Zawgyi
ဒီေန႔ကေတာ့အလကၤာနဲ႔ႏႈိင္းတို႔ႏွစ္ေယာက္တည္းdateလုပ္တဲ့ေန႔ေပါ့။တကယ္ေတာ့ သူတို႔ႏွစ္ေယာက္တြဲတာေနာက္သံုးရက္ေလာက္ေနရင္(၆)လျပည့္မွာေလ။ဒါေပမယ့္ ဒီေန႔ကစာေမးပြဲေနာက္ဆံုးရက္မို႔လို႔ ေနာက္ရက္ဆိုမႏၲေလးျပန္ရမည္ျဖစ္ေသာေၾကာင့္ အလကၤာႏွင့္အျပင္သြားႏိုင္ေတာ့မည္မဟုတ္။ထို႔ေၾကာင့္သူတို႔ကဒီေန႔ကိုႏွစ္ေယာက္တည္း အျပင္သြားရန္ဆံုးျဖတ္ခဲ့ၾကသည္။
"ကိုကို ကၽြန္ေတာ္တို႔ဘယ္အရင္သြားရင္ေကာင္းမလဲ"
"ကုိယ္ကဘယ္ျဖစ္ျဖစ္သြားလို႔ရတယ္။ႏႈိင္းကေရာဘယ္အရင္သြားခ်င္လဲ။ဗိုက္ဆာေနၿပီလား"
ႏႈိင္းကလက္ပတ္နာရီကိုတစ္ခ်က္ၾကည့္လိုက္သည္။ေန႔လယ္စာစားရမယ့္အခ်ိန္ကို ေရာက္ေနၿပီျဖစ္ေသာေၾကာင့္ အလကၤာ၏အေမးကိုေခါင္းညိမ့္ကာတံု႔ျပန္လိုက္သည္။
"အင္း အဲ့ဒါဆိုကိုယ္တို႔တစ္ခုခုအရင္သြားစားရေအာင္"
"ဟုတ္"
သူတို႔ႏွစ္ေယာက္လံုး ကားေပၚတက္ၿပီးေနာက္ အနီးအနားရွိsushiဆိုင္တစ္ဆိုင္သို႔ ေမာင္းလာခဲ့ၾကသည္။ဆိုင္ကိုေရာက္ေတာ့ လူေတြကေတာ္ေတာ္မ်ားေသာေၾကာင့္ သူတို႔ထိုင္ဖို႔ေနရာကိုမနည္းရွာလိုက္ရသည္။Waiterေလးကသူတို႔ထိုင္လို႔ရမယ့္ ေနရာကိုျပေတာ့မွသူတို႔ႏွစ္ေယာက္လံုးထိုေနရာမွာထိုင္လိုက္ၾကသည္။
ထိုင္ၿပီးတာနဲ႔ႏႈိင္းကmenuကိုဆြဲယူၿပီး သူစားခ်င္တာေတြအကုန္မွာေတာ့သည္။ၾကည့္ရတာေတာ္ေတာ္ဗိုက္ဆာေနသည္ထင္ပါသည္။အလကၤာကေတာ့ သူ႔ကိုျပံဳး၍သာၾကည့္ေနလိုက္သည္။Waiterကေတာ့ ႏႈိင္းမွာသမၽွကို အကုန္မွီေအာင္လိုက္မွတ္ေနရသည္။သူမွတ္၍လိုက္မမွီေတာ့ေသာေၾကာင့္ ႏႈိင္းကိုေခၚလိုက္ရသည္။
"အ.....အကို ခဏေနပါဦး"
"ဟင္ ဘာျဖစ္လို႔လဲ"
"ျပန္ေျပာေပးလို႔ရမလား။ကၽြန္ေတာ္ဘာမွမမွီလိုက္လို႔"
"ေဩာ္ ဟီးဟီး"
ထိုအခါမွ ႏႈိင္းကသြားေလးအၿဖီးသားနဲ႔ရယ္ရင္း ျဖည္းျဖည္းခ်င္းျပန္ေျပာလိုက္သည္။သူစားခ်င္တာေတြမွာလို႔ ၿပီးသြားေတာ့မွwaiterလည္း သက္သာရာရသြားသလို သက္ျပင္းခ်ကာ ထြက္သြားေတာ့သည္။
"ႏႈိင္းၿပီးရင္ဘယ္သြားခ်င္ေသးလဲ"
"ရတယ္ ကၽြန္ေတာ္ကဘယ္ပဲျဖစ္ျဖစ္။ကိုကိုနဲ႔ဆိုအကုန္အဆင္ေျပတယ္"
"ဟားဟား အတတ္ေလးပဲကြာ"
"ကၽြန္ေတာ္ကအမွန္အတိုင္းေျပာတာကို ကိုကိုကလည္း"
"ဟုတ္ပါၿပီ ဟုတ္ပါၿပီ။ကိုယ္ကစတာပါ"
"အာ ျမန္လိုက္တာ ကၽြန္ေတာ္ဗိုက္ဆာေနၿပီ။စားၿပီးမွစကားဆက္ေျပာရေအာင္ ေနာ္"
"ဟုတ္ကဲ့ပါခင္ဗ်"
"ဟီး ကိုကိုကကေလးက်ေနတာပဲ"
