ခေါင်းအုံးထက်က စိုစွတ်နေတ့ဲမျက်ရည်တွေ
ကိုသာ သူမြင်ခ့ဲရင်လေ..
ကင်မရာကိုလှမ်းကြည့်နေတ့ဲ အညိုရောင်မျက်
ဝန်းလေးက အသက်ဝင်လွန်းတာမို့ အပြင်မှာ
တွေ့နေရတ့ဲအတိုင်းပင်..အမေ လာပြခ့ဲတ့ဲ အ့ဲ
ဓာတ်ပုံထဲက ယောကျာ်းက Kwon Jiyong ပါ
တ့ဲ..
လူကြီးချင်း သဘောတူထားပြန်ပြီတ့ဲလေ..
Dara ရှက်ရွံစွာနဲ့ပဲ ကြင်ဖက်ကမ်းလှမ်းတာကို
လက်ခံခ့ဲတယ်..အမေ စီစဉ်ပေးတ့ဲ blinddate
တွေ ကြင်ဖက်တွေ့ဆုံတာတွေကို ခေါင်းမာမာ
နဲ့ငြင်းခ့ဲပေမယ့်လည်း Kwon Jiyongကိုတော့
ဓာတ်ပုံလေးမြင်ရုံနဲ့တင် ဘာလို့ ခေါင်းညိတ်ခ့ဲ
မိမှန်းမသိခ့ဲဘူး..
ထင်ခ့ဲတာကတော့ အရည်အချင်းရော ရုပ်ရည်
ရော ပြီးပြည့်စုံတ့ဲယောကျာ်းမို့လို့ လက်တွဲဖော်
အနေန့ဲ ရွေးချယ်ခ့ဲတယ်ပေါ့..
တိတ်တခိုးလေး တဖက်သတ်ရင်ခုန်ခ့ဲရတာ
ကိုတော့ ဘယ်သူမှမသိလည်းဖြစ်ပါတယ်..
သူများတွေလို romantic ဆန်ဆန်လေး တွေ့
ဆုံပြီး ချစ်ခွင့်ရခြင်ပေမယ့် ခုလို အဆင့်ကျော်
ကာ တခါတည်းညားသွားတာလည်း သူတို့ရဲ့
ဖူးစာဆိုပြီး Dara ကြည်နူးစိတ်လေးနဲ့..
Kwon Jiyong ဆိုတ့ဲယောကျာ်းကို သူ ချစ်ခ့ဲမိ
ပါတယ်..
ယောက္ခမကသာ အိမ်ကိုချောင်းပေါက်မတတ်
ရောက်လာခ့ဲပြီးရင်းရင်းနှီးနှီးဆက်ဆံခ့ဲပေမယ့်
အနာဂတ်သတို့သားလောင်းကဖြင့် ပေါ်မလာ
အလုပ်တွေ အရမ်းရှုပ်နေလို့ပါတ့ဲ..
ယူမယ့်မိန်းမကို စိတ်မဝင်စားတာလား..တမင်
အထာကိုင်တာလား..တကယ်ပဲအလုပ်ရှုပ်နေ
တာလားမသိပေမယ့် စိတ်ရှည်ပေးခ့ဲတယ်
သူ့အကြောင်းမသိပဲနဲ့တော့ လက်ထပ်ဖို့ခေါင်း
ငြိမ့်မှာမဟုတ်ပါဘူးလေဆိုတ့ဲ အတွေးလေးနဲ့
တဖက်သတ် ပျော်ရွှင်မှုတွေနဲ့အပြည့်ပေါ့..
ကိုယ်ကိုတိုင်ကလည်း ပပ်ချွဲနှပ်ချွဲနဲ့တွယ်ကပ်
တတ်တ့ဲသူမဟုတ်လေတော့ သိပ်ပြီးအာရုံထဲ
မထည့်ခ့ဲမိဘူးလေ..
နောက်ဆုံး မင်္ဂလာခန်းမထဲဝင်မှ ရောက်ချလာ
တ့ဲ သူ့ကို လက်ထပ်လက်စွပ် လဲဝတ်ပေးပြီးမှ
မျက်နှာချင်းဆိုင် တွေ့ခ့ဲရတယ်..အနမ်းတောင်
မထိတထိလေးပေးပြီး အနေအထိုင်အေးစက်
လွန်းခ့ဲတ့ဲအိမ်ထောင်ရေးကို Dara စိတ်မကုန်
ခ့ဲပါ..
