ကျောင်းလူဆိုးလေးနဲ့ကျွန်တော်(...

By MelMoRii

1.2M 197K 7.3K

မူရင်းစာရေးသူ : ရှီရှန် အမျိုးအစား : school life,Romance,comedy,Yaoi ဤဘာသာပြန်သည် အကျိုးအမြတ်အတွက်မဟုတ်ပါ။မူပ... More

Ch1 - ငါမင်းကို လိုက်လို့ရမလား(ငါမင္းကို လိုက္လို႔ရမလား
Ch2 - ျမင္လား။ သူကငါ့လူပဲ(Ch2 - မြင်လား။ သူကငါ့လူပဲ)
Ch-3ဘေဘီနေ့လည်စာ အတူစားချင်လား(Ch-3ေဘဘီေန႔လည္စာ အတူစားခ်င္လား)
Ch4- မင်းငါ့ကို စောင့်နေမယ်လို့ ငါမထင်ခဲ့ဘူး
Ch5 - သူ့ခြေထောက်တွေ ပျော့ခွေတဲ့ထိ စနောက်တယ်
Ch6 - ကိုယ့်ရှေ့မှာ အဲ့အမူအယာမျိုး မပြမိစေနဲ့
Ch7 - ၃စက္ကန့်စာ အသံMessage: ကိုယ်မင်းကိုတောင်းပန်ပါတယ်
Ch8 - ဟယ်ချန်းမင်က ချိန်းတွေ့နေတယ်
Ch9 - သူက ဘယ်လိုသောက်ကျိုးနည်းတဲ့ အဖြေတွေဖြေရမှာလဲ
Ch10 - နှလုံးသားလေးက ရှုပ်ထွေးမှု အပြည့်နဲ့ ပျော့ပျောင်းသွားပြန်တယ်
Ch11 - ထင်တဲ့အတိုင်းပဲ ယောကျာ်းတွေ အကုန်လုံးက သစ္စာမရှိဘူး
Ch12 - အတွဲတစ်တွဲကို စောင့်ဖမ်းဖို့ ကျောင်းဂိတ်ဝမှာထိုင်စောင့်ခြင်း
Ch13 - စောနက မင်းပုခုံးပေါ် လက်တင်ထားတဲ့သူက ဘယ်သူလဲ
Ch14 - နံပါတ် ၅ရေ ,နံပါတ် ခြောက်က မင်းကို မင်းသမီးလေးလို ပွေ့ချီတာကို လက်ခံရမယ်
Ch15 - နောက်တစ်ခါကျရင်လည်း ကိုယ်က နမ်းဦးမှာပဲ
Ch16 - ဒါပေမဲ့ ငါကသူ့ပဲ ကြိုက်တာ
Ch17 - ဘေဘီ မင်းလက်ဖဝါးတွေအရမ်း ချွေးထွက်နေတယ်
Ch18 - သူ့အား စည်းကမ်းသတ်မှတ်ခြင်း
Ch19 - အကြောင်းရင်းမရှိပဲ ခွေးစာတစ်ခွက်စားလိုက်ရတယ်
Ch20 - မင်းထပ်ရုန်းနေရင် ကိုယ်မင်းကိုနမ်းမိလိမ့်မယ်
Ch21 -အနမ်းကနူးညံ့ပြီး ချိုမြိန်တယ်
Ch 22
Ch23 - ကံမကောင်းစွာနဲ့ပဲ..သူတို့နှစ်ယောက်မှာ တကယ်လို့ ဆိုတာ မရှိခဲ့ဘူး
Ch24 - မင်း ကျောင်းယူနီဖောင်းက ဖရိုဖရဲနဲ့
Ch25 - မင်းက ဒါမျိုးတွေဖတ်ရတာ သဘောကျတာလား
Ch26.1 - မျက်လုံးမှိတ်လို့ အိပ်ချင်ယောင်ဆောင်လိုက်တယ်
Ch26.2 - မျက်လုံးမှိတ်လို့ အိပ်ချင်ယောင်ဆောင်လိုက်တယ်
Ch27 - ကိုယ်ကမင်းကိုသဘောကျနေတာမလို့ ကိစ္စမရှိပါဘူး
Ch28.1- မင်းကိုယ့်ကိုရူးအောင်လုပ်နေတာပဲ
Ch28.2 - မင်းကိုယ့်ကိုရူးအောင်လုပ်နေတာပဲ
Ch29.1- Snow White and Pale Red
Ch29.2- Snow White and Pale Red
Ch30.1 - အဲဒီမတော်တဆမှုကသူ့ကြောင့်
Ch30.2 - အဲဒီမတော်တဆမှုကသူ့ကြောင့်
Ch31 - I Accidentally Knocked into Something Myself
Ch32.1 - Let Me Hear You Call Me Daddy
Ch 32.2- Let me hear you call me daddy
Ch33 - Tell Him You're My Boyfriend
Ch34.1 - Come on, Your Boyfriend Will Carry You
Ch34.2 - Come on, Your Boyfriend Will Carry You
Ch35.1 - Want to Come See Me
Ch35.2 - Want to Come See Me
Ch36.1 - Today, the Weather Was Sweet
Ch36.2 - Today, the Weather Was Sweet
Ch37 - That's My Life
Ch38.1- Have a Relationship Too
Ch38.2 - Have a Relationship Too
Ch39 - Full of Nonsense
Ch40 - I've Been Kicked Out. Will You Take Me In?
Ch41 - If You're Not Stupid, Would You Still Date a Boy?
Ch42 - A Good Male God Eventually Becomes a Brother-in-Law
Ch43 - A Diary Lying Inside
Ch44 - No Questions Allowed When Kissing
Ch45 - Say Something Ji Liao. Don't Scare Me
Ch46 - Was this a duck? This was royalty!
Ch47 - You Don't Know the Reason I Didn't Invite You?
Ch48 - He Made It Through All of That
Trailer😝
Ch49 - I'm He Cheng Ming's Mother
Ch50 - I've Liked You Since Three Years Ago
Ch51 - I Don't Believe He Will Beat Up Girls
Ch52 - Do You Know What You're Doing?
Ch53 - All of You Better Be More Polite to My Wife
Ch54 - Baby, You're Too Sexy
Ch55 - Caller ID: The Best One
Ch56 - I'm Not Breaking Up. Let Me Think.
Let's Play Game
Ch57 - Looked As if He were Scrutinizing an Animal
Ch58 - Still Head over Heels in Love
Ch59 - Was That Person Better Looking Than Me? Mmm?
Ch60 - It's Called Fun, Baby
Ch61 - Please Shut Up! Stop Flirting!
Ch62 - Still Don't Think It Was Ugly Enough, Is That It?
Ch63 - Go Break Up with Your Little Lover
Ch64 - Sons Opposing the Father
Ch65 - Did You Guys Quarrel?
Ch66 - Seemed Like School Bully He Was Being Disciplined?
Ch67 - Was It Like, or a Desire to Cause Mischief
Ch68 - He Really was the Best Damn Brother in China!
Ch69 - Stay and Accompany Me to Sleep, Okay
Ch70 - Do You Like Me That Much?
Ch71 - Where Were You About to Put Your Groping Hand!
Ch72 - Your Sister Wasn't Bullied
Ch73 - If He Didn't Break Gao Sheng's Leg, His Surname Wasn't He
Ch74 - Bending His Head to Kiss the Back of His Waist
Ch76 - You Guys Fucking Beat Him Up!
Ch77 - I Thought You Don't Know How to Cook?
Ch78 - Your Wife has Taken a Fancy to my Wife
Ch79 - But I Want to Fall in Love!
Ch80 - Didn't Expect You to be This Kind of School Bully!
Ch81 - You Had Better Reconsider
Ch82 - Dad Said He Wants to Hold His Grandson This Year
Ch83 - He Might Not Be Able to Save His Own Head
Ch84 - He Only Had Two-Pack Abs Left
Ch85 - This Was Their Latest Code
Ch86 - Happy Birthday, Baby
Ch87 - Shared a Sweet with Him
Ch88 - Extra 1 - Indulging in Pleasure Without a Thought for Anything Else
Ch89 - Extra 2 - Indulging in Pleasure Without a Thought for Anything Else
Ch90 - Extra 3 - The Sweetest Graduation Photo
For side story
Sidestory 1(Gu❤️Lin)
Side Story 2 (Gu❤️Lin)
Side Story 3 (Gu❤️Lin)
Side Story 4 (Gu❤️Lin)
Side Story 5(Gu❤️Lin)
Side Story 6 (Gu❤️Lin)
Side Story 7 (Gu❤️Lin)
Side Story 8(Gu❤️Lin)
Side Story 9(Gu❤️Lin)
Side Story 10 (Gu❤️Lin)
Side Story 11(Gu❤️Lin)
Side Story 12 (Gu❤️Lin)
Side Story 13 (Gu❤️Lin)
Side Story 14 (Gu❤️Lin)
Side Story 15 (Gu❤️Lin)
Side Story 16 (Gu❤️Lin)
Side Story 17 (Gu❤️Lin)
Side Story 18 (Gu❤️Lin)
Side Story 19 (Gu❤️Lin)
Side Story 20 (Gu❤️Lin)
Side Story 21 (Gu❤️Lin)
Side Story 22 (Gu❤️Lin)
Side Story 23 (Gu❤️Lin)
Side Story 24 (Gu❤️Lin)
Side Story 25 (Gu❤️Lin)
Side Story 26 (Gu❤️Lin)
Side Story 27 (Gu❤️Lin)
Side Story 28 (Gu❤️Lin)
Side Story 29 (Gu❤️Lin)
Side Story 30(Gu❤️Lin)
Side Story 31 (Gu❤️Lin)
Side Story 32 (Gu❤️Lin) Final
Extra 4.1(He❤️Ji)
Extra 4.2 (He❤️Ji)
Extra 5(Gu❤️Lin)
Extra 6 (Gu❤️Lin)
Extra 7 (Lin❤️Hao)

Ch75 - Do You Think There's a Problem with Li Si Ran

6.6K 1.2K 70
By MelMoRii

Zawgyi

What Should I Do if the School Bully is Interested in Me

Ch75 - Do You Think There’s a Problem with Li Si Ran

ဟယ္မုရွန္က စားပြဲထိပ္ကို လက္ဆစ္နဲ႔တစ္ေတာက္ေတာက္ျမည္ေအာင္ေခါက္ရင္း သူမကို သတိေပးလိုက္တယ္။

"မင္းသေဘာက်တဲ့တစ္ေယာက္ေယာက္ မရွိေသးဘူးဆိုမွ သံုးနွစ္ၾကာရင္ ကြာရွင္းၾကမယ္ဆိုတာက ကိုယ္တို႔သေဘာတူညီခ်က္မလား"

လက္ရွိမွာ ဟယ္ယြဲ႕က်င္းရဲ႕နႈတ္ထြက္မႈက အတြင္းလူေတြသာ သိေနၾကတာျဖစ္ၿပီး ျပင္ပေလာကကို ေၾကျငာခ်က္ထုတ္ထားေသးတာမဟုတ္ေပဘူး။ေၾကျငာခ်က္ထုတ္ၿပီးခ်ိန္မွာ ဟယ္ Groupရဲ႕ရွယ္ယာေစ်းေတြ ထိုးက် မက် ဆိုတာေတြ၊ဒါမွမဟုတ္ တစ္ျခားအေျပာင္းအလဲေတြ ျဖစ္လာဦးမလားဆိုတာေတြက မေသခ်ာေသးေပဘူး။

