ကြွေလွင့်သွားသော
နေရောင်ခြည်နဲ့အတူနိုးထလာတဲ့ကျွန်တော့်မနက်ခင်းလေး...
ဒါပေမဲ့အသပ်ရှူမဝသလိုခံစားနေရတာမို့်သေချာအောင်ကြည့်လိုက်မိသည်။ ကျွန်တော်မောင့်ရင်ခွင်ထဲရောက်နေခဲ့တာပါလား အိမ်မက်ဖြစ်နေရင်တောင် ကျေနပ်တာမို့မနိုးထပါရစေနဲ့လို့ တွေးနေမိသည်။
မောင့်မျက်နှာလေးကိုလက်လေးနဲ့အသာအယာတို့်ကြည့်မိတယ် ။ အခွင့်အရေးရတုန်းလေးမို့ အသုံးချမိတယ်ခေါ်မလား ။ နောက်တစ်ကြိမ်ဆိုတာထပ်ရှိလာမှာမဟုတ်တာကြောင့် မှတ်မိအောင်သေချာကြည့်ယူထားချင်သည် ။
ချစ်တယ် မောင်
"နိုးြပီလား ဘယ်လိုနေသေးလဲ "
မောင်အိပ်နေတုန်းလို့ထင်ထားတာကြောင့် စိတ်ထဲကရှိတဲ့အတိုင်းပြုမူနေမိသည် ။ ဒါမဲ့ရုတ်တရက်မောင့်အမေးကြောင့်
"ဟမ်..အော်အင်း သက်သာပါတယ် "
"အင်း... "
တစ်ခွန်းသာဆိုပြီး အလုပ်သွားရန်ပြင်ဆင်နေတဲ့မောင်က ကျွန်တော့်ကို ထပ်ပြောစရာမရှိတော့တာလား မပြောချင်တာလား မသေချာခဲ့ပါ ။
မောင်အားလုံးပြင်ဆင်ပြီးသည်ထိကျွန်တော်အိပ်ယာထဲကမထသေးဘဲမောင့်လှုပ်ရှားမှုတို့ကိုသာကြည့်နေခဲ့သည် ။
"ငါအလုပ်သွားတော့မယ် အစာစားပြီးဆေးသောက်ဖို့မမေ့နဲ့ ဖြစ်လိုက်ရင်အသဲအသန်နဲ့"
"........"
တကယ်ပါ မောင့်ရင်ခွင်ထဲမှာခဏတာအိပ်စက်ရခြင်းကအတိုင်းမသိနာကျင်ရမယ်မှန်းသိရင် မျှောင့်လင့်မိမှာမဟုတ်ခဲ့ပါဘူး ။
မောင်အလုပ်သွားမှကျွန်တော်လဲမျက်နှာသစ်သွားတိုက်အဝတ်အစားလဲပြီး အောက်ထပ်ဆင်းလာခဲ့သည် ။
"သား..ဒီမှာသားတွက်ဆန်ပြုတ် ဒေါ်ကြီးအစောကြီးထပြီး လုပ်ပေးထားတာ မနေ့ညကမောင်တည်တ့ံလာပြောထားလို့"
"မောင်ကလား ဆန်ပြုတ်လုပ်ဖို့လာပြောတာ"
"ဟုတ်တယ် သားရဲ့ ညကလဲသူကိုယ်တိုင်ရေပတ်တိုက်ပေးပြီး တစ်ညလုံးစောင့်ပေးနေတာသားကို"
"အော်..."
မောင်ကျွန်တော့်ကိုဂရုစိုက်ပေးနေတာလား ဒါမှမဟုတ် ထပ်ပြီး လူမမာရှိေနတာကျက်သရေယုတ်နေလို့များလား တကယ်ဝေခွဲရခက်ပါသည် ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ပျော်တာမို့ ဆန်ပြုတ်လေးသောက်ပြီး မောင့်စကားကိုပြန်ကြားယောင်လာခဲ့ရပါသည် "ဆေးသောက်ဖို့မမေ့နဲ့တဲ့"ဆိုတာလေး ဒါကြောင့်ဆေးသောက်ပြီး ခြံထဲမှာစာအုပ်ဖတ်ရန်ဆင်းလာခဲ့သည် ။
"သဘာ.."
