော်။ အာပါးကို နှိုးလိုက်ဦး...ရအောင်နှိုးနော်။ ကျောင်းနောက်ကျရင် အာပါးဆူခံထိလိမ့်မယ် "
သမီးကို ကုတင်ပေါ်ချပေးပြီး ရေချိုးခန်းထဲပြေးဝင်ကာ ငါးမိနစ်နဲ့အပြီး သွားတိုက် မျက်နှာသစ် ရေချိုးရသည်။ အရေးထဲမှ သွားတိုက်ဆေးအနံ့ကြောင့်လားမသိ...အန်ချင်သလိုလိုဖြစ်ပြီး အချိန်ပိုကြာနေတဲ့ ကွကိုယ် ရင်ဘတ်ထုလိုက် ကျောထုလိုက်နဲ့ တယောက်တည်း ကမ္ဘာပျက်နေရပြန်ရော...
" ဟူးးး..စောစောစီးစီး
ရင်ပြည့်နေသလိုပဲ..
အေ့ !! "
အပြင်ထွက်လာတော့ Chanyeol ထင်ထားတဲ့အတိုင်းပဲ ဖခမည်းတော်ရဲ့ စောင်ထုပ်ထဲမှာ သမီးတော်လေးပါ ရောက်နေပြီး အချင်းချင်း ကလူကျီစယ်လို့ကောင်းကြတုန်း။
" အာပါးတိရား... အယ်ရီ့ တနယ်ဂျင်းကရေ..
ဟေရာယို့ ခေါ်ရဲ့ တနယ်ဂျင်းလေ '
" အင်း..အယ်ရီ့တနယ်ဂျင်း ဟေရာက ဘာဖစ်ရဲ "
အဝတ်အစားလဲနေတုန်းမှာ သားအဖတွေရဲ့ ဂြိုလ်သားဘာသာ စကားကြောင့် Chanyeol ပြုံးမိသွားသည်။၂ နှစ်ပြည့်ခါနီးတဲ့ သမီးဖြစ်သူက စကားမပီတာကို လက်ခံလို့ရသေးတယ်။ အသက်နှစ်ဆယ်ကျော် အဖေက သမီးနဲ့အပြိုင်လိုက်ပြီး ချစ်စရာကောင်းအောင်ပြောနေတော့လည်း Chanyeol တို့ အသည်းတွေမှ ပွက်ဆိတ်မကိုက်ရင် ဘာကောင်ကိုက်တော့မလဲလို့။
" ဟေရာက ကြောရယ်...
တူ့မေမေပိုက်ထဲမာ ညီမရေး ရောက်နေပီ ချိုပြီး မီးမီးကို ကြွားရာ "
" အယ်.. ညီမလေးရတော့မှာပေါ့ ဟေရာက "
" ဟုရယ် ချို... "
သမီးဖြစ်သူစကားတတ်လေးကြောင့် အခန်းထဲကထွက်ခါနီး Chanyeol ရဲ့ခြေလှမ်းတွေတုံ့ခနဲရပ်သွားရသည်။ သူနဲ့ အတူတူဆော့ဖော်ဆော့ဖက်တွေဆီမှာ ကစားစရာ အသစ်အဆန်းတခုခုတွေ့လာရင် အိမ်ရောက်တာနဲ့ အဖေတွေကို ပူဆာနေကျဆိုတော့ အခုလည်း ညီမလေးတယောက်များ ပူဆာဦးမလားဆိုပြီး ထပ်နားထောင်ချင်ပေမယ့် အချိန်က လူကိုမစောင့်ပြန်တော့လည်း ခက်သား။
" ကဲ...သမီးနဲ့ပြန်လာမှပြောကြပါ။ ကျောင်းမှာ presentation အတွက်ပြင်စရာ ရှိတယ်ဆိုပြီး နောက်ကျတော့မှာပဲ "
" ထပြီ...အခုထပြီ...
အာပါးသမီးလေးလည်းထတော့နော်။
စောင်တွေခေါက်ရအောင်...
သမီးက ဒီဖက်ကကိုင်..အာပါးက ဒီလိုခေါက်မယ်...အိုက်ဂူးးး လိမ်မာလိုက်တာ "
" ခ်ခ်... "
အတောက်ပဆုံးပြုံးရယ်နေသည့် သားအဖတွေကို မြင်လိုက်တိုင်းမှာ Chanyeol စိတ်ထဲက ကြည်နူးချမ်းမြေ့နေမှုကို ဘယ်အရာနဲ့မှ မလဲနိုင်တော့ပါ။
" စာအုပ်ကခုံပေါ်မှာနော်။ ကျောင်းမသွားခင်ဖတ်ဖို့ အချိန်မရလောက်ဘူး။ လွယ်အိတ်ထဲထည့်ဖို့မမေ့နဲ့ "
" အွန်း...အာတားဆော "
Chanyeol အပြင်ထွက်သွားတော့ လည်သာအဖုံးနီနီပေါ်မှာ အယ်ရီ့ပုံလေးတွေ ကပ်ထားတဲ့ စာအုပ်လေးကို မေ့သွားမှာစိုးပြီး Light ရဲ့ လွယ်အိတ်ထဲအရင်ထည့်သည်။ ပြီးမှ သမီးဆီပြန်လာပြီး စောင်သေချာခေါက်နေတဲ့အခါ သူ့ရဲ့ လှုပ်ရှားမှုအတိုင်း လိုက်လုပ်ပြီး ကူညီသိမ်းဆည်းပေးနေတဲ့ သမီးလေးက သိတတ်လိမ်မာနေလိုက်တာ အရမ်းပါပဲ။
" အာပါးး "
" အင်း...သမီးလေး
ပြော... "
" အာပါး ပိုက်ထဲမာရော...
ညီမရေး ချိရား "
" ဟေ !! "
ဒီမေးခွန်းကို ဘယ်လိုဖြေရပါ့မလဲ။
ဒီအဖေကို မမေးပဲ ညနေမှရောက်လာမယ့် Baekhyun ကို မေးပါလား လို့ပြောလိုက်ချင်ပေမယ့် ဒီကလေးသေးသေးလေးအတွက်တော့ သူ့ရဲ့ အာပါးက နှစ်ကိုယ်ခွဲမဟုတ်ပဲ တယောက်တည်းအဖြစ် လက်ခံထားခဲ့တာမဟုတ်လား။
လူကြီးတွေကတော့ Light နဲ့ Baekhyun ဆိုပြီး မနက်ပိုင်း ညပိုင်း ခွဲမှတ်ထားနိုင်တာပေါ့။ သမီးလေးကတော့ ငယ်လွန်းလို့ မသိတာပိုကောင်းမယ်ဆိုပြီး လူ တယောက်တည်းလိုမျိုးနေထိုင်ခဲ့တာ။ သိရင်လည်း ခေါင်းရှုပ်သွားဖို့ရှိတယ်လေ။ အကျင့်စရိုက်တွေကအစ သိပ်ပြီးကွာခြားတာမျိုးမှမဟုတ်တာပဲ။ အထူးအထွေ ဟန်ဆောင်နေစရာတော့ လိုအပ်တာမျိုး မရှိခဲ့ပါ။
မျက်စိပြန်မြင်ရပြီး ဆေးရုံကဆင်းလာတဲ့ လေးငါးလအတွင်းမှာ Byun အိမ်တော်ကို ရောင်းရတဲ့ငွေနဲ့ ကွန်ဒိုတိုက်ခန်းတခုဝယ်ခဲ့ပြီး အယ်ရီ့အဖေ အတွက်လည်း ကိုယ်ပိုင်ဆေးခန်းတခု ဖွင့်ပေးနိုင်ခဲ့သည်။ အထပ်ထပ်စစ်ဆေးကုသမှုတွေအဆုံးမှာ အမြင်အာရုံတွေပြန်ပြီး ကျန်းမာလာခဲ့သလို စိတ်အတက်အကျတွေလည်းသိပ်မရှိတော့ပဲ ဆေးရုံကို အသွားအလာကျဲပြီး နေလို့ကောင်းလာသည်။ ဒီအတောအတွင်းမှာ Light နဲ့ Baekhyun နှစ်ယောက်စလုံးကို ပြန်ပြီးလက်ခံနိုင်အောင်ကြိုးစားပြီး ပြုစုစောင့်ရှောက်ခဲ့သူကတော့ အယ်ရီ့အဖေကလွဲပြီး ဘယ်သူရှိနိုင်ဦးမှာလဲ။
အများကြီးကြုံတွေ့ခံစားခဲ့ရတဲ့ Baekhyun ကို အားနာတဲ့စိတ်ကြောင့် အယ်ရီ့အဖေနဲ့ တအိမ်တည်းနေပြီး တကုတင်တည်းနိုးလာရတာတောင်မှ Light ရဲ့စိတ်ထဲမှာ ကိုယ်တွေသားအဖကို စောင့်ရှောက်ပေးနေတဲ့ အိမ်ထောင်ဦးစီးတယောက်ထက်ပိုပြီး ရှေ့ဆက်မတိုးခဲ့ပါ။
ဘယ်သူ့ဖက်ကမှ အဆိုတင်သွင်းခြင်းမရှိသည့်တိုင်အောင် အယ်ရီ့အဖေနဲ့ သူဟာ သမီးလေးကိုပဲ တုန်နေအောင်ချစ်ပေးနေတဲ့ အဖေနှစ်ယောက်အဖြစ် အရိုးသားဆုံးဆက်ဆံရေးတခုထဲမှာ အံဝင်ခွင်ကျဖြစ်နေခဲ့ပြီဆိုတာတော့ Baekhyun လည်း နားလည်သဘောပေါက်ပေးနိုင်မယ်လို့ သူ ယုံကြည်ထားပါသည်။
သူငယ်ချင်းတွေ ပြောတဲ့စကားအရဆိုရင်တော့ Baekhyun နဲ့ အယ်ရီ့အဖေတို့ ကြားက ဆက်ဆံရေးဟာ ကြင်စဦး လင်လင်တွေလို ခွာမရအောင်ပူးကပ်နေတယ်တဲ့။ Light နဲ့ သူ့ကြားက အခြေအနေကတော့ အိမ်ထောင်သက်တမ်းကြာလာတဲ့ စုံတွဲတွေလိုပဲ ဝတ်ကျေတန်းကျေနဲ့ မေးထူးခေါ်ပြောလုပ်ရုံ၊ ကျောင်းသွားကျောင်းပြန်အကြိုအပို့လုပ်ရုံ၊ သမီးကို တယောက်တလှည့်ကူထိန်းပေးရုံ အနေအထားမှာပဲ တည်ငြိမ်လွန်းနေတယ်ဆိုပဲ။
သူငယ်ချင်းတွေဆိုလို့ Kyungsoo နဲ့ Jongin ကတော့ လက်ရှိအလုပ်တွေလက်စသတ်ပြီးရင် နောက်နှစ်မှာ လက်ထပ်ကြမယ်လို့ပြောတယ်။ အယ်ရီ့အဖေရဲ့ သူငယ်ချင်းတွေ... Sehun sshi နဲ့ Luhan sshi တို့ကတော့ ဖိတ်စာတောင်လာပိုပြီးသွားပြီ။ နောက်တပတ်မှာ လက်ထပ်ပွဲရော Dinner ရော လုပ်မှာမို့ Light အနေနဲ့ရော Baekhyun အနေနဲ့ပါ ကြွရောက်ချီးမြင့်လို့ အဆင်ပြေသွားတဲ့ သဘောပေါ့။
" အာပါးးး ယို့ !! "
" ဟေ..အင်း...ပြော "
အတွေးထဲနစ်နေလိုက်တာ..ကုတင်ပေါ် ငုတ်တုတ်ထိုင်ပြီး ကိုယ့်ကို လူမိုက်ကြည့်ကြည့်နေတဲ့ သမီးတော်လေးက နှုတ်ခမ်းလေးစူပုပ်နေပါရောလား။
" အာပါးဂို မေးရာရေ .
ညီမရေး ချိရားယို့ !!"
" အနော်ရဲ မတိဘူး ချိမရေ...
ညနေပြန်လာမှ မေးတော့ "
" ဟာ...ရပူးး ရပူးးး
ညီမရေး ယိုဂျင်တာဂို...
ဗြဲ !!! "
ခေါက်ပြီးသားစောင်တွေကြားထဲ လူးလှိမ့်ပြီး ဂျီတိုက်နေတဲ့ မမအယ်ရီကို လက်ဖျားခါရသည်။ သူလိုချင်တာမရမချင်း အနားကမခွာပဲ တွယ်ကပ်နေပြန်တော့ သွားတိုက်မျက်နှာသစ်တာတောင် သမီးကို ရေချိုးခန်းထဲခေါ်သွားရသည်။ အပြင်ပြန်ထုတ်လို့မရတဲ့ နှုတ်ခမ်းထော်မလေးရှေ့မှာ ရေမချိုးဖြစ်တော့ပဲ နည်းနည်းပါးပါး ခြေလက်ဆေးပြီး ကျောင်းသွားဖို့ ပြင်ရတဲ့ သနားစရာဘဝရယ်ပါ။
" အာပါး ညာကြောရယ် "
" ဟင်...ဘယ်တုန်းကညာလို့လဲ ?? "
" ဒီ.. ပိုက်က... ပူနေရာ...
ညီမရေး ချိယို့ပေါ့ "
" အောင်မယ်လေး...ဒီဗိုက်က တနေ့ကို ထမင်းငါးထပ်လောက်စားနေလို့ ပူတာပါဗျာ။ ကျနော် လူပျိုအစစ်ပါ။ အထင်မလွဲပါနဲ့ အစ်မကြီးရဲ့ "
" ခ်ခ်...အူးးးဝါးးး
ရုပ်နက်...ရုပ်နက် ယို့ !! "
စကားတတ်လွန်းတာလေးကို အသည်းတွေယားလွန်းလို့ အမြင့်ကြီးချီမြှောက်ပစ်ပြီးမှ လွယ်အိတ်ကို စလွယ်သိုင်းကာ သူ့အဖေ မနက်စာချက်နေမည်ဖြစ်သော ထမင်းစားခန်းဖက်ကို သားအဖတွေချီတက်လာလိုက်သည်။
ညဖက်ဆို Baekhyun တို့လင်လင်တွေ ဘယ်လိုတောင် အချစ်ကြမ်းကြမှန်းမသိပဲ မနက်ကျမှ တကိုယ်လုံး အီစိမ့်ပြီး နိုးလာရတဲ့ Light ရဲ့ အဖြစ်ဟာ တလမှာ သုံးလေးခါမကဘူးဆိုတော့လည်း အယ်ရီ့အတွက် ညီမလေးတွေ မောင်လေးတွေ ရောက်ချင်လည်းရောက်နေမှာပေါ့လေ။
အဲ့လိုမျိုး ကိုက်ခဲနာကျင်ပြီးနိုးလာတဲ့ မနက်တိုင်းမှာ ဘယ်သူကို ဆဲလို့ဆဲချင်မှန်းမသိ... ဒေါသတွေထွက်လိုက်တာလွန်ရော...