ဒါေၾကာင့္ ဒီအခ်ိန္မွာ ကြာရွင္းၾကတာက ေသခ်ာေပါက္ကို အေကာင္းဆံုးေ႐ြးခ်ယ္မႈ မဟုတ္ေပဘူး။ကိစၥေတြက ေကာင္းေကာင္းမြန္မြန္ ၿပီးမသြားဘူးဆိုရင္ က်န္းမိသားစုကို ရန္စသလို ျဖစ္သြားလိမ့္မယ္။ျမစ္ကိုကူးၿပီးမွ တံတားကိုဖ်က္စီးပစ္တာနဲ႔ အခ်င္းခ်င္းရန္ဘက္ေတြ ျဖစ္လာျခင္းတို႔က စီးပြားေရးေလာကမွာဆိုရင္ မလုပ္သင့္မလုပ္အပ္တဲ့အရာနွစ္ခုပဲ။ သူဟာလည္း စီးပြားေရးသမားတစ္ေယာက္ျဖစ္တာေၾကာင့္ဒါမ်ိဳးလုပ္ဖိုသေဘာမတူေပဘူး။

ဒါေပမဲ့ က်န္းခ်ီကေတာ့ တစ္ဇြတ္ထိုးဆန္တဲ့ မိန္းကေလးတစ္ေယာက္ပဲ။အစကတည္းက သူမက ေမာ္ဒယ္လ္လုပ္ငန္းထဲ ဝင္ရဖို႔အတြက္ ဟယ္မုရွန္နဲ႔ လက္ထပ္ရခ်ိန္မွာ လ်ိဳ႕ဝွက္စာခ်ဳပ္ကို ခ်ဳပ္ဆိုထားခဲ့တာ ျဖစ္တယ္။ အခုခ်ိန္မွာ သူမရဲ႕စာေလ့လာမႈလည္း ၿပီးဆံုးသြားၿပီဆိုေတာ့ သူမက သူမရဲ႕လြတ္လပ္မႈကိုျပန္လိုခ်င္လာတယ္။ တကယ္တမ္းက် မစၥဟယ္ ဆိုတဲ့ ဂုဏ္ပုဒ္ႀကီးက ေနရာတကာ သြားဖို႔အတြက္ အဆင္မွ မေျပလွပဲ။

"ဟုတ္တယ္...ကြၽန္မ ေကာင္ေလးတစ္ေယာက္ကို သေဘာက်သြားၿပီ...နို႔ေခြးေလးလို ပံုစံေလး...အရမ္းခ်စ္ဖို႔ေကာင္းတယ္။

(little milk dog: pretty boy type)

သူမမွာ အတြင္းစိတ္ကိုေပၚလြင္ေစတဲ့မ်က္ဝန္းတစ္စံုရွိေလတယ္။ မိတ္ကပ္မပါတာေတာင္ သူမမ်က္လံုးေတြက ၾကည္လင္ေနၿပီးေတာ့ နို႔ေခြးေလးအေၾကာင္းေျပာခ်ိန္မွာ တစ္လက္လက္နဲ႔ေတာက္ပေနေလတယ္။
 
ဟယ္မုရွန္က သူ႔ရဲ႕နက္ကတိုင္ကို ေဒါသအနည္းငယ္ျဖစ္စြာနဲ႔ေဆာင့္ဆြဲမိတယ္။ေကာင္းက်ိဳး ဆိုးက်ိဳးေတြကို နိႈင္းယွဥ္ၿပီးတဲ့ေနာက္မွာသူက မ်က္ေမွာင္ႀကံဳ႕ရင္းေျပာလိုက္တယ္။

"မင္း သူနဲ႔တူတူရွိလို႔ရတယ္။ ဒါေပမဲ့ မီဒီယာေတြက ဓာတ္ပံုရိုက္တာမခံရေအာင္ ေန ရင္ေတာ့ အေကာင္းဆံုးပဲ။ ၿပီးေတာ့ အတြင္းက်က် ထိေတြ႕ခြင့္ကိုလည္း ခြင့္မျပဳဘူး"

သူ႔အေနနဲ႔ သူမရဲ႕ခံစားခ်က္ေတြကိုၾကားဝင္ေနွာင့္ယွက္လို႔ေတာ့ မရနိုင္ေပမယ့္ သူ႔ကိုဦးထုပ္စိမ္းေဆာင္းေပးမယ့္အျဖစ္မ်ိဳးကိုလည္း မလိုခ်င္လွဘူး။

(ဦးထုပ္စိမ္းေဆာင္း= ေဖာက္ျပန္ခံရတာကိုေျပာတာပါ)

က်န္းခ်ီက  "အစ္ကိုႀကီး ရွင္ဘာစကားေျပာလိုက္တာလဲ" ဆိုတဲ့ အမူအရာနဲ႔ မယံုနိုင္သလို သူ႔ကိုၾကည့္လိုက္ၿပီးမွ စကားဆိုတယ္။

"ရွင္ေျပာခ်င္တာက ကြၽန္မက ေဖာက္ျပန္လို႔ေတာ့ရတယ္။ ဒါေပမဲ့ ေနာက္မီးလင္းတာကို ပေလတိုးနစ္ အခ်စ္နဲ႔ပဲ လင္းရမယ္ေပါ့ေလ"

ထင္မထားစြာပဲ ဒီမ်က္နွာရွစ္ေခါက္ခ်ိဳးႀကီးက အေတာ္ေခတ္မွီေနပါေရာလား။ဥကၠ႒ျဖစ္ဖို႔ထိုက္တန္ပါေပတယ္။သူ႔အေတြးအေခၚေတြက ဥေရာပနဲ႔ အေမရိကားရဲ႕ေရွ႕ေတာင္ ေက်ာ္လြန္ေနေပသကိုး။

ဟယ္မုရွန္က မတ္တပ္ထရပ္လိုက္တယ္။ ဒီကိစၥကို ျပန္မေျဖခ်င္တာေၾကာင့္ သူက စိတ္ထဲမွာ အတိုက္အခံလုပ္ေနမိတယ္။ ေယာက်ာ္းတစ္ေယာက္အေနနဲ႔ သူ႔မိန္းမေဖာက္ျပန္တာကို သူက ေရငံုနႈတ္ပိတ္လုပ္ၿပီး သေဘာတူေပးရမွာတဲ့လား။မိဘစီစဥ္တဲ့ လက္ထပ္ပြဲပဲျဖစ္ပါေစဦး။ သူကေတာ့ လံုးဝကိုခြင့္မျပဳနိုင္ဘူးပဲ။ပိုင္စိုးပိုင္နင္းနဲ႔ တစ္ဦးတည္းမူပိုင္လုပ္ျပတာကေတာ့ အိမ္ေထာင္ဦးစီးဆိုတဲ့အေနအထားကို သရုပ္ျပရံုပဲ။

"ေကာင္းၿပီေလ ...ခဏေနရင္ တူတူစားၾကရေအာင္"

ဟယ္မုရွန္က စကားဝိုင္းကိုအတင္းအၾကပ္ အဆံုးသတ္ရင္း ရံုးခန္းအင္တာကြန္းကေန သူ႔ရဲ႕စကၠထရီကို စားေသာက္ဆိုင္တစ္ခုမွာ ဘိုကင္တင္ထားဖို႔ေျပာလိုက္တယ္။က်န္းခ်ီကို ျငင္းပယ္ဖို႔အခြင့္အေရးေတာင္ မေပးေလဘူး။

"ေဟး...ကြၽန္မ ညေနက် လုပ္စရာရွိေသးတယ္"

သူမက ခ်က္ခ်င္းပဲ ကန္႔ကြက္လိုက္တယ္။

မ်က္လႊာတစ္ခ်က္ေတာင္ ပင့္မလာပါပဲ ဟယ္မုရွန္က စကားနွစ္ခြန္းသာ ေျပာေလတယ္။

"ေ႐ႊ့ဆိုင္းပစ္လိုက္"

သူမ ေရွာင္တိမ္းေနခ်င္ဆဲပံုကို ျမင္ရေတာ့ သူက မေပ်ာ္မ႐ႊင္နဲ႔ စကားဆိုတယ္။

"တကယ္လို႔ မင္းဘက္က ဟို ဘာေခြးလား အဲ့ေကာင္နဲ႔အတူရွိခ်င္တယ္ဆိုရင္ေတာ့ ပိုၿပီးနာနာခံခံေနေပးတာ ေကာင္းလိမ့္မယ္"

က်န္းခ်ီက သူဘယ္ေခြးကိုေျပာခ်င္တာလဲဆိုတာ အေတာ္စဥ္းစားလိုက္ရတယ္။ နို႔ေခြးေလးကို ေျပာတာမ်ားလား။ သူမက မေနနိုင္စြာပဲ မ်က္ျဖဴလွန္ျပရင္း ေလသံတီးတိုးနဲ႔ ျပက္ရယ္ျပဳလိုက္တယ္။

"ေဘာ့စ္အိုႀကီး!"

ဟယ္မုရွန္က ၾကားလိုက္ပံုနဲ႔ သူမကို ေမာ့ၾကည့္တယ္။ သူ႔မ်က္ဝန္းထဲမွာေတာ့ အႏၲရာယ္အေငြ႕တို႔ ခပ္ေရးေရးတို႔နဲ႔။

"မင္းဘာေျပာလိုက္တယ္"

က်န္းခ်ီက မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္လုပ္ရင္း အျပစ္ကင္းသေယာင္ ဟန္ေဆာင္ေလတယ္။

"ဟမ္! ကြၽန္မ ဘာမွ မေျပာရေပါင္"

ေသမယ္ဆိုရင္ေတာင္ သူမကေတာ့ ဝန္ခံမွာ မဟုတ္ဘူး။

ဟယ္မုရွန္က ဒီကိစၥကို အထအန ေကာက္မေနေတာ့ဘူး။ ဘာပဲျဖစ္ျဖစ္ သူမက ၂၄နွစ္ပဲရွိေသးတာ အရမ္းငယ္လြန္းတယ္။ သူနဲ႔ဆို မ်ိဳးဆက္နွစ္ခုစာေလာက္ ကြာဟေနၿပီ။ သူတို႔အာရံုစိုက္တဲ့ လုပ္ငန္းခ်င္းကလည္း ကြာျခားထားတယ္။ အင္တာတိန္းမန္႔အသိုင္းအဝိုင္းရဲ႕ေျပာင္းလဲမႈေတြက ျမန္ဆန္လြန္းၿပီး ကိစၥေတြကလည္း အမ်ားႀကီးရႈပ္ေထြးတယ္။ သူ႔အေနနဲ႔ ေလ့လာခ်င္စိတ္ရွိရင္ေတာင္ ေလ့လာလို႔မရနိုင္ေပေတာ့ဘူး။

"ကြၽန္မ အရင္သြားနွင့္မယ္။ သီးသန္႔ေနရာ စာရင္းသြင္းၿပီးရင္ ကြၽန္မကို တည္ေနရာပို႔လိုက္"

က်န္းခ်ီတစ္ေယာက္ ေရွ႕တံခါးကေန ထြက္သြားတာနဲ႔ သူက စကၠထရီကို ရံုးခန္းထဲေခၚၿပီးေတာ့ ခုတေလာ က်န္းခ်ီနားကို ကပ္ေနတဲ့ ေယာက်ာ္းေတြအေၾကာင္းကို စံုစမ္းခိုင္းလိုက္တယ္။ အထူးသျဖင့္ နို႔ေခြးေလးလို ပံုစံနဲ႔ေယာက်ာ္းေလးေတြကိုေပါ့။

ေဖာက္ျပန္ခ်င္ေနတဲ့ ဇနီးေလးေၾကာင့္ တစ္စံုတစ္ေယာက္ကေတာ့ အၿမဲတမ္း စိတ္တစ္ထင့္ထင့္ျဖစ္ေနရေတာ့မွာပါပဲ။

*******

ဟယ္ခ်န္းမင္က ေက်ာင္းျပန္တက္ရင္း စာေတြျပန္လုပ္တယ္။ အခန္းနွစ္က ကေလးေတြကေတာ့ သူ႔ကို အေတာ္ႀကီးလြမ္းဆြတ္သတိရေလၾကေလရဲ႕။

အဓိက အေၾကာင္းရင္းကေတာ့ထိပ္ဆံုးေက်ာင္းသားမရွိေတာ့ ဘာသာရပ္အားလံုးရဲ႕ ခက္ခဲတဲ့ပုစၦာမွန္သမ်ွ ဘယ္သူကမွ မေျဖရွင္းနိုင္ၾကေတာ့လို႔ပါပဲ။ဆရာ/ဆရာမေတြကလား သာယာနာေပ်ာ္ဖြယ္ အိမ္ေထာင္ေရးသုခကို မရၾကတဲ့အလား မေက်မခ်မ္းေတြ ျဖစ္ေနၾကၿပီးေတာ့ တစ္ေနကုန္ လူတိုင္းကို ဆူပူမာန္မဲေနၾကေတာ့တယ္။

"မင္ေကာ..ျပန္လာၿပီေပါ့!"

