ႏွင္းေငြ ့ေတြေဝေန၍ ျပတင္းတစ္ဖက္မျွမင္ကြင္းဟာ မႈန္ဝါးဝါးရိွေနသည္။
ပါေမာကၡ၏ စာရြတ္သံ မွလြဲ၍ အတန္းတစ္ခုလံုးဟာ အပ္က်သံပင္မၾကားရေအာင္ တိတ္ဆိတ္လ်ွက္..
ေက်ာင္းသားေတြအကုန္လံုး စိတ္ပါ၀င္စားစြာေရးမွတ္ေနတာကိုျမင္ေတာ့
ဒီအခ်ိန္ လူတစ္ေယာက္မ်ားငိုက္ေနမလားဟုေတြးမိရင္း ၿပံဳးရျပန္သည္။
"Namjoon ေန့လည္စာတူတူစားရေအာင္"
အတန္းၿပီးၿပီးခ်င္းေရေမႊးနံ ့တစ္ခုႏွင့္အတူ သူ႔ေဘးနားေရာက္လာေသာ မိန္းမပ်ိဳေလးကို ငဲ့ေစာင္းမၾကၫ့္အားပဲ အိတ္ထဲစာအုပ္အထၫ့္မပ်က္ေခါင္းယမ္းလိုက္သည္။
"ဘာလို႔လဲဟင္ ခ်ိန္းထားတာရိွလို႔လား"
Namjoonအနက္ေရာက္ေခါင္းစြပ္ကိုနားရြက္ဖ်ားမ်ားလံုေအာက္အထိ ဆြဲခ်လိုက္ရင္း ထရပ္လိုက္သည္။
သူ႔ရင္ဘတ္နားေရာက္ေနေသာ သိုးေမႊးလံုးေလးလို မိန္းကေလးအား ေရွာင္ရင္း အတန္းျပင္ကိုသာထြက္လာခဲ့သည္။
လွၫ့္မၾကၫ့္ေပမဲ့ အသံေပါင္းစံုကေနာက္မွာထြက္လ်ွက္က်န္ေနခဲ့ၾက၏။
တစ္ဖက္သားရ ဲ့ခံစားခ်က္ကို ဂရုစိုက္ေပးၿပီး ဘာလုပ္မွာလဲ?
ကိုယ့္ခံစားခ်က္ကသာအၿမဲအဓိကက် သည္ဟု သူယံုၾကည္ထားသည္။
.
.
.
.
.
ေက်ာင္းကန္တင္းကိုေျခခ်ေသာ္လည္း ရွာေနေသာအရိပ္အေယာင္ကိုမေတြ ့ရေသး..
ဒီအခ်ိန္ဆို SeokJinတို႔အတန္းကအခ်ိန္ၾကာႀကီးသင္တတ္တာကိုေတာ့သူသိသည္။
ဆူညံေနေသာ ပတ္၀န္းက်င္ဟာ ၾကားခ်င္ေနသၫ့္အသံမပါေတာ့ အသက္မ၀င္သလိုခံစားရတာမို႔ သူလွၫ့္ထြက္ခဲ့လိုက္သည္။
ေယာင္ခ်ာခ်ာႏိုင္ေနတဲ့သူ႔ပံုစံက ရွက္စရာေကာင္းသည္။ SeokJinမပါတဲ့ ပံုမွန္ေန့ရက္ေတြက ဟာတာတာႏိုင္လြန္းလွ၏။
"Namjoon.."
ၾကားခ်င္ေနခဲ့ေသာ အသံေလးက သူ႔ေနာက္ေက်ာဆီမွထြက္လာခဲ့သည္။
ထို႔ေနာက္ သူ႔ေရွ ့သို႔ေရာက္လာေသာ ေျခတစ္စံု..
လက္ထဲကေကာ္ဖီဗူးတစ္ဘူးႏွင့္ ေပါင္မုန႔္ပူပူကိုကိုင္ထားၿပီး ကပ်ာကယာထလိုက္လာရဟန္..
"ဘာလဲ"
"စကားေျပာရေအာင္"
.
.
.
.
ကားထဲေရာက္တာအေတာ္ၾကာသၫ့္အထိ သူတို႔ႏွစ္ဦးစလံုးေျပာစရာစကားအစရွာ၍မရ..SeokJinလက္ထဲက ေအးစက္ေနပံုေပၚေသာ ေကာ္ဖီဗူးေလးကို သူေဝ ့ၾကၫ့္လိုက္ရင္း
"ဘာေျပာမွာလဲ"
"ဒီေလာက္နဲ႔ရပ္လိုက္ၾကေတာ့မလား..
