The Last Page

By noe-wai-lava

140K 11.3K 630

Unicode နောက်ဆုံး စာမျက်နှာ မရောက်ခင် အထိ.... Zawgyi ေနာက္ဆံုး စာမ်က္ႏွာ မေရာက္ခင္ အထိ.... More

Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
noe wai to ❤️❤️❤️
Part-31
Part-32
Part-33
noe wai to ❤️❤️
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Noe Wai to ❤️❤️❤️
Part-40
Part-41
Part-42 (Ending)

Part-30

2.5K 256 20
By noe-wai-lava

Zawgyi

ဦးထြန္းမင္းဦး ရန္ကုန္သို႔ ျပန္မလာ
ႏိုင္ေသးေသာ္လည္း၊ အေၾကာင္းကိစၥ
ေတာ္ေတာ္မ်ားမ်ားကို သိသြားခ်ိန္တြင္၊
ဇမ္ယမ္းအား သူ႔ဆီေခၚရန္ လုပ္ေနသည္။

ထို႔ကိစၥကို ဇမ္ယမ္းကလည္း သေဘာတူ
လက္ခံသည္။ သူလည္း စိတ္ေျပလက္ေပ်ာက္
တစ္ေနရာကို သြားရန္ လိုအပ္ ေနေပလိမ့္မည္။

ခုခ်ိန္ထိေတာ့ ဟိန္းက ၿဖိဳးနဲ႔သာ
အတူရွိေနသည္ဟု သူ ယံုၾကည္ထားဆဲျဖစ္သည္။

ဟိန္းက ၿဖိဳးနဲ႔ အတူရွိေနလားဆိုတာကို
မင္းဆက္တို႔လည္း ေသခ်ာ မသိေပ။
သို႔ေသာ္....၊ ဟိန္းက ဇမ္ယမ္းအေပၚ
စိတ္ခံစားခ်က္ အခ်ိဳ႕ ရွိေနသည္ကိုေတာ့
မင္းဆက္ ရိပ္မိေနခဲ့သည္။ ဒါေပမယ့္၊
ဇမ္ယမ္းအနားသို႔ ျပန္မလာေတာ့
တာေတာ့ ေက်းဇူးတင္ရမည္ ျဖစ္သည္။

ထိုေကာင္ေလး၏ မျပတ္သားမႈေတြေၾကာင့္သာ၊
အေျခအေနက ဆိုးရြားခဲ့ျခင္း ျဖစ္တာေၾကာင့္၊
ထပ္ၿပီး မလာေစခ်င္ေတာ့ေပ။

"ဇမ္ယမ္းကို ေခ်ာက္ခ်ခ်င္တဲ့ လူက
ဘယ္သူလို႔ ထင္လဲ ကိုႀကီး...?"

အေဝးေျပးလမ္းတစ္ေလွ်ာက္ ၊ တစ္ခ်ိန္လံုး
အိပ္လိုက္လာေသာ ဇမ္ယမ္းဆီမွ၊
ေမးခြန္းတစ္ခု ထြက္ေပၚလာေလသည္။

"မသိဘူးေလ..၊
မင္းမွာက အေပါင္းအသင္းက
ခပ္မ်ားမ်ားဆိုေတာ့...."

"ပါပါးကို ၾကည့္ရတာ...၊
အဲ့ကိစၥကို ခ်က္ခ်င္း စံုစမ္းခ်င္တဲ့ပံုလည္း
မျပဘူး....၊ တကယ္ဆို အဲ့ေလာက္ထိ
ေခ်ာက္တြန္းခံရရင္၊ ခ်က္ခ်င္း
စံုစမ္းခိုင္းမွာပဲ မဟုတ္ဘူးလား..?"

ဇမ္ယမ္း၏ ေမးခြန္းကို မင္းဆက္လည္း
သိခ်င္ေနမိသည္။ ဦးထြန္းမင္းက
ထိုအေၾကာင္းအရာေတြ သိတာေတာင္၊
ဇမ္ယမ္းအား သူ႔ဆီ ေခၚထားဖို႔ကလဲြၿပီး
ဘာမွ မလုပ္ခဲ့ေပ။

"ၿပီးေတာ့ ကမ႓ာသစ္ကြ်န္းကလညး္
ဘာလို႔ အမႈကို ပိတ္လိုက္တာလဲ..??"

ဇမ္ယမ္းက ေတြးေတြးစစႏွင့္ ေျပာေနသည္။
တကယ္ေတာ့ ဇမ္ယမ္းတင္မက၊
အကုန္လံုးတြင္ ေမးခြန္းတို႔ မ်ားစြာ
ရွိေနခဲ့သည္။

"တရားခံက ဇမ္ယမ္းအေၾကာင္း
သိတဲ့ လူ တစ္ေယာက္ေယာက္ ျဖစ္မယ္ထင္တယ္.၊
အကုန္လံုးကို အခ်ိန္ကိုက္ ျဖစ္ေအာင္
လုပ္ထားတာ...."

မင္းဆက္ ဘာမွ ျပန္မေျဖျဖစ္ေပမယ့္၊
ဇမ္ယမ္း ေျပာေနတာ အကုန္လံုးက
စဥ္းစားစရာေတြပင္။

"ေလာေလာဆယ္ မင္းပါပါးနဲ႔
စကား အရင္ ေျပာၾကည့္တာေပါ့.၊
ေနာက္မွ က်န္တာ ဆက္ေဆြးေႏြးၾကမယ္.."

...............

ဦးထြန္းမင္းတို႔ ေနထိုင္ရာ အိမ္သို႔
ေရာက္ခဲ့ခ်ိန္တြင္၊ အိမ္ရွိ အလုပ္သမား
မ်ားက  မင္းဆက္တု႔ိအား ဝမ္းသာအားရ
စီးႀကိဳၾကေလသည္။

အဘိုးလက္ထပ္တုန္းက လုပ္ခဲ့ေသာ၊
အလုပ္သမားေတြ အကုန္လံုး
ရွိေနဆဲပင္ ျဖစ္သည္။
အလုပ္ သိပ္မလုပ္ႏိုင္ေတာ့သူမ်ားကိုေတာင္၊
အလုပ္သမားတန္းလ်ားတြင္သာ
ဦးထြန္းမင္းက ဆက္၍ ထားေပးထားသည္။

ထို႔ေၾကာင့္ ဦးထြန္းမင္း၏ 
စိတ္သေဘာေကာင္းမႈကေတာ့
ဤၿမိဳ႕တြင္ နာမည္ႀကီးပင္ ျဖစ္၏။

ကားေပၚက ဆင္းေတာ့ ဇမ္ယမ္းက
အိမ္ထဲသို႔ တန္းဝင္သြားေပမယ့္၊
မင္းဆက္ကေတာ့၊ အလုပ္သမား
တန္းလ်ား ရွိရာ ဘက္သို႔ ေရာက္ရွိလာခဲ့သည္။

အသက္ ၁၆  ႏွစ္ အရြယ္အထိ
ထိုေနရာတြင္ ေနထိုင္ခဲ့ဖူးသည္။
ထို႔ေၾကာင့္ အမွတ္တရစရာ မ်ားစြာ
ရွိေနခဲ့ေသာ ေနရာေလးတစ္ခု ျဖစ္ေလသည္။

...................

"လာ သားေလး..... "

"ပါပါးေရာ.. အန္တီ..?"

အန္တီသီသီက ဇမ္ယမ္းအား
အိမ္ထဲ ေခၚလာစဥ္တြင္ ပါပါးကို
မေတြ႕ရေပ။

"သား ပါပါးက အေရးတႀကီး အလုပ္ကိစၥ
ေပၚလာလို႔ ခဏ ထြက္သြားတယ္....."

အန္တီသီသီက ဇမ္ယမ္းအား ဧည့္ခန္းတြင္
ထိုင္ေစၿပီး....၊ အလုပ္သမားတစ္ေယာက္က
အေအးလာခ်ေပးသည္။

"သား ထမင္းစားေတာ့မလား..?"

ဇမ္ယမ္း ေခါင္းညိတ္လိုက္ေတာ့၊

"ဦးေမာင္ေက်ာ္၊ ကေလးေတြအတြက္
ထမင္း ျပင္ခိုင္းထားလိုက္ေတာ့..."

"ဟုတ္ကဲ့ပါ မသီ...."

"ပါပါးက ခုတေလာ ဘာေတြ လုပ္ေနလို႔
အဲ့ေလာက္ထိ မအားမလပ္ေတြ
ျဖစ္ေနတာလဲ..?၊ ဇမ္ယမ္း
သတင္းေတြ ၾကားတာေတာင္၊
မေရာက္လာတဲ့  အျပင္၊
ဇမ္ယမ္းေရာက္လာတာေတာင္
အိမ္မွာ ရွိမေနဘူး..."

ဇမ္ယမ္း မေက်မနပ္ေျပာမိေတာ့၊
အန္တီသီသီက သက္ျပင္းတစ္ခ်က္ကို
ရိႈက္ကာ...

"အန္တီလည္း ေသခ်ာ မသိပါဘူး
သားရယ္.....၊ ခုတေလာ ေန႔မအိပ္ ညမအိပ္
အလုပ္ေတြ လုပ္ေနတာေတာ့ အမွန္ပဲ...."

ေရွ႕တြင္ ခ်ထားေသာ အေအးအား
ဇမ္ယမ္းယူေသာက္လိုက္ရင္း..

"အန္တီ့ကိုလည္း ပစ္ထားတာေပါ့..."

"ဟုတ္ပ သားေရ...၊ အန္တီနဲ႔ေတာင္
ဒီရက္ပိုင္း အၾကာႀကီး မေတြ႕ျဖစ္ဘူး..."

ဇမ္ယမ္း သက္ျပင္းခ်မိသည္။

"သား အရင္ေနတဲ့ အခန္းေလးကိုပဲ
အန္တီ သန္႔ရွင္းေရး လုပ္ေပးထားတယ္...၊
တစ္ျခား အခန္းလိုခ်င္လည္း ေျပာေနာ္.."

"ဟုတ္..  အရင္ေနတဲ့ အခန္းပဲ ႀကိဳက္တယ္.၊
ဒါနဲ႔ ကိုႀကီးမင္းဆက္ ဘယ္ေရာက္သြားလဲ
မသိဘူး...."

ကိုႀကီးမင္းဆက္က ခုခ်ိန္ထိ အိမ္ထဲ
ဝင္လာတာ မေတြ႕ရေသးေပ။

"သူ အလုပ္သမား တန္းလ်ားဘက္ သြားတာ
ထင္တယ္ သား....၊ သူ ႀကီးျပင္းခဲ့တဲ့ ေနရာ
ေလးဆိုေတာ့ေလ.."

အန္တီသီသီ့စကားေၾကာင့္၊ ဇမ္ယမ္း
စိတ္မေကာင္း ျဖစ္သြားမိသည္။
ညီအကိုျခင္း အတူတူ ၊ဇမ္ယမ္းက
ေမြးတည္းက ျပည့္စံုေသာ ဘဝတြင္
ေရႊဇြန္းကိုက္ကာ ေမြးဖြားခဲ့ရေသာ္လည္း၊
ကိုႀကီးမင္းဆက္ကေတာ့ ေအာက္ေျခသိမ္း
အကုန္လုပ္ကာ၊ဘဝကို ႐ုန္းကန္ခဲ့ရသည္။

"အဲ့ကိစၥေတြကို အန္တီသိၿပီးၿပီေပါ့...၊
ဘိုးဘိုးက ေတာ္ေတာ္ေလး ခဲြျခားခဲ့တာေလ..၊
တကယ္ဆို တီမားကလည္း သူ႔သမီး
အရင္းပဲဟာကို...၊"

အန္တီသီသီက ေခါင္းညိတ္ကာ ျပံဳးလိုက္ၿပီး..

