(Unicode)
(Belief of Bff)
ရှောင်းကျန့် Peonyနဲ့အတူပန်းချီပြခန်းမှာရောက်နေခြင်း။အပြင်မှာဆိုPeonyတွက်မလုံခြုံနိုင်တာမို့ရှောင်းကျန့်ပန်းချီဆွဲတဲ့သီးသန့်ခန်းမှာPeonyကိုခေါ်ထားလိုက်တယ်။ဂြိုလ်သားပေါက်ကသူပန်းချီဆွဲတာကိုဘေးကထိုင်ကြည့်ရင်းစုပ်တံတစ်ချောင်းကိုင်ကာရေဆေးတွေကိုစုပ်တံနဲ့ယူပြီးသူ့မျက်နှာကိုစိတ်ကြိုက်ဟိုခြစ်ဒီခြစ်လုပ်ကာတခစ်ခစ်နဲ့ရယ်နေလေရဲ့။
"အဟိ...ကျန့်ကျန့်...အယ် လှသွားပြီ...ခစ်...အာ ဒီနားလေးကျန်သေးတယ်...အမ် အစိမ်းရောင်လေးခြယ်ရမယ်..."
ရှောင်းကျန့် ဆွဲလက်စပန်းချီကားကိုလက်စသတ်ရင်းPeonyလုပ်သမျှကိုငြိမ်ငြိမ်လေးခံယူနေလိုက်တယ်။ပန်းချီကားကိုအဆုံးသတ်လို့ပြီးတော့ရှောင်းကျန့်သူ့မျက်နှာပေါ်ဆေးရောင်စုံတွေနဲ့ခြယ်သဖွင့်ပြင်နေတဲ့Peonyလက်နှစ်ဖက်ကိုဖမ်းကိုင်လိုက်တော့အကောင်ပေါက်ကနှုတ်ခမ်းထော်ကာထော်ကာနဲ့သူ့ကိုတောင်အပြစ်တင်လိုက်သေး။
"ဟာ...ကျန့်ကျန့်...ဒီမှာ အစိမ်းရောင်လိုနေသေးတယ်လေ...ကျွန်တော့်လက်ကိုဘာလို့လာကိုင်ထားတာလဲ..."
"အဟွန်း...ပြီးတော့မှထပ်ခြယ်တော့...လာ ကိုယ့်ပေါင်ပေါ်လာထိုင် ဒီပန်းချီကားထဲကဘယ်သူတွေလည်းကြည့်ပါဦး..."
ရှောင်းကျန့် ပြောရင်းPeonyကိုသူ့ပေါင်ပေါ်ထိုင်စေကာခါးသိမ်သိမ်လေးကိုလက်နှစ်ဖက်နဲ့ဖက်ထားလိုက်တယ်။
"အယ်...ဒါကျန့်ကျန့်မှတ်လား နှုတ်ခမ်းအောက်မှာမဲမဲအစက်လေးတောင်ပါသေးတယ်... ဒါနဲ့ကျန့်ကျန့်ပေါ်မှာအိပ်နေတာဘယ်သူလဲဟင်..."
Peonyကပန်းချီကားပေါ်ကမြစ်ကမ်းနဘေးမှာအိပ်ပျော်နေတဲ့ကောင်လေးနှစ်ယောက်ကိုကြည့်ကာရှောင်းကျန့်ကိုကျမှတ်မိပြီးခါးမှာဖြူလွှလွှအဝတ်စလေးသာအုပ်ထားပြီးသူ့ရင်ဘက်ပေါ်မှာအိပ်ပျော်နေတဲ့ကောင်လေးကိုသူ့ကိုယ်သူမှန်းမသိရှာပေ။
"အဟက်...Peonyသေချာကြည့်ပါဦး ဒီနားရွက်ရှည်ရှည်လေးတွေကဘယ်သူ့မှာပဲရှိတာလဲဆိုတာ... သိပြီလားဒီဖြူလုံးလုံးအကောင်လေးကဘယ်သူတုန်း..."
