သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန...

By SoeHmue

110K 13.9K 54

အတွဲ (၄) More

601
602
603
604
605
606
607
608
609
610
611
612
613
614
615
616
617
618
619
620
621
622
623
624
625
626
627
628
629
630
631
632
633
634
635
636
637
638
639
640
641
642
643
644
646
647
648
649
650
651
652
653
654
655
656
657
658
659
660
661
662
663
664
665
666
667
668
669
670
671
672
673
674
675
676
677
678
679
680
681
682
683
684
685
686
687
688
689
690
691
692
693
694
695
696
697
698
699
700
701
702
703
704
705
706
707
708
709
710
711
712
713
714
715
716
717
718
719
720
721
722
723
724
725
726
727
728
729
730
731
732
733
734
735
736
737
738
739
740
741
742
743
744
745
746
747
748
749
750
751
752
753
754
755
756
757
758
759
760
761
762
763
764
765
766
767
768
769
770
771
772
773
774
775
776
777
778
779
780
781
783
782
784
785
786
787
788
789
790
791
792
793
794
795
796
797
798
799
800

645

567 56 0
By SoeHmue

Chapter 645: နယ်မြေခြားသို့ အဆက်အသွယ်

မီးနှင့်ရေခဲ လျှို့ဝှက်နယ်မြေ

ရိုးရှင်းစွာ တည်ဆောက်ထားသော မီးတောင်ချော်ကျောက်တုံး အစည်းအဝေးခန်းမတစ်ခု။
အဖြူရောင်နယ်မြေမှ လင်းမန်၊အလင်းတော်ဂိုဏ်းမှ ယွန်ဟောင်၊နတ်ဆိုးတောင်ကြားမှ နီရူ၊သုခဘုံနန်းတော်မှ ချင်ကူချွမ်၊သိုင်းဝိညာဉ်နန်းတော်မှ ကွမ်းဟူ၊မှော်ရတနာဂိုဏ်းမှ လျှိုမျို၊တိုက်ခိုက်ရေးအဖွဲ့အစည်းမှ ယု၀မ်ကျင်းတို့ စုဝေးနေကြသည်။

သက်တမ်းရင့်အဖွဲ့ကြီးခုနှစ်ခုမှ ခေါင်းဆောင်များ…

ဒီလူခုနှစ်ယောက်သည် မြင့်မြတ်ခြင်းကုန်းမြေဒေသကြီးတစ်ခုလုံး၏ အုပ်ချုပ်သူများဖြစ်ကြသည်။
သူတို့ထဲမှ တစ်ယောက်ချင်းစီသည် မြင့်မြတ်ခြင်းကုန်းမြေဒေသကြီးမှ အကြွယ်၀ဆုံး အစိတ်အပိုင်းများကို နှစ်ပေါင်းများစွာ ခွဲဝေအုပ်ချုပ်လာကြသူများဖြစ်သည်။

ထို နေရာအနှံ့အပြားမှ သိုင်းထိပ်ခေါင်ကြီးများသည် ယနေ့ ဒီအစည်းအဝေးခန်းမတွင် လာရောက်စုဝေးနေကြ၏။

သူတို့၏ မျက်နှာများက တည်ကြည်လေးနက်နေပြီး ခန်းမအလယ်ရှိ ကြေးဝါဆေးပေါင်းအိုးကြီးကို စူးစိုက်ကြည့်နေကြသည်။
ကြေးဝါ ဆေးပေါင်းအိုးကြီးသည် ငါးမီတာခန့် မြင့်မားပြီး လူ၏ ခြေထောက်အရွယ်အစားကဲ့သို့သော ဒေါက်တိုင်သုံးခု ပါရှိသည်။

ကြေးဝါအိုးတစ်ခုလုံး မှော်ဆန်သော အရုပ်များဖြင့် ပြည့်နှက်နေသည်။
တိမ်တိုက်များ၊သားရဲများ၊မျိုးနွယ်ခြားများ၊တစ္ဆေများနှင့် မိစ္ဆာများဖြစ်ကြသည်။
အကုန်လုံးက ရုပ်လုံးကြွနေကြပြီး အမှန်တကယ် အသက်ရှိသော သတ္တဝါများကဲ့သို့ ဆေးပေါင်းအိုးတစ်လျှောက် တွားသွားနေကြသည့်အလားပင်။

ကြေးဝါအိုးထဲမှ အစိမ်းရောင်မီးခိုးလုံးများ ထွက်ပေါ်နေသည်။
ပတ်၀န်းကျင်တွင် စိတ်ကိုလန်းဆန်းစေသော မွှေးရနံ့များ ပျံ့လွင့်လို့နေသည်။
ထိုမွှေးရနံ့က လူအများ၏ ဝိညာဉ်ကို ငြိမ်သက်အေးချမ်းစေသည်။

ဒါက စကြ၀ဠာ ပြန်လည်၀င်စားခြင်းဆေးပေါင်းအိုးပင်ဖြစ်လေသည်။

အဖြူရောင်နယ်မြေ၏ နတ်ဘုရားအဆင့် မှော်ရတနာတစ်ခုလဲဖြစ်သည်။
လင်းမန်က ထိုမှော်ရတနာကို အလွန်တန်ဖိုးထားသည်။
သူမက အခြားသူများအား ဘယ်တုန်းကမှ ထုတ်ဖော်ပြသခြင်း မရှိခဲ့ဖူးပါ။
ဒါကို သူမ၏ အသက်လို တန်ဖိုးထားသည်။

လင်းမန်နှင့် ကျန်ခြောက်ယောက်တို့ တိတ်ဆိတ်စွာ ထိုင်နေကြသည်။
အစိမ်းရောင်မီးခိုးငွေ့များက ထူထပ်သည်ထက် ထူထပ်လာခဲ့သည်။
ထို့နောက်တွင်တော့ သူတို့က မိမိတို့၏ နတ်ဘုရားဝိညာဉ်များကို စေလွှတ်လိုက်ကြသည်။

အလင်းရောင်တန်း ခုနှစ်တန်းအဖြစ် ကြေးဝါအိုးကြီးထံ တိုး၀င်သွားကြသည်။
သူတို့၏ နတ်ဘုရားဝိညာဉ်များက ဆေးပေါင်းအိုး နှုတ်ခမ်း၀တွင် နေရာယူလိုက်ကြသည်။
ထို့နောက် ဝိညာဉ်စွမ်းအင်များကို တစ်စုတစည်းတည်း ပေါင်းစည်းလိုက်ပြီးနောက် ကြေးအိုး၏ အလယ်ဗဟိုဆီသို့ သွန်းလောင်းလိုက်ကြသည်။

စကြ၀ဠာပြန်လည်၀င်စားခြင်း ဆေးပေါင်းအိုး၏ ပတ်ပတ်လည်မှ အရုပ်များက တောက်ပလာကြသည်။
ရှုပ်ထွေးသော ဝိညာဉ်ဖြာထွက်မှုအားလှိုင်းများ ဆေးပေါင်းအိုးထဲမှ တလိမ့်လိမ့် ထွက်ပေါ်လာသည်မှ မီးနှင့်ရေခဲ လျှို့ဝှက်နယ်မြေတစ်ခုလုံး ဝိညာဉ်လှိုင်းလုံးကြီးများ ဖုံးလွှမ်းသွားသည်အထိပင်ဖြစ်သည်။

အချိန်ကာလတစ်ခု ကြာမြင့်သွားပြီးနောက်တွင် လင်းမန်၏ နတ်ဘုရားဝိညာဉ်က ဆေးပေါင်းအိုး၏ အလယ်ဗဟိုသို့ ဆင်းသက်သွားခဲ့သည်။
သူက အတွင်းပိုင်းရှိ သလင်းကျောက်လို ကြည်လင်သော နေရာတစ်ခုသို့ရောက်ရှိသွားပြီး ပေါင်းစည်းထားသော ဝိညာဉ်ခွန်အားများကို အသုံးချကာ သလင်းတုံးထဲသို့ တိုး၀င်သွားလေတော့သည်။

လင်းမန်၏ နတ်လုရားဝိညာဉ်သည် မြင့်မြတ်ခြင်းကုန်းမြေဒေသကြီးမှ တစ်နည်းနည်းဖြင့် လွန်မြောက်သွားပြီး ကျယ်ပြန့်သော စကြ၀ဠာကြီးထဲတွင် ဝဲလည်လှည့်လျှက်ရှိသည်။
ဆန်းကြယ်သော မှော်စွမ်းအင်များ ဖြာထွက်နေရာတစ်ခုကို အာရုံခံမိသည်နှင့် သူက ထိုနေရာသို့ ဦးတည်သွားခဲ့သည်။

