Zawgyi
ေနာက္ရက္ေတြမွာေတာ့ သူေက်ာင္းျပန္တက္ရေတာ့သည္။Taehyungကေတာ့ သူ႔အတြက္ကူးေပးထားသည့္စာမ်ားကို ျပန္ရွင္းျပေပးရွာသည္။
"နားလည္လားJungkook"
"အင္း နားလည္တယ္။ေက်းဇူးကြာ taehyung"
သူမတ္တပ္ထလိုက္ေတာ့taehyungက သူ႔ေျခေထာက္ကိုေတြ႕သြားၿပီး အလန့္တၾကားထေအာ္ေတာ့သည္။
"မင္းဘယ္ေျခေထာက္က ဘာျဖစ္တာလဲ"
သူ႔ေျခရင္းတြင္ထိုင္ခ်လိုက္ကာ ပတ္တီးစည္းထားေသာေျခေထာက္ကို ေသခ်ာကိုင္ၾကည့္ေနေတာ့ သူလည္းအားနာလာသည္ေလ။
"ေဟ့ေကာင္ taehyung ငါ့ေျခေထာက္ႀကီးေတာ့မကိုင္နဲ႔ေလကြာ"
"ဘာမွမျဖစ္ပါဘူးကြ"
"မင္းမျဖစ္လည္း ငါေတာ့အားနာတယ္"
သူ႔ေျခေထာက္ကို အတင္း႐ုန္းလိုက္ကာမွပဲ taehyungလည္း လက္ေရွာင္ေတာ့သည္။
"ငါေတာင္းပန္ပါတယ္jungkook မင္းမႀကိဳက္ရင္ေနာက္တစ္ခါငါမလုပ္ေတာ့ဘူး"
"အင္း ရပါတယ္"
သူလည္းစိတ္ရွုပ္လာတာနဲ႔ပဲ အျပင္ထြက္လာကာ ကန္တင္းဘက္ျခမ္းသို႔ေရာက္သြားေတာ့သည္။ကန္တင္းထဲမွာေတာ့ Kim Yerin။သူ႔ကိုေတြ႕လၽွင္ေတြ႕ျခင္းပဲ သူငယ္ခ်င္းေတြကို ႏွုတ္ဆက္ကာအျမန္ေျပးလာေတာ့သည္။
"Jeon ေနေကာင္းသြားၿပီလား မ်က္ႏွာေလးေခ်ာင္သြားသလိုပဲေနာ္"
"သက္သာသြားပါၿပီ"
"ေတာ္ေသးတာေပါ့ တို႔ကjeonကို စိတ္ပူေနတာ"
သူလည္း တတို႔တို႔ႏွင့္ျဖစ္ေနေသာ yerinကို စိတ္မရွည္ေတာ့။
"တစ္ဆိတ္ တို႔လို႔မသုံးဘဲ နင္နဲ႔ငါလို႔ေျပာင္းသုံးေပးရင္တကယ္ေက်းဇူးတင္မိမွာပဲ"
"ဟင္ ၿပီးေရာေလ။နင္နဲ႔ငါဆိုပိုေျပာလို႔ေကာင္းတာေပါ့"
"နင္ေျပာစရာကုန္ၿပီမဟုတ္လား ငါသြားစရာရွိေသးလို႔"
"အင္း ကုန္ၿပီ။တာ့တာjungkook ah"
သူလည္းစိတ္မပါတပါ ျပဳံးျပလိုက္ၿပီး ကန္တင္းဘက္သို႔ထြက္လာခဲ့သည္။စာသင္ခ်ိန္မစေသးတာေၾကာင့္ ေက်ာင္းသားေတြက ကန္တင္းမွာ တစ္စတစ္စ။သူလည္း အိမ္ကဘာမွမစားလာတာေၾကာင့္ sandwichတစ္ပြဲႏွင့္ latteတစ္ခြက္မွာကာ ထိုင္စားေနမိသည္။သူအိမ္ကထြက္ကတည္းက hyungပါမလာတာေၾကာင့္ ဘယ္ေတြမ်ားေရာက္ေနလဲဟု ပတ္ရွာေနသည္မွာ ေခါင္းလည္းသုံးရာ့ေျခာက္ဆယ္ဒီဂရီလည္ေရာေပါ့။
ထိုစဥ္ကန္တင္းထဲသို႔ ဝင္လာေသာ ေခါင္းလုံးလုံးေလးေၾကာင့္ သူအလိုလိုျပဳံးမိသြားသည္။သို႔ေသာ္hyung၏ ေဘးမွာ လူတစ္ေယာက္။ဆံပင္အမည္းေရာင္ undercutႏွင့္ ခပ္ေခ်ေခ်မ်က္ႏွာေပးက အေတာ္ဆြဲေဆာင္မွုရွိသည္။ႏွစ္ေယာက္လုံးတူညီသည္ကား အရပ္ပုၾကတာပင္။
"Hyung...."
