[Unicode]
အောက်တိုဘာက ကုန်ခါနီးပြီ ဒါပေမဲ့ နွေရာသီရဲ့အပူရှိန်ကတော့ တဖြည်းဖြည်းလွင့်ပါးလာပါပြီ
ဆောင်းဦးရာသီရဲ့ နေရောင်ခြည်က ပျင်းတွဲ့စွာနဲ့ စာသင်ခန်းထဲကို ဖြာကျနေပုံက လူငယ်လေးတစ်ယောက်က အချစ်စစ်မှာ ကျရှုံးသွားပြီး အရူးအမူးချစ်မိနေပုံလိုပင်။
ရှယောင်ကကျောကိုမတ်မတ်ထားပြီး သူ့ခေါင်းကိုငုံ့လျှက် မှတ်စုရေးသည့်အပေါ်မှာပဲအာရုံစိုက်ထားသည်။ သူ့ရဲ့ဘေးမှာတော့ ဖက်တီးကသူ့ဖုန်းကိုစားပွဲခုံထဲထည့်၍ ဂိမ်းဆော့နေသည်။
ရှယောင်က ဖက်တီးကိုကြည့်လိုက်သည့်အချိန် ဖက်တီးကလည်းသူ့ကိုပြန်ကြည့်လာသည်။
" ရှယောင် " ဖက်တီးကသူ့စာအုပ်ဖြင့်ကာလျှက် ရှယောင်အနားသို့တိုးလာပြီး တိုးတိုးလေးပြောသည် " မင်း ကျိုးတုနဲ့ရင်းနှီးတယ်မလား "
ရှယောင်ကဖက်တီးကိုကြည့်လိုက်သော်လည်း ဘာမှပြန်ဖြေခြင်းမရှိပေ။
ဆရာကကျောက်သင်ပုန်းပေါ်မှာစာရေးပြီးတော့နောက်သို့ပြန်လှည့်လာသည်။ သူကစာအုပ်ကိုစင်ပေါ်မှာချလိုက်ပြီး ချောင်းဆိုးလိုက်သည်။
ထိုအရာကိုလည်းကြားရော ဖက်တီးကရုတ်တရတ်မတ်မတ်ပြန်ထိုင်လိုက်သည်။
အတန်းပြီးတဲ့နောက်မှာတော့ ရှယောင်ကသူ့စာအုပ်ကိုကိုင်လိုက်ပြီး ဖက်တီးကိုဖြည်းဖြည်းချင်းမေးလိုက်သည် " မင်းဘာလို့ငါ့ကိုအဲ့လိုမေးတာလဲ "
လက်တစ်ဖက်ဖြင့်သူ့မေးကိုထောက်လိုက်ရင်း ဖက်တီးကပြန်ဖြေလိုက်သည် " ငါကြားတာ ကျန်းရှီဝမ်ရဲ့မွေးနေ့ကသိပ်မကြာခင်ရောက်တော့မှာတဲ့ "
ရှယောင်အမူအရာကလုံးဝပြောင်းလဲခြင်းမရှိပေမယ့် လှုပ်ရှားမှုသေးသေးလေးတော့ပြုလိုက်သေးသည်။ သူကဟန်ဆောင်လျှက်ဖြင့် ဂရုတစိုက်မေးလိုက်သည် " အဲ့တော့သူမွေးနေ့ကကျိုးတုနဲ့ဘာပက်သက်လို့လဲ "
" အာ မင်းမသိဘူးလား ကျန်းရှီဝမ်ကနှစ်တိုင်းသူငယ်ချင်းတွေဖိတ်ပြီး မွေးနေ့ပွဲလုပ်တယ်လေ ကျိုးတုကလည်းသူနဲ့တစ်ဖွဲ့ထဲပဲဟာ သူလည်းကျိန်းသေပေါက် အဖိတ်ခံရမှာပေါ့ မင်းကသူနဲ့သူငယ်ချင်းတွေပဲ ငါတို့ကိုရောခေါ်သွားပေးလို့ရမလားလို့ မင်းမေးပေးပါလား "
ရှယောင်မျက်နှာလေးကညှိုးကျသွားပြီး သူကနူးညံ့တဲ့အသံလေးဖြင့်မေးလိုက်သည် " ဘာလို့ငါတို့ကသွားရမှာလဲ "
ဖက်တီးက စားပွဲခုံပေါ်မှာမှောက်ချလိုက်ပြီး သက်ပြင်းချလိုက်သည် " သူ့မွေးနေ့ကိုတစ်ခါလောက်လေး ငါသွားဖူးချင်လို့ပါကွာ ဒါကအထက်တန်းကျောင်းမှာ ငါ့ရဲ့နောက်ဆုံးကြိုးစားမှုလေး ဖြစ်ချင်ဖြစ်သွားမှာ "
ရှယောင်က ဖက်တီးရဲ့အားပျက်နေသည့်ပုံလေးကိုကြည့်ရင်း သနားဂရုဏာစိတ်တို့ဖြစ်လာခဲ့သည်။ မျှော်လင့်ခြင်းကင်းမဲ့သောချစ်ခြင်းမေတ္တာဆိုတာက သူနှင့်အမှန်ပင်ဆက်စပ်နိုင်သည့်ခံစားမှုတစ်ခုဖြစ်သည်။
" ဒါက... " ရှယောင်ကခဏလောက်မရေမရာဖြစ်နေပြီးမှ ပြောလိုက်သည် " ငါမင်းအတွက်မေးပေးမယ် ဒါပေမယ့် ငါဘာမှတော့အာမမခံနိုင်ဘူးနော် "
" တကယ်လား? " ဖက်တီးရဲ့မျက်လုံးလေးတွေကချက်ချင်းပဲတောက်ပလာသည် သူကအံ့သြတကြီးဖြင့် " ငါမင်းကိုအားကိုးပါတယ် ရှယောင် "
ရှယောင်က နေ့တိုင်း အိမ်ကိုတစ်ယောက်တည်းပြန်ခဲ့တယ်ဆိုတာ ကျိုးတုက သိလိုက်ပြီးတဲ့နောက်မှာတော့
သူနဲ့အတူအိမ်ပြန်ဖို့အတွက်ကို လုံးဝမငြင်းဆန်တော့ပေ။
အစကတော့ကျိုးတုက ရှယောင်အိမ်ရှေ့အထိလိုက်ပို့ပြီး ပြန်ထွက်သွားသည်။ တဖြည်းဖြည်းနှင့် ရှယောင်ကိုသူ့အိမ်လှေကားထိပ်အထိလိုက်ပို့ပေးလာသည် ထို့နောက် နောက်ဆုံးတွင်တော့ ရှယောင်ကိုအိမ်ထဲအထိလိုက်မပို့ပေးရမချင်း ပြန်ထွက်မသွားချင်တော့ပေ သူက မပြန်ဖို့အကြောင်းပြချက်ရှာနေတယ်ဆိုတာကတော့ ပြောစရာတောင် မလိုပါလေ " ငါအဝေးကြီးလမ်းလျှောက်လာရတာ မောနေပြီ ခဏလောက်တော့ ဆိုဖာပေါ်မှာအနားယူပါရစေ "
ရှယောင်က သူ့ကို တိုက်ခန်းထဲ ဝင်ခွင့်ပြုလိုက်တုန်းက ကျိုးတုက တကယ်ပဲ ရိုးရိုးသားသား ခဏလောက်ထိုင်ပြီး ပြန်ထွက်သွားပါသေးသည်။ ဒါပေမဲ့ ကြာလာတာနဲ့အမျှ သူ့ကို အရှက်တရားတွေ ကင်းမဲ့လာစေပြီး ရှယောင်ကို နေရာမှာတင် အတင်းနမ်းတော့သည် အဲ့နောက်မှာတော့ သူက ရှယောင်ရဲ့ဘောင်းဘီကို ချွတ်ဖို့ကြံလေသည်။ အဲ့ဒါကြောင့်ပဲ ရှယောင်က သူ့အသက်ကို မူတည်နေရင်တောင်မှ ကျိုးတုကို သူ့တိုက်ခန်းထဲ ပေးမဝင်တော့ပေ။