ေခၚလိုက္သူက အတန္းေခါင္းေဆာင္ျဖစ္တယ္။ဟယ္ခ်န္းမင္ၿပီးရင္ သူက အခန္းနွစ္မွာ အေတာ္ဆံုးေက်ာင္းသားပဲ။ဟယ္ခ်န္းမင္ ပ်က္ကြက္ထားတဲ့ရက္ေတြအေတာတြင္းမွာ သူက ဖိအားေတြမ်ားလြန္းလို႔ ဝမ္းေတာင္ခ်ဳပ္လုနီးပါးပဲ။ သူ႔ဆံပင္ေတြရဲ႕ သံုးပံုတစ္ပံုေလာက္ေတာင္ ကြၽတ္ထြက္ကုန္ၿပီလား မွတ္ရတယ္။

"ေနာက္ဆံုးေတာ့ ဘယ္ဘာသာကိုမွ အခ်ိန္ဆြဲၿပီး အသင္ခံစရာ မလိုေတာ့ဘူးေဟး!"

သိပၸံဆရာက အတန္းမဆင္းခင္ ေမးခြန္းေတြထုတ္ရတာ သေဘာက်တယ္။ တစ္စံုတစ္ေယာက္က ထိုေမးခြန္းကို ေျဖနိုင္တယ္ဆိုရင္ အတန္းဆင္းေပးတယ္။ အဲ့လိုမွ မဟုတ္ရင္ေတာ့ သင္ခန္းစာေတြ ဆက္သင္ေတာ့တာပဲ။ အရင္တုန္းက ဟယ္ခ်န္းမင္ရွိတုန္းကေတာ့ လူတိုင္းက သူ႔အရိပ္ကိုခိုၿပီး ေအးေအးသက္သာ အနားယူနိုင္ၾကတယ္။ဟယ္ခ်န္းမင္တစ္ေယာက္ လဝက္ေလာက္ ေက်ာင္းပ်က္ကတည္းက သူတို႔ေတြက ဝန္နဲ႔အား မမ်ွခံစားလာၾကရတဲ့အလား ျဖစ္လာတယ္။သူတို႔ အိုင္က်ဴေတြကလည္း မလံုေလာက္ဘူး။ သင္ခန္းစာေတြကို သူတို႔ေတြ တည့္တည့္မတ္မတ္ မေတြးနိုင္ေတာ့တဲ့အထိကို အသင္ခံေနၾကရတယ္။

ဟယ္ခ်န္းမင္က ရယ္ေမာလိုက္တယ္။ သူ႔ပံုစံက စိတ္ၾကည္ေနတဲ့အလားပဲ။ လင္းက်န္နံေဘးက ျဖတ္သြားေတာ့ သူက ထိုေကာင္ေလးေနာက္စိကို ရိုက္လိုက္တယ္။ သူ႔မ်က္လံုးေတြကေတာ့ 'ေတာ္ေတာ္တတ္ေနတယ္ေပါ့ ..ၾကားဝင္ဖ်န္ေျဖေပးဖို႔ က်ိေလ်ာင္ကို အသနားခံဖို႔ေတြေတာင္ သိေနၿပီေပါ့' ဆိုတဲ့စကားေတြကို ေျပာေနတဲ့အလားပဲ။

လင္းက်န္ရဲ႕ေခါင္းက ယိမ္းသြားရင္း မ်က္နွာေပၚက ခါးသီးေနတဲ့အမူအရာေတြနဲ႔အတူ ေမာ့ၾကည့္တယ္။ သူက စိုးရိမ္တႀကီး ေျပာလိုက္တယ္။

"မင္ေကာ...လီစီရန္မွာ ျပႆနာတစ္ခုခုရွိေနတယ္လို႔ ထင္လားဟင္"

သူ႔အေနနဲ႔ သူမကို မေန႔က ေမးၾကည့္ခဲ့ၿပီးၿပီ။ သူမက တကယ္ပဲ သက္ေမြးမႈပညာအထက္တန္းေက်ာင္းက ျဖစ္ေနတယ္။ ဒါဆို ဘာလို႔ သူ႔ကို A အထက္တန္းေက်ာင္းကလို႔ လိမ္လဲဆိုေတာ့ လီစီရန္က သူမကို အထင္ေသးမွာ စိုးရိမ္လို႔ လိမ္ခဲ့တာျဖစ္ေၾကာင္း ရွင္းျပလာတယ္။ ဒီစကားက က်ိဳးေၾကာင္းဆီေလ်ာ္ေနေပမယ့္ တစ္ခုခုေတာ့ မူမွန္မေနဘူးလို႔ သူခံစားေနရတယ္။

ဟယ္ခ်န္းမင္က ထိုင္ခ်လိုက္ရင္း သူ႔ကို အေျဖတစ္ခု ေပးလိုက္တယ္။

"မင္းက မုန္႔ေယာင္ေယာင္နဲ႔ အေတာ္ခင္တယ္မလား....သူ႔ကိုေမးၾကည့္ေပါ့"

လင္းက်န္ရဲ႕ အိုင္က်ဴနဲ႔သာဆိုရင္ နွစ္ေပါင္း ၈၀၀ေလာက္ စဥ္းစားၾကည့္ေတာင္ နားလည္မယ့္ပံု မေပၚဘူး။အဲ့ဒါအျပင္ တစ္ခ်ိဳ႕မိန္းကေလးေတြရဲ႕အျပဳအမူကို သာမန္အသိေလာက္နဲ႔ ေကာက္ခ်က္ခ်လို႔မရေပဘူး။ မ်ိဳးတူမိန္းကေလးခ်င္းကပဲ သူတို႔ကို နားလည္ေပးနိုင္မွာ။

လင္းက်န္က သူ႔နဖူးသူ ဖတ္ခနဲ ရိုက္လိုက္ရင္း ဒီနည္းလမ္းက ယံုၾကည္စိတ္ခ်ရေလာက္တယ္လို႔ ခံစားမိသြားတယ္။

သူက မုန္႔ေယာင္ေယာင္ကို ဟယ္မုရွန္ရင္းနွီးျမဳပ္နွံထားတဲ့ ေက်ာင္းအျပင္ဘက္က စားေသာက္ဆိုင္မွာ ေန႔လည္စာေကြၽးဖို႔ ေတြးမိတယ္။ဒါေပမဲ့အခု သူ႔မုန္႔ဖိုးေတြက ေျပာင္သလင္းခါေနၿပီ။ဒီေတာ့ သူက ေ႐ြးစရာမရွိေတာ့ပဲ အလကားစားေသာက္ခြင့္လက္မွတ္ႀကီးျဖစ္တဲ့ ဟယ္ခ်န္းမင္ကိုပါ ဆြဲေခၚလာေတာ့တယ္။ဟယ္ခ်န္းမင္ လိုက္လာတယ္ဆိုမွ ေတာ့ ေသခ်ာေပါက္ကို က်ိေလ်ာင္လည္းပါလာေတာ့တာေပါ့။မုန္႔ေယာင္ေယာင္ကလည္း ႐ႊီေရွာင္က်င့္ကို ေခၚလာေတာ့ ခ်က္ခ်င္းပဲ လူငါးေယာက္စာ စားပြဲဝိုင္းႀကီး ျဖစ္သြားေတာ့တယ္။

လင္းက်န္က အနည္းငယ္ရွက္႐ြံ႕ေနေတာ့ ဇာတ္ေၾကာင္းကို အၾကမ္းဖ်င္းေျပာျပလိုက္ၿပီး မိန္းကေလးနွစ္ေယာက္ဆီက ခိုင္လံုတဲ့ ဖိဘတ္ကို ေတာင္းခံလိုက္တယ္။

"နင္ေျပာေတာ့ သူ႔မိသားစုေနာက္ခံက မေကာင္းဘူးဆို..ဒါေပမဲ့ သူက မီယာ့သေဘာၤအေၾကာင္းေတာင္ သိေနၿပီးေတာ့ နင့္ကိုပါ သူသြားခ်င္တဲ့အေၾကာင္း ေျပာျပတယ္တဲ့လား"

မုန္႔ေယာင္ေယာင္က ဒီအခ်က္က သံသယျဖစ္ဖို႔အေကာင္းဆံုးပဲလို႔ ေတြးမိတယ္။

"မီယာ့သေဘာၤဆိုတာ ဘာလဲ"

႐ႊီေရွာင္က်င့္က တူကိုပါးစပ္မွာကိုက္ရင္း ဝင္ေမးလိုက္တယ္။

ေတြ႕လား.....အထက္တန္းစားလူမႈအသိုင္းဝိုင္းက မဟုတ္တဲ့လူေတြက မီယာ့သေဘာက ဘာဆိုတာကို သိၾကတာမဟုတ္ဘူး။ သူမေတာင္ သူမအေဖက ဒီလို ဇိမ္ခံသေဘာၤမ်ိဳးက လူငယ္ေတြအတြက္ နတ္ဘံုနတ္နန္းပဲလို႔ ေျပာျပဖူးတာကို ၾကားဖူးေနလို႔။

"သူက တစ္ျခားသူေတြနဲ႔ဖုန္းေျပာတယ္ဆိုတဲ့အခ်က္ကို စံုစမ္းအၾကည့္သင့္ဆံုးလို႔ ငါေတာ့ထင္တယ္။ တစ္ခါတစ္ေလက် အဲ့ဒါမ်ိဳးက ေဖာက္ျပန္တဲ့လကၡဏာေတြပဲ"

"ၿပီးေတာ့ နင့္ပိုက္ဆံအမ်ားႀကီးကိုလည္း လက္ခံထားတယ္မလား။ ျပန္ေပးမယ္သာေျပာတာ ဘယ္အခ်ိန္ေပးမယ္လို႔ အတိအက် မေျပာဘူးေလ။ အဲ့ဒါက တကယ့္ လက္ဖက္စိမ္းမ မဟုတ္ဘူးလား!"

