ေအးျမတဲ့နံနက္ခင္းတစ္ခုမွာေကာင္းစြာႏိုးထလာေတာ့လူ
ေရာစိတ္ပါၾကည္လင္လန္းဆန္းလ်က္တက္ႂကြမႈေတြျပည့္
ေနခဲ့ရသည္။ဘန္ေကာက္ မွာလိုကားသံလူသံေတြဆူညံ
ေနျခင္းမ႐ွိတာေၾကာင့္လဲမနက္ေစာေစာတိတ္ဆိတ္ၿငိမ္သက္ေနတဲ့အရာကကြၽန္ေတာ့္အတြက္ေတာ့တစ္ခုခုလစ္
ဟာေနသလို......
ကြၽန္ေတာ့္နာမည္ Krist Perawet ပါ အသက္က ၂၄ ႏွစ္ ၊ ကြၽန္ေတာ့္ဖခင္ကထိုင္းလူမ်ိဳးစစ္စစ္ျဖစ္ၿပီး မား က
ေတာ့ ထိုင္းတ႐ုတ္ ကျပားတစ္ေယာက္ေပါ့ ကြၽန္ေတာ့္
ကိုေမြးၿပီးသိပ္မၾကာခင္မွာေဖေဖ ဆံုးပါးသြားတာေၾကာင့္
မား ကအရိပ္တၾကည့္ၾကည့္နဲ႔ေစာင့္ေ႐ွာက္လာေပးခဲ့တာ
အခုအခ်ိန္ထိပဲဆိုပါေတာ့ဗ်ာ .....
ကြၽန္ေတာ့္ကိုစိုးရိမ္ပူပန္ဂ႐ုစိုက္ေပးေနရတဲ့ မား ဘဝမွာလဲ
လက္တြဲေဖာ္အသစ္ဆိုတာထပ္႐ွိမလာခဲ့ေတာ့တာဆယ္စု
ႏွစ္၂ႏွစ္တိုင္ခဲ့ၿပီ။အခုဆိုရင္ကြၽန္ေတာ္ကေက်ာင္းလဲၿပီးၿပီ
မို႔လူ႔ေလာကႀကီးအလည္မွာကိုယ္တိုင္ရပ္တည္ႏိုင္ဖို႔လမ္း
ေၾကာင္းတစ္ခုကိုထြင္းေဖာက္ရမယ့္အခ်ိန္ကိုေရာက္လာ
ခဲ့ၿပီေပါ့ .....
တကယ္ဆိုေက်ာင္းၿပီးကတည္းကအလုပ္တစ္ခုခုကို
ေဇာက္ခ်လုပ္ဖို႔ကြၽန္ေတာ္စဥ္းစားေနခဲ့တာေပမယ့္တစ္
ေန႔မွာေတာ့႐ုတ္တရက္လမ္းစတစ္ခုကကြၽန္ေတာ္႐ွိရာ
အရပ္ကိုဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ကိုေရာက္ခ်လာေလရဲ႕။
အထက္တန္းေက်ာင္းမွာသူငယ္ခ်င္းေတြနဲ႔အတူအေပ်ာ္
ေရးခဲ့တဲ့ဇာတ္လမ္းတိုတစ္ပုဒ္ကိုေတြ႕ၿပီးသေဘာက်သြားတဲ့ Producer တစ္ေယာက္ကစာခ်ဳပ္ခ်ဳပ္ဖို႔ကမ္းလွမ္း
ခဲ့တာေၾကာင့္ပဲ။
ငယ္ရြယ္စဥ္က႐ူးသြပ္ခဲ့တဲ့အိမ္မက္တစ္ခ်ိဳ႕ျပန္လည္ထႂကြ
လာတယ္ပဲဆိုရမလားမသိေပမယ့္ကြၽန္ေတာ့္ရဲ႕ဝါသနာ
ကိုႀကိဳးစားအားထုတ္မႈနဲ႔ပံ႔ပိုးလိုက္ရင္ဒါဟာကြၽန္ေတာ့္ရပ္
တည္ရာတစ္ခုျဖစ္သြားမယ္လို႔ကြၽန္ေတာ္ေတြးလိုက္မိတာ
ေၾကာင့္လက္ခံခဲ့မိတာပဲ......