ရှယောင်က ကျိုးတုသူ့ကိုဘာလုပ်လုပ်မကြောက်ရွံ့ပေမယ့် သူသာထိန်းချုပ်မှုပျောက်ဆုံးသွားရင် ကျိုးတုကိုဘာလုပ်မိမလဲမသိနိုင်တာကိုသာစိုးရိမ်ခဲ့တာဖြစ်သည်။
နှစ်ယောက်သားလမ်းကျဥ်းလေးထဲအတူလျှောက်နေကြသည်။ ရှယောင်ကတတ်နိုင်သမျှ ဂရုတစိုက်မေးလိုက်၏ " သူများတွေပြောတာ ကျန်းရှီဝမ်မွေးနေ့ကရောက်တော့မှာဆို ဟုတ်လား "
ကျိုးတုက ရှယောင်သူ့ကို သူ့အိမ်ထဲနောက်တစ်ကြိမ်အဝင်ခံစေဖို့အကြောင်းပြချက်ကိုစဥ်းစားနေတာကြောင့် ရှယောင်ကိုပြန်ပြောဖို့နည်းနည်းတော့ကြာသွားသေး၏။
" အာ ငါမသိဘူး ဘာလို့မင်းက သူ့မွေးနေ့ကို ဂရုစိုက်နေတာလဲ "
ရှယောင်ကသူ့ခြေထောက်တွေကိုသာကို့ယို့ကားရားကြည့်လိုက်ပြီး " ငါကြားတာ သူ့မွေးနေ့ပွဲကိုလာဖို့ သူငယ်ချင်းတွေလည်းဖိတ်တယ်ဆို "
" မင်ဘာလို့အဲ့အကြောင်းတွေမေးနေတာလဲ " ကျိုးတုက သံသယအကြည့်များဖြင့်ကြည့်လိုက်ပြီးပြောလိုက်သည် " ငါမင်းကိုပြောထားမယ်နော် သူကမင်းကိုဖိတ်လာရင်တောင် မင်းမသွားရဘူး "
ရှယောင်ကသူ့ခေါင်းကိုခါလိုက်ပြီး ရှင်းပြလိုက်သည် " မဟုတ်ပါဘူး ငါမေးတာက သူသာမင်းကိုဖိတ်ရင် ငါနဲ့ဖက်တီးကိုအတူခေါ်သွားပေးလို့ရမလားလို့ သိချင်တာပါ "
ကျိုးတုကပို၍ပင်ရှုပ်ထွေးလာသည်။
" ဘာလို့မင်းတို့နှစ်ယောက်က သူ့ပွဲကိုတက်ချင်နေရတာလဲ "
ရှယောင်ကသက်ပြင်းကိုသာချလိုက်ပြီး ကျိုးတုကိုအမှန်အတိုင်းပြောလိုက်တော့သည် " အဲ့ဒီ့ဖက်တီးက သူကျောင်းမပြီးခင်လေး ကျန်းရှီဝမ်ရဲ့မွေးနေ့ပါတီကို တစ်ခါလောက်လေးတတ်ချင်လို့ပါတဲ့ သူ့မှာလည်းကိစ္စလေးတစ်ခုရှိတယ် "
ရှယောင်ရှင်းပြတာကိုကြားပြီးနောက် ကျိုးတုကမေးလိုက်သည် " ကိစ္စလေးတစ်ခု? အဲ့တာကဘာပြောတာလဲ "
ရှယောင်ကနောက်တစ်ကြိမ်သက်ပြင်းချလိုက်ပြီး ဆက်ပြောလိုက်သည် " သူက ကျန်းရှီဝမ်ကိုကြိုက်နေတာ "
ရှယောင်ရဲ့ပြန်ဖြေမှုကကျိုးတုကိုခဏလောက်တော့ စိတ်ရှုပ်သွားစေခဲ့သည် ထို့နောက်သူ့ကမျက်မှောင်ကြုတ်လိုက်၏။
" သူကြိုက်ရင်ဖွင့်ပြောလိုက်လေ ဘာလို့သူ့မွေးနေ့ရောက်တဲ့အထိ စောင့်နေရတာလဲ "
" ဖြစ်နိုင်တာက သူအငြင်းခံရမှာကြောက်လို့ပေါ့ ပြီးတော့လည်း ကျန်းရှီဝမ်နဲ့သူငယ်ချင်းဖြစ်ဖို့တွေးနေတာနေမှာပေါ့ " ရှယောင်ကဖြည်းဖြည်းချင်းပြောလိုက်ပြီး သူ့အကြည့်ကလည်းအဝေးတစ်နေရာသို့ကြည့်နေလိုက်သည်။
ကျိုးတုကသူ့ရဲ့အမူအရာကိုသတိပြုမိလိုက်ပြီး အချို့သောထူးဆန်းသည့်အကြောင်းပြချက်များကြောင့် မသက်မသာခံစားလာရသည်။ သူကသက်ပြင်းချလိုက်ပြီး ပြောလိုက်၏ " ကောင်းပြီ အဲ့အချိန်ရောက်လာရင် ငါကျန်းရှီဝမ်ကိုမေးလိုက်မယ် "
နှစ်ယောက်သားစကားတပြောပြောဖြင့်လျှောက်လာပြီး သိပ်မကြာခင်ပဲ ရှယောင်ရဲ့ရှုပ်ထွေးပွေလီလှသောအိမ်သို့ရောက်ရှိလာခဲ့သည်။
" အိုခေ မင်းမြန်မြန်အိမ်ပြန်သင့်ပြီ " ရှယောင်ကရပ်လိုက်ပြီး ကျိုးတုကိုလက်ဝှေ့ရမ်းပြလိုက်သည် " မနက်ဖန်တွေ့မယ် "
" ဒါပေမယ့် ငါမင်းအိမ်ရှေ့အထိလိုက်မပို့ရသေးဘူးလေ "
" ရပါတယ် " ရှယောင်ကအနောက်သို့ဆုတ်လိုက်ပြီး ပြောလိုက်သည် " မင်းအိမ်ပြန်လိုက်တာပိုကောင်းပါတယ် "
" အိုခေ " ကျိုးတုကသူ့ခေါင်းလေးကိုငုံ့ချလိုက်ပြီး တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လှည့်ပြီးထွက်သွားလိုက်သည်။
*
*
*
ဖက်တီးကရှယောင်ပြောသည့် ကျိုးတုကသူ့ကိုကျန်းရှီဝမ်မွေးနေ့ပွဲကိုခေါ်သွားပေးမည်ဆိုသည့်စကားကို မယုံကြည်နိုင်ဖြစ်နေရသည်။ ရှယောင်ဆီကနေအာမခံချက်ကိုရပြီးသည့်နောက်မှာတော့ သူကဝမ်းသာပီတိဖြစ်စွာဖြင့် ရှယောင်ကိုဖက်ပြီး အာဘွားအကြီးကြီးပေးလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ရှယောင်က ဖက်တီး၏ဝက်ဝံလိုထွေးပွေ့မှုကို ရှောင်လိုက်နိုင်သည်။ မဟုတ်လျှင် သူ့နောက်ကကျိုးတုရဲ့သဝန်တိုမှုတွေကြောင့် ဖက်တီးတစ်ယောက်ဒုက္ခရောက်ရပေလိမ့်အုံးမည်။
