Have You Ever Been In Love?

By Apyone237

133K 10.8K 245

ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်ဆိုတဲ့ လူသားလေးနှစ်ယောက်ကြားက ပေါက်ဖွားလာတဲ့ မတူညီတဲ့ ချစ်ခြင်းနှစ်ခုကို ရိုးရိုးရှင... More

Part (1)
Part (2)
Part (3)
Part (4)
Part (5)
Part (6)
Part (7)
Part (8)
Part (9)
Part (10)
Part (11)
Part(12)
Part (13)
Part (14)
Part (15)
Part (16)
Part (17)
Part (19)
Part (20) 🚨
Part (21)
Part (22)
Part (23)
Part (24)
Part (25)
Part (26)
Part (27)
Part (28)
Part (29)
Part (30)
Part (31)
Part (32)🚨
Part (33)
Part (34)⚠
Part (35)Final

Part (18)

2.9K 291 5
By Apyone237

Unicode

ခုတလော ဝမ်ရိပေါ်နဲ့ ဇာတ်လမ်းအတူရိုက်တဲ့ မင်းသမီး ချန်ရှင်းတို့ရဲ့ dating သတင်းတွေက weibo မှာပလူပျံနေတယ်။ ဟိုတယ်တစ်ခုထဲမှာတည်းတာ၊ နှစ်ယောက်ထဲထမင်းထွက်စားကြတာတွေကို paparazzi တွေက ဓာတ်ပုံရိုက်ပြီးဖြန့်နေကြတယ်။ ရိပေါ်ရဲ့ agency ဘက်ကလဲ တရားဝင်ငြင်းဆိုထားခြင်းမရှိတော့ လူတွေက တကယ်တွဲနေတယ်လို့ ယုံကြည်နေကြတယ်။

"ကျန်းချန်ကော...ကုမ္ပဏီက ဘာလို့မငြင်းသေးတာလဲ"

"ရိပေါ်... CEO က ဒီကိစ္စကို မင်းဇာတ်ကားမပြီးသေးသရွေ့ဒီအတိုင်းထားခိုင်းထားတာ။ ဇာတ်ကားပြီးအောင်ပဲ သည်းခံလိုက်ပါကွာ"

"ကျစ်...ဘယ်လောက်တောင်စောင့်ရမှာလဲ ကျွန်တော်အဲ့တာမျိုးတွေစိတ်ပျက်တာ။ မလိုအပ်တဲ့ rumors တွေကိုတမင်ဖြန့်ပြီး ဇာတ်ကားရဲ့ rating ကိုမြင့်အောင်လုပ်တာလေ"

"ဒီလောကမှာတော့ ဒီလိုပဲလေ ရိပေါ်ရဲ့"

"ကျန်းချန်ကော...ဒီနေ့ညပိုင်းရိုက်ကူးရေးမရှိဘူးမလား"

"အင်းမရှိဘူး"

"Beijing ကိုလက်မှတ်တစ်စောင်လောက်ဝယ်ပေးပါ"

"မနက်ဖြန် ဇာတ်ကားမိတ်ဆက်ပွဲရှိတယ်နော်ရိပေါ်"

"အင်းသိတယ်ကျွန်တော်အမှီပြန်လာမှာ"

ရိပေါ်က ဒီသတင်းကို ရှောင်းကျန့်ကြားရင် အထင်လွဲနေမှာစိုးလို့ အပြေးပြန်ရတယ်။ ညတွင်းချင်း flight နဲ့ ပြန်လာရတော့ ညည့်နက်မှ အိမ်ပြန်ရောက်တယ်။

ရိပေါ် ရှောင်းကျန့်အိမ်ကိုတန်းသွားလိုက်တယ်။ သော့ခတ်ထားတဲ့ အိမ်တံခါးက လူမရှိတာကိုပြနေတယ်။ ဖုန်းခေါ်တော့လဲမကိုင်တာကြောင့် ရိပေါ် ကွန်ဒိုအရှေ့မှာပဲ ငုတ်တုတ်ထိုင်စောင့်နေလိုက်တယ်။

"လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်ဗျ"