"အော်ဟော်...အဟိ ဒါဆိုကျန့်ကျန့်ပေါ်မှာအိပ်နေတာ ကျွန်တော်ပေါ့နော်..."
"ဒါပေါ့...ဘယ်သူရှိရဦးမှာလဲ Peonyမှတ်မိလား ကိုယ်တို့စတွေ့တုန်းကPeonyကဂြိုလ်သားလေးဆိုတာကိုယ်ဘယ်လိုမှမယုံကြည်နိုင်ခဲ့ဘူး...Peonyကိုလူထူးဆန်းလေးလို့ပဲကိုယ်ထင်နေတာ..."
ရှောင်းကျန့် ပြောပြီးPeonyခေါင်းလေးကိုသူ့မျက်နှာနားငုပ်ကျစေကာPeonyနှခေါင်းလုံးလုံးလေးကိုသူ့နှခေါင်းချွန်ချွန်နဲ့ထိဆက်စေလိုက်ပြီးနှုတ်ခမ်းလေးကိုမထိတထိနမ်းတော့Peonyကသွားတန်းဖြူဖြူလေးတွေပေါ်သည်အထိနှစ်နှစ်ခြိုက်ခြိုက်ပြုံးပြတယ်။
ရှောင်းကျန့် ရဲတက်လာတဲ့Peonyပါးဖောင်းဖောင်းလေးနှစ်ဖက်ကိုဖျစ်ညှစ်မိတော့အကောင်ပေါက်လေးကသူ့နှုတ်ခမ်းအောက်ကမှဲ့နက်လေးကိုဖွဖွကိုင်ကြည့်နေရာကနေသူ့ကိုတားဆီးသလိုမကြည်ကြည့် ကြည့်ကာအပြစ်ဖို့စကားဆိုတယ်။
"ကျန့်ကျန့်...သူများပါးကိုဘာလို့အဲ့လောက်တောင်ညှစ်နေတာလဲ...နာတယ်ဗျ...ဟာ ပြောနေတာကို ကျန့်ကျန့်ကလည်းဗျာ..."
ရှောင်းကျန့် Peonyပြောနေတာတောင်Peonyပါးနှစ်ဖက်ကိုပိုပိုပြီးဖျစ်ညှစ်မိတော့ဂြိုလ်သားပေါက်ကငြိုငြင်ပြီလေ။
"နာတာလား...ဒါဆို နာတာပျောက်သွားအောင် မွှေးမွှေးပေးမယ် လာထား..."
"အ...ဟိ...ကျန့်ကျန့်ရား ဆေးတွေကျွန်တော့်မျက်နှာကိုပါပေကုန်တော့မယ်...ဟား..."
ရှောင်းကျန့် Peonyပါးနှစ်ဖက်လုံးကိုသူ့နှခေါင်းချွန်ချွန်နစ်ဝင်သွားတဲ့အထိတရှုံ့ရှုံ့နမ်းတော့Peonyကသူ့ပေါင်ပေါ်မှာထိုင်နေရာကနေခြေထောက်လေးတွေပါကြမ်းပြင်နဲ့လွတ်တဲ့အထိမြှောက်ကာရယ်ရင်းသဘောကျလို့မဆုံး။
" ရှောင်းကျန့်!.... ပြဿနာတက်ပြီ..."
ရုတ်တရက်ကျန်းချန်ကအခန်းထဲပြေးဝင်လာကာရှောင်းကျန့်တို့နှစ်ယောက်ကိုထိပ်ထိပ်ပြာပြာနဲ့ကြည့်ကာပြောတယ်။
"ကျန်းချန်... ဘယ်လိုကိစ္စမို့မင်းပုံစံက သရဲသဘက်တွေ့သလိုဖြစ်နေရတာလဲ...မင်းကြည့်ရတာမသက်သာလိုက်တာ..."