Sushiပန္းကန္ေတြစားပြဲေပၚခ်တာနဲ႔ ႏႈိင္းကစားပြဲေပၚမွာတင္ထားေသာ တူတစ္စံုကိုကိုင္လိုက္ကာ တစ္ခုၿပီးတစ္ခုစားေတာ့သည္။တစ္ခါစားရင္လည္းသံုးခုေလာက္ကို ပါးစပ္ထဲစုျပံဳထည့္ၿပီးဝါးေနေတာ့ ပါးေလးကေဖာင္းကားေနသည္။အလကၤာကေတာ့ ေသခ်ာေတာင္မစားႏိုင္။ႏႈိင္းအတြက္ေရထည့္ေပးလိုက္ရ၊ပါးစပ္မွာေပလၽွင္သုတ္ေပးလိုက္ရႏွင့္ အလုပ္ရႈပ္ေနသည္။မသိရင္အေဖႀကီးကသူ႔သားေလးကို မုန္႔လိုက္ေကၽြးသလိုလို၊ဘာလိုလိုႏွင့္ေပါ့။
သူတို႔ႏွင့္ခပ္လွမ္းလွမ္းဝိုင္းရွိမိန္းကေလးေတြကေတာ့ သူတို႔ကိုၾကည့္ကာ 'တ အီး အီး တ အား အား'ႏွင့္ေအာ္ေနၾကသည္။
"အမေလး သူ႔ေကာင္ေလးကိုဂရုစိုက္လိုက္တာဟယ္ ၾကည့္ပါဦး"
"ဟုတ္ပါ့ ပါးစပ္ေလးသုတ္ေပးလိုက္ရ၊ေရေလးထည့္ေပးလိုက္ရနဲ႔ ဂရုစိုက္တာမွလြန္ေရာ။လံုးဝကို ဘြိဳင္းဖရန္းမက္တီရီရယ္(boyfriend material)ႀကီးပဲ"
"အဲ့လိုအကိုႀကီးမ်ိဳးသာငါ့ေကာင္ေလးျဖစ္လိုက္ပါလား ဟိဟိ"
"ေတာ္စမ္းပါဟယ္ ပုလင္းကြဲမရွခ်င္စမ္းပါနဲ႔။ကိုယ့္ဘာသာကိုယ္ေအးေအးေဆးေဆးေနၿပီးငမ္းပါဟဲ့"
သာလိကာလိုလို၊ၾကက္တူေရြးလိုလို တတြတ္တြတ္စကားေျပာသံေတြေၾကာင့္ ႏႈိင္းအေနာက္ကဝိုင္းကိုလွည့္ၾကည့္လိုက္မိသည္။အမေလး မယ္မင္းႀကီးမေတြက သူ႔ကိုကိုကိုၾကည့္ေနတာ မ်က္လံုးေတြကျပဳတ္ထြက္မတတ္ပဲ။ႏႈိင္းႏႈတ္ခမ္းကဆူခ်င္ခ်င္ျဖစ္သြားသည္။
စားေနရင္းတန္းလန္းႏွင့္မွ တူကိုခ်လိုက္ၿပီး မ်က္ႏွာဆူပုတ္ေနေသာႏႈိင္းေၾကာင့္ အလကၤာတစ္ခ်က္ေၾကာင္သြားသည္။ဒီကေလးဘာျဖစ္သြားတာပါလိမ့္ ခုနေလးတင္အေကာင္းႀကီးရွိေသးတာမဟုတ္ဘူးလား။သူႏႈိင္းကိုေခၚလိုက္ေတာ့ သူကသူ႔ကိုမ်က္ေမွာင္ၾကဳတ္ကာၾကည့္လာေသာေၾကာင့္ သူတစ္ခ်က္တြန္႔သြားသည္။
"ႏႈိင္း"
"ဘာလဲ"
"အယ္ ဘာျဖစ္တာလဲ ႏႈိင္းရဲ႕"
"ကိုကို"
"ဗ်ာ"
"အား ကိုကို ကၽြန္ေတာ္ေႂကြေအာင္လာမလုပ္နဲ႔။အေကာင္းေျပာမလို႔ပါဆိုေနမွ"
"ေဟာဗ်ာ ကိုယ္ကဘာေျပာလို႔တုန္း။ႏႈိင္းေခၚလို႔ကိုယ္ကထူးလိုက္တာေလ"
"အဟမ္း အဟမ္း ဟုတ္ပါၿပီ။ကၽြန္ေတာ္ေျပာတာေသခ်ာနားေထာင္ေနာ္"
"အင္း ေျပာ"
"ေနာက္တစ္ခါအျပင္ထြက္ရင္maskတပ္လာခဲ့"
ႏႈိင္း၏စကားေၾကာင့္ အလကၤာနည္းနည္းပင္ေၾကာင္သြားသည္။Maskတပ္ရေအာင္သူကေရာဂါျဖစ္ေနတာလည္းမဟုတ္၊မ်က္ႏွာကလည္းဘာမွျဖစ္ေနတာမဟုတ္တဲ့ဟာကို။
"အယ္ ဘာျဖစ္လို႔လဲ ႏႈိင္းရဲ႕။ကိုယ့္မ်က္ႏွာကဘာမွလည္းမျဖစ္ဘဲနဲ႔"
"ဘာမွမျဖစ္လို႔ေပါ့ အရူးႀကီးရဲ႕"
"အမ္?"