ငါတို႔ဆက္ဆံေရးကို"
ေစာေစာက ကိုယ့္ကိုျပန္ေခၚ၍ စိတ္ထဲႀကိတ္၍ ၾကည္ႏူးေနတာေလးမ်ား ခ်က္ခ်င္းပ်က္ကုန္ၿပီး ေဒါသေသြးေတြ တပြက္ပြက္ဆူထလာသည္။
"ေျပာမယ္ဆိုတာ ဒီစကားလား"
SeokJinကဘာမွမေျပာပဲ တစ္ဖက္ကိုပဲ ေငးေနကာ သက္ျပင္း ေတြသာခ်ေနသည္။
"ရတယ္ေလ..ဒီလိုပဲလုပ္ၾကတာေပါ့"
အံကိုတင္း၍ ေျပာလိုက္ေသာ သူ႔စကားအဆံုးSeokJinက ထင္ထားသားပဲ ဟူေသာမ်က္ႏွာေပးျဖင့္ စိုက္ၾကၫ့္လာသည္။ ထို႔ေနာက္ ေခါင္းကို တဆတ္ဆတ္ၿငိမ့္ရင္း
"ဒါဆို ငါသြားျပီ"
ကားတံခါးကိုလက္လွမ္းကာ ထြက္မည္ျပင္ေနေသာ လက္တစ္ဖက္ကိုလွမ္းဆြဲကာ Namjoonရုန္းထြက္မရေအာင္ဖက္လိုက္သည္။
"မဟုတ္မွလြဲေရာ ငါအဲ့လိုေျပာမယ္ထင္ေနတာလား.. မရရတဲ့နည္းသံုးၿပီး မင္းကိုဆြဲထားမွာ သိရဲ ့လား"
SeokJinၿငိမ္သက္သြားရင္း
"အမ်ိဳးမ်ိဳးေတြလာမလုပ္နဲ႔ကြာ..ဖယ္စမ္း"
ေဒါသသံပါလာကာ မ်က္ႏွာေခ်ာေမြ့ေမြ ့ဟာလည္း ရဲရဲနီေနသည္။ မနမ္းရတာၾကာေသာ ပါးျပင္ေလးကို သူခပ္ဖြဖြထိလိုက္ရင္း
" ဘာေတြမ်ားမွန္ေနလို႔ ေဒါသထြက္ေနရတာလဲ"
Namjoonေဒါသေတြဟာ အေငြ ့အသက္ေလးတစ္ခုေအာက္မွာ ၿငိမ္းခ်မ္းကုန္သည္။
ျမင္ေနရံုေလးႏွင့္ကို ခ်စ္မ၀ျဖစ္ရသည္..
အမ်ားႏွင့္မတူေအာင္ ခ်စ္ေပးခ်င္သည္..
ဒါေတြကို ဒီလူဆိုးေလးနားမလည္တာကို စိတ္ပိုတိုရ၏။
" ေျပာ..ငါ့ကိုမေတြ ့တဲ့ရက္ေတြ ဘာလို႔လာမရွာတာလဲ? ဖုန္းလဲမဆက္ဘူး..
ငါမရိွတာေတာင္ တျခားသူေတြ နဲ႔ ဒီပါးစပ္ေလးက ရယ္ေနႏိုင္ရတာလဲ "
"ဟာ မင္းပဲ မေတြ ့ပဲေနၾကရေအာင္ဆို
messageပို႔တယ္မဟုတ္လား"
အလ်င္အျမန္ညည္းၫူသံေလးႏွင့္ရွင္းျပေတာ့
Namjoonစိတ္မဆိုးႏိုင္ေတာ့ပဲ ရယ္မိသြားသည္။ နာသယ္ေမႊးႏုႏုေလးမ်ားကို ဖိကပ္ကာနမ္းလိုက္ရင္း
"အရူး..အဲ့စာရရင္လာေတြ ့ရမွာေပါ့..
ဘာလို႔လဲ ဆိုတဲ့ေမးခြန္းေတြနဲ႔ ငါ့ဆီေျပးလာရမွာ မဟုတ္ဘူးလား"
"အာ ငါမွရည္းစားမထားဘူးတာ..
ေနာက္ဆို အထာေတြမကိုင္စမ္းပါနဲ႔ ငါမသိဘူး
လာေတြ ့ေစခ်င္ရင္ ဒဲ့ေျပာပါကြ"
Namjoonတင္းၾကပ္ေအာင္ဖက္ထားေသာ သူ႔လက္ေတြကို ေလ်ာ့ေပးလိုက္ကာ ေခါင္းလံုးလံုးေလးေပၚေမးတင္ရင္း
"ေမ်ွာ္ေနတာ
မေနႏိုင္ေတာ့လို႔ ေက်ာင္းလာေတာ့ မင္းကအရမ္းၿပံဳးေပ်ာ္ေနတယ္ေလ.."
ၿငိမ္ကာနားေထာင္ေနေသာ လူဆိုးေလးက
သူ႔ရင္ခြင္ထဲတြင္ ေနသားတက်..
" ငါ့ခံစားခ်က္ကမ်က္ႏွာမွာမွမေပၚတာ"
Namjoonဘာမွဆက္မေျပာပဲ ကိုယ္ကိုယိမ္းကာ ကိုယ္လံုးေလးကို တိုးဖက္လိုက္သည္။
ဘယ္ေလာက္ေတာင္လြမ္းေနခဲ့လိုက္သလဲ?
