A Moon Shines In The World Ov...

By Hayden_duan

479K 45.4K 1.4K

အ​ေမွာင္​ထုသာ စိုးမိုးထားတဲ့ အျခားတစ္​ဖက္​မွာ .. ​ကြၽန္​​ေတာ္​က အလင္​း​ေရာင္​​ျဖာလင္​း​ေပးရမယ္​့ လမင္​း.. က်... More

စာရေးသူ​၏ အမှာစာ
Chapter : 1
Chapter : 2
Chapter : 3
Chapter : 4
Chapter : 5
Chapter : 6
Chapter : 7
Chapter : 8
Chapter : 9
Chapter : 10
Chapter : 11
Chapter : 12
Chapter : 13
Chapter : 14
Chapter : 15
Chapter : 16
Chapter : 17
Chapter : 18
Chapter : 19
Chapter : 20
Chapter : 21
Chapter : 22
Chapter : 23
Chapter : 24
Chapter : 25
Chapter : 26
Chapter : 27
Chapter : 28
Chapter : 29
Chapter : 30
Chapter : 31
Chapter : 32
Chapter : 33
Chapter : 34
Chapter : 35
Chapter : 37
Chapter : 38
Chapter : 39
Chapter : 40
Chapter : 41
Chapter : 42
Chapter : 43
Chapter : 44
Chapter : 45

Chapter : 36

6.9K 749 7
By Hayden_duan

နိုအယ် သူ့မျက်လုံးကို ဖွင့်လိုက်တာနဲ့ တစ်ခုခုက လွဲမှားနေပြီဆိုတာ သူ သတိထားမိလိုက်ပါသည်။ ပုံမှန်ဆို သူ ဝိဉာဉ်လွှင့်တိုင်း သူ့အခန်းထဲမှာပဲ သူ့ဝိဉာဉ် ပိတ်မိနေလေ့ရှိပေမဲ့ ဒီတစ်ခေါက်ကမတူ။ သူ အဆုံးအစကင်းမဲ့သော လွင်ပြင်တစ်ခုထဲ ရောက်နေသည်။ သူ့ဘေးပတ်ဝန်းကျင်တစ်ခုလုံးကလည်း မှောင်မည်းနေသဖြင့် သူ ဘာမှ မတွေ့ရ။

နိုအယ့် စိတ်ထဲ ကြောက်စိတ်များ ကိန်းခိုလာသည်မို့ သူ သူ့ရဲ့ ညာဘက်လက်ကို သေချာအောင် ပြန်စမ်းမိလိုက်သည်။

အင်း.. ပရိတ်ကြိုးရှိသေးတယ်။

နိုအယ် နည်းနည်းတော့ စိတ်အေးသွားသည်။ သို့သော် သူ ဘယ်သွားရမလဲ သူမသိသေး။ သူ့ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မည်းနေသည်မို့ သူ ဘယ်ကိုသွားရင် ဘယ်ကို ရောက်မလဲ မသိနိုင်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပရိတ်ကြိုးနောက်ကို လိုက်သွားလျှင်တော့ သူ သူ့ခန္ဓာရှိရာကို ပြန်ရောက်မှာပဲ။ နိုအယ် ပရိတ်ကြိုးကို လက်နှင့် စမ်းလိုက်သည်။

ထိုစဉ် သူ့ရဲ့နောက်မှ တစ်ယောက်ယောက်က ဖြတ်လျှောက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။
နိုအယ် နောက်သို့ အလန့်တကြား လှည့်ကြည့်မိလိုက်ပေမယ့် ဘာမှ မမြင်ရ။ လေထုကလည်း ပါးလွှာလွန်းလှသည့်အပြင် အလင်းရောင်မရှိသော ဤလောကတွင် နိုအယ် ဘာကိုမှ မမြင်ရ မကြားရပေ။ သူ ဘယ်ကို သွားရမလဲလဲ တကယ်မသိ။

ထိုစဉ် သူ့ရှေ့တွင် ဟိုးအဝေးမှ လင်းနေသော အလင်းတစ်စကို လှမ်းမြင်လိုက်ရလေသည်။ နိုအယ် ဘာမှ စဉ်းစားမနေတော့။ အခုချိန်မှာ သူလိုအပ်သည်မှာ အလင်းရောင်ရှိသော နေရာတစ်ခုသာ ဖြစ်နေသည်မို့ သူ ထို အလင်းစလေးရှိရာသို့ အားကုန်တင်ကာ ပြေးခဲ့လေသည်။ ထိုအလင်းရောင်နား နီလာသည်နှင့် ထိုအလင်းရောင်သည် အိမ်ကြီးတစ်ခုရဲ့ အပြင်မှ ထွန်းထားသော မီးအိမ်တစ်ခုဖြစ်သည်ကို နိုအယ် တွေ့လာရသည်။ ဒီအိမ်ကို သူ မြင်ဖူးနေသလိုလို။

နိုအယ် ထိုအိမ်နားရောက်လာလေလေ ထိုအိမ်ရဲ့ ပုံသဏ္ဍာန်ကို သူ့စိတ်ထဲ ရင်းနှီးနေသလိုလို ခံစားရလေလေပင်။

ဒါ.. သီအိုတို့ အိမ်ကြီးပဲ။

နိုအယ် ထိုအိမ်ရှေ့တံခါးဝတွင် ရပ်ကာ ထိုအိမ်ကြီးကို ကြည့်နေမိသည်။ ထိုအိမ်ကြီးသည် အလင်းရောင်အောက်တွင် ကိုလိုနီခေတ် ဗိသုကာလက်ရာများနှင့် သိပ်ကို ထည်ဝါလှသော်လည်း အမှောင်အောက်တွင်မူ သိပ်ကို ကျောချမ်းဖွယ်ရာ ထီးထီးကြီး တည်ရှိနေလေသည်။ နိုအယ် ထိုအိမ်ထဲသို့ ဝင်သင့် မဝင်သင့်ကို အိမ်ရှေ့တံခါး စင်ဝင်အောက်တွင် ရပ်ကာ စဉ်းစားနေမိသည်။

အခုချိန်မှာ သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာက ထိုအိမ်ထဲ ဝင်ဖို့ပင်။ သူ အပြင်မှာ ကြာကြာနေလို့မရ။ သူက မသေသေးသော သက်ရှိဝိဉာဉ်ဖြစ်သည်မို့ သူ့အနံ့ကိုရလျှင် ဤကမ္ဘာက သရဲတွေ တော်တော်များများ သူ့နောက်လိုက်လာနိုင်သည်။

နိုအယ် ရပ်နေတုန်းမှာပင် ရုတ်တရက် သူ့ပတ်ဝန်းကျင်ကြီး တစ်ခုလုံးက မြူတွေနဲ့ အုပ်ဆိုင်းလာပါသည်။ နိုအယ် ပတ်ဝန်းကျင်ကို ကြည့်ရင်း တကယ်ကို စိတ်ထဲ မလုံမလဲ ဖြစ်လာသည်။ မြူတွေကလည်း လူ့ကမ္ဘာက မြူတွေနဲ့ မတူပဲ ပုပ်အဲ့ညှီဟောင်နေသော အနံ့ဆိုးတစ်ခုကို သယ်ဆောင်ယူလာနေသည်။ နိုအယ် ထိုအနံ့ကို မခံစားနိုင်တော့သဖြင့် ထိုအိမ်တံခါးကို ဆွဲဖွင့်ကာ အိမ်ထဲသို့ ကောက်ဝင်လိုက်တော့သည်။

သူ အိမ်ထဲရောက်ရောက်ချင်း ကြားလိုက်ရသည်က မိန်းမတစ်ယောက်ရဲ့ ငိုညည်းသံ။

နိုအယ် ကျောရိုးတစ်လျှောက် စိမ့်ပြီး ကျဉ်တက်သွားသလို ကြက်သီးကြက်မွှေးများပင်ထလာရသည်။ သူထွက်ပြေးချင်ပေမယ့် မီးအိမ်ရှိသော နေရာတစ်ဝိုက်ကိုသာ သူကောင်းကောင်းမြင်ရသည်။ ကျန်တဲ့နေရာကား အမှောင်အတိ။

ထို့နှင့် နိုအယ် တံခါးဘေးတွင် ချိတ်ထားသော မီးအိမ်ကို ဖြုတ်ယူကာ သူ အိမ်ရှေ့ ဧည့်ခန်းတစ်ခုလုံးကို ဝေ့ကာ စူးစမ်းကြည့်လိုက်သည်။ ပုံစံကတော့ သူ အရင်က ရောက်ခဲ့သည့် ပုံစံအတိုင်း ဘာမှ မပြောင်းလဲ။ ပြောင်းလဲသွားတာကတော့ သူ လူအဖြစ်ရောက်ခဲ့တုန်းက ဒီအိမ်ကြီးဟာ အထီးကျန် ချောက်ချားဖွယ် အိမ်ကြီးတစ်ခုထက်မပိုခဲ့သော်လည်း အခု သူဝိဉာဉ်လွှင့်ရင်းရောက်လာတဲ့အချိန်မှာတော့ ဒီအိမ်ကြီးသည် ကမ္ဘာပေါ်တွင် ထာဝရ ပျော်ရွှင်မှု ရှာမတွေ့နိုင်တော့သည့် နေရာတစ်ခုပုံစံပေါက်နေသည်။

နိုအယ် မီးလင်းဖို ဘေးက နာရီအိုကြီးကို ရပ်ကြည့်နေရင်း သူ့နောက်မှ ရုတ်တရက် မိန်းမတစ်ယောက်ရဲ့ ငိုညည်းသံက တစ်ဖန် ထွက်ပေါ်လာခဲ့သည်မို့ နိုအယ် ချက်ချင်း နောက်သို့ လှည့်လိုက်ကာ မီးအိမ်ဖြင့် ထွန်းကြည့်မိသည်။

ဘာမှတော့မတွေ့ရသေး။ နိုအယ် သတိကြီးစွာဖြင့်ပင် တစ်လှမ်းချင်း လှမ်းလာခဲ့သည်မှာ အိမ်ပေါ်ထပ်သို့ တက်ရန် လှေကားထစ်တွေနား ရောက်လာသည်အထိပင်။ လှေကားနားရောက်မှ သူ မြန်မာဝတ်စုံကို ဝတ်ထားသော မိန်းမတစ်ယောက် လှေကားခြေရင်းတွင် ထိုင်ကာ ငိုနေသည်ကို လှမ်းပြီးတွေ့လိုက်ရသည်။

သူအရင်က တွေ့ခဲ့သော သီအို့အမေမဟုတ်။ ဝတ်စားပုံကို ကြည့်ခြင်းအားဖြင့် သေဆုံးခဲ့တာ တော်တော်ကြာမြင့်ခဲ့ပြီနှင့်တူသည်။ ထိုမိန်းမက ဘယ်ဘက်လှေကားရင်းတွင်ထိုင်ကာ ငိုနေသည်မို့ နိုအယ် ညာဘက်လှေကားကနေပဲ အိမ်အပေါ်ထပ်သို့ တက်လာခဲ့သည်။ လှေကားပေါ်ရောက်တော့ သူ ညာဘက်ကိုသာ ကွေ့လာလိုက်ပါသည်။ သူ ညာဘက် ကော်ရစ်ဒါတစ်လျှောက် လမ်းလျှောက်လာရင်း သူ ကော်ရစ်ဒါအဆုံးရှိ တံခါးရှေ့သို့ ရောက်လာခဲ့သည်။

နေဦး.. ဒါ ဘာတွေ ပါလိမ့်။

သူ ထိုတံခါးပေါ်က ရေးခြစ်ထားသော အနီရောင်သန်းနေသည့် အရာများကို ကိုင်ကြည့်မိလိုက်သည်။ သို့သော် သူ့လက်ထဲ ဘာမှ ပါမလာ။