"ဟုိမွာအေနာက္ဝိုင္းကိုၾကည့္လိုက္။ကိုကို႔ကိုေကာင္မေလးေတြဝိုင္းၾကည့္ေနတယ္ေလလို႔။ဘာလို႔အဲ့လိုေခ်ာေအာင္ေမြးလာရတာလဲ။ကၽြန္ေတာ္အျမင္ကတ္လာၿပီ"
"အာ ႏႈိင္းကသဝန္တိုေနတာလား"
"ဟုတ္တယ္ သဝန္တိုတယ္။ကိုကို႔ကိုတျခားလူေတြမေျပာနဲ႔ လမ္းေဘးကေခြးေတြၾကည့္ရင္ေတာင္ကၽြန္ေတာ္ကႀကိဳက္တာမဟုတ္ဘူး"
သူျပန္ေျပာလိုက္ေသာစကားေၾကာင့္ အလကၤာ့မွာ ရယ္ရခက္၊ငိုရခက္ပင္။ေခြးနဲ႔ေတာင္သဝန္တိုတယ္ဆိုတာႀကီးကေတာ့ မဟုတ္ေသးဘူးမလား။တကယ္ကိုေပါက္ေပါက္ရွာရွာလည္းေတြးတတ္ပါေပတယ္။
"ကိုကို ကၽြန္ေတာ္ေျပာတာၾကားလားလို႔"
"ႏႈိင္းကလည္း သူတို႔ၾကည့္လည္းဘာျဖစ္လဲ။ကိုယ္မွသူတို႔ကို စိတ္မဝင္စားတာ။ကိုယ္စိတ္ဝင္စားတာဘယ္သူဆိုတာသိရဲ႕သားနဲ႔"
"ေျပာပါဦး ဘယ္သူ႔ကိုစိတ္ဝင္စားတာလဲ"
"အံမယ္ မသိခ်င္ေယာင္ေဆာင္တာလား"
"မဟုတ္ပါဘူး။ကၽြန္ေတာ္ကတကယ္မသိလို႔ေမးတာ"
အျပစ္ကင္းတဲ့ပံုစံေလးနဲ႔ေျပာေနေသာႏႈိင္းကိုအူယားလာေသာေၾကာင့္ ႏွာေခါင္းေလးကိုတစ္ခ်က္ညႇစ္လိုက္ေတာ့ 'အင့္'ဟူေသာအသံေသးေသးေလးထြက္လာသည္။
"ဘယ္သူရမွာလဲ။ကိုယ့္အေရွ႕မွာထိုင္ေနတဲ့ႏႈိင္းေစရာဆိုတဲ့ေကာင္ေလးေပါ့"
"အဟမ္း သိပါတယ္ အဲ့ေလာက္ကၽြန္ေတာ့္ကိုစိုက္မၾကည့္နဲ႔"
"ေအးပါကြာ ကဲ စားလိုက္ဦး ဗိုက္ဆာေနတာမလား"
"ဟုတ္"
သူတို႔ႏွစ္ေယာက္စကားမေျပာၾကေတာ့ဘဲ စားပြဲေပၚတြင္ရွိေနေသာsushiမ်ားကိုသာတစ္ခုမက်န္စားၾကေတာ့သည္။အဓိကစားတာကေတာ့ႏႈိင္းေပါ့။သူတို႔ေန႔လယ္စာစားၿပီးသြားေတာ့ အလကၤာကပိုက္ဆံရွင္းလိုက္သည္။ႏႈိင္းကသူရွင္းမယ္လို႔ေျပာေပမယ့္ မရွင္းခိုင္းေသာအလကၤာေၾကာင့္ ၿငိမ္ၿငိမ္ေလးသာေနလိုက္ရသည္။
သူတို႔ဆိုင္ထဲကထြက္သည့္တိုင္ေအာင္ အလကၤာ့ကိုလိုက္ၾကည့္ေနသည့္မိန္းကေလးတစ္စုေၾကာင့္ အလကၤာ့လက္ေမာင္းကိုသူ႔လက္ျဖင့္သိုင္းဖက္ကာ ထိုမိန္းကေလးမ်ားအား မ်က္ေမွာင္ၾကဳတ္ျပလိုက္သည္။မိန္းမဆန္တယ္ပဲဆိုဆို၊ဘာဆိုဆို သူ႔ခ်စ္သူကိုအဲ့လိုမ်ိဳးလိုက္ၾကည့္တာကို သူလံုးဝမႀကိဳက္ပါ။ႏႈိင္းမ်က္ေမွာင္ၾကဳတ္ျပတာကိုခံရေသာမိန္းကေလးေတြကေတာ့ ဆိုင္ထဲမွာေၾကာင္ေတာင္ေတာင္ေလးေတြက်န္ခဲ့သည္။သူတို႔ဘာအမွားမ်ားလုပ္လိုက္မိလို႔လဲ။
"ကိုယ္ေတာ္ေလးေရ ကားနားေတာင္ေရာက္ေနၿပီ။ဒီေန႔ကားေပၚတက္ဖို႔အစီအစဥ္ေရာရွိေသးရဲ႕လား"
"ဟမ္ ေဩာ္ ေရာက္ေတာင္ေရာက္ၿပီလား။မသိလိုက္လို႔"
"မသိလိုက္ရေအာင္ဘာေတြမ်ားစဥ္းစားေနလို႔လဲ"
"ဘာမွမဟုတ္ပါဘူး။သြား သြား ကိုကိုလည္းကားေပၚတက္ေတာ့"