ေခၚသံၾကားေတာ့ သူရွိရာဘက္ကိုၾကည့္လာသည္ေလ။သူထိုင္ေနသည့္ေနရာသို႔ ဦးတည္လာေနေသာhyung၏ အေနာက္တြင္ ဟိုလူကပါထက္ၾကပ္မကြာ။
"Jungkook မနက္စာစားေနတာလား"
"nae က်ေနာ္ဘာမွမစားလာလို႔။hyungေရာ မစားဘူးလား"
"ငါက Yoongiနဲ႔စားၿပီးသြားၿပီ"
"ငါကMin Yoongiပါ။Jiminသူငယ္ခ်င္း"
"Nae က်ေနာ္က Park အဲ...Jeon Jungkookပါ"
"ဟုတ္ၿပီ ဆက္စား ေကာင္ေလးေရ။ေက်ာင္းတက္ေတာ့မွာ"
"nae nae"
Min Yoongiက ႏွုတ္ဆက္သြားေသာ္လည္း hyungက လွည့္ပင္မၾကည့္သြားတာမို႔ သူဆန့္တငင္ငင္ႏွင့္က်န္ရစ္ခဲ့သည္ေလ။ေတာ္ေသးတာေပါ့....စကားႏွစ္ခြန္းေတာ့ေျပာေဖာ္ရလို႔။
သူမေက်မနပ္ႏွင့္ေတြးကာ ေကာ္ဖီကိုမမွုတ္ဘဲေသာက္ခ်လိုက္တာေၾကာင့္ လၽွာက်က္သြားရသည္။
::::::::::::::::::::::
အတန္းထဲျပန္ေရာက္ေတာ့ ဆရာမကအခုထိမေရာက္ေသးတာေၾကာင့္ တစ္ခန္းလုံးဆူညံေနၾကသည္။ထို႔ေနာက္သူ႔ေနရာကိုလွမ္းၾကည့္လိုက္ေတာ့...
အယ္....Taehyungနဲ႔ Yerinဘာျဖစ္ေနၾကတာပါလိမ့္။
သူထိုႏွစ္ေယာက္နားသြားလိုက္ေတာ့ ႏွစ္ေယာက္သားေမာ့ၾကည့္ၾကသည္။Taehyungကေတာ့ မ်က္ႏွာႀကီးမည္းလ်က္။Yerinကေတာ့ စပ္ၿဖီးၿဖီးႏွင့္။
"ဘာျဖစ္ေနၾကတာလဲ"
"Jungkook ah ဒီေကာင္မေလးေလ ငါတို႔ႏွစ္ေယာက္နဲ႔တူတူထိုင္ခ်င္လို႔တဲ့ လုပ္ပါဦး"
Taehyung၏ စကားေၾကာင့္ ဒီတစ္ခါမ်က္လုံးျပဴးသြားရတာသူ။
"Kim Yerin နင္ကဘာလို႔ထိုင္မွာလဲ"
"သူငယ္ခ်င္းလိုေျပာလို႔ရၿပီဆိုေတာ့ေလ သုံးေယာက္ထိုင္ၾကတာေပါ့"
Yerinမ်က္စျပစ္ျပေသာ ေနရာကား taehyungေဘးက ခုံအလြတ္။သူတို႔ႏွစ္ေယာက္ပဲထိုင္ေသာ သုံးခုံတြဲေလးမွာ မၾကာခင္ပဲ အလုခံရေတာ့မည့္သေယာင္။
"ေအးေလ ဘာလို႔ထိုင္မွာလဲ။နင့္သူငယ္ခ်င္းေတြကေရာ"
"သူတို႔က ငါ့ကိုထားသြားၾကၿပီ အီးဟီး"
တကယ္ငိုမငိုေတာ့ မသိ၊တအီးအီးအသံထြက္လာတာေၾကာင့္ taehyungခမ်ာလန့္သြားရွာသည္။
"ဟဲ့ ဘာလို႔ငိုေနတာတုန္း။ဆရာမလာေတာ့မယ္ တိတ္ တိတ္"
တိတ္လည္းတိတ္ခိုင္း တစ္သ်ဴးေတြလည္းကမ္းေပးလိုက္ႏွင့္ ဂယက္ရိုက္ေနေသာႏွစ္ေယာက္သားကို သူၾကည့္ၿပီး ႀကိတ္ရယ္မိသည္။
ထိုအခ်ိန္မွာပဲ အတန္းထဲဆရာမဝင္လာတာေၾကာင့္ သူတို႔သုံးေယာက္သား ေယာက္ယက္ခတ္ေနသည္ကိုျမင္သြားေတာ့သည္။