တနေ့တော့ ချစ်လာမှာပါ..သူ တချိန်ချိန်တော့
ပြောင်းလဲလာမှာပါဆိုပြီး စောင့်ခ့ဲတယ်..
ကလေးလေးရှိလာရင်တော့ နွေးထွေးလာမယ်
ဆိုတ့ဲမျှော်လင့်ချက်တွေနဲ့ ကလေးယူဖို့စဉ်းစား
ခ့ဲပေမယ့်.ကလေးမွေးဖို့အတွက် သူ့စိတ်ထဲက
အဆင်သင့်မဖြစ်သေးပါဘူးတ့ဲ..အငြင်းခံခ့ဲရပါ
တယ်..
ဟုတ်လည်းဟုတ်ပါတယ်လေ..
မိဘဖြစ်လာမယ့်သူအချင်းချင်းတောင် မရင်းနှီး
သေးတာပဲကို..မွေးလာမယ့်ကလေးအတွက်
ဘယ်လိုလုပ် အဆင်ပြေပါ့မလဲ..
Dara ခေါင်းညိတ်ခ့ဲပေးတယ်..မိန်းမမာနမို့လို့
လားတော့မသိ..သူ့ဘက်က ပွတ်သီးပွတ်သပ်
လည်းမနေခ့ဲမိဘူး..မေးထူးခေါ်ပြော လောက်
သာလုပ်တတ်တ့ဲ လင်မယားဆက်ဆံရေးကြီး
ကိုလည်း Jiyong ရဲ့အကျင့်မို့လို့ပါဆိုဖြေတွေး
တွေးပေးခ့ဲတယ်..
သူ့ဘက်က ကြင်ကြင်နာနာနေဖို့ လမ်းဖောက်
ရင်တောင် ခင်ပွန်းဖြစ်သူက ခပ်တည်တည်နဲ့
တုန့်ပြန်တာပဲ ခံရတာများလာတော့ Dara က
လက်လျော့ခ့ဲရတာချည်းပါပဲ..
သူများကြားထဲတွဲသွားရင် လိုက်ဖက်လိုက်တာ
ဒီလင်မယားက သိပ်ကြည့်လို့ကောင်းတာပဲ..
တယောက်နဲ့တယောက် သိပ်ချစ်ကြမှာပဲနော်
ဆိုတ့ဲ ဂုဏ်ပြုချီးမွမ်းသံတွေကြားမှာပဲ ကျေနပ်
ခ့ဲရတယ်..
ဒါပေမယ့် Jiyong က သူ့ကိုသစ္စာဖောက်မယ့်
သူ မဟုတ်မှန်း အသွားအလာအနေအထိုင်နဲ့
တင်သိသာပါတယ်..မိသားစုနဲ့အလုပ်ကလွဲပြီး
တခြားဘာကိုမှအရေးမပေးတတ်တ့ဲသူဆိုတာ
အိမ်ထောင်သက် ၁နှစ်အတွင်းမှာပဲ Dara သိ
ခ့ဲရတယ်လေ..အ့ဲဒါကြောင့် Jiyong နေတတ်
တ့ဲပုံစံအတိုင်းရှေ့သွားနောက်လိုက်ညီအောင်
လိုက်နေပေးရင်း စိတ်ချလက်ချရှိခ့ဲတာ
Jiyong နဲ့နေရတာများလာတော့ Dara ရဲ့မသိ
စိတ်ကပါ တဖြည်းဖြည်းနဲ့ Jiyong မကြိုက်ဘူး
ထင်တာတွေ မလုပ်မိအောင်ထိန်းတတ်လာခ့ဲ
တယ် ဥပမာ..မလိုအပ်တ့ဲမေးခွန်းတွေမေးတာ
မျိုးတို့ စကားတွေအများကြိးပြောနေတာမျိူးတို့..
မျက်နှာထားတည်တဲ့ခင်ပွန်းဘေးက ခပ်ချေချေ
ဇနီးတယောက်အဖြစ် နေတတ်လာအောင်တ့ဲ
အထိ ပြောင်းလဲခ့ဲရရှာတယ်..
Dara တယောက်ကတော့ သူ့ဘာသာသူ
ဘယ်လိုနေရနေရ..Jiyong ကို အပြစ်မဆိုခ့ဲ..
သူက ချစ်နေရသူကိုး..
ဘယ်သူကထင်မှာလဲ..မျက်နှာတည်တည်နေ
တတ်တ့ဲ Kwon Jiyong က နှစ်လိုဖွယ်လည်း
ပြုံးတတ်သလို..စိတ်လည််းဆိုးတတ်ပါသတ့ဲ..