" အရမ်း နာနေတယ်မလား။
တောင်းပန်ပါတယ် 😭 " ဆိုတဲ့ စကားကို ငိုနေတဲ့ emoji ပါထည့်ပြီး စာလုံးအကြီးကြီးနဲ့ ချရေးထားလိုက်တော့ ဒီကောင်က ခွင့်လွှတ်ပေးရရောလား။ ဟိုနားကနာ ဒီနားကနာနဲ့ ကျောင်းကို လေးဘက်ထောက်သွားရတော့မယ့် အခြေအနေကြီးမှာ မနိုးလာရင်ကောင်းမယ်လို့တောင် ထင်မိတဲ့ မနက်ခင်းတွေက အများသားရယ်။
မှောင်တာကသူ...ထန်တာကသူ...
ကိုယ့်ယောက်ျားအကြောင်းကိုယ်သိရက်နဲ့ ဘယ်လိုတွေသွားပြီးမြူဆွယ်လိုက်မှန်းတော့မသိဘူး။ နာမယ့်နာတော့ ဒီကောင်ပဲ မျက်စိနှစ်လုံးပွင့်တာနဲ့ ကျောကော့နေအောင်ခံရတာ...
နိုးပြီး သိပ်မကြာခင်မှာ ဆေးထိုးအပ်ကြီးနဲ့ရောက်လာတတ်တဲ့ ဆရာဝန် အစုတ်အပဲ့ အရွဲ့အစောင်း ကြီးကတမျိုး။ ညတုန်းက Baekhyun ကို တခါတည်းဆေးထိုးပေးလို့ရရဲ့သားနဲ့ သူ့ဟာလေးနာသွားမှာစိုးပြီး ကိုယ်နိုးလာတော့မှ မချိသွားဖြဲရယ်ပြရင်း ဆေးထိုးပေးတယ်။
အပ် ကြောက်လို့အော်ငိုရတာကတမျိုး၊ အထိုင်အထတိုင်းမှာ သောက်ကျိုးနဲတွေ နာလွန်းလို့ ကျိန်ဆဲမိတာက တသွယ်၊ လည်ပင်းက ကိုက်ပြုထားတဲ့ အနီကွက်တွေကို လူမြင်မှာစိုးလို့ နွေဦးရာသီမှာ မာဖလာကြီးပတ်ပြီး အင်္ကျီလက်ရှည်နဲ့ ကျောင်းတက်ရတာကဖုံ၊ အကိုက်အခဲပျောက်ဆေးတွေသောက်ပြီး အော့ချင်အန်ချင်သလိုဖြစ်လိုက် အစာအိမ်နာသလိုခံရလိုက်နဲ့ ဒုက္ခအပေါင်းသရဖူဆောင်းထားရတာ တလီ...
မဟုတ်မှလွဲရော...ဒီနှစ်ကောင်ဟာ Light ကို အနုနည်းနဲ့အကြမ်းဖက်...အာညီ...အကြမ်းနည်းနဲ့ အနုဖက်ပြီး Baekhyun ကိုယ်ထဲက ထွက်သွားအောင် ကြိုးစားနေကြတာလားလို့တောင် မေးကြည့်ချင်စရာပဲ။
ပြီးတော့လည်း အခုတလော မိုးလင်းတိုင်းလိုလို ရေချိုးခန်းထဲကထွက်လာတဲ့ တအေ့အေ့ တအော့အော့ အသံတွေကြောင့် အယ်ရီ့အဖေကြီးများ ဗိုက်ပူနေသလားလို့တောင်တွေးမိတယ်။ မျက်စိမြင်ပြီးတဲ့နောက်မှ Baekhyun က သူ့အပေါ်ရောက်သွားသေးတာလား.... သူ့မှာရော ကလေးမွေးဖို့ သားအိမ်ပါတာလားလို့ အတွေးနယ်ချဲ့မိပြန်ရော။
အဲ့လိုသာ အပေါ်ရောက်လို့ရကြေးဆိုရင် ကျနော်လည်း...
ဟဲဟဲ...တပွဲလောက်တော့ ဝင်နွှဲဦးမှပါ ><
" မြန်မြန်စား...နောက်ကျနေပြီ "
မနက်စာ ကြက်ဥလိပ်ထမင်းကြော်ကို သူ တဇွန်းစားလိုက်၊ သမီးကို တဇွန်းခွံ့လိုက် လုပ်နေတဲ့ ပါပါးကြီးက နာရီကိုလည်း ခနခနမော့ကြည့်ရတာအမော။
" ပါပါးး ရေး "
" အေးး.. "
ရောက်လာတဲ့ ကလေးထိန်း Arjumma ကို တံခါးသွားဖွင့်ပေးပြီး အယ်ရီ့အတွက် နေ့လည်စာချက်ပေးဖို့ပြောရင်း သူ့ဂျူတီကုတ်ကြီးနဲ့ ဆေးပစ္စည်းတွေထည့်ထားတဲ့ လွယ်အိတ်ကို အိမ်ရှေ့ဆိုဖာပေါ်ပစ်တင်နေတဲ့ ပါပါးကြီးဟာ တယောက်ထဲ နတ် ကနေတဲ့အတိုင်းပဲ။ Light ရဲ့ ဂစ်တာအိတ်ကြီးပိုက်လို့ နံရံမှာ ချိတ်ထားတဲ့ ကားသော့ကို သွားနဲ့ကိုက်ယူရင်း အနားရောက်လာပြန်တယ်။
" ပါပါး ပိုက်ထဲမာ...
မီးမီး ညီမရေး ထည့်ထားယို့ "
" အေး...ထည့်ထားတယ် "
" တယောက် ဟုတ်ပူးညော်...
နယောက်..တုံးယောက်... "
" အေးပါကွာ... နတ်သမီးခုနစ်ဖော်စလုံး ထည့်ထားတယ် ဟုတ်ပလား။ "
သူ့အဖေနဲ့ သူ့သမီးကတော့ ဟုတ်နေတာပဲ။ သမီးဖြစ်သူက လက်ကလေးတွေချိုးပြပြီး ညီမသုံးလေးယောက်ပူဆာနေ...အဖေကလည်း လက်ကျန်ထမင်းကြော်ကို မြန်မြန်ဖြတ်နေတုန်းမှာ ပြောချင်ရာတွေလျှောက်ပြောနဲ့မို့ ပါးစပ်မစိနိုင်အောင် ရယ်မိနေတဲ့သူက ဒီတသက်စားလို့ပြီးနိုင်ပါတော့မလားလို့။
" ပိုင့် ပိုင်...
ချောချော ကျန်ရာညော် "
" ဟုတ်ပါပြီ အသည်းရာ.. "
သံယောဇဉ်အမျှင်မပြတ်နိုင်တဲ့သမီးက အဖေတွေအလုပ်သွား ကျောင်းသွားခါနီးတိုင်းမှာ မျက်ရည်လေးတစမ်းစမ်းနဲ့။ သူ့အဖေဆေးခန်းက ဒီတိုက်ရဲ့ အောက်ဆုံးထပ်မှာရှိနေလို့တော်သေးတယ်။ တနေ့ အခါတရာလောက် အပေါ်ပြန်တက်ပြီး သူ့သမီးကို လာကြည့်လိုက်ရမှ..မဟုတ်ရင် အလုပ်ဖြောင့်ဖြောင့်မလုပ်နိုင်ပါဘူးဆိုတဲ့ ပါပါးကြီးဟာ ဘယ်လိုတွေတောင် အဖြစ်သည်းနေမှန်းမသိတော့ပါဘူးလေ။
" စာအုပ်ဖတ်ရမှာကို မေ့နေတာ "
ကားထွက်လာတာနဲ့ ချက်ချင်းသတိမရသေးပဲ လမ်းဘေးဝဲယာကို ဟိုကြည့်ဒီကြည့်လုပ်မိတာ တော်တော်ကြာသွားတယ်။ လည်သာအဖုံးအနီနဲ့ စာအုပ်လေးကဒါနဲ့ဆို လေးအုပ်ရှိပြီ။ တလကို တအုပ် ထုတ်ရတဲ့အထိ Baekhyun နဲ့ ကျနော်ဟာ တယောက်ကို တယောက် ဘယ်လိုတွေ မှာတမ်းချွေကြသလဲဆိုတာ စဉ်းစားသာကြည့်ကြပေတော့။
" ညတုန်းက ရေချိုးခန်းထဲမှာ အော်ဟစ်ပြီး ခုန်ပေါက်နေတဲ့အသံကြားတယ်။ ဘာဖြစ်လဲ သွားမေးတော့ မဖြေဘူး။ စာအုပ်ထဲမှာများရေးထားလား "
စာအုပ်ကို ယောင်လို့တောင်ဖွင့်မကြည့်ပါဘူးဆိုပြီး သစ္စာဆိုထားရတဲ့ အယ်ရီ့အဖေကို ဒီအချိန်မှာတော့ သနားသလိုလိုရှိပြန်ရော။ ဒါပေမယ့် မကြည့်တာကောင်းတယ်။ ကိုယ်တွေရေးတဲ့အထဲ တရာမှာ ကိုးဆယ့်ကိုးကြောင်းလောက်က သူ့အတင်းတွေ တုပ်ထားကြတာမို့လား။
* Light ရေ...
မင်းကို ပထမဆုံးပြောပြချင်တဲ့ ကိစ္စတခုရှိတယ်သိလား။
ငါ...ကိုယ်ဝန်ရှိပြန်ပြီ *
" WHAT THE FUCK !!! "
" ဟင်...ဘာဖြစ်လို့လဲ...
ဘာရေးထားလို့လဲဟင်..ကိုယ့်ကိုပြ "
" ခန..နေ... နေဦး...မကြည့်နဲ့..
လာမကြည့်နဲ့နော်... Move !! "
တကယ်ပဲ မယုံနိုင်လွန်းလို့ အံ့အားတကြီးနဲ့ အော်မိတဲ့အချိန်မှာ High note က ဘယ်လောက်ကျယ်သွားမှန်းတောမသိဘူး။ မီးပွိုင့်မှာ အတူတူစောင့်နေတဲ့ တချို့ကားပေါ်က လူတွေရဲ့ အထူးအဆန်းလုပ် ကြည့်တာခံရသည်။
" နဲနဲလေးပြလို့ ရပါတယ်ကွာ
အရမ်းတွန့်တိုတာပဲ "
" မကြည့်ပါဘူးလို့ သစ္စာဆိုထားတယ်မလား။
ကတိတည်ပေးပေါ့ "
ဟိုဖက်လှည့်သွားသူရဲ့ နှုတ်ခမ်းစူထော်ကြီးကို မသိချင်ယောင်ပြုလို့ တုန်ယင်နေတဲ့လက်တွေနဲ့ပဲ စာကို ဆက်ဖတ်လိုက်သည်။
ကွကိုယ် ပျော်တာလား ဝမ်းနည်းတာလား
ရူးကြောင်မူးကြောင်တွေ ဖြစ်ကုန်ပြီလားဆိုတာ မသိတော့ဘူး Baekhyun ရေ....
* အရမ်း အံ့သြသွားတယ်မလား။
ငါလည်း သိသိချင်းယုံတောင်မယုံနိင်ဘူး။ သုံးလေးခါစစ်တာ အဖြေတခုပဲထွက်လို့ တကယ်ရှိနေတာဆိုပြီး ယုံရတော့တယ်။ ရင်တွေခုန်လွန်းလို့ အခု ငါ့ လက်ရေးတွေတောင် ပဲပင်ပေါက်ရေညှစ်ထားသလို တွန့်ခေါက်နေပြီမလား..ခိခိ
ငါ အရမ်းပျော်နေတယ်။ Yeol ကိုလည်းပြောပြချင်တယ်။ ဒါပေမယ့် မင်းကို အရင်ဆုံးအသိပေးမယ်လို့ စဉ်းစားထားလို့ မပြောသေးတာ။ ဒီညနေ Sohee ဆီသွားတွေ့ပြီးပြန်လာရင် ငါပြောတော့မယ်လို့ စဉ်းစားတယ်။ မင်းရော ဘယ်လို ခံစားနေရမလဲဟင်... ငါ အရမ်း သိချင်တယ်။ တခုခုရေးပေးခဲ့စမ်းပါကွာ...နော် *
တခုခု ??
