ထာဝရသူငယ်ချင်း (B.F.F) (Z+U){...

By KhinwaddyKhaing

58.2K 4.5K 276

* အနီးဆုံးမှာရှိနေလျက်နဲ့ ငါတို့ဝေးနေတာ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းတွေဖြစ်နေလို့... * တစ်ယောက်ရဲ့ ခံစားချက... More

Introduction
1:lovely friend
2:စတင်ခြင်း
3:ချည်
4: မင်းမှမင်း
5: မင်းအတွက်ဆိုရင်
6:လူရှုပ်ကလေး
7: အတူတူဆိုရင်
8: သုံးယောက်
9: အသစ်
10:Love and Friend
11: Love story
12: Missing boy
14: ဥပေက္ခာ
15: Near and far
16: Trip (1)
17: Trip (2)
18: နိဂုံး၏အစ
19: Love💘
20: No!!
21:Venus(The god of the love❣)
22:Love is Life👨‍❤️‍💋‍👨
23:အချစ်မီး🔥
24:Forwards (OR) Backwards??
25:Love-target🎎(ဇာတ်သိမ်းပိုင်း)

13: Silence

1.3K 150 16
By KhinwaddyKhaing

(Unicode)

အိပ်မပျော်သည့် ညများကား နေ့စဉ်ရက်ဆက်ဖြစ်လာ၍ အိပ်ဆေး သောက်ကာ အိပ်နေရသည်မှာ သုံးလေးရက်မျှပင် ရှိခဲ့ပြီ။ သူကလေးကို မမြင်မတွေ့ရသည်မှာ သုံးပတ်ပင် ပြည့်လေပြီ မဟုတ်လား။ အိပ်ဆေးမှသောက်၍ ကျွန်တော်မအိပ်လျှင် သွေးသစ်ကို မမြင်ရခင် စိတ်ကျန်းမာရေးဆေးရုံ ရောက်သွားနိုင်သည်လေ။

ကျွန်တော့်အကြောင်းကို သိ၍ထင် မေမေရော၊ဖေဖေရော၊ ညီမလေးရော၊ တစ်ယောက်မျှ လာမနှိုးကြချေ။ ယခင်က ကျောင်းပိတ်ရက်ပင်ဖြစ်လင့်ကစား ဖေဖေကလာနှိုးတတ်သည်လေ။ ယခုတော့ တစ်ယောက်မျှ လာမနှိုးသည့်အပြင် တစ်အိမ်လုံး တိတ်ဆိတ်နေလေသည်။ ကျွန်တော့်အပူက တစ်အိမ်လုံးကိုများ ကူးစက်သွားပြီလား..။

နာရီကြည့်မိတော့ ဆယ်နာရီ ပင်ထိုးနေပြီ။ 'ငါ..ဒီအချိနိထိ..အိပ်နေမိတာလား.....' ဟူ၍ အိပ်ယာမှထကာ ရေချိုးအဝတ်အစားလဲပြီး မီးဖိုခန်းသို့ တန်းဆင်းလာမိတော့သည်။ မနက်စာက အဆင်သင့်။ စားချင်စိတ်မရှိ၍ ကော်ဖီခါးခါးတစ်ခွက်ကို တစ်ငုံမော့သောက်လိုက်မိသည်။

ရုတ်တရက် ဧည့်ခန်းမှ စကားပြောသံကြားလိုက်ရ၍ သောက်လက်စ ကော်ဖီ ခွက်ကိုကိုင်ကာ ထွက်လာမိသည်။

"ခလွမ်း.............."
တစ်ချိန်လုံး တောင့်တသတိရနေသော လူတစ်ယောက်ကို ရုတ်တရက် မြင်လိုက်ရ၍ လက်ထဲမှ ကော်ဖီခွက်ကို သတိလက်လွတ်ဖြစ်ကာ လွှတ်ချလိုက်မိသည်အထိ။

ဧည့်ခန်းတွင် ကြယ်စင်နှင့်အတူ စကားပြောနေသူက သွေးသစ်..။ ကျွန်တော်ထွက်လာသည်ကို မြင်တော့ သူကလေးက အပြုံးတစ်ပွင့်ဖြင့် ကြိုဆိုသည်။ မျက်လုံးအပြူးသားဖြင့် ကော်ဖီခွက်ကို လွှတ်ချလိုက်မိသော ကျွန်တော့်ကို သွေးသစ်က

"ပူကုန်တော့မှာပဲ...ဘယ်လိုဖြစ်တာလဲ...ကို..ရယ်..ရရဲ့လား....." ဟူ၍ သူကလေးလည်း ရုတ်တရက် သတိလက်လွတ်ဖြစ်ကာ ခေါ်လိုက်မိသည်က 'ကို'။

ပြီးမှ နှစ်ယောက်လုံး သတိမူမိသည်က ကြယ်စင် ရှိနေသည်ကိုပင် ။ သူမလည်း ရုတ်တရက် ကြားလိုက်ရ၍ အံသြ သွားဟန်တူသည်။ သုံးယောက် လုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ စကားလုံးများတိတ်ဆိတ်နေခိုက် ထိုတိတ်ဆိတ်မှုကို စပြီး ဖြိုခွင်းလိုက်သူက ကြယ်စင်။

"ကိုကို...ခုမှနိုးတာလား... ကိုသွေးက...ကိုကို့ကိုစောင့်နေတာ..တော်တော်တောင်ကြာပြီ...နှိုးပေးရမလားဆိုတာကို... နိုးလာတဲ့အထိ ထိုင်စောင့်မယ်ဆိုလို့.. ကြယ်စင်...အဖော်လုပ်ပေးနေတာ...... "

"သြော်...ဟုတ်လား...." ဟူ၍ သာ ကျွန်တော်ပြန်ပြောမိသည်။

"ကို....ကိုလင်း....နိုးပြီဆိုတော့...ကျွန်တော်တို့..အပြင်မှာ...တစ်ခုခုသွား စားရအောင်လေ..နော်..." ဟု သူကလေးက ခွင့်တောင်းလေသည်။

ကြာသလားလို့..သွေးသစ်ရယ်...မင်းကို..တွေ့ချင်၊ မြင်ချင်၊ စကားတွေအများကြီးပြောချင်နေတဲ့ကောင်ပါကွ....ခွင့်တောင်းစရာ မလိုပါဘူး......

"အင်း...သွားမယ်လေ...ရာသီဥတုက... ဒီနေ့သာယာနေတာပဲကို...အပြင်မှာ..သွားစားတာပေါ့...." ဟူ၍ မြန်မြန်သွားရရန် ကျွန်တော်​ပြောလိုက်မိသည်ကို

"ဘယ်မှာ..သာယာလို့လဲ...ကိုကို...မိုးတွေအုံ့နေပြီး ....မနက်ကတည်းက..နေတောင်မမြင်ရတာကို...." ဟူ၍ ကြယ်စင်တစ်ယောက် ပြန်ပြောလေသည်။

ဘာရယ်မဟုတ် စိတ်ထဲမှာ ပျော်နေမိ၍ ပြောလိုက်သည်ကို ခနဲ့သလို၊ ရွဲ့သလိုပြန်ပြောလိုက်သော ကြယ်စင့်ကို ကျွန်တော် နားမလည်နိုင် ။ ယခင်က အခုလို ဒီကောင်မလေး မခနဲ့တတ်၊ မရွဲ့တတ်ပါဘူး ဟု တွေးမိကာ
"မေမေဈေးက..ပြန်လာရင်...ပြောလိုက်နော်...အပြင်ခဏသွားတယ်လို့...."ဟု မှာတမ်းခြွေလိုက်သည်။

"ဟုတ်ကဲ့....." ဟုပြန်ပြောနေသော်လည်း ကြယ်စင့် မျက်လုံးများက ကျွန်တော့်ကို မကြည့်ဘဲ မျက်လွှာချထားလေသည်ကိုတော့ သတိထားမိလိုက်သည်။

ရှေ့မှ သွက်လက်တက်ကြွသော ခြေလှမ်းများဖြင့် ဦးဆောင်ကာ ထွက်လာမိသူက ကျွန်တော်။ မျှော်လိုက်ရတာ... ကလေးရယ်...မင်းဒီမနက်..ရောက်လာမယ်မှန်းသိရင်...အိပ်ဆေးသောက်မအိပ်ပါဘူးကွာ...ခုတော့..မင်းဘယ်လောက်တောင်စောင့်လိုက်ရမလဲ...ကိုယ့်မှာ..မင်းကိုပြောဖို့..စကားတွေအများကြီးပဲဆိုတာထက်....ဒီနေ့တော့...ကိုယ်ဆုံးဖြတ်ချက်ချလိုက်တာက...ဘာပဲဖြစ်ဖြစ်... ကိုယ်ချစ်နေတာကို...မင်းသိအောင်ပြောမယ်ကွာ....ကိုယ်ဒီ့ထက်..ပိုမခံစားနိုင်တော့ဘူးကွ...မင်းကိုဖွင့်ပြောပြီး...မင်းရဲ့ 'ကို' ဖြစ်ချင်တယ်.................။

ကျွန်တော် ကံကောင်းသွားသည်က သူကလေး 'ကို' ဟုခေါ်လိုက်သည်ကို ကြားလိုက်ရသူက ဖေဖေနှင့်မေမေ မဟုတ်ပဲကြယ်စင် ဖြစ်နေသည်ကိုပင်။ နောက်မှ ကြယ်စင့်ကို အကြောင်းအရာလွှဲကာ ရှင်းပြရမည်မဟုတ်လား။ ဟူး.....မင်းကို..ချစ်ရတာလည်း..မလွယ်ပါလား......