စကြာ၀ဠာကြီးထဲတွင် ကြယ်တာရာအစုအဝေးများက အဆုံးအစမဲ့။
လင်းမန်၏ဝိညာဉ်သည် သမုဒ္ဒရာထဲ ကူခတ်နေသော ငါးကလေးတစ်ကောင်နှယ်။
သူက အခြား ကြယ်တာရာ အစုအဝေးများဘက်သို့ ခြေဦးမလှည့်ရဲ။
သူရရှိထားသော ဝိညာဉ်ဖြာထွက်မှု လမ်းကြောင်းအတိုင်းသာ လိုက်သွားခဲ့သည်။

အလွန်ရှည်လျားသော အကွာအဝေးကို ဖြတ်ကျော်လာပြီးနောက် လင်းမန်ထံမှ ဝိညာဉ်စွမ်းအင်များ ပမာဏ ကြီးကြီးမားမား ကုန်ခမ်းနေခဲ့လေပြီ။
သူမက ကျယ်ပြောလှသော စကြ၀ဠာကြီးထဲတွင် မိန်းမောတွေဝေလျှက်ရှိသည်။

အိမ်မက်မက်နေသလိုမျိုးခံစားမှုဖြင့် လင်းမန်က ကိုယ့်စိတ်ကို ကိုယ်ထိန်းချုပ်ရန် ကြိုးစားသည်။
၀ိညာဉ်အသိများကို အဆက်မပြတ် ထုတ်လွှတ်နေရင်း အဆက်အသွယ်ကို ရှာဖွေသည်။
“လူသားမျိုးနွယ် ပညာရှိကြီးများ…ကျေးဇူးပြုပြီး ဆက်သွယ်မှု ပြုကြပါ”

အမှန်တကယ်ပင်…
တစ်နေရာတွင်တော့ လွှမ်းမိုးနိုင်စွမ်းကြီးမားလှသော တည်ရှိမှုတစ်ခု …
ထိုအရာ၏ ဝိညာဉ်ဖြာထွက်မှုအားလှိုင်းများက လင်းမန်ကို ခြိမ်းခြောက်နေသည်။
သူမ၏ နတ်ဘုရားဝိညာဉ်သည် အချိန်မရွေး လောင်ကျွမ်းပြာကျသွားတော့မည်ကဲ့သို့။

ရုတ်ချည်း လင်းမန်၏ ဝိညာဉ် တဆတ်ဆတ် တုန်ခါလို့လာသည်။
သူမက ဝိုးတဝါး ဝိညာဉ်အသိတစ်စကို ဖမ်းဆုပ်မိသလိုရှိသည်။
မိမိကိုယ်မိမိ စုစည်းကာ ထိုနေရာသို့ ရောက်ရှိရန် ကြိုးစားသည်။

သို့သော်လည်း ကြယ်အစုအဝေးကြီးတစ်ခု၏ အစွန်းမှ အေးစက်သော အားလှိုင်းတစ်ခု ပစ်လွင့်လာခဲ့သည်။

လင်းမန်၏ ရည်ရွယ်ချက်က ေ၀၀ါးပျောက်ကွယ်သွားခဲ့သည်။
သူမ၏ နတ်ဘုရားဝိညာဉ်က အေးခဲသွားပြီးနောက် စကြ၀ဠာထဲမှ လျှင်မြန်စွာ ဆုတ်ခွာလာခဲ့သည်။

စကြာ၀ဠာပြန်လည်မွေးဖွားခြင်း ဆေးပေါင်းအိုးကြီးတစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါနေခဲ့သည်။
မျိုးနွယ်ခြားသတ္တဝါများ၏ အရုပ်များက အသက်၀င်နေသလို ရွေ့လျားလာကြသည်။
၄င်းတို့က အစွယ်များ လက်သည်းများပင် ထုတ်ပြလာကြပြီး ဆေးပေါင်းအိုးကြီးထဲမှ ယခုပင်ခုန်ထွက်လာကြတော့မည်ကဲ့သို့ ရုန်းကြွလာကြသည်။

သိုင်းထိပ်ခေါင် ခြောက်ယောက်စလုံး၏ နတ်ဘုရားဝိညာဉ်များလဲ အပြင်းအထန် တုန်ခါလာကြသည်။
သူတို့က ဝိညာဉ်စွမ်းအင်များကို ဖြစ်ညှစ်ကာ ဆေးပေါင်းအိုးထဲ အဆက်မပြတ် လောင်းထည့်နေကြသည်။

စကြာ၀ဠာပြန်လည်၀င်စားခြင်း ဆေးပေါင်းအိုးကြီးက တဖြည်းဖြည်း ပြန်လည်ငြိမ်ကျသွားခဲ့သည်။
သားရဲများ တစ္ဆေများနှင့် မိစ္ဆာများ၏ ပုံရိပ်သည် တစ်စုံတစ်ရာသော ခွန်အားဖြင့် ဖိနှိပ်ခြင်းခံရသကဲ့သို့ ရန်လိုသော အမူအယာများ ပျောက်ကွယ်သွားကြသည်။

လင်းမန်၏ နတ်ဘုရားဝိညာဉ်က စကြ၀ဠာပြန်လည်၀င်စားခြင်း ဆေးပေါင်းအိုးကြီးထဲမှ ပြန်ထွက်လာချိန်တွင် တည်ငြိမ်မှု လုံး၀မရှိတော့ပဲ ပြင်းထန်စွာ ခါယမ်းလျှက်ရှိသည်။

ကျန်ခြောက်ယောက်၏ ဝိညာဉ်များက ဝိညာဉ်စွမ်းအင်များဖြင့် လိုက်ပါ၀န်းရံကာ သူမ၏ ကိုယ်ထဲသို့ ပြန်လည်ထည့်သွင်းပေးလိုက်ကြသည်။

ခနအကြာတွင် မြင့်မြတ်ခြင်းကုန်းမြေ၏ ထိပ်ထိပ်ကျဲသိုင်းသမားကြီးများအားလုံး သက်ပြင်းချကာ ပြန်လည်နိုးထလာကြသည်။
သူတို့ကြည့်ရတာ အလွန်ပြင်းထန်သောတိုက်ပွဲကို ဆင်နွှဲခဲ့ရသကဲ့သို့ ပင်ပန်းနွမ်းနယ်နေကြသည်။
သူတို့၏ ဝိညာဉ်စွမ်းအင်များ ခမ်းခြောက်လုနီးပါးပင်။

လင်းမန်၏ ပါးစပ်၊နှာခေါင်းနှင့် နားရွက်များမှ သွေးများ ယိုစီးကျနေသည်။
သူမက စိတ်ဓါတ်ကျနေဟန်ရပြီး ပုံမှန်အသက်ပြန်ရှူဖို့ အချိန်အတော်ကြာအောင် ကြိုးစားခဲ့ရသည်။

သူမက ယခုတိုင် ကြောက်ရွံ့ထိတ်လန့်နေဆဲပင်။
“ဘာတွေဖြစ်ကုန်မှန်းမသိဘူး။ငါ့ရဲ့ မဟာဆရာသခင်က အားနည်းနေပုံပဲ။သူမ ဘာတွေကြုံတွေ့ခဲ့မှန်း ငါမသိဘူး”

ယွန်ဟောင်နှင့် နီရူတို့ တုန်လှုပ်သွားကြသည်။

“မင်းရဲ့ မဟာ ဆရာသခင်ဟာ နတ်ဘုရင်အဆင့်ကို နောက်ဆုံး ၀င်ရောက်ခဲ့တဲ့သူပဲ။သူမဟာ မြင့်မြတ်ခြင်းကုန်းမြေရဲ့ အတုမဲ့ဖြစ်တယ်။
သူမရဲ့ စွမ်းအင်နဲ့ ကျင့်ကြံမှုလမ်းကြောင်းဟာ ပြိုင်ဘက်ကင်းပဲ..သူမက အဆုံးမဲ့ စကြာ၀ဠာထဲမှ မမျှော်လင့်ထားတာတွေနဲ့ ကြုံတွေ့ခဲ့ရလို့လား”
နီရူက သူ၏ ကြောက်စိတ်ကို မထိန်းချုပ်နိုင်ခဲ့ပါ။
“သူမင်းနဲ့တောင် မဆက်သွယ်နိုင်ခဲ့ဘူးဆိုတော့ အဲ့ဒီအရာက ဘယ်လာက်တောင် အန္တရာယ်ကြီးမားနေပါလိမ့်နော်”