"သိတာေပါ့ သားေလးရယ္...၊
အန္တီကလည္း ဒီအိမ္မွာပဲ
ႀကီးျပင္းခဲ့တဲ့ လူေလ.."

"ဗ်ာ...??"

အန္တီသီသီစကားေၾကာင့္၊ ဇမ္ယမ္း
အံ့အားသင့္မိသြားသည္။ အန္တီသီသီက
မ်က္ႏွာေလး ညိႈးသြားကာ..

"သား မသိေသးဘူးထင္တယ္...၊
အန္တီက ဦးကြမ္ရွီးလက္ထပ္တုန္းက
ဒီအိမ္က အိမ္အကူရဲ႕ သမီးပါ......"

ဇမ္ယမ္း မ်က္လံုးျပဴး မ်က္ဆံျပဴးႏွင့္
နားထာင္ေနမိသည္။

"တကယ္..? "

အန္တီသီသီက ေခါင္းညိတ္သည္။
ဇမ္ယမ္း ျပံဳးလိုက္ကာ၊ မ်က္ႏွာမေကာင္းေသာ
အန္တီသီသီ့လက္ကို ဆုပ္ကိုင္လိုက္ရင္း..

"အဲ့တာေတြက အေရးမႀကီးပါဘူး..၊
ဇမ္ယမ္းက မသိေသးတဲ့ အေၾကာင္းအရာမို႔
အံ့ၾသသြားရံုပါပဲ...၊ အန္တီက ပါပါး
ခ်စ္ရတဲ့ အမ်ိဳးသမီး ျဖစ္တာနဲ႔တင္၊
ဇမ္ယမ္းအတြက္ အဆင္ေျပေနပါၿပီ.."

"ေက်းဇူးပါ သားေလးရယ္....."

................

ဦးထြန္းမင္းဦးက ညသန္းေခါင္ေက်ာ္
အခ်ိန္မွ အိမ္ကို ျပန္လာခဲ့သည္။
သူႏွင့္ စကားေျပာရန္ မင္းဆက္
ေစာင့္ေနသည္မွာ အေတာ္ၾကာသြားခဲ့ေလၿပီ။

သို႔ေသာ္ မေျပာလို႔ကလည္း မျဖစ္ေတာ့။
အခ်ိန္ေတြ အရမ္းၾကာလွ်င္ မေကာင္းႏိုင္။

ထို႔ေၾကာင့္ ဦးထြန္းမင္းဦး အလုပ္ခန္းသို႔
မင္းဆက္ ေရာက္ေနခဲ့သည္။

"ဇမ္ယမ္း အတြက္ စိတ္မပူပါနဲ႔..၊
သူ႔ကို ဒိီမွာ ေခၚထားသ၍ အႏၲရာယ္ကင္းပါတယ္."

"ဇမ္ယမ္း ဒီေလာက္ ေခ်ာက္ခ်ခံရတာေတာင္၊
ဦးက ေအးေဆး ျဖစ္ေနတယ္၊
ဦး တစ္ခုခုကို သိထားတယ္ မလား.?"

မင္းဆက္၏ အေမးစကားေၾကာင့္၊
ဦးထြန္းမင္းက သက္ျပင္းခ်ကာ...၊

"ငါမင္းကိုေတာ့ ေျပာမွ ျဖစ္ေတာ့မယ္
ထင္တယ္....."

ဦးထြန္းမင္းက ခတၱမွ် တိတ္ဆိတ္သြားရင္းမွ၊
သက္ျပင္းရွည္ႀကီး တစ္ခ်က္ကို ထပ္ခ်သည္။

"တကယ္ေတာ့..၊ ၿဖိဳးသက္ဟန္ဆိုတဲ့
ေကာင္ေလးကို လုပ္ၾကံတဲ့ တရားခံက
ထြဋ္ဦးပဲ ၊ မင္းဆက္......"

"ဗ်ာ...!!!
ဦး ဘာေျပာလိုက္တယ္...??"

ဦးထြန္းမင္းဦး၏ စကားကို မင္းဆက္
မယံုၾကည္ႏိုင္ေပ။ ဦးထြန္းမင္းဦးက
ေခါင္းကို ညိတ္လိုက္ကာ..

"ဟုတ္တယ္....၊ အဲ့ေကာင္ေလးကို
ဟိန္းေက်ာ္ထြန္းနဲ႔ ေဝးေဝးေနဖို႔ အတြက္၊
ထြဋ္ဦးကို ဦး ၿခိမ္းေျခာက္ခိုင္းလိုက္ကာ..၊
႐ိုက္ႏွက္ဖို႔ တစ္ခြန္းမွ မခိုင္းခဲ့ေပမယ့္၊
ထြဋ္ဦး လႊတ္လိုက္တဲ့ တစ္ေယာက္က
လက္လြန္သြားခဲ့ပံုပဲ.....၊ အဲ့တာေၾကာင့္
သူတို႔ကို  တ႐ုတ္ျပည္ နယ္စပ္မွာ
ခဏေရွာင္ခိုင္းထားတယ္...."

မိမိ နားေတာင္ မိမိ မယံုၾကည္ႏိုင္ေလာက္ေအာင္
ျဖစ္သြားမိသည္။ မိမိ၏ ဦးေလး ျဖစ္သူက
ေစခိုင္းသူ ျဖစ္ေနမယ္လို႔ ဘယ္တုန္းကမွ
မေတြးမိခဲ့ေပ။

"ဇမ္ယမ္း ျဖစ္ခ်င္တာေတြ ရဖို႔အတြက္
လမ္းရွင္းေပးခ်င္တဲ့ သေဘာပါပဲ.၊
ဟိုေကာင္ေလးကို အဲ့ေလာက္ထိ
ထိခိုက္ေစဖို႔ေတာ့  မရည္ရြယ္ခဲ့ပါဘူး..၊ "

" မရည္ရြယ္ခဲ့ေပမယ့္..၊
ဦးလုပ္ရပ္ေတြက အရမ္းမွားတယ္....၊
ခု ဦးေၾကာင့္ ကေလးမွာ
လာၿပီး ႐ိုက္ခတ္ေနၿပီ.. ၊
ဦး ဘယ္လို ေျဖရွင္းမွာလဲ.....?
အဲ့တာထက္...၊ ေလးထြဋ္ခိုင္းလိုက္တဲ့
လူက ဘာလို႔ ဇမ္ယမ္းနဲ႔ ပံုသ႑ာန္
တူေနရတာလဲ...??"

မင္းဆက္ အားမလိုအားမရ ေျပာေနမိေသာ
စကားမ်ားေၾကာင့္ ဦးထြန္းမင္းက
ေခါင္းကို ခါလိုက္ကာ...

"အဲ့ကိစၥကို ဦးေမးေပမယ့္၊
သူတို႔က တိုက္ဆိုင္သြားတာလို႔ ေျပာတယ္..၊
ဦးမွာလည္း အခု အခက္အခဲ ျဖစ္ေနတယ္..
မင္းဆက္..၊ မင္းေရွ႕မွာ မၿငီးျပခ်င္ေပမယ့္၊
ဦးလုပ္ငန္းမွာ လိမ္လည္မႈ တစ္ခု
ျဖစ္ေနတယ္...."

ဦးထြန္းမင္း၏ မ်က္ႏွာမွာ အင္မတန္မွ
စိတ္ရႈပ္ေထြးေနဟန္ပင္။

"အတြင္းလူတစ္ေယာက္က လိမ္လည္
သြားတာ ဆိုေပမယ့္ ၊ ခုခ်ိန္ထိ
ေနာက္ေၾကာင္း လိုက္လို႔မရေသးဘူး.."

မင္းဆက္ သက္ျပင္းခ်ရံုက လဲြၿပီး
ဘာမွ မတတ္ႏိုင္ေတာ့။

"ဒါဆို အမႈပိတ္ဖို႔ ကိစၥကေရာ
ဦးလုပ္ခဲ့တာလား..?"

"အမႈက ပိတ္လိုက္ၿပီလား...?"

ဦးထြန္းမင္းက ထိုကိစၥကို သိေသးပံုမရေပ။

ခုခ်ိန္မွာေတာ့ တရားခံက ဇမ္ယမ္း၏
ဖခင္ကိုယ္တိုင္ ျဖစ္ေနခဲ့တာေၾကာင့္၊
ဇမ္ယမ္းအတြက္ စိုးရိမ္စရာ မရွိေတာ့ေပ။
သို႔ေသာ္ မရွင္းလင္းသည့္ အခ်က္ေတြက
က်န္ရွိေနေသးသည္။ ထိုကိစၥကို
ေလးထြဋ္ကို ေမးၾကည့္မွသာ ရေပလိမ့္မည္။

အဆိုးဆံုးကေတာ့ ဇမ္ယမ္းသာ
အမွန္တရားကို သိသြားခဲ့လွ်င္၊
ဘယ္လို တုံ႕ျပန္လိမ့္မည္နည္း?။

................

ေအာ္စတင္ေဂဟာတြင္ ခဏေနရန္အတြက္၊
အလုပ္ကို ခြင့္တစ္ပတ္ယူထားျဖစ္သည္။
မြန္းက်ပ္ေနေသာ စိတ္ေတြကို ျပယ္ေလွ်ာ့
ေအာင္ စိုက္ခင္းေတြ ရွိရာဘက္သို႔
ဟိန္း ထြက္လာျဖစ္ခဲ့သည္။

စိုက္ခင္းေတြ ဘက္သို႔ ေရာက္ခ်ိန္တြင္၊
မက္မြန္ပင္ေတြ၏ အလြန္၌ ၊  ကေလး
တစ္သိုက္အား ေတြ႕လိုက္ရေလသည္။

တစ္ခ်ိဳ႕က အပင္ေရေလာင္းေနၾကၿပီး၊
တစ္ခ်ိဳ႕ကေတာ့၊ အပင္ႀကီး တစ္ပင္
ေအာက္တြင္ မိုးတိုးမတ္တပ္ႏွင့္
ဘာလုပ္ေနၾကသည္ မသိ။

အရင္လို ဟိန္းအား ေၾကာက္လန္႔ေနေသာ
ကေလးေတြလည္း မရွိေလာက္ဘူးဆိုေတာ့၊
သူတို႔အနားသို႔ တိုးကပ္သြားလိုက္သည္။

ထိုစဥ္......

"ရၿပီ ရၿပီ...၊ ေတာ္ေသးတာေပါ့.....၊"

သိပ္ကို ရင္းႏွီးေသာ အသံတစ္ခုအား
ၾကားလိုက္ရသျဖင့္၊ ခႏၶာကိုယ္မွေသြးေၾကာတို႔
လႈပ္ခတ္သြားသေယာင္ပင္။

အသံလာရာဆီသို႔ ခပ္ျမန္ျမန္
ေျပးၾကည့္လိုက္စဥ္တြင္၊ သစ္ပင္ႀကီး
တစ္ပင္ေပၚမွ ဆင္းလာေသာ
ေကာင္ေလးအား ေတြ႕လိုက္ရေလသည္။

နီညိဳေရာင္ ဦးထုပ္ေလးကိုေဆာင္းထားကာ၊
အနီေရာင္ေတာက္ေတာက္ တီရွပ္ပြပြႏွင့္
ထိုေကာင္ေလးသည္ ဇမ္ယမ္းဆိုတာ
လံုးဝ မွားႏိုင္စရာ မရွိေပ။

ဟိန္း အလြန္အမင္း အံ့အားသင့္သြားကာ၊
မင္သက္စြာ ရပ္ေငးၾကည့္ေနမိသည္။
ဒ႐ုန္းေလယာဥ္ငယ္အား လက္တစ္ဖက္က
ကိုင္ၿပီး၊ တစ္ဖက္က၊ သစ္ပင္ကို
တြယ္ထားေသာ ထိုေကာင္ေလးက
ဟိန္းအား မျမင္ေသး။

သူ ဘယ္လိုလုပ္ၿပီး ဒီကို ေရာက္ေနသည္လဲ..?။

"ကိုႀကီး ပ်ံလို႔ ရေသးရဲ႕လား..?"