(Green tea bitch : ရိုးသားျဖဴစင္ဟန္ေဆာင္ေနေပမယ့္ တကယ္တမ္းက် ႀကိဳးကိုင္ျခယ္လွယ္ တြက္ခ်က္ေနတဲ့ မိန္းမစား)
 
"နင္တို႔နွစ္ေယာက္ ေတြ႕တဲ့ေနရာကလည္း စိတ္ေက်နပ္စရာ ေကာင္းမေနဘူးဟ။ အဲ့ဒီဘားက အေတာ္ေလး ရႈပ္ေထြးတယ္မလား"

႐ႊီေရွာင္က်င့္နဲ႔ မုန္႔ေယာင္ေယာင္က စကားေတြဆက္ေျပာရင္း လီစီရန္ရဲ႕ အေရခြံကို တစ္လႊာၿပီးတစ္လႊာ ခြာခ်ေနေတာ့ လငက်န္က နားေထာင္ေနရင္း တုန္ယင္လာတယ္။

"ေမးခြန္းေတြက အဲ့ေလာက္ေတာင္မ်ားတာလား"

သူအရင္က ဘာတစ္ခုမွ သတိမထားမိခဲ့ဘူး။

"ေမြးေန႔လုပ္တဲ့ နင့္သူငယ္ခ်င္းကိုသာ ဖုန္းေခၚလိုက္။ သူက ဒီလိုအလုပ္မ်ိဳးကိုေလ်ွာက္တဲ့ေက်ာင္းသူဆိုေတာ့ အထင္ႀကီးစရာ တစ္ခုခု ရွိေနလို႔ ျဖစ္မွာပဲ"

႐ႊီေရွာင္က်င့္က ေျပာလိုက္တယ္။

သူမက ခန္႔မွန္းတဲ့ေနရာေတြမွာေတာ္တယ္။ ၿပီးေတာ့ လီစီရန္က လူေကာင္းမဟုတ္ဘူးဆိုတာ ေသခ်ာသေလာက္ပဲေလ။ ဒါေပမဲ့လည္း သူမက လင္းက်န္ကို ဒဲ့ေတာ့ မေျပာနိုင္ဘူး။ခပ္တံုးတံုးအေျဖာင့္ေကာင္ေတြက အမွန္တရားကို သူတို႔ကိုယ္တိုင္သိမွ သင္ခန္းစာရၾကမွာေလ။

ဟင္း...ယြမ္တစ္ေသာင္းအတြက္ေတာ့ သူမ တကယ္ပဲ စိတ္မေကာင္းဘူး။

လင္းက်န္က အျပင္ထြက္ၿပီး ဖုန္းေခၚလိုက္တယ္။ သူ႔ခံစားခ်က္ေတြက အနည္းငယ္ေတာ့ ေဖာ္ျပျခင္းငွာ မစြမ္းသာဘူး။ တစ္ဝက္က မလံုမလဲျဖစ္ေနမိၿပီးေတာ့ တစ္ဝက္က ပ်ာယာခပ္ေနမိတယ္။

မလံုမလဲျဖစ္မိတာက သူ႔ရဲ႕ရုတ္တရပ္ႀကီး လီစီရန္အေပၚ သံသယဝင္မိတာေၾကာင့္ျဖစ္ၿပီး ပ်ာယာခပ္ေနမိတာကေတာ့ မုန္႔ေယာင္ေယာင္နဲ႔႐ႊီေရွာင္က်င့္တို႔ ေျပာတာေတြ မွန္ေနမွာကို စိုးရိမ္ေနမိလို႔ပါပဲ။

တစ္ဖက္လူက ခ်က္ခ်င္းပဲ ဖုန္းကိုင္ေတာ့ လင္းက်န္က တစ္ခုကိုပဲေမးလိုက္တယ္။

"မင္းေမြးေန႔အတြက္ လူေတြကို ဘယ္ကရွာလာတာလဲ"

သူ႔သူငယ္ခ်င္းက ျပန္ေျဖတယ္။

"အသစ္စက္စက္ဖြင့္ထားတဲ့ဘားကေလ။ အထူးသျဖင့္ ေက်ာင္းသူေတြကို ေတာင္းဆိုလို႔ရတဲ့ဘားေပါ့ကြာ...သူတို႔ေတြအကုန္လံုးက အရမ္းသန္႔ရွင္းပါတယ္ကြ ပူမေနနဲ႔"

လင္းက်န္အသံက ခ်က္ခ်င္းျမႇင့္တက္သြားတယ္။

"သန္႔ရွင္းတယ္ဆိုတာ ဘာကိုေျပာခ်င္တာလဲ"

သူ႔သူငယ္ခ်င္းက တံု႔ဆိုင္းသြားတယ္။

"တစ္ခါမွ ေဖာက္သည္မရွိဘူးတဲ့လူေတြေလ...သူတို႔အကုန္လံုးက အသစ္ေတြ"

"မင္းေျပာတာက သူတို႔ေတြက ျပည့္တန္ဆာေတြေပါ့"

သူ႔သူငယ္ခ်င္းက ရယ္ေမာလိုက္တယ္။

"လံုးဝေတာ့ မဟုတ္ဘူးေပါ့ကြာ...ဘာပဲျဖစ္ျဖစ္ ဒီလို ၾကမ္းၾကမ္းတမ္းတမ္း ေျပာစရာမလိုပါဘူးကြာ..နွစ္ဦးနွစ္ဖက္ သေဘာတူၾကတဲ့ကိစၥပဲေလ"

လင္းက်န္က ဟား ခနဲ ေရ႐ြတ္ရင္း ေတာ္ေတာ္ႀကီးကို႐ြံရွာစက္ဆုပ္သလို ခံစားလာရၿပီးေတာ့ ဖုန္းကို လမ္းမအလယ္ကို ပစ္ေပါက္လိုက္တာေၾကာင့္ အစိတ္စိတ္အမႊာမႊာ ကြဲေၾကသြားေလတယ္။

သူက ေဒါသတႀကီးနဲ႔ျပန္လာခ်ိန္မွာ က်န္တဲ့ေလးေယာက္သားက သူ႔အမူအရာကိုၾကည့္ရံုနဲ႔ ရလာဒ္ကို သိလိုက္ၾကတယ္။ ခ်က္ခ်င္းပဲ တိတ္ဆိတ္သြားၾကၿပီးေတာ့ လူတိုင္းက ေခါင္းေတြငံု႔လို႔သာ ထမင္းဆက္စားေနၾကေတာ့တယ္။

လင္းက်န္က ပံုမွန္ဆိုရင္ သြက္လက္တက္ႂကြသူတစ္ဦး ျဖစ္တယ္။ ထင္မွတ္မထားစြာပဲ သူေဒါသထြက္ေနခ်ိန္မွာ အေတာ္ေလး ေၾကာက္စရာေကာင္းေနတယ္။ သူ႔ပံုစံက အခ်ိန္မေ႐ြး ထေပါက္ကြဲဖို႔အသင့္ျဖစ္ေနတဲ့ မီးေတာင္ငယ္တစ္ခုအလားပဲ။

စားေသာက္ၿပီးေတာ့ သူတို႔ေတြက လမ္းခြဲလာလိုက္ၾကတယ္။

ဟယ္ခ်န္းမင္က လင္းက်န္ရဲ႕အခ်စ္ေရးမွာ ဝင္မစြက္ဖက္ေပမယ့္ သူ႔ကိုေတာ့ ပိုက္ဆံအမ်ားႀကီးလႊဲေပးလိုက္တယ္။ လင္းက်န္က အဆင္ျခင္မဲ့စြာပိုက္ဆံေတြ ျဖဳန္းခဲ့ၿပီးေတာ့ ခုဆို ဖုန္းကိုပါ ခြဲပစ္လိုက္ၿပီေလ။ဘယ္လိုပဲၾကည့္ၾကည့္ သူနည္းနည္းေတာ့ စိတ္မေကာင္းျဖစ္မိတယ္။

*****

သူက က်ိေလ်ာင္ကို ေက်ာင္းကိုျပန္လိုက္ပို႔ေပးလိုက္တယ္။

ဇြန္လေတာင္ေရာက္လုနီးၿပီမို႔ ရာသီဥတုက ပူျပင္းလာၿပီးေတာ့ ေနေရာင္ျခည္ကလည္း စူးရွေတာက္ပလာတယ္။ သူတို႔နွစ္ေယာက္သားကေတာ့ ပံုမွန္လိုပဲ self-study လုပ္ဖို႔အတြက္ စာၾကည့္တိုက္ကို လာခဲ့ၾကေလတယ္။

က်ိေလ်ာင္က ပါးစပ္ဖြင့္ၿပီး အယူအဆတရားနဲ႔ က်ိဳးေၾကာင္းဆီေလ်ာ္မႈတရားေတြကို အလြတ္႐ြတ္ျပလိုက္တယ္။ Liberal artsက က်က္စရာတစ္ပံုတစ္ေခါင္းႀကီးက သူ႔ဦးေနွာက္ကို တကယ္ပဲ ေခ်ာင္လာေစတယ္။

ဟယ္ခ်န္းမင္က စာအုပ္ကိုင္ထားရင္း သူ႔ကို အမွန္ေထာက္ေပးတယ္။ တကယ္လို႔ သူအလြတ္ဆိုျပတာ တစ္ခုခုမွားသြားရင္ အနမ္းတစ္ပြင့္ေပးရမယ္ ဆိုတဲ့ အျပစ္ေပးမႈကို လက္ခံထားရတယ္။

က်ိေလ်ာင္က ဒီအခ်က္က အေတာ္ခက္ခဲတာပဲလို႔ ခံစားမိတယ္။သူ႔ရဲ႕ Political Foundationက အသံထြက္ဖို႔ အေတာ္ႀကီးကို ခက္ခဲတယ္။သူက အႀကိမ္အနည္းငယ္ေလာက္ မွားခဲ့ၿပီးေတာ့ အႀကိမ္ေပါင္းမ်ားစြာ အနမ္းခံေနရတယ္။ သူနမ္းေလ ပိုၿပီးစိတ္ရႈပ္လာရေလပဲ။ ဟယ္ခ်န္းမင္ကေတာ့ ရယ္ေမာရင္း စေနာက္ေတာ့တယ္။

"ေဘဘီ...တမင္တကာမ်ား လုပ္ေနသလားကြာ..ဟမ္"

ငါ့အဘိုးကိုပဲ တမင္တကာလိုက္!