“နှစ်သန်းပေါင်းများစွာကုန်ဆုံးသွားတဲ့နောက် ငါတို့ဆီမှာ နတ်ဘုရင်အဆင့် သိုင်းပညာရှင်တွေ မရေမတွက်နိုင်အောင် ပေါ်ထွန်းခဲ့ပြီးပါပြီ။ဒါက သူတို့ကို ကျက်သရေကုန်းမြေဒေသကြီးရဲ့ အပြင်ဘက်အဆုံးမဲ့စကြာ၀ဠာထဲ ခြေဆန့်ခွင့်ရစေတယ်။သူတို့ဟာ ကုန်းမြေတိုက်ကြီးကိုစွန့်ခွာပြီး ပြင်ပစကြာ၀ဠာထဲ ၀င်ရောက်ကြတယ်။လူသားမျိုးနွယ်စုရဲ့ တုဖက်ကင်းတဲ့ သိုင်းပညာရှင်တွေအပြင် အဲ့ဒီမှာ မိစ္ဆာမျိုးနွယ်၊အမှောင်မျိုးနွယ်စုတွေရဲ့ မဟာအကြီးအကဲကြီးတွေလဲ ရှိနေတာပဲလေ။ဘယ်သူပဲဖြစ်ဖြစ် အဆုံးမဲ့စကြာ၀ဠာဆီ ခြေဆန့်သွားကြရင် သတင်းအစအနပျောက်ကွယ်သွားခဲ့ကြတယ်”
လင်းမန်က ခတ္တတုံ့ဆိုင်းနေပြီးနောက်မှ
“ငါတို့ရဲ့ မဟာဆရာသခင်ကတော့ ငါတို့ မတွန်းလှန်နိုင်တဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါကျရင် ဆက်သွယ်နိုင်ဖို့အတွက် စကြာ၀ဠာပြန်လည်၀င်စားခြင်း ဆေးပေါင်းအိုးကို ထားရစ်ခဲ့တယ်…ဒါပေမဲ့ အခု ငါအဆက်အသွယ်ရတဲ့အချိန်မှာ သူအခြေအနေကောင်းဟန်မတူဘူး။သူ…သူ ချုပ်နှောင်ခံထားရပုံပဲ”

“ချုပ်နှောင်ခံရတယ်”

သက်တမ်းရင့် အဖွဲ့ကြီးခုနှစ်ခုမှ ခေါင်းဆောင်ကြီးများအားလုံး မျက်စိမျက်နှာပျက်ကုန်ကြသည်။
သူတို့၏ မျက်လုံးများတွင် တွေဝေရှုပ်ထွေးဟန်များထွက်ပေါ်လာကြသည်။

လင်းမန်၏မဟာဆရာသခင်သည် လက်ရှိ မြင့်မြတ်ခြင်းကုန်းမြေ၏ အနီးစပ်ဆုံး ခေတ်မှ အတုမဲ့ သိုင်းပညာရှင် အမျိုးသမီးကြီးဖြစ်သည်။သူမက မြင့်မြတ်ခြင်းကုန်းမြေမှ ပျောက်ကွယ်သွားချိန်တွင် ယွန်ဟောင်တို့ဆိုသည်မှာ ဆယ်ကျော်သက်လေးများသာဖြစ်ပြီး စွမ်းအင်ကျင့်ကြံမှုလမ်းကြောင်းကို လျှောက်လှမ်းခါစပင်ရှိသေးသည်။
သို့သော်လည်း သူမ၏ ဒဏ္ဍာရီများကို ဘယ်သူမဆို ကြားဖူးကြသည်။
သူမသည် နတ်ဘုရင် အလယ်အလတ်အဆင့်သို့ ရောက်သည်အထိ ကျင့်ကြံပြီးမှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

ဒါက နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။
သူမ၏ စွမ်းအင်အဆင့်သည် ယခုဆိုလျှင် ပိုမို နက်ရှိုင်းနေသင့်သည်မဟုတ်လော။
သို့သော်လည်း မျှော်လင့်မထားစွာပင် အဆုံးမဲ့ စကြာ၀ဠာအတွင်း အကျဉ်းကျနေခဲ့သည်တဲ့။
ဘာတွေဖြစ်ကုန်ပါသနည်း။

“ရှေးဦးကာလ နတ်ဘုရားကလန် ကျက်သရေကုန်းမြေတိုက်ကြီးကနေ ကွယ်ပျောက်သွားပြီးတဲ့နောက် နှစ်သန်းပေါင်းများစွာ ကြာခဲ့ပေမဲ့လဲ သူတို့ ဆက်ပြီးတော့ တည်ရှိနေဦးမလား ငါစဉ်းစားမိတယ်…အဲ့ဒီခေတ်က မိစ္ဆာကလန်၊အမှောင်ကလန် စတဲ့ အုပ်ချုပ်သူတွေလဲ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားခဲ့ပြီ။ဘယ်တော့မှ ပြန်မလာကြဘူး။နှစ်တွေဒီလောက်ကြာသွားပေမဲ့ သူတို့ အသက်ရှင်နေသေးလားသေကုန်ကြပြီလားလဲ ဘယ်သူမှမသိကြဘူး”
လင်းမန်က သက်ပြင်းချလိုက်ရင်း
“သူတို့တွေရဲ့ တည်ရှိမှု မတည်ရှိမှုဟာ ငါတို့ နားလည်နိုင်တဲ့အရာတော့မဟုတ်ပါဘူး…ငါ့ဆရာနဲ့လဲ ဆက်သွယ်လို့ မရဘူးဆိုတော့ တခြားနည်းရှာကြရုံပေါ့”

“သိုင်းဝိညာဉ်နန်းတော်က ရှေးအကျဆုံး ကျမ်းစာတွေထဲမှာ ရှေးဦးကာလလို့ ခေါ်နေကြတဲ့ ခေတ်ထက် စောခဲ့တဲ့ ခေတ်ကို ဖော်ပြထားတယ်…အင်မော်တယ်ခေတ်ကာလတဲ့…အဲ့ဒီခေတ်ကာလတုန်းက ဘာမျိုးနွယ်စု ဘာကလန်မှ မပေါ်ခဲ့သေးဘူး…မသေမျိုးတွေပဲ ရှိခဲ့ကြတယ်…သူတို့ဟာ ငါတို့ထက် အများကြီး သန်မာတယ်…သူတို့ရဲ့ အသက်ဟာ အဆုံးမရှိလောက်အောင်ပဲ။အဲ့ဒီ အင်မော်တယ်သက်ရှိတွေဟာ ကမ္ဘာလောကအသစ်တစ်ခုကိုတောင် ဖန်တီးနိုင်စွမ်းရှိတယ်တဲ့။သူတို့ခန္ဓာကိုယ်တွေကိုယ်တိုင်က ကမ္ဘာကြီးပဲတဲ့။နတ်ဘုရားတွေ ဒဏ္ဍာရီတွေရဲ့ မူလအစလို့ ခေါ်ရမယ်ထင်တယ်။မသေမျိုးတွေဟာ ကလန်ကြီးဆယ်ခုထက် စောခဲ့တယ်။သူတို့တွေလဲ ကျက်သရေကုန်းမြေတိုက်ကြီးကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြတယ်။သူတို့ဟာ ကျင့်ကြံမှုရဲ့ အထွတ်အထိပ်ကို ရောက်တဲ့အခါ ကုန်းမြေတိုက်ကြီးတစ်ခုလုံးဟာ သူတို့ကို မပံ့ပိုးပေးနိုင်တော့ဘူးတဲ့”

သိုင်းဝိညာဉ်နန်းတော်မှ ကွမ်းဟူက စကားလုံးများကို ရွေးချယ်ရင်း သေသေချာချာပြောသည်။
သူ့မျက်နှာတွင်လည်း ထိတ်လန့်ခြောက်ခြားမှုများဖြင့် ပြည့်လျှက်ပင်။

သူ့စကားလုံးများသည် လူအများအား တောင့်တင်းသွားစေသည်။နှလုံးသားများ အေးစက်သွားစေသည်။

“မသေမျိုးတွေကို အသာထားဦး ရှေးဦးခေတ်က သိုင်းသမားတွေနဲ့ ယှဉ်ရင်တောင် ငါတို့ အားကောင်းတယ်ဆိုတာ ဘာမှမဟုတ်ပါဘူး”
လင်းမန်က ကြိုးစားကာ ပြုံးသည်။
“ကြည့်ရတာ ငါတို့ ပြင်ကခွန်အားအပေါ် မှီခိုလို့မရတော့ဘူးပေါ့..ငါတို့က ကိုယ့်အားကိုယ်ကိုးရတော့မယ်”

“ကျက်သရေကုန်းမြေတိုက်ကြီးအပြင်ဘက်မှာ ဟင်းလင်းပြင်ငယ်တွေ အများကြီး ရှိနေခဲ့တယ်။အများစုဟာ အရင်တုန်းက ဒီနေရာကို ၀င်လို့မရအောင် ပိတ်ပင်ခံထားကြသူတွေပဲ။မဟာပြောင်းလဲမှုကြီးအပြီးမှာတော့ အဲ့ဒီ ဟင်းလင်းပြင်အက်ကြောင်းတွေကနေတဆင့် သူတို့ ၀င်ရောက်လာကြတယ်။အဲ့ဒီကျတော့မှ ငါတို့ဟာ အမှောင်ကလန်၊မိစ္ဆာကလန်၊တစ္ဆေအမှတ်အသားကလန် စတဲ့ ကြောက်မက်ဖွယ်ရာတည်ရှိမှုတွေအကြောင်း သိခဲ့ရတယ်…သိပ်မကြာခင်မှာပဲ ငါတို့ နောက်ကျသွားခဲ့ပြီ”
ကွမ်းဟူက သက်ပြင်းချသည်။