"ဟင်...ဘယ်လိုရောက်လာတာလဲ"
"ခြံတံခါးဖွင့်ပြီးဝင်လာတာပေါ့"
စာအုပ်ထဲစိတ်ရောက်နေတုန်းရှေ့ကိုလူရောက်လာမှန်းတောင်မသိလိုက် ခေါ်သံကြားမှလှည့်ကြည့်လိုက်တော့ 'Z' ဖြစ်နေသည် ။ ခုလဲပြောပုံကိုကအမြင်ကပ်စရာ
"အာ..အဲ့ဒါတော့သိတာပေါ့ ဘာလာလုပ်တာလဲလို့မေးတာ"
"လမ်းကြုံလို့ပါ"
"ဘယ်လမ်းကနေဘယ်လိုလမ်းကြုံရပြန်တာလဲ"
"ဟား..ဟား..သဘာကတော့မေးြပီကွာ ကဲပါဘယ်လိုဘဲကြုံကြုံဧည့်သည်ကိုဘာမှဧည့်မခံတော့ဘူးလား"
"ဟွန့် ဧည့်သည်အငတ်နဲ့လာတွေ့နေတယ် ထိုင်အုံးခဏ တခုခုသွားယူခဲ့မယ်"
"Ok ပါဗျာ"
သဘာမောင်အိမ်ထဲဝင်သွားမှ လုပ်စရာရှိတာလုပ်ရတော့သည် ။ ကျွန်တော်လက်ခံထားတဲ့အလုပ်တွက်ငွေယူပြီးသွားတာကြောင့်အလုပ်စလုပ်ရတော့မည် ။
ဖျော်ရည်နှစ်ခွက်နဲ့အတူ ပန်းကန်တစ်ချပ်ကိုင်ပြီး ပြန်ထွက်လာတဲ့သဘာဆိုတဲ့ကောင်လေး ချစ်ဖို့ကောင်းလိုက်တာများဗျာ ကျွန်တော်အမှန်တကယ်ရင်ခုန်မိပါသည် ။
"ရော့မြို အိမ်မှာဒါပဲရှိတယ်"
"ကျွေးကောကျွေးချင်ရဲ့လားဟင် လန့်စရာကြီး"
"မကျွေးချင်လဲ ကျွေးရမှာမို့် စကားမများနဲ့စားပြီး ပြန်တော့"
"ဟာ ဘယ်လိုအိမ်ရှင်လဲကွာ ဇွတ်ကြီးနှင်ထုတ်နေတယ်"
"ဇွတ်ဇွတ်ဘဲမရဘူး ရှုပ်ရှုပ်ယှက်ယှက်နဲ့"
"ကိုကညနေမှပြန်မှာ မမပန်းရောင်ကမင်းနဲ့အဖော်နေပေးဖို့မှာထားလို့ မင်းပျင်းနေတာတဲ့အိမ်မှာတစ်ယောက်ထဲဆိုတော့ "
ဟုတ်တော့လဲဟုတ်ပါသည် အိမ်ထဲမှာပဲနေရတာပျင်းပေမဲ့လဲ အပြင်မှမထွက်ရတာ စကားပြောဖော်လေးရှိတော့မဆိုးဘူးလို့တွေးလိုက်မိသည် ။
"ရတယ် မပျင်းဘူး ပြန်လို့ရတယ်"
"No no no မပြန်နိုင်ဘူး ညနေမှပြန်မယ်"