ရှောင်းကျန့်မေးတော့ကျန်းချန်ကသူ့ပေါင်ပေါ်ကPeonyကိုတစ်ချက်ကြည့်ကာရှောင်းကျန့်ကိုတခုခုပြောချင်နေသလိုစိုးထိပ်စွာကြည့်နေတာကြောင့်ရှောင်းကျန့်အခြေနေကိုနားလည်သလိုPeonyကိုအခန်းထဲမှာခဏနေခဲ့ဖို့ပြောလိုက်တယ်။
"Peony...ဒီမှာခဏနေခဲ့နော်...ကိုယ်ကျန်းချန်နဲ့စကားပြောလိုက်ဦးမယ်..."
"ဟုတ်...ကျန့်ကျန့်..."
"အဟွန်း...လိမ္မာတယ်...ပြွစ်!.."
ရှောင်းကျန့်Peonyနှဖူးလေးကိုတစ်ချက်နမ်းကာကျန်းချန်နားလျှောက်သွားလိုက်တယ်။
"ကျန်းချန်... မင်းတစ်ခုခုသိလာလို့လား ဘာကိစ္စလဲ..."
".ဒီမှာ မင်းဘာသာကြည့်တော့...အဲ့ကိစ္စဘယ်လိုဖြစ်ရတာလဲ...ငါ့ကိုအရင်ရှင်းဦး..."
ကျန်းချန် ကလက်ထဲမှာကိုင်ထားတဲ့ဖုန်းကိုသူ့စီကမ်းပေးရင်းပြောတော့ရှောင်းကျန့်ယူကြည့်လိုက်တယ်။phone screenပေါ်မှာနေရာယူနေတာကမနေ့ညကကားပါကင်မှာMerryနဲ့သူ့ရဲ့မဖွယ်မရာပုံတွေနဲ့Xiaoလုပ်ငန်းစု၏ဆက်ခံသူရှောင်းရှောင်းကျန့်နှင့်ချစ်သူမိန်းကလေး၏နောက်ကွယ်မှအချစ်ဇာတ်လမ်းဆိုပဲ။
"တောက်စ်!...ဒီမိန်းမတွေ ကောက်ကျစ်လိုက်တာ အရှက်ကိုမရှိဘူး..."
" ရှောင်းကျန့်...အဲ့ဒါထားဦး ဘယ်လိုဖြစ်တာလဲဒီပုံတွေက အနေထားတွေကeditလုပ်လို့ရတာတွေမဟုတ်ဘူး..."
ရှောင်းကျန့် ကျန်းချန် အမေးကိုချက်ချင်းမဖြေသေးပဲသူဆွဲထားတဲ့ပန်းချီကားကိုသေချာစူးစမ်းနေတဲ့Peonyကိုလှမ်းကြည့်လိုက်ကာဒေါသစိတ်ကိုလျော့နိုင်သလောက်ဖြေလျော့လိုက်တယ်။ဒီလိုဖြစ်လာမယ်မှန်းသိပေမဲ့ ဒီလောက်ထိမြန်မြန်ဆန်ဆန်ဖြစ်သွားလိမ့်မယ်လို့ရှောင်းကျန့်မတွေးမိ။
"ဟုတ်တယ်ကျန်းချန်...ငါအဲ့ညကဆေးခပ်ခံရတာ ဒါမဲ့Merryဆိုတဲ့မိန်းမနဲ့ ငါလွန်လွန်ကြူးကြူးမဖြစ်ခဲ့ဘူး...ဒါတွေအားလုံးဒေါ်ရိုစီလက်ချက်ပဲ..."
"ဟာ...ဒီမိန်းမကြီးတော်တော်ယုတ်မာတာပဲ...ဒီကိစ္စမင်းဘယ်လိုဖြေရှင်းမှာလဲ မင်းပါးကဒီကိစ္စနဲ့ပတ်သက်ပြီးMerryနဲ့လက်ထပ်ဖို့မင်းကိုဖိအားပေးလာနိုင်တယ်...ပြီးတော့မင်းမှာPeonyရှိသေးတယ်လေ..."