က်ိေလ်ာင္က သူ႔ကိုစိုက္ၾကည့္လိုက္ၿပီးေတာ့  ေဘးဘက္ကိုေလ်ွာက္သြားရင္း ေခ်ာေခ်ာေမြ့ေမြ့ အလြတ္ရတဲ့အထိ ေနာက္တစ္ႀကိမ္ တိတ္တိတ္ေလးျပန္က်က္ေနလိုက္တယ္။

ထင္ထားတဲ့အတိုင္းပဲ။တစ္ဖက္ေကာင္ေလးရဲ႕ တည္ရွိမႈႀကီးက သူ႔ရဲ႕စြမ္းေဆာင္ရည္ေတြကို ထိခိုက္ေစေတာ့တာပဲ။

ဒီေတာ့ ေက်ာင္းဘူလီႀကီးဟယ္က စကားမေျပာဖို႔နဲ႔ အေနွာင့္အယွက္မေပးဖို႔ အမိန္႔ေပးခံလိုက္ရေလတယ္။

ဟယ္ခ်န္းမင္က လိမ္လိမ္မာမာနဲ႔ ေခါင္းၿငိမ့္ျပလိုက္တယ္။ သူက စားပြဲေပၚမွာ ကိုယ္တစ္ဝက္လွဲရင္း သူ႔ဇနီးေလးရဲ႕ အေလးအနက္အမူအယာေလးေတြ၊ အနည္းငယ္ပြင့္ဟေနတဲ့နႈတ္ခမ္းေလးေတြနဲ႔ ဆႏၵျပင္းျပေနတဲ့ မ်က္လံုးေလးေတြကို ၾကည့္ေနေတာ့တယ္။

တစ္ျဖည္းျဖည္းနဲ႔ သူ႔မ်က္ခြံေတြက ေလးလံလာတယ္။ သူက မ်က္လံုးမွိတ္လိုက္ရင္း ငိုက္သြားေလေတာ့တယ္။

ျပတင္းေကာက္အျပင္ဘက္မွာေတာ့ ေနေရာင္က အလြန္ေတာက္ပေနေလတယ္။ က်ိေလ်ာင္က လွည့္ၾကည့္လိုက္ခ်ိန္မွာ ေကာင္ငယ္ေလးက တကယ္ပဲ အိပ္ေမာက်ေနၿပီဆိုတာ ျမင္ေတြ႕လိုက္ရတယ္။ ဒီေတာ့မွ သူက ေရွ႕ကိုေျခနွစ္လွမ္းေလာက္တိုးရင္း ဟယ္ခ်န္းမင္မ်က္နွာေပၚက်ေရာက္ေနတဲ့ မြန္းတည့္ေနေရာင္ကို သူ႔အရိပ္နဲ႔ကာထားေပးလိုက္တယ္။

အခ်ိန္ေစ့ကာနီးေတာ့ က်ိေလ်ာင္က ေနာက္ျပန္ေလ်ာက္လိုက္ရင္း ေကာင္ငယ္ေလး စားပြဲေပၚမွာ တင္ထားတဲ့ ဖုန္းက မက္ေဆ့ခ်္တစ္ေစာင္ ဝင္လာတာက္ုျပတဲ့အေနနဲ႔ လင္းလာတာကို ျမင္လိုက္ရတယ္။

အဲ့ဒီအခါမွ သူက ဟယ္ခ်န္းမင္တစ္ေယာက္သူ႔ပံုကို Lock Screen ထားထားေၾကာင္း သိလိုက္ရတယ္။ ဓာတ္ပံုက အရင္တစ္ခါ သူစာသင္ခန္းထဲမွာ ဆဲလ္ဖီးဆြဲၿပီးရိုက္ထားတဲ့ပံုပဲ။ သူ႔နွလံုးသားေလးက အေႏြးဓာတ္စီးေၾကာင္းေလးတစ္ခု ျဖတ္သန္းစီးဆင္းသြားသလို ခံစားလိုက္ရတယ္။

သူက ေျခနွစ္လွမ္းေလာက္ တိတ္တိတ္ေလးေနာက္ဆုတ္ၿပီးေတာ့ သူ႔ဖုန္းက ကင္မရာကို ဖြင့္လိုက္တယ္။သူလည္း ဟယ္ခ်န္းမင္ပံုကို သိမ္းထားဖို႔ရာအတြက္ ဓာတ္ပံုရိုက္ခ်င္တယ္ေလ။ဒါေပမဲ့လည္း သူေျခေနာက္ဆုတ္ဆုတ္ခ်င္းမွာပဲ အရိပ္ကလည္း ကပ္ပါလာေတာ့ အလင္းေရာင္က ရုတ္တရပ္ႀကီး ထိန္လင္းသြားတယ္။ ဟယ္ခ်န္းမင္က မ်က္ေမွာင္ႀကံဳ႕ရင္း ရီေဝေဝနဲ႔ မ်က္လံုးဖြင့္ၾကည့္လိုက္တယ္။

က်ိေလ်ာင္က Shutter ခလုတ္ကိုအျမန္ဖိလိုက္ေတာ့ ေကာင္ငယ္ေလးရဲ႕ ကသိကေအာက္နဲ႔ ပ်င္းရိပ်င္းတြဲ႕ဟန္အမူအရာေလးကို သူ႔ဖုန္းထဲမွာ အမိအရ ရိုက္မိသြားေလတယ္။

ဟယ္ခ်န္းမင္ကရယ္ေမာရင္း ေခါင္းေထာင္ၾကည့္လို႔ သူ႔ကိုစကားဆိုတယ္။

"ကိုယ့္ကို တိတ္တိတ္ေလး ဓာတ္ပံုခိုးရိုက္ေနတာလား"

က်ိေလ်ာင္က လက္ပူးလက္ၾကပ္အမိခံလိုက္ရေတာ့ အနည္းငယ္ရွက္သြားတယ္။ဒါေပမဲ့ တစ္စကၠန္႔ေလာက္ေတြးၾကည့္လိုက္ေတာ့ သူတို႔က ခ်စ္သူေတြမလား။ သူကဘာလို႔ ဓာတ္ပံုရိုက္လို႔ မရနိုင္ရမွာလဲ။ဒီေတာ့ သူက ေျပာင္ေျပာင္တင္းတင္းနဲ႔ ဓာတ္ပံုအနည္းငယ္ရိုက္ၿပီးမွ ေက်နပ္စြာအနားကို ျပန္ေလ်ွာက္လာေလတယ္။

ဟယ္ခ်န္းမင္က သူ႔ခါးကိုသိုင္းဖက္ရင္း အက္ရွရွအသံနဲ႔ ေမးတယ္။

"ၾကည့္လို႔ေကာင္းလား"

"မဆိုးပါဘူး"

က်ိေလ်ာင္က ပံုတစ္ပံုေ႐ြးၿပီး Lock screenထားလိုက္တယ္။ သူ႔နႈတ္ခမ္းေထာင့္စြန္းေလးေတြက ေကာ့ၫြတ္သြားေလရဲ႕။

ဟယ္ခ်န္းမင္က သူ႔ရဲ႕စိတ္ႀကီးဝင္ေနတဲ့ပံုစံေလးေၾကာင့္ သေဘာတက်ၿပံဳးရယ္မိရင္း သူ႔ေခါင္းနဲ႔ က်ိေလ်ာင္ဝမ္းဗိုက္ကို ပြတ္တိုက္လိုက္ေလတယ္။

က်ိေလ်ာင္က က်စ္ ခနဲစုပ္သပ္ရင္း စာၾကည့္တိုက္ထဲမွာ ျပႆနာမရွာဖို႔ ေျပာလိုက္ေလတယ္။ ၿပီးမွ သူက သတိေပးလိုက္တယ္။

"မင္းဖုန္းထဲကို ခုနက မက္ေဆ့ခ်္တစ္ေစာင္ဝင္လာတယ္"

ဟယ္ခ်န္းမင္က စစ္ၾကည့္လိုက္ေတာ့ အဲ့ဒါက သူအရင္က ငွားထားတဲ့ အလြတ္စံုေထာက္ဆီက ျဖစ္ေနေၾကာင္းျမင္လိုက္ရတယ္။ ေကာင္းရွန္႔ကို ေတြ႕ၿပီတဲ့။

Have a nice day☺️

===============================

Unicode

What Should I Do if the School Bully is Interested in Me

Ch75 - Do You Think There’s a Problem with Li Si Ran

ဟယ်မုရှန်က စားပွဲထိပ်ကို လက်ဆစ်နဲ့တစ်တောက်တောက်မြည်အောင်ခေါက်ရင်း သူမကို သတိပေးလိုက်တယ်။

"မင်းသဘောကျတဲ့တစ်ယောက်ယောက် မရှိသေးဘူးဆိုမှ သုံးနှစ်ကြာရင် ကွာရှင်းကြမယ်ဆိုတာက ကိုယ်တို့သဘောတူညီချက်မလား"

လက်ရှိမှာ ဟယ်ယွဲ့ကျင်းရဲ့နှုတ်ထွက်မှုက အတွင်းလူတွေသာ သိနေကြတာဖြစ်ပြီး ပြင်ပလောကကို ကြေငြာချက်ထုတ်ထားသေးတာမဟုတ်ပေဘူး။ကြေငြာချက်ထုတ်ပြီးချိန်မှာ ဟယ် Groupရဲ့ရှယ်ယာဈေးတွေ ထိုးကျ မကျ ဆိုတာတွေ၊ဒါမှမဟုတ် တစ်ခြားအပြောင်းအလဲတွေ ဖြစ်လာဦးမလားဆိုတာတွေက မသေချာသေးပေဘူး။

ဒါကြောင့် ဒီအချိန်မှာ ကွာရှင်းကြတာက သေချာပေါက်ကို အကောင်းဆုံးရွေးချယ်မှု မဟုတ်ပေဘူး။ကိစ္စတွေက ကောင်းကောင်းမွန်မွန် ပြီးမသွားဘူးဆိုရင် ကျန်းမိသားစုကို ရန်စသလို ဖြစ်သွားလိမ့်မယ်။မြစ်ကိုကူးပြီးမှ တံတားကိုဖျက်စီးပစ်တာနဲ့ အချင်းချင်းရန်ဘက်တွေ ဖြစ်လာခြင်းတို့က စီးပွားရေးလောကမှာဆိုရင် မလုပ်သင့်မလုပ်အပ်တဲ့အရာနှစ်ခုပဲ။ သူဟာလည်း စီးပွားရေးသမားတစ်ယောက်ဖြစ်တာကြောင့်ဒါမျိုးလုပ်ဖိုသဘောမတူပေဘူး။

ဒါပေမဲ့ ကျန်းချီကတော့ တစ်ဇွတ်ထိုးဆန်တဲ့ မိန်းကလေးတစ်ယောက်ပဲ။အစကတည်းက သူမက မော်ဒယ်လ်လုပ်ငန်းထဲ ဝင်ရဖို့အတွက် ဟယ်မုရှန်နဲ့ လက်ထပ်ရချိန်မှာ လျို့ဝှက်စာချုပ်ကို ချုပ်ဆိုထားခဲ့တာ ဖြစ်တယ်။ အခုချိန်မှာ သူမရဲ့စာလေ့လာမှုလည်း ပြီးဆုံးသွားပြီဆိုတော့ သူမက သူမရဲ့လွတ်လပ်မှုကိုပြန်လိုချင်လာတယ်။ တကယ်တမ်းကျ မစ္စဟယ် ဆိုတဲ့ ဂုဏ်ပုဒ်ကြီးက နေရာတကာ သွားဖို့အတွက် အဆင်မှ မပြေလှပဲ။

"ဟုတ်တယ်...ကျွန်မ ကောင်လေးတစ်ယောက်ကို သဘောကျသွားပြီ...နို့ခွေးလေးလို ပုံစံလေး...အရမ်းချစ်ဖို့ကောင်းတယ်။

(little milk dog: pretty boy type)

သူမမှာ အတွင်းစိတ်ကိုပေါ်လွင်စေတဲ့မျက်ဝန်းတစ်စုံရှိလေတယ်။ မိတ်ကပ်မပါတာတောင် သူမမျက်လုံးတွေက ကြည်လင်နေပြီးတော့ နို့ခွေးလေးအကြောင်းပြောချိန်မှာ တစ်လက်လက်နဲ့တောက်ပနေလေတယ်။
 
ဟယ်မုရှန်က သူ့ရဲ့နက်ကတိုင်ကို ဒေါသအနည်းငယ်ဖြစ်စွာနဲ့ဆောင့်ဆွဲမိတယ်။ကောင်းကျိုး ဆိုးကျိုးတွေကို နှိုင်းယှဉ်ပြီးတဲ့နောက်မှာသူက မျက်မှောင်ကြုံ့ရင်းပြောလိုက်တယ်။

"မင်း သူနဲ့တူတူရှိလို့ရတယ်။ ဒါပေမဲ့ မီဒီယာတွေက ဓာတ်ပုံရိုက်တာမခံရအောင် နေ ရင်တော့ အကောင်းဆုံးပဲ။ ပြီးတော့ အတွင်းကျကျ ထိတွေ့ခွင့်ကိုလည်း ခွင့်မပြုဘူး"