"Namjoon..မင္းအေမဘာေျပာလဲ"
"ေတြ ့ခ်င္လား ေခၚသြားေပးမယ္"
"ဟာ ဒီတိုင္းေမးတာပါ"
ဆြယ္တာထူထူေအာက္မွ နစ္ျမဳပ္ေနေသာ လက္ဖဝါးႏွစ္ဖက္ကို ဆုပ္ကိုင္ရင္း သူခပ္ဖြဖြအနမ္းေႁခြလိုက္သည္။
ဒီလူဆိုးေလးနဲ႔ပတ္သတ္ရင္ သူ႔မွာယံုၾကည္ခ်က္ေတြအျပၫ့္ရိွေလတယ္..။
.
.
.
.
.
.
ဂိမ္းဆိုင္ထဲသို႔ေလေလးတစ္ခြၽန္ခြၽန္ႏွင့္၀င္လာေသာ SeokJinကို ေကာင္တာကအေဒၚႀကီးႏွင့္စကားရပ္ေျပာေနေသာJaewookကဘုရိႈးရိႈးသည္။
" ၾကည္သာရႊင္လန္းလို႔ပါလား"
"ပို႔သေသာေမတၲာေတြေၾကာင့္"
Jaewookကဘာစကားမွထပ္မေျပာေတာ့ပဲ ေခါက္ဆြဲဗူးကိုမကာ ခံုတြင္သြားထိုင္ေတာ့သည္။
"ဒီညေတာ့ေဆာ့ၿပီကြာ..
အရင္ရက္ေတြကပ်က္ထားေတာ့လက္ယားေနၿပီ"
"ဟိုရက္က ၾကက္ေၾကာ္ေကြၽးေၾကးေလာင္းထားလို႔ လာပါဟဆိုေတာ့ အဲ့လက္ကမယားဘူးလား"
"ဒီေန့မျွပန္ေဆာ့ခ်င္လာလို႔ကြာ
ရွည္ကိုရွည္တယ္ "
သူေဟာက္လိုက္ေတာ့ ငယ္ႏိုင္Jaewookပါးစပ္တန္းခနဲပိတ္သြားသည္။
စိတ္ထဲကအစိုင္အခဲႀကီးတစ္ခုလံုးကိုထုတ္လိုက္ရသလို သူ႔စိတ္ေတြၾကည္လင္ေနသည္။
Namjoonကတကယ္ပဲ သူ႔ကိုစကားေလးတစ္ခြန္းအၾကၫ့္ေလးတစ္ခ်က္ႏွင့္ အမ်ိဳးမ်ိဳးေျပာင္းလဲေစႏိုင္၏။ ဒါကို ကိုယ္တိုင္ေတာင္ ေသခ်ာသိပံုမရပါ။
ေဆာ့ေကာင္းေကာင္းႏွင့္ေဆာ့ေနရင္း
အေၾကာဆန႔္လိုက္မွ ည12ေက်ာ္ေနၿပီဆိုတာကိုသိသည္။
ဒီအခ်ိန္က သိပ္ၿပီးေနာက္က်သည္ဟုမဆိုသာ..
ခါတိုင္းသူတို႔လူစံုလ်ွင္ ဂိမ္းဆိုင္မွာပင္ညအိပ္လိုက္ၾကတာမ်ိဳးေတြပင္ရိွသည္။
ငယ္ငယ္ကတည္းကေဆာ့လာသၫ့္ဆိုင္ျဖစ္၍ အေမတို႔ကလည္း ထူးေထြစိတ္ပူမေနတာပါသည္။
"Jaewook!ေက်ာင္းဖြင့္တယ္ေနာ္ မနက္ျဖန္ ျပန္စို႔"
"ဟာ တစ္ပြဲၿပီးေအာင္တိုက္မယ္ေလကြာ"
"ခ်မ္းလာၿပီကြ! ေစာင္ထဲေကြးခ်င္လွၿပီ"
"တစ္ပြဲကြာ တစ္ပြဲ!ခနပဲေစာင့္ေပးေန"
"ခ်မ္းတယ္လို႔ ေဒါင္းဇားရ!ျမန္ျမန္ေဆာ့"
သူ႔အသံက်ယ္သြားေတာ့ တစ္ဖက္မွ ဦးထုပ္ခပ္ငိုက္ငိုက္ႏွင့္maskတပ္ထားေသာလူက ငဲ့ၾကၫ့္သည္ ။
ဒီလူဘယ္တုန္းက၀င္ထိုင္ေနလဲေတာ့မသိ
ေဆာ့သံေတြဘာေတြမၾကားရပဲ တိတ္ဆိတ္ေနတာေတာ့ ထူးဆန္း၏။ Idolတစ္ေယာက္ေယာက္မ်ားလာေဆာ့ေနတာလားမသိေခ် ။
သူအကဲခတ္ေနတုန္း ထိုလူကထရပ္ကာ ဆိုင္ျပင္သို႔ထြက္သြား၏။ SeokJinလဲအာရံုေျပာင္းကာ Jaewookေဆာ့ေနေသာကစားပြဲကိုပဲ ဆက္ၾကၫ့္ေနလိုက္သည္။
ဆိုင္အ၀င္၀ကခ်ိတ္ထားေသာ ျခဴလံုးေလးမ်ား၏ ျမည္သံက ေဆာင္းေလေအးႏွင့္အတူပါလာသည္။
"ေအးပါတယ္ ငံုးမို႔တံခါးပဲခနခနဖြင့္..