ကြည့်ရတာ အစီအရင်တစ်ခုနှင့်တူသည်။ နိုအယ့် တိုက်ခန်းတံခါးရှေ့မှာ ရေးခြစ်ထားသော အစီအရင်လိုမျိုး။ သို့်သော် ဒီအစီအရင်က ပျက်ဆီးနေသော အစီအရင်နဲ့ပိုတူလေသည်။ တံခါးဘောင်မှာ တစ်ဝက် ဘေးက နံရံမှာက တစ်ဝက်။ တံခါးကို ဖွင့်လိုက်တုန်းက ပျက်သွားတာ ဖြစ်လိမ့်မည်။

ထိုစဉ် ရုတ်တရက် နိုအယ့်ရဲ့ ဘယ်ဘက်လက်ကို အေးစက်နေသော တစ်စုံတစ်ရာက တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်လိုက်သလို သူ့လက်ကောက်ဝတ်ပေါ် သက်ရောက်လာသော အားတစ်ခုကို သူ ခံစားသိရှိလိုက်သည်။ သူ လှည့်ကြည့်ဖို့ပင် အချိန်မရှိလိုက်ပါ။ တစ်စုံတစ်ယောက်က သူ့ဘယ်ဘက်လက်ကို အားဖြင့် ဆွဲချသွားသည်မို့ နိုအယ် ငြင်းဆန်နိုင်ခြင်းမရှိပဲ ထိုသူ ဆွဲခေါ်ရာသို့ လိုက်ပါလာခဲ့ရလေသည်။

ထိုသူက သူ့ကို ဘေးနားက အနီးကပ်ဆုံး အခန်းတစ်ခုထဲသို့ ခေါ်ဆောင်သွားပါသည်။ ထို့နောက် သူ့ကို နံရံပေါ်ဖိကပ်ကာ သူ့ရဲ့ နှုတ်ခမ်းကို လက်ညိုးဖြင့်ဖိလိုက်လေသည်။

တိတ်တိတ်နေဆိုသည့် သဘော။

နိုအယ် ဘယ်သူလဲ သိချင်စိတ်ဖြင့် သူ့လက်ထဲမှ မီးအိမ်ကို ထိုသူရဲ့ မျက်နှာနား မြှောက်ကာ ကြည့်လိုက်သည်။

သီအို့အမေ။

သီအို့အမေက သူနောက်ဆုံးတွေ့ခဲ့ရသလိုမဟုတ်တော့။ သိပ်ပြီး ကြောက်ရွံ့နေပုံပေါ်သည်။ သူ့ရဲ့ နှုတ်ခမ်းကလည်း အပ်ချည်တစ်ခုဖြင့် စေ့ကပ်နေအောင် ချုပ်ထားခြင်းကို ခံထားရသည်။

"ဒေါက်.. ဒေါက်.."

ထိုစဉ် နိုအယ် ရပ်နေသော နံရံရဲ့ ဘေးက တံခါးမှတစ်ဆင့် ကော်ရစ်ဒါအပြင်ဘက်က လမ်းလျှောက်သံကို သူကြားလိုက်ရသည်။ သီအို့အမေက ထိုအသံထွက်ပေါ်လာရာ ကော်ရစ်ဒါဘက်ကို စိုက်ကြည့်ရင်း လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ သီအို့အမေ​၏ လက်များသည် ကြောက်ရွံမှုကြောင့် တဆတ်ဆတ်တုန်ယင်နေပြီး ပါးပေါ်တွင်လည်း မျက်ရည်စီးကြောင်း နှစ်ကြောင်းက စီးကျနေလေသည်။

"ဒေါက်.. ဒေါက်.. "

နိုအယ် ဘာဆို ဘာမှ မလှုပ်ရှားပဲ ထို ခြေသံပျောက်သွားသည်အထိ ငြိမ်သက်စွာ ရပ်နေမိသည်။ ထိုခြေသံပျောက်သွားတော့မှ နိုအယ် သီအို့အမေကို တိုးညှင်းသော လေသံဖြင့် ခေါ်လိုက်ပါသည်။

သီအို့အမေက သူ့ခေါ်သံကို ကြားပေမဲ့ စိတ်မဝင်စားသလိုပင် ဘာတုံ့ပြန်မှုမှ မပေးပါ။ သူ့တစ်ကိုယ်လုံးကိုသာ ခြေဆုံးခေါင်းဆုံးကြည့်နေရင်း တစ်ခုခုကို ရှာဖွေနေပုံပေါ်နေသည်။ နောက်ဆုံး သူ့ညာဘက်လက်မှ ပရိတ်ကြိုးကိုတွေ့သွားသည့်အခါမှသာ သူမရဲ့မျက်နှာပေါ်တွင် စိတ်ချသွားသည့် အရိပ်အယောင်လေး ပေါ်လာလေသည်။

ထိုစဉ် ရုတ်တရက် နိုအယ့်ရဲ့ ဘယ်ဘက်လက်ကို ဖမ်းဆုပ်လိုက်သော အေးစက်မှုတစ်ချို့ကို ခံစားလိုက်ရပါသည်။

"ရှာတွေ့ပြီ"

ထိုစကားသံကို ကြားတော့ နိုအယ်လှည့်ကြည့်ဖို့ ကြိုးစားမိသည်။ သို့သော် သူလှည့်ကြည့်ရန် ဟန်ပြင်နေတုန်းမှာပင် သီအို့အမေက သူ့ဘယ်ဘက်လက်အား ဆုပ်ကိုင်ထားသောသူ​၏လက်ကို အားဖြင့်ပုတ်ချလိုက်ပြီး နိုအယ့်ကို နံရံထဲသို့ အားကုန် တွန်းချပစ်လိုက်လေသည်။

နိုအယ် ညကြီးသန်းခေါင် ချွေးစေးများ စိုရွှဲလျက် လန့်နိုးလာခဲ့ပါသည်။

သူ ဘယ်ကို ရောက်သွားတာပါလိမ့်။
ဘာလို့ အဲ့အိမ်ကို ရောက်သွားတာပါလိမ့်။

နိုအယ် ကုတင်သံတိုင်နှင့် ချည်ထားသော သူ့လက်ကောက်ဝတ်မှ ပရိတ်ကြိုးကို ဖြည်ကာ တစ်အိမ်လုံး လင်းကျင်းသွားအောင် မီးတွေလိုက်ထွန်းလိုက်ပါသည်။

တစ်အိမ်လုံး မီးတွေ ထိန်နေအောင် လင်းသွားမှ စိတ်အေးသွားသလို နိုအယ် ကုတင်ပေါ် ပြန်ထိုင်လိုက်ကာ သက်ပြင်းချမိလိုက်သည်။ ထို့နောက် ချွေးစတွေ သီးနေသော သူ့ရဲ့မျက်နှာကို လက်နှစ်ဖက်ဖြင့်ခပ်ကြမ်းကြမ်းပွတ်လိုက်ရင်း အိပ်ရာပေါ် ပစ်လှဲချလိုက်ပါသည်။

သူ့ခေါင်းထဲမှာ ခဏက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက အဖြစ်အပျက်တစ်ခုချင်းစီ အစီအစဉ်မကျစွာ ဝင်ရောက်လာသည်။

သီအိုအမေ ဘာကိုကြောက်နေတာလဲ။
ဘယ်သူက သူမရဲ့ နှုတ်ခမ်းကို အပ်ချည်ကြိုးနဲ့ ချုပ်ထားတာလဲ။
သူ့ရဲ့ လက်ကိုဆုပ်ကိုင်ပြီး ရှာတွေ့ပြီလို့ပြောလိုက်တဲ့ သူက ဘာ်သူလဲ။

နိုအယ် တွေးသော်လည်း အဖြေပြန်မရတာမို့ သူ လှဲနေရာမှ ထကာ ချွေးတွေစိုနေသော ညအိပ်ဝတ်ကို ချွတ်ပြီး အသစ်တစ်ထည် လှဲဝတ်လိုက်ပါသည်။ ထို့နောက် အိပ်ရာပေါ် ထိုင်ကာ မနက်ဖြန် လုပ်ရမည့် Presentation အတွက် Powerpoint တွေကိုကြည့်ရင်း ပြောရမယ့် စကားတွေ မနက်မိုးလင်းသည်အထိ ပြန်စီနေခဲ့လေသည်။

××××××××××××××××××××××××××××××××××××××

"တီ.. တောင်"

မနက်စောစောစီးစီး တံခါးဘဲလ်လာတီးနေတဲ့သူကို သီအို စိတ်ထဲမှပင် ခပ်ပြင်းပြင်းလေး ကျိန်ဆဲလိုက်ပါသည်။

အခုမှ မနက် ၇ နာရီပဲ ရှိသေးတာ။ အစောကြီးဘယ်သူပါလိမ့်။

သောကတော့ မဟုတ်လောက်။ အဲ့ကောင်က သူ့အိမ်တံခါးသော့လည်းရှိသည့်အပြင် သေသည့်တိုင် မနက်စောစောထမယ့်လူထဲမှာ သောကရိပ်လုံးဝမပါ။

သီအို ခပ်ပျင်းပျင်းဖြင့်သာ အိပ်ရာပေါ် ဟိုဟိုဒီဒီလှိမ့်ရင်း ပျင်းကြောဆွဲနေမိသည်။ ထို့နောက် အိပ်ရေးသိပ်မဝသဖြင့် နောက်ကျိကျိဖြစ်နေသော ခေါင်းကို ခပ်ကြမ်းကြမ်းခါရမ်းလိုက်ကာ မျက်လုံးကို လည်း လက်နှစ်ဖက်ဖြင့် ပွတ်သပ်လိုက်ပါသည်။

"တီ... တောင်"

"လာပြီ"

သီအို အော်သာအော်လိုက်သော်လည်း ခြံထိပ်က လူက သူ့အသံမကြားနိုင်မှန်းတော့ သိနေသည်မို့ အချိန်မဆွဲတော့ပဲ အိပ်ရာပေါ်မှ ခုန်ထလိုက်ကာ အောက်ထပ်သို့ ခပ်သွက်သွက် ဆင်းသွားလိုက်ပါသည်။

အိမ်ထဲကနေ ခြံထဲကို ထွက်လိုက်သည်နှင့် အေးမြနေသော မနက်ခင်းလေညင်းတချို့က သူ့ပါးပြင်ကို ပွတ်သပ်ကာ တိုက်ခတ်သွားသဖြင့် သူ​၏အိပ်ချင်စိတ်လေးအနည်းငယ်မှာ ထိုလေအေးနဲ့အတူ လွင့်ပါးသွားလို ခံစားလိုက်ရသည်။ ကောင်းကင်ကတော့ ဒီနေ့အတွက် တိမ်ထူနေသည်။ ကြည့်ရတာ မကြာခင် မိုးရွာချတော့မည့်ပုံ။ လေကလည်း သာမန်ထက်ကို ပြင်းနေတာမို့ သီအိုရဲ့ ဒီနေ့အတွက် ကျောင်းသို့ သွားချင်စိတ်လေးက ယိုင်နဲ့နဲ့ ဖြစ်လာပြန်သည်။

သီအို အေးလွန်းသဖြင့် သူ့ရဲ့ ဆွယ်တာလေးကို ရင်ဘတ်သို့ ပြန်စိလိုက်သည်။ သူခြံတံခါးကို ဖွင့်လိုက်တော့ မမျှော်လင့်ထားသည့် ဧည့်သည်က တံခါးရှေ့တွင် မတ်မတ်ကြီး ရပ်လို့နေလေသည်။

"သခင်လေး"

ဦးရဲက သူ့ကိုမြင်တော့ ဦးညွှတ်ကာ နှုတ်ဆက်ပါသည်။

"ဦးရဲ.. မနက်အစောကြီး ဒီကို ဘာလာလုပ်တာလဲ"

