Ruto အမေရောင်စားစရာတွေယူပြီးပြန်ရောက်လာပြီ
Ruto ကတော့ခုထိအိပ်ပျော်နေဆဲ
"JeongWoo သားနားပါကွယ် အန်တီပဲစောင့်လိုက်ပါ့မယ်"
"ဟင့်အင်းအန်တီ ကျွန်တော်စောင့်ပါရစေ"
"ဒါဆိုလည်း ရေပြန်ချိုး လန်းဆန်းသွားမှအဆင်ပြေမယ်လေ"
"နဲ အန္တီ Ruto သတိရလာရင်ချက်ချင်းဖုန်းဆက်နော်"
"အင်းပါကွယ်.."
JeongWoo ပြန်လာသာပြန်လာရတယ်
တစ်လမ်းလုံး Ruto အကြောင်းတွေပဲခေါင်းထဲပြည့်နေသည်
ပြန်ရောက်တယိဆိုရေမြန်မြန်ချိုးပြီး
ဆေးရုံကိုချက်ချင်းပြန်ရောက်လာသည်
"အန္တီ..အိမ်ပြန်နားပါ Ruto အတွက်စိတ်ချရပါတယ်"
"အင်းအင်း ကိုယ့်ကိုယ်ကိုလည်းဂရုစိုက်အုံး"
"နဲ"
JeongWoo Ruto နားမှာပဲတစ်စိမ့်စိမ့်ကြည့်နေရင်း
Ruto လက်ခလေးလှုပ်လာသည်မို့
"Ruto... Ruto သတိရလာပြီလားဟင်"
"အင်း... JeongWoo "
"ခင်ဗျားအဆင်ပြေရဲ့လားဟင် "
"ပြေပါတယ် JeongWoo လေးရဲ့ မျက်စိတောင်ပြန်မြင်ရတော့မယ် ဘာမှမပူနဲ့တော့နော်"
"အင်းပါ RUTO ဗိုက်ဆာလားဟင်"
"မစားချင်သေးပူး ဒါနဲ့လေ"
Ruto JeongWoo ရဲ့လက်လေးကိုဆွဲညစ်လိုက်သည်
JeongWoo Ruto ခွဲစိတ်ခန်းမဝင်ခင်ကအချိန်ကိုပြန်သတိရသွားသည်
Ruto အရမ်းလည်တာပဲ
"ပြော....ပြန်ပြော"
"Ruto ကလည်း ချစ်ပါတယ်ဆို "
"JeongWoo ဂိုမားဝေါ် မင်းကိုငါအများကြီးပိုချစ်ပေးမယ်"
"နဲ"
JeongWoo ရဲ့လက္ကို Ruto တစ်ချက်ယူနမ်းလိုက်သည်
"ချစ်လိုက်တာ"
"အဟီးးး"
"အာဘွားပေး"
"ဝဲယို..."
"မျက်စိကနာနေလို့ ..အားး...ကျွတ်"
Ruto တစ်ယောက်ညဏ်ဆင်နေပြီ
JeongWoo သိပေမယ့်လည်း
သူ့ရဲ့ချစ်ရသူမဟုတ်လား....
Ruto ပါးလေးကိုတစ်ချက်နမ်းလိုက်ပြီး
"ချစ်တယ်"
Ruto ပင်ပန်းထားတာတွေနာကျင်ထားရတာတွေ
ဒီတစ်ညအတွက်တော့ကောင်းကောင်းအိပ်ပျော်အုံးမယ်ထင်သည်
JeongWoo စိတ်ထဲတွင်တော့ သူတို့အေးအေးဆေးဆေးပျော်နေတုန်း
နေ့လည်ကလာသွားတဲ့ိမိန်းခလေးကြောင့်ပျက်စီးသွားမှာဆိုးလို့
ထိုညတွင်မပြောပြဖြစ်ခဲ့ပါ
.................................