ခဏနေတော့ ရှောင်းကျန့်က ကားတစ်စီးပေါ်က ဆင်းလာပြီး ကားထဲကလူကို နှုတ်ဆက်နေတယ်။ ထိုကားထွက်သွားမှ ရှောင်းကျန့် ဝင်လာတော့ ငုတ်တုတ်ထိုင်နေတဲ့ ရိပေါ်ကိုတွေ့တယ်။

"ဟင်...ရိပေါ်...ဘယ်လို ရောက်လာတာလဲ ရိုက်ကူးရေးမပြီးသေးဘူးဆို"

"ကိုကို weiboက ကျွန်တော့ သတင်းတွေတွေ့ပြီးပြီလား"

"ဟင့်အင်းမတွေ့ရသေးဘူး ဘာလို့လဲ"

ရိပေါ်မေ့သွားတယ် ကိုကိုက သူ့လိုအချိန်တိုင်းကိုကို့သတင်းတွေပဲ နားစွင့်နေတဲ့သူမှမဟုတ်တာ။

"လာအိမ်ထဲသွားမယ်"

ရိပေါ်နဲ့ မစိမ်းတဲ့ ကိုကို့အိမ်က ယောကျ်ားလေး တစ်ယောက်ထဲနေတယ် မထင်ရအောင်ကို သပ်ရပ်နေတယ်။ ရိပေါ်ရဲ့ အိမ်မှာပဲထားထားတဲ့ ကိုကို့ပစ္စည်းတွေကို အကုန်သူ့အိမ်သူပြန်ရွှေ့ထားတယ်။

"မင်းဒီလို ထွက်လာလို့အဆင်ပြေလို့လား ရိပေါ်"

"အင်း ချက်ချင်းပြန်သွားမှာပါ ကိုကိုနဲ့စကားပြောဖို့သပ်သပ်ပဲပြန်လာတာ"

"ဪ...ဘာအကြောင်းမို့လို့လဲ"

"ကျွန်တော်နဲ့ ချန်ရှင်းရဲ့တွဲနေကြတယ်ဆိုတဲ့သတင်း...အဲ့တာအမှန်မဟုတ်ဘူး ကိုကိုတကယ်က"

"ဘာများလဲလို့ကွာ ကိုကိုနားလည်ပါတယ်။ ရှင်းပြစရာမလိုပါဘူး။ ဒါမျိုးကကြုံရမှာပဲလေ"

"ကိုကို...သဝန်မတိုဘူးလား"

"ဒါသဝန်တိုစရာကိစ္စမှမဟုတ်တာ။"

ကိုကို့နေရာမှာသာ ရိပေါ်ဆိုရင် သဝန်တိုမိမှာ အမှန်ကို ရှင်းပြခိုင်းမှာ ခု​တော့ကိုကိုက သဝန်မတိုတဲ့အပြင် အရေးမပါတဲ့ ကိစ္စလို ခပ်ပေါ့ပေါ့သဘောထားနေတယ်။

"ကျွန်တော်က ကိုကို့ကို အမှန်တိုင်းရှင်းပြဖို့ ညတွင်းချင်းပြေးလာတာ"

"ရိပေါ်ရယ် အလုပ်တွေပစ်ထားခဲ့ပြီး ပြန်လာရလားကွာ မင်းဖုန်းအရင်ဆက်လိုက်ရမှာ....စိတ်ထင်ရာမလုပ်စမ်းနဲ့"

ရိပေါ်ရဲ့ ချစ်တတ်မှုနဲ့ ဂရုစိုက်မှုကို ကိုကိုက ထင်ရာစိုင်းတာလို့ နာမည်တပ်လိုက်ပြီ။

"ကျွန်တော်ဖုန်းခေါ်တယ် ကိုကိုကမကိုင်တာ"

"ဟုတ်လား ကိုကိုမကြားမိတာဖြစ်မယ်။"

"ကိုကို ဘယ်တွေသွားနေတာလဲ ခုနကလိုက်ပို့တာရော ဘယ်သူလဲ"

"အဲ့တာက star agency က CEO ပါသူကထမင်းစားဖိတ်လို့သွားတာ"