"ဟဲ့ ဟိုအုပ္စုဘာျဖစ္ေနၾကတာလဲ သားjungkookက မထို္င္ဘဲနဲ႔ဘာလုပ္ေနတာလဲ။Kim Yerin ညည္းကကိုယ့္ေနရာကိုယ္မထိုင္ဘဲ ဘာလုပ္ေနတာတုန္း"
"sam သမီးဒီမွာထိုင္လို႔ရလားဟင္"
"ဟင္ ေယာက်္ားေလးႏွစ္ေယာက္နဲ႔ညည္းက ဘယ္လိုေနမွာလဲ မိyerin"
"လုပ္ပါsamကလည္း ေပးထိုင္ပါေနာ္"
"ေအး ထိုင္ေဟ့ ထိုင္ဟ"
Yerinလည္း taehyungကို ေျပာင္ျပကာ သူ႔ေဘးမွာထိုင္ခ်လိုက္ေတာ့သည္။စာစသင္သည္ႏွင့္ ပ်င္းစရာေကာင္းေသာနာရီလက္တံမွာလည္း တေရြ႕ေရြ႕သာလည္ေနေတာ့သည္။
ေက်ာင္းဆင္းခ်ိန္ေရာက္ေတာ့yerinတစ္ေယာက္လည္း လုပ္စရာရွိေသးသည္ဟုေျပာကာ အိမ္အျမန္ျပန္သြားေတာ့သည္။သူရယ္ taehyungရယ္ ႏွစ္ေယာက္ထဲက်န္ခဲ့တာမို႔ ေအးစက္စက္အေျခအေနျဖစ္ေနၾကသည္ေလ။
Taehyungက အိမ္ျပန္ဖို႔အလုပ္မွာ သူလွမ္းေခၚမိလိုက္သည္။
"Kim Taehyung ငါမင္းကိုေျပာစရာရွိတယ္"
Taehyungကသူ႔ကို လွည့္ၾကည့္လာခ်ိန္တြင္ အရာအားလုံးက ၿငိမ္သက္ေနေလေတာ့သည္။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Thanks for reading✨💜
Unicode
နောက်ရက်တွေမှာတော့ သူကျောင်းပြန်တက်ရတော့သည်။Taehyungကတော့ သူ့အတွက်ကူးပေးထားသည့်စာများကို ပြန်ရှင်းပြပေးရှာသည်။
"နားလည်လားJungkook"
"အင်း နားလည်တယ်။ကျေးဇူးကွာ taehyung"
သူမတ်တပ်ထလိုက်တော့taehyungက သူ့ခြေထောက်ကိုတွေ့သွားပြီး အလန့်တကြားထအော်တော့သည်။
"မင်းဘယ်ခြေထောက်က ဘာဖြစ်တာလဲ"
သူ့ခြေရင်းတွင်ထိုင်ချလိုက်ကာ ပတ်တီးစည်းထားသောခြေထောက်ကို သေချာကိုင်ကြည့်နေတော့ သူလည်းအားနာလာသည်လေ။
"ဟေ့ကောင် taehyung ငါ့ခြေထောက်ကြီးတော့မကိုင်နဲ့လေကွာ"
"ဘာမှမဖြစ်ပါဘူးကွ"
"မင်းမဖြစ်လည်း ငါတော့အားနာတယ်"
သူ့ခြေထောက်ကို အတင်းရုန်းလိုက်ကာမှပဲ taehyungလည်း လက်ရှောင်တော့သည်။
"ငါတောင်းပန်ပါတယ်jungkook မင်းမကြိုက်ရင်နောက်တစ်ခါငါမလုပ်တော့ဘူး"
"အင်း ရပါတယ်"
သူလည်းစိတ်ရှုပ်လာတာနဲ့ပဲ အပြင်ထွက်လာကာ ကန်တင်းဘက်ခြမ်းသို့ရောက်သွားတော့သည်။ကန်တင်းထဲမှာတော့ Kim Yerin။သူ့ကိုတွေ့လျှင်တွေ့ခြင်းပဲ သူငယ်ချင်းတွေကို နှုတ်ဆက်ကာအမြန်ပြေးလာတော့သည်။