“နှစ်ပေါင်းများစွာကြာပြီးနောက် ရှေးဦးခေတ်ကာလ မျိုးနွယ်ခြား လျှမ်းလျှမ်းတောက်တွေလဲ သေတဲ့လူသေ အဆုံးမဲ့စကြာ၀ဠာထဲ ထွက်တဲ့လူထွက်နဲ့ ပျောက်ကွယ်ကုန်ကြပြီ။အခု ဒီကိုရောက်လာတဲ့ကောင်တွေက သူတို့ရဲ့ မြေးမြစ်တွေပဲ…မဟုတ်ရင် ငါတို့အားလုံး သေကုန်တာကြာပေါ့”
ယွန်ဟောင်က နှာခေါင်းရှုံ့လိုက်ရင်းပြောသည်။
“တကယ့် အန္တရာယ်ကောင်တွေတော့မဟုတ်ပါဘူး အနည်းဆုံးတော့ ငါတို့ဟာ နတ်ဘုရင်အဆင့်နဲ့ တိုက်စရာမလိုဘူးလေ”

“ဒါပေမဲ့ သူတို့အားလုံးဟာ အမွေခံတွေပဲ…ငါတို့ လူသားကလန်ရဲ့ အမွေအနှစ်တွေကျတော့ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ပျောက်ပျက်ကုန်ကြပြီ”
လင်းမန်က ခေါင်းခါယမ်းလိုက်ရင်း
“မျိုးနွယ်ခြား ရှင်သန်လွတ်မြောက်လာသူတွေဟာ ခြိမ်းခြောက်နိုင်စွမ်း ကြီးမားလွန်းတယ်။သူတို့ဟာ သေခြင်းရှင်ခြင်းစိန်ခေါ်မှုများစွာကနေ ရှင်ကျန်ရစ်ခဲ့သူတွေပဲ။ငါတို့ဆီမှာတော့ ငါတို့ကလွဲရင် ဘယ်သူမှမရှိဘူး။ရန်သူကို ရင်ဆိုင်ဖို့ သိပ်ကိုခက်ခဲတယ်”

လင်းမန်က ခတ္တရပ်လိုက်ပြီးနောက် သူ့အသွင်အပြင်က ပိုမိုအေးစက်သွားခဲ့သည်။
“ဟမ့်…ပိုဆိုးတာက အသားထဲက လောက်ထွက်တဲ့ကောင်တွေပဲ”

ထိုအချက်တွင် ချင်ကူချွမ်၊ကွမ်းဟိုနှင့် လျိုမြိုတို့ မျက်နှာကြီးများ မည်းမှောင်သွားကြသည်။

ယွန်ဟောင်ကတော့ နှုတ်ဆိတ်နေသည်။
သူက ဒေါသထွက်သော်လည်း ဘာပြန်ပြောရမှန်းမသိချေ။

“မျိုးနွယ်ခြားတွေနဲ့ ပူးပေါင်းဝံ့တဲ့ကောင်လား…သူတို့အားလုံးကို သတ်သင့်တယ်…အနာဂါတ် ဆူးငြှောင့်ခလုတ်ကို ရှင်းပစ်ရမှာပဲ”
ချင်ကူချွမ်က နှာခေါင်းရှုံ့လိုက်ရင်း
“ရှီယန်ဆိုတဲ့ ကောင်လေးက သိပ်ဆိုးဝါးတယ်။ငါတို့ သူ့ကို လုပ်ချင်ရာ လုပ်ခွင့်ပြုထားရင် ပြဿနာတွေ အများကြီးတက်ကုန်လိမ့်မယ်။ငါတို့ စောစောအရေးယူလိုက်တာကောင်းမယ်။မျိုးနွယ်ခြားတွေနဲ့ မရှင်းခင်မှာ ဒီ ပေါင်းပင်တွေကို အရင် ရှင်းလိုက်ကြတာပေါ့”

“ရှီယန်က လူသားကလန်ကပဲလေ”
ယွန်ဟောင်က မျက်မှောင်ကြုတ်ကာ ၀င်ပြောသည်။သို့သော် သူ့လေသံက အားမရှိ။
သွေးလည်ဆံပြောသော ရှီယန်၏ သွေးဆက်အကြောင်း ကြားထားပြီးကတည်းက သူ့ဆုံးဖြတ်ချက်ကိုသူ မသေချာတော့ခြင်းဖြစ်သည်။
“သူတို့ဟာလဲ အင်အားစုတစ်ခုပဲ…သူတို့ အသက်ရှင်နေရင် လူသားကလန်အတွက် တစ်တပ်တစ်အား ရတာပေါ့”

“ငါကတော့ သူတို့အကုန်လုံးကို သတ်ဖို့ အကြံပေးချင်တယ်”
ချင်ကူချွမ်က ရုတ်တရက် ထရပ်သည်။
“ငါတို့ မဲခွဲလိုက်တာပေါ့…ဒါကို ဘယ်သူ ထောက်ခံမလဲ”

လင်းမန်၊နီရူ၊လျိုမြိုနှင့် ကွမ်းဟူတို့က ရှီယန့်ကိုသတ်ရန် ဆန္ဒပြုကြသည်။

သူတို့ ခုနှစ်ယောက်တွင် ယွန်ဟောင်နှင့် တိုက်ခိုက်ရေးအဖွဲ့အစည်းမှ ယူ၀မ်ကျင်းတို့နှစ်ယောက်သာ တစ်ဖက်၌ရပ်သည်။

“အစ်ကိုယုက ဘာဖြစ်လို့”
လျိုမြိုက ထူးဆန်းသလိုမေးသည်။

“ဒီကောင်လေးက ငါတို့ တိုက်ခိုက်ရေးအဖွဲ့အစည်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်..ငါတော့ ဒီကောင်လေး မဆိုးဘူးလို့ထင်တယ်”
ယူ၀မ်ကျင်းက အားမရှိစွာပြောသည်။

“ခုနှစ်ယောက်မှာ ငါးယောက် သဘောတူပြီ။စည်းမျဉ်းအရ ဒါ အတည်ဖြစ်ပြီ”
ချင်ကူချွမ်က လင်းမန်ကိုကြည့်ကာပြောသည်။

လင်းမန်က ခေါင်းညိတ်လိုက်သည်။

“ကောင်းတယ်…မျိုးနွယ်ခြားတွေနဲ့ တိုက်ပွဲမစခင် အဲ့ဒီ ပိုးမွှားကို အရင်သတ်ကြတာပေါ့”

ချင်ကူချွမ်၏မျက်နှာက ဆိုးညစ်စွာ ရှုံ့မဲ့နေရင်း
“ဒီကိစ္စကို ငါတို့ ငါးဖွဲ့ ဆက်တာ၀န်ယူလိုက်မယ်။အလင်းတော်ဂိုဏ်းနဲ့ တိုက်ခိုက်ရေးအဖွဲ့အစည်းက ပူးပေါင်းဖို့မလိုဘူး…ဒါပေမဲ့ မနှောက်ယှက်ရဘူး”

ယွန်ဟောင်နှင့် ယူ၀မ်ကျင်း မျက်မှောင်ကြုတ်လို့သာနေသည်။
သူတို့က ဘာမှ ပြန်မဖြေကြပါ။
သူတို့ သိသလောက် ဒီကိစ္စက လွယ်လွယ်ဖြေရှင်းလို့ရမည့်အမျိုးမဟုတ်ပါ။

---- ---- ----- ------ ------ ------ ----

Chapter 645: နယ္ေျမျခားသို႔ အဆက္အသြယ္

မီးႏွင့္ေရခဲ လွ်ို႔ဝွက္နယ္ေျမ

ရိုးရွင္းစြာ တည္ေဆာက္ထားေသာ မီးေတာင္ေခ်ာ္ေက်ာက္တုံး အစည္းအေဝးခန္းမတစ္ခု။
အျဖဴေရာင္နယ္ေျမမွ လင္းမန္၊အလင္းေတာ္ဂိုဏ္းမွ ယြန္ေဟာင္၊နတ္ဆိုးေတာင္ၾကားမွ နီ႐ူ၊သုခဘုံနန္းေတာ္မွ ခ်င္ကူခြၽမ္၊သိုင္းဝိညာဥ္နန္းေတာ္မွ ကြမ္းဟူ၊ေမွာ္ရတနာဂိုဏ္းမွ လွ်ိုမ်ိဳ၊တိုက္ခိုက္ေရးအဖြဲ႕အစည္းမွ ယု၀မ္က်င္းတို႔ စုေဝးေနၾကသည္။