သူ့စကားဆုံးတော့ ဦးရဲ က တစ်ခုခုကို ပြောမယ့်ဟန်ပြင်ပြီးမှ တစ်ခုခုက သူ့ကို ရပ်တန့်လိုက်ဟန် ပြန်နှုတ်ဆက်သွားပြန်သည်။

"ပြောစရာရှိတာသာ ပြောပါ"

သီအိုရဲ့ သဘောတူညီမှုရတော့မှ ဦးရဲက စကားပြန်စသည်။

"ဟို.. ဒေါ်စိန်က အခုဆေးရုံတက်နေရလို့ သခင်လေး"

"ဘယ်လိုဖြစ်တာလဲ"

"မတော်တဆ လှေကားပေါ်က ချော်ကျသွားတာပါ။ ကြီးကြီးမားမား ဒဏ်ရာတော့ မဟုတ်ပေမဲ့ သူ့ကို ဆေးရုံမှာ ခဏနားဖို့လိုတယ်လို့ ဆရာဝန်တွေက အကြံပေးတာနဲ့ မနက်ဖြန်ညနေထိ ဆေးရုံမှာပဲ ထားထားမလို့"

"သြော်.. ကောင်းပါတယ်။ ဒါနဲ့ ဒီကိစ္စပြောဖို့လာတာလား။

မေ့နေတာ။ ဦးရဲ အိမ်ထဲ ဝင်ပါဦး"

သီအိုက တံခါးကို ဖွင့်ကာ ဦးရဲဝင်နိုင်ရန် ကိုယ်ကို ဘေးကပ်ပေးလိုက်ပါသည်။ သို့သော် ဦးရဲက ခေါင်းခါကာ ပြန်ငြင်းသည်။

"မဝင်တော့ဘူး သခင်လေး။

ကျွန်တော် စံအိမ်ကို ပြန်ရတော့မှာမို့ အချိန်မရှိတော့ဘူး။ အဲ့ဒါ သခင်လေး ညနေ အားခဲ့သည်ရှိသော် ဒေါ်စိန်ကို ခဏ သွားကြည့်ပေးလို့ရမလား။

ကျွန်တော် အကူအညီတောင်းတာပါ။ သခင်လေး သိတဲ့အတိုင်း စံအိမ်မှာလည်း ကျွန်တော် မရှိလို့မဖြစ်။ ဒေါ်စိန်ကလည်း သူ့ကို စားစရာလေး သွားပို့ပေးမယ့်သူမရှိရင် ညနေစာ စားစရာမရှိဖြစ်နေမှာ"

သီအို ခေါင်းညိတ်လိုက်ပါသည်။

"ရပါတယ် ဦးရဲ။

ဦးရဲ မပြောတောင် သွားဖို့ စဉ်းစားနေတာ။ ကိစ္စမရှိဘူး။ ကျွန်တော် ညနေ ကျောင်းဆင်းတာနဲ့ တစ်ခုခုဝယ်ရင်း ဒေါ်စိန်ကို သွားကြည့်ပေးမယ်"

"ကျေးဇူးတင်ပါတယ်.. သခင်လေး"

ဦးရဲက သူ့ကို ပြုံးကာ ကျေးဇူးတင်စကားဆိုပါသည်။

"ဒါနဲ့ နေပါဦး။ ဘာလို့ ဒေါ်စိန်အတွက် သူနာပြု သက်သက်မငှါးတာလဲ"

သီအို စိတ်အလိုမကျစွာ မေးလိုက်ပါသည်။

ဒေါ်စိန်ဆိုတာ သီအိုမမွေးခင်ကတည်းက သူတို့အိမ်မှာ အလုပ်လုပ်နေခဲ့တာ ခုဆို နှစ်ပေါင်း ၃၀ ကျော်လောက်ရောပေါ့။ ဒေါ်စိန်က ဘယ်ဇာတိလဲ ဘယ်နေရာက လာလဲဆိုတာ ဘယ်သူမှ မသိ။ ဒေါ်စိန်ကတော့ သူ့ဇာတိမြေက ငယ်ဘဝအကြောင်းကို သူ ငယ်စဉ်တုန်းက မကြာခဏ ပုံပြင်အနေနဲ့ ပြောပြဖူးသော်လည်း နေရာအတိအကျကိုတော့ မပြောခဲ့ပါ။ သူသိသလောက်တော့ တောင်ပေါ်ရွာတစ်ခုဟုသာ သိထားပါသည်။

ထိုသို့ မိသားစုကလည်း အဝေးမှာ ရောက်နေတဲ့ ဒေါ်စိန်အတွက် သူဆေးရုံတက်လည်း လာကြည့်ပြီး ပြုစုစောင့်ရှောက်မယ့်သူ ရှိမှာမဟုတ်။ ဦးရဲကလည်း တကယ်ကို စံအိမ်ရဲ့ မရှိမဖြစ်လူဆိုတော့ ကြာကြာနေလို့မရ။ ဒေါ်စိန်တစ်ယောက် စောင့်ရှောက်မယ့် လူနာစောင့်မရှိပဲ ဆေးရုံမှာ ဘယ်လိုများ နှစ်ပါးသွားမှာပါလိမ့်။

"သခင်လေးကလည်း ကျွန်တော်တို့မှာ ဘယ်လိုလုပ် ကိုယ်ပိုင်သူနာပြုငှါးဖို့ တတ်နိုင်မှာလဲ"

"မဟုတ်တာ။ ဦးရဲနဲ့ ဒေါ်စိန်ဆိုတာ ကျွန်တော်တို့အိမ်အတွက် အလုပ်သမား အဆင့်ထက်ပိုနေပြီ။ မိသားစုလိုကို ဖြစ်နေတာကို။

ဦးရဲကလည်း ဒေါ်စိန်အတွက် သူနာပြုလေး ငှါးပေးလိုက်တာမဟုတ်ဘူး။ ဒေါ်စိန်တစ်ယောက် လူနာစောင့်မရှိပဲ ဘာလုပ်နိုင်မှာတုန်း"

"ဟို.. "

"ရပြီ ဦးရဲ။ ကျွန်တော် စီစဉ်လိုက်မယ်။

ဆေးရုံအုပ်ကြီးရဲ့ ဖုန်းနံပါတ် ကျွန်တော့်မှာရှိတယ်"

"ကျေးဇူးတင်ပါတယ် သခင်လေး"

ဦးရဲက သူ့ကို ဦးညွှတ်ကာ ကျေးဇူးတင်စကားဆိုပြန်ပါသည်။ သီအို သူ့ကို စကားပြောလျှင် ဦးမညွှတ်ဖို့ ဦးရဲကို အကြိမ်ကြိမ်ပြောဖူးသည်။ သို့သော် ဦးရဲက လုံးဝ နားမထောင်။

"ဒါဆို ဦးရဲလည်း သွားတော့လေ။ ကျွန်တော်လည်း ကျောင်းသွားဖို့ ပြင်တော့မယ်"

"ဟုတ်ကဲ့ နှုတ်ဆက်ပါတယ် သခင်လေး"

သီအို ပြန်ခေါင်းညိတ်ပြလိုက်ပါသည်။ ထိုအခါမှ ဦးရဲက သူ့ရဲ့ ကားဟောင်းလေးပေါ်တက်ကာ ထွက်သွားလေတော့သည်။

ထိုကားက သူ့အဖေရဲ့ ကားဟောင်းတစ်စီးပင်။ ဦးရဲကို လိုအပ်ရင် ဟိုဟိုဒီဒီသွားဖို့ ကားလေးတစ်စီးဝယ်ပေးရန် လုပ်ခဲ့သော်လည်း ဦးရဲက အသစ်ကို လက်မခံနိုင်ဟုသာ တွင်တွင် ဆိုသောကြောင့် အဖေက သူ့ရဲ့ကားဟောင်းလေးကိုသာ ပေးခဲ့ရသည်။ တကယ်ဆို ဦးရဲနဲ့ ဒေါ်စိန်ဆိုတာ သူတို့မိသားစုမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်လာသော သူတွေ။ ဒီထက်ပိုပြီး ရသင့်သည်ဟု သီအိုထင်မိသည်။

အင်း.. နောက်တစ်ခါ အဖေနဲ့ တွေ့မှ ပြောရဦးမည်။

××××××××××××××××××××××××××××××××××××××

"ဟဲ့ ကျောင်းကတက်တော့မယ်။

ငါတို့က ကျောင်းတက်တက်ချင်း Presentation လုပ်ရမှာနော်"

မြတ်နိုးက စိတ်ပူဟန်ဖြင့် ဘေးကနေ တတွတ်တွတ်ပြောနေသည်။ နိုအယ်လည်း စိတ်တော့ နည်းနည်းပူနေပေမဲ့ ကြာလာတော့လည်း မြတ်နိုးကို အလွန်အကျွံစိတ်ပူပြနေသည်ဟုပင်ထင်လာသည်။ Presentation ကို ပထမဆုံး စလုပ်ဖူးသူလည်းမဟုတ်ပါပဲ လူရှေ့ထွက်ရတော့မည်ဆိုလျှင် မြတ်နိုးက အမြဲ လိုအပ်သည်ထက် စိတ်ပူတတ်လေသည်။

နိုအယ် နာရီကို ကြည့်လိုက်တော့ ၉ နာရီထိုးဖို့ ၅ မိနစ်သာ လိုတော့သည်။ အခုထိ မင်းခေတ်ဓူဝံက မရောက်လာသေး။

"နိုအယ် ငါတို့ပြောပါတယ်။ မင်းခေတ်ဓူဝံကို မနက်မင်း ကျောင်းလာကတည်းက ဆွဲခေါ်ခဲ့ပါလို့"

ဟန်လင်းကလည်း နာရီတကြည့်ကြည့်နှင့် ဝင်ပြောသည်။ လွန်းထက်စံကတော့ သူပြောရမည့် အပိုင်းတွေ မေ့သွားမည်စိုး၍ထင်။ ကွန်ပျူတာကို ကြည့်ကာ ပါးစပ်က တတွတ်တွတ်နှင့် ရွတ်ဆိုနေလေသည်။

"ငါ သွားခေါ်တယ်လေ။ ငါ ခေါ်တုန်းက သူ အင်္ကျီတောင်မလဲရသေးဘူး။

ငါ စောင့်မယ် လုပ်တော့ သူက သွားနှင့် နောက်က လိုက်လာခဲ့မယ်လို့ ပြောတာကိုး"

"မင်းမှာ သူ့ဖုန်းနံပါတ်မရှိဘူးလား"

"ရှိလည်း ကိုင်မှာ မဟုတ်ဘူး"

"ဒုက္ခပဲ"

သူတို့တစ်ဖွဲ့လုံး တစ်တန်းလုံးရှေ့က စတိတ်စင်ပေါ်တွင် လေးယောက်သား တတွတ်တွတ်နှင့် ဗျာများနေကြရသည်။

"တင်.. တောင်.. "

ထိုစဉ်မှာပင် သူတို့ရဲ့ အိမ်မက်ဆိုးကြီးကို စတင်တော့မည်ဟု အဓိပ္ပါယ်ရသော အချက်ပေးသံက သူတို့အခန်းရဲ့ လေထုအတွင်း သာယာတိုးညှင်းစွာ ပျံ့နှံ့သွားသည်။

"ဟဲ့ ငါတို့သေပြီ။

နိုအယ် နင် ဓူဝံ အပိုင်း ပြောနိုင်တယ်မလား"

"အင်း.. ငါမနေ့ညက Powerpoint အတွက် အချောသတ်ပြန်စီရင်း နည်းနည်းတော့ ကြည့်ထားမိတယ်"