စက်ဘီးတစ်စီးတည်းဖြင့် ထွက်သွားသော သူတို့နှစ်ယောက် ကို
"သြော်.....ကိုကိုရယ်....." ဟူ၍မျက်ရည်လေးများ ဝဲကာ ရပ်ကြည့်နေမိသူက ကြယ်စင် ။

&&&&&&&&&&&&

တစ်လမ်းလုံး ကျွန်တော့် စိတ်ထဲတွင် သူကလေးအား ဖွင့်​ပြောရန် အမှန်ပင် စိတ်ကူးနေမိသည်။

ကျွန်တော်ပြောလိုက်လျှင် သူကလေးက ဘာပြန်ပြောမည်လဲ...သူ့ဘက်ကပင်..စတင်၍ ..ကျွန်တော့်ကို... 'ကို' ဟု စိတ်လိုလက်ရ ခေါ်ခဲ့သည်.. မဟုတ်လား...ပြီးတော့.. ကျွန်တော်နှင့်..အတူတူရှိနေလျှင်..သူပျော်သည်ဟုလည်း..ပြောခဲ့သေးသည်လေ... ချစ်ခြင်းအစ..မျက်ဝန်းကမဟုတ်လား...သူကလေး၏.. မျက်ဝန်းက...ပြောလာသော..စကားများကို..ကျွန်တော်..အဓိပ္ပာယ် ပြန်မိတော့လည်း...ချစ်ပါတယ်..ဆိုသော..အဖြေပင်ထွက်သည်...သေချာသည်က..ကျွန်တော်သည်...သူကလေး၏...ရင်ဘတ်ထဲတွင်...နေရာတစ်ခုရနေပြီးသား..ဟူသည်မှာ..မည်သို့မျှ မလွဲနိုင်ပေ........

"သွေးသစ်...ကို...ဘယ်ဆိုင်...သွားရမှာလဲ....မင်း..ဘာစားချင်လဲ... "

"ကို...အဆင်ပြေတဲ့..ဆိုင်ကိုသွားလေ....ကျွန်တော်ကတော့...ရှမ်းခေါက်ဆွဲ...စားချင်တယ်...."

"Okay......"

ကျွန်တော် အမြန်ပင် နင်းခဲ့သည်က ရှမ်းခေါက်ဆွဲ အရမ်းကောင်းသည်ဟု နာမည်ကြီးသောဆိုင်သို့။ သူကလေးက အခုမှ နေကောင်းပြီးခါစ ဖြစ်၍ သူစားချင်သော အရာက သူ့အတွက် အားဖြစ်စေသည်မဟုတ်လား။ ကျွန်တော့်အတွက်ကတော့ သူကလေး စက်ဘီးနောက်တွင် ပါလာသည်ကပင် အားဖြစ်နေလေပြီ။

ဆိုင်ကိုရောက်တော့ လူရှင်းနေပေပြီ။ အခြေအနေကတော့ ကိုယ့်ဘက်မှာ ခုချိန်ဖွင့်ပြောခြင်းသည်သာလျှင် အချိန်ကောင်းဖြစ်နေသည်။သို့ပေမယ့် ချက်ချင်းပြော၍လည်း မဖြစ်သေးပေ။ စကားချီရဦးမည် မဟုတ်လား။

ကျွန်တော်တို့ ချောင်ကျသော ဝိုင်းကိုရွေးထိုင်လိုက်ပြီး ရှမ်းခေါက်ဆွဲ ကြက်သားနှင့် နှစ်ပွဲ မှာလိုက်ပြီး သူကလေးက
"ကော်ဖီ Espresso တစ်ခွက်ပေးပါနော်....." ဟူ၍  မှာလိုက်သေးသည်။ ကျွန်တော်ပြုံးလိုက်မိသည် ။ သူကျွန်တော့် အတွက် မှာလိုက်သည်ဆိုတာ ဗေဒင်ဆရာ ပြေးမေးစရာ မလိုအောင်ပင် သေချာသည်လေ။

"သွေးသစ်...ဘာဖြစ်လို့..သုံးပတ်တောင်..ကျောင်းမလာတာလဲ..နေရောကောင်းပြီလား...အရှင်းပျောက်တာရော...ဟုတ်လို့လား....ကို..မင်းကို..စိတ်ပူနေတာ..."

"ကျွန်တော်...ဘာမှမဖြစ်တော့ပါဘူး...အားလုံးကောင်းပါတယ်...သွေးအားနည်းလို့...ကြာကြာအနားယူလိုက်တာပါ...မေမေက..စိတ်ပူလို့...တော်တော်နဲ့...ကျောင်းမလာဖြစ်တာ...."

"ကို....ကို....မင်းကို....ပြောစရာရှိတယ်....."

"ဟုတ်လား....ကျွန်တော်လည်း...ကို့ကို...ဖွင့်ပြောပြစရာရှိတယ်.....ကို..အရင်ပြောလိုက်....ပြီးမှ...ကျွန်တော်ပြောမယ်...."

"မင်းအရင်ပြောပါ...မင်းကိုဦးစားပေးတယ်...."

ပြောနေခိုက်တွင် စားပွဲထိုးလေးက စားစရာများလာချ၍ စကားစခေတ္တ ပျက်တောက်သွားသည်။ ပြီးမှ သူကလေးက
" ကျွန်တော်လေ...လူတစ်ယောက်နဲ့...ဝေးနေမှ..သူ့ကိုဘာလို့်..အမြဲသတိရနေမှန်းမပြောတတ်ဘူး...ကျွန်တော်..အဲ့လို..တစ်ခါမှ..မဖြစ်ဖူးဘူး....နေမကောင်းဖြစ်နေတဲ့...ကိုယ့်ကိုကိုယ်ထက်...သူ့ကိုပိုစိုးရိမ်..စိတ်ပူနေမိတယ်....အဲ့ဒါဘာကြောင့်လို့...ကို..ထင်လဲ...."

ဟောဗျာ....ကို...ပြောမယ့်စကားတွေကို....မင်းကအရင်ပြောနေတာလား....မင်းကို့ကို...ဖွင့်ပြောနေတာလား...သွေးသစ်...

"ကို...ကဘယ်လိုထင်ရမှာလဲ...သွေးသစ်....မင်းရော...ဘယ်လိုထင်လဲ....မင်းရဲ့ခံစားချက်ကို...မင်းဆန်းစစ်ကြည့်ပေါ့..."
ကျွန်တော် သိသလောက် အကြံပေးဖြစ်သည်။ ဘာပဲဖြစ်ဖြစ်  ကျွန်တော်သူ့ဆီက ကြားချင်သည့်စကားက...

" ကျွန်တော်..အချိန်ယူပြီး...ဆန်းစစ်ပြီးပြီ..ကို...သူ့ကိုတွေ့ချင်နေတာတွေ...သူ့ကိုသတိရနေတာတွေက..အလွမ်းတဲ့...လွမ်းနေမိတယ်..ဆိုကတည်းက...
ကျွန်တော်ချစ်မိနေလို့ပေါ့...ဟုတ်တယ်မဟုတ်လား...ကို...."

ပြောနေရင်း ကော်ဖီ လာချတော့ သွေးသစ်က ကျွန်တော့်ဘက် တိုးပေးလေသည်။ ကျွန်တာ် ပီတိဖြစ်ရသည်။ သူကလေး၏ အချစ်ကိုသာ ကျွန်တော်ရလျှင်တော့ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားက ကျွန်တော်ပဲ ဖြစ်လိမ့်မည်။

"ကျွန်တော်...ဆုံးဖြတ်ပြီးပြီ.. ကို... ကျွန်တော်ဖွင့်ပြောတော့မယ်......"

မျှော်လင့်တကြီးဖြင့် ကျွန်တော် စောင့်စားနေမိသည်။

"ကျွန်တော်...ကျွန်တော်.....သူငယ်ချင်းအချင်းချင်း..စည်းကျော်သလိုများဖြစ်နေမလား...ကို.."

ကျွန်တော် ဘာမျှ ပြန်မပြောမိဘဲ ကော်ဖီခွက်ကို ကိုင်ကာ သူကလေးပြောမည့်စကားများကို သိနေသောဟန်ဖြင့် ပြုံးမိနေသည်။

" ချစ်ရိပ်ကရော...လက်ခံပါ့မလား...ကို..."