ေျပာမျပခ်င္ေသာေၾကာင့္ကားေပၚအတင္းတက္ခိုင္းေနေသာႏႈိင္းကို သူရင္ခြင္ထဲထည့္ကာခႏၶာကိုယ္ေလးအားညႇစ္လိုက္ေတာ့ ရယ္သံလြင္လြင္ေလးကထြက္လာၿပီး သူ႔ခါးကိုျပန္ဖက္ထားေသးသည္။သူကႏႈိင္း၏ႏွဖူးကိုတစ္ခ်က္နမ္းၿပီးမွ ျပန္လႊတ္ေပးလိုက္သည္။ထို႔ေနာက္ႏွစ္ေယာက္စလံုးကားေပၚတက္ကာ တျခားတစ္ေနရာကိုေမာင္းထြက္ခဲ့ၾကေတာ့သည္။
သူတို႔တစ္ေနကုန္ ဟိုသြားလိုက္၊ဒီသြားလိုက္ႏွင့္ေနရာမ်ိဳးစံုသြားခဲ့ၾကသည္။ေနာက္ဆံုးသူတို႔အိမ္မျပန္ခင္မွာ အလကၤာကသူ႔ကိုေနရာတစ္ခုကိုေခၚသြားသည္။ဘယ္ေနရာမွန္းေတာ့သူလည္းေသခ်ာမသိ။ျမက္ခင္းျပင္အက်ဳယ္ႀကီးမွာမွ လူေတြကတစ္ေနရာစီမွာထိုင္ေနၾကသည္။ေအာက္မွာကေတာ့အခင္းေလးေတြခင္းထားတာေပါ့။
ထိုအခင္းေတြေပၚမွာမွ ေပါက္ေပါက္ဆုပ္ဘူးနဲ႔colaဘူးႏွစ္ဘူးဆီတင္ထားသည္။ဒါတင္ဘယ္ကမလဲ ဆိုဖာအေသးစားမ်ိဳးေလးေတြလည္းပါေသးသည္။အေရွ႕မွာေတာ့ အျဖဴေရာင္ပိတ္ကားတစ္ခ်ပ္ေပါ့။ႏႈိင္းကေၾကာင္ေနတုန္း အလကၤာကႏႈိင္း၏လက္ကိုဆြဲသြားၿပီး လြတ္ေနေသာအခင္းတစ္ေနရာသို႔ေခၚသြားသည္။
"ထိုင္ေလ ႏႈိင္း"
"ဟင္ ကိုကို ဒါကဘယ္ေနရာလဲ"
"အာ outdoor cinemaေလႏႈိင္းရဲ႕။ကိုယ္မနည္းbookingလုပ္ထားရတာ"
ႏႈိင္းကေခါင္းညိမ့္ကာ ထိုင္ခ်လိုက္ေတာ့ ဆိုဖာကအိကနဲနိမ့္က်သြားသည္။အလကၤာကလည္းသူ႔ေဘးမွာဝင္ထိုင္လိုက္ေတာ့ သူကအလကၤာ့ရဲ႕ပုခံုးကိုမွီလိုက္သည္။ရုပ္ရွင္ကမျပေသးေသာေၾကာင့္ သူတို႔ႏွစ္ေယာက္စကားေျပာေနလိုက္ၾကသည္။
"ကိုကို"
"ဗ်ာ"
"ကၽြန္ေတာ္တို႔ေလ.....အင္း ကၽြန္ေတာ့္မိဘေတြကိုဘယ္အခ်ိန္ဖြင့္ေျပာရင္ေကာင္းမလဲ"
"အင္း ႏႈိင္းကဘယ္အခ်ိန္ဖြင့္ေျပာခ်င္လဲ"
"ကၽြန္ေတာ္မသိဘူး။ကၽြန္ေတာ္ေၾကာက္တယ္ အမွန္တိုင္းေျပာရရင္ ေမေမတို႔လက္မခံႏိုင္မွာကို"
"လက္ခံမွာပါ ႏႈိင္းရယ္။စိတ္မပူပါနဲ႔။ကိုယ္ကေတာ့ဘြဲ႕ရၿပီးမွေျပာရင္ေကာင္းမလားလို႔"
"အင္း အဲ့လိုကလည္းေကာင္းပါတယ္ေလ။ကိုကိုသာကၽြန္ေတာ့္ေဘးနားမွာအျမဲရွိေနေပးရမွာေနာ္"
"ဒါေပါ့ ႏႈိင္းရဲ႕။ကိုယ္ကမင္းအနားမွာမရွိလို႔ ဘယ္သူ႔နားမွာရွိရမွာလဲ"
"ကၽြန္ေတာ့္အနားမွာမရွိလို႔လည္းမရပါဘူး။ကိုကိုတျခားလူအနားမွာရွိရဲရွိၾကည့္ပါလား။တစ္ခါထဲအေရခြံေတြဆြဲခြာပစ္မွာ"
"ဟင္ ဘယ္သူ႔ကိုလုပ္မွာလဲ"
"ဘယ္သူရွိရမွာလဲ။ကိုကို႔အနားကပ္လာတဲ့သူမွန္သမၽွေပါ့။ကိုကို႔ကိုေတာ့လုပ္စရာလား။ကိုကိုကကၽြန္ေတာ္ခ်စ္ရတဲ့လူေလ"
"စကားဘာလို႔အဲ့ေလာက္တတ္ေနရတာလဲ ႏႈိင္းရဲ႕"
"ကိုကို႔ေကာင္ေလးမို႔လို႔ေပါ့ ဟီးဟီး"
စကားတတ္လြန္းေသာႏႈိင္းကိုသူပခံုးကေနဖက္ထားလိုက္ၿပီး ေခါင္းေလးကိုနမ္းလိုက္သည္။
"ရွဴး ကိုကို ရုပ္ရွင္စျပၿပီ။တိတ္တိတ္ေနေတာ့"