ကေလးတစ္ေယာက္၏ အေမးေၾကာင့္၊
ဇမ္ယမ္းက သူ႔လက္ထဲမွ ဒ႐ုန္းေလယာဥ္အား
ၾကည့္ကာ၊ စစ္ေဆးေနသည္။

"ရဦးမယ္ ထင္တယ္၊ သစ္ကိုင္းနဲ႔ပဲ
ၿငိသြားတာဆိုေတာ့ အထဲေတြ ဘာေတြ
မထိေလာက္ဘူး......."

ကေလးမ်ားၾကားမွာ၊ တကယ့္ကို
ကေလးငယ္ေလးသဖြယ္၊ တည္ရွိေနေသာ
ထိုေကာင္ေလးေၾကာင့္၊ ဟိန္း၏
နႈတ္ခမ္းတို႔ အနည္းငယ္ ျပံဳးလာမိေလသည္။

ဒီလိုေနရာမွာ၊ ဒီေကာင္ေလးကို
လာေတြ႕ေနမယ္လို႔ ဘယ္သူက ထင္မွာတဲ့လဲ..?။

မိမိရွိေနတဲ့ေနရာကို ဘယ္သူ႔ကိုမွ
မေျပာထားတာေၾကာင့္၊ ဇမ္ယမ္းသိလို႔
လိုက္လာတာေတာ့ မျဖစ္ႏိုင္။
တိုက္ဆိုင္မႈ တစ္ခုပင္ ျဖစ္ေပလိမ့္မည္။

"သား...၊
ေနပူႀကီးထဲ ဘာရပ္လုပ္ေနတာလဲ..?
အရိပ္ထဲ ဝင္ေလ.."

အေနာက္မွ ဦးေန၏ ေျပာစကားေၾကာင့္၊
သစ္ပင္ရိပ္မွ ကေလးတစ္သိုက္က
ဟိန္းရွိရာ ဘက္သို႔ ၾကည့္လာေလသည္။

ထိုထဲတြင္ ဇမ္ယမ္း၏ အၾကည့္က
အစူးရွဆံုးပင္။ ဟိန္းကို ျမင္တာႏွင့္
ဟိန္းလိုပင္ အလြန္အမင္း အံ့ၾသသြားပံုရကာ၊
မ်က္လံုးတို႔ ျပဴးက်ယ္သြားေလသည္။

ဟိန္း အနည္းငယ္ ျပံဳးတံု႕ျပလိုက္သည္။

...............

ဒါဟာ အိမ္မက္ တစ္ခုလား...?၊
ဇမ္ယမ္း ထင္ေယာင္ထင္မွား
ျဖစ္ေနတာ မ်ားလား.?။ ဇမ္ယမ္းေရွ႕တြင္
ဟိန္းက ရပ္ေနခဲ့သည္။
ျပီးေတာ့ ဇမ္ယမ္းကို ျပံဳးျပေနခဲ့သည္။

"ကိုႀကီး.. မပ်ံေတာ့ဘူးလား..?"

ကေလးေလးတစ္ေယာက္က ဇမ္ယမ္း၏
လက္အား လာဆဲြကာ ေမးလိုက္တာေၾကာင့္၊

"ပ်ံမယ္ ညီေလး..၊ ခဏေနာ္....."

ဇမ္ယမ္း အရိပ္ထဲမွ ထြက္ကာ
ဟိန္းရွိရာ ေနရာသို႔ ေလွ်ာက္သြားလိုက္သည္။
ဟိန္း၏ အနားသို႔ ေရာက္စဥ္၊
လက္ညိႈ္းတစ္ေခ်ာင္း ေရွ႕ထုတ္လွ်က္၊
သူ႔အသားကို ထိၾကည့္မိသည္။

တကယ္ပဲ ဟိန္းအစစ္ႀကီး ျဖစ္ေနခဲ့တာေၾကာင့္၊
မ်က္လံုးတို႔ ပို၍ ျပဴးက်ယ္သြားမိေလသည္။

"ငါ ဟုတ္ပါတယ္....၊
မင္းက ဘယ္လိုျဖစ္ၿပီး ေရာက္ေနတာလဲ...?"

ဟိန္း၏ အေမးေၾကာင့္၊ ဇမ္ယမ္း
လက္ႏွစ္ဖက္ကို ကာလိုက္ကာ၊
ေခါင္းကို ခါရမ္းလိုက္ရင္း...

"ဟိန္းေနာက္ လိုက္လာတာ မဟုတ္ဘူးေနာ္.၊
ပါပါးေခၚလို႔ ေရာက္လာတာ....၊
ဟိန္းရွိေနတာ သိေတာင္ မသိဘူး..."

ဟူ၍ အေၾကာက္အကန္ ျငင္းလိုက္မိေတာ့၊
ဟိန္းက အနည္းငယ္ ျပံဳးတံု႕ဟန္ႏွင့္..

"အင္းပါ....၊
ငါ့ကို စိတ္ဆိုးေနတုန္းပဲလား....?"

ဇမ္ယမ္း ေခါင္းကို ထပ္ခါလိုက္ရင္း...

"မဆိုးပါဘူး.....၊
ဘာစိတ္မွကို မရွိေတာ့တာ...၊
သြားလိုက္ဦးမယ္ေနာ္...."

သူျပန္ေျပာလာေတာ့မည့္ စကားကို
မေစာင့္ေတာ့ပဲ၊ ေနာက္ကို လွည့္လိုက္ကာ..

"ညီေလးတို႔.. လာ...၊
သစ္ပင္ေတြ လြတ္တဲ့ ဘက္ သြားရေအာင္.."

ဟူ၍ ကေလးေတြ အား ေခၚလိုက္သည္။

ဇမ္ယမ္းတို႔၏ ေတြ႕ဆံုမႈကို ဒီေလာက္နဲ႔သာ
အဆံုးသတ္ခ်င္သည္။

...............

အၾကည့္တို႔က သိပ္ကို စိမ္းကားသြားၿပီ
ျဖစ္ေသာ ဇမ္ယမ္းသည္၊ အရင္တုန္းက
ေကာင္ေလး ဇမ္ယမ္း မဟုတ္ေတာ့သလိုပင္။

ကေလးေတြ၏ လက္ကို ဆဲြကာ မိမိအနားမွ
ထြက္သြားခ်ိန္တြင္၊ ျဖစ္ေပၚလာေသာ
လစ္ဟာမႈက ဘာနဲ႔ မွ မလဲႏိုင္ခဲ့။

သူ ဟိန္းအေပၚကို တကယ္ပဲ
ဘာစိတ္မွ မရွိေတာ့တာလား.?။
ဒါမွမဟုတ္ စိတ္ဆိုးေနလို႔ ေျပာလိုက္တဲ့
စကားလား... မေသခ်ာေပ။

ထြက္သြားေသာ ေက်ာျပင္အား
လိုက္ေငးၾကည့္ေနမိရင္း၊ ေလစိမ္းတို႔
တစ္လူလူ တိုက္ခတ္ေနသေယာင္ ခံစားရသည္။

..................

ေအာ္စတင္ေဂဟာရွိ ကေလးေတြႏွင့္ အတူ၊
ဒ႐ုန္းေလယာဥ္ငယ္အား စတင္
လႊတ္တင္ေတာ့၊ သူတို႔ေတြက အလြန္ကို
စိတ္လႈပ္ရွား ေပ်ာ္ရႊင္ေနၾကေလသည္။

သို႔ေသာ္၊ ကေလးေတြႏွင့္ ေဆာ့ကစား
ေနသည္ကို၊ အေဝးတစ္ေနရာမွ
ေက်ာက္႐ုပ္သဖြယ္ ရပ္ၾကည့္ေနေသာ
ဟိန္းေၾကာင့္၊ ဇမ္ယမ္းကေတာ့
ေနရခက္လာသလိုပင္။

သူ ဘယ္လိုျဖစ္ၿပီး ဇမ္ယမ္းတို႔ကို
လွမ္းၾကည့္ေနရတာလဲ..?။
သူ႔နားမွာ ဘာလို႔ ၿဖိဳးကို မေတြ႕ရတာလဲ.?။
ဘာေၾကာင့္ ဒီကို ေရာက္လာရတာလဲ..?။

ေမးခြန္းမ်ားစြာႏွင့္ ဥိီးေခါင္းတို႔
ခ်ာခ်ာလည္လာခဲ့သည္။

"ဟာ.. ကိုႀကီး ကိုႀကီး....!!"

ေဘးက ကေလးက ႐ုတ္တရက္
လွမ္းသတိေပးလိုက္ခ်ိန္တြင္ေတာ့၊
ေနာက္က်သြားခဲ့ေလၿပီ။
ဒ႐ုန္းက ဘုရားေက်ာင္းရွိ အုတ္နံရံႏွင့္
တိုက္ကာ တစ္႐ွဴးရွဴးျမည္ၿပီး၊ ေအာက္သို႔
ျပဳတ္က်သြားေလသည္။

"သြားပါၿပီ.....!"

ကေလးေတြႏွင့္ အတူ၊ ဒ႐ုန္းရွိရာဆီသို႔
ေျပးကာ ၾကည့္မိေတာ့၊ တစ္စစီ
ျဖစ္သြားေသာ ဒ႐ုန္းေလးတြင္၊
ကင္မရာေတာင္ အေကာင္းက်န္ရင္
ကံေကာင္းပင္။

ဟိန္းအား ဇမ္ယမ္း မေက်မနပ္
လွမ္းၾကည့္မိေတာ့၊ သူ႔ကို
ေနရာတြင္ မေတြ႕ရေတာ့ေပ။

ေတာ္ေတာ္ ဆိုးသည့္ လူႀကီးပင္။
ဘာလို႔မ်ား အာရံုပ်က္ေအာင္
လာၾကည့္ေနသည္မသိ။

ဇမ္ယမ္းမွာ သူ႔ကို ေမ့ေပ်ာက္ေအာင္
မနည္းႀကိဳးစားဖို႔ လုပ္ေနရတဲ့ အခ်ိန္မွာမွ၊
တိုက္တိုက္ဆိုင္ဆိုင္၊ ဒီမွာ လာေတြ႕ရတယ္လို႔.။

"ဟင္.....!"

႐ုတ္တရက္ မိမိ၏ ဦးထုပ္အား
ဆဲြခြ်တ္ျခင္း ခံလိုက္ရတာေၾကာင့္၊
အေနာက္ကို လွည့္ၾကည့္မိေတာ့..၊
ဟိန္း ျဖစ္ေနေလသည္။

သူက ဇမ္ယမ္းအား ၾကည့္ကာ
မ်က္ေမွာင္ၾကဳတ္သြားရင္း.....

"ေနမေကာင္းဘူးလား...?"

ထိုေတာ့မွ၊ သူ ၾကည့္ေနေသာ အရာက
မိမိ၏ ေခါင္းမွန္း သတိရကာ၊
ေခါင္းကို အျမန္ ကာလိုက္ရင္း...

"အာ.. ဦးထုပ္ျပန္ေပး.....!!"

သူက ဇမ္ယမ္းေခါင္းတြင္ ဦးထုပ္အား
ေသခ်ာ လာဝတ္ေပးကာ...