ဟင်....ချစ်ရိပ်....ချစ်ရိပ်က...လက်ခံပါ့မလား ဆိုတော့....မင်းချစ်နေတာက...ချစ်ရိပ်ပေါ့...တစ်ချိန်လုံး သတိရပြီး...တစ်ချိန်လုံး လွမ်းနေတဲ့သူ..တစ်ချိန်လုံး စိတ်ပူနေတဲ့သူက...ချစ်ရိပ်ချိုပေါ့....

လက်ထဲမှ ကော်ဖီခွက်ကို လွှတ်မချမိအောင် မြဲမြဲဆုပ်ကိုင်ပြီး အံကိုတင်းတင်းကြိတ်ကာ ထားမိသည်။ ငါဘက်က ဒီလောက်ချစ်နေတာတောင် မင်းရဲ့အချစ်ကတော့ ချစ်ရိပ်အတွက်တဲ့လား ကွာ...

"ကို...ကျွန်တော်မေးနေတယ်လေ..ချစ်ရိပ်ကလက်ခံပါ့မလားလို့....သူကျွန်တော့်ကို..မုန်းသွားမှာ...ကြောက်တယ်...ကို..."

သူမုန်းမှာကိုကြောက်တယ်တဲ့လား....မင်းကိုငါ..မုန်းပစ်လိုက်ချင်တယ်ကွာ....အရမ်းရက်စက်တယ်ဆိုတာထက်...မင်းကလူတစ်ယောက်ကိုမျှော်လင့်ချက်တွေပေးပြီး...နောက်ဆုံးကျရိုက်ချတတ်တာ..မင်းအကျင့်လား....ငါဘယ်လောက်ထိတောင်..မျှော်လင့်မိနေလဲ...တောင့်တမိနေလဲဆိုတာ..ကိုယ့်ကိုကိုယ်တောင်..ရှက်မိတယ်...လုပ်ရက်လိုက်တာကွာ.....

"သူက..ကျွန်တော့်သူငယ်ချင်းပဲ...စိမ်းစိမ်းကားကားတော့..မလုပ်လောက်ပါဘူးနော်...ကို..."
"..........." ပြောချင်တာတွေများလွန်းနေ၍ထင် စကားလုံးများဆွံ့အ နေမိသည်။

"ကို...ပြောစရာရှိတယ်ဆို...ပြောလေ..."

"ဘာမှမဟုတ်တော့ပါဘူး...မင်း​ပြောတာလောက်..အရေးမပါပါဘူး...ထားလိုက်ပါတော့...."

ကျွန်တော်ဖြစ်နိုင်လျှင် မှာထားသော ရှမ်းခေါက်ဆွဲ ပန်းကန်ကို လွှင့်ပစ်ကာ ခုံတွေကိုရိုက်ချိုးပစ်ချင်လောက်အောင် ဒေါသလည်းထွက်မိ၊ ရှက်လည်းရှက်မိနေသည်။ ကျွန်တော် အချစ်ရဆုံးသော သူ၏မျက်နှာကိုပင် နှစ်ဆင့်လောက်ဆင့်ကာ ထိုးပစ်လိုက်ချင်သည်။

တကယ်တမ်းတွင်တော့ ကျွန်တော့်မျက်နှာချင်းဆိုင်တွင် အပူအပင်မဲ့ကာ ထိုင်နေသော သူ့မျက်နှာကို အကြိမ်ကြိမ်ငေးကြည့်ပြီး သက်ပြင်းများအခါခါချမိ၍သာ နေလေသည်။ အံကိုတော့ တင်းတင်းသာကြိတ်ထားမိပြီး မျက်ရည်များက ပါးပြင်ပေါ်တားထသည့် ကြားမှ စီးကျလာသည်။ ရင်ဘတ်တစ်ခုလုံး ဖော်မပြတတ်အောင် နာကျင်နေမိသည်။

မှာထားသည်များကို တစ်ဇွန်းပင် ခပ်မစားဖြစ်ပဲ ကော်ဖီကိုခါးခါးကိုသာ တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်သည်။ ကော်ဖီခါးသည်ထက် ရင်ဘတ်ထဲက ပို၍ ခါးသက်နေမိသည်ကို ကျွန်တော်မှတစ်ပါး ဘယ်သူမျှမသိချေ။

သူလေးကတော့ ဘာမျှကို ဂရုပြုမိပုံမရဘဲ တစ်ပန်းကန်လုံး ကုန်ခါမှ ထပြန်လာမိတော့သည်။ သူနှင့်ကျွနိတော် အလာတုန်းကထက် ပို၍ စိမ်းကားသွားသည်။ သူလည်း သူ့အတွေးနှင့်သူ ကိုယ်လည်းကိုယ့်အတွေးနှင့်ကို အိမ်ကိုအမြန်ရောက်ဖို့သာ ရှေးရူ၍ မြန်မြန်နင်းလာမိသည်။

&&&&&&&&&&&

အိမ်ပြန်ရောက်တော့ အခန်းထဲသို့သာ ပြေးဝင်၍ ရှိရှိသမျှ ပစ္စည်း များကိုပေါက်ခွဲပစ်ရန် ကြံစည်ထားသော်လည်း ရောက်ရောက်ချင်း မြင်လိုက်ရသော မြင်ကွင်းကြောင့် မိမိခံစားချက်များကို မြိုသိပ်လိုက်ရသည်။

"မေမေ...မေမေ..ဘာလို့ငိုနေတာလဲ....သားကိုပြောပြပါဦး........"

"သား..သားရယ်...မေမေလေ...မေမေသိပ်ချစ်တဲ့သမီးလေးကို...ဆုံးရှုံးရဖို့...လက်တစ်ကမ်းပဲ...လိုတော့တယ်....ကံသီပေလို့...မေမေ..သမီးလေးကို...လက်မလွှတ်လိုက်ရတာ...."

"ဗျာ....မေမေ..ဘာကိုဆိုလိုတာလဲ....ကြယ်စင်..ကြယ်စင်က..... "

"ဟုတ်တယ်သား...မေမေဈေးကပြန်လာတော့...တစ်အိမ်လုံးတိတ်ဆိတ်နေပြီး..ဘယ်သူ့ကိုမျှမတွေ့လို့...သမီးလေး..အခန်းထဲဝင်ကြည့်မိတော့...မတ်တပ်ရပ်ပြီး...မျက်ရည်အဝိုင်းသားနဲ့...သမီးကိုတွေ့လိုက်ရတယ်...လက်ကောက်ဝတ်ကိုလှမ်းကြည့်မိတော့...ဓားနဲ့ ယူဖြတ်ထားတယ်...သားရယ်...."

"ဘယ်လို...ကြယ်စင်က...သေကြောင်းကြံတယ်လို့..မေမေပြောလိုက်တာလား...အခုရော...အခုရောညီမလေး...အခြေအနေဘယ်လိုနေသေးလဲ...မေမေ..."

"ဖြစ်ဖြစ်ချင်း...ဆရာဝန်ကိုဖုန်းဆက်ခေါ်လိုက်လို့...ဘာမှတော့မဖြစ်သွားဘူးသား...အပေါ်ယံ လေးပဲရှပ်ထိ...သွားတာတဲ့....တော်သေးတာပေါ့..သားရယ်...အဲ့လိုမှမဟုတ်ရင်..မေမေ...မေမေ....."

မေမေ့ကို ကျွနိတော့်ရင်ခွင်ထဲ ဆွဲသွင်းကာ ငိုစေလိုက်တော့သည်။ မေမေ ဘယ်လောက်တောင် ထိတ်လန့်သွားလိမ့်မလဲ။ ကြယ်စင်ကရော ဘာလို့ အခုလိုလုပ်ရတာလဲ။ ရှစ်တန်းအရွယ် ညီမလေးတစ်ယောက်ဆိုပေမယ့် ကြယ်စင်က ကလေးတစ်ယောက်တော့ မဟုတ်တော့ပေ။ အရပ်ကလည်း အပျိုပေါက်တစ်ယောက်ကဲ့သို့ အသွေးအမွေးကအစ ကလေးမဟုတ်တော့တာ တော့ ကျွန်တော် သတိထားမိသည်။ သို့သော် သူဘာကြောင့်.....

မေမေ့ကိုနှစ်သိမ့်ကာ ကျွန်တော် လှမ်းလျှောက်လာမိသည်က ကြယ်စင်၏ အခန်းထဲသို့...

သူမ က အခန်းထဲရှိ ကုလားထိုင်တစ်ခုတွင် ထိုင်ကာ ငြိမ်နေသည်။ ကျွန်တော်ဝင်သွားတော့ ကြည့်မိသည်က ပတ်တီးစည်းထားသော ဘယ်ဘက် လက်ကောက်ဝတ်။

"ကြယ်စင်...နင်..ဘာလို့......"