သဝန်လည်းတိုတတ်ပြီး တဖက်သားအပေါ်မှာ
အရမ်းဂရုစိုက်တတ်တ့ဲလူဆိုတာ Dara သိပ်
မကြာသေးခင်ကမှ မျက်ဝါးထင်ထင်တွေ့မြင်ခ့ဲ
ရတယ်လေ..
အေးတိအေးစက် အမြဲဆက်ဆံတတ်ခ့ဲတ့ဲ
ခင်ပွန်းသည်က တယောက်သောသူကိုကျ
လိုအပ်တာထက် ပိုရင်းနှီးနေခ့ဲတယ်..
Dara မယုံနိုင်ခ့ဲ..Jiyong အဝတ်အစားတွေကို
လျော်တိုင်း Lavendar အန့ံတွေရကတည်းက
မသင်္ကာဖြစ်ခ့ဲရတာ..
Jiyong က ရေမွှေးတောင် မသုံးတတ်တ့ဲသူ..
ဘာလို့ဒီအန့ံတွေစွဲစွဲလာတာလဲ..တနေ့လည်း
မဟုတ်တော့ Dara စိတ်ထဲမှာမနေနိုင်တော့..
ကားထဲမှာလည်း အရင်ဆို နှင်းဆီန့ံရေမွှေးကို
မသုံးတော့ပဲ Lavendar အန့ံတွေပြောင်းထား
တာ..အမြဲတမ်းသန့်ရှင်းသပ်ရပ်နေတ့ဲ ကားက
အခုဆို မုန့်ခွံတွေ..စားလက်စအကြွင်းအကျန်
တွေ ပါလာတတ်နေပြီ..
ထပ်ခါတလဲလဲဖွင့်နေတ့ဲ သီချင်းအပုဒ်တိုင်းကို
Jiyong မပြောနဲ့..Dara တောင် အလွတ်ရနေ
ပြီ..မနက်နိုးလည်း ဒီသီချင်းတွေ..ညအိပ်ခါနီး
လည်း ဒီသီချင်းတွေ..လိုက်ဆိုညည်းနေချိန်နဲ့
နားထောင်နေချိန်တိုင်းမှာJiyong မျက်နှာပေါ်
က သာယာနေမှုကြီးက အတိုင်းသား..
ပုံမှန်ဆို မနက်စာနဲ့ညစာကိုအိမ်မှာပဲစားတတ်
တ့ဲသူက မနက်ဆို ကျော့ကော့နေအောင် ပြင်
ဆင်ပြီး ဝရုန်းသုန်းကားထွက်သွားတတ်သလို
ညဆိုလည်း အမြဲနောက်ကျမှပြန်လာတတ်လို့
နေပြီ..
ခပ်တင်းတင်းမျက်နှာပေါ်မှာလည်း အရောင်
အသွေးစုံတ့ဲ အမူအရာတွေ ပါပါလာတယ်..
မကောင်းမှုဟူသမျှ ဖုံးကွယ်လို့မရဘူးထင်ပါရဲ့
တနေ့ Dara တို့ ရုံးကလူတွေနဲ့ ညစာသွားစား
တော့ သူတို့ထိုင်နေတ့ဲဆိုင်မှာ အစည်းအဝေး
ရှိလို့နောက်ကျမယ်လို့ ခုနကတင်ဖုန်းဆက်ပြီး
လှမ်းပြောထားတ့ဲ Jiyongကိုတွေ့လိုက်ရတယ်
Stage စင်ပေါ်ကို ငေးမောကြည့်နေတ့ဲ ပုံရိပ်
ဟာ Jiyong မှဟုတ်ရဲ့လားလို့ ထင်ရလောက်
တ့ဲအထိ..
နူးည့ံသိမ်မွေ့နေတ့ဲမျက်နှာ..ချစ်ရည်ရွှန်းလ့ဲနေ
တ့ဲမျက်ဝန်းတွေနဲ့ သိပ်ကိုသဘောကျစွာပြုံးလို့
နေတယ်..
ဘယ်လိုမိန်းမကများ လူရိုးလူအေးကြီးကိုဒီလို
ဖြစ်အောင်ပြုစားနေသလဲလို့ Dara သိချင်စိတ်
ပြင်းပြစွာ ရှာဖွေကြည့်တော့..