"ဘာလို႔ ကတံုးတံုးလိုက္တာလဲ...??"

ဟူ၍ ေမးခြန္းထုတ္လာေလသည္။
ဘာလို႔ ဇမ္ယမ္းႏွင့္ ဒီေလာက္နီးနီးမွာ
လာရပ္ေနတာလဲဟူ၍ ေမးခြန္း
ျပန္ထုတ္ခ်င္သည္။

ဇမ္ယမ္း ေျခလွမ္းတို႔ ေနာက္သို႔
ခပ္ခြာခြာ ဆုတ္လိုက္ကာ...

"ေတာ္ေသးတာေပါ့...၊
ကတံုးတံုးတာေတာ့ သိေသးလို႔...၊
ပူလို႔ တုံးလိုက္တာေလ.....၊
ဘာျဖစ္လို႔လဲ...?"

ဇမ္ယမ္း အနည္းငယ္ ရန္ေထာင္ဟန္ႏွင့္
ေျပာမိေတာ့၊ ဟိန္းက သက္ျပင္းတစ္ခ်က္ကို
ခ်ကာ...

"ငါတို႔ စကားခဏ ေျပာရေအာင္...."

ေဘးနားက ကေလးေတြက ဇမ္ယမ္းတို႔အား
ကြက္ၾကည့္ ကြက္ၾကည့္ လုပ္ေနၾကေလသည္။

"ေျပာေလ.. ခုေျပာ...."

"ႏွစ္ေယာက္တည္း ေျပာခ်င္တယ္...."

ဇမ္ယမ္း ေခါင္းကို ခါလိုက္မိသည္။

"ႏွစ္ေယာက္တည္း ေျပာစရာ
အေၾကာင္းမွ မရွိေတာ့တာ..၊ "

ဇမ္ယမ္းက ျငင္းဆန္ေနတုန္းရွိေသး၊
ကေလးေတြက အနားကေန တစ္ေယာက္
မက်န္ အကုန္ ထြက္သြားၾကေလသည္။

ထြက္သြားတာလည္း ၊မေျပာနဲ႔..၊
ဟိန္းက မ်က္ေဒါင့္နီႏွင့္ စိုက္ၾကည့္ကာေနသည္။

"ဟာ.. ေနၾကဦးေလ...!!"

ထြက္သြားေသာ ကေလးေတြအား
ဇမ္ယမ္း လိုက္ၾကည့္မိရင္း၊ သူတို႔ေနာက္
လိုက္မည္ အလုပ္တြင္၊ ဟိန္းက လက္က္ို
လွမ္းဆဲြထားေလသည္။

သူ႔အား ဇမ္ယမ္း စူးရဲစြာ ေမာ့ၾကည့္မိရင္း...
လက္ကို အတင္း႐ုန္းကန္လိုက္ကာ....

"မေျပာခ်င္ဘူး....!
ဘာမွ မေျပာခ်င္ဘူး..! "

မ်က္လံုးစံုမွိတ္ကာ ဘူးခံၿပီး
အေၾကာက္အကန္ ျငင္းဆန္ေနမိသည္။

ဟိန္းက ဇမ္ယမ္း ကိုင္ထားေသာ
လက္အား လႊတ္ေပးလိုက္ခ်ိန္၊
ဇမ္ယမ္း ႐ုန္းေနရာမွ အရွိန္လြန္ကာ
ေနာက္ကို ယိုင္က်သြားသည္။

သို႔ေသာ္ ဟိန္းက ဇမ္ယမ္း၏
လက္ကို ျပန္လည္ လွမ္းဆဲြ လိုက္တာေၾကာင့္၊
ဇမ္ယမ္း၏ ခႏၶာကိုယ္တစ္ခုလံုးက
ဟိန္း၏ ရင္ခြင္ထဲ ဝင္ေရာက္သြားေလသည္။

ခ်က္ခ်င္းပင္ အတင္း႐ုန္းဖယ္ကာ၊
ဟိန္းအား တြန္းလိုက္မိေလသည္။

"ဟိန္းကို မခ်စ္ေတာ့ဘူး.....!!!!"

ဟူ၍လည္း အက်ယ္ႀကီး
ေအာ္ေျပာလိုက္မိေသးသည္။
ဟိန္းက မင္သက္စြာ ရပ္ၾကည့္ေနခ်ိန္၊
ဇမ္ယမ္း သူ႔အား စူးရဲစြာ စိုက္ၾကည့္လိုက္ကာ..

"ဇမ္ယမ္းကို အဲ့လိုေတြ လုပ္ေနတာ
ရပ္ပါေတာ့....၊ ကိုယ့္ဘာသာကို
အီသန္နဲ႔ ေပ်ာ္ေပ်ာ္ေန....!!!
ဇမ္ယမ္းလည္း ကိုယ့္ဘာသာကိုယ္
ေပ်ာ္ေနၿပီ......!"

ဇမ္ယမ္း ေနရာမွ လွည့္ထြက္လာခဲ့သည္။

"ငါ ၿဖိဳးနဲ႔ ေပ်ာ္ေနတယ္လို႔ မင္းကို
ဘယ္သူေျပာလဲ...?"

ဇမ္ယမ္း ေျခလွမ္းတို႔ကို ရပ္တန္႔လိုက္ကာ၊
သူ႔အား စူးရဲစြာ စိုက္ၾကည့္မိရင္း...

"ဘာလဲ..? ၿဖိဳးက ကန္ထုတ္တာ
ခံလိုက္ရျပန္ၿပီလား..?၊ အဲ့တာေၾကာင့္
ဇမ္ယမ္းဆီ စိတ္ေျပလက္ေပ်ာက္
ျပန္လာမလို႔မလား....?၊
ေတာ္ၿပီ..အဲ့လိုေတြ အျဖစ္မခံႏိုင္ေတာ့ဘူး.၊
ဇမ္ယမ္းက အခ်စ္သစ္ကို ရွာေတာ့မွာ...၊ "

ဟိန္းက ဇမ္ယမ္း၏ လက္အား
ဆဲြကိုင္လိုက္ကာ......

"မဟုတ္ဘူး...  ငါ....."

ဟိန္းက တစ္စံုတစ္ခုကို ေျပာရမွာ
ေတြေဝေနဟန္ပင္။ အခ်ိန္ေတာ္ေတာ္ၾကာ
စဥ္းစားေနေလသည္။
ထိုစဥ္မွာပင္၊

"ဇမ္ယမ္း..!"

ဘုရားေက်ာင္းထဲမွ ျပန္ထြက္လာၿပီျဖစ္ေသာ
ပါပါး၏အသံအား ၾကားလိုက္ရေလသည္။
ပါပါးက ဟိန္းအား အံ့ၾသတႀကီး
ၾကည့္ကာ.....

"မင္းက ဘယ္လိုျဖစ္ၿပီး ဒီကို
ေရာက္ေနတာလဲ...??"

ဟူ၍ ေမးသည္။
ထိုအခြင့္ေကာင္းကို ယူကာ၊
ဟိန္းကိုင္ထားေသာ
လက္အား ဇမ္ယမ္း ႐ုန္းဖယ္ရင္း ၊
ကားရပ္ထားရာ ဆီသို႔ ခပ္ျမန္ျမန္
ေျပးထြက္လာမိသည္ ။

ဇမ္ယမ္း ဘာမွ မသိခ်င္ေတာ့၊ မျမင္ခ်င္ေတာ့။
အရင္လို အေျခအေနမ်ိဳး ျပန္ျဖစ္မွာ
ေျကာက္ရြံ့မိေလသည္။

.............

ဇမ္ယမ္းေနာက္သို႔ လိုက္သြားမလို႔
လုပ္ေနသည့္ ဟိန္းေက်ာ္ထြန္းအား.၊
ဦးထြန္းမင္း တားလိုက္သည္။ည

"ေနဦး....၊ ဦးတု႔ိစကားခဏ ေျပာရေအာင္....."

ဟိန္းေက်ာ္ထြန္းက သက္ျပင္းတစ္ခ်က္ကို
ရိႈက္ကာ ေျခလွမ္းတို႔ ရပ္တန္႔လိုက္သည္။
သူ႔ပံုစံက အရင္တုန္းကလို ဂ်စ္ကန္ကန္
မ်က္ႏွာေဘးႏွင့္ ဆိုေသာ္လည္း၊
သူ႔မ်က္ႏွာအမူအရာကို ခ်က္ခ်င္း
ထိန္းခ်ဳပ္လိုက္တာေၾကာင့္၊
အနည္းငယ္ ေျပေလ်ာ့သြားေလသည္။

"ကိုေမာင္ေက်ာ္... ၊ ဇမ္ယမ္းကို
အရင္ ျပန္ပို႔လိုက္ပါ...."

"ဟုတ္ကဲ့ပါ ဆရာ..."

ကားသမားျဖစ္သူအား၊ ၫႊန္ၾကားၿပီး
ဟိန္းအား ၾကည့္လိုက္ကာ..

"မင္းတို႔ႏွစ္ေယာက္ရဲ႕ ကိစၥေတာ္ေတာ္
မ်ားမ်ားကို ဦးၾကားၿပီးပါၿပီ....၊
ဦးက အစတည္းက ဇမ္ယမ္းစိတ္ခ်မ္းသာရင္
ဘာမဆို လုပ္ဖို႔ အတြက္ ခြင့္ျပဳခဲ့ၿပီးသားပဲ..၊
ဒါေပမယ့္ မင္းရဲ႕ စိတ္ကိုေတာ့ ဦးသိခ်င္တယ္.၊
မင္းနဲ႔ ၿဖိဳးသက္ဟန္ရဲ႕ ကိစၥ.၊
ၿပီးေတာ့ ဇမ္ယမ္းနဲ႔ ဆက္ၿပီး
ဘယ္လိုမ်ိဳး ေရွ႕ဆက္ခ်င္တယ္ ဆိုတဲ့
အေၾကာင္းအရာေတြ အကုန္လံုးကို
ဦးကို ေျပာျပလို႔ရမလား....?"

ဟိန္းေက်ာ္ထြန္းက ဒီလိုမ်ိဳး ေျပရာေျပေၾကာင္း
ေျပာလို႔ရသည့္ လူငယ္တစ္ေယာက္
မဟုတ္ဘူး ဆိုတာကိုေတာ့ သိထားသည္။
သို႔ေသာ္ ဦးထြန္းမင္း အေနႏွင့္
ႀကိဳးစားၾကည့္ခ်င္ေသးသည္။

"ဦးက အကုန္လံုးကို သိေနတာေတာင္
ဘာလို႔ ကြ်န္ေတာ္နဲ႔ သေဘာတူေနတာလဲ..?"

သူ႔ဘက္က ေမးခြန္း ျပန္ထုတ္လာခဲ့သည္။

"ဦးေျပာၿပီးၿပီေလ...၊
ဇမ္ယမ္း စိတ္ခ်မ္းသာရင္
ဘာမဆို ခြင့္ျပဳဖု႔ိ အသင့္ပဲ..၊ မင္းသာ
သူ႔ကို စိတ္ခ်မ္းသာေအာင္ တစ္သက္လံုး
ထားႏိုင္ရင္ အေကာင္းဆံုးေပါ့...၊
အဲ့လိုမွ မဟုတ္ပဲ. စိတ္ဆင္းရဲေအာင္
မျပတ္မသားထပ္လုပ္ဖို႔ အတြက္ဆိုရင္ေတာ့၊
မလာနဲ႔ေတာ့လို႔ ေျပာမလို႔ပါ...၊
သူက မင္းကို စြန္႔လႊတ္ဖို႔ ႀကိဳးစားေနၿပီ..."

