Unicode#
Yibo နိုးလာတော့ သူ့ဘေး၀ယ် အိပ်မောကျနေသော Xiao Zhan
ကားပြတင်းပေါက်မှန်ကို ချလိုက်တော့ နံနက်ခင်း၏ အလင်းရောင်က ကားထဲကို တိုး၀င်လာတာမို့ Xiao Zhan အိပ်မှုံစုံမွှားဖြင့် နိုးလာခဲ့သည်။
"ကလေး..... နိုးနေပြီလား....."
Xiao Zhan က Yibo ရဲ့ဆံပင်လေးကိုဖွကာ မေးလိုက်တော့ Yibo ခေါင်းကလေး ငြိမ့်ပြရှာသည်။
"ကလေး...... အခုက ကိုကိုတို့ ခိုးပြေးလာကြတာ.... အခုပဲ ယွင်ချန်ကို သွားမှ အဆင်ပြေမှာ..... ကလေး ဗိုက်ဆာရင် ကားနောက်ခန်းထဲမယ် ကလေးကြိုက်တတ်တဲ့ မုန့်တွေပါတယ်....."
Yibo ကားနောက်ခန်းထဲက မုန့်ထုပ်ကို ဖြေကြည့်လိုက်တော့ သူ့အကြိုက်မုန့်တွေချည်းသာ
"ကိုကိုကတော့ဗျာ...... ပိုပြီးချစ်ရအောင် လုပ်ပြန်ပြီ......."
Yibo ပြောရင်းနဲ့ပင် Xiao Zhan ပါးကို လှမ်းနမ်းလိုက်ချိန် Xiao Zhan က သူ့ဘက်လှည့်လိုက်တာမို့ နှစ်ဦးသား နှုတ်ခမ်းချင်း နမ်းမိသွားရသည်။
အတော်ကြာ နမ်းရှိုက်မိသည်အထိ မိန်းမောနေပြီးမှ နှစ်ဦးသား ခွာလိုက်ကြသည်။
Yibo ကတော့ မျက်နှာလေး နီရဲကာ တစ်ခြားဘက်ကို မျက်မှာမူလိုက်ရင်း နှုတ်ခမ်းလေးကို ပွတ်သပ်နေမိသည်။
Xiao Zhan လည်း ရင်ထဲ ရထားကြီးခုတ်မောင်းသွားသလို ဝုန်းဒိုင်းကြဲသွားရသည်။
ပြီးမှ Xiao Zhan လည်း ယွင်ချန်ဆီကို ကားမောင်းလာခဲ့တော့သည်။
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
"သားရေ Yibo.... သား......"
နေအတော်မြင့်ပြီဖြစ်ပေမယ့် အိပ်ယာက ထမလာသေးတာကြောင့် Shin Yi သားဖြစ်သူကို လာနှိုးပေမယ့် အထဲမှ အသံမကြားရတာကြောင့် တံခါးကို ဆွဲဖွင့်လိုက်တော့ အထဲမှာ Yibo ရှိမနေ။
ရေချိုးခန်းထဲပါ ရှာကြည့်ပေမယ့် မရှိ။
"ယောကျ်ားရေ...... သား အပြင်ထွက်သွားသေးလား......"
"မမြင်မိဘူး မိန်းမရေ....."
Shin Yi စိတ်ပူသွားရသည်။
"ယောကျ်ား သားကို မတွေ့ဘူးတော့ ရှာပါဦး.... ဖုန်းခေါ်ကြည့်ဦး....."
Lang Phong Yi က ဖုန်းခေါ်လိုက်တော့ အိပ်ခန်းထဲက ဖုန်းမြည်သံကြားရတာမို့ Shin Yi သွားကြည့်လိုက်တော့ Yibo ဖုန်း
"ယောကျ်ား ဖုန်းက အိမ်မာ ရှိတယ်..."
Lang Phong Yi လည်း လိုက်ရှာကြည့်တော့ ဧည့်ခန်းထဲက စားပွဲပေါ်၀ယ် ဖန်ခွက်ကလေးနှင့် ဖိထားသော စာရွက်တစ်ရွက်
"မိန်းမ.... ဒီမယ် စာဟ.... လာဖတ်ကြည့်ပါဦး....."