တခုခုရေးရမယ်လို့ သူ ပြောပေမယ့် ကျနော့ စိတ်ထဲမှာ ခံစားချက်တွေ အစုံပလုံရောယှက်နေခဲ့လို့ ဘာရေးလို့ရေးရမှန်းတောင် မသိတော့တာပါ။
ကျနော့ ဗိုက်ထဲမှာ သက်ရှိလူသားလေးတယောက် ကိန်းအောင်းနေပြီဆိုတဲ့ အသိက အသစ်အဆန်းကြီးလိုဖြစ်နေတော့လည်း ချက်ချင်းလက်မခံနိုင်သေးတာနဲ့တူတယ်။
ဒါမှမဟုတ် သိပ်မကြာခင် စူထွက်လာတော့မယ့် ဗိုက်ကို ဆရာဆရာမတွေ သူငယ်ချင်းတွေမြင်သွားမှာ စိုးပြီး ဖွက်ထားချင်နေတာများလား။
" ရောက်ပြီ "
ကျောင်းရှေ့မှာ ကားထိုးရပ်လိုက်တဲ့သူက ကျနော့လက်ထဲကိုင်ထားတဲ့ စာအုပ်ကို ချောင်းကြည့်နေသေးတာမို့ မြန်မြန်ပိတ်လိုက်ရတယ်။
" ညနေစောစောလာကြိုမယ်မလား။ Sohee နဲ့ သွားတွေ့ကြမယ်ဆို "
" အင်း...သုံးနာရီလောက်လာမယ်။ ရေမိုးချိုးပြင်ဆင်ဖို့ အချိန်ရအောင်လို့ "
ထုံးစံအတိုင်း ကျနော့ခါးပတ်ကို သူကိုယ်တိုင်ဖြုတ်ပေးလာသည်။ ကျောင်းသွားတော့မယ့် ချစ်ရသူကို Morning kiss လေးပဲဖြစ်ဖြစ် ပေးလိုက်ချင်ပေမယ့် အတွင်းစိတ်ထဲမှာ နောက်လူတယောက်ဖြစ်နေတဲ့အတွက် ချုပ်တီးထားရသလို အမူအရာတွေမြင်ရတိုင်းမှာ သူနဲ့ Baekhyun ကို ကျနော် သနားမိတော့သည်။
" ကားသေချာမောင်းနော် "
ကျောင်းဝန်းထဲကို ခြေချမိတိုင်းမှာ လတ်ဆတ်တဲ့လေနုအေးကို ရှူရှိုက်ရင်း ကျနော် ကျေနပ်ရစမြဲ။ မနက်ပိုင်းရှင်သန်ရတဲ့ ကျနော့အတွက် အပြင်လောကကို ခြေချဖို့၊ လူငယ်တယောက်ရဲ့ ဘဝရသကို အစွမ်းကုန်ခံစားဖို့ အခွင့်အရေးတွေဟာ အရင်တုန်းကမက်တဲ့ အိပ်မက်လေးအသက်ဝင်လာတဲ့အတိုင်းပါပဲ "
သူငယ်ချင်းတွေတရုန်းရုန်းနဲ့ ကျောင်းတက်လိုက်၊ ကန်တင်းသွားလိုက်၊ Project တွေလုပ်လိုက်၊ သီချင်းတွေဆိုလိုက်ရေးလိုက်နဲ့ အပျော်ဆုံးအချိန်တွေ တယောက်တည်းပိုင်ဆိုင်နေရတဲ့အခါ Baekhyun အပေါ် ကျနော့ဖက်က မတရားသလို ခံစားမိလာသည်။
မိသားစုနဲ့ ပန်းခြံတွေ၊ ကစားကွင်းတွေသွားပြီး အလှပဆုံးအချိန်လေးတွေ ပိုင်ဆိုင်ခဲ့ရသည်။ အဖေတွေရဲ့ နှိုးစက်နာရီလေးအဖြစ်တာဝန်ယူထားတဲ့ သမီးလေးရဲ့ အသံသာသာနဲ့ မိုးလင်းခဲ့ရသည်။ အပြည့်အဝမဟုတ်ပေမယ့်လည်း ပျော်စရာကောင်းတဲ့ အချိန်တွေ အများစုကို တယောက်တည်း သိမ်းကြုံးယူထားမိသလိုဖြစ်နေတဲ့အတွက် Baekhyun ကိုလည်း ဒီလိုမျိုး ပေါ့ပါးလွတ်လပ်နေတဲ့ အချိန်လေးတွေ နောက်တဖန် ရရှိစေချင်ပါသည်။
စာသင်ခန်းထဲရောက်တာနဲ့ သူငယ်ချင်းတွေကို နှုတ်ဆက်ပြီး ထောင့်ခုံလေးတနေရာမှာ ဝင်ထိုင်လိုက်သည်။ အနီရောင် စာအုပ်လေးပေါ်က အယ်ရီ့ဓာတ်ပုံလေးကို အမြတ်တနိုးနမ်းရှိက်ပြီး စာအုပ်ကို ဖွင့်လိုက်သည်။ အင်္ကျီအောက်က ဗိုက်ကို မသိမသာလေးပွတ်ကြည့်ပြီး စာရေးနေခဲ့သော ကျနော်မျက်နှာပေါ်မှာ ကြည်နူးဝမ်းမြောက်ခြင်း အပြုံးပန်းတွေ ဝေနေခဲ့မှာသေချာပါတော့သည်။
.
.
.
.
.
.
.
.
.
.
.
.
.
..
.
..
.
.
.
.
.
.
.
.
" Baekhyunee နိုးပြီလား...
နွားနို့သောက်လိုက်ဦး "
" ဟုတ်... "
ဆိုဖာပေါ်ခြေဆင်းထိုင်ရင်း ကျနော့ချစ်လင်ကြီး ဆက်သလာသော နွားနို့ခွက်ကို လက်လှမ်းမိချိန်မှာ ကျနော့ လက်ကို လာဆွဲထားပါသော လက်ကလေးပိကျိတဖက်..
" တောက်ရပူးး "
" ဟေ !! ဘာလို့တုန်း သမီးရ "
စိတ်ကောက်နေပုံပေါ်တဲ့ သမီးကို ပေါင်ပေါ်တင်လိုက်တော့ နွားနို့ခွက်ကို တကျိုက်ပြီးတကျိုက်လုသောက်သွားတဲ့ ပန်းနုရောင်ဂါဝန်နဲ့ ဂျပုလုံးလေးဟာ အားလုံးသောက်ပြီးတာနဲ့ ဖအေကို ဂေ့ခနဲနေအောင် လေတက်ပြလိုက်သေး။
" အာပါးက မီးမီးထက် ရပ်ချေနေပီဟာ..
နို့တောက်နက်... ရေတောက် "
" ဟောဗျာ...ခင်များထက်အရပ်ရှည်တိုင်း ထပ်မရှည်ရတော့ဘူးလား။
ဆဲဆားငယ်...အနိုင်ကျင့်မှုကြီးတသိန်းပါနော် "
ခွက်ကို ပြန်သိမ်းသွားတဲ့ သူ့ ပါပါးကိုလည်း မျက်စောင်တွေ ပစ်ပစ်ထိုးနေလိုက်တာ...အယ်ရီသာ နဂါးပုစိလေးဆိုရင် Park Chanyeol ကို ဘယ်နားလိုက်ရှာရမလဲတောင် သိတော့မှာမဟုတ်ဘူး ။
" တတိန်းချိုရာ ဘာရဲ..
မို့ရား ...
ချားကောင်းရား.. "
" အာပါး ဘာပြောပြော အစားပဲမက်နေတယ်။ အဲ့တာကြောင့် အယ်ရီ့ကို ဟာမူးညီးက ဝက်ကလေးလို့ခေါ်တာ "
" အာညီ.... ဝက်မှုတ်ဖူး !! "
" ဝက်မဟုတ်ရင်ဘာလဲ... ကြွက်လား "
" မှုတ်ဖူး...မီးမီးက ယူ..
ယူ ချောချောရေး "
" အောင်မလေး...လိပ်မျိုးလိပ်နွယ်က ဆင်းသက်လာတဲ့ ..လိပ်ကလေးအယ်ရီရေ... ခင်များနဲ့ တူတာလေး နောက်တယောက်မွေးလာမှာကို ကျနော်လန့်နေပါပြီလို့ "
အသည်းတွေအူတွေတုန်ပြီး အကြာကြီးဖက်ထားလိုက်တော့ ရုန်းမရတဲ့အခါ ဖအေ့လက်မောင်းကို သွားနဲ့ကိုက်ပစ်လိုက်တဲ့ အဆိုးလေးကြောင့် ငဗြောင်တို့ အီစိမ့်ရတော့သည်။
" အားးး ခွေးမလေး...သွား !!
ခွေးဆိုရင် မချစ်တော့ဘူး "
" အဟင့်..ဟင့် "
" အိုက်ယားး ချစ်လို့စတာပါကွာ။
မငိုပါနဲ့သမီးရယ်...နော် "
" ဝေ့ !! ဘယ်သူငိုနေတာလဲ။
ပါပါးလာမှာနော်။
အာဘွားသရဲကြီး လာရင် ပြေးမလွတ်တော့ဘူး မှတ် "
သားအဖနှစ်ယောက် အချစ်စမ်းလို့ကောင်းနေတုန်းမှာ အကျယ်ကြီးကြားရတဲ့ အသံကြောင့် အယ်ရီ့ဇက်ကလေးပုဝင်သွားသည်။ တအိမ်လုံးမှာ သူကြောက်တာ ပါပါးတယောက်ရှိလို့တော်သေးတယ်။ မဟုတ်ရင် ဒီလိုမျိုးမွှတ်နေအောင်လည်တာလေးကို ဘယ်လိုထိန်းရမှန်းတောင် မသိဘူး။
သုံးလေးခါပဲ တွေ့ဖူးသေးတဲ့ အဖွားနဲ့ အဒေါ်ကိုလည်း အိမ်ပြန်ခါနီးရင် ကြူကြူပါအောင် သူ ချွဲတတ်နေပြီ။ အဖွားကို ပွတ်သီးပွတ်သပ်လုပ်တာကတော်သေးတယ်။ နေသိပ်မကောင်းသေးလို့ ဆေးရုံမှာနေနေရသေးတဲ့ သူ့အဒေါ်ရဲ့ကုတင်ပေါ် ကုတ်ဖက်တက်လိုတက်.. ဆံပင်တွေ သွားဆော့လိုဆော့နဲ့ မနည်းလိုက်ဖမ်းနေရတယ်။ တသက်လုံး တည်တည်ငြိမ်ငြိမ်နေတတ်တဲ့ ဟောဒီ့ Byun Baekhyun ရဲ့သမီးပါလို့ ကျိန်တွယ်ပြီးပြောရလောက်တဲ့အထိ မမအယ်ရီဟာ ဖလန်းဖလန်းတွေထလိုက်တာလွန်ရော။
ကျနော် မျက်စိပြန်မြင်ပြီး တလလောက်အကြာမှ Coma ဝင်ရာကနေ Sohee ပြန်နိုးလာတယ်။ မေ့မျောနေတာ ၂နှစ်လောက်ကြာပြီဆိုတော့ မျှော်လင့်ချက်မရှိလောက်တော့ဘူးလို့ထင်ပြီး အသက်ရှူစက်တွေဖြုတ်ဖို့တောင် ဆရာဝန်တွေက ဆုံးဖြတ်ခဲ့ကြတယ်တဲ့။
Yeol ကို သူ့အမေကဖုန်းဆက်ခေါ်ပြီး Sohee ကို စက်ဖြုတ်တော့မယ့်အကြောင်း ပြောပြတော့ ဆရာတွေကို ထိုင်ရှိခိုးတော့မတတ် အနူးအညွတ်တောင်းပန်ခဲ့ရတယ်။ ၁လ ၂လ ထက်ပိုပြီး စက်တွေမတပ်ထားပေးနိုင်တော့ဘူးလို့ အကြောင်းပြန်လာတဲ့အချိန်နဲ့ ကျနော်က Yeol ကို အတွေ့မခံပဲ ခါးခါးသီးသီးဖြစ်နေတဲ့ အချိန်က တိုက်ဆိုင်နေတာမို့ သူလည်း တော်တော်ကြီး မွန်းကျပ်နေခဲ့မှာပါပဲ။
ကျနော် ခွဲခန်းထဲကထွက်လာတော့ Light ကိုပါ ခေါ်လာနိုင်ခဲ့တယ်။ အရင်အတိုင်းပဲ သူကနေ့ဖက်..ကျနော်က ညဖက်မှာ ဆက်ပြီးရှင်သန်ကြတယ်ပေါ့။ မျက်စိပြန်မမြင်ရခင်မှာ Sohee အကြောင်း ဘယ်လိုပဲမေးမေး " အဆင်ပြေပါတယ် " တခွန်းပဲ ပြောခဲ့တဲ့ Yeol က ညီမဖြစ်သူခံစားရသမျှတွေကို ကျနော်သိရင် နာကျင်ဝမ်းနည်းနေမှာစိုးပြီး ဖုံးဖိထားခဲ့တာ Sohee နိုးလာပေးတဲ့ အချိန်အထိပါပဲ။
သူ နိုးလာတာသိသိချင်း စိတ်လှုပ်ရှားလွန်းလို့ Yeol နဲ့ အတူတူလိုက်ပြီး ချက်ချင်းသွားတွေ့ချင်ခဲ့တာ။ ဒါပေမယ့် ကျနော့ကို တွေ့ရင် သူ့ကျန်းမာရေးအခြေအနေတခုခုဆိုးဝါးသွားနိုင်လားဆိုတာ မရေရာတဲ့အတွက် ချက်ချင်းမသွားသေးပဲ ကျနော်စောင့်ခဲ့တယ်။ တစ်လလောက်နေတော့ Yeol က သွားဖို့ခေါ်တယ်။ Sohee က ကျနော့ကို တွေ့ချင်တယ်တဲ့လေ။
သူ့ကို တွေ့တာနဲ့ ထိန်းမရအောင် ကျဆင်းလာတဲ့ မျက်ရည်တွေနဲ့အတူ ကျနော်ပြောမိတာကတော့ တောင်းပန်စကားပါပဲ။ မျက်ရည်စတွေကြားမှာ ပြုံးပြနေတဲ့ Sohee က အားလုံးအတွက် ခွင့်လွှတ်ပါတယ်လို့ ပြောလာတယ်။ ကျနော့ကို ကားမတိုက်အောင် ကယ်ပေးခဲ့တာ သူကိုယ်တိုင်လည်း လွတ်မယ်လို့ ထင်ခဲ့တဲ့အတွက်ပဲလို့ပြောတယ်။
သူ တဖက်သတ်သဘောကျခဲ့ရတဲ့ ကျနော့ကို သူ့အစ်ကိုရဲ့ ယောက်ျားအနေနဲ့ ပြန်တွေ့ရတာကြီးက အနေခက်ပေမယ့် တဖြည်းဖြည်း ကျင့်သားရလာမှာပါ လို့ပြောပြီး ကျနော့မျက်ရည်တွေကို သွေ့ခြောက်စေပြန်တဲ့ သူငယ်ချင်းမလေးဟာ စိတ်သဘောထားနူးညံ့လွန်းလို့ အိမ်ပြန်လမ်းတလျှောက်လုံးမှာလည်း ကျနော် ငိုခဲ့ရပြန်တယ်။
ဒီအကြောင်းတွေ Light ကို ပြောပြတော့ Sohee ဒီလိုဖြစ်ရတာ သူ့ကြောင့်ပါဆိုပြီး ကွကိုယ်အပြစ်တင်နေပြန်တယ်လေ။ လောကဓံရဲ့ ရိုက်ချက်တွေ အများဆုံးခံစားရဖူးတဲ့ ဘဝမှာ အရာရာတိုင်းဟာ ကံစီမံရာအတိုင်း ဖြစ်တာပါပဲလို့ နှလုံးသွင်းထားရုံကလွဲလို့ ကျနော်တို့မှာ ရွေးချယ်စရာတခုမှ ရှိမနေတဲ့အကြောင်း သူ့ကို ပြန်ရှင်းပြလိုက်ပါတယ်။
ကံကြမ္မာကြီးက တခါတရံမှာ ခါးသက်လွန်းသလို အခုလိုအချိန်မှာလည်း ချိုမြိန်လွန်းနေပြန်တယ်။
ကျနော် မျှော်လင့်ထားဖူးတဲ့ မိသားစုဘဝလေးကို အပြည့်အဝပိုင်ဆိုင်ထားရတဲ့အပြင် နောက်ထပ် ကံကောင်းခြင်းလက်ဆောင်လေးတခုက ဒီဝမ်းကြာတိုက်ထဲမှာ တနေ့ထက်တနေ့ပိုပြီး ကြီးထွားဖွံ့ဖြိုးလာနေပြီမဟုတ်လား။
ပထမဆုံး Light သိအောင်ပြောပြတယ်။
သူကလည်း မယုံတဝက် ယုံတဝက်နဲ့ဖြစ်ရမှာပါပဲ..