"Jeon နေကောင်းသွားပြီလား မျက်နှာလေးချောင်သွားသလိုပဲနော်"
"သက်သာသွားပါပြီ"
"တော်သေးတာပေါ့ တို့ကjeonကို စိတ်ပူနေတာ"
သူလည်း တတို့တို့နှင့်ဖြစ်နေသော yerinကို စိတ်မရှည်တော့။
"တစ်ဆိတ် တို့လို့မသုံးဘဲ နင်နဲ့ငါလို့ပြောင်းသုံးပေးရင်တကယ်ကျေးဇူးတင်မိမှာပဲ"
"ဟင် ပြီးရောလေ။နင်နဲ့ငါဆိုပိုပြောလို့ကောင်းတာပေါ့"
"နင်ပြောစရာကုန်ပြီမဟုတ်လား ငါသွားစရာရှိသေးလို့"
"အင်း ကုန်ပြီ။တာ့တာjungkook ah"
သူလည်းစိတ်မပါတပါ ပြုံးပြလိုက်ပြီး ကန်တင်းဘက်သို့ထွက်လာခဲ့သည်။စာသင်ချိန်မစသေးတာကြောင့် ကျောင်းသားတွေက ကန်တင်းမှာ တစ်စတစ်စ။သူလည်း အိမ်ကဘာမှမစားလာတာကြောင့် sandwichတစ်ပွဲနှင့် latteတစ်ခွက်မှာကာ ထိုင်စားနေမိသည်။သူအိမ်ကထွက်ကတည်းက hyungပါမလာတာကြောင့် ဘယ်တွေများရောက်နေလဲဟု ပတ်ရှာနေသည်မှာ ခေါင်းလည်းသုံးရာ့ခြောက်ဆယ်ဒီဂရီလည်ရောပေါ့။
ထိုစဉ်ကန်တင်းထဲသို့ ဝင်လာသော ခေါင်းလုံးလုံးလေးကြောင့် သူအလိုလိုပြုံးမိသွားသည်။သို့သော်hyung၏ ဘေးမှာ လူတစ်ယောက်။ဆံပင်အမည်းရောင် undercutနှင့် ခပ်ချေချေမျက်နှာပေးက အတော်ဆွဲဆောင်မှုရှိသည်။နှစ်ယောက်လုံးတူညီသည်ကား အရပ်ပုကြတာပင်။
"Hyung...."
ခေါ်သံကြားတော့ သူရှိရာဘက်ကိုကြည့်လာသည်လေ။သူထိုင်နေသည့်နေရာသို့ ဦးတည်လာနေသောhyung၏ အနောက်တွင် ဟိုလူကပါထက်ကြပ်မကွာ။
"Jungkook မနက်စာစားနေတာလား"
"nae ကျနော်ဘာမှမစားလာလို့။hyungရော မစားဘူးလား"
"ငါက Yoongiနဲ့စားပြီးသွားပြီ"
"ငါကMin Yoongiပါ။Jiminသူငယ်ချင်း"
"Nae ကျနော်က Park အဲ...Jeon Jungkookပါ"
"ဟုတ်ပြီ ဆက်စား ကောင်လေးရေ။ကျောင်းတက်တော့မှာ"
"nae nae"
Min Yoongiက နှုတ်ဆက်သွားသော်လည်း hyungက လှည့်ပင်မကြည့်သွားတာမို့ သူဆန့်တငင်ငင်နှင့်ကျန်ရစ်ခဲ့သည်လေ။တော်သေးတာပေါ့....စကားနှစ်ခွန်းတော့ပြောဖော်ရလို့။
သူမကျေမနပ်နှင့်တွေးကာ ကော်ဖီကိုမမှုတ်ဘဲသောက်ချလိုက်တာကြောင့် လျှာကျက်သွားရသည်။
::::::::::::::::::::::
အတန်းထဲပြန်ရောက်တော့ ဆရာမကအခုထိမရောက်သေးတာကြောင့် တစ်ခန်းလုံးဆူညံနေကြသည်။ထို့နောက်သူ့နေရာကိုလှမ်းကြည့်လိုက်တော့...