"ဘာလို့...အခုလိုလုပ်ရလဲလို့..ကိုကိုမေးမလို့မဟုတ်လား..... "

"ကြယ်စင်ကလည်း...ကိုကို့ကို...မေးချင်နေတာ...ကိုကို...ကိုသွေးကို...ချစ်နေတာမဟုတ်လား..."

"ဘာ...နင်..ဘယ်လို...."

"သိနေတာလဲလို့...မေးဦးမလို့..မဟုတ်လား...ကိုကိုရယ်..ကြယ်စင်က..ကိုကိုနဲ့..အနေအနီးဆုံး...ကိုကို့ကို..အရိပ်တကြည့်ကြည့်...အကဲခတ်နေတဲ့သူပါ...ကိုကိုသာ...ကိုယ့်ညီမလေး... ဘာဖြစ်နေလဲ..ဆိုတာ...တစ်ခုမှမသိဘူး...မဟုတ်လား...."

သူမ စကားများက မှန်နေသည်။ ကျွန်တော့် ညီမလေး ဘာဖြစ်ချင်သည်၊ ဘာလုပ်ချင်သည်ဆိုတာကို အမှန်တကယ်ပင် စိတ်မဝင်စားသလို ဂရုလည်း မပြုမိခဲ့။ ငါမှားခဲ့သည်ပဲ...

"ကြယ်စင်ကလည်း....ကိုသွေးကို...ချစ်နေတာကိုကိုရဲ့....ကိုကိုသိရဲ့လား...."
"ဘာ..!!!...နင်ဘာပြောလိုက်တယ်...."
"ကိုကို..မယုံရင်..ကြယ်စင့်ဖုန်းကို..ဖွင့်ကြည့်လိုက်..."

စားပွဲပေါ် တင်ထားသော သူမဖုန်းကို ကောက်ယူကြည့်လိုက်တော့ lock screen မှာပေါ်လာသည်က သွေးသစ်ပုံ ဘယ်အချိန်ခိုးရိုက်ထားမှန်းမသိ။ သွေးသစ်က ပြုံးနေသည့်ပုံ ၊ နောက် home screen မှာလည်း သွေးသစ်ရယ်နေသောပုံ ဘယ်လိုများခိုးရိုက်ထားပါလိမ့်....

"နင်ကငယ်သေးတယ်...ကြယ်စင်...ဒါတွေကိုဘာလို့..စိတ်ဝင်စားနေရတာလဲ....အခုမှရှစ်တန်းပဲရှိသေးတယ်လေ..."
"ကြယ်စင်ကငယ်သေးတယ်...လက်ခံပါတယ်ကိုကို...ဒါပေမယ့်...ငယ်သေးရင်..ချစ်လို့မရဘူးလား...ကိုသွေးကို..အခုလိုချင်တယ်လို့...ကြယ်စင် မပြောပါဘူး...ဒါပေမယ့်.. တစ်ချိန်ကျရင်..ကြယ်စင်..ကိုသွေးကို...ပိုင်ဆိုင်ချင်တယ်..ကိုကို.... "

သြော်...သူ့မှာ လည်း..ခံစားချက်နဲ့ပဲ...

"ဒါပေမယ့်...ကိုကိုရယ်...ကြယ်စင်မျှော်လင့်ချက်တွေ..အားလုံးပျက်စီးသွားပြီလေ....ကိုကိုနဲ့..ကိုသွေးနဲ့က.....ချစ်သူတွေ...."

"မဟုတ်ဘူး...ကြယ်စင်...နင်ထင်သလို..မဟုတ်ဘူး...သူချစ်နေတာက..ချစ်ရိပ်ကို..."

"ရှင်.....ကိုကို..တကယ်ပြောတာ လား..."

"အင်း....."

"အဲ့ဒါဆို..ကြယ်စင်စိတ်အေးသွားပြီ...ကိုကို...မမချစ်ရိပ်က...ကိုသွေးကိုမချစ်ဘူးလေ...."

စောစောက ကြယ်စင်မဟုတ်သလိုပင်။ အပြုံးရိပ်လေးများ ပြန်သမ်းလာလေသည်။  ကျွန်တော် ညီမလေးကို ဂရုမစိုက်ပဲ ပစ်ထားခဲ့မိသည့်အပြစ်များပင်။ ဖြစ်ရလေ ညီမလေးရယ် ကိုကို့ ညီမလေးက ကလေးလေးမဟုတ်တော့ဘူးပဲ လူတိုင်းချစ်တတ်တာ မဆန်းပေမယ့် ကိုကိုတို့မောင်နှမ နှစ်ယောက် ကျမှ ဘာလို့တစ်ယောက်တည်းကို....

ကျွန်တော် ကြယ်စင့်ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ
"ညီမလေး...သွေးသစ်ကိုချစ်တာကို..ကိုကို..အပြစ်မပြောပါဘူး... ဒါပေမယ့်..ညီမလေး ကငယ်သေးတယ်...ပညာရေးကိုသာ..အာရုံစိုက်...တစ်ချိန်ကျရင်...သွေးသစ်က..ညီမလေး ရဲ့လူ..ဖြစ်စေရမယ်..ကိုကို..ကတိပေးတယ်...."

"Promise??..."
"အင်း......."
"နောက်..ဒီလိုလုပ်ရက်မျိုး..ထပ်မလုပ်ရဘူးနော်...ကိုကို့ကို..ကတိပေး...."
"ဟုတ်......."

ညီမလေးရယ်.......။

မိမိရင်ထဲမှ ခံစားချက်များကိုပင် လျစ်လျူရှုကာ ညီမလေးအတွက်ကိုသာ စိတ်ပူပန်နေမိသည်မှာ အကိုတစ်ယောက် ဖြစ်သောကြောင့်ဖြစ်မည်။

သူကလေးကို ကျွန်တော်ချစ်သည်။ သို့သော် ညီမလေး ကို အဆုံးရှုံးမခံနိုင်ပေ။ ဘာပဲဖြစ်ဖြစ် ညီမလေး ကိုပေးလိုက်သော ကတိကို ကျွန်တော်မရရအောင် တည်ဖို့ကြိုးစားရမည်။

ငါရဲ့အချစ်တွေက မစခင်ကတည်းက..တိတ်တဆိတ် အဆုံးသတ်သွားပြီ...သွေးသစ်ရေ...........

'တိတ်ဆိတ်ခြင်း နောက်ကွယ်မှာ
ဆူညံပွက်လောရိုက်အောင်
ခံစားနေရတဲ့  နှလုံးသားတွေ
ရှိနေတတ်သည်....'

&&&&&&&&&&&&&&&&&&&&&&&&

Thank you everyone 😘😘😘

&&&&&&&&&&&&&&&&&&&&&&&&

(Zawgyi)

အိပ္မေပ်ာ္သည့္ ညမ်ားကား ေန႕စဥ္ရက္ဆက္ျဖစ္လာ၍ အိပ္ေဆး ေသာက္ကာ အိပ္ေနရသည္မွာ သုံးေလးရက္မွ်ပင္ ရွိခဲ့ၿပီ။ သူကေလးကို မျမင္မေတြ႕ရသည္မွာ သုံးပတ္ပင္ ျပည့္ေလၿပီ မဟုတ္လား။ အိပ္ေဆးမွေသာက္၍ ကြၽန္ေတာ္မအိပ္လွ်င္ ေသြးသစ္ကို မျမင္ရခင္ စိတ္က်န္းမာေရးေဆး႐ုံ ေရာက္သြားနိုင္သည္ေလ။

ကြၽန္ေတာ့္အေၾကာင္းကို သိ၍ထင္ ေမေမေရာ၊ေဖေဖေရာ၊ ညီမေလးေရာ၊ တစ္ေယာက္မွ် လာမႏွိုးၾကေခ်။ ယခင္က ေက်ာင္းပိတ္ရက္ပင္ျဖစ္လင့္ကစား ေဖေဖကလာႏွိုးတတ္သည္ေလ။ ယခုေတာ့ တစ္ေယာက္မွ် လာမႏွိုးသည့္အျပင္ တစ္အိမ္လုံး တိတ္ဆိတ္ေနေလသည္။ ကြၽန္ေတာ့္အပူက တစ္အိမ္လုံးကိုမ်ား ကူးစက္သြားၿပီလား..။

နာရီၾကည့္မိေတာ့ ဆယ္နာရီ ပင္ထိုးေနၿပီ။ 'ငါ..ဒီအခ်ိနိထိ..အိပ္ေနမိတာလား.....' ဟူ၍ အိပ္ယာမွထကာ ေရခ်ိဳးအဝတ္အစားလဲၿပီး မီးဖိုခန္းသို႔ တန္းဆင္းလာမိေတာ့သည္။ မနက္စာက အဆင္သင့္။ စားခ်င္စိတ္မရွိ၍ ေကာ္ဖီခါးခါးတစ္ခြက္ကို တစ္ငုံေမာ့ေသာက္လိုက္မိသည္။