ဒါေပမယ့္စာခ်ဳပ္ခ်ဳပ္ၿပီး၃လၾကာတဲ့အထိကြၽန္ေတာ္စာမူမအပ္ႏိုင္ေသးတာေၾကာင့္စိတ္ဓာတ္က်စျပဳလာၿပီေလ။
ေတာ္ေသးတာကကြၽန္ေတာ့္ကိုနားလည္မႈအျပည့္ေပးႏိုင္
တဲ့ မား ေက်းဇူးနဲ႔ဆက္ႀကိဳးစားဖို႔အားအင္ေတြ႐ွိလာခဲ့
တာပဲ.....
တိုက္တိုက္ဆိုင္ဆိုင္ဆိုသလိုပဲစတိုခန္းထဲမွာပစၥည္းေတြ႐ွင္းရင္းထြက္က်လာတဲ့ဓာတ္ပံုတစ္ပံုေၾကာင့္ကြၽန္
ေတာ္အားခ်င္းခရီးထြက္လာဖို႔အေၾကာင္းဖန္သြားခဲ့ေတာ့
တာပဲ.....
အဲ့ဒီဓာတ္ပံုကေတာ့ ေဖေဖ့ရဲ႕ ေမြးရပ္ေျမကဘိုးဘြားပိုင္
အိမ္ႀကီးရဲ႕ပံုပဲ။ဓာတ္ပံုကိုၾကည့္ရံုနဲ႔တင္ကြၽန္ေတာ့္အာရံု
ေတြကိုဖမ္းစားညႇိဳ႕ယူႏိုင္သြားတဲ့အိမ္ႀကီးကိုသြားခ်င္စိတ္
ကအရမ္းကိုျပင္းထန္လြန္းတာေၾကာင့္ မား ဆီမွာခြင့္
ေတာင္းၿပီးကြၽန္ေတာ္ဒီကိုေရာက္လာခဲ့တာပဲ .....
ဒီေနရာမွာစိတ္ဝင္စာစရာေကာင္းတဲ့ဇာတ္လမ္းတစ္ခုကို
ဖန္တီးမယ္ဆိုတဲ့ အေတြးေတြနဲ႔ေပါ့ဗ်ာ.......
ေျသာ္ ဒါနဲ႔ခင္ဗ်ားတို႔ကိုကြၽန္ေတာ္ေျပာခဲ့ၿပီးၿပီလား
ကြၽန္ေတာ္က သူရဲဝတၳဳေရးမယ့္စာေရးဆရာဆိုတာေလ ...
***************************************
' ေဟ့လူ .... ဒါကဘာပင္လဲ ´
မ်က္စိတစ္ဆံုးနီးပါး တိုင္ေတြစင္ေတြနဲ႔ညီညီညာညာတန္းစီၿပီးစိုက္ထားတဲ့အပင္ေတြကိုေမွ်ာ္ၾကည့္ရင္းKristေမး
လိုက္ေတာ့အေ႐ွ႕ကလူကလွည့္မၾကည့္ပဲခပ္တိုးတိုးေျဖ
လိုက္သည္။
' စပ်စ္ပင္ ´
' ေျသာ္ ဒါဆိုဒီအပင္ေတြကစပ်စ္သီး သီးမွာေပါ့ဘယ္
ေတာ့သီးမွာလဲ ´
' မင္းမွာ ဘာေၾကာင့္ဒီေလာက္ေမးခြန္းေတြမ်ားေနရတာလဲ သိပ္စပ္စုတာပဲကြာ ´
မနက္မိုးလင္းတည္းကLaptopတစ္လံုးနဲ႔အလုပ္႐ႈပ္ေန
ေပမယ့္ဘာအၾကံဥာဏ္မွထြက္မလာလို႔ျခံထဲမွာတလႈပ္
လႈပ္လုပ္ေနတဲ့ ဒီလူစိမ္းေနာက္ကိုလိုက္လာခဲ့မိတာသူ႔
ကိုသေဘာက်လို႔လိုက္လာတယ္ထင္ေနလားမသိေခ်မိုး
ေနလိုက္ပံုမ်ားတသ္ေလာကလံုးသူ႔ထမင္းစားေနၾကသ
လိုပဲ.....