အယ်....Taehyungနဲ့ Yerinဘာဖြစ်နေကြတာပါလိမ့်။
သူထိုနှစ်ယောက်နားသွားလိုက်တော့ နှစ်ယောက်သားမော့ကြည့်ကြသည်။Taehyungကတော့ မျက်နှာကြီးမည်းလျက်။Yerinကတော့ စပ်ဖြီးဖြီးနှင့်။
"ဘာဖြစ်နေကြတာလဲ"
"Jungkook ah ဒီကောင်မလေးလေ ငါတို့နှစ်ယောက်နဲ့တူတူထိုင်ချင်လို့တဲ့ လုပ်ပါဦး"
Taehyung၏ စကားကြောင့် ဒီတစ်ခါမျက်လုံးပြူးသွားရတာသူ။
"Kim Yerin နင်ကဘာလို့ထိုင်မှာလဲ"
"သူငယ်ချင်းလိုပြောလို့ရပြီဆိုတော့လေ သုံးယောက်ထိုင်ကြတာပေါ့"
Yerinမျက်စပြစ်ပြသော နေရာကား taehyungဘေးက ခုံအလွတ်။သူတို့နှစ်ယောက်ပဲထိုင်သော သုံးခုံတွဲလေးမှာ မကြာခင်ပဲ အလုခံရတော့မည့်သယောင်။
"အေးလေ ဘာလို့ထိုင်မှာလဲ။နင့်သူငယ်ချင်းတွေကရော"
"သူတို့က ငါ့ကိုထားသွားကြပြီ အီးဟီး"
တကယ်ငိုမငိုတော့ မသိ၊တအီးအီးအသံထွက်လာတာကြောင့် taehyungခမျာလန့်သွားရှာသည်။
"ဟဲ့ ဘာလို့ငိုနေတာတုန်း။ဆရာမလာတော့မယ် တိတ် တိတ်"
တိတ်လည်းတိတ်ခိုင်း တစ်သျူးတွေလည်းကမ်းပေးလိုက်နှင့် ဂယက်ရိုက်နေသောနှစ်ယောက်သားကို သူကြည့်ပြီး ကြိတ်ရယ်မိသည်။
ထိုအချိန်မှာပဲ အတန်းထဲဆရာမဝင်လာတာကြောင့် သူတို့သုံးယောက်သား ယောက်ယက်ခတ်နေသည်ကိုမြင်သွားတော့သည်။
"ဟဲ့ ဟိုအုပ်စုဘာဖြစ်နေကြတာလဲ သားjungkookက မထိုင်ဘဲနဲ့ဘာလုပ်နေတာလဲ။Kim Yerin ညည်းကကိုယ့်နေရာကိုယ်မထိုင်ဘဲ ဘာလုပ်နေတာတုန်း"
"sam သမီးဒီမှာထိုင်လို့ရလားဟင်"
"ဟင် ယောကျ်ားလေးနှစ်ယောက်နဲ့ညည်းက ဘယ်လိုနေမှာလဲ မိyerin"
"လုပ်ပါsamကလည်း ပေးထိုင်ပါနော်"
"အေး ထိုင်ဟေ့ ထိုင်ဟ"
Yerinလည်း taehyungကို ပြောင်ပြကာ သူ့ဘေးမှာထိုင်ချလိုက်တော့သည်။စာစသင်သည်နှင့် ပျင်းစရာကောင်းသောနာရီလက်တံမှာလည်း တရွေ့ရွေ့သာလည်နေတော့သည်။
ကျောင်းဆင်းချိန်ရောက်တော့yerinတစ်ယောက်လည်း လုပ်စရာရှိသေးသည်ဟုပြောကာ အိမ်အမြန်ပြန်သွားတော့သည်။သူရယ် taehyungရယ် နှစ်ယောက်ထဲကျန်ခဲ့တာမို့ အေးစက်စက်အခြေအနေဖြစ်နေကြသည်လေ။
Taehyungက အိမ်ပြန်ဖို့အလုပ်မှာ သူလှမ်းခေါ်မိလိုက်သည်။
"Kim Taehyung ငါမင်းကိုပြောစရာရှိတယ်"
Taehyungကသူ့ကို လှည့်ကြည့်လာချိန်တွင် အရာအားလုံးက ငြိမ်သက်နေလေတော့သည်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Thanks for reading✨💜