သူ့အနေနဲ့ သူမရဲ့ခံစားချက်တွေကိုကြားဝင်နှောင့်ယှက်လို့တော့ မရနိုင်ပေမယ့် သူ့ကိုဦးထုပ်စိမ်းဆောင်းပေးမယ့်အဖြစ်မျိုးကိုလည်း မလိုချင်လှဘူး။

(ဦးထုပ်စိမ်းဆောင်း= ဖောက်ပြန်ခံရတာကိုပြောတာပါ)

ကျန်းချီက  "အစ်ကိုကြီး ရှင်ဘာစကားပြောလိုက်တာလဲ" ဆိုတဲ့ အမူအရာနဲ့ မယုံနိုင်သလို သူ့ကိုကြည့်လိုက်ပြီးမှ စကားဆိုတယ်။

"ရှင်ပြောချင်တာက ကျွန်မက ဖောက်ပြန်လို့တော့ရတယ်။ ဒါပေမဲ့ နောက်မီးလင်းတာကို ပလေတိုးနစ် အချစ်နဲ့ပဲ လင်းရမယ်ပေါ့လေ"

ထင်မထားစွာပဲ ဒီမျက်နှာရှစ်ခေါက်ချိုးကြီးက အတော်ခေတ်မှီနေပါရောလား။ဥက္ကဋ္ဌဖြစ်ဖို့ထိုက်တန်ပါပေတယ်။သူ့အတွေးအခေါ်တွေက ဥရောပနဲ့ အမေရိကားရဲ့ရှေ့တောင် ကျော်လွန်နေပေသကိုး။

ဟယ်မုရှန်က မတ်တပ်ထရပ်လိုက်တယ်။ ဒီကိစ္စကို ပြန်မဖြေချင်တာကြောင့် သူက စိတ်ထဲမှာ အတိုက်အခံလုပ်နေမိတယ်။ ယောကျာ်းတစ်ယောက်အနေနဲ့ သူ့မိန်းမဖောက်ပြန်တာကို သူက ရေငုံနှုတ်ပိတ်လုပ်ပြီး သဘောတူပေးရမှာတဲ့လား။မိဘစီစဉ်တဲ့ လက်ထပ်ပွဲပဲဖြစ်ပါစေဦး။ သူကတော့ လုံးဝကိုခွင့်မပြုနိုင်ဘူးပဲ။ပိုင်စိုးပိုင်နင်းနဲ့ တစ်ဦးတည်းမူပိုင်လုပ်ပြတာကတော့ အိမ်ထောင်ဦးစီးဆိုတဲ့အနေအထားကို သရုပ်ပြရုံပဲ။

"ကောင်းပြီလေ ...ခဏနေရင် တူတူစားကြရအောင်"

ဟယ်မုရှန်ကစကားဝိုင်းကိုအတင်းအကြပ် အဆုံးသတ်ရင်း ရုံးခန်းအင်တာကွန်းကနေ သူ့ရဲ့စက္ကထရီကို စားသောက်ဆိုင်တစ်ခုမှာ ဘိုကင်တင်ထားဖို့ပြောလိုက်တယ်။ကျန်းချီကို ငြင်းပယ်ဖို့အခွင့်အရေးတောင် မပေးလေဘူး။

"ဟေး...ကျွန်မ ညနေကျ လုပ်စရာရှိသေးတယ်"

သူမက ချက်ချင်းပဲ ကန့်ကွက်လိုက်တယ်။

မျက်လွှာတစ်ချက်တောင် ပင့်မလာပါပဲ ဟယ်မုရှန်က စကားနှစ်ခွန်းသာ ပြောလေတယ်။

"ရွှေ့ဆိုင်းပစ်လိုက်"

သူမ ရှောင်တိမ်းနေချင်ဆဲပုံကို မြင်ရတော့ သူက မပျော်မရွှင်နဲ့ စကားဆိုတယ်။

"တကယ်လို့ မင်းဘက်က ဟို ဘာခွေးလား အဲ့ကောင်နဲ့အတူရှိချင်တယ်ဆိုရင်တော့ ပိုပြီးနာနာခံခံနေပေးတာ ကောင်းလိမ့်မယ်"

ကျန်းချီက သူဘယ်ခွေးကိုပြောချင်တာလဲဆိုတာ အတော်စဉ်းစားလိုက်ရတယ်။ နို့ခွေးလေးကို ပြောတာများလား။ သူမက မနေနိုင်စွာပဲ မျက်ဖြူလှန်ပြရင်း လေသံတီးတိုးနဲ့ ပြက်ရယ်ပြုလိုက်တယ်။

"ဘော့စ်အိုကြီး!"

ဟယ်မုရှန်က ကြားလိုက်ပုံနဲ့ သူမကို မော့ကြည့်တယ်။ သူ့မျက်ဝန်းထဲမှာတော့ အန္တရာယ်အငွေ့တို့ ခပ်ရေးရေးတို့နဲ့။

"မင်းဘာပြောလိုက်တယ်"

ကျန်းချီက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း အပြစ်ကင်းသယောင် ဟန်ဆောင်လေတယ်။

"ဟမ်! ကျွန်မ ဘာမှ မပြောရပေါင်"

သေမယ်ဆိုရင်တောင် သူမကတော့ ဝန်ခံမှာ မဟုတ်ဘူး။

ဟယ်မုရှန်က ဒီကိစ္စကို အထအန ကောက်မနေတော့ဘူး။ ဘာပဲဖြစ်ဖြစ် သူမက ၂၄နှစ်ပဲရှိသေးတာ အရမ်းငယ်လွန်းတယ်။ သူနဲ့ဆို မျိုးဆက်နှစ်ခုစာလောက် ကွာဟနေပြီ။ သူတို့အာရုံစိုက်တဲ့ လုပ်ငန်းချင်းကလည်း ကွာခြားထားတယ်။ အင်တာတိန်းမန့်အသိုင်းအဝိုင်းရဲ့ပြောင်းလဲမှုတွေက မြန်ဆန်လွန်းပြီး ကိစ္စတွေကလည်း အများကြီးရှုပ်ထွေးတယ်။ သူ့အနေနဲ့ လေ့လာချင်စိတ်ရှိရင်တောင် လေ့လာလို့မရနိုင်ပေတော့ဘူး။

"ကျွန်မ အရင်သွားနှင့်မယ်။ သီးသန့်နေရာ စာရင်းသွင်းပြီးရင် ကျွန်မကို တည်နေရာပို့လိုက်"

ကျန်းချီတစ်ယောက် ရှေ့တံခါးကနေ ထွက်သွားတာနဲ့ သူက စက္ကထရီကို ရုံးခန်းထဲခေါ်ပြီးတော့ ခုတလော ကျန်းချီနားကို ကပ်နေတဲ့ ယောကျာ်းတွေအကြောင်းကို စုံစမ်းခိုင်းလိုက်တယ်။ အထူးသဖြင့် နို့ခွေးလေးလို ပုံစံနဲ့ယောကျာ်းလေးတွေကိုပေါ့။

ဖောက်ပြန်ချင်နေတဲ့ ဇနီးလေးကြောင့် တစ်စုံတစ်ယောက်ကတော့ အမြဲတမ်း စိတ်တစ်ထင့်ထင့်ဖြစ်နေရတော့မှာပါပဲ။

*******

ဟယ်ချန်းမင်က ကျောင်းပြန်တက်ရင်း စာတွေပြန်လုပ်တယ်။ အခန်းနှစ်က ကလေးတွေကတော့ သူ့ကို အတော်ကြီးလွမ်းဆွတ်သတိရလေကြလေရဲ့။

အဓိက အကြောင်းရင်းကတော့ထိပ်ဆုံးကျောင်းသားမရှိတော့ ဘာသာရပ်အားလုံးရဲ့ ခက်ခဲတဲ့ပုစ္ဆာမှန်သမျှ ဘယ်သူကမှ မဖြေရှင်းနိုင်ကြတော့လို့ပါပဲ။ဆရာ/ဆရာမတွေကလား သာယာနာပျော်ဖွယ် အိမ်ထောင်ရေးသုခကို မရကြတဲ့အလား မကျေမချမ်းတွေ ဖြစ်နေကြပြီးတော့ တစ်နေကုန် လူတိုင်းကို ဆူပူမာန်မဲနေကြတော့တယ်။

"မင်ကော..ပြန်လာပြီပေါ့!"

ခေါ်လိုက်သူက အတန်းခေါင်းဆောင်ဖြစ်တယ်။ဟယ်ချန်းမင်ပြီးရင် သူက အခန်းနှစ်မှာ အတော်ဆုံးကျောင်းသားပဲ။ဟယ်ချန်းမင် ပျက်ကွက်ထားတဲ့ရက်တွေအတောတွင်းမှာ သူက ဖိအားတွေများလွန်းလို့ ဝမ်းတောင်ချုပ်လုနီးပါးပဲ။ သူ့ဆံပင်တွေရဲ့ သုံးပုံတစ်ပုံလောက်တောင် ကျွတ်ထွက်ကုန်ပြီလား မှတ်ရတယ်။

"နောက်ဆုံးတော့ ဘယ်ဘာသာကိုမှ အချိန်ဆွဲပြီး အသင်ခံစရာ မလိုတော့ဘူးဟေး!"

သိပ္ပံဆရာက အတန်းမဆင်းခင် မေးခွန်းတွေထုတ်ရတာ သဘောကျတယ်။ တစ်စုံတစ်ယောက်က ထိုမေးခွန်းကို ဖြေနိုင်တယ်ဆိုရင် အတန်းဆင်းပေးတယ်။ အဲ့လိုမှ မဟုတ်ရင်တော့ သင်ခန်းစာတွေ ဆက်သင်တော့တာပဲ။ အရင်တုန်းက ဟယ်ချန်းမင်ရှိတုန်းကတော့ လူတိုင်းက သူ့အရိပ်ကိုခိုပြီး အေးအေးသက်သာ အနားယူနိုင်ကြတယ်။ဟယ်ချန်းမင်တစ်ယောက် လဝက်လောက် ကျောင်းပျက်ကတည်းက သူတို့တွေက ဝန်နဲ့အား မမျှခံစားလာကြရတဲ့အလား ဖြစ်လာတယ်။သူတို့ အိုင်ကျူတွေကလည်း မလုံလောက်ဘူး။ သင်ခန်းစာတွေကို သူတို့တွေ တည့်တည့်မတ်မတ် မတွေးနိုင်တော့တဲ့အထိကို အသင်ခံနေကြရတယ်။

ဟယ်ချန်းမင်က ရယ်မောလိုက်တယ်။ သူ့ပုံစံက စိတ်ကြည်နေတဲ့အလားပဲ။ လင်းကျန်နံဘေးက ဖြတ်သွားတော့ သူက ထိုကောင်လေးနောက်စိကို ရိုက်လိုက်တယ်။ သူ့မျက်လုံးတွေကတော့ 'တော်တော်တတ်နေတယ်ပေါ့ ..ကြားဝင်ဖျန်ဖြေပေးဖို့ ကျိလျောင်ကို အသနားခံဖို့တွေတောင် သိနေပြီပေါ့' ဆိုတဲ့စကားတွေကို ပြောနေတဲ့အလားပဲ။

လင်းကျန်ရဲ့ခေါင်းက ယိမ်းသွားရင်း မျက်နှာပေါ်က ခါးသီးနေတဲ့အမူအရာတွေနဲ့အတူ မော့ကြည့်တယ်။ သူက စိုးရိမ်တကြီး ပြောလိုက်တယ်။

"မင်ကော...လီစီရန်မှာ ပြဿနာတစ်ခုခုရှိနေတယ်လို့ ထင်လားဟင်"