' မင္း ငါ့မေကာင္းေၾကာင္းေတြးလို႔ၿပီးၿပီလား ´
႐ုတ္တရက္Kristဘက္လွည့္လာၿပီးခပ္စူးစူးၾကည့္ရင္းေမး
လိုက္တဲ့ေမးခြန္းေၾကာင့္Kristေၾကာင္အသြားမိသည္။
ဘာလဲဒီလူကငါ့အေတြးကိုေတာင္ျမင္ေနရတာလား။တ
ကယ္ပဲခင္ဗ်ားကဘယ္သူလဲ.....
' ငါ့နာမည္ Singto ´
' ဟမ္ ..... ကြၽန္ ... ကြၽန္ေတာ္သြားေတာ့မယ္ ခင္ဗ်ား
ဘာသာအလုပ္ဆက္လုပ္ေတာ့ မေႏွာင့္ယွက္ေတာ့ဘူး ´
Kris ထိုေနရာကခပ္သြက္သြက္ေလးေျပးထြက္လာခဲ့
လိုက္သည္။ဘာေၾကာင့္မွန္းမသိတဲ့အေၾကာင္းျပခ်က္တစ္
ခုနဲ႔လက္ဖ်ားေတြပင္ေအးစက္လာၿပီးနဖူးျပင္ေပၚေခြၽးစတို႔
ပါစို႔လာခဲ့တာေၾကာင့္စိတ္ပ်က္စြာပင္သက္ျပင္းတစ္ခ်က္ခ်မိသည္။
ေမြးရာပါသူရဲေၾကာက္တဲ့Kristတစ္ေယာက္သူရဲဝတၳဳေတြ
ေရးမယ္ေျပာတုန္းကသူငယ္ခ်င္းေတြဝိုင္းၿပီးစေနာက္ခဲ့ၾက
ေတာ့Kristေဒါသမထြက္မိ။တကယ္ပဲလဲသူကိုယ္တိုင္
ကျမင္ေတြ႕ေနရတဲ့အေကာင္ေတြဘာေတြထက္မျမင္ႏိုင္
မေတြ႕ႏိုင္ဘယ္လိုပံုနဲ႔ဘယ္ကထြက္လာမယ္မွန္းမသိတဲ့
သူရဲဆိုတာကိုေတာ့တကယ္ေၾကာက္မိတာအမွန္။
ဒါေပမယ့္လဲဘာေၾကာင့္သူရဲဝတၳဳေတြေရးေနတာလဲလို႔
ေမးရင္ေတာ့စိတ္ဝင္စားလို႔လို႔ပဲေျဖရမလိုလို။မျမင္မေတြ႕
ရတာေၾကာင့္တကယ္မ႐ွိလို႔လဲယူဆလို႔မရ။စိတ္ဝင္စား
ဖို႔ေကာင္းသလိုစိတ္လႈပ္႐ွားဖို႔လဲေကာင္းသည္မဟုတ္လား။
တကယ္ပဲဒီေနရာမွာေရာKristစိတ္ဝင္စားႏိုင္တဲ့ဇာတ္မ်ိဳး
႐ွိႏိုင္မည္လားKristမသိပါ။ဒါေပမယ့္Kristကိုညႇိဳ႕ငင္ဆြဲ
ေဆာင္ေနတဲ့အေၾကာင္းရင္းတစ္ခုခု႐ွိေနမည္ကိုေတာ့
Krist ခံစားသိ႐ွိေနမိသည္။
Krist ေျခလွမ္းေတြကသြက္လက္တက္ႂကြစြာျဖင့္အိမ္ႀကီး
႐ွိရာဘက္ကိုျပန္ေလွ်ာက္လာခဲ့လိုက္သည္။အိမ္တံခါးဝ
ေရာက္ေတာ့ .....