ကျန်းရှီဝမ်မွေးနေ့က ဒီအပတ်ပိတ်ရက်တွင်ဖြစ်သည်။ သူမ၏အဖေကတခြားမြို့ကို အလုပ်ကိစ္စဖြင့်သွားနေရသည်။ သူဒီလိုအပြောင်းအရွှေ့ပြန်မကျခင် နောက်ထပ်သုံးနှစ်ကြာအုံးမည်ဟုလည်းပြောခဲ့၏။ ရလဒ်အနေနှင့်ကတော့ ဆရာဝန်ဖြစ်သည့်သူမ၏အမေဖြစ်သူနှင့် အတူနေခဲ့ရခြင်းပဲဖြစ်ပေသည်။
ကျန်းရှီဝမ်၏အမေက သူမ၏သမီးကသူ့မွေးနေ့မှာ သူငယ်ချင်းတွေကိုဖိတ်ထားမှန်းသိသည်။ သူမ၏ဆေးရုံကလည်းအမြဲတမ်းအလုပ်များနေခဲ့တာကြောင့် သူမသမီးဘေးနားထိုလူတွေရှိနေခြင်းက သူမကိုစိတ်သက်သာရာရစေခဲ့သည်။ သူမရှိပါမှ သူတို့တွေပိုပျော်ကြလိမ့်မည်ဟုလည်း သူမ တွေးထားမိသည်။
ထို့ကြောင့်ပဲ စနေနေ့နေ့လည်ခင်းတွင် နေ့လည်စာစားပြီးနောက် ကျန်းရှီဝမ်အမေက သူ့သမီးကိုပြောလိုက်သည် " မားဒီညဂျူတီရှိတယ် သမီးတို့တွေပဲပျော်ကြပေါ့ ဒါပေမယ့်အရမ်းကြီးနောက်မကျစေနဲ့နော် အိုခေ နောက်ပြီးရင် သန့်ရှင်းရေးပြန်လုပ်ဖို့လည်းသတိရအုံးနော် မားကတော့အိမ်ကရှုပ်ပွနေရင် ဆေးရုံကနေပြန်မလာချင်တော့ဘူး "
" မား သမီးသိပါတယ် " ကျန်းရှီဝမ်ကသူမ၏အမေကို တယုတယပြောလိုက်သည်။ သူ့အမေထွက်သွားပြီးသောအခါမှာတော့ သူ့ဖုန်းကိုထုတ်လိုက်ပြီး Group ထဲ Message ပို့လိုက်သည်။
" ရဲဘော်တို့ ရွာထဲဝင်လို့ရပြီ "
ပထမဆုံးဝင်လာသည့်သူတွေကတော့ ကျန်းရှီဝမ်၏ရင်းနှီးသော သူငယ်ချင်းများဖြစ်သည်။ သူတို့ကကော်ဖီစားပွဲကို ဧည့်ခန်းထဲတွန်းဝင်လာပြီး ဧည့်ခန်းကိုလည်း ရောင်စုံမီးများဖြင့်အလှဆင်လိုက်သည်။
မွေးနေ့ကိတ် Order မှာထားတာက ညနေငါးနာရီတွင်ရောက်လာမှာဖြစ်သည်။
ကျန်းရှီဝမ်ကသူမ၏ ဘောက်ကိုဖွင့်လိုက်ပြီး မိုက်ကရိုဖုန်းကိုထုတ်ယူလိုက်၍ အသံစညှိလိုက်သည်။
နေ့လည်ခင်း လေးနားရီဝန်းကျင်လောက်မှာ အခြားလူတွေက ကျန်းရှီဝမ်တို့အိမ်တံခါးဘဲလ်ကိုတီး၍ လက်ဆောင်ဘူးတွေကိုင်ပြီးဝင်လာကြသည်။
ကျိုးတု ရှယောင် နဲ့ ဖက်တီးတို့ရောက်လာသည့်အချိန်မှာတော့ ပါတီပွဲကလူစုလူဝေးကြီးက ဆူညံနေကြပြီဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ထိုအခန်း၏ အသံလုံစနစ်ကအရမ်းကိုကောင်းလွန်းသည် သူတို့အပြင်မှာမတ်တပ်ရပ်နေသည့်အချိန်တွင် ဘာအသံကိုမှမကြားခဲ့ရပေ သို့သော် တံခါးလည်းဖွင့်လိုက်ရော အခန်းထဲကကောင်မလေး၏အော်သံတွေကသူတို့နားထဲ ပြည့်လျှံသွားတော့သည်။
" အိုးမိုင်ဂေါ့ ငါတို့ကျောင်းက အိုပါး ချောချောလေးအတွက်ကျရှုံးလိုက်ကြပါစို့ " တံခါးလာဖွင့်ပေးသည့်သူက မျက်နှာဝိုင်းဝိုင်းလေးဖြင့်ကောင်မလေးတစ်ယောက်ဖြစ်သည် သူကသူမ၏ခေါင်းပေါ်မှာ ယုန်နားရွက်များကို တပ်ထားသည်။ သူမပထမဆုံးလုပ်သည်အရာကလည်း ချီးကျူးလိုက်ခြင်းသာဖြစ်သည်။
သူမ၏ချီးကျူးစကားတွေကိုဖြတ်ပြီး ကျိုးတုကထိုကောင်မလေးလက်ထဲ လက်ဆောင်ထုတ်ကိုထိုးထည့်ပေးလိုက်သည်။ ထိုအခန်းထဲမှာရှိသည့်လူတွေကို ရှယောင်ကမသိပေ ထို့ကြောင့်ရိုးရှင်းစွာပဲ သူကဖက်တီးနဲ့အတူမတ်တပ်ရပ်နေရင်း ကျိုးတုဘေးနားကသူတို့ကိုကြည့်နေလိုက်သည်။
" နင်တို့တွေကလည်း သူ့ကိုနားခွင့်ပေးလိုက်ပါအုံး " ကျန်းရှီဝမ်က ဒီနေ့အထူးတလည်ကိုလှနေသည်။ ဆောင်းရာသီရောက်နေသော်လည်း သူမကဒူးလောက်အထိသာရှည်သည့်စကတ်လေးကိုဝတ်ဆင်ထားပြီး ဆံပင်ကိုအနောက်မှာစု၍စည်းထားသည် ထိုပုံစံလေးက သူမကိုစင်ကြယ်သန့်ရှင်းသောပုံစံလေးပေါက်နေစေသည်။
" ရှယောင် ကောတုန်တုန် ငါ့ရဲ့မွေးနေ့ပွဲလေးကနေကြိုဆိုပါတယ် " ကျန်းရှီဝမ်ကသူတို့ရှေ့မှာမတ်တပ်လာရပ်နေပြီး သူတို့ကိုအပြုံးလေးတစ်ခုလည်းပေးလေသည်။
ရှယောင်ကမြန်မြန်ပဲ သူ့လက်ထဲကလက်ဆောင်ကို ပေးလိုက်သည်။ ဖက်တီးကတော့သူ့ရဲ့နာမည်အရင်းကိုမကြားရတာကြာတာကြောင့် အချိန်အတော်ကြာတောင့်ခဲနေခဲ့သည်။ နောက်ပြီး ကျန်းရှီဝမ်နဲ့ပထမဆုံးအကြိမ်အနီးကပ်နေရတာကြောင့် စိတ်လှုပ်ရှားလွန်ပြီး စကားမပြောနိုင်ဖြစ်နေရသည်။