Stage စင်ပေါ်မှာ သီချင်းတပုဒ်ကို ခံစားချက်
အပြည့်နဲ့ဆိုနေတ့ဲ ကောင်လေးတယောက်ပဲ
ရှိတယ်..ဖြူဖြူဖွေးဖွေးနဲ့ ရုပ်ကလေးကလည်း
သန့်သန့်ပြန့်ပြန့်နဲ့ရယ်..လုံးလုံးတစ်တစ်ကိုယ်
လုံးလေးနဲ့ ချစ်စရာကောင်းတ့ဲ ဒီကောင်လေး
ဆီမှာပဲ Jiyong ရဲ့အကြည့်တွေ ဆိုက်ရောက်
နေမှန်းသိလိုက်ရပြီး..မရိုးနိုင်သောသီချင်းတွေ
ရဲ့ပိုင်ရှင်ဟာလည်း သူပဲပေါ့..
နှစ်ဦးသား ရယ်ရယ်မောမောနဲ့ဖက်လှဲတကင်း
အကြည်စိုက်နေပုံတွေကို Dara မြင်ခ့ဲရပြီးတ့ဲ
နောက်ပိုင်းမှာတော့..
Dara အလုပ်ကနေ တပတ်လောက်ခွင့်ယူပြီး
Jiyong နောက်ကို တရစပ်လိုက်ခ့ဲတယ်..
Kwon Jiyong နောက်တယောက်များလားလို့
သံသယဖြစ်ရလောက်တ့ဲအထိ ပြောင်းလဲသွား
တ့ဲ သူ..ဒီကောင်လေးနဲ့ဆိုရင် ဘာကိုမှ သတိ
မထားမိတ့ဲအထိ ပေါ့ပါးပျော်ရွှင်နေလိုက်တာ..
မဖြစ်မနေတက်ရမယ့်ပွဲတွေကလွဲရင် ဘယ်ကို
မှ နှစ်ယောက်အတူ လက်တွဲမသွားခ့ဲဖူးတ့ဲ သူ
ခုတော့ ဒီကောင်လေးနဲ့တမြို့လုံးကိုခြေရာချင်း
ထပ်အောင် လည်ပတ်နေသတ့ဲလား..
တနေကုန်နေလို့ မိန်းမနဲ့စကားဆယ်ခွန်းပြည့်
အောင် မပြောတ့ဲသူက ဒီကောင်လေးနဲ့တော့
တရင်းတနှီးပြောဆိုနေသတ့ဲလား..
Lavendar စားသောက်ဆိုင်ကို ကိုယ့်အိမ်လို
ဝင်ထွက်နေတ့ဲ Jiyong...
Seungri သီချင်းဆိုရာ Stage အောက်ကနေ
တမေ့တမျောနဲ့ လက်ခုပ်တီး အားပေးနေတ့ဲ
Jiyong...
အတူသွား အတူလာ အတူစားသောက်နေပြီး
ဖုန်းထဲမှာတောင် Seungri ပုံတွေအပြည့်ရှိနေ
တ့ဲ Jiyong..
သူ မမြင်ခ့ဲ မထိတွေခ့ဲရတ့ဲ Jiyong ရဲ့တခြား
တဖက်ခြမ်းက လှုပ်ရှားမှု..ခံစားမှု..နေထိုင်မှု..
အားလုံးက Dara ကို တုန်လှုပ်ခြောက်ခြားစေ
ခ့ဲတယ်..
သူနဲ့တအိမ်တည်းမှာ အတူတူနေလာခ့ဲတ့ဲ
Kwon Jiyong က အတုကြီးလား..ခံစားချက်
သေနေတ့ဲ ခန္ဓာကိုယ်အတုသက်သက်ကြီးပဲ
ကိုယ့်ဆီမှာသာ မိုးရွာနေတာ..ကမ်ဘာတဖက်
ခြမ်းမှာ နေသာပြီး ပန်းပေါင်းစုံတောင်ဖူးပွင့်လို့
နေပြီ..မျက်နှာလိုက်ရက်လေခြင်း..ရက်စက်ခ့ဲ
လေခြင်း..နည်းနည်းလေးတောင် မျှဝေမခံစား
ပေးခ့ဲလေခြင်း..
သူလေးစားအထင်ကြီးခ့ဲရတ့ဲ သူ့ယောကျာ်းက
တခြားယောကျာ်းတယောက်နဲ့ ပလူးပလဲလုပ်
တ့ဲ မြင်ကွင်းကြီးကို Dara ကို မြင်ပြီးကတည်း
က သွေးပျက်မတတ်ပဲ..