"ဒါဆို နင်ပြောလိုက်"

မြတ်နိုးက ဘေးကနေ သူ့ကို လှမ်းကြည့်ကာ ပြောသည်။ နိုအယ် ခေါင်းညိတ်ပြလိုက်ပါသည်။

"မင်္ဂလာပါ ဆရာ"

တစ်ချန်းလုံးက ထနှုတ်ဆက်တော့ သူတို့လည်း ပြောလက်စ စကားကိုရပ်ကာ လက်အုပ်လေးတွေ ကပျာကယာ ချီလိုက်ရသည်။ ဆရာက ဘာမှ မပြောပဲ ရှေ့ဆုံးခုံတွင် ဝင်ထိုင်လိုက်ပါသည်။

"ကဲ.. စလို့ရပြီလား"

သူတို့ လေးယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိလိုက်ကြသည်။ အဓိပ္ပါယ်ကတော့ ဘယ်လို လုပ်မလဲဆိုသည့်အဓိပ္ပါယ်။

နိုအယ်ကတော့ နည်းနည်းလေးပဲ ဖြစ်ဖြစ် ဓူဝံကို စောင့်ချင်သေးသည်။ သို့သော် သူတို့ စောင့်သည်နှင့်အမျှ သူတို့ရမယ့်အချိန်ကလည်း တိုသွားမည်လည်း စိုးရိမ်ရသေးသည်။

"ရပြီ ဆရာ။ သမီးတို့ စပြောတော့မယ်"

မြတ်နိုးရဲ့ စကားအဆုံးတွင် မင်းခေတ်ဓူဝံ အခန်းထဲသို့ အပြေးတစ်ဝက်နှင့် ဝင်လာခဲ့သည်။ မင်းခေတ်ဓူဝံကိုမြင်မှ သူတို့ တစ်ဖွဲ့လုံး သက်ပြင်းချနိုင်ကြလေတော့သည်။

နိုအယ် ဓူဝံကို ကြည့်တော့ ဓူဝံ အင်္ကျီကိုလည်း သေသေချာချာမဝတ်ထား။ မျက်နှာကလည်း မုတ်ဆိတ်မွှေးတချို့ ပေါက်နေကာ ပုံစံကလည်း ကမန်းကတမ်း ပြေးထွက်လာရပုံပင်။ ကြည့်ရတာ နောက်ဆုံးအချိန်မှ လာဖို့ ဆုံးဖြတ်ခဲ့သည်နှင့်တူသည်။ ဘာပဲ ဖြစ်ဖြစ် ရောက်လာတာနဲ့တင် နိုအယ့်အတွက် လုံလောက်နေလေပြီ။

××××××××××××××××××××××××××××××××××××××

"မင်းခေတ်ဓူဝံ.. "

Presentation ပြီးတော့ နိုအယ် လွယ်အိတ်ယူကာ အခန်းအပြင်သို့ပြန်ထွက်သွားသော မင်းခေတ်ဓူဝံရဲ့နောက်သို့ လိုက်ကာ အော်ခေါ်လိုက်ပါသည်။

သူ့ခေါ်သံကိုကြားတော့ မင်းခေတ်ဓူဝံက သူ့ကို လှည့်ကြည့်လာလေသည်။ မင်းခေတ်ဓူဝံရဲ့ အပြင်ပိုင်း အခြေအနေကို ကြည့်ရတာ တော်တော်လေး စုတ်ပြတ်သတ်နေပေမဲ့ သူ့ရဲ့ မျက်လုံးထဲမှာတော့ အရင်ကလောက် လေးလံမှုတွေ မရှိတော့တာ နိုအယ် သတိထားမိလိုက်သည်။ မင်းခေတ်ဓူဝံ အရင်ကထက် အခြေအနေကောင်းလာတယ်လို့ပဲ ဆိုရမလားမသိ။

"မင်း အဆင်ပြေရဲ့လား"

နိုအယ် သိချင်စိတ်ဖြင့် လှမ်းမေးလိုက်သည်။

"အင်း.. ပြေပါတယ်"

"တကယ် ပြေတာနော်"

"အင်း.. "

မင်းခေတ်ဓူဝံက သူ့ကိုစိုက်ကြည့်ရင်း ဖြေရာကနေ ရုတ်တရက် ကြမ်းပြင်သို့ စိုက်ကြည့်လိုက်လေသည်။
ပုံမှန်ဆို လိမ်ညာတဲ့ သူတွေကသာ အခုလို အမူအရာမျိုး လုပ်တတ်ကြပေမဲ့ မင်းခေတ်ဓူဝံက လိမ်လိုက်လို့ သူ့ဆီမှ အကြည့်လွှဲသွားဟန်နှင့်မတူ။

သူ့မေးခွန်းကို နှစ်ခါပြန် သေချာစဉ်းစားရင်း မပြတ်မသား အဖြေတစ်ခုကို ပေးလိုက်တာနှင့်ပဲ ပိုတူသည်။ နိုအယ် သိပါသည်။ နှစ်ပေါင်းများစွာ ခံစားလာရတဲ့ နာကျင်မှုတွေက တစ်ရက်ထဲနဲ့ သင်ပုန်းချေလို့ရနိုင်ကောင်းတဲ့ အရာမဟုတ်မှန်း။ နှစ်ပေါင်းများစွာ နေသားကျလာခဲ့သော ဘဝကနေ ရုတ်တရက်ကြီး ရုန်းထွက်ဖို့ကလည်း သူ့အတွက် ခက်ခဲနေပါလိမ့်ဦးမည်။

ဒါပေမဲ့ အနည်းဆုံးတော့ မင်းခေတ်ဓူဝံက ကြိုးစားနေသေးသည်မို့ တော်သေးသည်ဟု ဆိုရမည်။

"မင်း အဆင်ပြေတယ်ဆို ပြီးတာပါပဲ။

တစ်ခုခုဆို ငါ့ဆီလာခဲ့နော်။ ငါ မင်းဘေးမှာ အမြဲရှိတယ်"

နိုအယ် မင်းခေတ်ဓူဝံကို ပြုံးပြကာ စကားဆိုလိုက်ရင်း မျက်နှာလွှဲလိုက်ပါသည်။

"နိုအယ်"

သူ့နာမည်ကို လှမ်းခေါ်လိုက်သည်မို့ နိုအယ် နောက်သို့ ပြန်လှည့်လိုက်သည်။

"ကျေးဇူးပဲ"

မင်းခေတ်ဓူဝံရဲ့ ကျေးဇူးပဲဟူသော စကားနောက်ကွယ်က အပြုံးတစ်ခုကိုညမြင်လိုက်ရသောအခါ နိုအယ် ရုတ်တရက် မင်သက်သွားမိရသည်။

ဒါ မင်းခေတ်ဓူဝံ ပြုံးတာကို သူ ပထမဆုံးတွေ့ရတာပဲ။

လွတ်လပ်ပေါ့ပါးတဲ့ အပြုံးတစ်ခုနဲ့တော့ မတူပါ။ အရာအားလုံးကို ရင်ဆိုင်မယ်ဆိုသော စိတ်နဲ့ အားတင်းထားသော အပြုံးတစ်ခုနှင့်သာ တူပါသည်။ သို့ပေမဲ့ နိုအယ် ဒီအပြုံးကို တွေ့ရသည်နှင့်ပင် သူ တော်တော်စိတ်ပေါ့သွားရသည်။ သူလည်း တကယ်တော့ သူလုပ်လိုက်သော ကိစ္စ​၏အကျိုးဆက်က ဘာဖြစ်မလဲဆိုသည်ကို ဒီရက်ပိုင်းအတွင်း စိတ်ပူနေခဲ့ရသည်လေ။

သူ မင်းခေတ်ဓူဝံကို သူ့အိမ်အဟောင်းကို ခေါ်သွားခဲ့တာ မှန်မှ မှန်ပါ့မလား။ မင်းခေတ်ဓူဝံ သူ့အတိတ်ကို ပြန်ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်မှ ဖြစ်နေပါ့မလား။မဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ။ ပိုဆိုးသွားရင် ဘယ်လို လုပ်မလဲဟု စိတ်ပူနေခဲ့ရသည်မှာ တစ်ချိန်လုံး။

အခု မင်းခေတ်ဓူဝံရဲ့ အပြုံးကို ကိုယ်တိုင်ကိုယ်ကျ တွေ့မှ သူ တကယ်ကို စိတ်ချနိုင်သွားတော့သည်။

နိုအယ် ကြက်သေသေပြီး ငေးကြည့်နေတုန်းမှာပင် မင်းခေတ်ဓူဝံက နောက်ပြန်လှည့်သွားကာ သူ သွားရမည့်လမ်းကို တန်းတန်းမတ်မတ် ပြန်လျှောက်သွားလေတော့သည်။

"မင်း အဆင်ပြေလို့ တော်သေးတာပေါ့"

နိုအယ် စိတ်လက်ပေါ့ပါးစွာနှင့် ပြုံးကာ ရေရွတ်လိုက်မိသည်။

××××××××××××××××××××××××××××××××××××××

Zawgyi

ႏိုအယ္ သူ႔မ်က္လုံးကို ဖြင့္လိုက္တာနဲ႔ တစ္ခုခုက လြဲမွားေနၿပီဆိုတာ သူ သတိထားမိလိုက္ပါသည္။ ပုံမွန္ဆို သူ ဝိဉာဥ္လႊင့္တိုင္း သူ႔အခန္းထဲမွာပဲ သူ႔ဝိဉာဥ္ ပိတ္မိေနေလ့ရွိေပမဲ့ ဒီတစ္ေခါက္ကမတူ။ သူ အဆုံးအစကင္းမဲ့ေသာ လြင္ျပင္တစ္ခုထဲ ေရာက္ေနသည္။ သူ႔ေဘးပတ္ဝန္းက်င္တစ္ခုလုံးကလည္း ေမွာင္မည္းေနသျဖင့္ သူ ဘာမွ မေတြ႕ရ။

ႏိုအယ့္ စိတ္ထဲ ေၾကာက္စိတ္မ်ား ကိန္းခိုလာသည္မို႔ သူ သူ႔ရဲ႕ ညာဘက္လက္ကို ေသခ်ာေအာင္ ျပန္စမ္းမိလိုက္သည္။

အင္း.. ပရိတ္ႀကိဳးရွိေသးတယ္။

ႏိုအယ္ နည္းနည္းေတာ့ စိတ္ေအးသြားသည္။ သို႔ေသာ္ သူ ဘယ္သြားရမလဲ သူမသိေသး။ သူ႔ပတ္ဝန္းက်င္တစ္ခုလုံးက ေမွာင္မည္းေနသည္မို႔ သူ ဘယ္ကိုသြားရင္ ဘယ္ကို ေရာက္မလဲ မသိႏိုင္။ ဘယ္လိုပဲ ျဖစ္ျဖစ္ ပရိတ္ႀကိဳးေနာက္ကို လိုက္သြားလွ်င္ေတာ့ သူ သူ႔ခႏၶာရွိရာကို ျပန္ေရာက္မွာပဲ။ ႏိုအယ္ ပရိတ္ႀကိဳးကို လက္ႏွင့္ စမ္းလိုက္သည္။

ထိုစဥ္ သူ႔ရဲ႕ေနာက္မွ တစ္ေယာက္ေယာက္က ျဖတ္ေလွ်ာက္သြားသကဲ့သို႔ ခံစားလိုက္ရေလသည္။
ႏိုအယ္ ေနာက္သို႔ အလန႔္တၾကား လွည့္ၾကည့္မိလိုက္ေပမယ့္ ဘာမွ မျမင္ရ။ ေလထုကလည္း ပါးလႊာလြန္းလွသည့္အျပင္ အလင္းေရာင္မရွိေသာ ဤေလာကတြင္ ႏိုအယ္ ဘာကိုမွ မျမင္ရ မၾကားရေပ။ သူ ဘယ္ကို သြားရမလဲလဲ တကယ္မသိ။