ဦးထြန္းမင္း၏ စကားကို ဟိန္းေက်ာ္ထြန္းက
ေတြေဝစြာ နားစိုက္ေထာင္ေနသည္။
သူ၏ ပုခံုးအား ဦးထြန္းမင္း ပုတ္လိုက္ကာ..

"မင္းမွာ အခ်ိန္လိုမယ္ဆိုလည္း
စဥ္းစားပါ...၊ ဒါေပမယ့္ ဘယ္အရာကမွ
အခ်ိန္ေႏွာင္းသြားရင္ မေကာင္းတတ္ဘူး..၊
ငါကေတာ့ အခ်ိ္န္ေႏွာင္းလို႔ ဆံုးရံႈးခဲ့ဖူးတဲ့
အရာေတြအတြက္ ခုခ်ိန္ထိ ေနာင္တရေနတုန္းပဲ..."

ဦးထြန္းမင္း ထိုသို႔ ေျပာခဲ့ကာ၊ ေနရာမွ
ထြက္လာခဲ့လိုက္သည္။
ဟိန္းေက်ာ္ထြန္းက သားျဖစ္သူကို
ေနာက္ကြယ္က ကာကြယ္ေပးဖို႔
ႀကိဳးစားေနေၾကာင္း ဦးထြန္းမင္း
သိၿပီး ျဖစ္သည္။

ကိစၥေတာ္ေတာ္မ်ားမ်ားကို ထုတ္မေျပာပဲ
ေနတတ္သူတို႔၏ အားနည္းခ်က္ကေတာ့၊
အႀကီးမားဆံုး အရာေတြကို ဆံုးရံႈးလိုက္
ရျခင္းပင္ ျဖစ္ေပလိမ့္မည္။

..................

Unicode

ဦးထွန်းမင်းဦး ရန်ကုန်သို့ ပြန်မလာ
နိုင်သေးသော်လည်း၊ အကြောင်းကိစ္စ
တော်တော်များများကို သိသွားချိန်တွင်၊
ဇမ်ယမ်းအား သူ့ဆီခေါ်ရန် လုပ်နေသည်။

ထို့ကိစ္စကို ဇမ်ယမ်းကလည်း သဘောတူ
လက်ခံသည်။ သူလည်း စိတ်ပြေလက်ပျောက်
တစ်နေရာကို သွားရန် လိုအပ် နေပေလိမ့်မည်။

ခုချိန်ထိတော့ ဟိန်းက ဖြိုးနဲ့သာ
အတူရှိနေသည်ဟု သူ ယုံကြည်ထားဆဲဖြစ်သည်။

ဟိန်းက ဖြိုးနဲ့ အတူရှိနေလားဆိုတာကို
မင်းဆက်တို့လည်း သေချာ မသိပေ။
သို့သော်....၊ ဟိန်းက ဇမ်ယမ်းအပေါ်
စိတ်ခံစားချက် အချို့ ရှိနေသည်ကိုတော့
မင်းဆက် ရိပ်မိနေခဲ့သည်။ ဒါပေမယ့်၊
ဇမ်ယမ်းအနားသို့ ပြန်မလာတော့
တာတော့ ကျေးဇူးတင်ရမည် ဖြစ်သည်။

ထိုကောင်လေး၏ မပြတ်သားမှုတွေကြောင့်သာ၊
အခြေအနေက ဆိုးရွားခဲ့ခြင်း ဖြစ်တာကြောင့်၊
ထပ်ပြီး မလာစေချင်တော့ပေ။

"ဇမ်ယမ်းကို ချောက်ချချင်တဲ့ လူက
ဘယ်သူလို့ ထင်လဲ ကိုကြီး...?"

အဝေးပြေးလမ်းတစ်လျှောက် ၊ တစ်ချိန်လုံး
အိပ်လိုက်လာသော ဇမ်ယမ်းဆီမှ၊
မေးခွန်းတစ်ခု ထွက်ပေါ်လာလေသည်။

"မသိဘူးလေ..၊
မင်းမှာက အပေါင်းအသင်းက
ခပ်များများဆိုတော့...."

"ပါပါးကို ကြည့်ရတာ...၊
အဲ့ကိစ္စကို ချက်ချင်း စုံစမ်းချင်တဲ့ပုံလည်း
မပြဘူး....၊ တကယ်ဆို အဲ့လောက်ထိ
ချောက်တွန်းခံရရင်၊ ချက်ချင်း
စုံစမ်းခိုင်းမှာပဲ မဟုတ်ဘူးလား..?"

ဇမ်ယမ်း၏ မေးခွန်းကို မင်းဆက်လည်း
သိချင်နေမိသည်။ ဦးထွန်းမင်းက
ထိုအကြောင်းအရာတွေ သိတာတောင်၊
ဇမ်ယမ်းအား သူ့ဆီ ခေါ်ထားဖို့ကလွဲပြီး
ဘာမှ မလုပ်ခဲ့ပေ။

"ပြီးတော့ ကမ္ဘာသစ်ကျွန်းကလည်း
ဘာလို့ အမှုကို ပိတ်လိုက်တာလဲ..??"

ဇမ်ယမ်းက တွေးတွေးစစနှင့် ပြောနေသည်။
တကယ်တော့ ဇမ်ယမ်းတင်မက၊
အကုန်လုံးတွင် မေးခွန်းတို့ များစွာ
ရှိနေခဲ့သည်။

"တရားခံက ဇမ်ယမ်းအကြောင်း
သိတဲ့ လူ တစ်ယောက်ယောက် ဖြစ်မယ်ထင်တယ်.၊
အကုန်လုံးကို အချိန်ကိုက် ဖြစ်အောင်
လုပ်ထားတာ...."

မင်းဆက် ဘာမှ ပြန်မဖြေဖြစ်ပေမယ့်၊
ဇမ်ယမ်း ပြောနေတာ အကုန်လုံးက
စဉ်းစားစရာတွေပင်။

"လောလောဆယ် မင်းပါပါးနဲ့
စကား အရင် ပြောကြည့်တာပေါ့.၊
နောက်မှ ကျန်တာ ဆက်ဆွေးနွေးကြမယ်.."

...............

ဦးထွန်းမင်းတို့ နေထိုင်ရာ အိမ်သို့
ရောက်ခဲ့ချိန်တွင်၊ အိမ်ရှိ အလုပ်သမား
များက  မင်းဆက်တို့အား ဝမ်းသာအားရ
စီးကြိုကြလေသည်။

အဘိုးလက်ထပ်တုန်းက လုပ်ခဲ့သော၊
အလုပ်သမားတွေ အကုန်လုံး
ရှိနေဆဲပင် ဖြစ်သည်။
အလုပ် သိပ်မလုပ်နိုင်တော့သူများကိုတောင်၊
အလုပ်သမားတန်းလျားတွင်သာ
ဦးထွန်းမင်းက ဆက်၍ ထားပေးထားသည်။

ထို့ကြောင့် ဦးထွန်းမင်း၏ 
စိတ်သဘောကောင်းမှုကတော့
ဤမြို့တွင် နာမည်ကြီးပင် ဖြစ်၏။

ကားပေါ်က ဆင်းတော့ ဇမ်ယမ်းက
အိမ်ထဲသို့ တန်းဝင်သွားပေမယ့်၊
မင်းဆက်ကတော့၊ အလုပ်သမား
တန်းလျား ရှိရာ ဘက်သို့ ရောက်ရှိလာခဲ့သည်။

အသက် ၁၆  နှစ် အရွယ်အထိ
ထိုနေရာတွင် နေထိုင်ခဲ့ဖူးသည်။
ထို့ကြောင့် အမှတ်တရစရာ များစွာ
ရှိနေခဲ့သော နေရာလေးတစ်ခု ဖြစ်လေသည်။

...................

"လာ သားလေး..... "

"ပါပါးရော.. အန်တီ..?"

အန်တီသီသီက ဇမ်ယမ်းအား
အိမ်ထဲ ခေါ်လာစဉ်တွင် ပါပါးကို
မတွေ့ရပေ။

"သား ပါပါးက အရေးတကြီး အလုပ်ကိစ္စ
ပေါ်လာလို့ ခဏ ထွက်သွားတယ်....."

အန်တီသီသီက ဇမ်ယမ်းအား ဧည့်ခန်းတွင်
ထိုင်စေပြီး....၊ အလုပ်သမားတစ်ယောက်က
အအေးလာချပေးသည်။

"သား ထမင်းစားတော့မလား..?"

ဇမ်ယမ်း ခေါင်းညိတ်လိုက်တော့၊

"ဦးမောင်ကျော်၊ ကလေးတွေအတွက်
ထမင်း ပြင်ခိုင်းထားလိုက်တော့..."

"ဟုတ်ကဲ့ပါ မသီ...."

"ပါပါးက ခုတလော ဘာတွေ လုပ်နေလို့
အဲ့လောက်ထိ မအားမလပ်တွေ
ဖြစ်နေတာလဲ..?၊ ဇမ်ယမ်း
သတင်းတွေ ကြားတာတောင်၊
မရောက်လာတဲ့  အပြင်၊
ဇမ်ယမ်းရောက်လာတာတောင်
အိမ်မှာ ရှိမနေဘူး..."

ဇမ်ယမ်း မကျေမနပ်ပြောမိတော့၊
အန်တီသီသီက သက်ပြင်းတစ်ချက်ကို
ရှိုက်ကာ...

"အန်တီလည်း သေချာ မသိပါဘူး
သားရယ်.....၊ ခုတလော နေ့မအိပ် ညမအိပ်
အလုပ်တွေ လုပ်နေတာတော့ အမှန်ပဲ...."

ရှေ့တွင် ချထားသော အအေးအား
ဇမ်ယမ်းယူသောက်လိုက်ရင်း..

"အန်တီ့ကိုလည်း ပစ်ထားတာပေါ့..."

"ဟုတ်ပ သားရေ...၊ အန်တီနဲ့တောင်
ဒီရက်ပိုင်း အကြာကြီး မတွေ့ဖြစ်ဘူး..."

ဇမ်ယမ်း သက်ပြင်းချမိသည်။

"သား အရင်နေတဲ့ အခန်းလေးကိုပဲ
အန်တီ သန့်ရှင်းရေး လုပ်ပေးထားတယ်...၊
တစ်ခြား အခန်းလိုချင်လည်း ပြောနော်.."

"ဟုတ်..  အရင်နေတဲ့ အခန်းပဲ ကြိုက်တယ်.၊
ဒါနဲ့ ကိုကြီးမင်းဆက် ဘယ်ရောက်သွားလဲ
မသိဘူး...."

ကိုကြီးမင်းဆက်က ခုချိန်ထိ အိမ်ထဲ
ဝင်လာတာ မတွေ့ရသေးပေ။

"သူ အလုပ်သမား တန်းလျားဘက် သွားတာ
ထင်တယ် သား....၊ သူ ကြီးပြင်းခဲ့တဲ့ နေရာ
လေးဆိုတော့လေ.."

အန်တီသီသီ့စကားကြောင့်၊ ဇမ်ယမ်း
စိတ်မကောင်း ဖြစ်သွားမိသည်။
ညီအကိုခြင်း အတူတူ ၊ဇမ်ယမ်းက
မွေးတည်းက ပြည့်စုံသော ဘဝတွင်
ရွှေဇွန်းကိုက်ကာ မွေးဖွားခဲ့ရသော်လည်း၊
ကိုကြီးမင်းဆက်ကတော့ အောက်ခြေသိမ်း
အကုန်လုပ်ကာ၊ဘဝကို ရုန်းကန်ခဲ့ရသည်။

"အဲ့ကိစ္စတွေကို အန်တီသိပြီးပြီပေါ့...၊
ဘိုးဘိုးက တော်တော်လေး ခွဲခြားခဲ့တာလေ..၊
တကယ်ဆို တီမားကလည်း သူ့သမီး
အရင်းပဲဟာကို...၊"

အန်တီသီသီက ခေါင်းညိတ်ကာ ပြုံးလိုက်ပြီး..