Shin Yi စာကို ယူဖတ်လိုက်တော့
*******************************
သို့
ပါးပါးနဲ့ မားမား
သားတောင်းပန်ပါတယ်....
သား ဦး Xiao နဲ့ မခွဲချင်လို့ ခိုးရာ လိုက်ပြေးသွားပါပြီ....
သားတို့ကို သဘောတူပေးဖို့ သားမျှော်လင့်ပါတယ်
သားကို ခွင့်လွှတ်ပေးနိုင်လိမ့်မယ်လို့လဲ သားယုံကြည်ပါတယ်.....
သားကို ခွင့်လွှတ်ပါနော်
ပါးပါးနဲ့ မားမားရဲ့သား
*******************************
စာဖတ်ပြီးချိန်၀ယ် နှစ်ဦးသား စိတ်အေးသွားရသည်။
"တော်သေးတာပေါ့ ယောကျ်ားရယ်..... သားများ တစ်ခုခု ဖြစ်သွားတာလားလို့....Xiao Zhan နဲ့ဆိုရင်တော့ ပြန်မလာလည်း ရတယ် စိတ်ပူစရာမလိုဘူး"
တစ်ဖက် Xiao အိမ်တော်မှာတော့ သူဌေးကြီး Xiao Lu တစ်ယောက်ကတော့ စေ့စပ်ပွဲတစ်ခုကို စီစဥ်နေသည်။
သို့သော် ထူးခြားစွာ ကျင်ကျင်သည် သတို့သမီး မဟုတ်ခဲ့။
"ကျင်ကျင် သမီးကို အားနာပါတယ်ကွယ်.....အန်ကယ်လည်း အန်ကယ့်အစ်ကို့လို ဖြစ်မှာ စိုးရိမ်တယ်.... ဒါ့ကြောင့်ပါကွယ်......."
ကျင်ကျင်လည်း ပြုံးရယ်ရင်း
"ရပါတယ် သခင်ကြီးရယ်..... ကျွန်မက သူတို့ နှစ်ယောက်ကို သဘောတူပါတယ်.... ကျွန်မအထင် သူနဲ့ အဲ့ကောင်လေးက အတော်လိုက်ဖက်ပါတယ်...... အဲ့ကောင်လေးက လူသာငယ်တာပါ စွာတေးလန်လေး....."
"အန်ကယ်လည်း သဘောကျပါတယ်... ကဲ သမီး အန််ကယ်က စေ့စပ်ပွဲကို နောက်တစ်ပတ်ထဲ လုပ်ချင်တာ သမီး အန်ကယ့်ကို ကူညီပါဦး.... အန်ကယ်က ခုခေတ် ဒီဇိုင်းတွေ ဘာတွေ သိပ်နားမလည်ဘူးလေကွယ်......."
"ဟုတ် ကူညီပါ့မယ် အန််ကယ်..... သူတို့ကိုရော အသိမပေးသေးဘူးလား....."
"အန်ကယ် စေ့စပ်ပွဲမတိုင်ခင် သုံးရက်လောက်အလိုကျမှ အသိပေးတော့မယ်.... မနက်ဖြန်ဆို အဲ့ကောင်လေး ၁၈ နှစ်ပြည့်ပြီ....."
Xiao သူဌေးရော ကျင်ကျင်ပါ ကျေနပ်စွာ ပြုံးလိုက်ကြသည်။
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
"ကလေး...... ကိုတို့ နေရမယ့် နေရာရောက်ပြီ....."