ပြီးတော့ ဂုဏ်ယူပါတယ်တဲ့...သူ့ဖက်ကလည်း ကလေးကို မထိခိုက်ရအောင် သတိထားနေပေမယ်လို့ပြောတယ်။ ရယ်ရတဲ့တချက်ကတော့ Yeol နဲ့ ကျနော့ကို အိပ်ရာခွဲအိပ်ခိုင်းတာပဲ။ ဟိုဒင်းတွေထပ်ပြုနေရင် ဗိုက်ထဲက ကလေး ပျက်ကျတာတွေ ဘာတွေဖြစ်မှာစိုးလို့ပါတဲ့လေ။
* သူအရမ်းဖြစ်နေရင် အရုပ်တရုပ်ဝယ်ပေးထားလိုက်...မင်းကို ဘာမှလာမလုပ်စေနဲ့။ အနားတောင်ကပ်မခံနဲ့...အနည်းဆုံး သုံးပေလောက်ခွာနေ* ဆိုပြီးတားမြစ်လာသူကြောင့် အူတက်နေအောင်ရယ်ရသေးတယ်။ Light မသိသေးတာတချက်က အယ်ရီ့ဗိုက်နဲ့တုန်းကလည်း သူ့ရုံးခန်းထဲအထိကျနော် လိုက်သွားပြီး မေ့လဲသွားတဲ့အထိ HD ရိုက်ဖူးကြတယ်ဆိုတာပဲ..
ပြောလို့မဖြစ်သေးပါဘူးလေ။ သိသွားရင် တကယ်ကြီး ခွဲအိပ်ခိုင်းနေဦးမယ်။ ကျနော်က တယောက်တည်းမှ မအိပ်တတ်တော့တာလေ နော့။
ဟိုလူကြီးကတော့ ကျနော့ရယ်သံကြားလို့ ဘာဖြစ်တာလဲ လာမေးပြီး သူခိုးမျက်လုံးနဲ့ စာအုပ်ကိုလာကြည့်သေးတယ်။ ဒီကလည်း ပြောချင်နေတာအတော်ပဲဆိုတော့ သူ့လက်ကို သေချာဆုပ်ကိုင်ပြီး ကိုယ်ဝန်ရှိတဲ့အကြောင်း ပြောပြလိုက်တာပေါ့ ။
သမီးလေးကို ပွေ့ထားရင်း မျက်ရည်လည်ရတဲ့အထိ ပျော်ရွှင်အူမြူးနေချိန်မှာ ကျနော့ကို တောင်းပန်စကားတွေရော..ကျေးဇူးတင်စကားတွေရော မပြတ်တမ်းပြောထွက်လာတဲ့ နှုတ်ခမ်းဖူးဖူးတွေကို သမီးလေးအလစ်မှာ ကျနော့နှုတ်ခမ်းတွေနဲ့ ပိတ်ပေးလိုက်တော့မှ အသံတွေတိတ်ပြီး ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ်ထိုင်လို့ ကလေးကြီးတယောက်လို အော်ငိုနေတော့တာပဲ။
အဖေနဲ့ သမီးနှစ်ယောက်မှာ သမီးကတော့ အပျော်ဆုံးလို့ထင်ရတယ်။ အာပါး ဗိုက်ထဲမှာ ညီမလေးရောက်နေပြီဆိုပြီး သူ့သူငယ်ချင်းကို ချက်ချင်းသွားပြောမယ်ဆိုလို့ မနည်းတားရသေးတယ်။ ညဖက်ဆို ဟိုကလေးက စောစောအိပ်တဲ့ဟာ... အခန်းတံခါးခေါက်ပြီး အာကျယ်အာကျယ်သွားလုပ်နေရင် သူ့မိဘတွေ စိတ်ဆိုးသွားတော့မပေါ့။
နောက်နေ့ကျတော့ Yeol က Light ကို OG သွားပြပေးတယ်။ အရင်တခါ ကလေးအခြအနေမကောင်းလို့ လမစေ့ပဲ ခွဲမွေးလိုက်ရတဲ့ ကျနော့ဗိုက်က နှစ်နှစ်ဆိုတဲ့ အချိန်မှာ အနာကောင်းကောင်းကျက်သွားတာမို့ နောက်တခါဗိုက်ပူဖို့အရေး စိတ်ပူစရာမရှိဘူးလို့ပြောတယ်။
Light ကတော့ ယောက်ျားလေးတန်မဲ့ OG သွားပြရတာ ရှက်တယ်တဲ့လေ။ နောက်ဆို တဖြည်းဖြည်းပူလာတဲ့ ဗိုက်ကို လူ မမြင်အောင် ဘယ်လိုလုပ်ရမလဲလို့လည်း ကျနော့ကိုမေးတယ်။ သူကကျောင်းတက်နေရတာဆိုတော့ ကျနော်လည်းကိုယ်ချင်းစာပါတယ်။ ပထမကိုယ်ဝန်တုန်းက ကျနော်လည်း အိမ်တွင်းပုန်းနေလုိ့သာ အသက်ရှူချောင်ပြီး နေနိုင်တာမဟုတ်လား။ သူ့လိုမျိုး လူအများကြီးနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ အခြေအနေဆိုရင် ကျနော်လည်း အကျပ်ရိုက်နေမှာပါပဲ။
* Project လုပ်ရတာအရမ်းပင်ပန်းတယ်။
laptop ထဲမှာ ဖိုင်တွေထည့်ထားတာကြည့်ပြီး နဲနဲကူလုပ်ပေးဦး။ ပြီးတော့ နေ့ဘက်ကြီး အိပ်ငိုက်တာ အားဆေးကြောင့်နဲ့တူတာပဲ။ လက်ချာတက်ရင်း ငိုက်တာကကိစ္စမရှိဘူး။ စန္ဒယားလေ့ကျင့်နေတုန်း သံစဉ်လေးနဲ့ ငိုက်နေတော့ အဆူခံရတာ ခနခနပဲ *
ကိုယ်ဝန် ပထမလမှာ စပြီးညည်းညူလာတဲ့ Light ကို ကျနော့မှာ သနားလဲသနား..ရယ်လဲရယ်ချင်တယ်။ သူ့ခမျာ ပျို့တာအန်တာတွေမခံစားရပေမယ့် ဆေးအရှိန်နဲ့ ငိုက်တာရော..ခနခန ဗိုက်ဆာလို့ ထစားရတာတွေရော... တခုပြီးတခုထပ်လာတဲ့ project တွေရော ဆိုတော့ ပင်ပန်းနေမှာပဲ။
ကျနော်လည်း သူ မပင်ပန်းရအောင် စဉ်းစားပေးရတော့တာပေါ့။ကလေး မွေးပြီးတဲ့အထိ ကျောင်းနားဖို့အကြံပေးတဲ့ အခါ စာအုပ်ထဲမှာ အဆဲမျိုးစုံပြန်ရေးလာတယ် ။ * အသက်ကဖြင့် မြေကြီးထဲရောက်နေပြီ..ကျောင်းတက်ဖို့ကို နေ့ရွှေ့ညရွှေ့လုပ်နေရင် သေသာသွားမယ်..ဘွဲ့နဲ့တူတာဆိုလို့ ယိတောင် ရလိုက်မှာမဟုတ်ဘူး * ဆိုသော မေတ္တာတုံးနေတဲ့ အရေးအသားတွေကြောင့် ဘာမှနားမလည်သေးတဲ့ အယ်ရီလေးရဲ့ ဘေးမှာအူတက်အောင် ခွီနေရပြန်ရော..
* ဒီနေ့ ကစားကွင်းသွားတာပျော်ဖို့ကောင်းတယ်။ အယ်ရီက တွေ့သမျှအကုန်လိုက်စီးချင်နေတာနဲ့ မြင်းရုပ်ပေါ်တင်ပြီး မနည်းချော့ထားရတယ်။ သူ လူကြီးဖြစ်လာရင် စီးစရာတခုကို အခါတရာလောက် စီးပစ်မယ် လို့ ကြုံးဝါးလိုက်သေးတယ်။ မင်းနဲ့တော့ ည မြင်ကွင်းတွေ အတူတူကြည့်နေကြမယ်ထင်တာပဲ။ ညဖက်ဆို မီးရှူးမီးပန်းတွေလွှတ်မယ်လို့ ကြားတယ်။ ငါလည်းကြည့်ချင်လို့.. အယ်ရီ့အဖေကို Video ရိုက်ထားခိုင်းတာ ရိုက်ရဲ့လားမသိပါဘူး။ မေးကြည့်ဦး *
ကိုယ်ဝန် နှစ်လပြည့်တဲ့နေ့မှာ သားအဖသုံးယောက်စလုံး ကစားကွင်းသွားတယ်။ ပန်းခြံသွားတယ်။ နန်းတော်နဲ့ ပြတိုက်တချို့လည်းရောက်ရဲ့။ ညရောက်တော့ ဟန်မြစ်ဘေးက ခုံလေးတွေပေါ်မှာ ပျော်ပွဲစားထွက်တယ်။ ညောင်းလာရင် မြက်ခင်းပေါ်မှာ ဖျာခင်းပြီး သားအဖတွေတန်းစီလှဲလျောင်းကြတယ်။ ကြယ်တွေကို ရေတွက်ရင်း ငြင်းကြခုန်ကြတယ်.. မုန့်တွေလုစားကြတယ်.. မြက်ခင်းပေါ် ပြေးတဲ့သူကပြေး...ဖမ်းတဲ့သူက လိုက်ဖမ်းတယ်။ မောလာရင် ထိုင်ချပြီး ကစားနည်းမျိုးစုံဆော့ကြပြန်တယ်။
နိုင်တဲ့သူကို ကျန်တဲ့ နှစ်ယောက်က အာဘွားပေးရတယ်။ ရှုံးရင် ကျနော်က နှဖူးတောက်ခံရတယ်...အယ်ရီက ကလိထိုးခံရတယ်..Yeol ကတော့ သိတဲ့အတိုင်း နားရွက်က ဆွဲချင်စရာကြီးဆိုတော့ အယ်ရီတဖက် ကျနော်ကတဖက်ကိုင်ပြီး ပြုတ်ထွက်သွားမတတ်ကို လိမ်ဆွဲကြပြန်ရော...
အပြန်လမ်းတလျှောက်မှာလည်း ရယ်စရာပြုံးစရာတွေနဲ့ မျှော်မှန်းထားတဲ့ အနာဂတ်အကြောင်းတွေပြောရင်း တသိမ့်သိမ့်ခုန်နေတဲ့ နှလုံးသားတစုံကို စည်းချက်ညီအောင် သံစဉ်ညှိကြပြန်တယ်။
* Yahhh... ဗိုက်က တကယ်ကြီးပူလာတာပဲ။
မနေ့ကတောင် professor က ငါ ဝလာတယ်လို့ ပြောသေးတယ်။ အင်္ကျီအထူကြီးတွေ ဝတ်ရလွန်းလို့ ချွေးတွေလည်း မုန်ညှင်းထုပ်လောက်ကျတယ်ကွာ။ ဒီဗိုက်ကို ဆက်မပူအောင် တခုခုလုပ်မှပါပဲ .. ဘာလုပ်ရင်ကောင်းမလဲ *
စာဖတ်နေရင်း လန့်ခနဲဖြစ်သွားတော့ ရင်ဘတ်ကိုလက်နဲ့ဖိမိသွားတယ်။ ဗိုက်ကိုဆက်မပူဖို့ပြောရအောင် ရူးနေတာလားလို့ မစွပ်စွဲရသေးခင်မှာ ကျန်နေတဲ့စာကြောင်းတွေ ကျနော် ဖတ်လိုက်တယ်။
* ကျောင်းမှာ လူပျိုလေးအတိုင်းပဲ လွတ်လွတ်လပ်လပ် နေချင်တယ်လေကွာ။ မဖုံးနိုင်မဖိနိုင်ဖြစ်လာတဲ့ အချိန်ကျရင် ကျောင်းနားမလားလို့ တွေးမိပေမယ့် နားလည်း မနားချင်ပြန်ဘူး။ တကယ်ပဲ လမ်းပျောက်နေရတယ် Baekhyun ရေ *
အောဟော... ယောက်ျားယူပြီး ကလေးတောင်မွေးထားပြီးမှ လူပျိုလုပ်ချင်လို့ရမလား။ အဲ့လောက်ထိ လူပျိုဖြစ်ချင်ရင် မျက်ကြည်လွှာအစားထိုးပြီးနောက်မှာ ဘာလို့များပြန်လာသေးလဲလို့ အော်မေးပစ်လိုက်ချင်တယ်။
* ငါ ဒီစကားကို မပြောချင်သေးပေမယ့်..
ဒီ ခြောက်လအတွင်းမှာ ငါအရမ်းပျော်ခဲ့ပါတယ်။ မင်းလည်း ကိုယ်ပိုင် မိသားစုဘဝလေးထဲမှာ ပုံမှန်လည်ပတ်နေရတာ အဓိပ္ပါယ်ရှိပြီး ကျေနပ်နေမယ်ဆိုတာ သိရလို့ ငါဝမ်းသာတယ်။ အဲ့တာကြောင့် မင်းအဆင်ပြေမယ်ဆိုရင် ငါ အနားယူလိုက်ဖို့ စဉ်းစားမိနေပြီ *
သူရေးထားတာတွေကို ဆက်မဖတ်နိုင်သေးခင်မှာ ရင်ထဲကဆို့နင့်လာတဲ့ တစုံတရာကြောင့် မျက်တောင်တွေ တဖျတ်ဖျတ်ခတ်မိပြန်တယ်။ ဘာမပြောညာမပြောနဲ့ ရုတ်တရက်ကြီးပျောက်ကွယ်သွားတာထက် ဒီလိုမျိုး နှုတ်ဆက်စကားတွေပြောနေတာက တဖက်လူကို ပိုပြီးနာကျင်စေမယ်ဆိုတာ သူ ဘာလို့ မသိရတာလဲ။
* အမှန်အတိုင်းပြောရရင် ဗိုက်မပူချင်ဘူးကွာ... ကလေးမမွေးချင်ဘူး။ ပြီးတော့ တန်းလန်းဖြစ်နေတဲ့ Project တွေလည်း ပင်ပန်းလွန်းလို့မလုပ်ချင်တော့ဘူး။ တနေ့တနေ့ အသက်ရှင်ရတာ ငြီးငွေ့လာတယ် ပျင်းလာတယ်.. ကြည့်ဖူးတဲ့ ဇာတ်ကားတခုကို အကြိမ်ကြိမ်ပြန်ကြည့်နေရသလိုပဲ နေရတာ ငြီးစီစီနဲ့ အဓိပ္ပါယ်မရှိတော့သလိုကြီး *
လိမ်တာ..