' မင္း လမ္းေလွ်ာက္တာၾကာလိုက္တာကြာ ေယာက်ာ္း
ေလးေရာဟုတ္ရဲ႕လား ´
' ဟင္ .... ´
Krist ေျခလွမ္းေတြပင္တံု႔ကနဲရပ္သြားသည္အထိအံ႔အားသင့္သြားခဲ့သည္။ခုဏစပ်စ္ျခံမွာေသခ်ာေပါက္ကို ေပါက္ျပားတစ္ခုနဲ႔အလုပ္မ်ားကာက်န္ရစ္ခဲ့တဲ့ဒီလူကန္႔လန္႔က
အခုေတာ့ အိမ္ေ႐ွ႕ကခံုတန္းေလးမွာ အခန္႔သားထိုင္
ေနလို႔ပါလား ´
' ခင္ဗ်ား ဘယ္လိုျပန္လာတာလဲ ဘာေၾကာင့္ဒီကိုေရာက္
ေနတာလဲ ´
' အိုး ... အလုပ္ၿပီးလို႔ျပန္လာတာေပါ့ မင္းကေရာဘယ္လိုျပန္လာတာလဲ မင္းျပန္လာသလိုျပန္လာတာပဲေလ
ဘာေတြေမးေနတာလဲ ´
' ဘာမွမဟုတ္ေတာ့ဘူး သြားၿပီ ´
Krist စိတ္႐ႈပ္ေထြးစံာျဖင့္အိမ္ထဲဝင္လာခဲ့လိုက္သည္။
တကယ္ပဲသူျပန္လာတဲ့လမ္းမွာဒီလူႀကီးရဲ႕အရိပ္ကိုေတာင္
မျမင္ခဲ့ရ...။ ဘာေၾကာင့္သူကအိမ္ကိုအရင္ျပန္ေရာက္
ေနတာလဲ...။
' ငါမသိတဲ့ တျခားျဖတ္လမ္းမ်ား႐ွိေနတာလား ´
အခန္းထဲမွာဘယ္ညာေလွ်ာက္ရင္းအေတြးလြန္ေနတဲ့
Krist တစ္ေယာက္အျပင္ကေနသူ႔အရိပ္ကိုၾကည့္ၿပီး
ရယ္ေနတဲ့Singto ကိုသာေတြ႕ခဲ့မယ္ဆိုရင္ ....
*****************************************
#preayaht
အရင္ဆံုးရာသီဥတုနဲ႔ပါတ္ဝန္းက်င္အေျခအေနေပါ့ေနာ္ဒါ
ေတြကိုအဆင္ေျပေျပေရးႏိုင္ဖို႔အတြက္က်ေနာ္ထိုင္းကား
ေတာ္ေတာ္မ်ားမ်ားဝယ္လိုက္ရတယ္ဗ်ဘာလို႔ဆိုက်ေနာ္ကထိုင္းမေရာက္ဖူးေတာ့ေလ😁က်ေနာ့္ဇာတ္လမ္းေလးထဲမွာအနီးစပ္ဆံုးနဲ႔လက္ေတြ႕ဆန္ဆန္ေဖာ္ျပေပးႏိုင္ေအာင္က်ေနာ္အေကာင္းဆံုးႀကိဳးစားေနပါတယ္ဘယ္အရာကို
မွၿပီးၿပီးေရာမလုပ္ထားပါဘူးဒါေၾကာင့္က်ေနာ့္ႀကိဳးစားမႈ
ေလးကိုအားေပးၾကတဲ့စာဖတ္သူတိုင္းကိုေက်းဇူးတင္ပါ
တယ္တျခားေသာလိုအပ္ခ်က္ေတြ႐ွိခဲ့ရင္လဲနားလည္ေပး
ၾကပါလို႔ေတာင္းဆိုခ်င္ပါတယ္
အေးမြတဲ့နံနက်ခင်းတစ်ခုမှာကောင်းစွာနိုးထလာတော့လူ
ရောစိတ်ပါကြည်လင်လန်းဆန်းလျက်တက်ကြွမှုတွေပြည့်
နေခဲ့ရသည်။ဘန်ကောက်မှာလိုကားသံလူသံတွေဆူညံ
နေခြင်းမရှိတာကြောင့်လဲမနက်စောစောတိတ်ဆိတ်ငြိမ်သက်နေတဲ့အရာကကျွန်တော့်အတွက်တော့တစ်ခုခုလစ်
ဟာနေသလို......
ကျွန်တော့်နာမည်Krist Perawet ပါ အသက်က ၂၄ နှစ်၊ ကျွန်တော့်ဖခင်ကထိုင်းလူမျိုးစစ်စစ်ဖြစ်ပြီး မား က
တော့ ထိုင်းတရုတ်ကပြားတစ်ယောက်ပေါ့ ကျွန်တော့်
ကိုမွေးပြီးသိပ်မကြာခင်မှာဖေဖေ ဆုံးပါးသွားတာကြောင့်
မား ကအရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်လာပေးခဲ့တာ
အခုအချိန်ထိပဲဆိုပါတော့ဗျာ .....