၀င္လိုက္ထြက္လိုက္နဲ့"
SeokJinေနာက္ကိုတစ္ခ်က္မွမၾကၫ့္ပဲဆရာႀကီးလုပ္လိုက္သည္။ ဒီရပ္ကြက္ကသူ႔ရပ္ကြက္
ဆိုင္ရွင္အေဒါ ္ႀကီးက သူ႔လူ
ေဆာ့ေနသူတစ္၀က္ေလာက္ကလည္း တစ္လမ္းတည္းသားေတြ..
ဘယ္သူ႔ကိုမွေၾကာက္စရာမရိွတာမို႔ SeokJinမာန္ခ်င္သလိုမာန္ရဲတာျဖစ္၏။
အိစက္ေနေသာ ေစာင္တစ္ထည္က ပုခံုးေပၚလာက်ေတာ့ လန႔္ကာခုန္ထလိုက္မိသည္။
ေဘးကအေသအေၾကတိုက္ပြဲဝင္ေနေသာJaewookကေတာ့ ေဘးနားဗံုးႀကဲေတာင္သိမၫ့္ပံုမေပၚ..
သူ႔မ်က္ႏွာႏွင့္ထိလုမတတ္ကပ္ေနေသာ ထိုလူက ခုနကေဘးခံုကလူျဖစ္သည္။Maskအမည္းေလးကို အနည္းငယ္ဆြဲခ်ျပေတာ့ ျပၫ့္၀န္းသၫ့္ႏႈတ္ခမ္းတစ္စံုကိုျမင္လိုက္ရသည္။
"Nam.."
ပါးစပ္ကိုလက္ႏွင့္အျမန္ပိတ္ကာ သူ႔မ်က္စိေရွ ့မွလူ၏ လက္ကိုဆြဲရင္း ဆိုင္ျပင္သို႔ေခၚလာရေတာ့၏။
"Namjoon..ဘာလုပ္ေနတာလဲ"
"မင္းခ်မ္းတယ္ဆိုလို႔ ေစာင္ယူေပးတာေလ"
"ဟာ အဲ့တာမဟုတ္ဖူးေလ..
ငါတို႔ရပ္ကြက္ထဲဘာလာလုပ္တာလဲ
အခ်ိန္ကိုၾကၫ့္အံုး"
အျပင္ကပို၍အေအးဓာတ္ပိုတာမို႔ SeokJinစကားေျပာရင္းခုန္ဆြခုန္ဆျြဖစ္ေနသည္။
Namjoonကသူ႔ပုခံုးေပၚတင္ရံုေလးျဖစ္ေနေသာ ေစာင္ကို ရင္ဘတ္ေရ႔ွ အထိဆြဲေစ့ေပးကာ ဖက္လိုက္ရင္း
" ေတြ ့ခ်င္လို႔လာတာေလ..
လာရင္းလမ္းမွာ မင္းဒီဆိုင္ထဲ၀င္သြားတာေတြ ့လို႔ လိုက္၀င္ရင္း ေဆာ့ေနတာထိုင္ၾကၫ့္ေနတာ"
"ေနပါအံုး..ေဘးမွာအၾကာႀကီးထိုင္ေနတာမင္းေပါ့.."
Namjoonကဘာမွမေျပာပဲ ကားကိုမွီရပ္ကာ ရယ္ေနသည္။
"မင္းေဆာ့ေနတာ တကယ္ခ်စ္စရာေလး"
ဆဲနည္းေပါင္းစံုႏွင့္ပတ္ဆဲၿပီး ဂိမ္းဆိုင္တစ္ခုလံုးလႊမ္းေနေသာ သူ႔အသံကိုခ်စ္ဖို႔ေကာင္းသတဲ့လား..
နည္းနည္းေတာင္မ်က္ႏွာပူလာသလိုပဲ
လမ္းမီးတိုင္ေအာက္မွာကားကိုမွီၿပီးရပ္ေနေသာ Namjoonပံုစံကအပိုအလိုမရိွ ျပၫ့္စံုလြန္းတယ္။ သူ႔ကိုၾကၫ့္ရင္း ၿပံဳးေနတဲ့ ထိုရယ္ျမဴးျမဴးမ်က္ဝန္းေတြ..