ညှို့မှိုင်းနေတဲ့ ရိပေါ်ရဲ့ မျက်ဝန်းတွေကို ရှောင်းကျန့်သဘောမကျဘူး။

"အလုပ်ကိစ္စအရ သွားတာလေ ရိပေါ် မင်းကဘာကိုအလိုမကျတာလဲ"

"အချိန်ကိုလဲ ကြည့်ဦးကိုကို ညသန်းခေါင်ကြီး"

"အဲ့တာတော့ သူကဒီအချိန်ပဲအားလို့နေမှာပေါ့ကွ။ ဝမ်ရိပေါ် မင်းမရစ်စမ်းနဲ့ကွာ"

"ကိုကိုက ကျွန်တော်ရစ်နေတယ်လို့မြင်တာလား"

"မင်းအခုသဝန်တိုနေပြန်ပြီမလား။...ငါအဲ့တာတွေမကြိုက်တာ ဝမ်ရိပေါ်"

"ကျွန်တော့်မှာ သဝန်တိုခွင့်မရှိဘူးလားကိုကို...ကျွန်တော်ကိုကို့ကို ချစ်တယ် ချစ်တော့ သဝန်တိုတယ်။ ကိုကိုကကျွန်တော့်ကို ဘယ်တော့မှ သဝန်မတိုဘူး။....ဘာလို့လဲ"

"ရှင်းနေတာပဲ မင်းကငါ့ကိုမယုံလို့ပေါ့"

"ထားပါတော့ ကျွန်တော်ပဲမှားပါတယ်။ ကျွန်တော်ဆက်ပြီးမငြင်းချင်တော့ဘူး သွားတော့မယ်"

ဒီလိုနဲ့ပဲ ကိုကိုနဲ့ ကျွန်တော့်ရဲ့ကြားက အဖုအထစ်တွေစတယ်။ ကိုကို သဝန်တိုမှာစိုးလို့ ကျွန်တော့ဘက်က တကူးတက ပြန်လာပြီး ဖြေရှင်းဖို့ကြိုးစားခဲ့ပေမဲ့ ကိုကိုက ဘာကြောင့်လဲမေးဖော်တောင်မရ။ ကျွန်တော့်ဘက်က သဝန်တိုတော့ ကိုကိုကမေးခွန်းထုတ်ခွင့်တောင်မပြု။ သိပ်ချစ်မိတဲ့ ကျွန်တော်ကပဲ အရာအားလုံးအလျှော့ပေးထားတယ်။ အရာအားလုံးကိုကို့စိတ်တိုင်းကျပါပဲ ကိုကိုကျေနပ်မယ်ဆို အမှားမှန်သမျှကျွန်တော့်အမှားချည်းပါပဲ။

ရိပေါ်က ရောက်ကထဲက မချရသေးတဲ့အိတ်ကို လွယ်လျက်သားနဲ့ ပြန်သွားတယ်။ အတားအဆီးမရှိစီးနေတဲ့ မျက်ရည်တွေကို mask နဲ့ ဦးထုပ်အကာအကွယ်ယူလို့ ဖုံးကွယ်ထားတယ်။