"သိတာပေါ့ သားလေးရယ်...၊
အန်တီကလည်း ဒီအိမ်မှာပဲ
ကြီးပြင်းခဲ့တဲ့ လူလေ.."

"ဗျာ...??"

အန်တီသီသီစကားကြောင့်၊ ဇမ်ယမ်း
အံ့အားသင့်မိသွားသည်။ အန်တီသီသီက
မျက်နှာလေး ညှိုးသွားကာ..

"သား မသိသေးဘူးထင်တယ်...၊
အန်တီက ဦးကွမ်ရှီးလက်ထပ်တုန်းက
ဒီအိမ်က အိမ်အကူရဲ့ သမီးပါ......"

ဇမ်ယမ်း မျက်လုံးပြူး မျက်ဆံပြူးနှင့်
နားထာင်နေမိသည်။

"တကယ်..? "

အန်တီသီသီက ခေါင်းညိတ်သည်။
ဇမ်ယမ်း ပြုံးလိုက်ကာ၊ မျက်နှာမကောင်းသော
အန်တီသီသီ့လက်ကို ဆုပ်ကိုင်လိုက်ရင်း..

"အဲ့တာတွေက အရေးမကြီးပါဘူး..၊
ဇမ်ယမ်းက မသိသေးတဲ့ အကြောင်းအရာမို့
အံ့သြသွားရုံပါပဲ...၊ အန်တီက ပါပါး
ချစ်ရတဲ့ အမျိုးသမီး ဖြစ်တာနဲ့တင်၊
ဇမ်ယမ်းအတွက် အဆင်ပြေနေပါပြီ.."

"ကျေးဇူးပါ သားလေးရယ်....."

................

ဦးထွန်းမင်းဦးက ညသန်းခေါင်ကျော်
အချိန်မှ အိမ်ကို ပြန်လာခဲ့သည်။
သူနှင့် စကားပြောရန် မင်းဆက်
စောင့်နေသည်မှာ အတော်ကြာသွားခဲ့လေပြီ။

သို့သော် မပြောလို့ကလည်း မဖြစ်တော့။
အချိန်တွေ အရမ်းကြာလျှင် မကောင်းနိုင်။

ထို့ကြောင့် ဦးထွန်းမင်းဦး အလုပ်ခန်းသို့
မင်းဆက် ရောက်နေခဲ့သည်။

"ဇမ်ယမ်း အတွက် စိတ်မပူပါနဲ့..၊
သူ့ကို ဒိီမှာ ခေါ်ထားသ၍ အန္တရာယ်ကင်းပါတယ်."

"ဇမ်ယမ်း ဒီလောက် ချောက်ချခံရတာတောင်၊
ဦးက အေးဆေး ဖြစ်နေတယ်၊
ဦး တစ်ခုခုကို သိထားတယ် မလား.?"

မင်းဆက်၏ အမေးစကားကြောင့်၊
ဦးထွန်းမင်းက သက်ပြင်းချကာ...၊

"ငါမင်းကိုတော့ ပြောမှ ဖြစ်တော့မယ်
ထင်တယ်....."

ဦးထွန်းမင်းက ခတ္တမျှ တိတ်ဆိတ်သွားရင်းမှ၊
သက်ပြင်းရှည်ကြီး တစ်ချက်ကို ထပ်ချသည်။

"တကယ်တော့..၊ ဖြိုးသက်ဟန်ဆိုတဲ့
ကောင်လေးကို လုပ်ကြံတဲ့ တရားခံက
ထွဋ်ဦးပဲ ၊ မင်းဆက်......"

"ဗျာ...!!!
ဦး ဘာပြောလိုက်တယ်...??"

ဦးထွန်းမင်းဦး၏ စကားကို မင်းဆက်
မယုံကြည်နိုင်ပေ။ ဦးထွန်းမင်းဦးက
ခေါင်းကို ညိတ်လိုက်ကာ..

"ဟုတ်တယ်....၊ အဲ့ကောင်လေးကို
ဟိန်းကျော်ထွန်းနဲ့ ဝေးဝေးနေဖို့ အတွက်၊
ထွဋ်ဦးကို ဦး ခြိမ်းခြောက်ခိုင်းလိုက်ကာ..၊
ရိုက်နှက်ဖို့ တစ်ခွန်းမှ မခိုင်းခဲ့ပေမယ့်၊
ထွဋ်ဦး လွှတ်လိုက်တဲ့ တစ်ယောက်က
လက်လွန်သွားခဲ့ပုံပဲ.....၊ အဲ့တာကြောင့်
သူတို့ကို  တရုတ်ပြည် နယ်စပ်မှာ
ခဏရှောင်ခိုင်းထားတယ်...."

မိမိ နားတောင် မိမိ မယုံကြည်နိုင်လောက်အောင်
ဖြစ်သွားမိသည်။ မိမိ၏ ဦးလေး ဖြစ်သူက
စေခိုင်းသူ ဖြစ်နေမယ်လို့ ဘယ်တုန်းကမှ
မတွေးမိခဲ့ပေ။

"ဇမ်ယမ်း ဖြစ်ချင်တာတွေ ရဖို့အတွက်
လမ်းရှင်းပေးချင်တဲ့ သဘောပါပဲ.၊
ဟိုကောင်လေးကို အဲ့လောက်ထိ
ထိခိုက်စေဖို့တော့  မရည်ရွယ်ခဲ့ပါဘူး..၊ "

" မရည်ရွယ်ခဲ့ပေမယ့်..၊
ဦးလုပ်ရပ်တွေက အရမ်းမှားတယ်....၊
ခု ဦးကြောင့် ကလေးမှာ
လာပြီး ရိုက်ခတ်နေပြီ.. ၊
ဦး ဘယ်လို ဖြေရှင်းမှာလဲ.....?
အဲ့တာထက်...၊ လေးထွဋ်ခိုင်းလိုက်တဲ့
လူက ဘာလို့ ဇမ်ယမ်းနဲ့ ပုံသဏ္ဍာန်
တူနေရတာလဲ...??"

မင်းဆက် အားမလိုအားမရ ပြောနေမိသော
စကားများကြောင့် ဦးထွန်းမင်းက
ခေါင်းကို ခါလိုက်ကာ...

"အဲ့ကိစ္စကို ဦးမေးပေမယ့်၊
သူတို့က တိုက်ဆိုင်သွားတာလို့ ပြောတယ်..၊
ဦးမှာလည်း အခု အခက်အခဲ ဖြစ်နေတယ်..
မင်းဆက်..၊ မင်းရှေ့မှာ မငြီးပြချင်ပေမယ့်၊
ဦးလုပ်ငန်းမှာ လိမ်လည်မှု တစ်ခု
ဖြစ်နေတယ်...."

ဦးထွန်းမင်း၏ မျက်နှာမှာ အင်မတန်မှ
စိတ်ရှုပ်ထွေးနေဟန်ပင်။

"အတွင်းလူတစ်ယောက်က လိမ်လည်
သွားတာ ဆိုပေမယ့် ၊ ခုချိန်ထိ
နောက်ကြောင်း လိုက်လို့မရသေးဘူး.."

မင်းဆက် သက်ပြင်းချရုံက လွဲပြီး
ဘာမှ မတတ်နိုင်တော့။

"ဒါဆို အမှုပိတ်ဖို့ ကိစ္စကရော
ဦးလုပ်ခဲ့တာလား..?"

"အမှုက ပိတ်လိုက်ပြီလား...?"

ဦးထွန်းမင်းက ထိုကိစ္စကို သိသေးပုံမရပေ။

ခုချိန်မှာတော့ တရားခံက ဇမ်ယမ်း၏
ဖခင်ကိုယ်တိုင် ဖြစ်နေခဲ့တာကြောင့်၊
ဇမ်ယမ်းအတွက် စိုးရိမ်စရာ မရှိတော့ပေ။
သို့သော် မရှင်းလင်းသည့် အချက်တွေက
ကျန်ရှိနေသေးသည်။ ထိုကိစ္စကို
လေးထွဋ်ကို မေးကြည့်မှသာ ရပေလိမ့်မည်။

အဆိုးဆုံးကတော့ ဇမ်ယမ်းသာ
အမှန်တရားကို သိသွားခဲ့လျှင်၊
ဘယ်လို တုံ့ပြန်လိမ့်မည်နည်း?။

................

အော်စတင်ဂေဟာတွင် ခဏနေရန်အတွက်၊
အလုပ်ကို ခွင့်တစ်ပတ်ယူထားဖြစ်သည်။
မွန်းကျပ်နေသော စိတ်တွေကို ပြယ်လျှော့
အောင် စိုက်ခင်းတွေ ရှိရာဘက်သို့
ဟိန်း ထွက်လာဖြစ်ခဲ့သည်။

စိုက်ခင်းတွေ ဘက်သို့ ရောက်ချိန်တွင်၊
မက်မွန်ပင်တွေ၏ အလွန်၌ ၊  ကလေး
တစ်သိုက်အား တွေ့လိုက်ရလေသည်။

တစ်ချို့က အပင်ရေလောင်းနေကြပြီး၊
တစ်ချို့ကတော့၊ အပင်ကြီး တစ်ပင်
အောက်တွင် မိုးတိုးမတ်တပ်နှင့်
ဘာလုပ်နေကြသည် မသိ။

အရင်လို ဟိန်းအား ကြောက်လန့်နေသော
ကလေးတွေလည်း မရှိလောက်ဘူးဆိုတော့၊
သူတို့အနားသို့ တိုးကပ်သွားလိုက်သည်။

ထိုစဉ်......

"ရပြီ ရပြီ...၊ တော်သေးတာပေါ့.....၊"

သိပ်ကို ရင်းနှီးသော အသံတစ်ခုအား
ကြားလိုက်ရသဖြင့်၊ ခန္ဓာကိုယ်မှသွေးကြောတို့
လှုပ်ခတ်သွားသယောင်ပင်။

အသံလာရာဆီသို့ ခပ်မြန်မြန်
ပြေးကြည့်လိုက်စဉ်တွင်၊ သစ်ပင်ကြီး
တစ်ပင်ပေါ်မှ ဆင်းလာသော
ကောင်လေးအား တွေ့လိုက်ရလေသည်။

နီညိုရောင် ဦးထုပ်လေးကိုဆောင်းထားကာ၊
အနီရောင်တောက်တောက် တီရှပ်ပွပွနှင့်
ထိုကောင်လေးသည် ဇမ်ယမ်းဆိုတာ
လုံးဝ မှားနိုင်စရာ မရှိပေ။

ဟိန်း အလွန်အမင်း အံ့အားသင့်သွားကာ၊
မင်သက်စွာ ရပ်ငေးကြည့်နေမိသည်။
ဒရုန်းလေယာဉ်ငယ်အား လက်တစ်ဖက်က
ကိုင်ပြီး၊ တစ်ဖက်က၊ သစ်ပင်ကို
တွယ်ထားသော ထိုကောင်လေးက
ဟိန်းအား မမြင်သေး။

သူ ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေသည်လဲ..?။

"ကိုကြီး ပျံလို့ ရသေးရဲ့လား..?"

ကလေးတစ်ယောက်၏ အမေးကြောင့်၊
ဇမ်ယမ်းက သူ့လက်ထဲမှ ဒရုန်းလေယာဉ်အား
ကြည့်ကာ၊ စစ်ဆေးနေသည်။

"ရဦးမယ် ထင်တယ်၊ သစ်ကိုင်းနဲ့ပဲ
ငြိသွားတာဆိုတော့ အထဲတွေ ဘာတွေ
မထိလောက်ဘူး......."