ကာယကံရှင်ကရှောင်းကျန့်ဖြစ်ပေမဲ့ကျန်းချန်ကဒီကိစ္စနဲ့ပတ်သပ်ပြီးတော်တော်ခံပြင်းနေပုံပဲဒေါသတကြီးအံကြိတ်ကာစုပ်တသက်သက်နဲ့မေးခွန်းထုတ်တယ်။
"ငါMerryဆိုတဲ့မိန်းမကိုတော့ဘယ်လိုမှ လက်မထပ်နိုင်ဘူး...ငါမနက်ဖြန်ဒီကိစ္စနဲ့ပတ်သပ်ပြီး သတင်းစာရှင်းလင်းပွဲလုပ်မယ်ကျန်းချန်...ဘယ်လိုပဲဖြစ်ဖြစ်ဒေါ်ရိုစီရဲ့ထောင်ချောက်ထဲကိုတော့ ဝင်လို့မဖြစ်ဘူး..."
ရှောင်းကျန့် ပြောတော့ကျန်းချန်ကသူ့ပုခုံးကိုဖိနှိပ်ရင်း
"ငါမင်းကိုယုံတယ်ရှောင်းကျန့်...မင်းဒီကိစ္စကိုသေချာကိုင်တွယ်နိုင်မယ်ဆိုတာ ငါရော ဟောက်ရွှမ်းတို့ရော မင်းဘက်မှာရှိတယ်...ပြီးတော့Peonyရောပဲ..."
" ကျေးဇူးပါကွာ...မင်းတို့ကငါ့အတွက်တော့တကယ့်သူငယ်ချင်းကောင်းတွေပဲ...ငါ့ကိုယုံကြည်ပေးလို့လဲ ထပ်ပြီးကျေးဇူးတင်တယ်..."
"အဟား...မနက်ဖြန်တွက်ကံကောင်းပါစေသူငယ်ချင်း...ငါတို့မင်းဘက်ကအမြဲရပ်တည်ပေးနေမယ်..."
ကျန်းချန် စကားအဆုံးရှောင်းကျန့်တို့လက်တွေကိုတင်းတင်းကျပ်ကျပ်စုပ်ကိုင်လိုက်ကြတယ်။ရှောင်းကျန့်မှာသူ့ကိုအမြဲယုံကြည်ပေးတဲ့သူငယ်ချင်းတွေပိုင်ဆိုင်ထားရတာ သူ့အတွက်တော့ဆုလာဘ်တစ်ခုဘဲ။
---------------------🦋---------------------
ကျန်းချန် ပြောတဲ့အတိုင်းပဲ ပါးကMerryဆိုတဲ့မိန်းမနဲ့လက်ထပ်ပြီးကုမ္ပဏီဂုဏ်သိက္ခာကိုမထိပါးအောင်ရှောင်းကျန့်ကိုဖိအားပေးလာတယ်။အဟက် ဂုဏ်သိက္ခာဆိုတဲ့အရာကြီးကပါးအတွက်သားတစ်ယောက်ရဲ့ဘဝထက်ပိုအရေးပါနေပုံပဲ။
ပါးသူ့ကိုဒီလိုဖိအားပေးလာတာဒေါ်ရိုစီဆိုတဲ့မိထွေးမကြီးရဲ့စနပ်တွေလည်းပါတာပေါ့။ဒါမဲ့ ဒေါ်ရိုစီကသူ့ကိုလျှော့တွက်လွန်းတယ်။ဒီလောက်နဲ့သူ့ကိုပြိုလဲအောင်လုပ်နိုင်မယ်တဲ့လား။
📲📲📲📲📲
"ပါး...ကျွန်တော်ပြောပြီးပြီလေ မနက်ဖြန်သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့...ကျွန်တော့်ကိုအဲ့မိန်းမနဲ့လက်ထပ်ဖို့ထပ်ပြီးဖိအားမပေးပါနဲ့တော့...ကျွန်တော့်ချစ်သူကလွဲပြီးဘယ်မိန်းမကိုမှ ကျွန်တော့်ဘဝလက်တွဲဖော်အဖြစ်မသတ်မှတ်နိုင်ဘူး...ဒီကိစ္စနဲ့ပတ်သက်ပြီးပါးဂုဏ်သိက္ခာထိခိုက်သွားတယ်ဆိုရင်လဲ ကျွန်တော်အနူးညွတ်တောင်းပန်ပါတယ်...ဒါပဲ ကျွန်တော်ဖုန်းချလိုက်တော့မယ်..."