Yibo မှေးနေရာမှ ခေါင်းကလေး ထောင်ကြည့်လိုက်တော့ ရွာတစ်ရွာရဲ့ အစွန်ဆုံးဖြစ်မယ်ထင်သော နေရာလေးတစ်ခု
မျက်စိရှေ့၀ယ် ကျယ်၀န်းလှသော မုယောစပါးကွင်းကြီး
ထိုမုယောစပါးကွင်းဘေး၀ယ် နှစ်ထပ်တိုက်အိမ်လေးတစ်လုံး
Yibo ကားပေါ်မှဆင်းကာ အိမ်ကို လှည့်ပတ်ကြည့်မိလိုက်သည်။
အိမ်လေးက သိပ်မကြီးမားပေမယ့် နေချင်စဖွယ်ပင်
အိမ်ရှေ့ ၀င်၀င်ချင်းမှာက ဓုဓလီပန်းခင်းလေးတစ်ခင်းမို့ ဆွတ်ပျံ့ဖွယ် ပန်းရနံ့လေးကို ခံစားလိုက်ရသည်။
အိမ်ခေါင်းရင်း၀ယ် ချယ်ရီပင်ကလေးတစ်ပင် ထိုချယ်ရီပင်ခြေရင်း၀ယ် ခုံတန်းလျားလေးတစ်ခု
အိမ်နောက်ဖေးမှာက ဂိုထောင်လေးတစ်ခု
အိမ်ခြေရင်းမှာကတော့ စိုက်ခင်းစိုက်ရန် နေရာတစ်ခု
Yibo အိမ်ကို လှည့်ပတ်ကြည့်ပြီးချိန်၀ယ် Xiao Zhan က အိမ်တံခါးကို ဖွင့်လိုက်သည်။
အထဲကို ၀င်ကြည့်တော့ အောက်ထပ်၀ယ် ဧည့်ခန်းနှင့် မီးဖိုခန်းနှင့် ရေချိုးခန်း အိမ်သာ
အပေါ်တက်ကြည့်တော့ အိပ်ခန်းတစ်ခန်းနှင့် အိပ်ခန်းဘေး၀ယ် တူရိယာတွေ ထားထားသော အခန်း
"ဘယ်လိုလဲ သဘောကျလား....."
"ဟုတ် သဘောကျတယ်...... ဒါနဲ့ ဒီအိမ်က ကိုကို ၀ယ်ထားတာလား......"
"ဟုတ်တယ်..... ဒီနေရာက ကိုကို့ မွေးရပ်မြေပဲ ကိုကို့ အဖေက ဒီအိမ်ကလေးရောင်းခဲ့ပေမယ့် ကိုကိုက ပြန်၀ယ်ထားတာ ဒီမုယောစပါးကွင်းနဲ့ ချယ်ရီပင်က ကိုယ်မွေးကတည်းက ရှိတာ ဒီက ရွာသားတွေကို စိုက်ခိုင်း ရိတ်ခိုင်းလိုက်တာ အိမ်က Kan က သေချာပြန်လုပ်ပေးထားတာ..... ကိုကိုက ဘယ်လို ပြင်မယ်ဆင်မယ်ဆိုတာကို ပြည်ပကနေ လှမ်းပြော သူက ပြင်ဆင်ပေးတာ ကိုကို ဒီအိမ်ကို ၀ယ်ထားတာ ကိုကို့ ဖေဖေတောင် မသိဘူး..... ရောက်ရောက်ချင်း ဒီကို လာလည်မလို့ပဲလေ ကလေးမိဘတွေဆီကို ကိုက အရင်လာလည်လိုက်ရတယ် ကလေးတို့အိမ်မာနေတယ် နောက်နေ့ကျ ကလေးက ကိုယ့်အိမ်ပါလာတယ်..... တစ်ပတ်ကြာတော့ ခရီးထွက်တယ်..... ပြီးတော့ ပြန်လာတော့ နှစ်ရက် သုံးရက်ပဲ ရှိသေးတယ် ကလေးနဲ့ ကိုကိုနဲ့ ဒီကို ခိုးပြေးလာတယ်လေ.....ကို ဒီကို မလာခင် မနေ့ကကတည်းက ကို Kan ကို သန့်ရှင်းရေး လုပ်ခိုင်းထားတာ သူ့အကူအညီသာ မပါရင် ကိုတို့ ခိုးပြေးလို့ရမာ မဟုတ်ဘူး..... "
Xiao Zhan က အကြောင်းစုံ ရှင်းပြတော့ Yibo တစ်ယောက် Xiao Zhan ရင်ခွင်ထဲ တိုး၀င်ကာ တင်းကျပ်စွာ ဖက်ထားလိုက်သည်။
"ကိုကို့ကို ကျွန်တော် ပိုင်ဆိုင်ခွင့်ရတာ ကျွန်တော် အရမ်းကံကောင်းတာပဲ....."