သူ..လိမ်နေတာ...သေချာတယ်။
ဓာတ်ပုံတွေ Video တွေထဲက အပျော်လွန်ပြီးရယ်မောနေတဲ့ ပုံရိပ်ဟာ သူလိမ်တာကို ပြတယ်။
မနက်ပိုင်း အားတဲ့နေ့တိုင်းမှာ အယ်ရီလေးနဲ့ အချိန်အကြာကြီး မမောနိုင်မပန်းနိုင်အောင် ဆော့ပေးတတ်လွန်းလို့ ညနေပိုင်း နိုးလာတတ်တဲ့ကျနော့ကို * အာပါးက အခုတော့ ပျင်းစရာကြီး* လို့ မှတ်ချက်ချခံရတဲ့အထိ သမီးနဲ့ပတ်သက်လာရင် သူ့ဖက်က တက်ကြွလွန်းနေတာကို ပြတယ်။
ကျောင်းမှာသင်လာတဲ့ လက်ချာတိုင်းကို recording သွင်းပေးတယ်။ notes တွေ ပြွတ်သိပ်နေအောင်မှတ်ပြီး ကျနော်စာဖတ်ရလွယ်အောင် နေ့စဉ်နေ့တိုင်းကြိုးစားပေးနေတဲ့သူ... သီချင်းအသစ်တွေ မပြတ်တမ်းရေးပြီး Album ထုတ်ချင်လို့ ကျောင်း စတူဒီယိုထဲကနေ မထွက်စတမ်း လေ့လာသင်ယူနေတဲ့သူ က ဘဝကြီးကို ပျင်းဖို့ကောင်းတယ်...နေစရာမကောင်းဘူးလို့ ညည်းညူလာတဲ့အခါ သူ့စိတ်ထဲက တကယ်မရည်ရွယ်တာကို ရှင်းရှင်းလင်းလင်းကြီး ပြလိုက်သလိုပဲ။
ဟုတ်ပါတယ်...သူ ပင်ပန်းမှာတော့ အသေအချာပါပဲ။ ဒါပေမယ့် သူပျော်နေတယ်မဟုတ်လား။ ကျနော့ကို ပျော်စေချင်လို့ အရာရာကို စတေးပြီးကြိုးစားပေးခဲ့တဲ့ သူ့အတွက် ကျနောဖက်ကလည်း တူညီတဲ့ မိသားစုဘဝလေးကို ပြန်ပေးချင်တာက စိတ်ရင်းအတိုင်းပါပဲ။ ထွက်မသွားပါနဲ့လို့ တားခွင့်မရရင်တောင်မှ သူ့ကိုဆက်ပြီးရှင်သန်စေချင်ပါသေးတယ်။
သမီးလေးရဲ့ အဖေအဖြစ်..
Yeol ရဲ့ ပါရမီဖြည့်ဖက်
အိမ်ထောင်ဖက်အဖြစ်...
တက်ကြွလန်းဆန်းနေတဲ့ ကျောင်းသားလေးတယောက်အဖြစ်...
ပြီးတော့...
ကျနော် ရင်ဖွင့်လာသမျှကို အကုန်အစင်နားထောင်ပေး...နှစ်သိမ့်ပေးတတ်တဲ့ ကောင်းတူဆိုးဖက် သူငယ်ချင်းတယောက်အဖြစ်...
သူ့ကို ရှိနေစေချင်ပါသေးတယ်လို့ ကျနော် စာထဲမှာ ရေးပြီးပြောလိုက်ပါတယ်။
နောက်နေ့ ပြန်ရတဲ့ response ကြောင့် ကျနော့ရဲ့ ဆုတောင်းတွေမပြည့်တော့မှန်းသိလိုက်တယ်။
ကျနော့ဘဝဟာ သူမရှိလည်း ပြည့်စုံနေပြီမို့ သိပ်မကြာခင် သူထွက်သွားတော့မယ်ဆိုတာရယ်..
အဲဒီ့နေ့မတိုင်ခင်အထိ ဒီအကြောင်းတွေ Yeol မသိပါစေနဲ့ဆိုပြီး နှုတ်ပိတ်ထားခဲ့ခြင်းတွေရယ်ပေါ့။
တကယ်ပါပဲ။
သူ ချစ်ရတဲ့သူ ဝမ်းနည်းနာကျင်မှာကိုတော့ အရာရာထက်ပိုပြီး စိုးရိမ်နေပြန်တယ်။
Yeol က သူ့အပေါ်ဂရုစိုက်ပေး၊ ချစ်ပေးချင်ပေမယ့် ဒီလပိုင်းတွေမှာ သူ့ဖက်က လက်ကလေးတောင် မထိမိအောင် ဂရုစိုက်ခဲ့တာ ကျနော်သိတယ်။ အယ်ရီ့အဖေ ဆိုတဲ့ အခေါ်အဝေါ်မျိုးနဲ့ နှစ်ယောက်ကြားမှာ သံမဏီ စည်းတခုခြားထားလိုက်ပြန်တဲ့သူက ကျနော့ကိုတော့ ချစ်ခြင်းရဲ့ ကောင်းကင်ထက်မှာ လွတ်လွတ်လပ်လပ် ပျံသန်းခွင့်ပေးထားပေမယ့် သူ့အတောင်ပံတွေကိုတော့ သူကိုယ်တိုင် ရိုက်ချိုးဖျက်ဆီးခဲ့တာပါပဲ။
ကျနော့ထက် သူကပိုပြီး ရူးရူးမူးမူးချစ်ခဲ့တယ်။ ချစ်သူရဲ့ ဥပေက္ခာပြုမှုနဲ့ ရက်စက်မှုတွေကြောင့် သေလုမျောပါးနာကျင်ခံစားရတာလည်း သူပါပဲ။ မုန်တိုင်းတွေအကုန်ငြိမ်သက်သွားတော့လည်း ကျနော့အတွက်စဉ်းစားပေးပြီး သူချစ်တဲ့လူကို ညီအစ်ကိုသားချင်းတယောက်လို သဘောထားပြီးနေခဲ့တယ်။ အခုဆို ဒါတွေအားလုံးကို မေ့ပစ်ပြီး သူထွက်သွားတော့မှာ မဟုတ်လား။
ကျနော် Yeol ကို ပြောပြချင်တယ်။ တချိန်တည်းမှာပဲ ဒီအကြောင်းတွေ Light သိသွားပြီး ပိုိပြီးစောစောထွက်သွားမှာကိုလည်း စိုးရိမ်ရပြန်တယ်။
တရက်ပြီးတရက် ကျနော်စောင့်ကြည့်တယ်။ ထွက်သွားမယ့်အကြောင်းထပ်မပြောပေမယ့် တကယ် သွားတော့မယ့်လူတယောက်လိုမျိုး ကျနော့ကို စာအရှည်ကြီးတွေရေးပြီး မှာတမ်းခြွေနေတာကို ရင်နာနာနဲ့ပဲ ကျနော်ဖတ်နေရတယ်။ ကျောင်းက သူ့အပေါင်းအသင်းတွေအကြောင်း၊ ဆရာဆရာမတွေအကြောင်း၊ လုပ်နေတဲ့ Project တွေအကြောင်း၊ စတူဒီယိုအကြောင်း၊ Album ထုတ်မယ်ဆိုရင် ဘာတွေလိုအပ်သလဲ ဆိုတာတွေရော.. စုံလို့ပါပဲ။
ဒီအကြောင်းတွေဘာမှမသိတဲ့ Yeol ကတော့ တပြုံးပြုံးတပျော်ပျော်နဲ့ ကျောင်းအကြိုအပို့လုပ်နေတုန်းပဲ။ နေသာတဲ့တရက်မှာ ပင်လယ်ကြီးရှိရာကိုသားအဖတွေ ခရီးထွက်ကြတယ်။ Light အနေနဲ့ ပထမဆုံးချက်ကျွေးတဲ့ ပင်လယ်စာထမင်း ဟင်းကို သူစားခဲ့ရတယ်။
ဘယ်တုန်းထဲကလေ့လာထားခဲ့လည်း မသိဘူးတဲ့။ လက်ရာကောင်းလွန်းလို့ ချီးကျူးမိတော့ နောက်ဆိုအများကြီးချက်ကျွေးမယ်လို့ပြောတယ်တဲ့။ ကျနော့ဖုန်းထဲမှာ ရောက်နေတဲ့ ဟင်းချက်နည်း video မျိုးစုံရဲ့ မြစ်ဖျားခံရာက ဘာကြောင့်လဲဆိုတာ တဖြည်းဖြည်းသိလာတယ်။ သူ မရှိတော့တဲ့တချိန်မှာ ဒါမျိုးလေးတွေ ချက်ကျွေးပေးပါဆိုတဲ့သဘော... Yeol တို့ သားအဖကို အများကြီးချစ်ပေးပါ။ ဒီလိုမျိုး ခရီးတွေလည်း အများကြီးထွက်ပေးပါလို့ သူပြောချင်ခဲ့တာဖြစ်မှာပါပဲ။
ကိုယ်ဝန်သုံးလကျော်တဲ့ တရက်မှာ သူရေးခဲ့တဲ့ ညီညာညာလက်ရေးတချို့ကိုမြင်ပြီး Yeol မသိအောင် စာကြည့်ခန်းထဲမှာ ကျိတ်ငိုခဲ့ရတယ်။
* မနက်ဖြန် ငါတို့မွေးနေ့နော် Baekhyun..
မွေးနေ့ကစပြီးပျော်ရွှင်စေချင်ပေမယ့် အတူတူမရှိနိုင်တော့လို့ အားနာတယ်..
ငါ့နေရာကို မင်းပြန်ယူနိုင်တော့မှာမို့ ပြီးပြည့်စုံတဲ့ လူတယောက်အဖြစ် တနေ့လုံးတညလုံး အသက်ရှင်သန်ခွင့်လေးကို ပထမဆုံးနဲ့ နောက်ဆုံး မွေးနေ့လက်ဆောင်အဖြစ် ငါပေးခဲ့ပါမယ် *
မသွားပါနဲ့ လို့ပြောချင်ပေမယ့် မနက်ဖြန် မိုးလင်းရင် ရောက်မလာနိုင်တောတဲ့သူက ဘယ်လိုလုပ်သိနိုင်တော့မှာလဲ။
* မှာစရာတော့ အထူးအထွေမရှိပါဘူး။ ကိုယ့်ယောက်ျားကိုယ်ချစ်ပါ။ ကိုယ့်သမီးကိုယ် စောင့်ရှောက်ကာကွယ်ပေးပါ။ နောက်မွေးလာမယ့် အငယ်လေးကိုလည်း မေတ္တာတွေအပြည့်ပေးပါ။ ဖြစ်နိုင်မယ်ဆိုရင် အငယ်လေးကို Light ဆိုတဲ့ စကားလုံးနဲ့ အဓိပ္ပါယ်ဆင်တူတဲ့ နာမည်ပေးပေးပါလားလို့ ငါ တောင်းဆိုချင်တယ်။ *
သူ မပြောရင်တောင်မှ အငယ်လေးကို သူနဲ့ဆင်တဲ့နာမည်ပေးဖို့ ကျနော့မှာအစီအစဉ်ရှိပြီးသားပါ။
ကျနော်နဲ့ Yeol ကိုပြန်ဆုံစေခဲ့ပြီး ကံကြမ္မာအလှည့် အပြောင်းတွေ အမျိုးမျိုးကြုံခဲ့ပြီးတာတောင်မှ နောက်ဆုံးမှာ အတူတူရှိနေခွင့်ပေးတဲ့ Light ကို ကျနော်တို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လူသားတယောက်အဖြစ် သီးသန့်တည်ရှိနေစေချင်လို့ပါပဲ။
* မင်းကစိတ်နုတာသိတော့ မငိုနဲ့လို့ မတားချင်ပေမယ့် ငါ့အတွက် ဝမ်းမနည်းပါနဲ့လို့တော့ပြောချင်တယ်။ ဘာလုိ့လဲဆိုတော့ ငါကသေသွားမှာမဟုတ်ဘူး။ ခနအနားယူတဲ့သဘောပဲ။ ဒီလိုပြောရတာ ပေါကြောင်ကြောင်နိုင်မှန်းသိပေမယ့်.... မင်းရဲ့ ဗိုက်ထဲက ကလေးလေးက ငါလို့ သဘောထားလိုက်။ မင်းရဲ့ သား ဒါမှမဟုတ် သမီးလေးအဖြစ် ပြန်ပြီးမွေးဖွားလာမှာမို့ အဲဒီ့ အချိန်ကို စောင့်နေပေးပါ။ ငါ့ကို အများကြီးချစ်ပေးပြီး ပြုစုစောင့်ရှောက်ပေးပါ။ ပညာသင်ပေး...အရွယ်ရောက်လာရင် ချစ်သူ ချောချောလေးပါ ရှာပေးပေါ့ကွာ..Park Chanyeol လိုမျိုး လူ့ဂွစာမဟုတ်တဲ့ ချစ်သူတယောက်လောက်ပေါ့ *
နှုတ်ဆက်စာကိုတောင် ဖတ်တဲ့သူ မငိုရလေအောင် ကြိုးစားရေးပေးနေမှန်းသိတော့ ခုနထက်ပိုပြီးတောင် ငိုချင်လာပြန်ရော။
* စာတွေရှည်နေမှန်းသိလို့တော်တော့မယ်။ မွေးတဲ့နေ့မှ ပြန်တွေ့ရအောင်ကွာ။ မင်းကို တခုတော့တောင်းပန်စရာရှိသေးတယ်။ ငါ့ အမှားကသေးသေးလေးပါ။ မနက်က အယ်ရီ့အဖေဟင်းချက်နေတုန်း မတော်တဆလိုလိုဘာလိုလိုနဲ့ သွားနမ်းမိလိုက်တယ်။ နှုတ်ဆက်တဲ့သဘောပါ...ဗွေမယူနဲ့နော်..