ႏႈိင္းကလက္ညိဳးေလးကိုပါးစပ္နားမွာကပ္ၿပီး သူ႔ကိုေျပာေနေသာေၾကာင့္ သူလည္းႏႈိင္း၏ပုခံုးကိုဖက္ၿပီး သူ႔ရဲ႕ေခါင္းကိုႏႈိင္းေခါင္းေပၚ မွီေနလိုက္သည္။ႏႈိင္းကေတာ့သူ႔ရဲ႕ပုခံုးေပၚမွာမွီရင္း ရုပ္ရွင္ၾကည့္လို႔ေပါ့။
♤♤♤♤♤♤♤♤♤♤
Unicode
ဒီနေ့ကတော့အလင်္ကာနဲ့နှိုင်းတို့နှစ်ယောက်တည်းdateလုပ်တဲ့နေ့ပေါ့။တကယ်တော့ သူတို့နှစ်ယောက်တွဲတာနောက်သုံးရက်လောက်နေရင်(၆)လပြည့်မှာလေ။ဒါပေမယ့် ဒီနေ့ကစာမေးပွဲနောက်ဆုံးရက်မို့လို့ နောက်ရက်ဆိုမန္တလေးပြန်ရမည်ဖြစ်သောကြောင့် အလင်္ကာနှင့်အပြင်သွားနိုင်တော့မည်မဟုတ်။ထို့ကြောင့်သူတို့ကဒီနေ့ကိုနှစ်ယောက်တည်း အပြင်သွားရန်ဆုံးဖြတ်ခဲ့ကြသည်။
"ကိုကို ကျွန်တော်တို့ဘယ်အရင်သွားရင်ကောင်းမလဲ"
"ကိုယ်ကဘယ်ဖြစ်ဖြစ်သွားလို့ရတယ်။နှိုင်းကရောဘယ်အရင်သွားချင်လဲ။ဗိုက်ဆာနေပြီလား"
နှိုင်းကလက်ပတ်နာရီကိုတစ်ချက်ကြည့်လိုက်သည်။နေ့လယ်စာစားရမယ့်အချိန်ကို ရောက်နေပြီဖြစ်သောကြောင့် အလင်္ကာ၏အမေးကိုခေါင်းညိမ့်ကာတုံ့ပြန်လိုက်သည်။
"အင်း အဲ့ဒါဆိုကိုယ်တို့တစ်ခုခုအရင်သွားစားရအောင်"
"ဟုတ်"
သူတို့နှစ်ယောက်လုံး ကားပေါ်တက်ပြီးနောက် အနီးအနားရှိsushiဆိုင်တစ်ဆိုင်သို့ မောင်းလာခဲ့ကြသည်။ဆိုင်ကိုရောက်တော့ လူတွေကတော်တော်များသောကြောင့် သူတို့ထိုင်ဖို့နေရာကိုမနည်းရှာလိုက်ရသည်။Waiterလေးကသူတို့ထိုင်လို့ရမယ့် နေရာကိုပြတော့မှသူတို့နှစ်ယောက်လုံးထိုနေရာမှာထိုင်လိုက်ကြသည်။
ထိုင်ပြီးတာနဲ့နှိုင်းကmenuကိုဆွဲယူပြီး သူစားချင်တာတွေအကုန်မှာတော့သည်။ကြည့်ရတာတော်တော်ဗိုက်ဆာနေသည်ထင်ပါသည်။အလင်္ကာကတော့ သူ့ကိုပြုံး၍သာကြည့်နေလိုက်သည်။Waiterကတော့ နှိုင်းမှာသမျှကို အကုန်မှီအောင်လိုက်မှတ်နေရသည်။သူမှတ်၍လိုက်မမှီတော့သောကြောင့် နှိုင်းကိုခေါ်လိုက်ရသည်။
"အ.....အကို ခဏနေပါဦး"
"ဟင် ဘာဖြစ်လို့လဲ"
"ပြန်ပြောပေးလို့ရမလား။ကျွန်တော်ဘာမှမမှီလိုက်လို့"
"ေဩာ် ဟီးဟီး"
ထိုအခါမှ နှိုင်းကသွားလေးအဖြီးသားနဲ့ရယ်ရင်း ဖြည်းဖြည်းချင်းပြန်ပြောလိုက်သည်။သူစားချင်တာတွေမှာလို့ ပြီးသွားတော့မှwaiterလည်း သက်သာရာရသွားသလို သက်ပြင်းချကာ ထွက်သွားတော့သည်။
"နှိုင်းပြီးရင်ဘယ်သွားချင်သေးလဲ"
"ရတယ် ကျွန်တော်ကဘယ်ပဲဖြစ်ဖြစ်။ကိုကိုနဲ့ဆိုအကုန်အဆင်ပြေတယ်"
"ဟားဟား အတတ်လေးပဲကွာ"
"ကျွန်တော်ကအမှန်အတိုင်းပြောတာကို ကိုကိုကလည်း"
"ဟုတ်ပါပြီ ဟုတ်ပါပြီ။ကိုယ်ကစတာပါ"