SeokJinအညို႔ခံလိုက္ရသလို တျဖည္းျဖည္းတိုးကပ္သြားလိုက္ရင္း ေအးစက္စက္ႏႈတ္ခမ္းမ်ားေပၚကို ဖိနမ္းလိုက္မိသည္။
Namjoonကမွင္သက္သြားသလိုေၾကာင္ေနရင္းမွ ရယ္ရင္း သူ႔ကိုဆြဲေပြ ့သည္။
"ေလးလိုက္တာကြာ"
ႏွာေခါင္းေလးရႈံ ့ရင္းၿငီးတြားေနေသာNamjoonပံုက ေနာင္တမရခ်င္ေလာက္ေအာင္ကိုခ်စ္ဖို႔ေကာင္းသည္။
ေနာက္တစ္ႀကိမ္ခပ္ၾကာၾကာေလးထိုႏႈတ္ခမ္းကိုဖိကပ္နမ္းလိုက္သည္။
ေလေအးေတြ၀င္တိုးမရေအာင္ပင္ သူတို႔ခႏၲာကိုယ္ႏွစ္ခုလံုး မီးတိုင္ေအာင္တြင္ တိုးကပ္ယိမ္းထိုးေနၾကသည္။
Namjoonရယ္သံတိုးတိုးေတြက သူ႔နား၀တြင္ ျဖတ္သန္းစီးဆင္းလ်ွက္..
အနာဂတ္ကိုမသိခ်င္မိတဲ့အထိ လက္ရိွအခ်ိန္ကာလေလးဟာ ျမတ္ႏိုးဖြယ္..။
ခ်စ္ျခင္းတရားကိုငါယံုပါတယ္..။
For Unicode
နှင်းငွေ့တွေဝေနေ၍ ပြတင်းတစ်ဖက်မြှမင်ကွင်းဟာ မှုန်ဝါးဝါးရှိနေသည်။
ပါမောက္ခ၏ စာရွတ်သံ မှလွဲ၍ အတန်းတစ်ခုလုံးဟာ အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်လျှက်..
ကျောင်းသားတွေအကုန်လုံး စိတ်ပါဝင်စားစွာရေးမှတ်နေတာကိုမြင်တော့
ဒီအချိန် လူတစ်ယောက်များငိုက်နေမလားဟုတွေးမိရင်း ပြုံးရပြန်သည်။
"Namjoon နေ့လည်စာတူတူစားရအောင်"
အတန်းပြီးပြီးချင်းရေမွှေးနံ့တစ်ခုနှင့်အတူ သူ့ဘေးနားရောက်လာသော မိန်းမပျိုလေးကို ငဲ့စောင်းမကြည့်အားပဲ အိတ်ထဲစာအုပ်အထည့်မပျက်ခေါင်းယမ်းလိုက်သည်။
"ဘာလို့လဲဟင် ချိန်းထားတာရှိလို့လား"
Namjoonအနက်ရောက်ခေါင်းစွပ်ကိုနားရွက်ဖျားများလုံအောက်အထိ ဆွဲချလိုက်ရင်း ထရပ်လိုက်သည်။
သူ့ရင်ဘတ်နားရောက်နေသော သိုးမွှေးလုံးလေးလို မိန်းကလေးအား ရှောင်ရင်း အတန်းပြင်ကိုသာထွက်လာခဲ့သည်။
လှည့်မကြည့်ပေမဲ့ အသံပေါင်းစုံကနောက်မှာထွက်လျှက်ကျန်နေခဲ့ကြ၏။
တစ်ဖက်သားရ ဲ့ခံစားချက်ကို ဂရုစိုက်ပေးပြီး ဘာလုပ်မှာလဲ?
ကိုယ့်ခံစားချက်ကသာအမြဲအဓိကကျ သည်ဟု သူယုံကြည်ထားသည်။
.
.
.
.
.
ကျောင်းကန်တင်းကိုခြေချသော်လည်း ရှာနေသောအရိပ်အယောင်ကိုမတွေ့ရသေး..
ဒီအချိန်ဆို SeokJinတို့အတန်းကအချိန်ကြာကြီးသင်တတ်တာကိုတော့သူသိသည်။
ဆူညံနေသော ပတ်ဝန်းကျင်ဟာ ကြားချင်နေသည့်အသံမပါတော့ အသက်မဝင်သလိုခံစားရတာမို့ သူလှည့်ထွက်ခဲ့လိုက်သည်။
ယောင်ချာချာနိုင်နေတဲ့သူ့ပုံစံက ရှက်စရာကောင်းသည်။ SeokJinမပါတဲ့ ပုံမှန်နေ့ရက်တွေက ဟာတာတာနိုင်လွန်းလှ၏။
"Namjoon.."
ကြားချင်နေခဲ့သော အသံလေးက သူ့နောက်ကျောဆီမှထွက်လာခဲ့သည်။
ထို့နောက် သူ့ရှေ့သို့ရောက်လာသော ခြေတစ်စုံ..
လက်ထဲကကော်ဖီဗူးတစ်ဘူးနှင့် ပေါင်မုန့်ပူပူကိုကိုင်ထားပြီး ကပျာကယာထလိုက်လာရဟန်..
"ဘာလဲ"
"စကားပြောရအောင်"
.
.
.
.
ကားထဲရောက်တာအတော်ကြာသည့်အထိ သူတို့နှစ်ဦးစလုံးပြောစရာစကားအစရှာ၍မရ..SeokJinလက်ထဲက အေးစက်နေပုံပေါ်သော ကော်ဖီဗူးလေးကို သူဝေ့ကြည့်လိုက်ရင်း
"ဘာပြောမှာလဲ"
"ဒီလောက်နဲ့ရပ်လိုက်ကြတော့မလား..