မနက်မိုးလင်း Ruto နိူးလာတော့
သူ့လက်ဘေးနားက JeongWoo အိပ်ပျော်နေတဲ့ခေါင်းလေးကိုသွားကိုင်မိသည်
JeongWoo အရမ်းပင်ပန်းနေမှာပဲ
Ruto JeongWoo ကိုသနားမိသည်
"အာ... Ruto နိုးနေပြီလား"
"အင်းနိုးနေပြိ"
"ခနနေအန်တီတို့လာမယ် အခုတော့ ဘာစာယချင်လည်းပြောနော်"
"JeongWoo... JeongWoo ကိုစားချင်တယ်"
"Ruto လူကသာနေမကောင်းတယ် ခုထိစနေတုန်း”
"ဟီးး”
”ငါပြောစရာရှိတယ် Ruto”
"အင်း”
"မင်းသတိမရခင်က မိန်းခလေးတစ်ယောက်လာသွားတယ်
Rutoကိုမျက်ကြည်လွှာလှူတဲ့အလှူရှင်ရဲ့ကောင်မလေးတဲ့"
"ဘာပြောသွားသေးလည်း”
"Rutoသတိရလာရင် သူ့ကိုပြောပါတဲ့…”
"Wayo ”
"မသိပူး မင်းကိုချောတယ်တဲ့”
"ဘယ်လိုမိန်းခလေးမျိုးလည်း မပြောနဲ့JeongWoo”
"ဒါမဲ့အဆင်ပြေပ့မလား "
"အင်းလို့"
"ပီးရော"
JeongWoo နဲ့ Ruto စကားပြောနေတုန်း
Rutoအမေရောက်လာသည်မို့မနက်စာစားကြရင်း.....
နေ့လည်ချိန်ရောက်တော့ Rutoအမေခနအိမ်ပြန်နေတုန်း ဟန်မီဂျင်းဆိုသည့်
ထိုမိန်းခလေးရောက်လာပြန်သည်
"Haruto ကသတိပြန်ရနေပြီလား တို့ကိုတောင်မပြောဘူးနော်"
"ဘာကိစ္စနဲ့လည်း"
Haruto ခပ်ပြတ်ပြတ်မေးလိုက်တာကြောင့်
"ဘာမှအမဟုတ်ပါဘူး ရင်းနှီးချင်လို့ပါ အဟင်းး ကျမနာမည်က
ဟန်မီဂျင်းပါ"
"ကျွန်တော်နဲ့တစ်ခါမှမတွေ့ဖူးပဲနဲ့ဘာလို့ရင်းနှိီးချင်တာလည်း"
"ဒီလိုပါပဲRutoကခင်ဖို့ကောင်းမယ်ထင်လို့ပါ"
"ကျွန်တော်နဲ့ခင်ချင်ရင် ကျွန်တော့ချစ်သူနဲ့အရင်အဆင်ပြေအောင်ပေါင်းပါ"
"အာ ဘယ်သူလည်းရှင့် "
"JeongWoo "
"နဲ"
"အာ့တာကျွန်တော့ရဲ့အချစ်ရဆုံးချစ်သူပဲ "
"ဪ..အဟက် ဟုတ်ကဲ့ပေါင်းရမှာပေါ့..တည့်အောင်"
ပြောရင်းJeongWooကိုလှည့်ကြည့်သော ဟန်မီဂျင်းဆိုသူရဲ့မျက်နှာမှာမုန်းတီးမှုအပြည့်
ဟန်မီဂျင်းက ချမ်းသာတဲ့အသိုက်အဝန်းရှိတဲ့လူများကိုသာတွယ်ကပ်လေ့ရှိသည်
အခုလည်း အရင်ချစ်သူကသွေးကင်ဆာနဲ့သေသွားလို့
မျက်ကြည်လွှာလှူခဲ့တဲ့သူကို စုံစမ်းရင်း
Rutoအကြောင်းသိပြိး အချောင်ကပ်ချင်နေခြင်းသာ..