ထိုစဥ္ သူ႔ေရွ႕တြင္ ဟိုးအေဝးမွ လင္းေနေသာ အလင္းတစ္စကို လွမ္းျမင္လိုက္ရေလသည္။ ႏိုအယ္ ဘာမွ စဥ္းစားမေနေတာ့။ အခုခ်ိန္မွာ သူလိုအပ္သည္မွာ အလင္းေရာင္ရွိေသာ ေနရာတစ္ခုသာ ျဖစ္ေနသည္မို႔ သူ ထို အလင္းစေလးရွိရာသို႔ အားကုန္တင္ကာ ေျပးခဲ့ေလသည္။ ထိုအလင္းေရာင္နား နီလာသည္ႏွင့္ ထိုအလင္းေရာင္သည္ အိမ္ႀကီးတစ္ခုရဲ႕ အျပင္မွ ထြန္းထားေသာ မီးအိမ္တစ္ခုျဖစ္သည္ကို ႏိုအယ္ ေတြ႕လာရသည္။ ဒီအိမ္ကို သူ ျမင္ဖူးေနသလိုလို။

ႏိုအယ္ ထိုအိမ္နားေရာက္လာေလေလ ထိုအိမ္ရဲ႕ ပုံသ႑ာန္ကို သူ႔စိတ္ထဲ ရင္းႏွီးေနသလိုလို ခံစားရေလေလပင္။

ဒါ.. သီအိုတို႔ အိမ္ႀကီးပဲ။

ႏိုအယ္ ထိုအိမ္ေရွ႕တံခါးဝတြင္ ရပ္ကာ ထိုအိမ္ႀကီးကို ၾကည့္ေနမိသည္။ ထိုအိမ္ႀကီးသည္ အလင္းေရာင္ေအာက္တြင္ ကိုလိုနီေခတ္ ဗိသုကာလက္ရာမ်ားႏွင့္ သိပ္ကို ထည္ဝါလွေသာ္လည္း အေမွာင္ေအာက္တြင္မူ သိပ္ကို ေက်ာခ်မ္းဖြယ္ရာ ထီးထီးႀကီး တည္ရွိေနေလသည္။ ႏိုအယ္ ထိုအိမ္ထဲသို႔ ဝင္သင့္ မဝင္သင့္ကို အိမ္ေရွ႕တံခါး စင္ဝင္ေအာက္တြင္ ရပ္ကာ စဥ္းစားေနမိသည္။

အခုခ်ိန္မွာ သူ႔အတြက္ တစ္ခုတည္းေသာ ေ႐ြးခ်ယ္စရာက ထိုအိမ္ထဲ ဝင္ဖို႔ပင္။ သူ အျပင္မွာ ၾကာၾကာေနလို႔မရ။ သူက မေသေသးေသာ သက္ရွိဝိဉာဥ္ျဖစ္သည္မို႔ သူ႔အနံ႔ကိုရလွ်င္ ဤကမာၻက သရဲေတြ ေတာ္ေတာ္မ်ားမ်ား သူ႔ေနာက္လိုက္လာႏိုင္သည္။

ႏိုအယ္ ရပ္ေနတုန္းမွာပင္ ႐ုတ္တရက္ သူ႔ပတ္ဝန္းက်င္ႀကီး တစ္ခုလုံးက ျမဴေတြနဲ႔ အုပ္ဆိုင္းလာပါသည္။ ႏိုအယ္ ပတ္ဝန္းက်င္ကို ၾကည့္ရင္း တကယ္ကို စိတ္ထဲ မလုံမလဲ ျဖစ္လာသည္။ ျမဴေတြကလည္း လူ႔ကမာၻက ျမဴေတြနဲ႔ မတူပဲ ပုပ္အဲ့ညႇီေဟာင္ေနေသာ အနံ႔ဆိုးတစ္ခုကို သယ္ေဆာင္ယူလာေနသည္။ ႏိုအယ္ ထိုအနံ႔ကို မခံစားႏိုင္ေတာ့သျဖင့္ ထိုအိမ္တံခါးကို ဆြဲဖြင့္ကာ အိမ္ထဲသို႔ ေကာက္ဝင္လိုက္ေတာ့သည္။

သူ အိမ္ထဲေရာက္ေရာက္ခ်င္း ၾကားလိုက္ရသည္က မိန္းမတစ္ေယာက္ရဲ႕ ငိုညည္းသံ။

ႏိုအယ္ ေက်ာ႐ိုးတစ္ေလွ်ာက္ စိမ့္ၿပီး က်ဥ္တက္သြားသလို ၾကက္သီးၾကက္ေမႊးမ်ားပင္ထလာရသည္။ သူထြက္ေျပးခ်င္ေပမယ့္ မီးအိမ္ရွိေသာ ေနရာတစ္ဝိုက္ကိုသာ သူေကာင္းေကာင္းျမင္ရသည္။ က်န္တဲ့ေနရာကား အေမွာင္အတိ။

ထို႔ႏွင့္ ႏိုအယ္ တံခါးေဘးတြင္ ခ်ိတ္ထားေသာ မီးအိမ္ကို ျဖဳတ္ယူကာ သူ အိမ္ေရွ႕ ဧည့္ခန္းတစ္ခုလုံးကို ေဝ့ကာ စူးစမ္းၾကည့္လိုက္သည္။ ပုံစံကေတာ့ သူ အရင္က ေရာက္ခဲ့သည့္ ပုံစံအတိုင္း ဘာမွ မေျပာင္းလဲ။ ေျပာင္းလဲသြားတာကေတာ့ သူ လူအျဖစ္ေရာက္ခဲ့တုန္းက ဒီအိမ္ႀကီးဟာ အထီးက်န္ ေခ်ာက္ခ်ားဖြယ္ အိမ္ႀကီးတစ္ခုထက္မပိုခဲ့ေသာ္လည္း အခု သူဝိဉာဥ္လႊင့္ရင္းေရာက္လာတဲ့အခ်ိန္မွာေတာ့ ဒီအိမ္ႀကီးသည္ ကမာၻေပၚတြင္ ထာဝရ ေပ်ာ္႐ႊင္မႈ ရွာမေတြ႕ႏိုင္ေတာ့သည့္ ေနရာတစ္ခုပုံစံေပါက္ေနသည္။

ႏိုအယ္ မီးလင္းဖို ေဘးက နာရီအိုႀကီးကို ရပ္ၾကည့္ေနရင္း သူ႔ေနာက္မွ ႐ုတ္တရက္ မိန္းမတစ္ေယာက္ရဲ႕ ငိုညည္းသံက တစ္ဖန္ ထြက္ေပၚလာခဲ့သည္မို႔ ႏိုအယ္ ခ်က္ခ်င္း ေနာက္သို႔ လွည့္လိုက္ကာ မီးအိမ္ျဖင့္ ထြန္းၾကည့္မိသည္။

ဘာမွေတာ့မေတြ႕ရေသး။ ႏိုအယ္ သတိႀကီးစြာျဖင့္ပင္ တစ္လွမ္းခ်င္း လွမ္းလာခဲ့သည္မွာ အိမ္ေပၚထပ္သို႔ တက္ရန္ ေလွကားထစ္ေတြနား ေရာက္လာသည္အထိပင္။ ေလွကားနားေရာက္မွ သူ ျမန္မာဝတ္စုံကို ဝတ္ထားေသာ မိန္းမတစ္ေယာက္ ေလွကားေျခရင္းတြင္ ထိုင္ကာ ငိုေနသည္ကို လွမ္းၿပီးေတြ႕လိုက္ရသည္။

သူအရင္က ေတြ႕ခဲ့ေသာ သီအို႔အေမမဟုတ္။ ဝတ္စားပုံကို ၾကည့္ျခင္းအားျဖင့္ ေသဆုံးခဲ့တာ ေတာ္ေတာ္ၾကာျမင့္ခဲ့ၿပီႏွင့္တူသည္။ ထိုမိန္းမက ဘယ္ဘက္ေလွကားရင္းတြင္ထိုင္ကာ ငိုေနသည္မို႔ ႏိုအယ္ ညာဘက္ေလွကားကေနပဲ အိမ္အေပၚထပ္သို႔ တက္လာခဲ့သည္။ ေလွကားေပၚေရာက္ေတာ့ သူ ညာဘက္ကိုသာ ေကြ႕လာလိုက္ပါသည္။ သူ ညာဘက္ ေကာ္ရစ္ဒါတစ္ေလွ်ာက္ လမ္းေလွ်ာက္လာရင္း သူ ေကာ္ရစ္ဒါအဆုံးရွိ တံခါးေရွ႕သို႔ ေရာက္လာခဲ့သည္။

ေနဦး.. ဒါ ဘာေတြ ပါလိမ့္။

သူ ထိုတံခါးေပၚက ေရးျခစ္ထားေသာ အနီေရာင္သန္းေနသည့္ အရာမ်ားကို ကိုင္ၾကည့္မိလိုက္သည္။ သို႔ေသာ္ သူ႔လက္ထဲ ဘာမွ ပါမလာ။

ၾကည့္ရတာ အစီအရင္တစ္ခုႏွင့္တူသည္။ ႏိုအယ့္ တိုက္ခန္းတံခါးေရွ႕မွာ ေရးျခစ္ထားေသာ အစီအရင္လိုမ်ိဳး။ သို႔္ေသာ္ ဒီအစီအရင္က ပ်က္ဆီးေနေသာ အစီအရင္နဲ႔ပိုတူေလသည္။ တံခါးေဘာင္မွာ တစ္ဝက္ ေဘးက နံရံမွာက တစ္ဝက္။ တံခါးကို ဖြင့္လိုက္တုန္းက ပ်က္သြားတာ ျဖစ္လိမ့္မည္။

ထိုစဥ္ ႐ုတ္တရက္ ႏိုအယ့္ရဲ႕ ဘယ္ဘက္လက္ကို ေအးစက္ေနေသာ တစ္စုံတစ္ရာက တင္းတင္းက်ပ္က်ပ္ ဖမ္းဆုပ္လိုက္သလို သူ႔လက္ေကာက္ဝတ္ေပၚ သက္ေရာက္လာေသာ အားတစ္ခုကို သူ ခံစားသိရွိလိုက္သည္။ သူ လွည့္ၾကည့္ဖို႔ပင္ အခ်ိန္မရွိလိုက္ပါ။ တစ္စုံတစ္ေယာက္က သူ႔ဘယ္ဘက္လက္ကို အားျဖင့္ ဆြဲခ်သြားသည္မို႔ ႏိုအယ္ ျငင္းဆန္ႏိုင္ျခင္းမရွိပဲ ထိုသူ ဆြဲေခၚရာသို႔ လိုက္ပါလာခဲ့ရေလသည္။

ထိုသူက သူ႔ကို ေဘးနားက အနီးကပ္ဆုံး အခန္းတစ္ခုထဲသို႔ ေခၚေဆာင္သြားပါသည္။ ထို႔ေနာက္ သူ႔ကို နံရံေပၚဖိကပ္ကာ သူ႔ရဲ႕ ႏႈတ္ခမ္းကို လက္ညိဳးျဖင့္ဖိလိုက္ေလသည္။

တိတ္တိတ္ေနဆိုသည့္ သေဘာ။

ႏိုအယ္ ဘယ္သူလဲ သိခ်င္စိတ္ျဖင့္ သူ႔လက္ထဲမွ မီးအိမ္ကို ထိုသူရဲ႕ မ်က္ႏွာနား ေျမႇာက္ကာ ၾကည့္လိုက္သည္။

သီအို႔အေမ။

သီအို႔အေမက သူေနာက္ဆုံးေတြ႕ခဲ့ရသလိုမဟုတ္ေတာ့။ သိပ္ၿပီး ေၾကာက္႐ြံ႕ေနပုံေပၚသည္။ သူ႔ရဲ႕ ႏႈတ္ခမ္းကလည္း အပ္ခ်ည္တစ္ခုျဖင့္ ေစ့ကပ္ေနေအာင္ ခ်ဳပ္ထားျခင္းကို ခံထားရသည္။

"ေဒါက္.. ေဒါက္.."