" လာလေ ပျော်ကြ " ကျန်းရှီဝမ်က သူဒီလိုစိတ်လှုပ်ရှားနေတာလည်းမြင်ရော သူ့လက်မောင်းကိုဆွဲပြီး ကနေသည့်လူတွေကြားထဲခေါ်သွားလိုက်သည်။
ထိုအိမ်ထဲတွင်လူအများကြီးမရှိပေ ရှယောင်တို့အဖွဲ့အပါအဝင် လူဆယ်ယောက်လောက်တော့ရှိသည်။ ကံကောင်းတာက ကျန်းရှီဝမ်အိမ်၏ဧည့်ခန်းက ကျယ်ဝန်းတာကြောင့် လူအများကြီးမတ်တပ်ရပ်နေတာတောင် ပြည့်ကျပ်နေသည်ဟုမခံစားရပေ။
အလှအပတွင်ကျရှုံးသွားတတ်သော် ဖက်တီး၏အနားတွင်တော့ ကျန်းရှီဝမ်၏မိန်းခလေးသူငယ်ချင်းတွေက ဝိုင်းနေခဲ့ပြီး သူ့ကိုကူညီပေးရမလားဟုလည်းမေးနေကြသည်။
ဖက်တီးကသူ့ဘာသာသူပျော်ရွှင်မှုကိုရှာနေချိန် ကျိုးတုကရှယောင်ကို ဆိုဖာပေါ်တွင်သူနဲ့အတူထိုင်ရန်လာခေါ်သွားသည်။
" ကျိုးတု ဒီကိုလာအုံး" ကျန်းရှီဝမ်၏အသံက မီးဖိုချောင်ထဲမှထွက်လာသည်။
ကျိုးတုကရှယောင်ကိုကြည့်လိုက်ပြီး ရှယောင်ကလည်း သူထွက်လို့ရအောင်ဘေးဘက်ကိုကပ်ပေးလိုက်သည်။
ကျန်းရှီဝမ်ကသူ့ကိုနောက်တစ်ကြမ်ထပ်ခေါ်သည့်အချိန်မှာတော့ ကျိုးတုကပြန်ဖြေလိုက်သည် " လာပြီ "
သူမီးဖိုချောင်ထဲရောက်ပြီးတဲ့အခါမှာတော့ ကျန်းရှီဝမ်ကသူ့ကိုတိုးတိုးလေးပြောသည် " နင်ငါ့ကိုပြောတော့ နင့်သူငယ်ချင်းတွေခေါ်လာမှာဆို ငါကနင့်ကောင်မလေးကိုခေါ်လာမယ်လို့ထင်ထားတာ ကောင်လေးနှစ်ယောက်လို့မထင်ထားဘူး "
" အိုး ငါကနင်သိမယ်ထင်ထားတာ "
ကျန်းရှီဝမ်က အပြင်ဘက်ကဖက်တီးကိုခိုးကြည့်လိုက်ပြီး ပြောလိုက်သည် " သူဆိုတာကိုငါသိပါတယ် ဒါပေမယ့်ရှယောင်ကရော သူကတော့ငါ့ကိုကြိုက်နေတာမဟုတ်ပါဘူးနော် "
" မဟုတ်ပါဘူး " ကျိုးတုက ချက်ချင်းပဲငြင်းလိုက်သည်။
ကျန်းရှီဝမ်ကလိမ်မာပါးနပ်သည် သူကသူ့မျက်လုံးများကို ကျဥ်းလိုက်ပြီးပြောလိုက်သည် " ကျိုးတု နင်ငါ့ကိုတစ်ခုခုများဖုံးကွယ်ထားတာလား "
ကျိုးတုကအပြင်ဘက်မှာထိုင်နေသည့် ရှယောင်ကိုကြည့်လိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည် " နင်ငါ့ကိုဘာလို့ခေါ်တာလဲ "
" နင်မိန်းခလေးတစ်ယောက်ကိုလိုက်နေတယ်လို့ငါထင်ခဲ့တာ ဒီလိုဖြစ်လိမ့်မယ်လို့ငါမထင်ခဲ့ဘူး ကျိုးတု ကျွတ် ကျွတ် " ကျန်းရှီဝမ်ကသူ့ကိုလွှတ်ပေးမည့်ပုံမပေါ်ပေ။
ကျိုးတုမျက်နှာကြီးပျက်လာခဲ့သည်။ သူကအပြင်ကဆူညံနေသည့်လူအုပ်ကိုကြည့်လိုက်ပြီး မီးဖိုချောင်တံခါးကိုသွား၍ပိတ်လိုက်သည်။
" နင်တစ်ခြားသူတွေကိုလျှောက်မပြောနဲ့နော် မဟုတ်ရင်.... "
" မဟုတ်ရင်ဘာဖြစ်လဲ ကျွတ် ကျွတ် ကျိုးတု ကျိုးတု နင့်ရဲ့ဦးနှောက်လေးကအလှထားတာလား ရှယောင်ကအပြင်မှာထိုင်နေတာနော် သူကမီးဖိုချောင်ထဲကငါတို့ကို ကြည့်နေမှာပဲ ဒါပေမယ့် နင့်ကိုကြည့်ပါအုံး နင်ကတံခါးကိုဘာအတွက်သွားပိတ်လိုက်တာလဲ အပြင်ကသူအထင်လွဲသွားမှာစိုးရိမ်လို့လား "
ကျိုးတုကဒီလောက်အများကြီးမစဥ်းစားလိုက်မိပေ သူပထမဆုံးတွေးလိုက်မိတာက တခြားဘယ်သူမှသူတို့ပြောတာကိုမကြားသွားစေရန်သာဖြစ်သည် နောက်ပြီး ရှယောင်လည်း သူ့ကိုယ်သူအပြစ်မတင်နေစေရန်ဖြစ်သည်။
ကျန်းရှီဝမ်က အလွန်အံ့အားသင့်နေသောအကြည့်ဖြင့် ကျိုးတုကိုကြည့်နေရင်း သူမမျက်ခုံးတွေကိုပင့်မြှောက်လိုက်မိသည် ထို့နောက်သူကပြောလိုက်၏ " နင်ငါ့ကိုငြင်းလိုက်တဲ့ဒီနှစ်တွေထဲ ငါအမြဲတမ်းစောင့်နေခဲ့တာ ဘယ်လိုကြင်နာတတ်တဲ့မိန်းခလေးမျိုးဆီကို ကျိုးတုကျရှုံးသွားမလဲလို့ပေါ့ ငါဘယ်တုန်းကမှဒီလိုဖြစ်လိမ့်မယ်လို့မထင်ထားခဲ့ဘူး hahaha တကယ်ပဲကျိုးတုရေ နင်နိုင်ပါတယ် hahaha "
ကျန်းရှီဝမ်ကသူမခေါင်းကိုခါပြီးရယ်လျှက်ဖြင့် မီးဖိုချောင်ထဲကထွက်သွားတော့သည်။
ကျိုးတုမျက်နှာပေါ်မှာ မလိုလားအပ်သောအကြည့်တို့ကပေါ်လာပြီး ကျန်းရှီဝမ်နောက်ကနေအပြင်သို့လိုက်ထွက်လာခဲ့သည်။
(တုတုရေ အကုန်သိကုန်ပြီ ဘယ်လိုလုပ်ကြမလဲ ရှင့်ရဲ့မိန်းမလေးနဲ့ 😂)