ကျွန်တော်လဲပြောမရတဲ့အဆုံးလက်ခံလိုက်ရသည် ။ ဒီလူစကားအရမ်းများပါသည် သို့ပေမဲ့လဲ ဒီနေ့တွက်တော့မပျင်းရတော့ဘူးပေါ့ ဂိမ်းတွေတူတူဆော့ကြတယ် ၊ ထမင်းတူတူစားကြတယ် ၊ tvတူတူကြည့်ကြတယ် ။ ကျွန်တော်ပျော်ရပါသည် ဒါပေမဲ့သူ့နေရာမှာမောင်ဖြစ်နေရင်တော့ ပိုပျော်မိမှာ ။
ညနေမောင်ပြန်လာတော့ ' Z ' ကကျွန်တော့်ကိုနှုတ်ဆက်ပြီး ပြန်သွားလေသည် ။ မောင်ကတော့စူးစိုက်လို့သာကြည့်နေခဲ့သည် ။ ဘာမှဝင်မပြော အိမ်ထဲမဝင်လာသေးတာကြောင့် ကျွန်တော်လဲအပေါ်တက်ပြီး မောင်အဝတ်အစားလဲဖို့ပြင်ပေးနေလိုက်သည် ။
သိပ်မကြာလိုက်ပါ မောင်စူးစူးဝါးဝါးအော်ပြီး အခန်းထဲရောက်လာခဲ့သည် ။
"ဒါဘာလဲ ငါမေးနေတယ်လေ ဒါဘာလဲလို့!"
မောင့်အော်သံကြောင့်လူကတော်တော်လေးလန့်နေရသည် ။ အခုစာအုပ်တစ်အုပ်ကိုင်ပြီး မေးနေတဲ့မောင့်အမေးကို ကျွန်တော်ကဘယ်လိုသိမှာလဲမောင်ယူလာတာလေ...
"စာ...အုပ်လေ မောင်....ဘာလို့လဲ "
"ဘာလို့လဲ ဟုတ်လား အခြေအနေတွေကမြန်ဆန်လွန်းမနေဘူးလား အိမ်ထိလာပြီး ကြည်နူးနေတယ်ဆိုတော့"
မောင်ဘာတွေပြောနေမှန်းကျွန်တော်တကယ်မသိရိုးအမှန်ပါ ။ သေချာတာတော့Zနဲ့ပတ်သတ်နေတယ်ဆိုတာပါပဲ....
"မောင်..."
"မခေါ်နဲ့ မကြားချင်ဘူး ငါထင်ခဲ့တာက မောင်လို့ခေါ်တာငါတစ်ယောက်ထဲရှိတယ်ထင်ခဲ့တာ ခုတော့ အဟက်"
"မောင်..ဘာပြောချင်တာလဲဒဲ့ဘဲပြောပါ"
"ရော့သိချင်လား ကြည့်လိုက်"
ကိုင်ထားတဲ့စာအုပ်ကိုအိပ်ယာပေါ်ပစ်တင်ပေးလာခဲ့သည် ကျွန်တော်လဲဘာမှန်းမသိတာမို့ချက်ချင်းယူကြည့်လိုက်မိသည် ။
(မောင့်ရဲ့ကောင်လေးရေ....