ထိုစဥ္ ႏိုအယ္ ရပ္ေနေသာ နံရံရဲ႕ ေဘးက တံခါးမွတစ္ဆင့္ ေကာ္ရစ္ဒါအျပင္ဘက္က လမ္းေလွ်ာက္သံကို သူၾကားလိုက္ရသည္။ သီအို႔အေမက ထိုအသံထြက္ေပၚလာရာ ေကာ္ရစ္ဒါဘက္ကို စိုက္ၾကည့္ရင္း လႈပ္လႈပ္ရွားရွားျဖစ္လာသည္။ သီအို႔အေမ​၏ လက္မ်ားသည္ ေၾကာက္႐ြံမႈေၾကာင့္ တဆတ္ဆတ္တုန္ယင္ေနၿပီး ပါးေပၚတြင္လည္း မ်က္ရည္စီးေၾကာင္း ႏွစ္ေၾကာင္းက စီးက်ေနေလသည္။

"ေဒါက္.. ေဒါက္.. "

ႏိုအယ္ ဘာဆို ဘာမွ မလႈပ္ရွားပဲ ထို ေျခသံေပ်ာက္သြားသည္အထိ ၿငိမ္သက္စြာ ရပ္ေနမိသည္။ ထိုေျခသံေပ်ာက္သြားေတာ့မွ ႏိုအယ္ သီအို႔အေမကို တိုးညႇင္းေသာ ေလသံျဖင့္ ေခၚလိုက္ပါသည္။

သီအို႔အေမက သူ႔ေခၚသံကို ၾကားေပမဲ့ စိတ္မဝင္စားသလိုပင္ ဘာတုံ႔ျပန္မႈမွ မေပးပါ။ သူ႔တစ္ကိုယ္လုံးကိုသာ ေျခဆုံးေခါင္းဆုံးၾကည့္ေနရင္း တစ္ခုခုကို ရွာေဖြေနပုံေပၚေနသည္။ ေနာက္ဆုံး သူ႔ညာဘက္လက္မွ ပရိတ္ႀကိဳးကိုေတြ႕သြားသည့္အခါမွသာ သူမရဲ႕မ်က္ႏွာေပၚတြင္ စိတ္ခ်သြားသည့္ အရိပ္အေယာင္ေလး ေပၚလာေလသည္။

ထိုစဥ္ ႐ုတ္တရက္ ႏိုအယ့္ရဲ႕ ဘယ္ဘက္လက္ကို ဖမ္းဆုပ္လိုက္ေသာ ေအးစက္မႈတစ္ခ်ိဳ႕ကို ခံစားလိုက္ရပါသည္။

"ရွာေတြ႕ၿပီ"

ထိုစကားသံကို ၾကားေတာ့ ႏိုအယ္လွည့္ၾကည့္ဖို႔ ႀကိဳးစားမိသည္။ သို႔ေသာ္ သူလွည့္ၾကည့္ရန္ ဟန္ျပင္ေနတုန္းမွာပင္ သီအို႔အေမက သူ႔ဘယ္ဘက္လက္အား ဆုပ္ကိုင္ထားေသာသူ​၏လက္ကို အားျဖင့္ပုတ္ခ်လိုက္ၿပီး ႏိုအယ့္ကို နံရံထဲသို႔ အားကုန္ တြန္းခ်ပစ္လိုက္ေလသည္။

ႏိုအယ္ ညႀကီးသန္းေခါင္ ေခြၽးေစးမ်ား စို႐ႊဲလ်က္ လန႔္ႏိုးလာခဲ့ပါသည္။

သူ ဘယ္ကို ေရာက္သြားတာပါလိမ့္။
ဘာလို႔ အဲ့အိမ္ကို ေရာက္သြားတာပါလိမ့္။

ႏိုအယ္ ကုတင္သံတိုင္ႏွင့္ ခ်ည္ထားေသာ သူ႔လက္ေကာက္ဝတ္မွ ပရိတ္ႀကိဳးကို ျဖည္ကာ တစ္အိမ္လုံး လင္းက်င္းသြားေအာင္ မီးေတြလိုက္ထြန္းလိုက္ပါသည္။

တစ္အိမ္လုံး မီးေတြ ထိန္ေနေအာင္ လင္းသြားမွ စိတ္ေအးသြားသလို ႏိုအယ္ ကုတင္ေပၚ ျပန္ထိုင္လိုက္ကာ သက္ျပင္းခ်မိလိုက္သည္။ ထို႔ေနာက္ ေခြၽးစေတြ သီးေနေသာ သူ႔ရဲ႕မ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္ခပ္ၾကမ္းၾကမ္းပြတ္လိုက္ရင္း အိပ္ရာေပၚ ပစ္လွဲခ်လိုက္ပါသည္။

သူ႔ေခါင္းထဲမွာ ခဏက ျဖစ္ပ်က္ခဲ့သမွ် အရာအားလုံးက အျဖစ္အပ်က္တစ္ခုခ်င္းစီ အစီအစဥ္မက်စြာ ဝင္ေရာက္လာသည္။

သီအိုအေမ ဘာကိုေၾကာက္ေနတာလဲ။
ဘယ္သူက သူမရဲ႕ ႏႈတ္ခမ္းကို အပ္ခ်ည္ႀကိဳးနဲ႔ ခ်ဳပ္ထားတာလဲ။
သူ႔ရဲ႕ လက္ကိုဆုပ္ကိုင္ၿပီး ရွာေတြ႕ၿပီလို႔ေျပာလိုက္တဲ့ သူက ဘာ္သူလဲ။

ႏိုအယ္ ေတြးေသာ္လည္း အေျဖျပန္မရတာမို႔ သူ လွဲေနရာမွ ထကာ ေခြၽးေတြစိုေနေသာ ညအိပ္ဝတ္ကို ခြၽတ္ၿပီး အသစ္တစ္ထည္ လွဲဝတ္လိုက္ပါသည္။ ထို႔ေနာက္ အိပ္ရာေပၚ ထိုင္ကာ မနက္ျဖန္ လုပ္ရမည့္ Presentation အတြက္ Powerpoint ေတြကိုၾကည့္ရင္း ေျပာရမယ့္ စကားေတြ မနက္မိုးလင္းသည္အထိ ျပန္စီေနခဲ့ေလသည္။

××××××××××××××××××××××××××××××××××××××

"တီ.. ေတာင္"

မနက္ေစာေစာစီးစီး တံခါးဘဲလ္လာတီးေနတဲ့သူကို သီအို စိတ္ထဲမွပင္ ခပ္ျပင္းျပင္းေလး က်ိန္ဆဲလိုက္ပါသည္။

အခုမွ မနက္ ၇ နာရီပဲ ရွိေသးတာ။ အေစာႀကီးဘယ္သူပါလိမ့္။

ေသာကေတာ့ မဟုတ္ေလာက္။ အဲ့ေကာင္က သူ႔အိမ္တံခါးေသာ့လည္းရွိသည့္အျပင္ ေသသည့္တိုင္ မနက္ေစာေစာထမယ့္လူထဲမွာ ေသာကရိပ္လုံးဝမပါ။

သီအို ခပ္ပ်င္းပ်င္းျဖင့္သာ အိပ္ရာေပၚ ဟိုဟိုဒီဒီလွိမ့္ရင္း ပ်င္းေၾကာဆြဲေနမိသည္။ ထို႔ေနာက္ အိပ္ေရးသိပ္မဝသျဖင့္ ေနာက္က်ိက်ိျဖစ္ေနေသာ ေခါင္းကို ခပ္ၾကမ္းၾကမ္းခါရမ္းလိုက္ကာ မ်က္လုံးကို လည္း လက္ႏွစ္ဖက္ျဖင့္ ပြတ္သပ္လိုက္ပါသည္။

"တီ... ေတာင္"

"လာၿပီ"

သီအို ေအာ္သာေအာ္လိုက္ေသာ္လည္း ၿခံထိပ္က လူက သူ႔အသံမၾကားႏိုင္မွန္းေတာ့ သိေနသည္မို႔ အခ်ိန္မဆြဲေတာ့ပဲ အိပ္ရာေပၚမွ ခုန္ထလိုက္ကာ ေအာက္ထပ္သို႔ ခပ္သြက္သြက္ ဆင္းသြားလိုက္ပါသည္။

အိမ္ထဲကေန ၿခံထဲကို ထြက္လိုက္သည္ႏွင့္ ေအးျမေနေသာ မနက္ခင္းေလညင္းတခ်ိဳ႕က သူ႔ပါးျပင္ကို ပြတ္သပ္ကာ တိုက္ခတ္သြားသျဖင့္ သူ​၏အိပ္ခ်င္စိတ္ေလးအနည္းငယ္မွာ ထိုေလေအးနဲ႔အတူ လြင့္ပါးသြားလို ခံစားလိုက္ရသည္။ ေကာင္းကင္ကေတာ့ ဒီေန႔အတြက္ တိမ္ထူေနသည္။ ၾကည့္ရတာ မၾကာခင္ မိုး႐ြာခ်ေတာ့မည့္ပုံ။ ေလကလည္း သာမန္ထက္ကို ျပင္းေနတာမို႔ သီအိုရဲ႕ ဒီေန႔အတြက္ ေက်ာင္းသို႔ သြားခ်င္စိတ္ေလးက ယိုင္နဲ႔နဲ႔ ျဖစ္လာျပန္သည္။

သီအို ေအးလြန္းသျဖင့္ သူ႔ရဲ႕ ဆြယ္တာေလးကို ရင္ဘတ္သို႔ ျပန္စိလိုက္သည္။ သူၿခံတံခါးကို ဖြင့္လိုက္ေတာ့ မေမွ်ာ္လင့္ထားသည့္ ဧည့္သည္က တံခါးေရွ႕တြင္ မတ္မတ္ႀကီး ရပ္လို႔ေနေလသည္။

"သခင္ေလး"

ဦးရဲက သူ႔ကိုျမင္ေတာ့ ဦးၫႊတ္ကာ ႏႈတ္ဆက္ပါသည္။

"ဦးရဲ.. မနက္အေစာႀကီး ဒီကို ဘာလာလုပ္တာလဲ"

သူ႔စကားဆုံးေတာ့ ဦးရဲ က တစ္ခုခုကို ေျပာမယ့္ဟန္ျပင္ၿပီးမွ တစ္ခုခုက သူ႔ကို ရပ္တန႔္လိုက္ဟန္ ျပန္ႏႈတ္ဆက္သြားျပန္သည္။

"ေျပာစရာရွိတာသာ ေျပာပါ"

သီအိုရဲ႕ သေဘာတူညီမႈရေတာ့မွ ဦးရဲက စကားျပန္စသည္။

"ဟို.. ေဒၚစိန္က အခုေဆး႐ုံတက္ေနရလို႔ သခင္ေလး"

"ဘယ္လိုျဖစ္တာလဲ"

"မေတာ္တဆ ေလွကားေပၚက ေခ်ာ္က်သြားတာပါ။ ႀကီးႀကီးမားမား ဒဏ္ရာေတာ့ မဟုတ္ေပမဲ့ သူ႔ကို ေဆး႐ုံမွာ ခဏနားဖို႔လိုတယ္လို႔ ဆရာဝန္ေတြက အႀကံေပးတာနဲ႔ မနက္ျဖန္ညေနထိ ေဆး႐ုံမွာပဲ ထားထားမလို႔"