**********************************************
[Zawgyi]
ေအာက္တိုဘာက ကုန္ခါနီးၿပီ ဒါေပမဲ့ ႏြေရာသီရဲ႕အပူရွိန္ကေတာ့ တျဖည္းျဖည္းလြင့္ပါးလာပါၿပီ
ေဆာင္းဦးရာသီရဲ႕ ေနေရာင္ျခည္က ပ်င္းတြဲ႕စြာနဲ႕ စာသင္ခန္းထဲကို ျဖာက်ေနပုံက လူငယ္ေလးတစ္ေယာက္က အခ်စ္စစ္မွာ က်ရႈံးသြားၿပီး အ႐ူးအမူးခ်စ္မိေနပုံလိုပင္။
ရွေယာင္ကေက်ာကိုမတ္မတ္ထားၿပီး သူ႕ေခါင္းကိုငုံ႕လွ်က္ မွတ္စုေရးသည့္အေပၚမွာပဲအာ႐ုံစိုက္ထားသည္။ သူ႕ရဲ႕ေဘးမွာေတာ့ ဖက္တီးကသူ႕ဖုန္းကိုစားပြဲခုံထဲထည့္၍ ဂိမ္းေဆာ့ေနသည္။
ရွေယာင္က ဖက္တီးကိုၾကည့္လိုက္သည့္အခ်ိန္ ဖက္တီးကလည္းသူ႕ကိုျပန္ၾကည့္လာသည္။
" ရွေယာင္ " ဖက္တီးကသူ႕စာအုပ္ျဖင့္ကာလွ်က္ ရွေယာင္အနားသို႔တိုးလာၿပီး တိုးတိုးေလးေျပာသည္ " မင္း က်ိဳးတုနဲ႕ရင္းႏွီးတယ္မလား "
ရွေယာင္ကဖက္တီးကိုၾကည့္လိုက္ေသာ္လည္း ဘာမွျပန္ေျဖျခင္းမရွိေပ။
ဆရာကေက်ာက္သင္ပုန္းေပၚမွာစာေရးၿပီးေတာ့ေနာက္သို႔ျပန္လွည့္လာသည္။ သူကစာအုပ္ကိုစင္ေပၚမွာခ်လိဳက္ၿပီး ေခ်ာင္းဆိုးလိုက္သည္။
ထိုအရာကိုလည္းၾကားေရာ ဖက္တီးက႐ုတ္တရတ္မတ္မတ္ျပန္ထိုင္လိုက္သည္။
အတန္းၿပီးတဲ့ေနာက္မွာေတာ့ ရွေယာင္ကသူ႕စာအုပ္ကိုကိုင္လိုက္ၿပီး ဖက္တီးကိုျဖည္းျဖည္းခ်င္းေမးလိုက္သည္ " မင္းဘာလို႔ငါ့ကိုအဲ့လိုေမးတာလဲ "
လက္တစ္ဖက္ျဖင့္သူ႕ေမးကိုေထာက္လိုက္ရင္း ဖက္တီးကျပန္ေျဖလိုက္သည္ " ငါၾကားတာ က်န္းရွီဝမ္ရဲ႕ေမြးေန႕ကသိပ္မၾကာခင္ေရာက္ေတာ့မွာတဲ့ "
ရွေယာင္အမူအရာကလုံးဝေျပာင္းလဲျခင္းမရွိေပမယ့္ လႈပ္ရွားမႈေသးေသးေလးေတာ့ျပဳလိုက္ေသးသည္။ သူကဟန္ေဆာင္လွ်က္ျဖင့္ ဂ႐ုတစိုက္ေမးလိုက္သည္ " အဲ့ေတာ့သူေမြးေန႕ကက်ိဳးတုနဲ႕ဘာပက္သက္လို႔လဲ "
" အာ မင္းမသိဘူးလား က်န္းရွီဝမ္ကႏွစ္တိုင္းသူငယ္ခ်င္းေတြဖိတ္ၿပီး ေမြးေန႕ပြဲလုပ္တယ္ေလ က်ိဳးတုကလည္းသူနဲ႕တစ္ဖြဲ႕ထဲပဲဟာ သူလည္းက်ိန္းေသေပါက္ အဖိတ္ခံရမွာေပါ့ မင္းကသူနဲ႕သူငယ္ခ်င္းေတြပဲ ငါတို႔ကိုေရာေခၚသြားေပးလို႔ရမလားလို႔ မင္းေမးေပးပါလား "
ရွေယာင္မ်က္ႏွာေလးကညွိုးက်သြားၿပီး သူကႏူးညံ့တဲ့အသံေလးျဖင့္ေမးလိုက္သည္ " ဘာလို႔ငါတို႔ကသြားရမွာလဲ "
ဖက္တီးက စားပြဲခုံေပၚမွာေမွာက္ခ်လိဳက္ၿပီး သက္ျပင္းခ်လိဳက္သည္ " သူ႕ေမြးေန႕ကိုတစ္ခါေလာက္ေလး ငါသြားဖူးခ်င္လို႔ပါကြာ ဒါကအထက္တန္းေက်ာင္းမွာ ငါ့ရဲ႕ေနာက္ဆုံးႀကိဳးစားမႈေလး ျဖစ္ခ်င္ျဖစ္သြားမွာ "
ရွေယာင္က ဖက္တီးရဲ႕အားပ်က္ေနသည့္ပုံေလးကိုၾကည့္ရင္း သနားဂ႐ုဏာစိတ္တို႔ျဖစ္လာခဲ့သည္။ ေမွ်ာ္လင့္ျခင္းကင္းမဲ့ေသာခ်စ္ျခင္းေမတၱာဆိုတာက သူႏွင့္အမွန္ပင္ဆက္စပ္နိုင္သည့္ခံစားမႈတစ္ခုျဖစ္သည္။
" ဒါက... " ရွေယာင္ကခဏေလာက္မေရမရာျဖစ္ေနၿပီးမွ ေျပာလိုက္သည္ " ငါမင္းအတြက္ေမးေပးမယ္ ဒါေပမယ့္ ငါဘာမွေတာ့အာမမခံနိုင္ဘူးေနာ္ "
" တကယ္လား? " ဖက္တီးရဲ႕မ်က္လုံးေလးေတြကခ်က္ခ်င္းပဲေတာက္ပလာသည္ သူကအံ့ၾသတႀကီးျဖင့္ " ငါမင္းကိုအားကိုးပါတယ္ ရွေယာင္ "
ရွေယာင္က ေန႕တိုင္း အိမ္ကိုတစ္ေယာက္တည္းျပန္ခဲ့တယ္ဆိုတာ က်ိဳးတုက သိလိုက္ၿပီးတဲ့ေနာက္မွာေတာ့
သူနဲ႕အတူအိမ္ျပန္ဖို႔အတြက္ကို လုံးဝမျငင္းဆန္ေတာ့ေပ။
အစကေတာ့က်ိဳးတုက ရွေယာင္အိမ္ေရွ႕အထိလိုက္ပို႔ၿပီး ျပန္ထြက္သြားသည္။ တျဖည္းျဖည္းႏွင့္ ရွေယာင္ကိုသူ႕အိမ္ေလွကားထိပ္အထိလိုက္ပို႔ေပးလာသည္ ထို႔ေနာက္ ေနာက္ဆုံးတြင္ေတာ့ ရွေယာင္ကိုအိမ္ထဲအထိလိုက္မပို႔ေပးရမခ်င္း ျပန္ထြက္မသြားခ်င္ေတာ့ေပ သူက မျပန္ဖို႔အေၾကာင္းျပခ်က္ရွာေနတယ္ဆိုတာကေတာ့ ေျပာစရာေတာင္ မလိုပါေလ " ငါအေဝးႀကီးလမ္းေလွ်ာက္လာရတာ ေမာေနၿပီ ခဏေလာက္ေတာ့ ဆိုဖာေပၚမွာအနားယူပါရေစ "