သူ့အနေနဲ့ သူမကို မနေ့က မေးကြည့်ခဲ့ပြီးပြီ။ သူမက တကယ်ပဲ သက်မွေးမှုပညာအထက်တန်းကျောင်းက ဖြစ်နေတယ်။ ဒါဆို ဘာလို့ သူ့ကို A အထက်တန်းကျောင်းကလို့ လိမ်လဲဆိုတော့ လီစီရန်က သူမကို အထင်သေးမှာ စိုးရိမ်လို့ လိမ်ခဲ့တာဖြစ်ကြောင်း ရှင်းပြလာတယ်။ ဒီစကားက ကျိုးကြောင်းဆီလျော်နေပေမယ့် တစ်ခုခုတော့ မူမှန်မနေဘူးလို့ သူခံစားနေရတယ်။

ဟယ်ချန်းမင်က ထိုင်ချလိုက်ရင်း သူ့ကို အဖြေတစ်ခု ပေးလိုက်တယ်။

"မင်းက မုန့်ယောင်ယောင်နဲ့ အတော်ခင်တယ်မလား....သူ့ကိုမေးကြည့်ပေါ့"

လင်းကျန်ရဲ့ အိုင်ကျူနဲ့သာဆိုရင် နှစ်ပေါင်း ၈၀၀လောက် စဉ်းစားကြည့်တောင် နားလည်မယ့်ပုံ မပေါ်ဘူး။အဲ့ဒါအပြင် တစ်ချို့မိန်းကလေးတွေရဲ့အပြုအမူကို သာမန်အသိလောက်နဲ့ ကောက်ချက်ချလို့မရပေဘူး။ မျိုးတူမိန်းကလေးချင်းကပဲ သူတို့ကို နားလည်ပေးနိုင်မှာ။

လင်းကျန်က သူ့နဖူးသူ ဖတ်ခနဲ ရိုက်လိုက်ရင်း ဒီနည်းလမ်းက ယုံကြည်စိတ်ချရလောက်တယ်လို့ ခံစားမိသွားတယ်။

သူက မုန့်ယောင်ယောင်ကို ဟယ်မုရှန်ရင်းနှီးမြုပ်နှံထားတဲ့ ကျောင်းအပြင်ဘက်က စားသောက်ဆိုင်မှာ နေ့လည်စာကျွေးဖို့ တွေးမိတယ်။ဒါပေမဲ့အခု သူ့မုန့်ဖိုးတွေက ပြောင်သလင်းခါနေပြီ။ဒီတော့ သူက ရွေးစရာမရှိတော့ပဲ အလကားစားသောက်ခွင့်လက်မှတ်ကြီးဖြစ်တဲ့ ဟယ်ချန်းမင်ကိုပါ ဆွဲခေါ်လာတော့တယ်။ဟယ်ချန်းမင် လိုက်လာတယ်ဆိုမှ တော့ သေချာပေါက်ကို ကျိလျောင်လည်းပါလာတော့တာပေါ့။မုန့်ယောင်ယောင်ကလည်း ရွှီရှောင်ကျင့်ကို ခေါ်လာတော့ ချက်ချင်းပဲ လူငါးယောက်စာ စားပွဲဝိုင်းကြီး ဖြစ်သွားတော့တယ်။

လင်းကျန်က အနည်းငယ်ရှက်ရွံ့နေတော့ ဇာတ်ကြောင်းကို အကြမ်းဖျင်းပြောပြလိုက်ပြီး မိန်းကလေးနှစ်ယောက်ဆီက ခိုင်လုံတဲ့ ဖိဘတ်ကို တောင်းခံလိုက်တယ်။

"နင်ပြောတော့ သူ့မိသားစုနောက်ခံက မကောင်းဘူးဆို..ဒါပေမဲ့ သူက မီယာ့သဘောင်္အကြောင်းတောင် သိနေပြီးတော့ နင့်ကိုပါ သူသွားချင်တဲ့အကြောင်း ပြောပြတယ်တဲ့လား"

မုန့်ယောင်ယောင်က ဒီအချက်က သံသယဖြစ်ဖို့အကောင်းဆုံးပဲလို့ တွေးမိတယ်။

"မီယာ့သဘောင်္ဆိုတာ ဘာလဲ"

ရွှီရှောင်ကျင့်က တူကိုပါးစပ်မှာကိုက်ရင်း ဝင်မေးလိုက်တယ်။

တွေ့လား.....အထက်တန်းစားလူမှုအသိုင်းဝိုင်းက မဟုတ်တဲ့လူတွေက မီယာ့သဘောက ဘာဆိုတာကို သိကြတာမဟုတ်ဘူး။ သူမတောင် သူမအဖေက ဒီလို ဇိမ်ခံသဘောင်္မျိုးက လူငယ်တွေအတွက် နတ်ဘုံနတ်နန်းပဲလို့ ပြောပြဖူးတာကို ကြားဖူးနေလို့။

"သူက တစ်ခြားသူတွေနဲ့ဖုန်းပြောတယ်ဆိုတဲ့အချက်ကို စုံစမ်းအကြည့်သင့်ဆုံးလို့ ငါတော့ထင်တယ်။ တစ်ခါတစ်လေကျ အဲ့ဒါမျိုးက ဖောက်ပြန်တဲ့လက္ခဏာတွေပဲ"

"ပြီးတော့ နင့်ပိုက်ဆံအများကြီးကိုလည်း လက်ခံထားတယ်မလား။ ပြန်ပေးမယ်သာပြောတာ ဘယ်အချိန်ပေးမယ်လို့ အတိအကျ မပြောဘူးလေ။ အဲ့ဒါက တကယ့် လက်ဖက်စိမ်းမ မဟုတ်ဘူးလား!"

(Green tea bitch : ရိုးသားဖြူစင်ဟန်ဆောင်နေပေမယ့် တကယ်တမ်းကျ ကြိုးကိုင်ခြယ်လှယ် တွက်ချက်နေတဲ့ မိန်းမစား)
 
"နင်တို့နှစ်ယောက် တွေ့တဲ့နေရာကလည်း စိတ်ကျေနပ်စရာ ကောင်းမနေဘူးဟ။ အဲ့ဒီဘားက အတော်လေး ရှုပ်ထွေးတယ်မလား"

ရွှီရှောင်ကျင့်နဲ့ မုန့်ယောင်ယောင်က စကားတွေဆက်ပြောရင်း လီစီရန်ရဲ့ အရေခွံကို တစ်လွှာပြီးတစ်လွှာ ခွာချနေတော့ လငကျန်က နားထောင်နေရင်း တုန်ယင်လာတယ်။

"မေးခွန်းတွေက အဲ့လောက်တောင်များတာလား"

သူအရင်က ဘာတစ်ခုမှ သတိမထားမိခဲ့ဘူး။

"မွေးနေ့လုပ်တဲ့ နင့်သူငယ်ချင်းကိုသာ ဖုန်းခေါ်လိုက်။ သူက ဒီလိုအလုပ်မျိုးကိုလျှောက်တဲ့ကျောင်းသူဆိုတော့ အထင်ကြီးစရာ တစ်ခုခု ရှိနေလို့ ဖြစ်မှာပဲ"

ရွှီရှောင်ကျင့်က ပြောလိုက်တယ်။

သူမက ခန့်မှန်းတဲ့နေရာတွေမှာတော်တယ်။ ပြီးတော့ လီစီရန်က လူကောင်းမဟုတ်ဘူးဆိုတာ သေချာသလောက်ပဲလေ။ ဒါပေမဲ့လည်း သူမက လင်းကျန်ကို ဒဲ့တော့ မပြောနိုင်ဘူး။ခပ်တုံးတုံးအဖြောင့်ကောင်တွေက အမှန်တရားကို သူတို့ကိုယ်တိုင်သိမှ သင်ခန်းစာရကြမှာလေ။

ဟင်း...ယွမ်တစ်သောင်းအတွက်တော့ သူမ တကယ်ပဲ စိတ်မကောင်းဘူး။

လင်းကျန်က အပြင်ထွက်ပြီး ဖုန်းခေါ်လိုက်တယ်။ သူ့ခံစားချက်တွေက အနည်းငယ်တော့ ဖော်ပြခြင်းငှာ မစွမ်းသာဘူး။ တစ်ဝက်က မလုံမလဲဖြစ်နေမိပြီးတော့ တစ်ဝက်က ပျာယာခပ်နေမိတယ်။

မလုံမလဲဖြစ်မိတာက သူ့ရဲ့ရုတ်တရပ်ကြီး လီစီရန်အပေါ် သံသယဝင်မိတာကြောင့်ဖြစ်ပြီး ပျာယာခပ်နေမိတာကတော့ မုန့်ယောင်ယောင်နဲ့ရွှီရှောင်ကျင့်တို့ ပြောတာတွေ မှန်နေမှာကို စိုးရိမ်နေမိလို့ပါပဲ။

တစ်ဖက်လူက ချက်ချင်းပဲ ဖုန်းကိုင်တော့ လင်းကျန်က တစ်ခုကိုပဲမေးလိုက်တယ်။

"မင်းမွေးနေ့အတွက် လူတွေကို ဘယ်ကရှာလာတာလဲ"

သူ့သူငယ်ချင်းက ပြန်ဖြေတယ်။

"အသစ်စက်စက်ဖွင့်ထားတဲ့ဘားကလေ။ အထူးသဖြင့် ကျောင်းသူတွေကို တောင်းဆိုလို့ရတဲ့ဘားပေါ့ကွာ...သူတို့တွေအကုန်လုံးက အရမ်းသန့်ရှင်းပါတယ်ကွ ပူမနေနဲ့"

လင်းကျန်အသံက ချက်ချင်းမြှင့်တက်သွားတယ်။

"သန့်ရှင်းတယ်ဆိုတာ ဘာကိုပြောချင်တာလဲ"

သူ့သူငယ်ချင်းက တုံ့ဆိုင်းသွားတယ်။

"တစ်ခါမှ ဖောက်သည်မရှိဘူးတဲ့လူတွေလေ...သူတို့အကုန်လုံးက အသစ်တွေ"

"မင်းပြောတာက သူတို့တွေက ပြည့်တန်ဆာတွေပေါ့"

သူ့သူငယ်ချင်းက ရယ်မောလိုက်တယ်။

"လုံးဝတော့ မဟုတ်ဘူးပေါ့ကွာ...ဘာပဲဖြစ်ဖြစ် ဒီလို ကြမ်းကြမ်းတမ်းတမ်း ပြောစရာမလိုပါဘူးကွာ..နှစ်ဦးနှစ်ဖက် သဘောတူကြတဲ့ကိစ္စပဲလေ"

လင်းကျန်က ဟား ခနဲ ရေရွတ်ရင်း တော်တော်ကြီးကိုရွံရှာစက်ဆုပ်သလို ခံစားလာရပြီးတော့ ဖုန်းကို လမ်းမအလယ်ကို ပစ်ပေါက်လိုက်တာကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားလေတယ်။

သူက ဒေါသတကြီးနဲ့ပြန်လာချိန်မှာ ကျန်တဲ့လေးယောက်သားက သူ့အမူအရာကိုကြည့်ရုံနဲ့ ရလာဒ်ကို သိလိုက်ကြတယ်။ ချက်ချင်းပဲ တိတ်ဆိတ်သွားကြပြီးတော့ လူတိုင်းက ခေါင်းတွေငုံ့လို့သာ ထမင်းဆက်စားနေကြတော့တယ်။

လင်းကျန်က ပုံမှန်ဆိုရင် သွက်လက်တက်ကြွသူတစ်ဦး ဖြစ်တယ်။ ထင်မှတ်မထားစွာပဲ သူဒေါသထွက်နေချိန်မှာ အတော်လေး ကြောက်စရာကောင်းနေတယ်။ သူ့ပုံစံက အချိန်မရွေး ထပေါက်ကွဲဖို့အသင့်ဖြစ်နေတဲ့ မီးတောင်ငယ်တစ်ခုအလားပဲ။