႐ုတ္တရက္ ဧည့္ခန္းမွ စကားေျပာသံၾကားလိုက္ရ၍ ေသာက္လက္စ ေကာ္ဖီ ခြက္ကိုကိုင္ကာ ထြက္လာမိသည္။

"ခလြမ္း.............."
တစ္ခ်ိန္လုံး ေတာင့္တသတိရေနေသာ လူတစ္ေယာက္ကို ႐ုတ္တရက္ ျမင္လိုက္ရ၍ လက္ထဲမွ ေကာ္ဖီခြက္ကို သတိလက္လြတ္ျဖစ္ကာ လႊတ္ခ်လိဳက္မိသည္အထိ။

ဧည့္ခန္းတြင္ ၾကယ္စင္ႏွင့္အတူ စကားေျပာေနသူက ေသြးသစ္..။ ကြၽန္ေတာ္ထြက္လာသည္ကို ျမင္ေတာ့ သူကေလးက အၿပဳံးတစ္ပြင့္ျဖင့္ ႀကိဳဆိုသည္။ မ်က္လုံးအျပဴးသားျဖင့္ ေကာ္ဖီခြက္ကို လႊတ္ခ်လိဳက္မိေသာ ကြၽန္ေတာ့္ကို ေသြးသစ္က

"ပူကုန္ေတာ့မွာပဲ...ဘယ္လိုျဖစ္တာလဲ...ကို..ရယ္..ရရဲ႕လား....." ဟူ၍ သူကေလးလည္း ႐ုတ္တရက္ သတိလက္လြတ္ျဖစ္ကာ ေခၚလိုက္မိသည္က 'ကို'။

ၿပီးမွ ႏွစ္ေယာက္လုံး သတိမူမိသည္က ၾကယ္စင္ ရွိေနသည္ကိုပင္ ။ သူမလည္း ႐ုတ္တရက္ ၾကားလိုက္ရ၍ အံၾသ သြားဟန္တူသည္။ သုံးေယာက္ လုံး တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ကာ စကားလုံးမ်ားတိတ္ဆိတ္ေနခိုက္ ထိုတိတ္ဆိတ္မႈကို စၿပီး ၿဖိဳခြင္းလိုက္သူက ၾကယ္စင္။

"ကိုကို...ခုမွနိုးတာလား... ကိုေသြးက...ကိုကို႔ကိုေစာင့္ေနတာ..ေတာ္ေတာ္ေတာင္ၾကာၿပီ...ႏွိုးေပးရမလားဆိုတာကို... နိုးလာတဲ့အထိ ထိုင္ေစာင့္မယ္ဆိုလို႔.. ၾကယ္စင္...အေဖာ္လုပ္ေပးေနတာ...... "

"ေၾသာ္...ဟုတ္လား...." ဟူ၍ သာ ကြၽန္ေတာ္ျပန္ေျပာမိသည္။

"ကို....ကိုလင္း....နိုးၿပီဆိုေတာ့...ကြၽန္ေတာ္တို႔..အျပင္မွာ...တစ္ခုခုသြား စားရေအာင္ေလ..ေနာ္..." ဟု သူကေလးက ခြင့္ေတာင္းေလသည္။

ၾကာသလားလို႔..ေသြးသစ္ရယ္...မင္းကို..ေတြ႕ခ်င္၊ ျမင္ခ်င္၊ စကားေတြအမ်ားႀကီးေျပာခ်င္ေနတဲ့ေကာင္ပါကြ....ခြင့္ေတာင္းစရာ မလိုပါဘူး......

"အင္း...သြားမယ္ေလ...ရာသီဥတုက... ဒီေန႕သာယာေနတာပဲကို...အျပင္မွာ..သြားစားတာေပါ့...." ဟူ၍ ျမန္ျမန္သြားရရန္ ကြၽန္ေတာ္​ေျပာလိုက္မိသည္ကို

"ဘယ္မွာ..သာယာလို႔လဲ...ကိုကို...မိုးေတြအုံ႕ေနၿပီး ....မနက္ကတည္းက..ေနေတာင္မျမင္ရတာကို...." ဟူ၍ ၾကယ္စင္တစ္ေယာက္ ျပန္ေျပာေလသည္။

ဘာရယ္မဟုတ္ စိတ္ထဲမွာ ေပ်ာ္ေနမိ၍ ေျပာလိုက္သည္ကို ခနဲ႕သလို၊ ႐ြဲ႕သလိုျပန္ေျပာလိုက္ေသာ ၾကယ္စင့္ကို ကြၽန္ေတာ္ နားမလည္နိုင္ ။ ယခင္က အခုလို ဒီေကာင္မေလး မခနဲ႕တတ္၊ မ႐ြဲ႕တတ္ပါဘူး ဟု ေတြးမိကာ
"ေမေမေဈးက..ျပန္လာရင္...ေျပာလိုက္ေနာ္...အျပင္ခဏသြားတယ္လို႔...."ဟု မွာတမ္းေႁခြလိုက္သည္။

"ဟုတ္ကဲ့....." ဟုျပန္ေျပာေနေသာ္လည္း ၾကယ္စင့္ မ်က္လုံးမ်ားက ကြၽန္ေတာ့္ကို မၾကည့္ဘဲ မ်က္လႊာခ်ထားေလသည္ကိုေတာ့ သတိထားမိလိုက္သည္။

ေရွ႕မွ သြက္လက္တက္ႂကြေသာ ေျခလွမ္းမ်ားျဖင့္ ဦးေဆာင္ကာ ထြက္လာမိသူက ကြၽန္ေတာ္။ ေမွ်ာ္လိုက္ရတာ... ကေလးရယ္...မင္းဒီမနက္..ေရာက္လာမယ္မွန္းသိရင္...အိပ္ေဆးေသာက္မအိပ္ပါဘူးကြာ...ခုေတာ့..မင္းဘယ္ေလာက္ေတာင္ေစာင့္လိုက္ရမလဲ...ကိုယ့္မွာ..မင္းကိုေျပာဖို႔..စကားေတြအမ်ားႀကီးပဲဆိုတာထက္....ဒီေန႕ေတာ့...ကိုယ္ဆုံးျဖတ္ခ်က္ခ်လိဳက္တာက...ဘာပဲျဖစ္ျဖစ္... ကိုယ္ခ်စ္ေနတာကို...မင္းသိေအာင္ေျပာမယ္ကြာ....ကိုယ္ဒီ့ထက္..ပိုမခံစားနိုင္ေတာ့ဘူးကြ...မင္းကိုဖြင့္ေျပာၿပီး...မင္းရဲ႕ 'ကို' ျဖစ္ခ်င္တယ္.................။

ကြၽန္ေတာ္ ကံေကာင္းသြားသည္က သူကေလး 'ကို' ဟုေခၚလိုက္သည္ကို ၾကားလိုက္ရသူက ေဖေဖႏွင့္ေမေမ မဟုတ္ပဲၾကယ္စင္ ျဖစ္ေနသည္ကိုပင္။ ေနာက္မွ ၾကယ္စင့္ကို အေၾကာင္းအရာလႊဲကာ ရွင္းျပရမည္မဟုတ္လား။ ဟူး.....မင္းကို..ခ်စ္ရတာလည္း..မလြယ္ပါလား......

စက္ဘီးတစ္စီးတည္းျဖင့္ ထြက္သြားေသာ သူတို႔ႏွစ္ေယာက္ ကို
"ေၾသာ္.....ကိုကိုရယ္....." ဟူ၍မ်က္ရည္ေလးမ်ား ဝဲကာ ရပ္ၾကည့္ေနမိသူက ၾကယ္စင္ ။

&&&&&&&&&&&&

တစ္လမ္းလုံး ကြၽန္ေတာ့္ စိတ္ထဲတြင္ သူကေလးအား ဖြင့္​ေျပာရန္ အမွန္ပင္ စိတ္ကူးေနမိသည္။

ကြၽန္ေတာ္ေျပာလိုက္လွ်င္ သူကေလးက ဘာျပန္ေျပာမည္လဲ...သူ႕ဘက္ကပင္..စတင္၍ ..ကြၽန္ေတာ့္ကို... 'ကို' ဟု စိတ္လိုလက္ရ ေခၚခဲ့သည္.. မဟုတ္လား...ၿပီးေတာ့.. ကြၽန္ေတာ္ႏွင့္..အတူတူရွိေနလွ်င္..သူေပ်ာ္သည္ဟုလည္း..ေျပာခဲ့ေသးသည္ေလ... ခ်စ္ျခင္းအစ..မ်က္ဝန္းကမဟုတ္လား...သူကေလး၏.. မ်က္ဝန္းက...ေျပာလာေသာ..စကားမ်ားကို..ကြၽန္ေတာ္..အဓိပၸာယ္ ျပန္မိေတာ့လည္း...ခ်စ္ပါတယ္..ဆိုေသာ..အေျဖပင္ထြက္သည္...ေသခ်ာသည္က..ကြၽန္ေတာ္သည္...သူကေလး၏...ရင္ဘတ္ထဲတြင္...ေနရာတစ္ခုရေနၿပီးသား..ဟူသည္မွာ..မည္သို႔မွ် မလြဲနိုင္ေပ........