ရွေယာင္က သူ႕ကို တိုက္ခန္းထဲ ဝင္ခြင့္ျပဳလိုက္တုန္းက က်ိဳးတုက တကယ္ပဲ ရိုးရိုးသားသား ခဏေလာက္ထိုင္ၿပီး ျပန္ထြက္သြားပါေသးသည္။ ဒါေပမဲ့ ၾကာလာတာနဲ႕အမွ် သူ႕ကို အရွက္တရားေတြ ကင္းမဲ့လာေစၿပီး ရွေယာင္ကို ေနရာမွာတင္ အတင္းနမ္းေတာ့သည္ အဲ့ေနာက္မွာေတာ့ သူက ရွေယာင္ရဲ႕ေဘာင္းဘီကို ခြၽတ္ဖို႔ႀကံေလသည္။ အဲ့ဒါေၾကာင့္ပဲ ရွေယာင္က သူ႕အသက္ကို မူတည္ေနရင္ေတာင္မွ က်ိဳးတုကို သူ႕တိုက္ခန္းထဲ ေပးမဝင္ေတာ့ေပ။
ရွေယာင္က က်ိဳးတုသူ႕ကိုဘာလုပ္လုပ္မေၾကာက္႐ြံ႕ေပမယ့္ သူသာထိန္းခ်ဳပ္မႈေပ်ာက္ဆုံးသြားရင္ က်ိဳးတုကိုဘာလုပ္မိမလဲမသိနိုင္တာကိုသာစိုးရိမ္ခဲ့တာျဖစ္သည္။
ႏွစ္ေယာက္သားလမ္းက်ဥ္းေလးထဲအတူေလွ်ာက္ေနၾကသည္။ ရွေယာင္ကတတ္နိုင္သမွ် ဂ႐ုတစိုက္ေမးလိုက္၏ " သူမ်ားေတြေျပာတာ က်န္းရွီဝမ္ေမြးေန႕ကေရာက္ေတာ့မွာဆို ဟုတ္လား "
က်ိဳးတုက ရွေယာင္သူ႕ကို သူ႕အိမ္ထဲေနာက္တစ္ႀကိမ္အဝင္ခံေစဖို႔အေၾကာင္းျပခ်က္ကိုစဥ္းစားေနတာေၾကာင့္ ရွေယာင္ကိုျပန္ေျပာဖို႔နည္းနည္းေတာ့ၾကာသြားေသး၏။
" အာ ငါမသိဘူး ဘာလို႔မင္းက သူ႕ေမြးေန႕ကို ဂ႐ုစိုက္ေနတာလဲ "
ရွေယာင္ကသူ႕ေျခေထာက္ေတြကိုသာကို႔ယို႔ကားရားၾကည့္လိုက္ၿပီး " ငါၾကားတာ သူ႕ေမြးေန႕ပြဲကိုလာဖို႔ သူငယ္ခ်င္းေတြလည္းဖိတ္တယ္ဆို "
" မင္ဘာလို႔အဲ့အေၾကာင္းေတြေမးေနတာလဲ " က်ိဳးတုက သံသယအၾကည့္မ်ားျဖင့္ၾကည့္လိုက္ၿပီးေျပာလိုက္သည္ " ငါမင္းကိုေျပာထားမယ္ေနာ္ သူကမင္းကိုဖိတ္လာရင္ေတာင္ မင္းမသြားရဘူး "
ရွေယာင္ကသူ႕ေခါင္းကိုခါလိုက္ၿပီး ရွင္းျပလိုက္သည္ " မဟုတ္ပါဘူး ငါေမးတာက သူသာမင္းကိုဖိတ္ရင္ ငါနဲ႕ဖက္တီးကိုအတူေခၚသြားေပးလို႔ရမလားလို႔ သိခ်င္တာပါ "
က်ိဳးတုကပို၍ပင္ရႈပ္ေထြးလာသည္။
" ဘာလို႔မင္းတို႔ႏွစ္ေယာက္က သူ႕ပြဲကိုတက္ခ်င္ေနရတာလဲ "
ရွေယာင္ကသက္ျပင္းကိုသာခ်လိဳက္ၿပီး က်ိဳးတုကိုအမွန္အတိုင္းေျပာလိုက္ေတာ့သည္ " အဲ့ဒီ့ဖက္တီးက သူေက်ာင္းမၿပီးခင္ေလး က်န္းရွီဝမ္ရဲ႕ေမြးေန႕ပါတီကို တစ္ခါေလာက္ေလးတတ္ခ်င္လို႔ပါတဲ့ သူ႕မွာလည္းကိစၥေလးတစ္ခုရွိတယ္ "
ရွေယာင္ရွင္းျပတာကိုၾကားၿပီးေနာက္ က်ိဳးတုကေမးလိုက္သည္ " ကိစၥေလးတစ္ခု? အဲ့တာကဘာေျပာတာလဲ "
ရွေယာင္ကေနာက္တစ္ႀကိမ္သက္ျပင္းခ်လိဳက္ၿပီး ဆက္ေျပာလိုက္သည္ " သူက က်န္းရွီဝမ္ကိုႀကိဳက္ေနတာ "
ရွေယာင္ရဲ႕ျပန္ေျဖမႈကက်ိဳးတုကိုခဏေလာက္ေတာ့ စိတ္ရႈပ္သြားေစခဲ့သည္ ထို႔ေနာက္သူ႕ကမ်က္ေမွာင္ၾကဳတ္လိုက္၏။
" သူႀကိဳက္ရင္ဖြင့္ေျပာလိုက္ေလ ဘာလို႔သူ႕ေမြးေန႕ေရာက္တဲ့အထိ ေစာင့္ေနရတာလဲ "
" ျဖစ္နိုင္တာက သူအျငင္းခံရမွာေၾကာက္လို႔ေပါ့ ၿပီးေတာ့လည္း က်န္းရွီဝမ္နဲ႕သူငယ္ခ်င္းျဖစ္ဖို႔ေတြးေနတာေနမွာေပါ့ " ရွေယာင္ကျဖည္းျဖည္းခ်င္းေျပာလိုက္ၿပီး သူ႕အၾကည့္ကလည္းအေဝးတစ္ေနရာသို႔ၾကည့္ေနလိုက္သည္။
က်ိဳးတုကသူ႕ရဲ႕အမူအရာကိုသတိျပဳမိလိုက္ၿပီး အခ်ိဳ႕ေသာထူးဆန္းသည့္အေၾကာင္းျပခ်က္မ်ားေၾကာင့္ မသက္မသာခံစားလာရသည္။ သူကသက္ျပင္းခ်လိဳက္ၿပီး ေျပာလိုက္၏ " ေကာင္းၿပီ အဲ့အခ်ိန္ေရာက္လာရင္ ငါက်န္းရွီဝမ္ကိုေမးလိုက္မယ္ "
ႏွစ္ေယာက္သားစကားတေျပာေျပာျဖင့္ေလွ်ာက္လာၿပီး သိပ္မၾကာခင္ပဲ ရွေယာင္ရဲ႕ရႈပ္ေထြးေပြလီလွေသာအိမ္သို႔ေရာက္ရွိလာခဲ့သည္။
" အိုေခ မင္းျမန္ျမန္အိမ္ျပန္သင့္ၿပီ " ရွေယာင္ကရပ္လိုက္ၿပီး က်ိဳးတုကိုလက္ေဝွ႕ရမ္းျပလိုက္သည္ " မနက္ဖန္ေတြ႕မယ္ "
" ဒါေပမယ့္ ငါမင္းအိမ္ေရွ႕အထိလိုက္မပို႔ရေသးဘူးေလ "
" ရပါတယ္ " ရွေယာင္ကအေနာက္သို႔ဆုတ္လိုက္ၿပီး ေျပာလိုက္သည္ " မင္းအိမ္ျပန္လိုက္တာပိုေကာင္းပါတယ္ "
" အိုေခ " က်ိဳးတုကသူ႕ေခါင္းေလးကိုငုံ႕ခ်လိဳက္ၿပီး တြန့္ဆုတ္တြန့္ဆုတ္ျဖင့္ လွည့္ၿပီးထြက္သြားလိုက္သည္။
*
*
*
ဖက္တီးကရွေယာင္ေျပာသည့္ က်ိဳးတုကသူ႕ကိုက်န္းရွီဝမ္ေမြးေန႕ပြဲကိုေခၚသြားေပးမည္ဆိုသည့္စကားကို မယုံၾကည္နိုင္ျဖစ္ေနရသည္။ ရွေယာင္ဆီကေနအာမခံခ်က္ကိုရၿပီးသည့္ေနာက္မွာေတာ့ သူကဝမ္းသာပီတိျဖစ္စြာျဖင့္ ရွေယာင္ကိုဖက္ၿပီး အာဘြားအႀကီးႀကီးေပးလိုက္သည္။
