စွန် (The Kite) { Completed }

By Jacques_sai

42K 2.6K 74

Tom+Les ( Unicode/ Zawgyi ) (Republish) အချစ်ကို ကိုးကွယ်မိတဲ့အခါ အချစ်ကလွဲပြီး ကျန်တာဘာမှမမြင်တော့။ ပျော်ရွှ... More

Introduction
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16 {Chue Myat Chal}
Chapter 17 {Shin Thant Paing}
Chapter 18 {May Myat Noe}
Chapter 19 {Yoon Cherry Ko}
Chapter 20 {Moe Sett Thit}
Chapter 21 {Loon Poe Eain}
Chapter 22
Chapter 23
(The Kite)
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Midnight Thoughts
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36 ( Pre - Final )
Chapter 37 ( Final )
Thanks Letter

And you?

539 47 9
By Jacques_sai

Unicode
-------------

ကျွန်တော်တို့ဘဝမှာ တစ်ခါလောက်တော့ လူတစ်ယောက်ကိုချစ်ဖူးကြလိမ့်မယ်။ ဒါက ပုံမှန်ပဲမဟုတ်လား?

ဒါဆိုရင် တစ်ချိန်တည်းမှာပဲ လူနှစ်ယောက်ကို တစ်ပြိုင်နက်ချစ်မိရင်ကော?
ဒါဟာပုံမှန်လား?

ချစ်ဖူးကြတဲ့လူတွေလည်း ရှိသလို အချစ်ဆိုတာ တစ်ယောက်တည်းအတွက်ပဲ ဖြစ်တည်သင့်တယ်လို့ သဘောထားတဲ့လူတွေလည်း ရှိလိမ့်မယ်။
ကျွန်တော်ကတော့ လူနှစ်ယောက်ကို တစ်ချိန်တည်းမှာ သဘောကျခဲ့ဖူးတယ်။

လူနှစ်ယောက်ကို တစ်ချိန်တည်းမှာ သဘောကျနေနိုင်ပေမယ့် သဘောကျတဲ့ပုံစုံချင်းတော့ တူနိုင်မှာမဟုတ်ဘူး။

1st person

သူဟာ ကျွန်တော်တို့ရဲ့ အချစ်ဦးလည်းဖြစ်နိုင်သလို အချစ်ဆုံးလည်းဖြစ်နိုင်တယ်။
‌သူ့ ဘေးနားမှာရှိနေရရင်ကို ကျွန်တော်တို့ လုံခြုံနေသလိုခံစားရမယ်။ ကျွန်တော်တို့အတွက် သူဟာ ကျားတစ်ကောင်လိုဖြစ်ပြီးတော့ ကျွန်တော်တို့ကတော့ သမင်ငယ်အလား သူ့ဆီက နွေးထွေးလုံခြုံမှုတွေကို တောင့်တနေတတ်ကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ နက်ရှိုင်းတဲ့ ခံစားချက်တွေရှိပြီး တစ်ယောက်စိတ်ကို တစ်ယောက် ကောင်းကောင်းနားလည်ကြတယ်။ သူ့ကြောင့် ကျွန်တော်တို့ဘဝမှာ ဘာနဲ့မှမတူတဲ့ ပျော်ရွှင်မှုတွေရခဲ့ရသလို၊ အနာကျင်ဆုံး ခံစားချက်တွေကိုလည်း ခံစားခဲ့ရလိမ့်မယ်။ သူကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ကျွန်တော်တို့ချစ်မြဲချစ်ကြတယ်။

2nd person

သူဟာ ကျွန်တော်တို့အတွက် စောင့်ရှောက်စရာ အားနည်းပြီး နူးညံ့တဲ့ သက်ရှိတစ်ဦးနဲ့တူတယ်။ သူနဲ့ ရှိနေတဲ့အခါတိုင်း ကိုယ့်ကိုယ်ကို ခြင်္သေ့ တစ်ကောင်အလား ယုံကြည်မှုရှိနေတတ်ကြတယ်။ သူနဲ့ပက်သက်ရင် ကျွန်တော်တို့ အရာရာကို ဦးဆောင်ပေးချင်ကြတယ်။ ပထမလူနဲ့ပက်သက်ရင် ကိုယ့်ကိုယ်ကို သိမ်ငယ်ခဲ့သမျှ သူနဲ့မှယုံကြည်မှုတွေရှိလာတယ်။ သူဟာ ကျွန်တော်တို့လိုချင်တာ ဖြစ်ချင်တာတွေကို အလိုက်တသိနဲ့ ပေးတတ်ကြတယ်။ ကျွန်တော်တို့ဘဝအတွက် အချစ်ဦးတွေ အချစ်ဆုံးတွေမဟုတ်ရင်တောင် ကျွန်တော်တို့အပေါ် အကောင်းဆုံးလူတွေဖြစ်ကြလိမ့်မယ်။

Johnny depp, Asha Priya Deka
အစရှိတဲ့လူတွေကပြောခဲ့ဖူးတယ်။
"In such situation, choose a second one because if you really loved the first one, you wouldn't have fallen for the second"

"ဒီလိုအခြေအနေမျိုးနဲ့ကြုံလာတဲ့အခါ ဒုတိယလူကိုရွေးခြယ်လိုက်ပါ၊ ကျွန်တော်တို့သာ ပထမလူကိုတကယ်ချစ်ရင် ဒုတိယလူဆိုတာ ပေါ်လာစရာအကြောင်းမရှိဘူး" တဲ့။

ကျွန်တော်ကတော့ ပြီးပြည့်စုံလို့ သဘောကျမိတဲ့ အချစ်ထက်..
မပြည့်စုံမှုတွေရှိနေတာတောင်၊ နာကျင်မှုတွေကြားထဲက သဘောကျနေမိတဲ့ အချစ်ကို ရွေးခြယ်ခဲ့တယ်။

စာဖတ်သူသာဆိုရင်ကော.....?

Moe Sett
__________

Zawgyi
-----------


ဒါဟာပုံမှန်လား?



1st person


2nd person





စာဖတ်သူသာဆိုရင်ကော.....?

Moe Sett
__________

Continue Reading

You'll Also Like

4.4M 282K 81
Married Life ( Male Pregnant ) " ငါမောင့်ကိုချစ်တယ် ဒါပေမယ့် ငါ့မှာလည်းသည်းခံနိုင်တဲ့အတိုင်းအတာဆိုတာရှိတယ် မင်းငါ့ကိုအရင်ကျောခိုင်းရင် မင်းထားခဲ့တဲ့အ...
42.2K 2.1K 13
Tomboy နဲ့ မျက်မမြင်ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ ဘယ်လိုတွေဖြစ်ပြီး ကြိုက်သွားကြတယ်ဆိုတာကိုတော့ . . . ( My Own Creation ) Write in 2017
585K 27.4K 41
"ပိုင်ဆိုင်ချင်သောရပ်ဝန်းတစ်ခုအား ပိုင်ဆိုင်ရပါစေ" ၏ Season 2 ဖြစ်ပါသည်။ 18th Creation Start : 9 February 2023 "ပိုင်ဆိုင်ချင်သောရပ်ဝန်းတစ်ခုအား ပို...