ကျွန်တော့်ကိုစိုးရိမ်ပူပန်ဂရုစိုက်ပေးနေရတဲ့ မား ဘဝမှာလဲ
လက်တွဲဖော်အသစ်ဆိုတာထပ်ရှိမလာခဲ့တော့တာဆယ်စု
နှစ်၂နှစ်တိုင်ခဲ့ပြီ။အခုဆိုရင်ကျွန်တော်ကကျောင်းလဲပြီးပြီ
မို့လူ့လောကကြီးအလည်မှာကိုယ်တိုင်ရပ်တည်နိုင်ဖို့လမ်း
ကြောင်းတစ်ခုကိုထွင်းဖောက်ရမယ့်အချိန်ကိုရောက်လာ
ခဲ့ပြီပေါ့ .....
တကယ်ဆိုကျောင်းပြီးကတည်းကအလုပ်တစ်ခုခုကို
ဇောက်ချလုပ်ဖို့ကျွန်တော်စဉ်းစားနေခဲ့တာပေမယ့်တစ်
နေ့မှာတော့ရုတ်တရက်လမ်းစတစ်ခုကကျွန်တော်ရှိရာ
အရပ်ကိုဆိုက်ဆိုက်မြိုက်မြိုက်ကိုရောက်ချလာလေရဲ့။
အထက်တန်းကျောင်းမှာသူငယ်ချင်းတွေနဲ့အတူအပျော်
ရေးခဲ့တဲ့ဇာတ်လမ်းတိုတစ်ပုဒ်ကိုတွေ့ပြီးသဘောကျသွားတဲ့ Producer တစ်ယောက်ကစာချုပ်ချုပ်ဖို့ကမ်းလှမ်း
ခဲ့တာကြောင့်ပဲ။
ငယ်ရွယ်စဉ်ကရူးသွပ်ခဲ့တဲ့အိမ်မက်တစ်ချို့ပြန်လည်ထကြွ
လာတယ်ပဲဆိုရမလားမသိပေမယ့်ကျွန်တော့်ရဲ့ဝါသနာ
ကိုကြိုးစားအားထုတ်မှုနဲ့ပံ့ပိုးလိုက်ရင်ဒါဟာကျွန်တော့်ရပ်
တည်ရာတစ်ခုဖြစ်သွားမယ်လို့ကျွန်တော်တွေးလိုက်မိတာ
ကြောင့်လက်ခံခဲ့မိတာပဲ......
ဒါပေမယ့်စာချုပ်ချုပ်ပြီး၃လကြာတဲ့အထိကျွန်တော်စာမူမအပ်နိုင်သေးတာကြောင့်စိတ်ဓာတ်ကျစပြုလာပြီလေ။
တော်သေးတာကကျွန်တော့်ကိုနားလည်မှုအပြည့်ပေးနိုင်
တဲ့ မားကျေးဇူးနဲ့ဆက်ကြိုးစားဖို့အားအင်တွေရှိလာခဲ့
တာပဲ.....
တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲစတိုခန်းထဲမှာပစ္စည်းတွေရှင်းရင်းထွက်ကျလာတဲ့ဓာတ်ပုံတစ်ပုံကြောင့်ကျွန်
တော်အားချင်းခရီးထွက်လာဖို့အကြောင်းဖန်သွားခဲ့တော့
တာပဲ.....
အဲ့ဒီဓာတ်ပုံကတော့ဖေဖေ့ရဲ့မွေးရပ်မြေကဘိုးဘွားပိုင်
အိမ်ကြီးရဲ့ပုံပဲ။ဓာတ်ပုံကိုကြည့်ရုံနဲ့တင်ကျွန်တော့်အာရုံ
တွေကိုဖမ်းစားညှို့ယူနိုင်သွားတဲ့အိမ်ကြီးကိုသွားချင်စိတ်
ကအရမ်းကိုပြင်းထန်လွန်းတာကြောင့်မား ဆီမှာခွင့်
တောင်းပြီးကျွန်တော်ဒီကိုရောက်လာခဲ့တာပဲ .....
ဒီနေရာမှာစိတ်ဝင်စာစရာကောင်းတဲ့ဇာတ်လမ်းတစ်ခုကို
ဖန်တီးမယ်ဆိုတဲ့ အတွေးတွေနဲ့ပေါ့ဗျာ.......