"ကိုကိုကလည်း ကလေးကို ပိုင်ဆိုင်ခွင့်ရတာနဲ့တင် ပျော်နေရပါပြီ......."
အတော်ကြာတော့ နှစ်ဦးသား အထုပ်တွေချကာ အ၀တ်အစားတွေ ထည့်လို့ ခဏနားလိုက်ကြသည်။
နေ့လည်ရောက်တော့ Xiao Zhan က ထမင်းဟင်းတွေချက်ထားလိုက်ကာ ရေမိုးချိုးလိုက်သည်။
ပြီးမှ အိပ်ပုတ်ကြီးလှသော မိမိကလေးလေးကို နှိုးရန် အခန်းထဲကို ၀င်လာလိုက်တော့ Xiao Zhan ရင်ထဲ ဗလောင်ဆူသွားရသည်။
အပေါ်ပိုင်းဗလာကျင်းကာ ခြေကားယား လက်ကားယား အိပ်ပျော်နေသော မိမိကလေးမှာ အတော်ပင် ချစ်စရာကောင်းလှသည်။
six pack ရေးရေးလေးနှင့်အတူ နီရဲနေသော စတော်ဘယ်ရီသီးလေးက ဖြူ၀င်းချောမွတ်နေသော အသားအရေပေါ်၀ယ် ထင်ရှားလျှက်
Xiao Zhan ငေးမောကြည့်နေရင်းပင် အတော်စိတ်ထိန်းယူရသည်။
Xiao Zhan အတတ်နိုင်ဆုံးစိတ်ကို ထိန်းကာ မိမိကလေးလေးအား အသာအယာနှိုးလိုက်သည်။
"ကလေး ထတော့လေ.... နေ့လည်စာ စားရအောင်...."
Yibo ကတော့ အအိပ်မပျက်ပင်
"ကလေး ကလေး ထတော့လို့....."
Xiao Zhan နဲနဲလေး လှုပ်ရမ်းနှိုးတော့မှ Yibo အင်းအဲဖြင့် နိုးလာသည်။
"ကိုကို.... ကျွန်တော် အိပ်ချင်သေးတယ်......"
ချွဲနွဲ့သော အသံဖြင့် စကားဆိုလိုက်တော့ စိတ်မခိုင်သော Xiao Zhan တစ်ယောက် Yibo နှုတ်ခမ်းလေးကို အသာအယာ ဆွဲနမ်းလိုက်သည်။
🤢🔹🔹🔹Warning 🔹🔹🤢
Yibo မျက်လုံးလေးများ စင်းကျသွားကာ အသာအယာ ပြန်နမ်းလိုက်သည်။
Xiao Zhan အောက်ကိုတိုးလာကာ Yibo ရဲ့လည်တိုင်လေးတွေကို နမ်းရှိုက်ရင်း အချစ်သင်္ကေတလေးများကို အစီအရီပေးလိုက်သည်။
တဖြည်းဖြည်း အောက်ကို ဆင်းလာကာ Yibo ရဲ့ စတော်ဘယ်ရီသီးလေးတွေကို ကိုက်ခဲလိုက်တော့ Yibo ဆီက ညည်းသံသဲ့သဲ့ ထွက်လာသည်။
ထို့နောက်တွင်မူ ထိုအိမ်လေးအတွင်းမှ ယောကျ်ားပျို နှစ်ဦး၏ ညည်းသံသဲ့သဲ့တို့က အစီအရီထွက်ပေါ်လာသည်။
သို့သော် ဘေးနား၀ယ် ဘာအိမ်မှ မရှိသည်မို့ ထိုအသံတို့က တဖြည်းဖြည်းကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
နာရီ၀က်တစ်နာရီခန့်ကြာမှ ထိုအသံတို့ တိတ်ဆိတ်သွားကာ မောဟိုက်သံတို့ ပေါ်ထွက်ခဲ့သည်......