သူတို့ vd call ပြောကြတုန်းက ရှောင်းကျန့်က စားချင်တယ်လို့ပြောလိုက်တဲ့ shanghaiက မုန့်ထုပ်လေးကို ခုံပေါ်မှာတွေ့တော့ ရှောင်းကျန့် မျက်ရည်တွေကျလာတယ်။ သူက ရိပေါ်ကိုချစ်တယ် ပြီးတော့ ယုံလဲယုံတယ်။ အဲ့လိုပဲ ရိပေါ်ကိုလဲ သူ့ကိုယုံစေချင်တယ်။ သဝန်တိုတတ်လွန်းတဲ့ ရိပေါ်ကို အမြဲဖြေရှင်းနေရတာတွေ သူမလုပ်ချင်တော့ဘူး။ ရိပေါ်က သူ့ကိုသိပ်ချစ်တာ သူသိတယ်။ ခုလဲကလေးငယ်က ရိုက်ကွင်းကနေတန်းလာတာ သူသိတယ်။ ရိုက်ကွင်းကသူတွေ ဒါမှမဟုတ်အပြင်လူတစ်ယောက်က သိသွားခဲ့ရင် ရိပေါ်ရဲ့ နာမည်ထိခိုက်မှာ။ ကလေးငယ်က ဂရုမစိုက်ရင်တောင် သူကအကြီးမို့ ဂရုစိုက်ရမယ်။ သူ့အတွက် ကလေးငယ်လူပြောမခံရဖို့က ပထမဦးစားပေးဖြစ်နေလို့....။ဒါကို ရိပေါ်က လက်မခံဘူး သူ့ကိုမချစ်ဘူးပဲ ထင်နေတယ်။ ရှောင်းကျန့်က ရိပေါ်ကို သိပ်ချစ်တာပေါ့ သူနာကျင်ရမယ်ဆိုရင်တောင်ချစ်နေဦးမှာ။ အဲ့တာကို ကလေးငယ် နားမလည်လဲဖြစ်တယ်။ အပြစ်လုပ်မိရင်တောင် ကိုကိုပဲ အပြစ်တွေအကုန်ခံယူပေးမှာမို့.....။

#peterpan

Zawgyi

ခုတေလာ ဝမ္ရိေပၚနဲ႕ ဇာတ္လမ္းအတူရိုက္တဲ့ မင္းသမီး ခ်န္ရွင္းတို႔ရဲ႕ dating သတင္းေတြက weibo မွာပလူပ်ံေနတယ္။ ဟိုတယ္တစ္ခုထဲမွာတည္းတာ၊ ႏွစ္ေယာက္ထဲထမင္းထြက္စားၾကတာေတြကို paparazzi ေတြက ဓာတ္ပုံရိုက္ၿပီးျဖန့္ေနၾကတယ္။ ရိေပၚရဲ႕ agency ဘက္ကလဲ တရားဝင္ျငင္းဆိုထားျခင္းမရွိေတာ့ လူေတြက တကယ္တြဲေနတယ္လို႔ ယုံၾကည္ေနၾကတယ္။

"က်န္းခ်န္ေကာ...ကုမၸဏီက ဘာလို႔မျငင္းေသးတာလဲ"

"ရိေပၚ... CEO က ဒီကိစၥကို မင္းဇာတ္ကားမၿပီးေသးသေ႐ြ႕ဒီအတိုင္းထားခိုင္းထားတာ။ ဇာတ္ကားၿပီးေအာင္ပဲ သည္းခံလိုက္ပါကြာ"

"က်စ္...ဘယ္ေလာက္ေတာင္ေစာင့္ရမွာလဲ ကြၽန္ေတာ္အဲ့တာမ်ိဳးေတြစိတ္ပ်က္တာ။ မလိုအပ္တဲ့ rumors ေတြကိုတမင္ျဖန့္ၿပီး ဇာတ္ကားရဲ႕ rating ကိုျမင့္ေအာင္လုပ္တာေလ"

"ဒီေလာကမွာေတာ့ ဒီလိုပဲေလ ရိေပၚရဲ႕"

"က်န္းခ်န္ေကာ...ဒီေန႕ညပိုင္းရိုက္ကူးေရးမရွိဘူးမလား"

"အင္းမရွိဘူး"

"Beijing ကိုလက္မွတ္တစ္ေစာင္ေလာက္ဝယ္ေပးပါ"

"မနက္ျဖန္ ဇာတ္ကားမိတ္ဆက္ပြဲရွိတယ္ေနာ္ရိေပၚ"

"အင္းသိတယ္ကြၽန္ေတာ္အမွီျပန္လာမွာ"

ရိေပၚက ဒီသတင္းကို ေရွာင္းက်န့္ၾကားရင္ အထင္လြဲေနမွာစိုးလို႔ အေျပးျပန္ရတယ္။ ညတြင္းခ်င္း flight နဲ႕ ျပန္လာရေတာ့ ညည့္နက္မွ အိမ္ျပန္ေရာက္တယ္။