"ေၾသာ္.. ေကာင္းပါတယ္။ ဒါနဲ႔ ဒီကိစၥေျပာဖို႔လာတာလား။

ေမ့ေနတာ။ ဦးရဲ အိမ္ထဲ ဝင္ပါဦး"

သီအိုက တံခါးကို ဖြင့္ကာ ဦးရဲဝင္ႏိုင္ရန္ ကိုယ္ကို ေဘးကပ္ေပးလိုက္ပါသည္။ သို႔ေသာ္ ဦးရဲက ေခါင္းခါကာ ျပန္ျငင္းသည္။

"မဝင္ေတာ့ဘူး သခင္ေလး။

ကြၽန္ေတာ္ စံအိမ္ကို ျပန္ရေတာ့မွာမို႔ အခ်ိန္မရွိေတာ့ဘူး။ အဲ့ဒါ သခင္ေလး ညေန အားခဲ့သည္ရွိေသာ္ ေဒၚစိန္ကို ခဏ သြားၾကည့္ေပးလို႔ရမလား။

ကြၽန္ေတာ္ အကူအညီေတာင္းတာပါ။ သခင္ေလး သိတဲ့အတိုင္း စံအိမ္မွာလည္း ကြၽန္ေတာ္ မရွိလို႔မျဖစ္။ ေဒၚစိန္ကလည္း သူ႔ကို စားစရာေလး သြားပို႔ေပးမယ့္သူမရွိရင္ ညေနစာ စားစရာမရွိျဖစ္ေနမွာ"

သီအို ေခါင္းညိတ္လိုက္ပါသည္။

"ရပါတယ္ ဦးရဲ။

ဦးရဲ မေျပာေတာင္ သြားဖို႔ စဥ္းစားေနတာ။ ကိစၥမရွိဘူး။ ကြၽန္ေတာ္ ညေန ေက်ာင္းဆင္းတာနဲ႔ တစ္ခုခုဝယ္ရင္း ေဒၚစိန္ကို သြားၾကည့္ေပးမယ္"

"ေက်းဇူးတင္ပါတယ္.. သခင္ေလး"

ဦးရဲက သူ႔ကို ၿပဳံးကာ ေက်းဇူးတင္စကားဆိုပါသည္။

"ဒါနဲ႔ ေနပါဦး။ ဘာလို႔ ေဒၚစိန္အတြက္ သူနာျပဳ သက္သက္မငွါးတာလဲ"

သီအို စိတ္အလိုမက်စြာ ေမးလိုက္ပါသည္။

ေဒၚစိန္ဆိုတာ သီအိုမေမြးခင္ကတည္းက သူတို႔အိမ္မွာ အလုပ္လုပ္ေနခဲ့တာ ခုဆို ႏွစ္ေပါင္း ၃၀ ေက်ာ္ေလာက္ေရာေပါ့။ ေဒၚစိန္က ဘယ္ဇာတိလဲ ဘယ္ေနရာက လာလဲဆိုတာ ဘယ္သူမွ မသိ။ ေဒၚစိန္ကေတာ့ သူ႔ဇာတိေျမက ငယ္ဘဝအေၾကာင္းကို သူ ငယ္စဥ္တုန္းက မၾကာခဏ ပုံျပင္အေနနဲ႔ ေျပာျပဖူးေသာ္လည္း ေနရာအတိအက်ကိုေတာ့ မေျပာခဲ့ပါ။ သူသိသေလာက္ေတာ့ ေတာင္ေပၚ႐ြာတစ္ခုဟုသာ သိထားပါသည္။

ထိုသို႔ မိသားစုကလည္း အေဝးမွာ ေရာက္ေနတဲ့ ေဒၚစိန္အတြက္ သူေဆး႐ုံတက္လည္း လာၾကည့္ၿပီး ျပဳစုေစာင့္ေရွာက္မယ့္သူ ရွိမွာမဟုတ္။ ဦးရဲကလည္း တကယ္ကို စံအိမ္ရဲ႕ မရွိမျဖစ္လူဆိုေတာ့ ၾကာၾကာေနလို႔မရ။ ေဒၚစိန္တစ္ေယာက္ ေစာင့္ေရွာက္မယ့္ လူနာေစာင့္မရွိပဲ ေဆး႐ုံမွာ ဘယ္လိုမ်ား ႏွစ္ပါးသြားမွာပါလိမ့္။

"သခင္ေလးကလည္း ကြၽန္ေတာ္တို႔မွာ ဘယ္လိုလုပ္ ကိုယ္ပိုင္သူနာျပဳငွါးဖို႔ တတ္ႏိုင္မွာလဲ"

"မဟုတ္တာ။ ဦးရဲနဲ႔ ေဒၚစိန္ဆိုတာ ကြၽန္ေတာ္တို႔အိမ္အတြက္ အလုပ္သမား အဆင့္ထက္ပိုေနၿပီ။ မိသားစုလိုကို ျဖစ္ေနတာကို။

ဦးရဲကလည္း ေဒၚစိန္အတြက္ သူနာျပဳေလး ငွါးေပးလိုက္တာမဟုတ္ဘူး။ ေဒၚစိန္တစ္ေယာက္ လူနာေစာင့္မရွိပဲ ဘာလုပ္ႏိုင္မွာတုန္း"

"ဟို.. "

"ရၿပီ ဦးရဲ။ ကြၽန္ေတာ္ စီစဥ္လိုက္မယ္။

ေဆး႐ုံအုပ္ႀကီးရဲ႕ ဖုန္းနံပါတ္ ကြၽန္ေတာ့္မွာရွိတယ္"

"ေက်းဇူးတင္ပါတယ္ သခင္ေလး"

ဦးရဲက သူ႔ကို ဦးၫႊတ္ကာ ေက်းဇူးတင္စကားဆိုျပန္ပါသည္။  သီအို သူ႔ကို စကားေျပာလွ်င္ ဦးမၫႊတ္ဖို႔ ဦးရဲကို အႀကိမ္ႀကိမ္ေျပာဖူးသည္။ သို႔ေသာ္ ဦးရဲက လုံးဝ နားမေထာင္။

"ဒါဆို ဦးရဲလည္း သြားေတာ့ေလ။ ကြၽန္ေတာ္လည္း ေက်ာင္းသြားဖို႔ ျပင္ေတာ့မယ္"

"ဟုတ္ကဲ့ ႏႈတ္ဆက္ပါတယ္ သခင္ေလး"

သီအို ျပန္ေခါင္းညိတ္ျပလိုက္ပါသည္။ ထိုအခါမွ ဦးရဲက သူ႔ရဲ႕ ကားေဟာင္းေလးေပၚတက္ကာ ထြက္သြားေလေတာ့သည္။

ထိုကားက သူ႔အေဖရဲ႕ ကားေဟာင္းတစ္စီးပင္။ ဦးရဲကို လိုအပ္ရင္ ဟိုဟိုဒီဒီသြားဖို႔ ကားေလးတစ္စီးဝယ္ေပးရန္ လုပ္ခဲ့ေသာ္လည္း ဦးရဲက အသစ္ကို လက္မခံႏိုင္ဟုသာ တြင္တြင္ ဆိုေသာေၾကာင့္ အေဖက သူ႔ရဲ႕ကားေဟာင္းေလးကိုသာ ေပးခဲ့ရသည္။ တကယ္ဆို ဦးရဲနဲ႔ ေဒၚစိန္ဆိုတာ သူတို႔မိသားစုမွာ ႏွစ္ေပါင္းမ်ားစြာ အလုပ္လုပ္လာေသာ သူေတြ။ ဒီထက္ပိုၿပီး ရသင့္သည္ဟု သီအိုထင္မိသည္။

အင္း.. ေနာက္တစ္ခါ အေဖနဲ႔ ေတြ႕မွ ေျပာရဦးမည္။

××××××××××××××××××××××××××××××××××××××

"ဟဲ့ ေက်ာင္းကတက္ေတာ့မယ္။

ငါတို႔က ေက်ာင္းတက္တက္ခ်င္း Presentation လုပ္ရမွာေနာ္"

ျမတ္ႏိုးက စိတ္ပူဟန္ျဖင့္ ေဘးကေန တတြတ္တြတ္ေျပာေနသည္။ ႏိုအယ္လည္း စိတ္ေတာ့ နည္းနည္းပူေနေပမဲ့ ၾကာလာေတာ့လည္း ျမတ္ႏိုးကို အလြန္အကြၽံစိတ္ပူျပေနသည္ဟုပင္ထင္လာသည္။ Presentation ကို ပထမဆုံး စလုပ္ဖူးသူလည္းမဟုတ္ပါပဲ လူေရွ႕ထြက္ရေတာ့မည္ဆိုလွ်င္ ျမတ္ႏိုးက အၿမဲ လိုအပ္သည္ထက္ စိတ္ပူတတ္ေလသည္။

ႏိုအယ္ နာရီကို ၾကည့္လိုက္ေတာ့ ၉ နာရီထိုးဖို႔ ၅ မိနစ္သာ လိုေတာ့သည္။ အခုထိ မင္းေခတ္ဓူဝံက မေရာက္လာေသး။

"ႏိုအယ္ ငါတို႔ေျပာပါတယ္။ မင္းေခတ္ဓူဝံကို မနက္မင္း ေက်ာင္းလာကတည္းက ဆြဲေခၚခဲ့ပါလို႔"

ဟန္လင္းကလည္း နာရီတၾကည့္ၾကည့္ႏွင့္ ဝင္ေျပာသည္။ လြန္းထက္စံကေတာ့ သူေျပာရမည့္ အပိုင္းေတြ ေမ့သြားမည္စိုး၍ထင္။ ကြန္ပ်ဴတာကို ၾကည့္ကာ ပါးစပ္က တတြတ္တြတ္ႏွင့္ ႐ြတ္ဆိုေနေလသည္။

"ငါ သြားေခၚတယ္ေလ။ ငါ ေခၚတုန္းက သူ အက်ႌေတာင္မလဲရေသးဘူး။

ငါ ေစာင့္မယ္ လုပ္ေတာ့ သူက သြားႏွင့္ ေနာက္က လိုက္လာခဲ့မယ္လို႔ ေျပာတာကိုး"

"မင္းမွာ သူ႔ဖုန္းနံပါတ္မရွိဘူးလား"

"ရွိလည္း ကိုင္မွာ မဟုတ္ဘူး"

"ဒုကၡပဲ"

သူတို႔တစ္ဖြဲ႕လုံး တစ္တန္းလုံးေရွ႕က စတိတ္စင္ေပၚတြင္ ေလးေယာက္သား တတြတ္တြတ္ႏွင့္ ဗ်ာမ်ားေနၾကရသည္။

"တင္.. ေတာင္.. "

ထိုစဥ္မွာပင္ သူတို႔ရဲ႕ အိမ္မက္ဆိုးႀကီးကို စတင္ေတာ့မည္ဟု အဓိပၸါယ္ရေသာ အခ်က္ေပးသံက သူတို႔အခန္းရဲ႕ ေလထုအတြင္း သာယာတိုးညႇင္းစြာ ပ်ံ႕ႏွံ႔သြားသည္။

"ဟဲ့ ငါတို႔ေသၿပီ။

ႏိုအယ္ နင္ ဓူဝံ အပိုင္း ေျပာႏိုင္တယ္မလား"

"အင္း.. ငါမေန႔ညက Powerpoint အတြက္ အေခ်ာသတ္ျပန္စီရင္း နည္းနည္းေတာ့ ၾကည့္ထားမိတယ္"

"ဒါဆို နင္ေျပာလိုက္"