"အာ မြန်လိုက်တာ ကျွန်တော်ဗိုက်ဆာနေပြီ။စားပြီးမှစကားဆက်ပြောရအောင် နော်"
"ဟုတ်ကဲ့ပါခင်ဗျ"
"ဟီး ကိုကိုကကလေးကျနေတာပဲ"
Sushiပန်းကန်တွေစားပွဲပေါ်ချတာနဲ့ နှိုင်းကစားပွဲပေါ်မှာတင်ထားသော တူတစ်စုံကိုကိုင်လိုက်ကာ တစ်ခုပြီးတစ်ခုစားတော့သည်။တစ်ခါစားရင်လည်းသုံးခုလောက်ကို ပါးစပ်ထဲစုပြုံထည့်ပြီးဝါးနေတော့ ပါးလေးကဖောင်းကားနေသည်။အလင်္ကာကတော့ သေချာတောင်မစားနိုင်။နှိုင်းအတွက်ရေထည့်ပေးလိုက်ရ၊ပါးစပ်မှာပေလျှင်သုတ်ပေးလိုက်ရနှင့် အလုပ်ရှုပ်နေသည်။မသိရင်အဖေကြီးကသူ့သားလေးကို မုန့်လိုက်ကျွေးသလိုလို၊ဘာလိုလိုနှင့်ပေါ့။
သူတို့နှင့်ခပ်လှမ်းလှမ်းဝိုင်းရှိမိန်းကလေးတွေကတော့ သူတို့ကိုကြည့်ကာ 'တ အီး အီး တ အား အား'နှင့်အော်နေကြသည်။
"အမလေး သူ့ကောင်လေးကိုဂရုစိုက်လိုက်တာဟယ် ကြည့်ပါဦး"
"ဟုတ်ပါ့ ပါးစပ်လေးသုတ်ပေးလိုက်ရ၊ရေလေးထည့်ပေးလိုက်ရနဲ့ ဂရုစိုက်တာမှလွန်ရော။လုံးဝကို ဘွိုင်းဖရန်းမက်တီရီရယ်(boyfriend material)ကြီးပဲ"
"အဲ့လိုအကိုကြီးမျိုးသာငါ့ကောင်လေးဖြစ်လိုက်ပါလား ဟိဟိ"
"တော်စမ်းပါဟယ် ပုလင်းကွဲမရှချင်စမ်းပါနဲ့။ကိုယ့်ဘာသာကိုယ်အေးအေးဆေးဆေးနေပြီးငမ်းပါဟဲ့"
သာလိကာလိုလို၊ကြက်တူရွေးလိုလို တတွတ်တွတ်စကားပြောသံတွေကြောင့် နှိုင်းအနောက်ကဝိုင်းကိုလှည့်ကြည့်လိုက်မိသည်။အမလေး မယ်မင်းကြီးမတွေက သူ့ကိုကိုကိုကြည့်နေတာ မျက်လုံးတွေကပြုတ်ထွက်မတတ်ပဲ။နှိုင်းနှုတ်ခမ်းကဆူချင်ချင်ဖြစ်သွားသည်။
စားနေရင်းတန်းလန်းနှင့်မှ တူကိုချလိုက်ပြီး မျက်နှာဆူပုတ်နေသောနှိုင်းကြောင့် အလင်္ကာတစ်ချက်ကြောင်သွားသည်။ဒီကလေးဘာဖြစ်သွားတာပါလိမ့် ခုနလေးတင်အကောင်းကြီးရှိသေးတာမဟုတ်ဘူးလား။သူနှိုင်းကိုခေါ်လိုက်တော့ သူကသူ့ကိုမျက်မှောင်ကြုတ်ကာကြည့်လာသောကြောင့် သူတစ်ချက်တွန့်သွားသည်။
"နှိုင်း"
"ဘာလဲ"
"အယ် ဘာဖြစ်တာလဲ နှိုင်းရဲ့"
"ကိုကို"
"ဗျာ"
"အား ကိုကို ကျွန်တော်ကြွေအောင်လာမလုပ်နဲ့။အကောင်းပြောမလို့ပါဆိုနေမှ"
"ဟောဗျာ ကိုယ်ကဘာပြောလို့တုန်း။နှိုင်းခေါ်လို့ကိုယ်ကထူးလိုက်တာလေ"
"အဟမ်း အဟမ်း ဟုတ်ပါပြီ။ကျွန်တော်ပြောတာသေချာနားထောင်နော်"
"အင်း ပြော"
"နောက်တစ်ခါအပြင်ထွက်ရင်maskတပ်လာခဲ့"
နှိုင်း၏စကားကြောင့် အလင်္ကာနည်းနည်းပင်ကြောင်သွားသည်။Maskတပ်ရအောင်သူကရောဂါဖြစ်နေတာလည်းမဟုတ်၊မျက်နှာကလည်းဘာမှဖြစ်နေတာမဟုတ်တဲ့ဟာကို။
"အယ် ဘာဖြစ်လို့လဲ နှိုင်းရဲ့။ကိုယ့်မျက်နှာကဘာမှလည်းမဖြစ်ဘဲနဲ့"
"ဘာမှမဖြစ်လို့ပေါ့ အရူးကြီးရဲ့"
"အမ်?"