ကလေးများကြားမှာ၊ တကယ့်ကို
ကလေးငယ်လေးသဖွယ်၊ တည်ရှိနေသော
ထိုကောင်လေးကြောင့်၊ ဟိန်း၏
နှုတ်ခမ်းတို့ အနည်းငယ် ပြုံးလာမိလေသည်။

ဒီလိုနေရာမှာ၊ ဒီကောင်လေးကို
လာတွေ့နေမယ်လို့ ဘယ်သူက ထင်မှာတဲ့လဲ..?။

မိမိရှိနေတဲ့နေရာကို ဘယ်သူ့ကိုမှ
မပြောထားတာကြောင့်၊ ဇမ်ယမ်းသိလို့
လိုက်လာတာတော့ မဖြစ်နိုင်။
တိုက်ဆိုင်မှု တစ်ခုပင် ဖြစ်ပေလိမ့်မည်။

"သား...၊
နေပူကြီးထဲ ဘာရပ်လုပ်နေတာလဲ..?
အရိပ်ထဲ ဝင်လေ.."

အနောက်မှ ဦးနေ၏ ပြောစကားကြောင့်၊
သစ်ပင်ရိပ်မှ ကလေးတစ်သိုက်က
ဟိန်းရှိရာ ဘက်သို့ ကြည့်လာလေသည်။

ထိုထဲတွင် ဇမ်ယမ်း၏ အကြည့်က
အစူးရှဆုံးပင်။ ဟိန်းကို မြင်တာနှင့်
ဟိန်းလိုပင် အလွန်အမင်း အံ့သြသွားပုံရကာ၊
မျက်လုံးတို့ ပြူးကျယ်သွားလေသည်။

ဟိန်း အနည်းငယ် ပြုံးတုံ့ပြလိုက်သည်။

...............

ဒါဟာ အိမ်မက် တစ်ခုလား...?၊
ဇမ်ယမ်း ထင်ယောင်ထင်မှား
ဖြစ်နေတာ များလား.?။ ဇမ်ယမ်းရှေ့တွင်
ဟိန်းက ရပ်နေခဲ့သည်။
ပြီးတော့ ဇမ်ယမ်းကို ပြုံးပြနေခဲ့သည်။

"ကိုကြီး.. မပျံတော့ဘူးလား..?"

ကလေးလေးတစ်ယောက်က ဇမ်ယမ်း၏
လက်အား လာဆွဲကာ မေးလိုက်တာကြောင့်၊

"ပျံမယ် ညီလေး..၊ ခဏနော်....."

ဇမ်ယမ်း အရိပ်ထဲမှ ထွက်ကာ
ဟိန်းရှိရာ နေရာသို့ လျှောက်သွားလိုက်သည်။
ဟိန်း၏ အနားသို့ ရောက်စဉ်၊
လက်ညှို်းတစ်ချောင်း ရှေ့ထုတ်လျှက်၊
သူ့အသားကို ထိကြည့်မိသည်။

တကယ်ပဲ ဟိန်းအစစ်ကြီး ဖြစ်နေခဲ့တာကြောင့်၊
မျက်လုံးတို့ ပို၍ ပြူးကျယ်သွားမိလေသည်။

"ငါ ဟုတ်ပါတယ်....၊
မင်းက ဘယ်လိုဖြစ်ပြီး ရောက်နေတာလဲ...?"

ဟိန်း၏ အမေးကြောင့်၊ ဇမ်ယမ်း
လက်နှစ်ဖက်ကို ကာလိုက်ကာ၊
ခေါင်းကို ခါရမ်းလိုက်ရင်း...

"ဟိန်းနောက် လိုက်လာတာ မဟုတ်ဘူးနော်.၊
ပါပါးခေါ်လို့ ရောက်လာတာ....၊
ဟိန်းရှိနေတာ သိတောင် မသိဘူး..."

ဟူ၍ အကြောက်အကန် ငြင်းလိုက်မိတော့၊
ဟိန်းက အနည်းငယ် ပြုံးတုံ့ဟန်နှင့်..

"အင်းပါ....၊
ငါ့ကို စိတ်ဆိုးနေတုန်းပဲလား....?"

ဇမ်ယမ်း ခေါင်းကို ထပ်ခါလိုက်ရင်း...

"မဆိုးပါဘူး.....၊
ဘာစိတ်မှကို မရှိတော့တာ...၊
သွားလိုက်ဦးမယ်နော်...."

သူပြန်ပြောလာတော့မည့် စကားကို
မစောင့်တော့ပဲ၊ နောက်ကို လှည့်လိုက်ကာ..

"ညီလေးတို့.. လာ...၊
သစ်ပင်တွေ လွတ်တဲ့ ဘက် သွားရအောင်.."

ဟူ၍ ကလေးတွေ အား ခေါ်လိုက်သည်။

ဇမ်ယမ်းတို့၏ တွေ့ဆုံမှုကို ဒီလောက်နဲ့သာ
အဆုံးသတ်ချင်သည်။

...............

အကြည့်တို့က သိပ်ကို စိမ်းကားသွားပြီ
ဖြစ်သော ဇမ်ယမ်းသည်၊ အရင်တုန်းက
ကောင်လေး ဇမ်ယမ်း မဟုတ်တော့သလိုပင်။

ကလေးတွေ၏ လက်ကို ဆွဲကာ မိမိအနားမှ
ထွက်သွားချိန်တွင်၊ ဖြစ်ပေါ်လာသော
လစ်ဟာမှုက ဘာနဲ့ မှ မလဲနိုင်ခဲ့။

သူ ဟိန်းအပေါ်ကို တကယ်ပဲ
ဘာစိတ်မှ မရှိတော့တာလား.?။
ဒါမှမဟုတ် စိတ်ဆိုးနေလို့ ပြောလိုက်တဲ့
စကားလား... မသေချာပေ။

ထွက်သွားသော ကျောပြင်အား
လိုက်ငေးကြည့်နေမိရင်း၊ လေစိမ်းတို့
တစ်လူလူ တိုက်ခတ်နေသယောင် ခံစားရသည်။

..................

အော်စတင်ဂေဟာရှိ ကလေးတွေနှင့် အတူ၊
ဒရုန်းလေယာဉ်ငယ်အား စတင်
လွှတ်တင်တော့၊ သူတို့တွေက အလွန်ကို
စိတ်လှုပ်ရှား ပျော်ရွှင်နေကြလေသည်။

သို့သော်၊ ကလေးတွေနှင့် ဆော့ကစား
နေသည်ကို၊ အဝေးတစ်နေရာမှ
ကျောက်ရုပ်သဖွယ် ရပ်ကြည့်နေသော
ဟိန်းကြောင့်၊ ဇမ်ယမ်းကတော့
နေရခက်လာသလိုပင်။

သူ ဘယ်လိုဖြစ်ပြီး ဇမ်ယမ်းတို့ကို
လှမ်းကြည့်နေရတာလဲ..?။
သူ့နားမှာ ဘာလို့ ဖြိုးကို မတွေ့ရတာလဲ.?။
ဘာကြောင့် ဒီကို ရောက်လာရတာလဲ..?။

မေးခွန်းများစွာနှင့် ဥိီးခေါင်းတို့
ချာချာလည်လာခဲ့သည်။

"ဟာ.. ကိုကြီး ကိုကြီး....!!"

ဘေးက ကလေးက ရုတ်တရက်
လှမ်းသတိပေးလိုက်ချိန်တွင်တော့၊
နောက်ကျသွားခဲ့လေပြီ။
ဒရုန်းက ဘုရားကျောင်းရှိ အုတ်နံရံနှင့်
တိုက်ကာ တစ်ရှူးရှူးမြည်ပြီး၊ အောက်သို့
ပြုတ်ကျသွားလေသည်။

"သွားပါပြီ.....!"

ကလေးတွေနှင့် အတူ၊ ဒရုန်းရှိရာဆီသို့
ပြေးကာ ကြည့်မိတော့၊ တစ်စစီ
ဖြစ်သွားသော ဒရုန်းလေးတွင်၊
ကင်မရာတောင် အကောင်းကျန်ရင်
ကံကောင်းပင်။

ဟိန်းအား ဇမ်ယမ်း မကျေမနပ်
လှမ်းကြည့်မိတော့၊ သူ့ကို
နေရာတွင် မတွေ့ရတော့ပေ။

တော်တော် ဆိုးသည့် လူကြီးပင်။
ဘာလို့များ အာရုံပျက်အောင်
လာကြည့်နေသည်မသိ။

ဇမ်ယမ်းမှာ သူ့ကို မေ့ပျောက်အောင်
မနည်းကြိုးစားဖို့ လုပ်နေရတဲ့ အချိန်မှာမှ၊
တိုက်တိုက်ဆိုင်ဆိုင်၊ ဒီမှာ လာတွေ့ရတယ်လို့.။

"ဟင်.....!"

ရုတ်တရက် မိမိ၏ ဦးထုပ်အား
ဆွဲချွတ်ခြင်း ခံလိုက်ရတာကြောင့်၊
အနောက်ကို လှည့်ကြည့်မိတော့..၊
ဟိန်း ဖြစ်နေလေသည်။

သူက ဇမ်ယမ်းအား ကြည့်ကာ
မျက်မှောင်ကြုတ်သွားရင်း.....

"နေမကောင်းဘူးလား...?"

ထိုတော့မှ၊ သူ ကြည့်နေသော အရာက
မိမိ၏ ခေါင်းမှန်း သတိရကာ၊
ခေါင်းကို အမြန် ကာလိုက်ရင်း...

"အာ.. ဦးထုပ်ပြန်ပေး.....!!"

သူက ဇမ်ယမ်းခေါင်းတွင် ဦးထုပ်အား
သေချာ လာဝတ်ပေးကာ...

"ဘာလို့ ကတုံးတုံးလိုက်တာလဲ...??"

ဟူ၍ မေးခွန်းထုတ်လာလေသည်။
ဘာလို့ ဇမ်ယမ်းနှင့် ဒီလောက်နီးနီးမှာ
လာရပ်နေတာလဲဟူ၍ မေးခွန်း
ပြန်ထုတ်ချင်သည်။

ဇမ်ယမ်း ခြေလှမ်းတို့ နောက်သို့
ခပ်ခွာခွာ ဆုတ်လိုက်ကာ...

"တော်သေးတာပေါ့...၊
ကတုံးတုံးတာတော့ သိသေးလို့...၊
ပူလို့ တုံးလိုက်တာလေ.....၊
ဘာဖြစ်လို့လဲ...?"

ဇမ်ယမ်း အနည်းငယ် ရန်ထောင်ဟန်နှင့်
ပြောမိတော့၊ ဟိန်းက သက်ပြင်းတစ်ချက်ကို
ချကာ...

"ငါတို့ စကားခဏ ပြောရအောင်...."

ဘေးနားက ကလေးတွေက ဇမ်ယမ်းတို့အား
ကွက်ကြည့် ကွက်ကြည့် လုပ်နေကြလေသည်။

"ပြောလေ.. ခုပြော...."

"နှစ်ယောက်တည်း ပြောချင်တယ်...."

ဇမ်ယမ်း ခေါင်းကို ခါလိုက်မိသည်။

"နှစ်ယောက်တည်း ပြောစရာ
အကြောင်းမှ မရှိတော့တာ..၊ "

ဇမ်ယမ်းက ငြင်းဆန်နေတုန်းရှိသေး၊
ကလေးတွေက အနားကနေ တစ်ယောက်
မကျန် အကုန် ထွက်သွားကြလေသည်။

ထွက်သွားတာလည်း ၊မပြောနဲ့..၊
ဟိန်းက မျက်ဒေါင့်နီနှင့် စိုက်ကြည့်ကာနေသည်။

"ဟာ.. နေကြဦးလေ...!!"