"ေသြးသစ္...ကို...ဘယ္ဆိုင္...သြားရမွာလဲ....မင္း..ဘာစားခ်င္လဲ... "

"ကို...အဆင္ေျပတဲ့..ဆိုင္ကိုသြားေလ....ကြၽန္ေတာ္ကေတာ့...ရွမ္းေခါက္ဆြဲ...စားခ်င္တယ္...."

"Okay......"

ကြၽန္ေတာ္ အျမန္ပင္ နင္းခဲ့သည္က ရွမ္းေခါက္ဆြဲ အရမ္းေကာင္းသည္ဟု နာမည္ႀကီးေသာဆိုင္သို႔။ သူကေလးက အခုမွ ေနေကာင္းၿပီးခါစ ျဖစ္၍ သူစားခ်င္ေသာ အရာက သူ႕အတြက္ အားျဖစ္ေစသည္မဟုတ္လား။ ကြၽန္ေတာ့္အတြက္ကေတာ့ သူကေလး စက္ဘီးေနာက္တြင္ ပါလာသည္ကပင္ အားျဖစ္ေနေလၿပီ။

ဆိုင္ကိုေရာက္ေတာ့ လူရွင္းေနေပၿပီ။ အေျခအေနကေတာ့ ကိုယ့္ဘက္မွာ ခုခ်ိန္ဖြင့္ေျပာျခင္းသည္သာလွ်င္ အခ်ိန္ေကာင္းျဖစ္ေနသည္။သို႔ေပမယ့္ ခ်က္ခ်င္းေျပာ၍လည္း မျဖစ္ေသးေပ။ စကားခ်ီရဦးမည္ မဟုတ္လား။

ကြၽန္ေတာ္တို႔ ေခ်ာင္က်ေသာ ဝိုင္းကိုေ႐ြးထိုင္လိုက္ၿပီး ရွမ္းေခါက္ဆြဲ ၾကက္သားႏွင့္ ႏွစ္ပြဲ မွာလိုက္ၿပီး သူကေလးက
"ေကာ္ဖီ Espresso တစ္ခြက္ေပးပါေနာ္....." ဟူ၍  မွာလိုက္ေသးသည္။ ကြၽန္ေတာ္ၿပဳံးလိုက္မိသည္ ။ သူကြၽန္ေတာ့္ အတြက္ မွာလိုက္သည္ဆိုတာ ေဗဒင္ဆရာ ေျပးေမးစရာ မလိုေအာင္ပင္ ေသခ်ာသည္ေလ။

"ေသြးသစ္...ဘာျဖစ္လို႔..သုံးပတ္ေတာင္..ေက်ာင္းမလာတာလဲ..ေနေရာေကာင္းၿပီလား...အရွင္းေပ်ာက္တာေရာ...ဟုတ္လို႔လား....ကို..မင္းကို..စိတ္ပူေနတာ..."

"ကြၽန္ေတာ္...ဘာမွမျဖစ္ေတာ့ပါဘူး...အားလုံးေကာင္းပါတယ္...ေသြးအားနည္းလို႔...ၾကာၾကာအနားယူလိုက္တာပါ...ေမေမက..စိတ္ပူလို႔...ေတာ္ေတာ္နဲ႕...ေက်ာင္းမလာျဖစ္တာ...."

"ကို....ကို....မင္းကို....ေျပာစရာရွိတယ္....."

"ဟုတ္လား....ကြၽန္ေတာ္လည္း...ကို႔ကို...ဖြင့္ေျပာျပစရာရွိတယ္.....ကို..အရင္ေျပာလိုက္....ၿပီးမွ...ကြၽန္ေတာ္ေျပာမယ္...."

"မင္းအရင္ေျပာပါ...မင္းကိုဦးစားေပးတယ္...."

ေျပာေနခိုက္တြင္ စားပြဲထိုးေလးက စားစရာမ်ားလာခ်၍ စကားစေခတၱ ပ်က္ေတာက္သြားသည္။ ၿပီးမွ သူကေလးက
" ကြၽန္ေတာ္ေလ...လူတစ္ေယာက္နဲ႕...ေဝးေနမွ..သူ႕ကိုဘာလို႔္..အၿမဲသတိရေနမွန္းမေျပာတတ္ဘူး...ကြၽန္ေတာ္..အဲ့လို..တစ္ခါမွ..မျဖစ္ဖူးဘူး....ေနမေကာင္းျဖစ္ေနတဲ့...ကိုယ့္ကိုကိုယ္ထက္...သူ႕ကိုပိုစိုးရိမ္..စိတ္ပူေနမိတယ္....အဲ့ဒါဘာေၾကာင့္လို႔...ကို..ထင္လဲ...."

ေဟာဗ်ာ....ကို...ေျပာမယ့္စကားေတြကို....မင္းကအရင္ေျပာေနတာလား....မင္းကို႔ကို...ဖြင့္ေျပာေနတာလား...ေသြးသစ္...

"ကို...ကဘယ္လိုထင္ရမွာလဲ...ေသြးသစ္....မင္းေရာ...ဘယ္လိုထင္လဲ....မင္းရဲ႕ခံစားခ်က္ကို...မင္းဆန္းစစ္ၾကည့္ေပါ့..."
ကြၽန္ေတာ္ သိသေလာက္ အႀကံေပးျဖစ္သည္။ ဘာပဲျဖစ္ျဖစ္  ကြၽန္ေတာ္သူ႕ဆီက ၾကားခ်င္သည့္စကားက...

" ကြၽန္ေတာ္..အခ်ိန္ယူၿပီး...ဆန္းစစ္ၿပီးၿပီ..ကို...သူ႕ကိုေတြ႕ခ်င္ေနတာေတြ...သူ႕ကိုသတိရေနတာေတြက..အလြမ္းတဲ့...လြမ္းေနမိတယ္..ဆိုကတည္းက...
ကြၽန္ေတာ္ခ်စ္မိေနလို႔ေပါ့...ဟုတ္တယ္မဟုတ္လား...ကို...."

ေျပာေနရင္း ေကာ္ဖီ လာခ်ေတာ့ ေသြးသစ္က ကြၽန္ေတာ့္ဘက္ တိုးေပးေလသည္။ ကြၽန္တာ္ ပီတိျဖစ္ရသည္။ သူကေလး၏ အခ်စ္ကိုသာ ကြၽန္ေတာ္ရလွ်င္ေတာ့ ကမၻာေပၚမွာ အေပ်ာ္ဆုံးလူသားက ကြၽန္ေတာ္ပဲ ျဖစ္လိမ့္မည္။

"ကြၽန္ေတာ္...ဆုံးျဖတ္ၿပီးၿပီ.. ကို... ကြၽန္ေတာ္ဖြင့္ေျပာေတာ့မယ္......"

ေမွ်ာ္လင့္တႀကီးျဖင့္ ကြၽန္ေတာ္ ေစာင့္စားေနမိသည္။

"ကြၽန္ေတာ္...ကြၽန္ေတာ္.....သူငယ္ခ်င္းအခ်င္းခ်င္း..စည္းေက်ာ္သလိုမ်ားျဖစ္ေနမလား...ကို.."

ကြၽန္ေတာ္ ဘာမွ် ျပန္မေျပာမိဘဲ ေကာ္ဖီခြက္ကို ကိုင္ကာ သူကေလးေျပာမည့္စကားမ်ားကို သိေနေသာဟန္ျဖင့္ ၿပဳံးမိေနသည္။

" ခ်စ္ရိပ္ကေရာ...လက္ခံပါ့မလား...ကို..."

ဟင္....ခ်စ္ရိပ္....ခ်စ္ရိပ္က...လက္ခံပါ့မလား ဆိုေတာ့....မင္းခ်စ္ေနတာက...ခ်စ္ရိပ္ေပါ့...တစ္ခ်ိန္လုံး သတိရၿပီး...တစ္ခ်ိန္လုံး လြမ္းေနတဲ့သူ..တစ္ခ်ိန္လုံး စိတ္ပူေနတဲ့သူက...ခ်စ္ရိပ္ခ်ိဳေပါ့....

လက္ထဲမွ ေကာ္ဖီခြက္ကို လႊတ္မခ်မိေအာင္ ၿမဲၿမဲဆုပ္ကိုင္ၿပီး အံကိုတင္းတင္းႀကိတ္ကာ ထားမိသည္။ ငါဘက္က ဒီေလာက္ခ်စ္ေနတာေတာင္ မင္းရဲ႕အခ်စ္ကေတာ့ ခ်စ္ရိပ္အတြက္တဲ့လား ကြာ...