သက္တမ္းရင့္အဖြဲ႕ႀကီးခုႏွစ္ခုမွ ေခါင္းေဆာင္မ်ား

ဒီလူခုႏွစ္ေယာက္သည္ ျမင့္ျမတ္ျခင္းကုန္းေျမေဒသႀကီးတစ္ခုလုံး၏ အုပ္ခ်ဳပ္သူမ်ားျဖစ္ၾကသည္။
သူတို႔ထဲမွ တစ္ေယာက္ခ်င္းစီသည္ ျမင့္ျမတ္ျခင္းကုန္းေျမေဒသႀကီးမွ အႂကြယ္၀ဆုံး အစိတ္အပိုင္းမ်ားကို ႏွစ္ေပါင္းမ်ားစြာ ခြဲေဝအုပ္ခ်ဳပ္လာၾကသူမ်ားျဖစ္သည္။

ထို ေနရာအႏွံ႕အျပားမွ သိုင္းထိပ္ေခါင္ႀကီးမ်ားသည္ ယေန႕ ဒီအစည္းအေဝးခန္းမတြင္ လာေရာက္စုေဝးေနၾက၏။

သူတို႔၏ မ်က္ႏွာမ်ားက တည္ၾကည္ေလးနက္ေနၿပီး ခန္းမအလယ္ရွိ ေၾကးဝါေဆးေပါင္းအိုးႀကီးကို စူးစိုက္ၾကည့္ေနၾကသည္။
ေၾကးဝါ ေဆးေပါင္းအိုးႀကီးသည္ ငါးမီတာခန့္ ျမင့္မားၿပီး လူ၏ ေျခေထာက္အ႐ြယ္အစားကဲ့သို႔ေသာ ေဒါက္တိုင္သုံးခု ပါရွိသည္။

ေၾကးဝါအိုးတစ္ခုလုံး ေမွာ္ဆန္ေသာ အ႐ုပ္မ်ားျဖင့္ ျပည့္ႏွက္ေနသည္။
တိမ္တိုက္မ်ား၊သားရဲမ်ား၊မ်ိဳးႏြယ္ျခားမ်ား၊တစ္ေဆမ်ားႏွင့္ မိစ္ဆာမ်ားျဖစ္ၾကသည္။
အကုန္လုံးက ႐ုပ္လုံးႂကြေနၾကၿပီး အမွန္တကယ္ အသက္ရွိေသာ သတၱဝါမ်ားကဲ့သို႔ ေဆးေပါင္းအိုးတစ္ေလွ်ာက္ တြားသြားေနၾကသည့္အလားပင္။

ေၾကးဝါအိုးထဲမွ အစိမ္းေရာင္မီးခိုးလုံးမ်ား ထြက္ေပၚေနသည္။
ပတ္၀န္းက်င္တြင္ စိတ္ကိုလန္းဆန္းေစေသာ ေမႊးရနံ႕မ်ား ပ်ံ့လြင့္လို႔ေနသည္။
ထိုေမႊးရနံ႕က လူအမ်ား၏ ဝိညာဥ္ကို ၿငိမ္သက္ေအးခ်မ္းေစသည္။

ဒါက စၾက၀ဠာ ျပန္လည္၀င္စားျခင္းေဆးေပါင္းအိုးပင္ျဖစ္ေလသည္။

အျဖဴေရာင္နယ္ေျမ၏ နတ္ဘုရားအဆင့္ ေမွာ္ရတနာတစ္ခုလဲျဖစ္သည္။
လင္းမန္က ထိုေမွာ္ရတနာကို အလြန္တန္ဖိုးထားသည္။
သူမက အျခားသူမ်ားအား ဘယ္တုန္းကမွ ထုတ္ေဖာ္ျပသျခင္း မရွိခဲ့ဖူးပါ။
ဒါကို သူမ၏ အသက္လို တန္ဖိုးထားသည္။

လင္းမန္ႏွင့္ က်န္ေျခာက္ေယာက္တို႔ တိတ္ဆိတ္စြာ ထိုင္ေနၾကသည္။
အစိမ္းေရာင္မီးခိုးေငြ႕မ်ားက ထူထပ္သည္ထက္ ထူထပ္လာခဲ့သည္။
ထို႔ေနာက္တြင္ေတာ့ သူတို႔က မိမိတို႔၏ နတ္ဘုရားဝိညာဥ္မ်ားကို ေစလႊတ္လိုက္ၾကသည္။

အလင္းေရာင္တန္း ခုႏွစ္တန္းအျဖစ္ ေၾကးဝါအိုးႀကီးထံ တိုး၀င္သြားၾကသည္။
သူတို႔၏ နတ္ဘုရားဝိညာဥ္မ်ားက ေဆးေပါင္းအိုး ႏႈတ္ခမ္း၀တြင္ ေနရာယူလိုက္ၾကသည္။
ထို႔ေနာက္ ဝိညာဥ္စြမ္းအင္မ်ားကို တစ္စုတစည္းတည္း ေပါင္းစည္းလိုက္ၿပီးေနာက္ ေၾကးအိုး၏ အလယ္ဗဟိုဆီသို႔ သြန္းေလာင္းလိုက္ၾကသည္။

စၾက၀ဠာျပန္လည္၀င္စားျခင္း ေဆးေပါင္းအိုး၏ ပတ္ပတ္လည္မွ အ႐ုပ္မ်ားက ေတာက္ပလာၾကသည္။
ရႈပ္ေထြးေသာ ဝိညာဥ္ျဖာထြက္မႈအားလွိုင္းမ်ား ေဆးေပါင္းအိုးထဲမွ တလိမ့္လိမ့္ ထြက္ေပၚလာသည္မွ မီးႏွင့္ေရခဲ လွ်ို႔ဝွက္နယ္ေျမတစ္ခုလုံး ဝိညာဥ္လွိုင္းလုံးႀကီးမ်ား ဖုံးလႊမ္းသြားသည္အထိပင္ျဖစ္သည္။

အခ်ိန္ကာလတစ္ခု ၾကာျမင့္သြားၿပီးေနာက္တြင္ လင္းမန္၏ နတ္ဘုရားဝိညာဥ္က ေဆးေပါင္းအိုး၏ အလယ္ဗဟိုသို႔ ဆင္းသက္သြားခဲ့သည္။
သူက အတြင္းပိုင္းရွိ သလင္းေက်ာက္လို ၾကည္လင္ေသာ ေနရာတစ္ခုသို႔ေရာက္ရွိသြားၿပီး ေပါင္းစည္းထားေသာ ဝိညာဥ္ခြန္အားမ်ားကို အသုံးခ်ကာ သလင္းတုံးထဲသို႔ တိုး၀င္သြားေလေတာ့သည္။

လင္းမန္၏ နတ္လုရားဝိညာဥ္သည္ ျမင့္ျမတ္ျခင္းကုန္းေျမေဒသႀကီးမွ တစ္နည္းနည္းျဖင့္ လြန္ေျမာက္သြားၿပီး က်ယ္ျပန့္ေသာ စၾက၀ဠာႀကီးထဲတြင္ ဝဲလည္လွည့္လွ်က္ရွိသည္။
ဆန္းၾကယ္ေသာ ေမွာ္စြမ္းအင္မ်ား ျဖာထြက္ေနရာတစ္ခုကို အာ႐ုံခံမိသည္ႏွင့္ သူက ထိုေနရာသို႔ ဦးတည္သြားခဲ့သည္။

စၾကာ၀ဠာႀကီးထဲတြင္ ၾကယ္တာရာအစုအေဝးမ်ားက အဆုံးအစမဲ့။
လင္းမန္၏ဝိညာဥ္သည္ သမုဒၵရာထဲ ကူခတ္ေနေသာ ငါးကေလးတစ္ေကာင္ႏွယ္။
သူက အျခား ၾကယ္တာရာ အစုအေဝးမ်ားဘက္သို႔ ေျခဦးမလွည့္ရဲ။
သူရရွိထားေသာ ဝိညာဥ္ျဖာထြက္မႈ လမ္းေၾကာင္းအတိုင္းသာ လိုက္သြားခဲ့သည္။

အလြန္ရွည္လ်ားေသာ အကြာအေဝးကို ျဖတ္ေက်ာ္လာၿပီးေနာက္ လင္းမန္ထံမွ ဝိညာဥ္စြမ္းအင္မ်ား ပမာဏ ႀကီးႀကီးမားမား ကုန္ခမ္းေနခဲ့ေလၿပီ။
သူမက က်ယ္ေျပာလွေသာ စၾက၀ဠာႀကီးထဲတြင္ မိန္းေမာေတြေဝလွ်က္ရွိသည္။

အိမ္မက္မက္ေနသလိုမ်ိဳးခံစားမႈျဖင့္ လင္းမန္က ကိုယ့္စိတ္ကို ကိုယ္ထိန္းခ်ဳပ္ရန္ ႀကိဳးစားသည္။
၀ိညာဉ်အသိများကို အဆက္မျပတ္ ထုတ္လႊတ္ေနရင္း အဆက္အသြယ္ကို ရွာေဖြသည္။
လူသားမ်ိဳးႏြယ္ ပညာရွိႀကီးမ်ားေက်းဇူးျပဳၿပီး ဆက္သြယ္မႈ ျပဳၾကပါ