ဒီအတောအတွင်း လုပ်ပေးခဲ့သမျှ အရာရာအတွက်ကျေးဇူးတင်ပါတယ်..Annyeong *
ရုတ်တရက် ပြတ်တောက်သွားတဲ့ စာပိုဒ်လေးကြောင့် ဒီမှာအဆုံးသတ်သွားပြီဆိုတာ သိလိုက်သည်။ သူ...တကယ် ထွက်သွားခဲ့ပြီဆိုတဲ့ သဘောပေါ့။ မနက်ကျရင် သူပြန်မလာတော့ဘူးဆိုတာ သေချာသွားပြီပေါ့။
စာအုပ်နီနီလေးကို ပိုက်ထားရင်း ကျနော့ ငိုသံတွေကျယ်လောင်မလာအောင် ဖိနှိပ်ထားရသည်။ သမီးကို ပုံပြောပြီးချော့သိပ်နေမယ့် Yeol ကတော့ ဒီအကြောင်းတွေ မသိနိုင်သေးပဲ ကြည်နူးပျော်ရွှင်နေခဲ့မှာပါပဲ။
~ ကောင်းကောင်းသွားပါ Light...
ပြန်ဆုံမယ့်နေ့ကို ငါစောင့်နေမယ် ...
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
[ သုံးနှစ်ခန့် ကြာသော် ]
.
.
.
.
.
.
.
.
.
" သတို့သမီး ပန်းစည်းပစ်မယ်ဟေ့...
မစွံသေးတဲ့ကောင်တွေတန်းစီ...
ဂင်မင်ဆော့ ဘာလုပ်နေတာလဲ
အရှေ့တိုးလေ...
မင်းက ပိုအရေးကြီးတဲ့ဟာ "
" Yahh !! လူကို နှိမ်ပြောလိုက်တာအရမ်းပဲ။
မဖမ်းဘူးကွာ...ပစ်ချင်တဲ့နေရာပစ် "
" ဟားးး ဟားးး "
Chanyeol စကားကြောင့် လူအုပ်ထဲက ခြေဆောင့်ပြီးထွက်သွားတဲ့ မင်ဆော့ဟာ စွံလည်းစွံချင်သေးတယ်...သူများအပြောလည်း မခံချင်ဘူးဆိုတဲ့ မာနတခွဲသားနဲ့မို့ ပန်းစည်ပစ်ဖို့ပြင်နေတဲ့ Sohee က မျက်လုံးပြူးတူးတူးလေးနဲ့ လှည့်ကြည့်လာသည်။
" ပစ်သာပစ်..သူ့စောင့်မနေနဲ့
တသက်လုံး ငှက်ပျောတုံးဖက်မယ့်ကောင်...
အဲ့အတိုင်းသာထားလိုက် "
ပန်းစည်းပစ်တော့မယ်ဆိုပြီး လူအုပ်ကြီးက ပြန်လည်စည်ကားလာသည်။ တယောက်နဲ့တယောက် ဟိုတိုးဒီတိုက်နဲ့ အချင်းချင်း နောက်ပြောင် အရွှန်းဖောက်နေရင်း ရယ်ကြောမပြတ်နိုင်တဲ့ လူတွေက ပန်းစည်းကျရာအရပ်မှာ ဝင်တိုးနေလိုက်ကြတာ...ကမ်းခြေဘေးကသဲသောင်ပြင်ဆိုတော့လည်း ဖုန်တွေ ထောင်းခနဲထလာတာမို့ Chanyeol မှာ သားငယ်လေးကို ချီထားရင်း အနောက်ဆုတ်လိုက်ရသည်။
" ပါပါးး "
" ဟင်..အသည်းလေး
ပြော... "
" မို့ ချားမယ် "
နှစ်နှစ်အရွယ် သားငယ်လေး Dae Hwan က Chanyeol နဲ့ အရောင်တူဒီဇိုင်းတူ အနောက်တိုင်းဝတ်စုံပုစိလေးနဲ့မို့ မြင်သူတိုင်းအသည်းယားချင်စရာ။ Baekhyun ဆီကအမွေရထားတဲ့ ပါပီအိုင်းလေးတွေနဲ့မော့ကြည့်ပြီး မုန့်ကျွေးဖို့ တောင်းဆိုလာတဲ့အခါ မိုချီတုံးလေးလို အိတုန်နေတဲ့ ပါးပြင်လေးပေါ် တချက်မွှေးကြူပြီး စားစရာတွေထားတဲ့ ခုံတန်းရှည်တွေအနားကို ချီတက်လာလိုက်သည်။ Baekhyun တို့သားအဖတွေကတော့ စားပွဲတခုလုံးအပိုင်စားရထားသလိုပဲ ဟင်းအမယ်တခုမှမကျန်ရအောင် အစုံလျှောက်စားနေတော့တာ..
" မင်းသမီးရေ...အင်္ကျီတွေပေကျံကုန်တော့မယ်ဗျ...သေချာကြည့်ပြီးစားပါဦး "
သူ့ အဒေါ်မင်္ဂလာဆောင်မှာ ပန်းကြဲဖို့ တာဝန်ယူထားတဲ့ မူကြိုကျောင်းသူကြီး မမ အယ်ရီက နှင်းပွင့်ကလေးလို ဖြူစွတ်နေတဲ့ ဂါဝန်လေးကို မလဲသေးပဲ ဝါးတီးသာ ပထမ...ဝါးတီးသာ ဒုတိယဖြစ်နေတာမို့ လက်သုတ်ပဝါတထည်သွားတောင်းပြီး လည်ပင်းမှာ ပတ်ထားဖို့ပြောရသည်။
အာပါးလေးကလည်း သူ့သမီးနဲ့ ထူးမခြားနားပါပဲ။ သူ့ကိုယ်ပေါ်က အပြာရင့်ရောင် Suit ကြီးကိုမှ အားမနာ ..ပန်းကန်တချပ် ခက်ရင်းတချောင်းကိုင်လို့ မျက်လုံးလေးတပြူးပြူးနဲ့ စားနေလိုက်တာ...အိမ်မှာယောက်ျားကဘာမှမကျွေးပဲ အငတ်ထားတယ်လို့ တွေ့တဲ့သူတိုင်းက ထင်ကြတော့မှာပဲ။
လွန်ခဲ့တဲ့ခြောက်လတုန်းက Be My Light ဆိုတဲ့ First Solo Album ထုတ်ပြီးတော့ Baekhyun နာမည်တော်တော်ရလာခဲ့သည်။ သူ့ကို ရှိုးပွဲတွေမှာ လာဆိုဖို့၊ ကြော်ငြာတွေမှာ မော်ဒယ်လုပ်ဖို့၊ variety show တွေမှာ ပါဝင်ဖို့ အမျိုးမျိုးဆွဲဆောင် ခေါ်ငင်ကြပေမယ့် မိသားစုကို ဦးစားပေးပြီး ဘဝကို အေးအေးလူလူပဲဖြတ်သန်းချင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ Fan meeting တချို့ကလွဲပြီး ကျန်တာတွေငြင်းပစ်ခဲ့တာပါပဲ။
Byun Enterprise ကိုလည်း ယုံကြည်စိတ်ချရတဲ့ Board Director တဦးလက်ထဲထည့်ပြီး အုပ်ချုပ်စေတဲ့ Baekhyun က Company ရဲ့ ရှယ်ယာအများစုကိုပိုင်ဆိုင်တဲ့ ရှယ်ယာရှင်တယောက်အဖြစ်နဲ့ပဲ လောကကိုကျေနပ်နေခဲ့သည်။
အရင်တုန်းက Company ကို ဦးဆောင်နိုင်ဖို့ အတွက် လက်ထပ်ပြီးတာတောင်မှByun မျိုးရိုးကို မစွန့်လွှတ်ခဲ့တဲ့အပြင် Chanyeol ပါ သူ့ မျိုးရိုးထဲဝင်ခဲ့ရသည်။ အခုတော့ သူက Park Baekhyun အဖြစ် ထာဝရပြောင်းလဲသွားခဲ့ပြီး သားနဲ့သမီးကလည်း Park Dae Hwan, Park Aeri ဆိုပြီး Park မျိုးရိုးကိုသာ ခံယူလိုက်တော့သည်။
သူ့ Album ထုတ်တုန်းက ရတဲ့ အမြတ်ငွေတွေကို မိဘမဲ့ကျောင်း၊ ကုသိုလ်ဖြစ် ဆေးရုံ၊ ဘိုးဘွာရိပ်သာ အစရှိတဲ့ လိုအပ်တဲ့နေရာတွေမှာ လိုက်လှူပစ်သည်။ Chanyeol တယောက်တည်း ဆေးကုပြီး ရှာပေးတဲ့ပိုက်ဆံနဲ့ပဲ လုံလောက်အောင်သုံးတဲ့အပြင် ဘဏ်မှာတော်တော်များများစုထားနိုင်တဲ့အထိ အိမ်ထောင်မှုအထိန်းအသိမ်းမှာလည်း သူ့ယောက်ျားလေး Baekhyun က ကျစ်ကျစ်လစ်လစ်ရှိပြီး တော်လွန်းနေပြန်ရော...
ဟင်းမချက်တတ်တာနဲ့ အိမ်သန့်ရှင်းရေးမလုပ်ချင်တာလေးက လွဲလို့ပေါ့လေ... T - T
" Yeol...ဒါလေး ကောင်းတယ် "
" ပြီးရင် သီချင်းဆိုရဦးမှာနော် ....
ချွဲကျပ်နေဦးမယ် အချိုတွေသိပ်မစားနဲ့ "
" သိပါတယ်... နည်းနည်းစားတာပါ "
နည်းနည်း ဆိုတဲ့သူက Chanyeol လက်သီးဆုပ်လောက်ကြီးတဲ့ကိတ်မုန့်တတုံးကို မျက်စိတမှိတ်လေးအတွင်းမှာ ကုန်အောင်စားလိုက်တယ်ဆိုတော့ကာ...
ထားပါတော့...
ဘယ်လိုပြောပြောမနိုင်မှန်းသိလို မပြောတော့ပါဘူးလေ။
စိတ်ကောက်မှာစိုးလို့ နောက်တခါထပ်မတားနိုင်တော့တဲ့ Chanyeol မှာ သားဖြစ်သူလက်ညှိုးထိုးပြတဲ့ မုန့်တွေယူပြီး ခွံ့ကျွေးနေရင်း စားပွဲမှာဝင်ထိုင်လိုက်သည်။ အယ်ရီက ဘယ်ကရမှန်းမသိတဲ့ ပန်းပွင့်သေးသေးလေးကို သူ့ခေါင်းပေါ်မှာ ပန်ထားရုံမကပဲ သူ့မောင်လေးရဲ့နားရွက်ကလေးတဖက်ကြားထဲမှာ ညှပ်ပြီးပန်ပေးလာသည်။
" ဟာ.... ရုပ်နက် "
" လှလို့တပ်တာလေ...နူးနာလိုမျိုး
ဟွမ်လေးလည်း လှသွားအောင် "
" ရပူး...ရဂျင်ပူး..ဟင့်...
ပါပါးးး "
" မောင်လေးမကြိုက်ရင် မတပ်နဲ့လေသမီးရယ်။ ငိုရင်မနည်းချော့ရမှာ သိသားနဲ့ "
စူပုတ်သွားတဲ့ အယ်ရီက မကျေနပ်နိုင်သေးပဲ သူ့အာပါးလေးဖက်လှည့်ပြီး နားရွက်မှာ ပန်းပန်ပေးပြန်တော့ အစားကြူးဘီလူးလေးက အခုမှ ပတ်ဝန်းကျင်ကိုသတိထားမိသလိုမျိုး Chanyeol တို့ကို မျက်လုံးပြူးကြည့်သည်။
" ဘာလဲ...Appa ကို ဘာလုပ်နေကြတာလဲ "
" မီးမီးငယ်ငယ်တုန်းကလို Appa နဲ့ Couple ဖြစ်အောင်လေ..Couple flower ပေါ့ "
" Aww... အေး.. "
Baekhyun မျက်နှာပေါ်မှာ ဝမ်းနည်းတဲ့အရိပ်အယောင်လေးတချို့ဖြတ်သန်းသွားခဲ့သလို Chanyeol လည်း တစုံတယောက်ကို သတိရသွားတာကြောင့် မုန့်စားရင်း တီတီတာတာပြောနေတဲ့ သားငယ်လေးထံ အာရုံပြောင်းလိုက်ရသည်။
Couple ဆိုတဲ့ အသုံးအနှုန်းက Baekhyun ရဲ့မူပိုင်မဟုတ်ပဲ Light ရဲ့ ရိုးရှင်းတဲ့ တီထွင်မှုတခုသာဖြစ်ခဲ့သည်။
သမီး ငယ်ငယ်က အသီးအရွက်မစားချင်ပဲ ဂျီကျနေတဲ့ အချိန်မျိုးဆို * Appa နဲ့တူတူ Couple ဇွန်းလေးနဲ့စားမယ် * ဆိုပြီး ဇွန်း ခက်ရင်း ဆင်တူလေးတွေထုတ်ပြပြီး သူတလုတ်စား သမီးကို တလုတ်ကျွေးခဲ့တာတွေ..
ခေါင်းမလျှော်ချင်တဲ့ သမီးကို * Couple Spa သွားရအောင် * လို့ အဖော်ညှိပြီး သားအဖနှစ်ယောက်အတူတူခေါင်းလျှော်ခဲ့တာတွေ...
တခါတလေ ငိုယိုဂျီကျလို့မပြီးနိုင်တဲ့ သမီးကို ချော့လို့မနိုင်တဲ့အခါ ရေခဲမုန့်ထုတ်ကျွေးတာတောင်မစားပဲ ဂျစ်တိုက်နေပြန်တော့ * Couple ရေခဲမုန့်စားမလား * ဆိုပြီး တယောက်တခွက်ထည့်ပေးလိုက်တော့မှ အငိုတိတ်ပြီး ပြုံးပျော်သွားခဲ့တာတွေ...