ကံေကာင္းေထာက္မစြာျဖင့္ ရွေယာင္က ဖက္တီး၏ဝက္ဝံလိုေထြးေပြ႕မႈကို ေရွာင္လိုက္နိုင္သည္။ မဟုတ္လွ်င္ သူ႕ေနာက္ကက်ိဳးတုရဲ႕သဝန္တိုမႈေတြေၾကာင့္ ဖက္တီးတစ္ေယာက္ဒုကၡေရာက္ရေပလိမ့္အုံးမည္။
က်န္းရွီဝမ္ေမြးေန႕က ဒီအပတ္ပိတ္ရက္တြင္ျဖစ္သည္။ သူမ၏အေဖကတျခားၿမိဳ႕ကို အလုပ္ကိစၥျဖင့္သြားေနရသည္။ သူဒီလိုအေျပာင္းအေ႐ႊ႕ျပန္မက်ခင္ ေနာက္ထပ္သုံးႏွစ္ၾကာအုံးမည္ဟုလည္းေျပာခဲ့၏။ ရလဒ္အေနႏွင့္ကေတာ့ ဆရာဝန္ျဖစ္သည့္သူမ၏အေမျဖစ္သူႏွင့္ အတူေနခဲ့ရျခင္းပဲျဖစ္ေပသည္။
က်န္းရွီဝမ္၏အေမက သူမ၏သမီးကသူ႕ေမြးေန႕မွာ သူငယ္ခ်င္းေတြကိုဖိတ္ထားမွန္းသိသည္။ သူမ၏ေဆး႐ုံကလည္းအၿမဲတမ္းအလုပ္မ်ားေနခဲ့တာေၾကာင့္ သူမသမီးေဘးနားထိုလူေတြရွိေနျခင္းက သူမကိုစိတ္သက္သာရာရေစခဲ့သည္။ သူမရွိပါမွ သူတို႔ေတြပိုေပ်ာ္ၾကလိမ့္မည္ဟုလည္း သူမ ေတြးထားမိသည္။
ထို႔ေၾကာင့္ပဲ စေနေန႕ေန႕လည္ခင္းတြင္ ေန႕လည္စာစားၿပီးေနာက္ က်န္းရွီဝမ္အေမက သူ႕သမီးကိုေျပာလိုက္သည္ " မားဒီညဂ်ဴတီရွိတယ္ သမီးတို႔ေတြပဲေပ်ာ္ၾကေပါ့ ဒါေပမယ့္အရမ္းႀကီးေနာက္မက်ေစနဲ႕ေနာ္ အိုေခ ေနာက္ၿပီးရင္ သန့္ရွင္းေရးျပန္လုပ္ဖို႔လည္းသတိရအုံးေနာ္ မားကေတာ့အိမ္ကရႈပ္ပြေနရင္ ေဆး႐ုံကေနျပန္မလာခ်င္ေတာ့ဘူး "
" မား သမီးသိပါတယ္ " က်န္းရွီဝမ္ကသူမ၏အေမကို တယုတယေျပာလိုက္သည္။ သူ႕အေမထြက္သြားၿပီးေသာအခါမွာေတာ့ သူ႕ဖုန္းကိုထုတ္လိုက္ၿပီး Group ထဲ Message ပို႔လိုက္သည္။
" ရဲေဘာ္တို႔ ႐ြာထဲဝင္လို႔ရၿပီ "
ပထမဆုံးဝင္လာသည့္သူေတြကေတာ့ က်န္းရွီဝမ္၏ရင္းႏွီးေသာ သူငယ္ခ်င္းမ်ားျဖစ္သည္။ သူတို႔ကေကာ္ဖီစားပြဲကို ဧည့္ခန္းထဲတြန္းဝင္လာၿပီး ဧည့္ခန္းကိုလည္း ေရာင္စုံမီးမ်ားျဖင့္အလွဆင္လိုက္သည္။
ေမြးေန႕ကိတ္ Order မွာထားတာက ညေနငါးနာရီတြင္ေရာက္လာမွာျဖစ္သည္။
က်န္းရွီဝမ္ကသူမ၏ ေဘာက္ကိုဖြင့္လိုက္ၿပီး မိုက္ကရိုဖုန္းကိုထုတ္ယူလိုက္၍ အသံစညွိလိုက္သည္။
ေန႕လည္ခင္း ေလးနားရီဝန္းက်င္ေလာက္မွာ အျခားလူေတြက က်န္းရွီဝမ္တို႔အိမ္တံခါးဘဲလ္ကိုတီး၍ လက္ေဆာင္ဘူးေတြကိုင္ၿပီးဝင္လာၾကသည္။
က်ိဳးတု ရွေယာင္ နဲ႕ ဖက္တီးတို႔ေရာက္လာသည့္အခ်ိန္မွာေတာ့ ပါတီပြဲကလူစုလူေဝးႀကီးက ဆူညံေနၾကၿပီျဖစ္သည္။ ကံေကာင္းေထာက္မစြာျဖင့္ ထိုအခန္း၏ အသံလုံစနစ္ကအရမ္းကိုေကာင္းလြန္းသည္ သူတို႔အျပင္မွာမတ္တပ္ရပ္ေနသည့္အခ်ိန္တြင္ ဘာအသံကိုမွမၾကားခဲ့ရေပ သို႔ေသာ္ တံခါးလည္းဖြင့္လိုက္ေရာ အခန္းထဲကေကာင္မေလး၏ေအာ္သံေတြကသူတို႔နားထဲ ျပည့္လွ်ံသြားေတာ့သည္။
" အိုးမိုင္ေဂါ့ ငါတို႔ေက်ာင္းက အိုပါး ေခ်ာေခ်ာေလးအတြက္က်ရႈံးလိုက္ၾကပါစို႔ " တံခါးလာဖြင့္ေပးသည့္သူက မ်က္ႏွာဝိုင္းဝိုင္းေလးျဖင့္ေကာင္မေလးတစ္ေယာက္ျဖစ္သည္ သူကသူမ၏ေခါင္းေပၚမွာ ယုန္နား႐ြက္မ်ားကို တပ္ထားသည္။ သူမပထမဆုံးလုပ္သည္အရာကလည္း ခ်ီးက်ဴးလိုက္ျခင္းသာျဖစ္သည္။
သူမ၏ခ်ီးက်ဴးစကားေတြကိုျဖတ္ၿပီး က်ိဳးတုကထိုေကာင္မေလးလက္ထဲ လက္ေဆာင္ထုတ္ကိုထိုးထည့္ေပးလိုက္သည္။ ထိုအခန္းထဲမွာရွိသည့္လူေတြကို ရွေယာင္ကမသိေပ ထို႔ေၾကာင့္ရိုးရွင္းစြာပဲ သူကဖက္တီးနဲ႕အတူမတ္တပ္ရပ္ေနရင္း က်ိဳးတုေဘးနားကသူတို႔ကိုၾကည့္ေနလိုက္သည္။
" နင္တို႔ေတြကလည္း သူ႕ကိုနားခြင့္ေပးလိုက္ပါအုံး " က်န္းရွီဝမ္က ဒီေန႕အထူးတလည္ကိုလွေနသည္။ ေဆာင္းရာသီေရာက္ေနေသာ္လည္း သူမကဒူးေလာက္အထိသာရွည္သည့္စကတ္ေလးကိုဝတ္ဆင္ထားၿပီး ဆံပင္ကိုအေနာက္မွာစု၍စည္းထားသည္ ထိုပုံစံေလးက သူမကိုစင္ၾကယ္သန့္ရွင္းေသာပုံစံေလးေပါက္ေနေစသည္။
" ရွေယာင္ ေကာတုန္တုန္ ငါ့ရဲ႕ေမြးေန႕ပြဲေလးကေနႀကိဳဆိုပါတယ္ " က်န္းရွီဝမ္ကသူတို႔ေရွ႕မွာမတ္တပ္လာရပ္ေနၿပီး သူတို႔ကိုအၿပဳံးေလးတစ္ခုလည္းေပးေလသည္။
ရွေယာင္ကျမန္ျမန္ပဲ သူ႕လက္ထဲကလက္ေဆာင္ကို ေပးလိုက္သည္။ ဖက္တီးကေတာ့သူ႕ရဲ႕နာမည္အရင္းကိုမၾကားရတာၾကာတာေၾကာင့္ အခ်ိန္အေတာ္ၾကာေတာင့္ခဲေနခဲ့သည္။ ေနာက္ၿပီး က်န္းရွီဝမ္နဲ႕ပထမဆုံးအႀကိမ္အနီးကပ္ေနရတာေၾကာင့္ စိတ္လႈပ္ရွားလြန္ၿပီး စကားမေျပာနိုင္ျဖစ္ေနရသည္။