ရှောင်းကျန့် ပါးဘက်ကတုံ့ပြန်စကားကိုစောင့်ဆိုင်းမနေတော့ပဲချက်ချင်းဖုန်းချလိုက်တယ်။လက်ထဲကဖုန်းကိုpower offကာsofaပေါ်ပစ်တင်လိုက်ပြီးစိတ်ရှုပ်ရှုပ်နဲ့ဆံပင်တွေကိုထိုးဖွနေမိတယ်။
ရှောင်းကျန့် ရှပ်အက်ျီကြယ်သီးနှစ်လုံးလောက်ဖြုတ်လိုက်ပြီးလေပူတစ်ချက်မှုတ်ထုပ်ကာကုတင်ပေါ်မှာအပူပင်ကင်းစွာအိပ်စက်နေတဲ့Peonyနားလျှောက်သွားလိုက်တယ်။Peonyနှဖူးပေါ့ဝဲကျနေတဲ့ဆံသားနုနုလေးတွေကိုသပ်တင်ပေးရင်းပါးဖောင်းဖောင်းလေးတစ်ဖက်ကိုဖွဖွပွတ်သပ်ကာလက်ဖမိုးလေးကိုဖိနမ်းလိုက်တယ်။
"Peonyသာကိုယ့်နားမှာရှိနေရင် ကိုယ်အရာရာကိုသတိရှိရှိရင်ဆိုင်သွားမှာ...မနက်ဖြန်ရော နေ့ရက်တိုင်းကိုယ့်ကိုယုံယုံကြည်ကြည်နဲ့ ဖက်တွယ်ထားပေးပါPeony..."
Peonyနဲ့အတူရှိနေနိုင်ဖို့အတွက်အချစ်တွက်သူစွန့်စားချိန်တန်ပြီနဲ့တူပါတယ်။ဒါမဲ့ သူမမှုပါဘူးဒီလက်ကလေးကိုသာ ထာဝရ စုပ်ကိုင်ထားခွင့်ရမယ်ဆိုရင်ပေါ့။
---------------------🦋---------------------
"Mr.Xiao ...Mr.Xiao မေးခွန်းလေးမေးချင်လို့ပါ ကျေးဇူးပြုပြီးဖြေပေးပါ..."
"ကျွန်တော်တို့မေးခွန်းလေးတွေဖြေပေးပါ Mr.Xiao....အခုတက်လာတဲ့သတင်းတွေကအမှန်ပဲလား...ဖြေပေးပါ..."
"Mr.Xiao...တကယ်ပဲသတင်းထဲမိန်းကလေးက Mr.Xiaoရဲ့ချစ်သူပါလား...ဖြေပေးပါရှင့်..."