အမွန္တကယ္ပင္
တစ္ေနရာတြင္ေတာ့ လႊမ္းမိုးနိုင္စြမ္းႀကီးမားလွေသာ တည္ရွိမႈတစ္ခု
ထိုအရာ၏ ဝိညာဥ္ျဖာထြက္မႈအားလွိုင္းမ်ားက လင္းမန္ကို ၿခိမ္းေျခာက္ေနသည္။
သူမ၏ နတ္ဘုရားဝိညာဥ္သည္ အခ်ိန္မေ႐ြး ေလာင္ကြၽမ္းျပာက်သြားေတာ့မည္ကဲ့သို႔။

႐ုတ္ခ်ည္း လင္းမန္၏ ဝိညာဥ္ တဆတ္ဆတ္ တုန္ခါလို႔လာသည္။
သူမက ဝိုးတဝါး ဝိညာဥ္အသိတစ္စကို ဖမ္းဆုပ္မိသလိုရွိသည္။
မိမိကိုယ္မိမိ စုစည္းကာ ထိုေနရာသို႔ ေရာက္ရွိရန္ ႀကိဳးစားသည္။

သို႔ေသာ္လည္း ၾကယ္အစုအေဝးႀကီးတစ္ခု၏ အစြန္းမွ ေအးစက္ေသာ အားလွိုင္းတစ္ခု ပစ္လြင့္လာခဲ့သည္။

လင္းမန္၏ ရည္႐ြယ္ခ်က္က ေ၀၀ါးပျောက်ကွယ်သွားခဲ့သည်။
သူမ၏ နတ္ဘုရားဝိညာဥ္က ေအးခဲသြားၿပီးေနာက္ စၾက၀ဠာထဲမွ လွ်င္ျမန္စြာ ဆုတ္ခြာလာခဲ့သည္။

စၾကာ၀ဠာျပန္လည္ေမြးဖြားျခင္း ေဆးေပါင္းအိုးႀကီးတစ္ခုလုံး ျပင္းျပင္းထန္ထန္ တုန္ခါေနခဲ့သည္။
မ်ိဳးႏြယ္ျခားသတၱဝါမ်ား၏ အ႐ုပ္မ်ားက အသက္၀င္ေနသလို ေ႐ြ႕လ်ားလာၾကသည္။
၄င္းတို႔က အစြယ္မ်ား လက္သည္းမ်ားပင္ ထုတ္ျပလာၾကၿပီး ေဆးေပါင္းအိုးႀကီးထဲမွ ယခုပင္ခုန္ထြက္လာၾကေတာ့မည္ကဲ့သို႔ ႐ုန္းႂကြလာၾကသည္။

သိုင္းထိပ္ေခါင္ ေျခာက္ေယာက္စလုံး၏ နတ္ဘုရားဝိညာဥ္မ်ားလဲ အျပင္းအထန္ တုန္ခါလာၾကသည္။
သူတို႔က ဝိညာဥ္စြမ္းအင္မ်ားကို ျဖစ္ညွစ္ကာ ေဆးေပါင္းအိုးထဲ အဆက္မျပတ္ ေလာင္းထည့္ေနၾကသည္။

စၾကာ၀ဠာျပန္လည္၀င္စားျခင္း ေဆးေပါင္းအိုးႀကီးက တျဖည္းျဖည္း ျပန္လည္ၿငိမ္က်သြားခဲ့သည္။
သားရဲမ်ား တစ္ေဆမ်ားႏွင့္ မိစ္ဆာမ်ား၏ ပုံရိပ္သည္ တစ္စုံတစ္ရာေသာ ခြန္အားျဖင့္ ဖိႏွိပ္ျခင္းခံရသကဲ့သို႔ ရန္လိုေသာ အမူအယာမ်ား ေပ်ာက္ကြယ္သြားၾကသည္။

လင္းမန္၏ နတ္ဘုရားဝိညာဥ္က စၾက၀ဠာျပန္လည္၀င္စားျခင္း ေဆးေပါင္းအိုးႀကီးထဲမွ ျပန္ထြက္လာခ်ိန္တြင္ တည္ၿငိမ္မႈ လုံး၀မရွိေတာ့ပဲ ျပင္းထန္စြာ ခါယမ္းလွ်က္ရွိသည္။

က်န္ေျခာက္ေယာက္၏ ဝိညာဥ္မ်ားက ဝိညာဥ္စြမ္းအင္မ်ားျဖင့္ လိုက္ပါ၀န္းရံကာ သူမ၏ ကိုယ္ထဲသို႔ ျပန္လည္ထည့္သြင္းေပးလိုက္ၾကသည္။

ခနအၾကာတြင္ ျမင့္ျမတ္ျခင္းကုန္းေျမ၏ ထိပ္ထိပ္က်ဲသိုင္းသမားႀကီးမ်ားအားလုံး သက္ျပင္းခ်ကာ ျပန္လည္နိုးထလာၾကသည္။
သူတို႔ၾကည့္ရတာ အလြန္ျပင္းထန္ေသာတိုက္ပြဲကို ဆင္ႏႊဲခဲ့ရသကဲ့သို႔ ပင္ပန္းႏြမ္းနယ္ေနၾကသည္။
သူတို႔၏ ဝိညာဥ္စြမ္းအင္မ်ား ခမ္းေျခာက္လုနီးပါးပင္။

လင္းမန္၏ ပါးစပ္၊ႏွာေခါင္းႏွင့္ နား႐ြက္မ်ားမွ ေသြးမ်ား ယိုစီးက်ေနသည္။
သူမက စိတ္ဓါတ္က်ေနဟန္ရၿပီး ပုံမွန္အသက္ျပန္ရႉဖို႔ အခ်ိန္အေတာ္ၾကာေအာင္ ႀကိဳးစားခဲ့ရသည္။

သူမက ယခုတိုင္ ေၾကာက္႐ြံ႕ထိတ္လန့္ေနဆဲပင္။
ဘာေတြျဖစ္ကုန္မွန္းမသိဘူး။ငါ့ရဲ႕ မဟာဆရာသခင္က အားနည္းေနပုံပဲ။သူမ ဘာေတြႀကဳံေတြ႕ခဲ့မွန္း ငါမသိဘူး

ယြန္ေဟာင္ႏွင့္ နီ႐ူတို႔ တုန္လႈပ္သြားၾကသည္။

မင္းရဲ႕ မဟာ ဆရာသခင္ဟာ နတ္ဘုရင္အဆင့္ကို ေနာက္ဆုံး ၀င်ရောက်ခဲ့တဲ့သူပဲ။သူမဟာ ျမင့္ျမတ္ျခင္းကုန္းေျမရဲ႕ အတုမဲ့ျဖစ္တယ္။
သူမရဲ႕ စြမ္းအင္နဲ႕ က်င့္ႀကံမႈလမ္းေၾကာင္းဟာ ၿပိဳင္ဘက္ကင္းပဲ..သူမက အဆုံးမဲ့ စၾကာ၀ဠာထဲမွ မေမွ်ာ္လင့္ထားတာေတြနဲ႕ ႀကဳံေတြ႕ခဲ့ရလို႔လား
နီ႐ူက သူ၏ ေၾကာက္စိတ္ကို မထိန္းခ်ဳပ္နိုင္ခဲ့ပါ။
သူမင္းနဲ႕ေတာင္ မဆက္သြယ္နိုင္ခဲ့ဘူးဆိုေတာ့ အဲ့ဒီအရာက ဘယ္လာက္ေတာင္ အႏၱရာယ္ႀကီးမားေနပါလိမ့္ေနာ္