သြော်ဒါနဲ့ခင်ဗျားတို့ကိုကျွန်တော်ပြောခဲ့ပြီးပြီလား
ကျွန်တော်က သူရဲဝတ္ထုရေးမယ့်စာရေးဆရာဆိုတာလေ ...
***************************************
'ဟေ့လူ .... ဒါကဘာပင်လဲ ´
မျက်စိတစ်ဆုံးနီးပါး တိုင်တွေစင်တွေနဲ့ညီညီညာညာတန်းစီပြီးစိုက်ထားတဲ့အပင်တွေကိုမျှော်ကြည့်ရင်းKristမေး
လိုက်တော့အရှေ့ကလူကလှည့်မကြည့်ပဲခပ်တိုးတိုးဖြေ
လိုက်သည်။
' စပျစ်ပင်´
'သြော်ဒါဆိုဒီအပင်တွေကစပျစ်သီး သီးမှာပေါ့ဘယ်
တော့သီးမှာလဲ ´
' မင်းမှာ ဘာကြောင့်ဒီလောက်မေးခွန်းတွေများနေရတာလဲ သိပ်စပ်စုတာပဲကွာ ´
မနက်မိုးလင်းတည်းကLaptopတစ်လုံးနဲ့အလုပ်ရှုပ်နေ
ပေမယ့်ဘာအကြံဥာဏ်မှထွက်မလာလို့ခြံထဲမှာတလှုပ်
လှုပ်လုပ်နေတဲ့ ဒီလူစိမ်းနောက်ကိုလိုက်လာခဲ့မိတာသူ့
ကိုသဘောကျလို့လိုက်လာတယ်ထင်နေလားမသိချေမိုး
နေလိုက်ပုံများတသ်လောကလုံးသူ့ထမင်းစားနေကြသ
လိုပဲ.....
' မင်း ငါ့မကောင်းကြောင်းတွေးလို့ပြီးပြီလား ´
ရုတ်တရက်Kristဘက်လှည့်လာပြီးခပ်စူးစူးကြည့်ရင်းမေး
လိုက်တဲ့မေးခွန်းကြောင့်Kristကြောင်အသွားမိသည်။
ဘာလဲဒီလူကငါ့အတွေးကိုတောင်မြင်နေရတာလား။တ
ကယ်ပဲခင်ဗျားကဘယ်သူလဲ.....
' ငါ့နာမည်Singto ´
' ဟမ်..... ကျွန်... ကျွန်တော်သွားတော့မယ်ခင်ဗျား
ဘာသာအလုပ်ဆက်လုပ်တော့ မနှောင့်ယှက်တော့ဘူး ´
Kris ထိုနေရာကခပ်သွက်သွက်လေးပြေးထွက်လာခဲ့
လိုက်သည်။ဘာကြောင့်မှန်းမသိတဲ့အကြောင်းပြချက်တစ်
ခုနဲ့လက်ဖျားတွေပင်အေးစက်လာပြီးနဖူးပြင်ပေါ်ချွေးစတို့
ပါစို့လာခဲ့တာကြောင့်စိတ်ပျက်စွာပင်သက်ပြင်းတစ်ချက်ချမိသည်။
မွေးရာပါသူရဲကြောက်တဲ့Kristတစ်ယောက်သူရဲဝတ္ထုတွေ
ရေးမယ်ပြောတုန်းကသူငယ်ချင်းတွေဝိုင်းပြီးစနောက်ခဲ့ကြ
တော့Kristဒေါသမထွက်မိ။တကယ်ပဲလဲသူကိုယ်တိုင်
ကမြင်တွေ့နေရတဲ့အကောင်တွေဘာတွေထက်မမြင်နိုင်
မတွေ့နိုင်ဘယ်လိုပုံနဲ့ဘယ်ကထွက်လာမယ်မှန်းမသိတဲ့
သူရဲဆိုတာကိုတော့တကယ်ကြောက်မိတာအမှန်။
ဒါပေမယ့်လဲဘာကြောင့်သူရဲဝတ္ထုတွေရေးနေတာလဲလို့
မေးရင်တော့စိတ်ဝင်စားလို့လို့ပဲဖြေရမလိုလို။မမြင်မတွေ့
ရတာကြောင့်တကယ်မရှိလို့လဲယူဆလို့မရ။စိတ်ဝင်စား
ဖို့ကောင်းသလိုစိတ်လှုပ်ရှားဖို့လဲကောင်းသည်မဟုတ်လား။
တကယ်ပဲဒီနေရာမှာရောKristစိတ်ဝင်စားနိုင်တဲ့ဇာတ်မျိုး
ရှိနိုင်မည်လားKristမသိပါ။ဒါပေမယ့်Kristကိုညှို့ငင်ဆွဲ
ဆောင်နေတဲ့အကြောင်းရင်းတစ်ခုခုရှိနေမည်ကိုတော့
Krist ခံစားသိရှိနေမိသည်။
Kristခြေလှမ်းတွေကသွက်လက်တက်ကြွစွာဖြင့်အိမ်ကြီး
ရှိရာဘက်ကိုပြန်လျှောက်လာခဲ့လိုက်သည်။အိမ်တံခါးဝ
ရောက်တော့ .....