သူ့အပေါ်အေးစက်တာလည်း နားလည်ပေးခ့ဲ
တယ်..လင်မယားချင်း ခပ်တန်းတန်းဆက်ဆံ
တာကိုလည်း သည်းခံပေးခ့ဲတယ်..နွေးထွေးမှု
တွေ ကြင်နာမှုတွေ မပေးခ့ဲတာကိုလည်း မသိ
ချင်ယောင်ဆောင်ပေးခ့ဲတယ်..ကလေးယူဖို့ကို
အဆင်သင့်မဖြစ်သေးလို့ပါဆိုပြိး ငြင်းဆန်ခ့ဲ
တာကိုလည်း လက်ခံပေးခ့ဲပါတယ်..
ဘာလို့လဲဆိုတော့ သူကိုယ်တိုင်ရွေးချယ်ထား
ခ့ဲတ့ဲ Kwon Jiyong ဖြစ်နေလို့ မိသားစုအပေါ်
တာဝန်ကျေရှာတ့ဲ ယောကျာ်း..အလုပ်ကလွဲပြီး
တခြားဘာမှစိတ်မဝင်စားရှာတ့ဲ ယောကျာ်းဖြစ်
နေလို့ ဘာမဆို စောဒကမတက်ခ့ဲပေမယ့်..
Lavendar စားသောက်ဆိုင်က အဆိုတော်
ကောင်လေးနဲ့ အမြဲတမ်းလိုလို တပူးတတွဲတွဲ
အကြည်ဆိုက်နေတ့ဲ ဒီ Kwon Jiyong ကို
သူ့မျက်စိနဲ့တပ်အပ်မြင်တာတောင် မယုံနိုင်ခ့ဲ
ဘူး..
အလုပ် အကြောင်းပြပြီး အမေ့ကိုပါ လိမ်တတ်
လာတ့ဲ အကြောင်းရင်းက Seungri လို့ခေါ်တ့ဲ
ကောင်လေးကြောင့်ဆိုတာ Dara သိခ့ဲရတော့
ရင်နာခ့ဲရတာပေါ့..
သူ့ခင်ပွန်းက ပြောင်းလဲခ့ဲပါတယ်..ဒါပေမယ့်
သူ့အပေါ်ကို မဟုတ်ခ့ဲဘူး..
ဒီအခြေအနေကြိးကို ဘယ်သူ့ကိုမှလည်းဖွင့်
မပြောရဲခ့ဲဘူး..ရှက်လွန်းလို့ သေသာသေပစ်
လိုက်ချင်မိတယ်..
ဒီလိုဆိုတော့ ကွာရှင်းရအောင်လို့ ဘယ်အချိန်
ထပြောမလဲ Dara စောင့်ပေးခ့ဲပါတယ်..ကိုယ်
ဖမ်းလို့မိတာထက် သူ့ဘာသာသူ ဝန်ခံလာတ့ဲ
သတ္တိမျိူးကို Dara ထပ်ပြီးမျှော်လင့်ပေးခ့ဲတယ်
ပြောလာပါတော့..မင်းနဲ့မပေါင်းနိုင်ဘူး..ငါတို့
ကွာရှင်းကြရအောင်..ငါ ချစ်မိခ့ဲတာမင်းမဟုတ်
ဘူးလို့ ဖွင့်ပြောလာခ့ဲရင် တဖတ်သတ် ရင်ခုန်
ပြီး တဖတ်သတ်မျှော်လင့်ခ့ဲတာတွေကို ကိုယ်
တိုင်နင်းချေကာ သူပျော်ပျော်ကြီးဖြတ်လျှောက်
သွားဖို့ နှလုံးသားကိုပါ ခင်းပေးမှာပါ
အ့ဲလို အ့ဲသလောက်ထိ သူ့စိတ်ကို တစက်မှ
မသိခ့ဲတ့ဲ ယောကျာ်းကို ချစ်နေမိခ့ဲရှာတာပါ..
အခြေအနေ အားလုံးကို ပြောင်းပြန်လှန်ပစ်
လိုက်မိတာ သူကိုယ်တိုင်ဖြစ်နေမှန်း Jiyong
တယောက် သိမှသိပါလေစ..
အချစ်နဲ့တွေ့နေပြီဖြစ်တ့ဲ ယောကျာ်းတယောက်
ကို ဆက်မဆွဲထားချင်ပေမယ့်..