ႏွစ္သန္းေပါင္းမ်ားစြာကုန္ဆုံးသြားတဲ့ေနာက္ ငါတို႔ဆီမွာ နတ္ဘုရင္အဆင့္ သိုင္းပညာရွင္ေတြ မေရမတြက္နိုင္ေအာင္ ေပၚထြန္းခဲ့ၿပီးပါၿပီ။ဒါက သူတို႔ကို က်က္သေရကုန္းေျမေဒသႀကီးရဲ႕ အျပင္ဘက္အဆုံးမဲ့စၾကာ၀ဠာထဲ ေျခဆန့္ခြင့္ရေစတယ္။သူတို႔ဟာ ကုန္းေျမတိုက္ႀကီးကိုစြန့္ခြာၿပီး ျပင္ပစၾကာ၀ဠာထဲ ၀င်ရောက်ကြတယ်။လူသားမျိုးနွယ်စုရဲ့ တုဖက္ကင္းတဲ့ သိုင္းပညာရွင္ေတြအျပင္ အဲ့ဒီမွာ မိစ္ဆာမ်ိဳးႏြယ္၊အေမွာင္မ်ိဳးႏြယ္စုေတြရဲ႕ မဟာအႀကီးအကဲႀကီးေတြလဲ ရွိေနတာပဲေလ။ဘယ္သူပဲျဖစ္ျဖစ္ အဆုံးမဲ့စၾကာ၀ဠာဆီ ေျခဆန့္သြားၾကရင္ သတင္းအစအနေပ်ာက္ကြယ္သြားခဲ့ၾကတယ္
လင္းမန္က ခတၱတုံ႕ဆိုင္းေနၿပီးေနာက္မွ
ငါတို႔ရဲ႕ မဟာဆရာသခင္ကေတာ့ ငါတို႔ မတြန္းလွန္နိုင္တဲ့ ရန္သူေတြနဲ႕ ရင္ဆိုင္ရတဲ့အခါက်ရင္ ဆက္သြယ္နိုင္ဖို႔အတြက္ စၾကာ၀ဠာျပန္လည္၀င္စားျခင္း ေဆးေပါင္းအိုးကို ထားရစ္ခဲ့တယ္ဒါေပမဲ့ အခု ငါအဆက္အသြယ္ရတဲ့အခ်ိန္မွာ သူအေျခအေနေကာင္းဟန္မတူဘူး။သူသူ ခ်ဳပ္ႏွောင္ခံထားရပုံပဲ

ခ်ဳပ္ႏွောင္ခံရတယ္

သက္တမ္းရင့္ အဖြဲ႕ႀကီးခုႏွစ္ခုမွ ေခါင္းေဆာင္ႀကီးမ်ားအားလုံး မ်က္စိမ်က္ႏွာပ်က္ကုန္ၾကသည္။
သူတို႔၏ မ်က္လုံးမ်ားတြင္ ေတြေဝရႈပ္ေထြးဟန္မ်ားထြက္ေပၚလာၾကသည္။

လင္းမန္၏မဟာဆရာသခင္သည္ လက္ရွိ ျမင့္ျမတ္ျခင္းကုန္းေျမ၏ အနီးစပ္ဆုံး ေခတ္မွ အတုမဲ့ သိုင္းပညာရွင္ အမ်ိဳးသမီးႀကီးျဖစ္သည္။သူမက ျမင့္ျမတ္ျခင္းကုန္းေျမမွ ေပ်ာက္ကြယ္သြားခ်ိန္တြင္ ယြန္ေဟာင္တို႔ဆိုသည္မွာ ဆယ္ေက်ာ္သက္ေလးမ်ားသာျဖစ္ၿပီး စြမ္းအင္က်င့္ႀကံမႈလမ္းေၾကာင္းကို ေလွ်ာက္လွမ္းခါစပင္ရွိေသးသည္။
သို႔ေသာ္လည္း သူမ၏ ဒ႑ာရီမ်ားကို ဘယ္သူမဆို ၾကားဖူးၾကသည္။
သူမသည္ နတ္ဘုရင္ အလယ္အလတ္အဆင့္သို႔ ေရာက္သည္အထိ က်င့္ႀကံၿပီးမွ ထြက္ခြာသြားခဲ့ျခင္းျဖစ္သည္။

ဒါက ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ခဲ့ပါၿပီ။
သူမ၏ စြမ္းအင္အဆင့္သည္ ယခုဆိုလွ်င္ ပိုမို နက္ရွိုင္းေနသင့္သည္မဟုတ္ေလာ။
သို႔ေသာ္လည္း ေမွ်ာ္လင့္မထားစြာပင္ အဆုံးမဲ့ စၾကာ၀ဠာအတြင္း အက်ဥ္းက်ေနခဲ့သည္တဲ့။
ဘာေတြျဖစ္ကုန္ပါသနည္း။

ေရွးဦးကာလ နတ္ဘုရားကလန္ က်က္သေရကုန္းေျမတိုက္ႀကီးကေန ကြယ္ေပ်ာက္သြားၿပီးတဲ့ေနာက္ ႏွစ္သန္းေပါင္းမ်ားစြာ ၾကာခဲ့ေပမဲ့လဲ သူတို႔ ဆက္ၿပီးေတာ့ တည္ရွိေနဦးမလား ငါစဥ္းစားမိတယ္အဲ့ဒီေခတ္က မိစ္ဆာကလန္၊အေမွာင္ကလန္ စတဲ့ အုပ္ခ်ဳပ္သူေတြလဲ တစ္ေယာက္ၿပီးတစ္ေယာက္ ေပ်ာက္ကြယ္သြားခဲ့ၿပီ။ဘယ္ေတာ့မွ ျပန္မလာၾကဘူး။ႏွစ္ေတြဒီေလာက္ၾကာသြားေပမဲ့ သူတို႔ အသက္ရွင္ေနေသးလားေသကုန္ၾကၿပီလားလဲ ဘယ္သူမွမသိၾကဘူး
လင္းမန္က သက္ျပင္းခ်လိဳက္ရင္း
သူတို႔ေတြရဲ႕ တည္ရွိမႈ မတည္ရွိမႈဟာ ငါတို႔ နားလည္နိုင္တဲ့အရာေတာ့မဟုတ္ပါဘူးငါ့ဆရာနဲ႕လဲ ဆက္သြယ္လို႔ မရဘူးဆိုေတာ့ တျခားနည္းရွာၾက႐ုံေပါ့

သိုင္းဝိညာဥ္နန္းေတာ္က ေရွးအက်ဆဳံး က်မ္းစာေတြထဲမွာ ေရွးဦးကာလလို႔ ေခၚေနၾကတဲ့ ေခတ္ထက္ ေစာခဲ့တဲ့ ေခတ္ကို ေဖာ္ျပထားတယ္အင္ေမာ္တယ္ေခတ္ကာလတဲ့အဲ့ဒီေခတ္ကာလတုန္းက ဘာမ်ိဳးႏြယ္စု ဘာကလန္မွ မေပၚခဲ့ေသးဘူးမေသမ်ိဳးေတြပဲ ရွိခဲ့ၾကတယ္သူတို႔ဟာ ငါတို႔ထက္ အမ်ားႀကီး သန္မာတယ္သူတို႔ရဲ႕ အသက္ဟာ အဆုံးမရွိေလာက္ေအာင္ပဲ။အဲ့ဒီ အင္ေမာ္တယ္သက္ရွိေတြဟာ ကမၻာေလာကအသစ္တစ္ခုကိုေတာင္ ဖန္တီးနိုင္စြမ္းရွိတယ္တဲ့။သူတို႔ခႏၶာကိုယ္ေတြကိုယ္တိုင္က ကမၻာႀကီးပဲတဲ့။နတ္ဘုရားေတြ ဒ႑ာရီေတြရဲ႕ မူလအစလို႔ ေခၚရမယ္ထင္တယ္။မေသမ်ိဳးေတြဟာ ကလန္ႀကီးဆယ္ခုထက္ ေစာခဲ့တယ္။သူတို႔ေတြလဲ က်က္သေရကုန္းေျမတိုက္ႀကီးကေန တစ္ေယာက္ၿပီးတစ္ေယာက္ ထြက္ခြာသြားခဲ့ၾကတယ္။သူတို႔ဟာ က်င့္ႀကံမႈရဲ႕ အထြတ္အထိပ္ကို ေရာက္တဲ့အခါ ကုန္းေျမတိုက္ႀကီးတစ္ခုလုံးဟာ သူတို႔ကို မပံ့ပိုးေပးနိုင္ေတာ့ဘူးတဲ့

သိုင္းဝိညာဥ္နန္းေတာ္မွ ကြမ္းဟူက စကားလုံးမ်ားကို ေ႐ြးခ်ယ္ရင္း ေသေသခ်ာခ်ာေျပာသည္။
သူ႕မ်က္ႏွာတြင္လည္း ထိတ္လန့္ေျခာက္ျခားမႈမ်ားျဖင့္ ျပည့္လွ်က္ပင္။

သူ႕စကားလုံးမ်ားသည္ လူအမ်ားအား ေတာင့္တင္းသြားေစသည္။ႏွလုံးသားမ်ား ေအးစက္သြားေစသည္။

မေသမ်ိဳးေတြကို အသာထားဦး ေရွးဦးေခတ္က သိုင္းသမားေတြနဲ႕ ယွဥ္ရင္ေတာင္ ငါတို႔ အားေကာင္းတယ္ဆိုတာ ဘာမွမဟုတ္ပါဘူး
လင္းမန္က ႀကိဳးစားကာ ၿပဳံးသည္။
ၾကည့္ရတာ ငါတို႔ ျပင္ကခြန္အားအေပၚ မွီခိုလို႔မရေတာ့ဘူးေပါ့..ငါတို႔က ကိုယ့္အားကိုယ္ကိုးရေတာ့မယ္