"ဟိုမှာအနောက်ဝိုင်းကိုကြည့်လိုက်။ကိုကို့ကိုကောင်မလေးတွေဝိုင်းကြည့်နေတယ်လေလို့။ဘာလို့အဲ့လိုချောအောင်မွေးလာရတာလဲ။ကျွန်တော်အမြင်ကတ်လာပြီ"
"အာ နှိုင်းကသဝန်တိုနေတာလား"
"ဟုတ်တယ် သဝန်တိုတယ်။ကိုကို့ကိုတခြားလူတွေမပြောနဲ့ လမ်းဘေးကခွေးတွေကြည့်ရင်တောင်ကျွန်တော်ကကြိုက်တာမဟုတ်ဘူး"
သူပြန်ပြောလိုက်သောစကားကြောင့် အလင်္ကာ့မှာ ရယ်ရခက်၊ငိုရခက်ပင်။ခွေးနဲ့တောင်သဝန်တိုတယ်ဆိုတာကြီးကတော့ မဟုတ်သေးဘူးမလား။တကယ်ကိုပေါက်ပေါက်ရှာရှာလည်းတွေးတတ်ပါပေတယ်။
"ကိုကို ကျွန်တော်ပြောတာကြားလားလို့"
"နှိုင်းကလည်း သူတို့ကြည့်လည်းဘာဖြစ်လဲ။ကိုယ်မှသူတို့ကို စိတ်မဝင်စားတာ။ကိုယ်စိတ်ဝင်စားတာဘယ်သူဆိုတာသိရဲ့သားနဲ့"
"ပြောပါဦး ဘယ်သူ့ကိုစိတ်ဝင်စားတာလဲ"
"အံမယ် မသိချင်ယောင်ဆောင်တာလား"
"မဟုတ်ပါဘူး။ကျွန်တော်ကတကယ်မသိလို့မေးတာ"
အပြစ်ကင်းတဲ့ပုံစံလေးနဲ့ပြောနေသောနှိုင်းကိုအူယားလာသောကြောင့် နှာခေါင်းလေးကိုတစ်ချက်ညှစ်လိုက်တော့ 'အင့်'ဟူသောအသံသေးသေးလေးထွက်လာသည်။
"ဘယ်သူရမှာလဲ။ကိုယ့်အရှေ့မှာထိုင်နေတဲ့နှိုင်းစေရာဆိုတဲ့ကောင်လေးပေါ့"
"အဟမ်း သိပါတယ် အဲ့လောက်ကျွန်တော့်ကိုစိုက်မကြည့်နဲ့"
"အေးပါကွာ ကဲ စားလိုက်ဦး ဗိုက်ဆာနေတာမလား"
"ဟုတ်"
သူတို့နှစ်ယောက်စကားမပြောကြတော့ဘဲ စားပွဲပေါ်တွင်ရှိနေသောsushiများကိုသာတစ်ခုမကျန်စားကြတော့သည်။အဓိကစားတာကတော့နှိုင်းပေါ့။သူတို့နေ့လယ်စာစားပြီးသွားတော့ အလင်္ကာကပိုက်ဆံရှင်းလိုက်သည်။နှိုင်းကသူရှင်းမယ်လို့ပြောပေမယ့် မရှင်းခိုင်းသောအလင်္ကာကြောင့် ငြိမ်ငြိမ်လေးသာနေလိုက်ရသည်။
သူတို့ဆိုင်ထဲကထွက်သည့်တိုင်အောင် အလင်္ကာ့ကိုလိုက်ကြည့်နေသည့်မိန်းကလေးတစ်စုကြောင့် အလင်္ကာ့လက်မောင်းကိုသူ့လက်ဖြင့်သိုင်းဖက်ကာ ထိုမိန်းကလေးများအား မျက်မှောင်ကြုတ်ပြလိုက်သည်။မိန်းမဆန်တယ်ပဲဆိုဆို၊ဘာဆိုဆို သူ့ချစ်သူကိုအဲ့လိုမျိုးလိုက်ကြည့်တာကို သူလုံးဝမကြိုက်ပါ။နှိုင်းမျက်မှောင်ကြုတ်ပြတာကိုခံရသောမိန်းကလေးတွေကတော့ ဆိုင်ထဲမှာကြောင်တောင်တောင်လေးတွေကျန်ခဲ့သည်။သူတို့ဘာအမှားများလုပ်လိုက်မိလို့လဲ။
"ကိုယ်တော်လေးရေ ကားနားတောင်ရောက်နေပြီ။ဒီနေ့ကားပေါ်တက်ဖို့အစီအစဉ်ရောရှိသေးရဲ့လား"
"ဟမ် ေဩာ် ရောက်တောင်ရောက်ပြီလား။မသိလိုက်လို့"
"မသိလိုက်ရအောင်ဘာတွေများစဉ်းစားနေလို့လဲ"
"ဘာမှမဟုတ်ပါဘူး။သွား သွား ကိုကိုလည်းကားပေါ်တက်တော့"
ပြောမပြချင်သောကြောင့်ကားပေါ်အတင်းတက်ခိုင်းနေသောနှိုင်းကို သူရင်ခွင်ထဲထည့်ကာခန္ဓာကိုယ်လေးအားညှစ်လိုက်တော့ ရယ်သံလွင်လွင်လေးကထွက်လာပြီး သူ့ခါးကိုပြန်ဖက်ထားသေးသည်။သူကနှိုင်း၏နှဖူးကိုတစ်ချက်နမ်းပြီးမှ ပြန်လွှတ်ပေးလိုက်သည်။ထို့နောက်နှစ်ယောက်စလုံးကားပေါ်တက်ကာ တခြားတစ်နေရာကိုမောင်းထွက်ခဲ့ကြတော့သည်။