"ကို...ကြၽန္ေတာ္ေမးေနတယ္ေလ..ခ်စ္ရိပ္ကလက္ခံပါ့မလားလို႔....သူကြၽန္ေတာ့္ကို..မုန္းသြားမွာ...ေၾကာက္တယ္...ကို..."

သူမုန္းမွာကိုေၾကာက္တယ္တဲ့လား....မင္းကိုငါ..မုန္းပစ္လိုက္ခ်င္တယ္ကြာ....အရမ္းရက္စက္တယ္ဆိုတာထက္...မင္းကလူတစ္ေယာက္ကိုေမွ်ာ္လင့္ခ်က္ေတြေပးၿပီး...ေနာက္ဆုံးက်ရိဳက္ခ်တတ္တာ..မင္းအက်င့္လား....ငါဘယ္ေလာက္ထိေတာင္..ေမွ်ာ္လင့္မိေနလဲ...ေတာင့္တမိေနလဲဆိုတာ..ကိုယ့္ကိုကိုယ္ေတာင္..ရွက္မိတယ္...လုပ္ရက္လိုက္တာကြာ.....

"သူက..ကြၽန္ေတာ့္သူငယ္ခ်င္းပဲ...စိမ္းစိမ္းကားကားေတာ့..မလုပ္ေလာက္ပါဘူးေနာ္...ကို..."
"..........." ေျပာခ်င္တာေတြမ်ားလြန္းေန၍ထင္ စကားလုံးမ်ားဆြံ႕အ ေနမိသည္။

"ကို...ေျပာစရာရွိတယ္ဆို...ေျပာေလ..."

"ဘာမွမဟုတ္ေတာ့ပါဘူး...မင္း​ေျပာတာေလာက္..အေရးမပါပါဘူး...ထားလိုက္ပါေတာ့...."

ကြၽန္ေတာ္ျဖစ္နိုင္လွ်င္ မွာထားေသာ ရွမ္းေခါက္ဆြဲ ပန္းကန္ကို လႊင့္ပစ္ကာ ခုံေတြကိုရိုက္ခ်ိဳးပစ္ခ်င္ေလာက္ေအာင္ ေဒါသလည္းထြက္မိ၊ ရွက္လည္းရွက္မိေနသည္။ ကြၽန္ေတာ္ အခ်စ္ရဆုံးေသာ သူ၏မ်က္ႏွာကိုပင္ ႏွစ္ဆင့္ေလာက္ဆင့္ကာ ထိုးပစ္လိုက္ခ်င္သည္။

တကယ္တမ္းတြင္ေတာ့ ကြၽန္ေတာ့္မ်က္ႏွာခ်င္းဆိုင္တြင္ အပူအပင္မဲ့ကာ ထိုင္ေနေသာ သူ႕မ်က္ႏွာကို အႀကိမ္ႀကိမ္ေငးၾကည့္ၿပီး သက္ျပင္းမ်ားအခါခါခ်မိ၍သာ ေနေလသည္။ အံကိုေတာ့ တင္းတင္းသာႀကိတ္ထားမိၿပီး မ်က္ရည္မ်ားက ပါးျပင္ေပၚတားထသည့္ ၾကားမွ စီးက်လာသည္။ ရင္ဘတ္တစ္ခုလုံး ေဖာ္မျပတတ္ေအာင္ နာက်င္ေနမိသည္။

မွာထားသည္မ်ားကို တစ္ဇြန္းပင္ ခပ္မစားျဖစ္ပဲ ေကာ္ဖီကိုခါးခါးကိုသာ တစ္က်ိဳက္တည္း ေမာ့ေသာက္ပစ္လိုက္သည္။ ေကာ္ဖီခါးသည္ထက္ ရင္ဘတ္ထဲက ပို၍ ခါးသက္ေနမိသည္ကို ကြၽန္ေတာ္မွတစ္ပါး ဘယ္သူမွ်မသိေခ်။

သူေလးကေတာ့ ဘာမွ်ကို ဂ႐ုျပဳမိပုံမရဘဲ တစ္ပန္းကန္လုံး ကုန္ခါမွ ထျပန္လာမိေတာ့သည္။ သူႏွင့္ကြၽနိေတာ္ အလာတုန္းကထက္ ပို၍ စိမ္းကားသြားသည္။ သူလည္း သူ႕အေတြးႏွင့္သူ ကိုယ္လည္းကိုယ့္အေတြးႏွင့္ကို အိမ္ကိုအျမန္ေရာက္ဖို႔သာ ေရွး႐ူ၍ ျမန္ျမန္နင္းလာမိသည္။

&&&&&&&&&&&

အိမ္ျပန္ေရာက္ေတာ့ အခန္းထဲသို႔သာ ေျပးဝင္၍ ရွိရွိသမွ် ပစၥည္း မ်ားကိုေပါက္ခြဲပစ္ရန္ ႀကံစည္ထားေသာ္လည္း ေရာက္ေရာက္ခ်င္း ျမင္လိုက္ရေသာ ျမင္ကြင္းေၾကာင့္ မိမိခံစားခ်က္မ်ားကို ၿမိဳသိပ္လိုက္ရသည္။

"ေမေမ...ေမေမ..ဘာလို႔ငိုေနတာလဲ....သားကိုေျပာျပပါဦး........"

"သား..သားရယ္...ေမေမေလ...ေမေမသိပ္ခ်စ္တဲ့သမီးေလးကို...ဆုံးရႈံးရဖို႔...လက္တစ္ကမ္းပဲ...လိုေတာ့တယ္....ကံသီေပလို႔...ေမေမ..သမီးေလးကို...လက္မလႊတ္လိုက္ရတာ...."

"ဗ်ာ....ေမေမ..ဘာကိုဆိုလိုတာလဲ....ၾကယ္စင္..ၾကယ္စင္က..... "

"ဟုတ္တယ္သား...ေမေမေဈးကျပန္လာေတာ့...တစ္အိမ္လုံးတိတ္ဆိတ္ေနၿပီး..ဘယ္သူ႕ကိုမွ်မေတြ႕လို႔...သမီးေလး..အခန္းထဲဝင္ၾကည့္မိေတာ့...မတ္တပ္ရပ္ၿပီး...မ်က္ရည္အဝိုင္းသားနဲ႕...သမီးကိုေတြ႕လိုက္ရတယ္...လက္ေကာက္ဝတ္ကိုလွမ္းၾကည့္မိေတာ့...ဓားနဲ႕ ယူျဖတ္ထားတယ္...သားရယ္...."

"ဘယ္လို...ၾကယ္စင္က...ေသေၾကာင္းႀကံတယ္လို႔..ေမေမေျပာလိုက္တာလား...အခုေရာ...အခုေရာညီမေလး...အေျခအေနဘယ္လိုေနေသးလဲ...ေမေမ..."

"ျဖစ္ျဖစ္ခ်င္း...ဆရာဝန္ကိုဖုန္းဆက္ေခၚလိုက္လို႔...ဘာမွေတာ့မျဖစ္သြားဘူးသား...အေပၚယံ ေလးပဲရွပ္ထိ...သြားတာတဲ့....ေတာ္ေသးတာေပါ့..သားရယ္...အဲ့လိုမွမဟုတ္ရင္..ေမေမ...ေမေမ....."

ေမေမ့ကို ကြၽနိေတာ့္ရင္ခြင္ထဲ ဆြဲသြင္းကာ ငိုေစလိုက္ေတာ့သည္။ ေမေမ ဘယ္ေလာက္ေတာင္ ထိတ္လန့္သြားလိမ့္မလဲ။ ၾကယ္စင္ကေရာ ဘာလို႔ အခုလိုလုပ္ရတာလဲ။ ရွစ္တန္းအ႐ြယ္ ညီမေလးတစ္ေယာက္ဆိုေပမယ့္ ၾကယ္စင္က ကေလးတစ္ေယာက္ေတာ့ မဟုတ္ေတာ့ေပ။ အရပ္ကလည္း အပ်ိဳေပါက္တစ္ေယာက္ကဲ့သို႔ အေသြးအေမြးကအစ ကေလးမဟုတ္ေတာ့တာ ေတာ့ ကြၽန္ေတာ္ သတိထားမိသည္။ သို႔ေသာ္ သူဘာေၾကာင့္.....

ေမေမ့ကိုႏွစ္သိမ့္ကာ ကြၽန္ေတာ္ လွမ္းေလွ်ာက္လာမိသည္က ၾကယ္စင္၏ အခန္းထဲသို႔...

သူမ က အခန္းထဲရွိ ကုလားထိုင္တစ္ခုတြင္ ထိုင္ကာ ၿငိမ္ေနသည္။ ကြၽန္ေတာ္ဝင္သြားေတာ့ ၾကည့္မိသည္က ပတ္တီးစည္းထားေသာ ဘယ္ဘက္ လက္ေကာက္ဝတ္။

"ၾကယ္စင္...နင္..ဘာလို႔......"