JeongWoo တစ်ယောက် Rutoမျက်စိမြန်မြန်ပြန်မြင်လာပါစေလို့သာဆုတောင်းနေတော့သည်
"Rutoနောက်နေ့မှလာခဲ့မယ်နော် အခုကျမပြန်တော့မယ်"
Rutoဘာမှပြန်မပြောတာကြောင့်
"JeongWoo စကားခနပြောလို့ရမလား"
"အာ...ဟုတ်ရပါတယ်..Rutoအဆင်ပြေတယ်မလား"
"အင်းအခန်းပြင်လောက်မှာပဲပြော"
Ruto ကမျက်စိပြန်မမြင်ရသေးတဲ့အတွက်
JeongWooကိုစိတ်မချဖြစ်နေသည်
တစ်ခုခုဖြစ်နေရင်သူဘာမှမလုပ်ပေးနိုင်သေးဘုးမလား
JeongWoo ဟန်မီဂျင်းနှင့်အခန်းအပြင်ဘက်လိုက်လာသည်
"မင်းကRutoကိုချူစားနေတာလား"
"ဘာကိုပြောချင်တာလည်းခင်ဗျ ကျွန်တော်တို့ကသာမန်လူတွေနဲ့မတူမှန်းသိပါတယ် ဒါပေမယ့်
အာ့လိုအောက်တန်းကျတဲ့အလုပ်မျိုးတွေတော့မလုပ်ပါဘူးခင်ဗျ”
"သူခိုးကတော့ခိုးးပါတယ်လို့ဘယ်ပြောပါ့မလည်း အခုအချိန်ရှိတုန်း
မင်းနောက်ဆုတ်နေလိုက်တာကောင်းမယ်"
"အခြေအမြစ်မရှိတဲ့စကားတေပြောနေဖို့ဆိုကျွန်တော်မအားပါဘူး"
"မင်း..... ဟက် မင်းစိတ်မချမ်းသာစေရဘူးလို့ကတိပေးတယ်"
ပြောပြီးလှည့်ထွက်သွားသော ထိုမိန်းခလေး
Rutoဆီကမျက်နှာသာပေးတာမခံရလို့
သူ့ကိုလာပတ်နေမှန်း JeongWoo သိသည်
ဒါပေမယ့် JeongWoo Rutoနားကတော့ဘယ်နည်းနဲ့မှ
မထွက်သွားနိုင်...
**ဖြစ်ချင်ရာဖြစ် ခင်ဗျားနားမှာပဲကျွန်တော်နေမယ်Ruto**
JeongWoo Rutoရှိရာအခန်းထဲပန်ဝင်လာပြိး
Rutoနားသွားထိုင်လိုက်သည်
"JeongWooလား အဆင်ပြေလား သူမင်းကိုဘာတေပြောသွားတာလည်း"
"အဆင်ပြေပါတယ် Ruto သူကျွန်တော့ကိုဘာပြောနိုင်မှာမို့လည်း"
"ဟုတ်ပါပီဗျာ JeongWoo အိပ်လေ မင်းလည်းအရမ်းပင်ပန်းနေမှာပေါ့"
"Rutoလည်းအိပ်လေ.. "
"လာဒီဘေးနားကို.”
ပြောရင်းRuto ကသူ့ဘေးနားကိုလက်ပုတ်ပြတာကြောင့်
"Ruto ကုတင်ကျဥ်းကျဥ်းလေးလေ..”
"ဒီလိုအိပ်လို့ရတာပဲကို ငါမင်းနဲ့တူတူအိပ်ချင်တာကို..”
"မဖြစ်ဘူးဒီမှာပဲအိပ်မယ်"
"မလာဘူးလားJeongWoo"
ပြောရင်းမျက်နှာတစ်မျိုးပြောင်းလာတဲ့Rutoကြောင့်...
"လက်ပဲကိုင်အိပ်နော်"
JeongWooပြောလိုက်တော့Rutoပြုံးပြိးခေါင်းညိမ့်ပြလာသည်
JeongWoo ကုတင်ပေါ်ရောက်သည်နှင့်
Haruto တစ်ယောက်ဘေးတစ်စောင်းလှည့်ပြိး
ပက်လက်အိပ်နေတဲ့ JeongWooခါးကိုဖက်လျှက်
နှစ်ယောက်သားအိပ်စက်ခြင်းဆီသို့....
______________________________
အသူ Unicode ပြောင်းထားလို့စာရိုက်ရတာနည်းနည်းအခက်အခဲဖစ်နေတာမို့
အဆင်မပြေတာလေးတေရှိရင် လာပြောပါနော်😁
Loveyouallreaders😘