သူတို့တစ်နေကုန် ဟိုသွားလိုက်၊ဒီသွားလိုက်နှင့်နေရာမျိုးစုံသွားခဲ့ကြသည်။နောက်ဆုံးသူတို့အိမ်မပြန်ခင်မှာ အလင်္ကာကသူ့ကိုနေရာတစ်ခုကိုခေါ်သွားသည်။ဘယ်နေရာမှန်းတော့သူလည်းသေချာမသိ။မြက်ခင်းပြင်အကျုယ်ကြီးမှာမှ လူတွေကတစ်နေရာစီမှာထိုင်နေကြသည်။အောက်မှာကတော့အခင်းလေးတွေခင်းထားတာပေါ့။
ထိုအခင်းတွေပေါ်မှာမှ ပေါက်ပေါက်ဆုပ်ဘူးနဲ့colaဘူးနှစ်ဘူးဆီတင်ထားသည်။ဒါတင်ဘယ်ကမလဲ ဆိုဖာအသေးစားမျိုးလေးတွေလည်းပါသေးသည်။အရှေ့မှာတော့ အဖြူရောင်ပိတ်ကားတစ်ချပ်ပေါ့။နှိုင်းကကြောင်နေတုန်း အလင်္ကာကနှိုင်း၏လက်ကိုဆွဲသွားပြီး လွတ်နေသောအခင်းတစ်နေရာသို့ခေါ်သွားသည်။
"ထိုင်လေ နှိုင်း"
"ဟင် ကိုကို ဒါကဘယ်နေရာလဲ"
"အာ outdoor cinemaလေနှိုင်းရဲ့။ကိုယ်မနည်းbookingလုပ်ထားရတာ"
နှိုင်းကခေါင်းညိမ့်ကာ ထိုင်ချလိုက်တော့ ဆိုဖာကအိကနဲနိမ့်ကျသွားသည်။အလင်္ကာကလည်းသူ့ဘေးမှာဝင်ထိုင်လိုက်တော့ သူကအလင်္ကာ့ရဲ့ပုခုံးကိုမှီလိုက်သည်။ရုပ်ရှင်ကမပြသေးသောကြောင့် သူတို့နှစ်ယောက်စကားပြောနေလိုက်ကြသည်။
"ကိုကို"
"ဗျာ"
"ကျွန်တော်တို့လေ.....အင်း ကျွန်တော့်မိဘတွေကိုဘယ်အချိန်ဖွင့်ပြောရင်ကောင်းမလဲ"
"အင်း နှိုင်းကဘယ်အချိန်ဖွင့်ပြောချင်လဲ"
"ကျွန်တော်မသိဘူး။ကျွန်တော်ကြောက်တယ် အမှန်တိုင်းပြောရရင် မေမေတို့လက်မခံနိုင်မှာကို"
"လက်ခံမှာပါ နှိုင်းရယ်။စိတ်မပူပါနဲ့။ကိုယ်ကတော့ဘွဲ့ရပြီးမှပြောရင်ကောင်းမလားလို့"
"အင်း အဲ့လိုကလည်းကောင်းပါတယ်လေ။ကိုကိုသာကျွန်တော့်ဘေးနားမှာအမြဲရှိနေပေးရမှာနော်"
"ဒါပေါ့ နှိုင်းရဲ့။ကိုယ်ကမင်းအနားမှာမရှိလို့ ဘယ်သူ့နားမှာရှိရမှာလဲ"
"ကျွန်တော့်အနားမှာမရှိလို့လည်းမရပါဘူး။ကိုကိုတခြားလူအနားမှာရှိရဲရှိကြည့်ပါလား။တစ်ခါထဲအရေခွံတွေဆွဲခွာပစ်မှာ"
"ဟင် ဘယ်သူ့ကိုလုပ်မှာလဲ"
"ဘယ်သူရှိရမှာလဲ။ကိုကို့အနားကပ်လာတဲ့သူမှန်သမျှပေါ့။ကိုကို့ကိုတော့လုပ်စရာလား။ကိုကိုကကျွန်တော်ချစ်ရတဲ့လူလေ"
"စကားဘာလို့အဲ့လောက်တတ်နေရတာလဲ နှိုင်းရဲ့"
"ကိုကို့ကောင်လေးမို့လို့ပေါ့ ဟီးဟီး"
စကားတတ်လွန်းသောနှိုင်းကိုသူပခုံးကနေဖက်ထားလိုက်ပြီး ခေါင်းလေးကိုနမ်းလိုက်သည်။
"ရှူး ကိုကို ရုပ်ရှင်စပြပြီ။တိတ်တိတ်နေတော့"
နှိုင်းကလက်ညိုးလေးကိုပါးစပ်နားမှာကပ်ပြီး သူ့ကိုပြောနေသောကြောင့် သူလည်းနှိုင်း၏ပုခုံးကိုဖက်ပြီး သူ့ရဲ့ခေါင်းကိုနှိုင်းခေါင်းပေါ် မှီနေလိုက်သည်။နှိုင်းကတော့သူ့ရဲ့ပုခုံးပေါ်မှာမှီရင်း ရုပ်ရှင်ကြည့်လို့ပေါ့။
♤♤♤♤♤♤♤♤♤♤