ရှောင်းကျန့် သတင်းစာရှင်းလင်းပွဲစီခြေချလိုက်တယ်ဆိုရင်ပဲသတင်းmediaတွေကသူ့စီစုပြုံလာကာမေးခွန်းပေါင်းသောင်းခြောက်ထောင်မေးနေကြတာနားမခံသာဖွယ်။တကယ်ပဲ စိတ်ရှုပ်ဖို့ကောင်းတယ်။အာ့ကြောင့်စီးပွားရေးလောကကြီးကို သူစိတ်ကုန်တာ။
"ဟုတ်ကဲ့...တအောင့်နေ ကျွန်တော်ဒီကိစ္စကိုရှင်းရှင်းလင်းလင်းဖြစ်အောင် ဖြေရှင်းပေးသွားမှာပါ...ခုတော့ကျွန်တော့်ကိုခွင့်ပြုပါဦး..."
ရှောင်းကျန့် ပြောကာလုံခြုံရေးဝန်ထမ်းတွေရဲ့အကူညီနဲ့mediaသတင်းသမားတွေရဲ့အလယ်ကနေstateပေါ်တက်သွားလိုက်တယ်။လူတွေလဲအံ့ပါ့။ကိုယ်နဲ့မဆိုင်ဘဲသူများကိစ္စကိုအလုအယက်စိတ်ဝင်တစားစုံစမ်းနေကြတာသူတို့ပဲတက်နိုင်ကြတယ်။
ရှောင်းကျန့် stateပေါ်မှာနေရာယူအပြီးပါးရောဒေါ်ရိုစီရောရောက်လာကြကာသူ့ဘေးမှာနေရာဝင်ယူလိုက်ကြတော့လူစုံသွားတယ်။ရှောင်းကျန့်stateအောက်ကmediaတွေကြားမျက်လုံးတချက်ဝေ့ကြည့်လိုက်တော့ကျန်းချန် ဟောက်ရွှမ်း ကျိရန်နဲ့ ဝမ်ချင်တို့ကလူအုပ်ကြီးနောက်မှာရပ်ကာသူ့ကိုအားပေးသလို fighting လုပ်နေကြတယ်။
ပြီးတော့သူ့ချစ်သူလေးPeonyကလူတအားများတာကြောင့်ခေါင်းစွပ်လေးကိုမျက်နှာဖုံးသည်အထိအုပ်ထားကာကျန်းချန်တို့အဖွဲ့နဲ့အတူငြိမ်ငြိမ်လေးရပ်နေပြီးstateပေါ်ကသူ့ကိုလှမ်းကြည့်နေတယ်။ရှောင်းကျန့်Peonyနဲ့သူငယ်ချင်းတစုကိုပြုံးပြကာခေါင်းငြိမ့်ပြလ်ိုက်ပြီး
"ဟုတ်ကဲ့...ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲက ဘာအတွက်လဲဆိုတာ အားလုံးသိကြပြီးသားဖြစ်မှာပါ..."
ရှောင်းကျန့် ရဲ့ပြတ်ပြတ်သားသားခပ်သြသြအသံmicrophoneမှတဆင့်ဟိန်းထွက်သွားတာနဲ့stateအောက်ကလှုပ်လှုပ်ရွရွဖြစ်နေတဲ့လူအုပ်ကြီးကတိခနဲငြိမ်ကျသွားတယ်။ရှောင်းကျန့်နဘေးကပါးနဲ့ဒေါ်ရိုစီကိုတချက်စောင်းငဲ့ကြည့်လိုက်ပြီး
"ကျွန်တော် အရင်ဆုံးပြောချင်တာကတော့...သတင်းထဲကဓာတ်ပုံတွေကဘယ်သူရိုက်ထားမှန်းမသိပေမဲ့...အမှန်တွေပါ..."