' မင်း လမ်းလျှောက်တာကြာလိုက်တာကွာယောကျာ်း
လေးရောဟုတ်ရဲ့လား ´
' ဟင်.... ´
Kristခြေလှမ်းတွေပင်တုံ့ကနဲရပ်သွားသည်အထိအံ့အားသင့်သွားခဲ့သည်။ခုဏစပျစ်ခြံမှာသေချာပေါက်ကိုပေါက်ပြားတစ်ခုနဲ့အလုပ်များကာကျန်ရစ်ခဲ့တဲ့ဒီလူကန့်လန့်က
အခုတော့ အိမ်ရှေ့ကခုံတန်းလေးမှာ အခန့်သားထိုင်
နေလို့ပါလား ´
' ခင်ဗျား ဘယ်လိုပြန်လာတာလဲ ဘာကြောင့်ဒီကိုရောက်
နေတာလဲ ´
' အိုး ... အလုပ်ပြီးလို့ပြန်လာတာပေါ့ မင်းကရောဘယ်လိုပြန်လာတာလဲ မင်းပြန်လာသလိုပြန်လာတာပဲလေ
ဘာတွေမေးနေတာလဲ ´
' ဘာမှမဟုတ်တော့ဘူး သွားပြီ ´
Krist စိတ်ရှုပ်ထွေးစာံဖြင့်အိမ်ထဲဝင်လာခဲ့လိုက်သည်။
တကယ်ပဲသူပြန်လာတဲ့လမ်းမှာဒီလူကြီးရဲ့အရိပ်ကိုတောင်
မမြင်ခဲ့ရ...။ ဘာကြောင့်သူကအိမ်ကိုအရင်ပြန်ရောက်
နေတာလဲ...။
' ငါမသိတဲ့ တခြားဖြတ်လမ်းများရှိနေတာလား ´
အခန်းထဲမှာဘယ်ညာလျှောက်ရင်းအတွေးလွန်နေတဲ့
Krist တစ်ယောက်အပြင်ကနေသူ့အရိပ်ကိုကြည့်ပြီး
ရယ်နေတဲ့Singto ကိုသာတွေ့ခဲ့မယ်ဆိုရင်....
*****************************************
#preayaht
အရင်ဆုံးရာသီဥတုနဲ့ပါတ်ဝန်းကျင်အခြေအနေပေါ့နော်ဒါ
တွေကိုအဆင်ပြေပြေရေးနိုင်ဖို့အတွက်ကျနော်ထိုင်းကား
တော်တော်များများဝယ်လိုက်ရတယ်ဗျဘာလို့ဆိုကျနော်ကထိုင်းမရောက်ဖူးတော့လေ😁ကျနော့်ဇာတ်လမ်းလေးထဲမှာအနီးစပ်ဆုံးနဲ့လက်တွေ့ဆန်ဆန်ဖော်ပြပေးနိုင်အောင်ကျနော်အကောင်းဆုံးကြိုးစားနေပါတယ်ဘယ်အရာကို
မှပြီးပြီးရောမလုပ်ထားပါဘူးဒါကြောင့်ကျနော့်ကြိုးစားမှု
လေးကိုအားပေးကြတဲ့စာဖတ်သူတိုင်းကိုကျေးဇူးတင်ပါ
တယ်တခြားသောလိုအပ်ချက်တွေရှိခဲ့ရင်လဲနားလည်ပေး
ကြပါလို့တောင်းဆိုချင်ပါတယ်