ထွက်သွားသော ကလေးတွေအား
ဇမ်ယမ်း လိုက်ကြည့်မိရင်း၊ သူတို့နောက်
လိုက်မည် အလုပ်တွင်၊ ဟိန်းက လက်က်ို
လှမ်းဆွဲထားလေသည်။

သူ့အား ဇမ်ယမ်း စူးရဲစွာ မော့ကြည့်မိရင်း...
လက်ကို အတင်းရုန်းကန်လိုက်ကာ....

"မပြောချင်ဘူး....!
ဘာမှ မပြောချင်ဘူး..! "

မျက်လုံးစုံမှိတ်ကာ ဘူးခံပြီး
အကြောက်အကန် ငြင်းဆန်နေမိသည်။

ဟိန်းက ဇမ်ယမ်း ကိုင်ထားသော
လက်အား လွှတ်ပေးလိုက်ချိန်၊
ဇမ်ယမ်း ရုန်းနေရာမှ အရှိန်လွန်ကာ
နောက်ကို ယိုင်ကျသွားသည်။

သို့သော် ဟိန်းက ဇမ်ယမ်း၏
လက်ကို ပြန်လည် လှမ်းဆွဲ လိုက်တာကြောင့်၊
ဇမ်ယမ်း၏ ခန္ဓာကိုယ်တစ်ခုလုံးက
ဟိန်း၏ ရင်ခွင်ထဲ ဝင်ရောက်သွားလေသည်။

ချက်ချင်းပင် အတင်းရုန်းဖယ်ကာ၊
ဟိန်းအား တွန်းလိုက်မိလေသည်။

"ဟိန်းကို မချစ်တော့ဘူး.....!!!!"

ဟူ၍လည်း အကျယ်ကြီး
အော်ပြောလိုက်မိသေးသည်။
ဟိန်းက မင်သက်စွာ ရပ်ကြည့်နေချိန်၊
ဇမ်ယမ်း သူ့အား စူးရဲစွာ စိုက်ကြည့်လိုက်ကာ..

"ဇမ်ယမ်းကို အဲ့လိုတွေ လုပ်နေတာ
ရပ်ပါတော့....၊ ကိုယ့်ဘာသာကို
အီသန်နဲ့ ပျော်ပျော်နေ....!!!
ဇမ်ယမ်းလည်း ကိုယ့်ဘာသာကိုယ်
ပျော်နေပြီ......!"

ဇမ်ယမ်း နေရာမှ လှည့်ထွက်လာခဲ့သည်။

"ငါ ဖြိုးနဲ့ ပျော်နေတယ်လို့ မင်းကို
ဘယ်သူပြောလဲ...?"

ဇမ်ယမ်း ခြေလှမ်းတို့ကို ရပ်တန့်လိုက်ကာ၊
သူ့အား စူးရဲစွာ စိုက်ကြည့်မိရင်း...

"ဘာလဲ..? ဖြိုးက ကန်ထုတ်တာ
ခံလိုက်ရပြန်ပြီလား..?၊ အဲ့တာကြောင့်
ဇမ်ယမ်းဆီ စိတ်ပြေလက်ပျောက်
ပြန်လာမလို့မလား....?၊
တော်ပြီ..အဲ့လိုတွေ အဖြစ်မခံနိုင်တော့ဘူး.၊
ဇမ်ယမ်းက အချစ်သစ်ကို ရှာတော့မှာ...၊ "

ဟိန်းက ဇမ်ယမ်း၏ လက်အား
ဆွဲကိုင်လိုက်ကာ......

"မဟုတ်ဘူး...  ငါ....."

ဟိန်းက တစ်စုံတစ်ခုကို ပြောရမှာ
တွေဝေနေဟန်ပင်။ အချိန်တော်တော်ကြာ
စဉ်းစားနေလေသည်။
ထိုစဉ်မှာပင်၊

"ဇမ်ယမ်း..!"

ဘုရားကျောင်းထဲမှ ပြန်ထွက်လာပြီဖြစ်သော
ပါပါး၏အသံအား ကြားလိုက်ရလေသည်။
ပါပါးက ဟိန်းအား အံ့သြတကြီး
ကြည့်ကာ.....

"မင်းက ဘယ်လိုဖြစ်ပြီး ဒီကို
ရောက်နေတာလဲ...??"

ဟူ၍ မေးသည်။
ထိုအခွင့်ကောင်းကို ယူကာ၊
ဟိန်းကိုင်ထားသော
လက်အား ဇမ်ယမ်း ရုန်းဖယ်ရင်း ၊
ကားရပ်ထားရာ ဆီသို့ ခပ်မြန်မြန်
ပြေးထွက်လာမိသည် ။

ဇမ်ယမ်း ဘာမှ မသိချင်တော့၊ မမြင်ချင်တော့။
အရင်လို အခြေအနေမျိုး ပြန်ဖြစ်မှာ
ကြောက်ရွံ့မိလေသည်။

.............

ဇမ်ယမ်းနောက်သို့ လိုက်သွားမလို့
လုပ်နေသည့် ဟိန်းကျော်ထွန်းအား.၊
ဦးထွန်းမင်း တားလိုက်သည်။ည

"နေဦး....၊ ဦးတို့စကားခဏ ပြောရအောင်....."

ဟိန်းကျော်ထွန်းက သက်ပြင်းတစ်ချက်ကို
ရှိုက်ကာ ခြေလှမ်းတို့ ရပ်တန့်လိုက်သည်။
သူ့ပုံစံက အရင်တုန်းကလို ဂျစ်ကန်ကန်
မျက်နှာဘေးနှင့် ဆိုသော်လည်း၊
သူ့မျက်နှာအမူအရာကို ချက်ချင်း
ထိန်းချုပ်လိုက်တာကြောင့်၊
အနည်းငယ် ပြေလျော့သွားလေသည်။

"ကိုမောင်ကျော်... ၊ ဇမ်ယမ်းကို
အရင် ပြန်ပို့လိုက်ပါ...."

"ဟုတ်ကဲ့ပါ ဆရာ..."

ကားသမားဖြစ်သူအား၊ ညွှန်ကြားပြီး
ဟိန်းအား ကြည့်လိုက်ကာ..

"မင်းတို့နှစ်ယောက်ရဲ့ ကိစ္စတော်တော်
များများကို ဦးကြားပြီးပါပြီ....၊
ဦးက အစတည်းက ဇမ်ယမ်းစိတ်ချမ်းသာရင်
ဘာမဆို လုပ်ဖို့ အတွက် ခွင့်ပြုခဲ့ပြီးသားပဲ..၊
ဒါပေမယ့် မင်းရဲ့ စိတ်ကိုတော့ ဦးသိချင်တယ်.၊
မင်းနဲ့ ဖြိုးသက်ဟန်ရဲ့ ကိစ္စ.၊
ပြီးတော့ ဇမ်ယမ်းနဲ့ ဆက်ပြီး
ဘယ်လိုမျိုး ရှေ့ဆက်ချင်တယ် ဆိုတဲ့
အကြောင်းအရာတွေ အကုန်လုံးကို
ဦးကို ပြောပြလို့ရမလား....?"

ဟိန်းကျော်ထွန်းက ဒီလိုမျိုး ပြေရာပြေကြောင်း
ပြောလို့ရသည့် လူငယ်တစ်ယောက်
မဟုတ်ဘူး ဆိုတာကိုတော့ သိထားသည်။
သို့သော် ဦးထွန်းမင်း အနေနှင့်
ကြိုးစားကြည့်ချင်သေးသည်။

"ဦးက အကုန်လုံးကို သိနေတာတောင်
ဘာလို့ ကျွန်တော်နဲ့ သဘောတူနေတာလဲ..?"

သူ့ဘက်က မေးခွန်း ပြန်ထုတ်လာခဲ့သည်။

"ဦးပြောပြီးပြီလေ...၊
ဇမ်ယမ်း စိတ်ချမ်းသာရင်
ဘာမဆို ခွင့်ပြုဖို့ အသင့်ပဲ..၊ မင်းသာ
သူ့ကို စိတ်ချမ်းသာအောင် တစ်သက်လုံး
ထားနိုင်ရင် အကောင်းဆုံးပေါ့...၊
အဲ့လိုမှ မဟုတ်ပဲ. စိတ်ဆင်းရဲအောင်
မပြတ်မသားထပ်လုပ်ဖို့ အတွက်ဆိုရင်တော့၊
မလာနဲ့တော့လို့ ပြောမလို့ပါ...၊
သူက မင်းကို စွန့်လွှတ်ဖို့ ကြိုးစားနေပြီ..."

ဦးထွန်းမင်း၏ စကားကို ဟိန်းကျော်ထွန်းက
တွေဝေစွာ နားစိုက်ထောင်နေသည်။
သူ၏ ပုခုံးအား ဦးထွန်းမင်း ပုတ်လိုက်ကာ..

"မင်းမှာ အချိန်လိုမယ်ဆိုလည်း
စဉ်းစားပါ...၊ ဒါပေမယ့် ဘယ်အရာကမှ
အချိန်နှောင်းသွားရင် မကောင်းတတ်ဘူး..၊
ငါကတော့ အချိ်န်နှောင်းလို့ ဆုံးရှုံးခဲ့ဖူးတဲ့
အရာတွေအတွက် ခုချိန်ထိ နောင်တရနေတုန်းပဲ..."

ဦးထွန်းမင်း ထိုသို့ ပြောခဲ့ကာ၊ နေရာမှ
ထွက်လာခဲ့လိုက်သည်။
ဟိန်းကျော်ထွန်းက သားဖြစ်သူကို
နောက်ကွယ်က ကာကွယ်ပေးဖို့
ကြိုးစားနေကြောင်း ဦးထွန်းမင်း
သိပြီး ဖြစ်သည်။

ကိစ္စတော်တော်များများကို ထုတ်မပြောပဲ
နေတတ်သူတို့၏ အားနည်းချက်ကတော့၊
အကြီးမားဆုံး အရာတွေကို ဆုံးရှုံးလိုက်
ရခြင်းပင် ဖြစ်ပေလိမ့်မည်။

..................

Continue Reading

You'll Also Like

530K 35K 44
ခပ်ဆိုးဆိုးကျောင်းသားလေးနဲ့ Sissy type ဂိုက်လေးတို့ရဲ့ချစ်စရာရိုမန့်လေးကိုမှ နူးနူးညံ့ညံ့လေးပါ ။ Cover ကို Pinterestမှယူသုံးထားခြင်းဖြစ်သောကြောင့် P...
1.4M 105K 43
(Unicode + Zawgyi) (Unicode below) ​ေတဇာပိုင္​ × သက္​တန္​႔လင္​း ​ငယ္​ရြယ္​တဲ့အခ်ိန္​မွာ အခ်စ္​ကိုစ​ေတြ႕ခဲ့တယ္​။ အရြယ္​နဲ႔မလိုက္​​ေအာင္​ အခ​်စ္​လမ္​းခ...
1.7M 199K 53
[ ချစ်စရာကောင်းတဲ့ မိသားစုလေး~ ] Start Date - 18.7.2021 End Date - 20.11.2021
1.9M 109K 98
မင္းသာ ကိုယ့္ရဲ႕တစ္ဦးတည္းေသာ အရာရာပါ. married life ေလးပါ💞 အရာအားလံုးက အဖိုးစီစဥ္ေပးထားတာ😌