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
Warning ဆိုပြီး ထည့်ရေးလိုက်ပေယ့် တစ်ကယ်တော့ အာသာ မျက်နှာပူပါတယ် သို့ပေမယ့် ရေးပြီးသွားပြီမို့ ကျော်ဖတ်လိုက ဖတ်ကြပါ မကျော်ချင်ရင်လည်း ဘာမှမပါတာမို့ ဖတ်လို့ရပါတယ်.......🥰
နောက်ပိုင်းတွေကိုတော့ warning ပိုပေးပါတယ်😁😁
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
Zawgyi#
"ကလေး..... နိုးနေပြီလား....."
Yibo ပြောရင်းနဲ့ပင် Xiao Zhan ပါးကို လှမ်းနမ်းလိုက်ချိန် Xiao Zhan က သူ့ဘက်လှည့်လိုက်တာမို့ နှစ်ဉီးသား နှုတ်ခမ်းချင်း နမ်းမိသွားရသည်။
အတော်ကြာ နမ်းရှိုက်မိသည်အထိ မိန်းမောနေပြီးမှ နှစ်ဉီးသား ခွာလိုက်ကြသည်။
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
"သားရေ Yibo.... သား......"
"ယောက်ျားရေ...... သား အပြင်ထွက်သွားသေးလား......"
"မမြင်မိဘူး မိန်းမရေ....."
"ယောက်ျား သားကို မတွေ့ဘူးတော့ ရှာပါဉီး.... ဖုန်းခေါ်ကြည့်ဉီး....."
"ယောက်ျား ဖုန်းက အိမ်မာ ရှိတယ်..."
"မိန်းမ.... ဒီမယ် စာဟ.... လာဖတ်ကြည့်ပါဉီး....."
*******************************
သို့
ပါးပါးနဲ့ မားမား
သားတောင်းပန်ပါတယ်....
သား ဉီး Xiao နဲ့ မခွဲချင်လို့ ခိုးရာ လိုက်ပြေးသွားပါပြီ....
*******************************
စာဖတ်ပြီးချိန်ဝယ် နှစ်ဉီးသား စိတ်အေးသွားရသည်။
"တော်သေးတာပေါ့ ယောက်ျားရယ်..... သားများ တစ်ခုခု ဖြစ်သွားတာလားလို့....Xiao Zhan နဲ့ဆိုရင်တော့ ပြန်မလာလည်း ရတယ် စိတ်ပူစရာမလိုဘူး"
"အန်ကယ်လည်း သဘောကျပါတယ်... ကဲ သမီး အန်ကယ်က စေ့စပ်ပွဲကို နောက်တစ်ပတ်ထဲ လုပ်ချင်တာ သမီး အန်ကယ့်ကို ကူညီပါဉီး.... အန်ကယ်က ခုခေတ် ဒီဇိုင်းတွေ ဘာတွေ သိပ်နားမလည်ဘူးလေကွယ်......."
"ဟုတ် ကူညီပါ့မယ် အန်ကယ်..... သူတို့ကိုရော အသိမပေးသေးဘူးလား....."
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
"ဘယ်လိုလဲ သဘောကျလား....."
အတော်ကြာတော့ နှစ်ဉီးသား အထုပ်တွေချကာ အ၀တ်အစားတွေ ထည့်လို့ ခဏနားလိုက်ကြသည်။
"ကလေး ကလေး ထတော့လို့....."
🤢🔹🔹🔹Warning 🔹🔹🤢
ထို့နောက်တွင်မူ ထိုအိမ်လေးအတွင်းမှ ယောက်ျားပျို နှစ်ဉီး၏ ညည်းသံသဲ့သဲ့တို့က အစီအရီထွက်ပေါ်လာသည်။
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