ငါတို့ဆက်ဆံရေးကို"
စောစောက ကိုယ့်ကိုပြန်ခေါ်၍ စိတ်ထဲကြိတ်၍ ကြည်နူးနေတာလေးများ ချက်ချင်းပျက်ကုန်ပြီး ဒေါသသွေးတွေ တပွက်ပွက်ဆူထလာသည်။
"ပြောမယ်ဆိုတာ ဒီစကားလား"
SeokJinကဘာမှမပြောပဲ တစ်ဖက်ကိုပဲ ငေးနေကာ သက်ပြင်း တွေသာချနေသည်။
"ရတယ်လေ..ဒီလိုပဲလုပ်ကြတာပေါ့"
အံကိုတင်း၍ ပြောလိုက်သော သူ့စကားအဆုံးSeokJinက ထင်ထားသားပဲ ဟူသောမျက်နှာပေးဖြင့် စိုက်ကြည့်လာသည်။ ထို့နောက် ခေါင်းကို တဆတ်ဆတ်ငြိမ့်ရင်း
"ဒါဆို ငါသွားပြီ"
ကားတံခါးကိုလက်လှမ်းကာ ထွက်မည်ပြင်နေသော လက်တစ်ဖက်ကိုလှမ်းဆွဲကာ Namjoonရုန်းထွက်မရအောင်ဖက်လိုက်သည်။
"မဟုတ်မှလွဲရော ငါအဲ့လိုပြောမယ်ထင်နေတာလား.. မရရတဲ့နည်းသုံးပြီး မင်းကိုဆွဲထားမှာ သိရဲ့လား"
SeokJinငြိမ်သက်သွားရင်း
"အမျိုးမျိုးတွေလာမလုပ်နဲ့ကွာ..ဖယ်စမ်း"
ဒေါသသံပါလာကာ မျက်နှာချောမွေ့မွေ့ဟာလည်း ရဲရဲနီနေသည်။ မနမ်းရတာကြာသော ပါးပြင်လေးကို သူခပ်ဖွဖွထိလိုက်ရင်း
" ဘာတွေများမှန်နေလို့ ဒေါသထွက်နေရတာလဲ"
Namjoonဒေါသတွေဟာ အငွေ့အသက်လေးတစ်ခုအောက်မှာ ငြိမ်းချမ်းကုန်သည်။
မြင်နေရုံလေးနှင့်ကို ချစ်မဝဖြစ်ရသည်..
အများနှင့်မတူအောင် ချစ်ပေးချင်သည်..
ဒါတွေကို ဒီလူဆိုးလေးနားမလည်တာကို စိတ်ပိုတိုရ၏။
" ပြော..ငါ့ကိုမတွေ့တဲ့ရက်တွေ ဘာလို့လာမရှာတာလဲ? ဖုန်းလဲမဆက်ဘူး..
ငါမရှိတာတောင် တခြားသူတွေ နဲ့ ဒီပါးစပ်လေးက ရယ်နေနိုင်ရတာလဲ "
"ဟာ မင်းပဲ မတွေ့ပဲနေကြရအောင်ဆို
messageပို့တယ်မဟုတ်လား"
အလျင်အမြန်ညည်းညူသံလေးနှင့်ရှင်းပြတော့
Namjoonစိတ်မဆိုးနိုင်တော့ပဲ ရယ်မိသွားသည်။ နာသယ်မွှေးနုနုလေးများကို ဖိကပ်ကာနမ်းလိုက်ရင်း
"အရူး..အဲ့စာရရင်လာတွေ့ရမှာပေါ့..
ဘာလို့လဲ ဆိုတဲ့မေးခွန်းတွေနဲ့ ငါ့ဆီပြေးလာရမှာ မဟုတ်ဘူးလား"
"အာ ငါမှရည်းစားမထားဘူးတာ..
နောက်ဆို အထာတွေမကိုင်စမ်းပါနဲ့ ငါမသိဘူး
လာတွေ့စေချင်ရင် ဒဲ့ပြောပါကွ"
Namjoonတင်းကြပ်အောင်ဖက်ထားသော သူ့လက်တွေကို လျော့ပေးလိုက်ကာ ခေါင်းလုံးလုံးလေးပေါ်မေးတင်ရင်း
"မျှော်နေတာ
မနေနိုင်တော့လို့ ကျောင်းလာတော့ မင်းကအရမ်းပြုံးပျော်နေတယ်လေ.."
ငြိမ်ကာနားထောင်နေသော လူဆိုးလေးက
သူ့ရင်ခွင်ထဲတွင် နေသားတကျ..
" ငါ့ခံစားချက်ကမျက်နှာမှာမှမပေါ်တာ"
Namjoonဘာမှဆက်မပြောပဲ ကိုယ်ကိုယိမ်းကာ ကိုယ်လုံးလေးကို တိုးဖက်လိုက်သည်။
ဘယ်လောက်တောင်လွမ်းနေခဲ့လိုက်သလဲ?