အယ်ရီက Couple ဆိုတဲ့ စကားလုံးလေးကို Light ကြောင့် နှစ်သက်ခဲ့တာမို့ တသက်လုံး မေ့နိုင်တော့မှာမဟုတ်ပဲ ခနခနထုတ်ပြောနေဦးမှာ အသေအချာပါပဲ။
Baekhyun မွေးနေ့ကစပြီး ပျောက်ကွယ်သွားတဲ့ Light ဟာ ထွက်သွားဖို့ အဆင်သင့်ပြင်နေခဲ့တာကြာပြီဆိုတာကို စာအုပ်နီနီလေးထဲမှာ ဖတ်ခဲ့ရသည်။ အားငယ် ဝမ်းနည်းတတ်တဲ့ Baekhyun ကို စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ နှုတ်ဆက်နိုင်အောင် သူကြိုးစားခဲ့သလို Chanyeol နဲ့ အယ်ရီတို့အတွက်လည်း မမေ့နိုင်စရာ အမှတ်တရလေးတွေပေးခဲ့တာပါပဲ။
ထွက်မသွားခင်နေ့က Chaneyol နှုတ်ခမ်းတွေထက်မှာ ခနနားခိုပြီးနှုတ်ဆက်အနမ်းလေးစွန့်ကြဲသွားသူကို * ဒီအတောအတွင်းမှာ အရာရာအတွက် ကျေးဇူးတင်ပါတယ် ကောင်းကောင်းသွားပါ* လို့တောင် ပြောပြနိုင်စွမ်းမရှိခဲ့တဲ့အတွက် Baekhyun ရဲ့ စာအုပ်နီနီလေးကို အစအဆုံးဖတ်ပြီးချိန်မှာ သူမျက်ရည်ကျရသည်။ Light အတွက် သူ လုပ်ပေးနိုင်တာဆိုလို့ Mong Mong လေးကို Arjumma ဆီကပြန်ခေါ်ပြီးမွေးစားတာရယ်...မိသားစုကို အရင်ကထက်ပိုပြီး ဂရုစိုက်ပေးနိုင်အောင် ကြိုးစားတာရယ်ပဲဖြစ်သည်။
Chanyeol တို့တွေရဲ့ လှိုင်းတံပိုးခက်ထန်လှတဲ့ ဘဝဇာတ်ခုံပေါ်မှာ အရေးကြီးတဲ့ ဇာတ်ကောင်အဖြစ် ပါဝင်ပေးခဲ့တဲ့ Light ကို မေ့ပျောက်သွားတာမျိုးမရှိပဲ သားငယ်လေးအဖြစ်နဲ့ ပြန်လည်ရှင်သန်ပေးလာတယ်လို့ သဘောထားပြီး နေ့ရက်တိုင်းမှာ အချစ်တွေပုံအောပေးနေရတာပါပဲ။
Dae Hwan ( ဒယ်ဟွမ် ) ဆိုတဲ့ နာမည်က ကြီးမြတ်သော တောက်ပမှု၊ အလင်းရောင် ဆိုတဲ့ အဓိပ္ပါယ်ကိုဆောင်တာမို့ သားလေးနာမည်ကို တိုးဖွဖွခေါ်မိတိုင်းမှာ ကြည်နူးနှစ်သက်ခြင်းတွေပြည့်နှက်လာရသည်။
Baekhyun ငယ်ငယ်က ရုပ်ကလေးအတိုင်း မျက်လုံးမှေးမှေး ပါးဖောင်းဖောင်းနဲ့ အူတုန်အသည်းတုန်ချင်စရာ ပုစိလေးဟာ နားရွက်နဲ့ ခြေဆစ်လက်ဆစ်တွေကျ Chanyeol နဲ့တူနေပြန်ရော...
ကြီးလာရင် အရပ်ရှည်ရှည် လူကောင်ထွားထွားနဲ့ ပါးချိုင့်နှစ်ဖက်ပါတဲ့ စော်ကြည်ဘဲကြီးဖြစ်နေတော့မှာ ဗေဒင်မေးစရာတောင် မလိုတော့ပါဘူးလေ။။
သားလေးကို သေချာငေးကြည့်မိရင် Chanyeol ငယ်ငယ်က Baekhyun နဲ့ စတွေ့တဲ့နေ့လေးကို ပြန်အမှတ်ရလာပြီး ပြုံးမိသည်။ ကလေးကစားကွင်းထဲမှာ ရုတ်တရက်ရွာချလိုက်တဲ့ မိုးရေစက်တွေက သူတို့နှစ်ယောက်ကို ဆုံစည်းစေခဲ့သည်။ ကံကြမ္မာနတ်ဆိုးက ဘယ်လိုပဲ ခွဲခြားထားပါစေ..နောက်ဆုံးတော့လည်း ဖူးစာရှင်ရဲ့ ရင်ခွင်ထက်မှာ မှေးစက်နားခိုခွင့်လေး ပေးသနားခဲ့မှုကြောင့် ဘုရားသခင်ကို သူ ကျေးဇူးတင်ရပါသည်။
" ဟွမ်လေးရေ... Appa ဆီလာပါဦး "
မုန့်လေးတွေ တမြုံ့မြုံ့ဝါးနေတဲ့သားက Baekhyun လက်ထဲရောက်လာတော့ အယ်ရီက ဘေးမှာထိုင်ပြီး သူ့မောင်လေးရဲ့လက်တုတ်တုတ်လေးတွေကို ဖျစ်ညှစ်သည်။ အစ်မရဲ့ ဂါဝန်ပေါ်က ပန်းပွင့်ဖတ်လေးတွေဆော့ကစားနေတဲ့ သားငယ်ရဲ့ ခေါင်းလေးကို အကြာကြီးဖိနမ်းလိုက်တဲ့နောက် သမီးကိုလည်း မမေ့မလျော့စတမ်း မွှေးမွှေးပေးရသည်။ မဟုတ်ရင် Appa မျက်နှာလိုက်တယ်ဆိုပြီး မမအယ်ရီတို့ စိတ်ကောက်နေမယ်ဆိုတာ သိပြီးသား။
" Sohee တို့ကိုကြည့်ပြီး မင်္ဂလာထပ်ဆောင်ချင်သလိုဖြစ်လာပြီ "
" ဆောင်ကြမလား...ဒီကမ်းခြေမှာပဲဆိုရင်ရော "
" တော်ပါ...ကလေးတွေ တိုးလို့တွဲလောင်းနဲ့ လူရယ်ချင်စရာ "
" ဘာဆိုင်လို့ ရယ်ရမှာလဲ .. ဘေဘီက Hwan လေးကို ချီ၊ ကိုယ်က အယ်ရီ့ကို ကုန်းပိုးမှာပေါ့... ကလေးအဖေတွေဖြစ်နေပြီပဲဟာ..ရှက်မနေစမ်းပါနဲ့ "
စပ်ဖြီးဖြီးရုပ်ကြီးလုပ်ထားတဲ့ Chanyeol ကို မျက်စောင်းထိုးလိုက်တော့ အဝေးတနေရာက လက်ပြနေတဲ့ သူငယ်ချင်းတွေကို Baekhyun မြင်လိုက်ရသည်။
" Kyungsoo yaa..
Jonginna ... "
" အိုက်ဂူးးး ငါတို့ရဲ့ Hwan လေးက အရမ်းတွေ မိုက်နေလိုက်တာကွာ။
လာပါဦး.. ဆမ်းချွန်းဆီကို "
" ခ်ခ်.. "
Baekhyun လက်ထဲမှာ သဘောတကျပြုံးရယ်နေတဲ့ သားငယ်လေးကို Kyungsoo လက်လွှဲယူသည်။ Jongin လက်ထဲက ဂါဝန်အပြာလေးဝတ်ထားသူ တနှစ်အရွယ်သမီးလေး Wu Ga Eun အနားကို Chanyeol တိုးကပ်သွားလိုက်သည်။
" Jongin ရေ...စိတ်မကောင်းစရာပဲကွာ
သမီးက မင်းနဲ့လည်းမတူဘူး "
" ဒီ ဖိန်.. "
ကလေးတွေရှေ့မို့ မဆဲနိုင်တော့တဲ့ Jongin က Chanyeol ပုခုံးကို လက်သီးနဲ့ထိုးပစ်တာမို့ အီစိမ့်ရသေးသည်။ သူ့လက်ထဲက Ga Eun လေးမှာတော့ သူ့အဖေ Kyungsoo ချီထားတဲ့ Hwan လေး ကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်နေခဲ့သည်။
" အွန်းလေးလို့ခေါ်လိုက်လေ..သား
ညီမလေး နာမည်က ဂါအွန်းတဲ့ .. "
" အူးရေး..."
" ဟားး ဟားး... အူးရေးမဟုတ်ဘူး..
အွန်းလေးပါ သားရဲ့ "
"အွန်..ရေ...
အူးရေး.. ရေ့ "
မပီမသခေါ်သံလေးကြောင့် အဖေတွေ တဝါးဝါးရယ်နေရတဲ့အခါ Ga Eun ရဲ့ ဆံပင်ပျော့ပျော့လေးတွေထဲကို Hwan လေးက ပွတ်ပေးနေပြီး တယောက်ကိုတယောက် ခပ်ပြုံးပြုံးလေး စိုက်ကြည့်နေကြသည်။ သားပေး သမီးယူလုပ်ချင်ကြတဲ့ Baekhyun နဲ့ Kyungsoo ကအချင်းချင်းမျက်စတွေပစ်လို့နေကြပြီ။ တွေ့တာနဲ့ နပန်းသတ်နေကြပြီး ကိုယ့်သားကိုယ့်သမီးကို တစက်မှ အထိမခံနိုင်တဲ့ ဦးတွန့်တိုကြီးနှစ်ယောက်မှာတော့ လေဆာမျက်စောင်းတွေနဲ့ အချင်းချင်းပစ်ခတ်နေကြပြီဖြစ်သည်။
" သမီးကို အွန်းလေးလို့ခေါ်သံကြားတော့ Baekhyun ငယ်နာမည်ကို ပြန်သတိရတယ်။ ဟျွန်းလေးဖြစ်ရမှာကို ဘယ်နှယ် အွန်းလေးပါလိမ့်ဆိုပြီး သူ့အဖေကို ငါသွားမေးသေးတယ် "
" အာညော်...မတွေ့တာကြာပြီ "
အနားကို Sehun ရောက်လာတာလည်းမြင်ရော Kyungsoo မှာ ဘာမှဆက်မပြောနိုင်ပဲ အလေးပြုတော့မလို ဘာလိုလိုနဲ့ တုန့်ခနဲရပ်သွားသည်။ မာဖီးယားအကြီးစားရဲ့ ယောက်ျား၊ အမှုစစ်ရဲကြီးဆိုတော့လည်း မချိသွားဖြဲလေးသာပြုံးထားတာ... Kyungsoo မျက်လုံးထဲမှာတော့ Sehun ကို သေနတ်ကြီးတကားကားနဲ့မြင်ယောင်ပြီး ကြောက်နေရတာပေါ့။
Kyungsoo ဖြစ်နေတဲ့ရုပ်ကြောင့် ရယ်ချင်ပက်ကျိဖြစ်နေတဲ့ Jongin က ဟိုဖက်လှည့်ကာ ခိုးရယ်သည်။
" ဘာလို့ အွန်းလေးဖြစ်တာလဲ ပြောပြလား "
" ဘာမှမဟုတ်ပါဘူးကွာ။ ငါ ငယ်ငယ်က ကွကိုယ် ဟျွန်းလေးလို့ သုံးနှုန်းတာကို စကားမပီလို့ အွန်းလေးဖြစ်ပြီး တအိမ်လုံး အဲ့လိုပဲခေါ်ကြတော့တာ။ ဒါနဲ့ Sehun sshi.. အမျိုးသား ရော မပါလာဘူးလား "
" အာ...သူက US မှာလေ...
ကျနော်လိုက်မသွားရသေးတာ "
" US ကို ? အလုပ်ကိစ္စနဲ့လား ? "
" အင်း...ဒီလိုပဲ "
အဖြေခက်နေတဲ့ Sehun ကြောင့် ကျန်လူများမှာ ဖြစ်နိုင်ချေမျိုးစုံကို စဉ်းစားပြီး ခေါင်းမူးနေရသည်။ Chanyeol ကတော့ အကြောင်းသိသူမို့ Baekhyun နားနားကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။
" ကလေးမွေးအောင် သွားလုပ်တာ
ဖန်ပြွန်သန္ဓေနဲ့လေ "
" အာ... ဒါကြောင့်..."
" အားလုံးပဲ ကျနော် ပြန်တော့မယ်...
ညနေ လေယာဉ်အမှီ ပြင်ဆင်ရဦးမှာမို့ "
" အေးပါကွာ... ဖေ့သားရီး
Good Luck နော် !!
သိပ်မကြာခင် မင်း ငါ့ခြေရာနင်းနိုင်တော့မှာပါ "
" Yahh ...သူများကို ဘာတွေပြောနေလဲ "
" အားး !! "
ဗိုက်ခေါက် လိမ်ဆွဲခံရမှ အရှုံ့အတွ ရုပ်ကြီးလုပ်ပြလာတဲ့ Chanyeol ကို Baekhyun လေး မေတ္တာတွေ တုံးနေပါပြီနော်။
မင်္ဂလာမောင်နှံအတွက် Baekhyun သီချင်းဆိုရမယ့်အလှည့်ရောက်တော့ သားနဲ့ သမီးကို Kyungsoo တို့က ကူထိန်းပေးသည်။ ကြိုဆိုအားပေးနေတဲ့ လက်ခုပ်သြဘာသံတွေထဲမှာတော့ Baekhyun ကို သားအရင်းထက်တောင်ပိုချစ်လာတဲ့ ယောက္ခမကြီးရဲ့ အားပေးမှုကအကျယ်ဆုံးလို့ ပြောရမှာပေါ့လေ။
" Park Baekhyun !!