ရိေပၚ ေရွာင္းက်န့္အိမ္ကိုတန္းသြားလိုက္တယ္။ ေသာ့ခတ္ထားတဲ့ အိမ္တံခါးက လူမရွိတာကိုျပေနတယ္။ ဖုန္းေခၚေတာ့လဲမကိုင္တာေၾကာင့္ ရိေပၚ ကြန္ဒိုအေရွ႕မွာပဲ ငုတ္တုတ္ထိုင္ေစာင့္ေနလိုက္တယ္။

"လိုက္ပို႔ေပးတာ ေက်းဇူးတင္ပါတယ္ဗ်"

ခဏေနေတာ့ ေရွာင္းက်န့္က ကားတစ္စီးေပၚက ဆင္းလာၿပီး ကားထဲကလူကို ႏႈတ္ဆက္ေနတယ္။ ထိုကားထြက္သြားမွ ေရွာင္းက်န့္ ဝင္လာေတာ့ ငုတ္တုတ္ထိုင္ေနတဲ့ ရိေပၚကိုေတြ႕တယ္။

"ဟင္...ရိေပၚ...ဘယ္လို ေရာက္လာတာလဲ ရိုက္ကူးေရးမၿပီးေသးဘူးဆို"

"ကိုကို weiboက ကြၽန္ေတာ့ သတင္းေတြေတြ႕ၿပီးၿပီလား"

"ဟင့္အင္းမေတြ႕ရေသးဘူး ဘာလို႔လဲ"

ရိေပၚေမ့သြားတယ္ ကိုကိုက သူ႕လိုအခ်ိန္တိုင္းကိုကို႔သတင္းေတြပဲ နားစြင့္ေနတဲ့သူမွမဟုတ္တာ။

"လာအိမ္ထဲသြားမယ္"

ရိေပၚနဲ႕ မစိမ္းတဲ့ ကိုကို႔အိမ္က ေယာက်္ားေလး တစ္ေယာက္ထဲေနတယ္ မထင္ရေအာင္ကို သပ္ရပ္ေနတယ္။ ရိေပၚရဲ႕ အိမ္မွာပဲထားထားတဲ့ ကိုကို႔ပစၥည္းေတြကို အကုန္သူ႕အိမ္သူျပန္ေ႐ႊ႕ထားတယ္။

"မင္းဒီလို ထြက္လာလို႔အဆင္ေျပလို႔လား ရိေပၚ"

"အင္း ခ်က္ခ်င္းျပန္သြားမွာပါ ကိုကိုနဲ႕စကားေျပာဖို႔သပ္သပ္ပဲျပန္လာတာ"

"ဪ...ဘာအေၾကာင္းမို႔လို႔လဲ"

"ကြၽန္ေတာ္နဲ႕ ခ်န္ရွင္းရဲ႕တြဲေနၾကတယ္ဆိုတဲ့သတင္း...အဲ့တာအမွန္မဟုတ္ဘူး ကိုကိုတကယ္က"

"ဘာမ်ားလဲလို႔ကြာ ကိုကိုနားလည္ပါတယ္။ ရွင္းျပစရာမလိုပါဘူး။ ဒါမ်ိဳးကႀကဳံရမွာပဲေလ"

"ကိုကို...သဝန္မတိုဘူးလား"

"ဒါသဝန္တိုစရာကိစၥမွမဟုတ္တာ။"

ကိုကို႔ေနရာမွာသာ ရိေပၚဆိုရင္ သဝန္တိုမိမွာ အမွန္ကို ရွင္းျပခိုင္းမွာ ခုေတာ့ကိုကိုက သဝန္မတိုတဲ့အျပင္ အေရးမပါတဲ့ ကိစၥလို ခပ္ေပါ့ေပါ့သေဘာထားေနတယ္။

"ကြၽန္ေတာ္က ကိုကို႔ကို အမွန္တိုင္းရွင္းျပဖို႔ ညတြင္းခ်င္းေျပးလာတာ"