ျမတ္ႏိုးက ေဘးကေန သူ႔ကို လွမ္းၾကည့္ကာ ေျပာသည္။ ႏိုအယ္ ေခါင္းညိတ္ျပလိုက္ပါသည္။

"မဂၤလာပါ ဆရာ"

တစ္ခ်န္းလုံးက ထႏႈတ္ဆက္ေတာ့ သူတို႔လည္း ေျပာလက္စ စကားကိုရပ္ကာ လက္အုပ္ေလးေတြ ကပ်ာကယာ ခ်ီလိုက္ရသည္။ ဆရာက ဘာမွ မေျပာပဲ ေရွ႕ဆုံးခုံတြင္ ဝင္ထိုင္လိုက္ပါသည္။

"ကဲ.. စလို႔ရၿပီလား"

သူတို႔ ေလးေယာက္ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္မိလိုက္ၾကသည္။ အဓိပၸါယ္ကေတာ့ ဘယ္လို လုပ္မလဲဆိုသည့္အဓိပၸါယ္။

ႏိုအယ္ကေတာ့ နည္းနည္းေလးပဲ ျဖစ္ျဖစ္ ဓူဝံကို ေစာင့္ခ်င္ေသးသည္။ သို႔ေသာ္ သူတို႔ ေစာင့္သည္ႏွင့္အမွ် သူတို႔ရမယ့္အခ်ိန္ကလည္း တိုသြားမည္လည္း စိုးရိမ္ရေသးသည္။

"ရၿပီ ဆရာ။ သမီးတို႔ စေျပာေတာ့မယ္"

ျမတ္ႏိုးရဲ႕ စကားအဆုံးတြင္ မင္းေခတ္ဓူဝံ အခန္းထဲသို႔ အေျပးတစ္ဝက္ႏွင့္ ဝင္လာခဲ့သည္။ မင္းေခတ္ဓူဝံကိုျမင္မွ သူတို႔ တစ္ဖြဲ႕လုံး သက္ျပင္းခ်ႏိုင္ၾကေလေတာ့သည္။

ႏိုအယ္ ဓူဝံကို ၾကည့္ေတာ့ ဓူဝံ အက်ႌကိုလည္း ေသေသခ်ာခ်ာမဝတ္ထား။ မ်က္ႏွာကလည္း မုတ္ဆိတ္ေမႊးတခ်ိဳ႕ ေပါက္ေနကာ ပုံစံကလည္း ကမန္းကတမ္း ေျပးထြက္လာရပုံပင္။ ၾကည့္ရတာ ေနာက္ဆုံးအခ်ိန္မွ လာဖို႔ ဆုံးျဖတ္ခဲ့သည္ႏွင့္တူသည္။ ဘာပဲ ျဖစ္ျဖစ္ ေရာက္လာတာနဲ႔တင္ ႏိုအယ့္အတြက္ လုံေလာက္ေနေလၿပီ။

××××××××××××××××××××××××××××××××××××××

"မင္းေခတ္ဓူဝံ.. "

Presentation ၿပီးေတာ့ ႏိုအယ္ လြယ္အိတ္ယူကာ အခန္းအျပင္သို႔ျပန္ထြက္သြားေသာ မင္းေခတ္ဓူဝံရဲ႕ေနာက္သို႔ လိုက္ကာ ေအာ္ေခၚလိုက္ပါသည္။

သူ႔ေခၚသံကိုၾကားေတာ့ မင္းေခတ္ဓူဝံက သူ႔ကို လွည့္ၾကည့္လာေလသည္။ မင္းေခတ္ဓူဝံရဲ႕ အျပင္ပိုင္း အေျခအေနကို ၾကည့္ရတာ ေတာ္ေတာ္ေလး စုတ္ျပတ္သတ္ေနေပမဲ့ သူ႔ရဲ႕ မ်က္လုံးထဲမွာေတာ့ အရင္ကေလာက္ ေလးလံမႈေတြ မရွိေတာ့တာ ႏိုအယ္ သတိထားမိလိုက္သည္။ မင္းေခတ္ဓူဝံ အရင္ကထက္ အေျခအေနေကာင္းလာတယ္လို႔ပဲ ဆိုရမလားမသိ။

"မင္း အဆင္ေျပရဲ႕လား"

ႏိုအယ္ သိခ်င္စိတ္ျဖင့္ လွမ္းေမးလိုက္သည္။

"အင္း.. ေျပပါတယ္"

"တကယ္ ေျပတာေနာ္"

"အင္း.. "

မင္းေခတ္ဓူဝံက သူ႔ကိုစိုက္ၾကည့္ရင္း ေျဖရာကေန ႐ုတ္တရက္ ၾကမ္းျပင္သို႔ စိုက္ၾကည့္လိုက္ေလသည္။
ပုံမွန္ဆို လိမ္ညာတဲ့ သူေတြကသာ အခုလို အမူအရာမ်ိဳး လုပ္တတ္ၾကေပမဲ့ မင္းေခတ္ဓူဝံက လိမ္လိုက္လို႔ သူ႔ဆီမွ အၾကည့္လႊဲသြားဟန္ႏွင့္မတူ။

သူ႔ေမးခြန္းကို ႏွစ္ခါျပန္ ေသခ်ာစဥ္းစားရင္း မျပတ္မသား အေျဖတစ္ခုကို ေပးလိုက္တာႏွင့္ပဲ ပိုတူသည္။ ႏိုအယ္ သိပါသည္။ ႏွစ္ေပါင္းမ်ားစြာ ခံစားလာရတဲ့ နာက်င္မႈေတြက တစ္ရက္ထဲနဲ႔ သင္ပုန္းေခ်လို႔ရႏိုင္ေကာင္းတဲ့ အရာမဟုတ္မွန္း။ ႏွစ္ေပါင္းမ်ားစြာ ေနသားက်လာခဲ့ေသာ ဘဝကေန ႐ုတ္တရက္ႀကီး ႐ုန္းထြက္ဖို႔ကလည္း သူ႔အတြက္ ခက္ခဲေနပါလိမ့္ဦးမည္။

ဒါေပမဲ့ အနည္းဆုံးေတာ့ မင္းေခတ္ဓူဝံက ႀကိဳးစားေနေသးသည္မို႔ ေတာ္ေသးသည္ဟု ဆိုရမည္။

"မင္း အဆင္ေျပတယ္ဆို ၿပီးတာပါပဲ။

တစ္ခုခုဆို ငါ့ဆီလာခဲ့ေနာ္။ ငါ မင္းေဘးမွာ အၿမဲရွိတယ္"

ႏိုအယ္ မင္းေခတ္ဓူဝံကို ၿပဳံးျပကာ စကားဆိုလိုက္ရင္း မ်က္ႏွာလႊဲလိုက္ပါသည္။

"ႏိုအယ္"

သူ႔နာမည္ကို လွမ္းေခၚလိုက္သည္မို႔ ႏိုအယ္ ေနာက္သို႔ ျပန္လွည့္လိုက္သည္။

"ေက်းဇူးပဲ"

မင္းေခတ္ဓူဝံရဲ႕ ေက်းဇူးပဲဟူေသာ စကားေနာက္ကြယ္က အၿပဳံးတစ္ခုကိုညျမင္လိုက္ရေသာအခါ ႏိုအယ္ ႐ုတ္တရက္ မင္သက္သြားမိရသည္။

ဒါ မင္းေခတ္ဓူဝံ ၿပဳံးတာကို သူ ပထမဆုံးေတြ႕ရတာပဲ။

လြတ္လပ္ေပါ့ပါးတဲ့ အၿပဳံးတစ္ခုနဲ႔ေတာ့ မတူပါ။ အရာအားလုံးကို ရင္ဆိုင္မယ္ဆိုေသာ စိတ္နဲ႔ အားတင္းထားေသာ အၿပဳံးတစ္ခုႏွင့္သာ တူပါသည္။ သို႔ေပမဲ့ ႏိုအယ္ ဒီအၿပဳံးကို ေတြ႕ရသည္ႏွင့္ပင္ သူ ေတာ္ေတာ္စိတ္ေပါ့သြားရသည္။ သူလည္း တကယ္ေတာ့ သူလုပ္လိုက္ေသာ ကိစၥ​၏အက်ိဳးဆက္က ဘာျဖစ္မလဲဆိုသည္ကို ဒီရက္ပိုင္းအတြင္း စိတ္ပူေနခဲ့ရသည္ေလ။

သူ မင္းေခတ္ဓူဝံကို သူ႔အိမ္အေဟာင္းကို ေခၚသြားခဲ့တာ မွန္မွ မွန္ပါ့မလား။ မင္းေခတ္ဓူဝံ သူ႔အတိတ္ကို ျပန္ရင္ဆိုင္ဖို႔ အဆင္သင့္ျဖစ္မွ ျဖစ္ေနပါ့မလား။မျဖစ္ခဲ့ရင္ ဘယ္လိုလုပ္မလဲ။ ပိုဆိုးသြားရင္ ဘယ္လို လုပ္မလဲဟု စိတ္ပူေနခဲ့ရသည္မွာ တစ္ခ်ိန္လုံး။

အခု မင္းေခတ္ဓူဝံရဲ႕ အၿပဳံးကို ကိုယ္တိုင္ကိုယ္က် ေတြ႕မွ သူ တကယ္ကို စိတ္ခ်ႏိုင္သြားေတာ့သည္။

ႏိုအယ္ ၾကက္ေသေသၿပီး ေငးၾကည့္ေနတုန္းမွာပင္ မင္းေခတ္ဓူဝံက ေနာက္ျပန္လွည့္သြားကာ သူ သြားရမည့္လမ္းကို တန္းတန္းမတ္မတ္ ျပန္ေလွ်ာက္သြားေလေတာ့သည္။

"မင္း အဆင္ေျပလို႔ ေတာ္ေသးတာေပါ့"

ႏိုအယ္ စိတ္လက္ေပါ့ပါးစြာႏွင့္ ၿပဳံးကာ ေရ႐ြတ္လိုက္မိသည္။

××××××××××××××××××××××××××××××××××××××

Continue Reading

You'll Also Like

222K 18.3K 43
အ​ေမွာင္​ထုသာ စိုးမိုးထားတဲ့ အျခားတစ္​ဖက္​မွာ .. ​ကြၽန္​​ေတာ္​က အလင္​း​ေရာင္​​ျဖာလင္​း​ေပးရမယ္​့ လမင္​း.. က်ိန္​စာလား လက္​​ေဆာင္​လား ?? ကြၽန္​​ေတာ္​...
10K 1K 21
Psychopath တစ်ယောက်နဲ့ စာရေးဆရာ တစ်ယောက်တို့ရဲ့ ပဋိပက္ခ အကြောင်းလေးပါ။ အပိုင်းဆယ်ပိုင်းသာ ပါဝင်သော ဝတ္ထုလတ်လေးပါပဲ။ BL မဟုတ်။ Bromance မဟုတ်။ Normal...
2.2K 222 13
ကျွန်တော့်ရဲ့ တစ်ဖက်သတ်ချစ်ရသော နှလုံးသားကို လှုပ်ခတ်စေသူ။ ဥပေက္ခာနဲ့ ဆက်ဆံတဲ့သူ။ သူ့ကို မှ တစ်ဖက်သတ်ချစ်မိတာ ရူးသွပ်ခြင်းဆို ကျွန်တော်ဟာ အဲ့ဒီရူးသွ...
60.8K 3.2K 39
ကျိုယီ​တောင်သခင် ရှစ်ယင်နှင့် နဂါးညီ​နောင်နန်းလုပွဲ.. စစ်နတ်ဘုရားက ဘယ်သူဖြစ်မလဲ.. Warning ကြမ်းပါတယ်​နော်.. မကြိုက်ရင် ပြဿနာ မရှာပဲ လှည့်ပြန်​ပေးကြပါ...