Jiyong အမေသိရင် မိုးမီးလောင်ကုန်မှာစိုးလို့
ဖုံးကွယ်ပေးပြီး မသိသလိုနေပေးခ့ဲပေမယ့်..
အခု အိမ်ပေါ်ကိုပါ ခေါ်တင်တ့ဲအဆင့်..
ဒါတရားဝင်လက်ထပ်ထားတ့ဲမိန်းမတယောက်
ကို စော်ကားလိုက်တာပဲ Kwon Jiyong..
ချစ်တယ်ဆိုရင်တောင် ခုလိုကြီး ခိုးတွေ့ ခိုးစား
နေကြတ့ဲပုံစံမျိူးနဲ့ ဖောက်ပြန်ပစ်လိုက်ကြတာ..
သိပ်ရွံဖို့ကောင်းနေတယ်မလား..
ဇနီးသည်တယောက်အနေနဲ့ အကုန်လုံးကို
နားလည်သည်းခံပြီး ဝတ္တရားကျေအောင်နေ
ပေးခ့ဲတာတွေက အခုလို အနိုင်ကျင့်ခံရဖို့လား
ပျော်ရွှင်စရာ ရင်ခုန်စရာ စိတ်လှုပ်ရှားစရာ
တစက်မှမရှိတ့ဲ အိမ်ထောင်သည်ဘဝကြီးကို
တနေ့တော့ဆိုတ့ဲ မျှော်လင့်ချက်ကလေးနဲ့
ပိုခိုင်မြဲအောင် ကြိုးစားခ့ဲရခြင်းရဲ့ ရလဒ်က
ခင်ပွန်းသည်ဆီက အရေးတယူတိုင်ပင်မှုကို
တောင် မရခ့ဲတ့ဲအဖြစ်လား..
Dara အံကြိတ်ကာ မာန်တင်းနေခ့ဲပေမယ့်
မာန်မာနတွေ ဒေါသတွေ အရှက်တရားတွေ
တစစနဲ့ အရည်ပျော်လာပြီး ပါးပြင်ပေါ်သို့သာ
မျက်ရည်အဖြစ် စီးကျလို့လာပါတော့တယ်..
ချစ်ခ့ဲပါတယ် Kwon Jiyong..အရာရာ သူ့
စိတ်တိုင်းကျဖြစ်အောင် ကိုယ့်ကိုယ်ကို ပြုပြင်
ပြောင်းလဲပေးခ့ဲပါတယ်..
ခုတော့ သစ္စာဖောက်ခံရတ့ဲမိန်းမတယောက်
က ဗီလိန်အဖြစ် အချိန်မရွေးပြောင်းလဲသွားနိုင်
တယ်ဆိုတာ ကျွန်မ ကောင်းကောင်းကြီးကို
သဘောပေါက်သွားပါပြီ..
ကျွန်မ အပြစ်လို့ မပြောပါနဲ့..
ဒီဇာတ်လမ်းမှာ အပြစ်ရှိလို့ ပြစ်ဒဏ်ချမှတ်ခံရ
မယ်ဆိုရင်တောင် အ့ဲအပြစ်ဒဏ်ကို ကျွန်မက
ကိုယ်တိုင်ဆုံးဖြတ်ပြိး ကိုယ်တိုင်ခံယူမှာ..
Dara မျက်ရည်တွေကိုခပ်ကြမ်းကြမ်းပွတ်သုပ်
လိုက်ပြီး မျက်နှာကိုပါသစ်လိုက်တယ်..
တဖက်အခန်းမှာ ချစ်တင်းနှောနေတ့ဲ Jiyong
တို့ပုံရိပ်တွေကို လျှို့ဝှက်ကင်မရာကနေတဆင့်
Record ယူထားပြီးဖြစ်တ့ဲ memory stick
လေးကို ကိုင်ကာ အလှပဆုံး အချိူသာဆုံးပြုံး
လိုက်ရင်း..
~ Oppa..ကျွန်မ မမှားပါဘူး..Kwon Jiyong
တောင် အချစ်နဲ့တွေ့လို့ ပြောင်းလဲသွားခ့ဲသေး
တာပဲ..အမုန်းနဲ့ထိပ်တိုက်ဆုံတ့ဲ ကျွန်မကရော
ပြောင်းလဲပိုင်ခွင့်ရှိတယ်မလား..ကျွန်မကို ရှင်
သိပ်အထင်သေးလွန်းခ့ဲတယ်..ပြီးတော့ ဂရုကို
မစိုက်ပဲ နေလွန်းခ့ဲတယ်လေ..