Park Baekhyun !!! "
" Nae....ကျနော့ရဲ့ အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်...ရန်ဖြစ်ဖော် ရန်ဖြစ်ဖက်လည်းဖြစ်တဲ့ ခယ်မလေး Park Sohee ရဲ့ လက်ထပ်မင်္ဂလာပွဲကို ကျနော် ကိုယ်တိုင်ရေးထားတဲ့ သီချင်းလေးတပုဒ်နဲ့ ဂုဏ်ပြုပေးချင်ပါတယ်။ "
သီချင်းဆိုနေရင်းတန်းလန်းမှာ Park သားအဖတွေ ထိုင်နေတဲ့ခုံကို လှမ်းကြည့်တော့ Chanyeol မရှိပဲ Kyungsoo တို့စုံတွဲနဲ့ မင်ဆော့ hyung က ကလေးထိန်းပေးနေတာ တွေ့ရသည်။ ဒီကတော့ သူ့ညီမ မင်္ဂလာဆောင်အတွက် သုံးလလောက်ကြိုပြီး သီချင်းတွေ ရေးလိုက် ဆိုကြည့်လိုက်နဲ့ ပြင်ဆင်ထားခဲ့ရတာ...သူ့မျက်နှာကြည့်ပြီး အလှဆုံးပြုံးပြရင်း ဆိုပစ်လိုက်မယ်လို့ တွေးထားတာကိုမှ သူ့မမြင်ရတော့လည်း လက်ခုပ်တီးပြီးအားပေးနေတဲ့ သမီးနဲ့ သားကို ကြည့်ပြီး ဆိုရတာပေါ့လေ။
" အယ်ရီ့အဖေ ဘယ်သွားတုန်း "
" အနားကဟိုတယ်မှာ အိမ်သာ ခနသွားမယ်ပြောတယ်။ ကြာတော့ကြာနေပြီ "
ခုံမှာပြန်ထိုင်ပြီး ရှန်ပိန်ခွက်ကို မြည်းစမ်းနေတုန်းမှာ မင်ဆော့ hyung ရဲ့ အဖြေကြောင့် ဘာများဖြစ်သလဲဆိုပြီး စိုးရိမ်သွားမိသည်။ သားငယ်က ဗိုက်ကလေးဖောင်းသွားလို့နဲ့တူပါရဲ့.... Kyungsoo ပေါင်ပေါ်မှာ အိပ်ပျော်နေပြီ။ Ga Eun လေးကတော့ Jongin ဘေးက တွန်းလှည်းထဲမှာ မှိန်းပြီး နို့ဘူးသောက်နေသည်။
" အယ်ရီရေ...ဘွားဘွားဆီလာပါဦး
အသည်းလေးရဲ့ "
" Nae ~~~ "
သူ့ အဘွားခေါ်ရင် နှစ်ခွန်းမပြည့်ဘူး...မမအယ်ရီတို့က လက်ထဲကဟာတွေ အကုန်ပစ်ချပြီး ဂါဝန်ကြီးဖိုးယို့ဖားယားနဲ့ အပြေးလေးသွားတော့တာပါပဲ။ တချိန်က Baekhyun နဲ့ အယ်ရီ့ကို မုန်းလွန်းလို့ မျက်နှာလေးတောင်မတွေ့ချင်ခဲ့တဲ့သူ၊ Sohee ပြန်သတိမရခင်အချိန်ထိ Baekhyun ရဲ့ မျက်ကြည်လွှာအစားမထိုးရဘူးလို့ Chanyeol အကျပ်ကိုင်ခဲ့တဲ့သူက ဒီအဘွားကြီးရော ဟုတ်ရဲ့လားလို့တောင် မေးကြည့်ချင်စရာပါပဲ။
တကယ်လို့ Sohee သာ သတိပြန်ရမလာပဲ ဆုံးပါးသွားခဲ့ရင်.. ဆိုတဲ့ဖြစ်နိုင်ခြေမျိုးကို Baekhyun စဉ်းစားဖူးသည်။ သူ့ အမေဖက်ကခွင့်မလွှတ်နိုင်အောင် မုန်းတီးနေသည့်တိုင် Chanyeol ကတော့ Baekhyun ကို မမုန်းလောက်ပါဘူး...နှစ်ယောက်သားဝေးကွာမသွားနိုင်ပါဘူးလို့ ယုံကြည်ထားခဲ့တာပါပဲ။
" အားးရှီးးး
သေပြီထင်လိုက်တာ "
ဂလန်ဂလား Zombie ကြီးတကောင်လို ဟိုယိုင်ဒီယိုင်နဲ့ လျှောက်လာပြီးမှ ဘေးခုံမှာ ဝင်ထိုင်လိုက်တဲ့ Chanyeol ရဲ့ ညည်းတွားသံကြီးကြောင့် Baekhyun မှာ အူကြောင်ကြောင်...
" ဘာလို့ကြာနေတာလဲ။
လိပ်ခေါင်းထွက်နေလို့လား "
ချက်ချင်းအဖြေမပေးနိုင်ပဲ စားပွဲပေါ်မျက်နှာမှောက်ထားတဲ့ Chanyeol က သူ့ဘေးမှာထိုင်နေတဲ့ Minseok နဲ့ Baekhyun ကို တလှည့်စီ မော့ကြည့်ပြီး ခပ်တိုးတိုးစကားဆိုသည်။
" ဟိုလိုမျိုး ထပ်ပြီး အန်နေတာ
သုံးရက်ရှိပြီ "
" ဘယ်လိုမျိုးလဲ "
" Baekhyun ကိုယ်ဝန်ရှိတုန်းကလို..."
" BORR YAAA !!! "
High note ကြီးနှစ်ခုနဲ့ ပြိုင်တူ အော်လိုက်သံကြောင့် Chanyeol နားစည်တွေ မကွဲတကွဲအခြေအနေမှာ ကမ်းစပ်ကြီးတခုလုံး တုန်လှုပ်သွားသလိုထင်ရသည်။ Sohee နဲ့ ပြုံးရယ်စကားပြောနေတဲ့ အယ်ရီက သူတို့ဖက်ကို မျက်နှာလေးစောင်းကြည့်လာတော့ ထိန်းမရအောင် ပြုံးဖြီးနေရင်းနဲ့ Chanyeol မျက်စိတဖက်မှိတ်ပြလိုက်သည်။
~ အာပါးလေး ဗိုက်ထဲမှာ ညီမလေးရောက်နေပြန်ပြီနဲ့တူတယ် သမီးရေ...
ကံကြမ္မာမုန်တိုင်းကြမ်းတွေ အဆုံးသတ်သွားတဲ့နောက်တော့ စိတ်ချမ်းမြေ့ဖွယ်ရာ ပြီးပြည့်စုံနေပြီဖြစ်တဲ့ Park မိသားစုလေးမှာ သမီးနဲ့ Hwan လေးတို့လို အိမ်ဆည်းလည်းလေးတွေပဲ ထပ်တိုးလာဖို့ပဲ လိုတော့တယ်မလား။
သမီးရဲ့ အာပါးလေးကို ၃ နှစ်တခါလောက် ဗိုက်ပူခိုင်းမှာမို့ ပါပါးက နတ်သမီး ခုနှစ်ဖော်ရဲ့ ခမည်းတော်ကြီးဖြစ်ပြီး အယ်ရီလေးကတော့ မောင်နှမတွေရဲ့ ရှေ့ဆောင်လမ်းပြ ဂိုဏ်းချုပ်ခေါင်းဆောင်ကြီး ဖြစ်လာမှာပေါ့ကွယ်။
High Five ပါ သမီးရေ..
ပါပါး က အလုပ်ပိုကြိုးစားပြီး အယ်ရီက ပိုလိမ်မာပေးဖို့လိုတယ်။
ဒါမှ သမီး Appa နဲ့ Hwan လေးရယ်...နောက်လာမယ့် ပုကျိလေးတွေကိုပါ ပျော်အောင်ထားနိုင်မယ်မဟုတ်လား။
အချိန်အကြာကြီး နာကျင်ခံစားရဖူးတဲ့ Appa လေးကို နောက်နှစ်ပေါင်းများစွာအထိ ကြည်နူးပျော်ရွှင်ရအောင် တို့သားအဖတွေ ကြိုးစားကြမယ်ကွာ။
ရှေ့ဆက်ရမယ့် ဘဝမှာ အခက်အခဲတွေကြုံလာတိုင်း၊
သူလျှောက်တဲ့လမ်းမှာ တားဆီးမှုတွေ ရှိလာတိုင်း၊
သူ ကိုယ်တိုင် သီကုံးထားတဲ့ သံစဉ်တွေကို အလိုမကျဖြစ်တဲ့အချိန်တိုင်း၊
ပြင်ပက ဖိအားတချို့သက်ရောက်လာပြီး စိတ်မောလူမောတွေဖြစ်တိုင်းမှာ
သူ အားကိုး မှီတွယ်နိုင်ဖို့ရာ ပုခုံးလေးတွေအဖြစ် ပါပါးနဲ့ အယ်ရီတို့ တသက်လုံးရှိနေပေးရအောင်ပါ
.
.
.
.
.
.
.
.
.
.
.
.
.
ပါးပြင်ပေါ် ဖြတ်သန်းတိုက်ခတ်လာသော ကမ်းစပ်လေအေးကို အသာခံယူပြီး ရင်ခွင်ထဲ ပွေ့ချီထားတဲ့ သားငယ်လေးကို တလှည့်၊ Chanyeol လက်မောင်းပေါ်ကို တလှည့်၊ သူ ကုန်းပိုးထားတဲ့ သမီးရဲ့ ကျောပြင်လေးကို တလှည့်....ချစ်မြတ်နိုးစွာနဲ့ Baekhyun နမ်းရှိုက်မိသည်။
ဝင်ခါနီးနေလုံးကြီးကို ငေးမောကြည့်နေရင်း သူ့ ပုခုံးပေါ်ဖက်ထားတဲ့ Chanyeol ကို မှီတွယ်လိုက်တဲ့အခါ အယ်ရီလေးက အဖေနှစ်ယောက်ကို နောက်ကနေ ပူးကပ်ဖက်ထားပြီးတီတီတာတာစကားဆိုနေခဲ့သည်။ Baekhyun ချီထားတဲ့ သားငယ်လေးကတော့ ပင်လယ်ပြင်ရဲ့ အထူးအဆန်းမြင်ကွင်းကြောင့် နှုတ်ခမ်းပါးလေးတွေပွင့်ကျပြီး ပြုံးပျော်နေခဲ့လေသည်။
" ချစ်တယ် Baekhyunee.. "
" ကျနော်က Yeol ကို ပိုချစ်တာ "
" အာညီ ... အယ်ရီက အများကြီးပိုချစ်တာပါနော် "
" တား...တားရဲ ချေ့ရယ်ရေ ... "
" အေး... ဟုတ်ပြီကွာ...ဘယ်သူပိုချစ်လဲသိရအောင် အယ်ရီနဲ့ ဟွမ်လေးကို ချီပြီးအာပါးတို့အပြေးပြိုင်မယ်။ နိုင်တဲ့သူကို ရှုံးတဲ့သူက..Yahh !! ညစ်ပြီးအရင်ပြေးထွက်သွားရလား...ပတ်ချန်း !!! "
" ဟိ ဟိ "
" ဟားး ဟားးး ဟားးး ခြေပုတိုလေးရေ
မှီအောင်လိုက်ပေါ့ကွာ "
" အာပါး...ညန်ညန်ကျေး ရေ "
" ပြေး..နေတာပဲ...
ခနစောင့်နေဦးဆို !!! Yahhh !! "
.
.
.
.
.
.
.
.
.
ငါ့ရဲ့ မနက်ဖြန်တိုင်းကို မင်းနဲ့ အတူတူဖြတ်ကျော်ခွင့်ပေးလှည့်ပါ။
ဝင်သက်ထွက်သက်တွေ ရပ်တန့်သွားခဲ့ရင်တောင်မှ သံသရာ ဘဝဆက်တိုင်းမှာ ပြန်တွေ့ချင်ပါသေးတယ်။
ကံကြမ္မာဆိုးတွေနဲ့ ထပ်ပြီးရင်ဆိုင်ရသည့်တိုင်အောင် ဒီလက်တွေကို ဘယ်တော့မှ လွှတ်ပေးမှာမဟုတ်လို့ပါပဲ။
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
18383 Words
.
.
.
.
.
.
❣️💝♥️~~ THE END ~~ ♥️💟❣️
တနှစ်လောက် အချိန်ဆွဲပြီးရေးခဲ့တဲ့ Forgiveness လေး တကယ်ပြီးသွားပါပြီနော်။ ၂၀၁၉.. ၅ လပိုင်းမှာ စာစရေးတဲ့ အာသာပေါက်စနလေးဘဝကနေ အခုထိ အားပေးနေကြတဲ့ အသဲတွေရော.. နောက်မှ သိပြီး အားပေးလာကြတဲ့ အသဲတွေရော တယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
Final ကို ကျေနပ်ကြပါရဲလား။ Light ထွက်သွားတဲ့နေရာမှာ ခံစားရမယ်ဆိုတာသိပါတယ်။ ဒါပေမယ့် နဂိုပိုင်ရှင်ကို နေရာပေးလိုက်မှ သူလည်းငြိမ်းချမ်းသွားမှာပါလို့ သဘောထားပေးပါ။ လူမဟုတ် ဝိဥာဉ်မဟုတ်တဲ့ စိတ်အပိုင်းအစလေးမို့ သူထွက်သွားတာ Baekhyun ကောင်းဖို့ဖြစ်လာတာပဲလို့ အမွန်ခံယူထားပါတယ်။ ရက်စက်တာမဟုတ်ပါဘူးနော်။ သူ့ကိုယ်စား Hwan လေးကို ချစ်ပေးလို့ ရပါတယ်။ ပြောတာတောင်နောက်ကျနေလောက်ပြီ။ Hwan လေး အသက်ပြည့်တာစောင့်ပြီး ဆွဲစားချင်နေပြီမို့လား 😅😅😅
အသဲတို့ ခံစားရသမျှလေးတွေ ရေးပေးခဲ့ကြပါနော်။ အရေးအသားကိုလည်း ဝေဖန်နိုင်ပါတယ်။ ပြုပြင်စရာရှိရင် အမွန် စဉ်းစားပေးပါ့မယ်လုိ့။
အမွန့်ရေးပုံက အပိုင်း ၃၀ ကျော်လောက်မှာ အရင်အပိုင်းတွေနဲ့ လုံးဝကြီးကွဲထွက်သွားတာမြင်ရပါလိမ့်မယ်။ ပထမဆုံးရေးတဲ့ Fic လဲဖြစ်၊ အချိန်လဲ ပိုကြာတော့ အရေးအသားတွေ ကွဲထွက်ကုန်တာပါ။ သည်းခံပြီးဖတ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်နော်။
Extra ရှိဦးမလားဆိုတော့ ... အွန်း
ရေးချင်တယ်။ ဟိုးအစကနေ အဆုံးထိတခန်းကို vote 300 စီ ပြည့်ရင် Extra ရေးပေးမှာပါ။ မ Vote ရသေးရင် Vote ပေးကြပါအူးနော်။
ကလေးတွေ တပြုံတမကြီးနဲ့ Park မိသားစုကို စိတ်ကူးယဉ်နေတာကြာပါပြီ။ အသဲတယောက်က မှောင်ဖို့ပြောတာကိုလည်း စဉ်းစားနေပါတယ်။ တခန်းကို 300 လောက်ရရင်တော်ပါပြီ။ ပြည့်တဲ့နေ့ရေးပေးမယ်ညော်
😘😘😘
ဆာတားးးးးငယ် ♥️♥️♥️