"ဘာလို႔...အခုလိုလုပ္ရလဲလို႔..ကိုကိုေမးမလို႔မဟုတ္လား..... "

"ၾကယ္စင္ကလည္း...ကိုကို႔ကို...ေမးခ်င္ေနတာ...ကိုကို...ကိုေသြးကို...ခ်စ္ေနတာမဟုတ္လား..."

"ဘာ...နင္..ဘယ္လို...."

"သိေနတာလဲလို႔...ေမးဦးမလို႔..မဟုတ္လား...ကိုကိုရယ္..ၾကယ္စင္က..ကိုကိုနဲ႕..အေနအနီးဆုံး...ကိုကို႔ကို..အရိပ္တၾကည့္ၾကည့္...အကဲခတ္ေနတဲ့သူပါ...ကိုကိုသာ...ကိုယ့္ညီမေလး... ဘာျဖစ္ေနလဲ..ဆိုတာ...တစ္ခုမွမသိဘူး...မဟုတ္လား...."

သူမ စကားမ်ားက မွန္ေနသည္။ ကြၽန္ေတာ့္ ညီမေလး ဘာျဖစ္ခ်င္သည္၊ ဘာလုပ္ခ်င္သည္ဆိုတာကို အမွန္တကယ္ပင္ စိတ္မဝင္စားသလို ဂ႐ုလည္း မျပဳမိခဲ့။ ငါမွားခဲ့သည္ပဲ...

"ၾကယ္စင္ကလည္း....ကိုေသြးကို...ခ်စ္ေနတာကိုကိုရဲ႕....ကိုကိုသိရဲ႕လား...."
"ဘာ..!!!...နင္ဘာေျပာလိုက္တယ္...."
"ကိုကို..မယုံရင္..ၾကယ္စင့္ဖုန္းကို..ဖြင့္ၾကည့္လိုက္..."

စားပြဲေပၚ တင္ထားေသာ သူမဖုန္းကို ေကာက္ယူၾကည့္လိုက္ေတာ့ lock screen မွာေပၚလာသည္က ေသြးသစ္ပုံ ဘယ္အခ်ိန္ခိုးရိုက္ထားမွန္းမသိ။ ေသြးသစ္က ၿပဳံးေနသည့္ပုံ ၊ ေနာက္ home screen မွာလည္း ေသြးသစ္ရယ္ေနေသာပုံ ဘယ္လိုမ်ားခိုးရိုက္ထားပါလိမ့္....

"နင္ကငယ္ေသးတယ္...ၾကယ္စင္...ဒါေတြကိုဘာလို႔..စိတ္ဝင္စားေနရတာလဲ....အခုမွရွစ္တန္းပဲရွိေသးတယ္ေလ..."
"ၾကယ္စင္ကငယ္ေသးတယ္...လက္ခံပါတယ္ကိုကို...ဒါေပမယ့္...ငယ္ေသးရင္..ခ်စ္လို႔မရဘူးလား...ကိုေသြးကို..အခုလိုခ်င္တယ္လို႔...ၾကယ္စင္ မေျပာပါဘူး...ဒါေပမယ့္.. တစ္ခ်ိန္က်ရင္..ၾကယ္စင္..ကိုေသြးကို...ပိုင္ဆိုင္ခ်င္တယ္..ကိုကို.... "

ေၾသာ္...သူ႕မွာ လည္း..ခံစားခ်က္နဲ႕ပဲ...

"ဒါေပမယ့္...ကိုကိုရယ္...ၾကယ္စင္ေမွ်ာ္လင့္ခ်က္ေတြ..အားလုံးပ်က္စီးသြားၿပီေလ....ကိုကိုနဲ႕..ကိုေသြးနဲ႕က.....ခ်စ္သူေတြ...."

"မဟုတ္ဘူး...ၾကယ္စင္...နင္ထင္သလို..မဟုတ္ဘူး...သူခ်စ္ေနတာက..ခ်စ္ရိပ္ကို..."

"ရွင္.....ကိုကို..တကယ္ေျပာတာ လား..."

"အင္း....."

"အဲ့ဒါဆို..ၾကယ္စင္စိတ္ေအးသြားၿပီ...ကိုကို...မမခ်စ္ရိပ္က...ကိုေသြးကိုမခ်စ္ဘူးေလ...."

ေစာေစာက ၾကယ္စင္မဟုတ္သလိုပင္။ အၿပဳံးရိပ္ေလးမ်ား ျပန္သမ္းလာေလသည္။  ကြၽန္ေတာ္ ညီမေလးကို ဂ႐ုမစိုက္ပဲ ပစ္ထားခဲ့မိသည့္အျပစ္မ်ားပင္။ ျဖစ္ရေလ ညီမေလးရယ္ ကိုကို႔ ညီမေလးက ကေလးေလးမဟုတ္ေတာ့ဘူးပဲ လူတိုင္းခ်စ္တတ္တာ မဆန္းေပမယ့္ ကိုကိုတို႔ေမာင္ႏွမ ႏွစ္ေယာက္ က်မွ ဘာလို႔တစ္ေယာက္တည္းကို....

ကြၽန္ေတာ္ ၾကယ္စင့္ပခုံးႏွစ္ဖက္ကို ဆုပ္ကိုင္ကာ
"ညီမေလး...ေသြးသစ္ကိုခ်စ္တာကို..ကိုကို..အျပစ္မေျပာပါဘူး... ဒါေပမယ့္..ညီမေလး ကငယ္ေသးတယ္...ပညာေရးကိုသာ..အာ႐ုံစိုက္...တစ္ခ်ိန္က်ရင္...ေသြးသစ္က..ညီမေလး ရဲ႕လူ..ျဖစ္ေစရမယ္..ကိုကို..ကတိေပးတယ္...."

"Promise??..."
"အင္း......."
"ေနာက္..ဒီလိုလုပ္ရက္မ်ိဳး..ထပ္မလုပ္ရဘူးေနာ္...ကိုကို႔ကို..ကတိေပး...."
"ဟုတ္......."

ညီမေလးရယ္.......။

မိမိရင္ထဲမွ ခံစားခ်က္မ်ားကိုပင္ လ်စ္လ်ဴရႈကာ ညီမေလးအတြက္ကိုသာ စိတ္ပူပန္ေနမိသည္မွာ အကိုတစ္ေယာက္ ျဖစ္ေသာေၾကာင့္ျဖစ္မည္။

သူကေလးကို ကြၽန္ေတာ္ခ်စ္သည္။ သို႔ေသာ္ ညီမေလး ကို အဆုံးရႈံးမခံနိုင္ေပ။ ဘာပဲျဖစ္ျဖစ္ ညီမေလး ကိုေပးလိုက္ေသာ ကတိကို ကြၽန္ေတာ္မရရေအာင္ တည္ဖို႔ႀကိဳးစားရမည္။

ငါရဲ႕အခ်စ္ေတြက မစခင္ကတည္းက..တိတ္တဆိတ္ အဆုံးသတ္သြားၿပီ...ေသြးသစ္ေရ...........

'တိတ္ဆိတ္ျခင္း၏ ေနာက္ကြယ္မွာ
ဆူညံပြက္ေလာရိုက္ေအာင္
ခံစားေနရတဲ့  ႏွလုံးသားေတြ
ရွိေနတတ္သည္....'

&&&&&&&&&&&&&&&&&&&&&&&&

Thank you everyone 😘😘😘

&&&&&&&&&&&&&&&&&&&&&&&&

Continue Reading

You'll Also Like

214K 14.1K 16
Timetravel 😉 (owncreation) Uni/Zawgyi အျမင္မတူရင္ေက်ာ္သြားႏိုင္ပါသည္။ စစရကလုပ္ၿပီး ဆို႐ွယ္မီဒီယာေပၚတင္ျခင္း ေ႐ွာင္က်ဥ္ပါ ေက်းဇူး😁 အမြင်မတူရင်ကျော်သ...
35K 1.7K 21
Ladyboy လေးကို ပြိုင်ကြိုက်ကြတဲ့ Seme နှစ်ယောက်။ လုံးဝမတည့်ရာကနေ ဘယ်လိုတွေ ချစ်သွားကြမှာလဲ? လူဆိုးဂိုဏ်းခေါင်းဆောင် တစ်ယောက်၊ ကြောက်တက်တဲ့ ဂျပန်ကို...
616K 20.6K 51
🔞🔞 house slave s2စောင့်မျှော်နေကြလား ဒီတစ်ခါလူပြောင်းသွားပါပြီနော် relationshipဖြစ်ပြီကိုကိုရဲ့စည်းကမ်းတွေနဲ့ညီ့ကိုစည်းကမ်းတကျနေခိုင်းပြီးအပြစ်လုပ်...
1M 58K 36
"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြားဘာရှိသေးလို့လဲ" "..." "ကိုကို မင်းကို...