" လာေလ ေပ်ာ္ၾက " က်န္းရွီဝမ္က သူဒီလိုစိတ္လႈပ္ရွားေနတာလည္းျမင္ေရာ သူ႕လက္ေမာင္းကိုဆြဲၿပီး ကေနသည့္လူေတြၾကားထဲေခၚသြားလိုက္သည္။
ထိုအိမ္ထဲတြင္လူအမ်ားႀကီးမရွိေပ ရွေယာင္တို႔အဖြဲ႕အပါအဝင္ လူဆယ္ေယာက္ေလာက္ေတာ့ရွိသည္။ ကံေကာင္းတာက က်န္းရွီဝမ္အိမ္၏ဧည့္ခန္းက က်ယ္ဝန္းတာေၾကာင့္ လူအမ်ားႀကီးမတ္တပ္ရပ္ေနတာေတာင္ ျပည့္က်ပ္ေနသည္ဟုမခံစားရေပ။
အလွအပတြင္က်ရႈံးသြားတတ္ေသာ္ ဖက္တီး၏အနားတြင္ေတာ့ က်န္းရွီဝမ္၏မိန္းခေလးသူငယ္ခ်င္းေတြက ဝိုင္းေနခဲ့ၿပီး သူ႕ကိုကူညီေပးရမလားဟုလည္းေမးေနၾကသည္။
ဖက္တီးကသူ႕ဘာသာသူေပ်ာ္႐ႊင္မႈကိုရွာေနခ်ိန္ က်ိဳးတုကရွေယာင္ကို ဆိုဖာေပၚတြင္သူနဲ႕အတူထိုင္ရန္လာေခၚသြားသည္။
" က်ိဳးတု ဒီကိုလာအုံး" က်န္းရွီဝမ္၏အသံက မီးဖိုေခ်ာင္ထဲမွထြက္လာသည္။
က်ိဳးတုကရွေယာင္ကိုၾကည့္လိုက္ၿပီး ရွေယာင္ကလည္း သူထြက္လို႔ရေအာင္ေဘးဘက္ကိုကပ္ေပးလိုက္သည္။
က်န္းရွီဝမ္ကသူ႕ကိုေနာက္တစ္ၾကမ္ထပ္ေခၚသည့္အခ်ိန္မွာေတာ့ က်ိဳးတုကျပန္ေျဖလိုက္သည္ " လာၿပီ "
သူမီးဖိုေခ်ာင္ထဲေရာက္ၿပီးတဲ့အခါမွာေတာ့ က်န္းရွီဝမ္ကသူ႕ကိုတိုးတိုးေလးေျပာသည္ " နင္ငါ့ကိုေျပာေတာ့ နင့္သူငယ္ခ်င္းေတြေခၚလာမွာဆို ငါကနင့္ေကာင္မေလးကိုေခၚလာမယ္လို႔ထင္ထားတာ ေကာင္ေလးႏွစ္ေယာက္လို႔မထင္ထားဘူး "
" အိုး ငါကနင္သိမယ္ထင္ထားတာ "
က်န္းရွီဝမ္က အျပင္ဘက္ကဖက္တီးကိုခိုးၾကည့္လိုက္ၿပီး ေျပာလိုက္သည္ " သူဆိုတာကိုငါသိပါတယ္ ဒါေပမယ့္ရွေယာင္ကေရာ သူကေတာ့ငါ့ကိုႀကိဳက္ေနတာမဟုတ္ပါဘူးေနာ္ "
" မဟုတ္ပါဘူး " က်ိဳးတုက ခ်က္ခ်င္းပဲျငင္းလိုက္သည္။
က်န္းရွီဝမ္ကလိမ္မာပါးနပ္သည္ သူကသူ႕မ်က္လုံးမ်ားကို က်ဥ္းလိုက္ၿပီးေျပာလိုက္သည္ " က်ိဳးတု နင္ငါ့ကိုတစ္ခုခုမ်ားဖုံးကြယ္ထားတာလား "
က်ိဳးတုကအျပင္ဘက္မွာထိုင္ေနသည့္ ရွေယာင္ကိုၾကည့္လိုက္ၿပီး စကားလမ္းေၾကာင္းလႊဲလိုက္သည္ " နင္ငါ့ကိုဘာလို႔ေခၚတာလဲ "
" နင္မိန္းခေလးတစ္ေယာက္ကိုလိုက္ေနတယ္လို႔ငါထင္ခဲ့တာ ဒီလိုျဖစ္လိမ့္မယ္လို႔ငါမထင္ခဲ့ဘူး က်ိဳးတု ကြၽတ္ ကြၽတ္ " က်န္းရွီဝမ္ကသူ႕ကိုလႊတ္ေပးမည့္ပုံမေပၚေပ။
က်ိဳးတုမ်က္ႏွာႀကီးပ်က္လာခဲ့သည္။ သူကအျပင္ကဆူညံေနသည့္လူအုပ္ကိုၾကည့္လိုက္ၿပီး မီးဖိုေခ်ာင္တံခါးကိုသြား၍ပိတ္လိုက္သည္။
" နင္တစ္ျခားသူေတြကိုေလွ်ာက္မေျပာနဲ႕ေနာ္ မဟုတ္ရင္.... "
" မဟုတ္ရင္ဘာျဖစ္လဲ ကြၽတ္ ကြၽတ္ က်ိဳးတု က်ိဳးတု နင့္ရဲ႕ဦးႏွောက္ေလးကအလွထားတာလား ရွေယာင္ကအျပင္မွာထိုင္ေနတာေနာ္ သူကမီးဖိုေခ်ာင္ထဲကငါတို႔ကို ၾကည့္ေနမွာပဲ ဒါေပမယ့္ နင့္ကိုၾကည့္ပါအုံး နင္ကတံခါးကိုဘာအတြက္သြားပိတ္လိုက္တာလဲ အျပင္ကသူအထင္လြဲသြားမွာစိုးရိမ္လို႔လား "
က်ိဳးတုကဒီေလာက္အမ်ားႀကီးမစဥ္းစားလိုက္မိေပ သူပထမဆုံးေတြးလိုက္မိတာက တျခားဘယ္သူမွသူတို႔ေျပာတာကိုမၾကားသြားေစရန္သာျဖစ္သည္ ေနာက္ၿပီး ရွေယာင္လည္း သူ႕ကိုယ္သူအျပစ္မတင္ေနေစရန္ျဖစ္သည္။
က်န္းရွီဝမ္က အလြန္အံ့အားသင့္ေနေသာအၾကည့္ျဖင့္ က်ိဳးတုကိုၾကည့္ေနရင္း သူမမ်က္ခုံးေတြကိုပင့္ျမႇောက္လိုက္မိသည္ ထို႔ေနာက္သူကေျပာလိုက္၏ " နင္ငါ့ကိုျငင္းလိုက္တဲ့ဒီႏွစ္ေတြထဲ ငါအၿမဲတမ္းေစာင့္ေနခဲ့တာ ဘယ္လိုၾကင္နာတတ္တဲ့မိန္းခေလးမ်ိဳးဆီကို က်ိဳးတုက်ရႈံးသြားမလဲလို႔ေပါ့ ငါဘယ္တုန္းကမွဒီလိုျဖစ္လိမ့္မယ္လို႔မထင္ထားခဲ့ဘူး hahaha တကယ္ပဲက်ိဳးတုေရ နင္နိုင္ပါတယ္ hahaha "
က်န္းရွီဝမ္ကသူမေခါင္းကိုခါၿပီးရယ္လွ်က္ျဖင့္ မီးဖိုေခ်ာင္ထဲကထြက္သြားေတာ့သည္။
က်ိဳးတုမ်က္ႏွာေပၚမွာ မလိုလားအပ္ေသာအၾကည့္တို႔ကေပၚလာၿပီး က်န္းရွီဝမ္ေနာက္ကေနအျပင္သို႔လိုက္ထြက္လာခဲ့သည္။
(တုတုေရ အကုန္သိကုန္ၿပီ ဘယ္လိုလုပ္ၾကမလဲ ရွင့္ရဲ႕မိန္းမေလးနဲ႕ 😂)
**********************************************