"ရိေပၚရယ္ အလုပ္ေတြပစ္ထားခဲ့ၿပီး ျပန္လာရလားကြာ မင္းဖုန္းအရင္ဆက္လိုက္ရမွာ....စိတ္ထင္ရာမလုပ္စမ္းနဲ႕"

ရိေပၚရဲ႕ ခ်စ္တတ္မႈနဲ႕ ဂ႐ုစိုက္မႈကို ကိုကိုက ထင္ရာစိုင္းတာလို႔ နာမည္တပ္လိုက္ၿပီ။

"ကြၽန္ေတာ္ဖုန္းေခၚတယ္ ကိုကိုကမကိုင္တာ"

"ဟုတ္လား ကိုကိုမၾကားမိတာျဖစ္မယ္။"

"ကိုကို ဘယ္ေတြသြားေနတာလဲ ခုနကလိုက္ပို႔တာေရာ ဘယ္သူလဲ"

"အဲ့တာက star agency က CEO ပါသူကထမင္းစားဖိတ္လို႔သြားတာ"

ညွို႔မွိုင္းေနတဲ့ ရိေပၚရဲ႕ မ်က္ဝန္းေတြကို ေရွာင္းက်န့္သေဘာမက်ဘဴး။

"အလုပ္ကိစၥအရ သြားတာေလ ရိေပၚ မင္းကဘာကိုအလိုမက်တာလဲ"

"အခ်ိန္ကိုလဲ ၾကည့္ဦးကိုကို ညသန္းေခါင္ႀကီး"

"အဲ့တာေတာ့ သူကဒီအခ်ိန္ပဲအားလို႔ေနမွာေပါ့ကြ။ ဝမ္ရိေပၚ မင္းမရစ္စမ္းနဲ႕ကြာ"

"ကိုကိုက ကြၽန္ေတာ္ရစ္ေနတယ္လို႔ျမင္တာလား"

"မင္းအခုသဝန္တိုေနျပန္ၿပီမလား။...ငါအဲ့တာေတြမႀကိဳက္တာ ဝမ္ရိေပၚ"

"ကြၽန္ေတာ့္မွာ သဝန္တိုခြင့္မရွိဘူးလားကိုကို...ကြၽန္ေတာ္ကိုကို႔ကို ခ်စ္တယ္ ခ်စ္ေတာ့ သဝန္တိုတယ္။ ကိုကိုကကြၽန္ေတာ့္ကို ဘယ္ေတာ့မွ သဝန္မတိုဘူး။....ဘာလို႔လဲ"

"ရွင္းေနတာပဲ မင္းကငါ့ကိုမယုံလို႔ေပါ့"

"ထားပါေတာ့ ကြၽန္ေတာ္ပဲမွားပါတယ္။ ကြၽန္ေတာ္ဆက္ၿပီးမျငင္းခ်င္ေတာ့ဘူး သြားေတာ့မယ္"

ဒီလိုနဲ႕ပဲ ကိုကိုနဲ႕ ကြၽန္ေတာ့္ရဲ႕ၾကားက အဖုအထစ္ေတြစတယ္။ ကိုကို သဝန္တိုမွာစိုးလို႔ ကြၽန္ေတာ့ဘက္က တကူးတက ျပန္လာၿပီး ေျဖရွင္းဖို႔ႀကိဳးစားခဲ့ေပမဲ့ ကိုကိုက ဘာေၾကာင့္လဲေမးေဖာ္ေတာင္မရ။ ကြၽန္ေတာ့္ဘက္က သဝန္တိုေတာ့ ကိုကိုကေမးခြန္းထုတ္ခြင့္ေတာင္မျပဳ။ သိပ္ခ်စ္မိတဲ့ ကြၽန္ေတာ္ကပဲ အရာအားလုံးအေလွ်ာ့ေပးထားတယ္။ အရာအားလုံးကိုကို႔စိတ္တိုင္းက်ပါပဲ ကိုကိုေက်နပ္မယ္ဆို အမွားမွန္သမွ်ကြၽန္ေတာ့္အမွားခ်ည္းပါပဲ။