စားသောက်ပြီးတော့ သူတို့တွေက လမ်းခွဲလာလိုက်ကြတယ်။

ဟယ်ချန်းမင်က လင်းကျန်ရဲ့အချစ်ရေးမှာ ဝင်မစွက်ဖက်ပေမယ့် သူ့ကိုတော့ ပိုက်ဆံအများကြီးလွှဲပေးလိုက်တယ်။ လင်းကျန်က အဆင်ခြင်မဲ့စွာပိုက်ဆံတွေ ဖြုန်းခဲ့ပြီးတော့ ခုဆို ဖုန်းကိုပါ ခွဲပစ်လိုက်ပြီလေ။ဘယ်လိုပဲကြည့်ကြည့် သူနည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်။

*****

သူက ကျိလျောင်ကို ကျောင်းကိုပြန်လိုက်ပို့ပေးလိုက်တယ်။

ဇွန်လတောင်ရောက်လုနီးပြီမို့ ရာသီဥတုက ပူပြင်းလာပြီးတော့ နေရောင်ခြည်ကလည်း စူးရှတောက်ပလာတယ်။ သူတို့နှစ်ယောက်သားကတော့ ပုံမှန်လိုပဲ self-study လုပ်ဖို့အတွက် စာကြည့်တိုက်ကို လာခဲ့ကြလေတယ်။

ကျိလျောင်က ပါးစပ်ဖွင့်ပြီး အယူအဆတရားနဲ့ ကျိုးကြောင်းဆီလျော်မှုတရားတွေကို အလွတ်ရွတ်ပြလိုက်တယ်။ Liberal artsက ကျက်စရာတစ်ပုံတစ်ခေါင်းကြီးက သူ့ဦးနှောက်ကို တကယ်ပဲ ချောင်လာစေတယ်။

ဟယ်ချန်းမင်က စာအုပ်ကိုင်ထားရင်း သူ့ကို အမှန်ထောက်ပေးတယ်။ တကယ်လို့ သူအလွတ်ဆိုပြတာ တစ်ခုခုမှားသွားရင် အနမ်းတစ်ပွင့်ပေးရမယ် ဆိုတဲ့ အပြစ်ပေးမှုကို လက်ခံထားရတယ်။

ကျိလျောင်က ဒီအချက်က အတော်ခက်ခဲတာပဲလို့ ခံစားမိတယ်။သူ့ရဲ့ Political Foundationက အသံထွက်ဖို့ အတော်ကြီးကို ခက်ခဲတယ်။သူက အကြိမ်အနည်းငယ်လောက် မှားခဲ့ပြီးတော့ အကြိမ်ပေါင်းများစွာ အနမ်းခံနေရတယ်။ သူနမ်းလေ ပိုပြီးစိတ်ရှုပ်လာရလေပဲ။ ဟယ်ချန်းမင်ကတော့ ရယ်မောရင်း စနောက်တော့တယ်။

"ဘေဘီ...တမင်တကာများ လုပ်နေသလားကွာ..ဟမ်"

ငါ့အဘိုးကိုပဲ တမင်တကာလိုက်!

ကျိလျောင်က သူ့ကိုစိုက်ကြည့်လိုက်ပြီးတော့  ဘေးဘက်ကိုလျှောက်သွားရင်း ချောချောမွေ့မွေ့ အလွတ်ရတဲ့အထိ နောက်တစ်ကြိမ် တိတ်တိတ်လေးပြန်ကျက်နေလိုက်တယ်။

ထင်ထားတဲ့အတိုင်းပဲ။တစ်ဖက်ကောင်လေးရဲ့ တည်ရှိမှုကြီးက သူ့ရဲ့စွမ်းဆောင်ရည်တွေကို ထိခိုက်စေတော့တာပဲ။

ဒီတော့ ကျောင်းဘူလီကြီးဟယ်က စကားမပြောဖို့နဲ့ အနှောင့်အယှက်မပေးဖို့ အမိန့်ပေးခံလိုက်ရလေတယ်။

ဟယ်ချန်းမင်က လိမ်လိမ်မာမာနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။ သူက စားပွဲပေါ်မှာ ကိုယ်တစ်ဝက်လှဲရင်း သူ့ဇနီးလေးရဲ့ အလေးအနက်အမူအယာလေးတွေ၊ အနည်းငယ်ပွင့်ဟနေတဲ့နှုတ်ခမ်းလေးတွေနဲ့ ဆန္ဒပြင်းပြနေတဲ့ မျက်လုံးလေးတွေကို ကြည့်နေတော့တယ်။

တစ်ဖြည်းဖြည်းနဲ့ သူ့မျက်ခွံတွေက လေးလံလာတယ်။ သူက မျက်လုံးမှိတ်လိုက်ရင်း ငိုက်သွားလေတော့တယ်။

ပြတင်းကောက်အပြင်ဘက်မှာတော့ နေရောင်က အလွန်တောက်ပနေလေတယ်။ ကျိလျောင်က လှည့်ကြည့်လိုက်ချိန်မှာ ကောင်ငယ်လေးက တကယ်ပဲ အိပ်မောကျနေပြီဆိုတာ မြင်တွေ့လိုက်ရတယ်။ ဒီတော့မှ သူက ရှေ့ကိုခြေနှစ်လှမ်းလောက်တိုးရင်း ဟယ်ချန်းမင်မျက်နှာပေါ်ကျရောက်နေတဲ့ မွန်းတည့်နေရောင်ကို သူ့အရိပ်နဲ့ကာထားပေးလိုက်တယ်။

အချိန်စေ့ကာနီးတော့ ကျိလျောင်က နောက်ပြန်လျောက်လိုက်ရင်း ကောင်ငယ်လေး စားပွဲပေါ်မှာ တင်ထားတဲ့ ဖုန်းက မက်ဆေ့ခ်ျတစ်စောင် ဝင်လာတာက်ုပြတဲ့အနေနဲ့ လင်းလာတာကို မြင်လိုက်ရတယ်။

အဲ့ဒီအခါမှ သူက ဟယ်ချန်းမင်တစ်ယောက်သူ့ပုံကို Lock Screen ထားထားကြောင်း သိလိုက်ရတယ်။ ဓာတ်ပုံက အရင်တစ်ခါ သူစာသင်ခန်းထဲမှာ ဆဲလ်ဖီးဆွဲပြီးရိုက်ထားတဲ့ပုံပဲ။ သူ့နှလုံးသားလေးက အနွေးဓာတ်စီးကြောင်းလေးတစ်ခု ဖြတ်သန်းစီးဆင်းသွားသလို ခံစားလိုက်ရတယ်။

သူက ခြေနှစ်လှမ်းလောက် တိတ်တိတ်လေးနောက်ဆုတ်ပြီးတော့ သူ့ဖုန်းက ကင်မရာကို ဖွင့်လိုက်တယ်။သူလည်း ဟယ်ချန်းမင်ပုံကို သိမ်းထားဖို့ရာအတွက် ဓာတ်ပုံရိုက်ချင်တယ်လေ။ဒါပေမဲ့လည်း သူခြေနောက်ဆုတ်ဆုတ်ချင်းမှာပဲ အရိပ်ကလည်း ကပ်ပါလာတော့ အလင်းရောင်က ရုတ်တရပ်ကြီး ထိန်လင်းသွားတယ်။ ဟယ်ချန်းမင်က မျက်မှောင်ကြုံ့ရင်း ရီဝေဝေနဲ့ မျက်လုံးဖွင့်ကြည့်လိုက်တယ်။

ကျိလျောင်က Shutter ခလုတ်ကိုအမြန်ဖိလိုက်တော့ ကောင်ငယ်လေးရဲ့ ကသိကအောက်နဲ့ ပျင်းရိပျင်းတွဲ့ဟန်အမူအရာလေးကို သူ့ဖုန်းထဲမှာ အမိအရ ရိုက်မိသွားလေတယ်။

ဟယ်ချန်းမင်ကရယ်မောရင်း ခေါင်းထောင်ကြည့်လို့ သူ့ကိုစကားဆိုတယ်။

"ကိုယ့်ကို တိတ်တိတ်လေး ဓာတ်ပုံခိုးရိုက်နေတာလား"

ကျိလျောင်က လက်ပူးလက်ကြပ်အမိခံလိုက်ရတော့ အနည်းငယ်ရှက်သွားတယ်။ဒါပေမဲ့ တစ်စက္ကန့်လောက်တွေးကြည့်လိုက်တော့ သူတို့က ချစ်သူတွေမလား။ သူကဘာလို့ ဓာတ်ပုံရိုက်လို့ မရနိုင်ရမှာလဲ။ဒီတော့ သူက ပြောင်ပြောင်တင်းတင်းနဲ့ ဓာတ်ပုံအနည်းငယ်ရိုက်ပြီးမှ ကျေနပ်စွာအနားကို ပြန်လျှောက်လာလေတယ်။

ဟယ်ချန်းမင်က သူ့ခါးကိုသိုင်းဖက်ရင်း အက်ရှရှအသံနဲ့ မေးတယ်။

"ကြည့်လို့ကောင်းလား"

"မဆိုးပါဘူး"

ကျိလျောင်က ပုံတစ်ပုံရွေးပြီး Lock screenထားလိုက်တယ်။ သူ့နှုတ်ခမ်းထောင့်စွန်းလေးတွေက ကော့ညွတ်သွားလေရဲ့။

ဟယ်ချန်းမင်က သူ့ရဲ့စိတ်ကြီးဝင်နေတဲ့ပုံစံလေးကြောင့် သဘောတကျပြုံးရယ်မိရင်း သူ့ခေါင်းနဲ့ ကျိလျောင်ဝမ်းဗိုက်ကို ပွတ်တိုက်လိုက်လေတယ်။

ကျိလျောင်က ကျစ် ခနဲစုပ်သပ်ရင်း စာကြည့်တိုက်ထဲမှာ ပြဿနာမရှာဖို့ ပြောလိုက်လေတယ်။ ပြီးမှ သူက သတိပေးလိုက်တယ်။

"မင်းဖုန်းထဲကို ခုနက မက်ဆေ့ခ်ျတစ်စောင်ဝင်လာတယ်"

ဟယ်ချန်းမင်က စစ်ကြည့်လိုက်တော့ အဲ့ဒါက သူအရင်က ငှားထားတဲ့ အလွတ်စုံထောက်ဆီက ဖြစ်နေကြောင်းမြင်လိုက်ရတယ်။ ကောင်းရှန့်ကို တွေ့ပြီတဲ့။


Have a nice day☺️

Continue Reading

You'll Also Like

142K 25.1K 37
Type Web Novel (CN) Language Chinese Author Huà Xī 画兮 Status in COO 92 chapters + 2 extra chapters Completed First of all , I'm not the owner of this...
1.7M 200K 53
[ ချစ်စရာကောင်းတဲ့ မိသားစုလေး~ ] Start Date - 18.7.2021 End Date - 20.11.2021
3.8M 216K 66
ယံုၾကည္မႈကလည္းအခ်စ္ နားလည္မႈကလည္းအခ်စ္ ေပးဆပ္မႈကလည္းအခ်စ္ ခြင့္လြတ္မႈကလည္းအခ်စ္ ဟု ဆိုခဲ့ေသာ္ ေျပာင္းျပန္အခ်ိဳးက်ခဲ့တဲ့ခ်စ္ျခင္းတစ္ခုရဲ႕ အဆံုးသတ္က ဘယ...