ကောင်လေးကမောင်လို့မခေါ်နဲ့ဆိုလို့်တွေးကြည့်လိုက်တော့ ကောင်လေးကမောင့်ထက်အသက်ကြီးတာဘဲ ဒီတော့မောင်ကကိုပဲဖြစ် ရပြန်ပြီ ။ ချစ်တယ် မောင့်ကောင်လေး...စာအုပ်လေးကကောင်လေးတွက်မောင့်ရဲ့ချစ်သက်လက်ဆောင်)
from Z ဆိုပြီး ပထမဆုံးစာမျက်နှာတွင်ရေးထားသည်။
"အဟက် ချစ်သက်လက်ဆောင်တဲ့ ရွံလိုက်တာ"
"မဟုတ်ဘူး...မောင် ငါတကယ်မသိတာပါ ပြီးတော့ ဒါကလဲနောက်ချင်ရုံသက်သက်ပဲနေမှာပါ"
"ဟုတ်လား ဒါနဲ့မင်းရဲ့စနောက်ေဖာ်တွေထဲမှာ မောင်ဆိုတဲ့ငါကနံပါတ်ဘယ်လောက်လဲ မောင်တွေသိပ်များနေတော့မေ့နေလောက်ေရာပေါ့ "
"မောင်!ငါ့ဘဝမှာမောင့်ကိုဘဲချစ်ခဲ့တာ မောင်တယောက်ထဲရှိခဲ့တာ မောင့်စကားတွေအရမ်းအစွန်းရောက်နေြပီနော်"
ဒေါသထွက်တာရောဝမ်းနည်းတာရောကြောင့်ငိုပြီး ပြောနေမိသည် ။ ဒါကြောင့်ရွံတယ်လို့ထပ်အပြောခံရပေအုံးမည် ။
"သွားစမ်းပါ အပိုစကားတွေ ချစ်မိခဲ့တုန်းကလဲနာကျင်ပြီးပြီ ပိုင်ဆိုင်ထားပြန်တော့လဲစိတ်မချရ မင်းကဘယ်လိုလူမျိူးလဲဆိုတာ ငါနားမလည်တော့ဘူး သဘာ ရွံတယ်ဆိုတာထက်ပိုပြောလို့ရရင်ပြောချင်သေးတယ်"
"အင်း...မောင် မချစ်ဘူးဆိုလဲ ပထမတကြိမ်ထွက်ပြေးကတည်းကလွတ်မြှောက်ခွင့်ပေးရမှာလေ ဒါမဲ့မောင်ကထပ်ပြီး သိမ်းပိုက်ခဲ့တယ် ဒုတိယအကြိမ်ထပ်ကြိုးစားတော့လဲမောင်ပဲဆွဲထားခဲ့တာလေ မောင်ပခံစားရပြီး မောင်ပဲနာကျင်ရတယ်လို့တစ်ဖက်သတ်ကြီးမတွေးပါနဲ့ "
"တောက်..!နွားဖြစ်နေတဲ့ငါကဘယ်သူ့တွက်ကြည့်ပေးရအုံးမှာလဲ ဟမ်!"
"ကွာရှင်းကြမယ်....ကွာရှင်းကြရအောင်မောင်"
"ဝုန်း! "
နံရံကိုမောင်လက်သီးနဲ့ထိုးလိုက်သည် လက်မှာသွေးစလေးတွေတွဲခိုလျက်
"ထပ်မပြောနဲ့ မင်းကိုယူထားတာကွာပေးဖို့မဟုတ်ဘူးလို့ပြောပြီးပြီလေ "
"မောင် အတ္တကြီးတယ် "
"ဟုတ်တယ် အဲ့လိုအတ္တကြီးတတ်အောင်သင်ပေးခဲ့တဲ့သူရှိနေခဲ့လို့လေ"
"......."
"ငါ့နောက်ကွယ်မှာ အတိတ်ကလိုအဖြစ်အပျက်မျိူးထပ်ဖြစ်ရင် နှစ်ယောက်လုံးအရှင်မထားဘူးနော်...အေး "
ပြောချင်တာပြောပြီး ထွက်သွားသောမောင်... နာကျင်ရတာထက်ပိုပါသည် ။ တကယ်ပါ မောင်ကိုချစ်မိတာနောင်တရမိသည် ။ အရမ်းလဲပင်ပန်းနေပြီ ။ ခုဖြစ်တဲ့ကိစ္စမှာလဲ မောင့်ဘက်ကသဘောထားကြီးပြီး အေးအေးဆေးဆေးမေးလို့ရပါရက်နဲ့ မောင်ရက်စက်ပြီး စကားလုံးတွေနဲ့ထပ်ပြီးအနိုင်ယူသွားခဲ့ပြန်ပြီ ။
"မောင့်ကိုမေ့ပစ်ဖို့ကြိုးစားပါရစေ"
__________________
ကြွေလွင့်သွားသော
Candy
__________________