"Namjoon..မင်းအမေဘာပြောလဲ"
"တွေ့ချင်လား ခေါ်သွားပေးမယ်"
"ဟာ ဒီတိုင်းမေးတာပါ"
ဆွယ်တာထူထူအောက်မှ နစ်မြုပ်နေသော လက်ဖဝါးနှစ်ဖက်ကို ဆုပ်ကိုင်ရင်း သူခပ်ဖွဖွအနမ်းခြွေလိုက်သည်။
ဒီလူဆိုးလေးနဲ့ပတ်သတ်ရင် သူ့မှာယုံကြည်ချက်တွေအပြည့်ရှိလေတယ်..။
.
.
.
.
.
.
ဂိမ်းဆိုင်ထဲသို့လေလေးတစ်ချွန်ချွန်နှင့်ဝင်လာသော SeokJinကို ကောင်တာကအဒေါ်ကြီးနှင့်စကားရပ်ပြောနေသောJaewookကဘုရှိုးရှိုးသည်။
" ကြည်သာရွှင်လန်းလို့ပါလား"
"ပို့သသောမေတ္တာတွေကြောင့်"
Jaewookကဘာစကားမှထပ်မပြောတော့ပဲ ခေါက်ဆွဲဗူးကိုမကာ ခုံတွင်သွားထိုင်တော့သည်။
"ဒီညတော့ဆော့ပြီကွာ..
အရင်ရက်တွေကပျက်ထားတော့လက်ယားနေပြီ"
"ဟိုရက်က ကြက်ကြော်ကျွေးကြေးလောင်းထားလို့ လာပါဟဆိုတော့ အဲ့လက်ကမယားဘူးလား"
"ဒီနေ့မြှပန်ဆော့ချင်လာလို့ကွာ
ရှည်ကိုရှည်တယ် "
သူဟောက်လိုက်တော့ ငယ်နိုင်Jaewookပါးစပ်တန်းခနဲပိတ်သွားသည်။
စိတ်ထဲကအစိုင်အခဲကြီးတစ်ခုလုံးကိုထုတ်လိုက်ရသလို သူ့စိတ်တွေကြည်လင်နေသည်။
Namjoonကတကယ်ပဲ သူ့ကိုစကားလေးတစ်ခွန်းအကြည့်လေးတစ်ချက်နှင့် အမျိုးမျိုးပြောင်းလဲစေနိုင်၏။ ဒါကို ကိုယ်တိုင်တောင် သေချာသိပုံမရပါ။
ဆော့ကောင်းကောင်းနှင့်ဆော့နေရင်း
အကြောဆန့်လိုက်မှ ည12ကျော်နေပြီဆိုတာကိုသိသည်။
ဒီအချိန်က သိပ်ပြီးနောက်ကျသည်ဟုမဆိုသာ..
ခါတိုင်းသူတို့လူစုံလျှင် ဂိမ်းဆိုင်မှာပင်ညအိပ်လိုက်ကြတာမျိုးတွေပင်ရှိသည်။
ငယ်ငယ်ကတည်းကဆော့လာသည့်ဆိုင်ဖြစ်၍ အမေတို့ကလည်း ထူးထွေစိတ်ပူမနေတာပါသည်။
"Jaewook!ကျောင်းဖွင့်တယ်နော် မနက်ဖြန် ပြန်စို့"
"ဟာ တစ်ပွဲပြီးအောင်တိုက်မယ်လေကွာ"
"ချမ်းလာပြီကွ! စောင်ထဲကွေးချင်လှပြီ"
"တစ်ပွဲကွာ တစ်ပွဲ!ခနပဲစောင့်ပေးနေ"
"ချမ်းတယ်လို့ ဒေါင်းဇားရ!မြန်မြန်ဆော့"
သူ့အသံကျယ်သွားတော့ တစ်ဖက်မှ ဦးထုပ်ခပ်ငိုက်ငိုက်နှင့်maskတပ်ထားသောလူက ငဲ့ကြည့်သည် ။
ဒီလူဘယ်တုန်းကဝင်ထိုင်နေလဲတော့မသိ
ဆော့သံတွေဘာတွေမကြားရပဲ တိတ်ဆိတ်နေတာတော့ ထူးဆန်း၏။ Idolတစ်ယောက်ယောက်များလာဆော့နေတာလားမသိချေ ။
သူအကဲခတ်နေတုန်း ထိုလူကထရပ်ကာ ဆိုင်ပြင်သို့ထွက်သွား၏။ SeokJinလဲအာရုံပြောင်းကာ Jaewookဆော့နေသောကစားပွဲကိုပဲ ဆက်ကြည့်နေလိုက်သည်။
ဆိုင်အဝင်ဝကချိတ်ထားသော ခြူလုံးလေးများ၏ မြည်သံက ဆောင်းလေအေးနှင့်အတူပါလာသည်။
"အေးပါတယ် ငုံးမို့တံခါးပဲခနခနဖွင့်..
ဝင်လိုက်ထွက်လိုက်နဲ့"
SeokJinနောက်ကိုတစ်ချက်မှမကြည့်ပဲဆရာကြီးလုပ်လိုက်သည်။ ဒီရပ်ကွက်ကသူ့ရပ်ကွက်
ဆိုင်ရှင်အဒေါ ်ကြီးက သူ့လူ
ဆော့နေသူတစ်ဝက်လောက်ကလည်း တစ်လမ်းတည်းသားတွေ..