ရိေပၚက ေရာက္ကထဲက မခ်ရေသးတဲ့အိတ္ကို လြယ္လ်က္သားနဲ႕ ျပန္သြားတယ္။ အတားအဆီးမရွိစီးေနတဲ့ မ်က္ရည္ေတြကို mask နဲ႕ ဦးထုပ္အကာအကြယ္ယူလို႔ ဖုံးကြယ္ထားတယ္။

သူတို႔ vd call ေျပာၾကတုန္းက ေရွာင္းက်န့္က စားခ်င္တယ္လို႔ေျပာလိုက္တဲ့ shanghaiက မုန့္ထုပ္ေလးကို ခုံေပၚမွာေတြ႕ေတာ့ ေရွာင္းက်န့္ မ်က္ရည္ေတြက်လာတယ္။ သူက ရိေပၚကိုခ်စ္တယ္ ၿပီးေတာ့ ယုံလဲယုံတယ္။ အဲ့လိုပဲ ရိေပၚကိုလဲ သူ႕ကိုယုံေစခ်င္တယ္။ သဝန္တိုတတ္လြန္းတဲ့ ရိေပၚကို အၿမဲေျဖရွင္းေနရတာေတြ သူမလုပ္ခ်င္ေတာ့ဘူး။ ရိေပၚက သူ႕ကိုသိပ္ခ်စ္တာ သူသိတယ္။ ခုလဲကေလးငယ္က ရိုက္ကြင္းကေနတန္းလာတာ သူသိတယ္။ ရိုက္ကြင္းကသူေတြ ဒါမွမဟုတ္အျပင္လူတစ္ေယာက္က သိသြားခဲ့ရင္ ရိေပၚရဲ႕ နာမည္ထိခိုက္မွာ။ ကေလးငယ္က ဂ႐ုမစိုက္ရင္ေတာင္ သူကအႀကီးမို႔ ဂ႐ုစိုက္ရမယ္။ သူ႕အတြက္ ကေလးငယ္လူေျပာမခံရဖို႔က ပထမဦးစားေပးျဖစ္ေနလို႔....။ဒါကို ရိေပၚက လက္မခံဘူး သူ႕ကိုမခ်စ္ဘူးပဲ ထင္ေနတယ္။ ေရွာင္းက်န့္က ရိေပၚကို သိပ္ခ်စ္တာေပါ့ သူနာက်င္ရမယ္ဆိုရင္ေတာင္ခ်စ္ေနဦးမွာ။ အဲ့တာကို ကေလးငယ္ နားမလည္လဲျဖစ္တယ္။ အျပစ္လုပ္မိရင္ေတာင္ ကိုကိုပဲ အျပစ္ေတြအကုန္ခံယူေပးမွာမို႔.....။

#peterpan

Continue Reading

You'll Also Like

9.9K 981 12
"ဒီ ပန်းချီကားထဲက ထွက်နိုင်ပြီး ငယ့်ရဲ့ ဘဝအမှန်ကိုပြန်ရောက်သွားတဲ့အချိန်မှာ ငယ် ကိုကို့ကို မမှတ်မိနိုင်တော့ဘူးတဲ့ ငယ်ရယ်" "မင်းဟာ ကိုယ်အသက်ဆက်ရှင်ဖိ...
73.6K 5.5K 41
လူကြောက်တတ်တဲ့ကောင်လေးနဲ့ ကျောင်းရဲ့အချေကိုယ်တော် king တို့ကြားက ရင်ခုန်စရာ အချစ်ဇာတ်လမ်း
38.1K 2.8K 19
"ကျွန်တော်တို့က တစ်ခါတစ်လေမှာ အနီးဆုံးမှာရှိတဲ့အဖိုးတန်ဆုံးလူတွေကို မမြင်တတ်ကြဘူး" ရှောင်းဆိုတဲ့ကောင်လေးကရော ဝမ်ဆိုတဲ့ကောင်လေးရဲ့အချစ်တွေကိုမြင်သွားန...
Hope (Complete) By Chi

General Fiction

55.9K 4.6K 25
အခုမှ စာစ​ရေးတာမို့ အ​ရေးအသားလိုအပ်ချက်​တွေရှိနိုင်ပါတယ်။