ရှောင်းကျန့် စကားအဆုံးသတင်းmediaတွေကသို့လောသို့လောနဲ့တွတ်တွတ်ထိုးနေကြပြီးဒေါ်ရိုစီကဆေးဆိုးပန်းရိုက်နှုတ်ခမ်းကိုတွန့်ကွေးအောင်ပြုံးရင်းရှောင်းကျန့်ရဲ့နောက်ဆက်တွဲစကားကိုမမျှော်လင့်ထားပုံပဲ။
"ဒါပေမဲ့....ဓာတ်ပုံတွေကအမှန်ဆိုပေမဲ့ သတင်းထဲကမိန်းကလေးနဲ့ကျွန်တော်နဲ့ကချစ်သူတွေလည်းမဟုတ်သလိုဘာပတ်သက်မှုမှမရှိပါဘူး လွန်လွန်ကြူးကြူးလည်းမဖြစ်ခဲ့ကြပါဘူး ဒီကိစ္စတွက်ကျွန်တော့်မှာcctvမှတ်တမ်းတွေရှိပါတယ်...ကျွန်တော်အဲ့ညကမသာမာသူတစ်ယောက်ရဲ့ ယုတ်ညံ့တဲ့ကြံစည်မှုကြောင့် ဒီလိုပုံတွေထွက်လာရတာပါ...ကျွန်တော့်ဂုဏ်သိက္ခာနဲ့ရင်းပြီးအမှန်တွေဖြစ်ကြောင်းပြောရဲပါတယ်...နောက်ပြီးကျွန်တော့်မှာသိပ်ချစ်ရတဲ့ ကျွန်တော်လက်ထပ်ဖို့ထိရည်ရွယ်ထားတဲ့ချစ်သူရှိပြီးသားပါ..."
"ဟာ..." "ဟင်..."
ရှောင်းကျန့် ရဲ့ဖြေရှင်းချက်အပြီးstateအောက်ကmediaတွေအကုန်ဟာခနဲဟင်ခနဲဖြစ်သွားသလို ဒေါ်ရိုစီ့မျက်နှာဟာ ပြိုတော့မယ့်မိုးလိုညှို့မှိုင်းလို့။ကျန်းချန်နဲ့သူငယ်ချင်းတသိုက်ကတော့ သူ့ကိုအားရသလိုလက်မတထောင်ထောင်။
"ဟုတ်ကဲ့...ဘာများမရှင်းတာရှိသေးလဲခမျ..."
"Mr.Xiaoရှင့်....သတင်းထဲကမိန်းကလေးက Mr.Xiaoရဲ့ချစ်သူမဟုတ်ဘူးဆို Mr.Xiaoလက်ထပ်ဖို့ထိရည်ရွယ်ထားသူက ဘယ်သူများဖြစ်မလဲရှင့်..."
"အာ....အဲ့ဒါကတော့ ကျွန်တော့်ရဲ့Personalကိစ္စမို့ မဖြေနိုင်ပါဘူး..."
"ဒါပေမဲ့...Mr.Xiao ရဲ့ချစ်သူကို လူသိရှင်ကြားဘာလို့မတွဲရတာလဲ...Mr.Xiaoရဲ့ချစ်သူကိုofficialချပြစေချင်ပါတယ်...ဒါမှ ခုထွက်နေတဲ့သတင်းတွေကိုပြန်ချေပဖို့လုံလောက်မှာပါ Mr.Xiao..."
----------------------🦋---------------------
Continue -Part(17)
ကယ်ကျန့်ကျန့်ကိုဘယ်လိုလုပ်စေချင်ကြလဲသဲငယ်တို့🤷♀️
မကောင်းမကန်းလေးကိုသည်းခံဖတ်ပေးတဲ့ဒါလေးတွေကျေးဇူးလည်းတင်တယ်ချစ်လည်းများကြီးချစ်တယ်နော်😘all ai ni🙆ကျန်းမာရေးဂရုစိုက်ကြနော်သဲငယ်တို့😷
Vote&feelback 🙏🙏🙏
(Zawgyi)
(Belief of Bff)
"ဟုတ်...ကျန့်ကျန့်..."
---------------------🦋---------------------
📲📲📲📲📲
---------------------🦋---------------------
"ဟာ..." "ဟင်..."
----------------------🦋---------------------
Continue -Part(17)
Vote&feelback 🙏🙏🙏