ဘယ်သူ့ကိုမှကြောက်စရာမရှိတာမို့ SeokJinမာန်ချင်သလိုမာန်ရဲတာဖြစ်၏။
အိစက်နေသော စောင်တစ်ထည်က ပုခုံးပေါ်လာကျတော့ လန့်ကာခုန်ထလိုက်မိသည်။
ဘေးကအသေအကြေတိုက်ပွဲဝင်နေသောJaewookကတော့ ဘေးနားဗုံးကြဲတောင်သိမည့်ပုံမပေါ်..
သူ့မျက်နှာနှင့်ထိလုမတတ်ကပ်နေသော ထိုလူက ခုနကဘေးခုံကလူဖြစ်သည်။Maskအမည်းလေးကို အနည်းငယ်ဆွဲချပြတော့ ပြည့်ဝန်းသည့်နှုတ်ခမ်းတစ်စုံကိုမြင်လိုက်ရသည်။
"Nam.."
ပါးစပ်ကိုလက်နှင့်အမြန်ပိတ်ကာ သူ့မျက်စိရှေ့မှလူ၏ လက်ကိုဆွဲရင်း ဆိုင်ပြင်သို့ခေါ်လာရတော့၏။
"Namjoon..ဘာလုပ်နေတာလဲ"
"မင်းချမ်းတယ်ဆိုလို့ စောင်ယူပေးတာလေ"
"ဟာ အဲ့တာမဟုတ်ဖူးလေ..
ငါတို့ရပ်ကွက်ထဲဘာလာလုပ်တာလဲ
အချိန်ကိုကြည့်အုံး"
အပြင်ကပို၍အအေးဓာတ်ပိုတာမို့ SeokJinစကားပြောရင်းခုန်ဆွခုန်ဆြွဖစ်နေသည်။
Namjoonကသူ့ပုခုံးပေါ်တင်ရုံလေးဖြစ်နေသော စောင်ကို ရင်ဘတ်ရှေ့ အထိဆွဲစေ့ပေးကာ ဖက်လိုက်ရင်း
" တွေ့ချင်လို့လာတာလေ..
လာရင်းလမ်းမှာ မင်းဒီဆိုင်ထဲဝင်သွားတာတွေ့လို့ လိုက်ဝင်ရင်း ဆော့နေတာထိုင်ကြည့်နေတာ"
"နေပါအုံး..ဘေးမှာအကြာကြီးထိုင်နေတာမင်းပေါ့.."
Namjoonကဘာမှမပြောပဲ ကားကိုမှီရပ်ကာ ရယ်နေသည်။
"မင်းဆော့နေတာ တကယ်ချစ်စရာလေး"
ဆဲနည်းပေါင်းစုံနှင့်ပတ်ဆဲပြီး ဂိမ်းဆိုင်တစ်ခုလုံးလွှမ်းနေသော သူ့အသံကိုချစ်ဖို့ကောင်းသတဲ့လား..
နည်းနည်းတောင်မျက်နှာပူလာသလိုပဲ
လမ်းမီးတိုင်အောက်မှာကားကိုမှီပြီးရပ်နေသော Namjoonပုံစံကအပိုအလိုမရှိ ပြည့်စုံလွန်းတယ်။ သူ့ကိုကြည့်ရင်း ပြုံးနေတဲ့ ထိုရယ်မြူးမြူးမျက်ဝန်းတွေ..
SeokJinအညို့ခံလိုက်ရသလို တဖြည်းဖြည်းတိုးကပ်သွားလိုက်ရင်း အေးစက်စက်နှုတ်ခမ်းများပေါ်ကို ဖိနမ်းလိုက်မိသည်။
Namjoonကမှင်သက်သွားသလိုကြောင်နေရင်းမှ ရယ်ရင်း သူ့ကိုဆွဲပွေ့သည်။
"လေးလိုက်တာကွာ"
နှာခေါင်းလေးရှုံ့ရင်းငြီးတွားနေသောNamjoonပုံက နောင်တမရချင်လောက်အောင်ကိုချစ်ဖို့ကောင်းသည်။
နောက်တစ်ကြိမ်ခပ်ကြာကြာလေးထိုနှုတ်ခမ်းကိုဖိကပ်နမ်းလိုက်သည်။
လေအေးတွေဝင်တိုးမရအောင်ပင် သူတို့ခန္တာကိုယ်နှစ်ခုလုံး မီးတိုင်အောင်တွင် တိုးကပ်ယိမ်းထိုးနေကြသည်။
Namjoonရယ်သံတိုးတိုးတွေက သူ့နားဝတွင် ဖြတ်သန်းစီးဆင်းလျှက်..
အနာဂတ်ကိုမသိချင်မိတဲ့အထိ လက်ရှိအချိန်ကာလလေးဟာ မြတ်နိုးဖွယ်..။
ချစ်ခြင်းတရားကိုငါယုံပါတယ်..။