က်က္သေရကုန္းေျမတိုက္ႀကီးအျပင္ဘက္မွာ ဟင္းလင္းျပင္ငယ္ေတြ အမ်ားႀကီး ရွိေနခဲ့တယ္။အမ်ားစုဟာ အရင္တုန္းက ဒီေနရာကို ၀င်လို့မရအောင် ပိတ္ပင္ခံထားၾကသူေတြပဲ။မဟာေျပာင္းလဲမႈႀကီးအၿပီးမွာေတာ့ အဲ့ဒီ ဟင္းလင္းျပင္အက္ေၾကာင္းေတြကေနတဆင့္ သူတို႔ ၀င်ရောက်လာကြတယ်။အဲ့ဒီကျတော့မှ ငါတို႔ဟာ အေမွာင္ကလန္၊မိစ္ဆာကလန္၊တစ္ေဆအမွတ္အသားကလန္ စတဲ့ ေၾကာက္မက္ဖြယ္ရာတည္ရွိမႈေတြအေၾကာင္း သိခဲ့ရတယ္သိပ္မၾကာခင္မွာပဲ ငါတို႔ ေနာက္က်သြားခဲ့ၿပီ
ကြမ္းဟူက သက္ျပင္းခ်သည္။

ႏွစ္ေပါင္းမ်ားစြာၾကာၿပီးေနာက္ ေရွးဦးေခတ္ကာလ မ်ိဳးႏြယ္ျခား လွ်မ္းလွ်မ္းေတာက္ေတြလဲ ေသတဲ့လူေသ အဆုံးမဲ့စၾကာ၀ဠာထဲ ထြက္တဲ့လူထြက္နဲ႕ ေပ်ာက္ကြယ္ကုန္ၾကၿပီ။အခု ဒီကိုေရာက္လာတဲ့ေကာင္ေတြက သူတို႔ရဲ႕ ေျမးျမစ္ေတြပဲမဟုတ္ရင္ ငါတို႔အားလုံး ေသကုန္တာၾကာေပါ့
ယြန္ေဟာင္က ႏွာေခါင္းရႈံ႕လိုက္ရင္းေျပာသည္။
တကယ့္ အႏၱရာယ္ေကာင္ေတြေတာ့မဟုတ္ပါဘူး အနည္းဆုံးေတာ့ ငါတို႔ဟာ နတ္ဘုရင္အဆင့္နဲ႕ တိုက္စရာမလိုဘူးေလ

ဒါေပမဲ့ သူတို႔အားလုံးဟာ အေမြခံေတြပဲငါတို႔ လူသားကလန္ရဲ႕ အေမြအႏွစ္ေတြက်ေတာ့ ႏွစ္ေပါင္းမ်ားစြာၾကာၿပီးတဲ့ေနာက္ ေပ်ာက္ပ်က္ကုန္ၾကၿပီ
လင္းမန္က ေခါင္းခါယမ္းလိုက္ရင္း
မ်ိဳးႏြယ္ျခား ရွင္သန္လြတ္ေျမာက္လာသူေတြဟာ ၿခိမ္းေျခာက္နိုင္စြမ္း ႀကီးမားလြန္းတယ္။သူတို႔ဟာ ေသျခင္းရွင္ျခင္းစိန္ေခၚမႈမ်ားစြာကေန ရွင္က်န္ရစ္ခဲ့သူေတြပဲ။ငါတို႔ဆီမွာေတာ့ ငါတို႔ကလြဲရင္ ဘယ္သူမွမရွိဘူး။ရန္သူကို ရင္ဆိုင္ဖို႔ သိပ္ကိုခက္ခဲတယ္

လင္းမန္က ခတၱရပ္လိုက္ၿပီးေနာက္ သူ႕အသြင္အျပင္က ပိုမိုေအးစက္သြားခဲ့သည္။
ဟမ့္ပိုဆိုးတာက အသားထဲက ေလာက္ထြက္တဲ့ေကာင္ေတြပဲ

ထိုအခ်က္တြင္ ခ်င္ကူခြၽမ္၊ကြမ္းဟိုႏွင့္ လ်ိဳၿမိဳတို႔ မ်က္ႏွာႀကီးမ်ား မည္းေမွာင္သြားၾကသည္။

ယြန္ေဟာင္ကေတာ့ ႏႈတ္ဆိတ္ေနသည္။
သူက ေဒါသထြက္ေသာ္လည္း ဘာျပန္ေျပာရမွန္းမသိေခ်။

မ်ိဳးႏြယ္ျခားေတြနဲ႕ ပူးေပါင္းဝံ့တဲ့ေကာင္လားသူတို႔အားလုံးကို သတ္သင့္တယ္အနာဂါတ္ ဆူးျငႇောင့္ခလုတ္ကို ရွင္းပစ္ရမွာပဲ
ခ်င္ကူခြၽမ္က ႏွာေခါင္းရႈံ႕လိုက္ရင္း
ရွီယန္ဆိုတဲ့ ေကာင္ေလးက သိပ္ဆိုးဝါးတယ္။ငါတို႔ သူ႕ကို လုပ္ခ်င္ရာ လုပ္ခြင့္ျပဳထားရင္ ျပႆနာေတြ အမ်ားႀကီးတက္ကုန္လိမ့္မယ္။ငါတို႔ ေစာေစာအေရးယူလိုက္တာေကာင္းမယ္။မ်ိဳးႏြယ္ျခားေတြနဲ႕ မရွင္းခင္မွာ ဒီ ေပါင္းပင္ေတြကို အရင္ ရွင္းလိုက္ၾကတာေပါ့

ရွီယန္က လူသားကလန္ကပဲေလ
ယြန္ေဟာင္က မ်က္ေမွာင္ၾကဳတ္ကာ ၀င်ပြောသည်။သို့သော် သူ႕ေလသံက အားမရွိ။
ေသြးလည္ဆံေျပာေသာ ရွီယန္၏ ေသြးဆက္အေၾကာင္း ၾကားထားၿပီးကတည္းက သူ႕ဆုံးျဖတ္ခ်က္ကိုသူ မေသခ်ာေတာ့ျခင္းျဖစ္သည္။
သူတို႔ဟာလဲ အင္အားစုတစ္ခုပဲသူတို႔ အသက္ရွင္ေနရင္ လူသားကလန္အတြက္ တစ္တပ္တစ္အား ရတာေပါ့

ငါကေတာ့ သူတို႔အကုန္လုံးကို သတ္ဖို႔ အႀကံေပးခ်င္တယ္
ခ်င္ကူခြၽမ္က ႐ုတ္တရက္ ထရပ္သည္။
ငါတို႔ မဲခြဲလိုက္တာေပါ့ဒါကို ဘယ္သူ ေထာက္ခံမလဲ

လင္းမန္၊နီ႐ူ၊လ်ိဳၿမိဳႏွင့္ ကြမ္းဟူတို႔က ရွီယန့္ကိုသတ္ရန္ ဆႏၵျပဳၾကသည္။

သူတို႔ ခုႏွစ္ေယာက္တြင္ ယြန္ေဟာင္ႏွင့္ တိုက္ခိုက္ေရးအဖြဲ႕အစည္းမွ ယူ၀မ္က်င္းတို႔ႏွစ္ေယာက္သာ တစ္ဖက္၌ရပ္သည္။

အစ္ကိုယုက ဘာျဖစ္လို႔
လ်ိဳၿမိဳက ထူးဆန္းသလိုေမးသည္။

ဒီေကာင္ေလးက ငါတို႔ တိုက္ခိုက္ေရးအဖြဲ႕အစည္းနဲ႕ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိတယ္..ငါေတာ့ ဒီေကာင္ေလး မဆိုးဘူးလို႔ထင္တယ္
ယူ၀မ္က်င္းက အားမရွိစြာေျပာသည္။

ခုႏွစ္ေယာက္မွာ ငါးေယာက္ သေဘာတူၿပီ။စည္းမ်ဥ္းအရ ဒါ အတည္ျဖစ္ၿပီ
ခ်င္ကူခြၽမ္က လင္းမန္ကိုၾကည့္ကာေျပာသည္။

လင္းမန္က ေခါင္းညိတ္လိုက္သည္။

ေကာင္းတယ္မ်ိဳးႏြယ္ျခားေတြနဲ႕ တိုက္ပြဲမစခင္ အဲ့ဒီ ပိုးမႊားကို အရင္သတ္ၾကတာေပါ့

ခ်င္ကူခြၽမ္၏မ်က္ႏွာက ဆိုးညစ္စြာ ရႈံ႕မဲ့ေနရင္း
ဒီကိစၥကို ငါတို႔ ငါးဖြဲ႕ ဆက္တာ၀န္ယူလိုက္မယ္။အလင္းေတာ္ဂိုဏ္းနဲ႕ တိုက္ခိုက္ေရးအဖြဲ႕အစည္းက ပူးေပါင္းဖို႔မလိုဘူးဒါေပမဲ့ မႏွောက္ယွက္ရဘူး

ယြန္ေဟာင္ႏွင့္ ယူ၀မ္က်င္း မ်က္ေမွာင္ၾကဳတ္လို႔သာေနသည္။
သူတို႔က ဘာမွ ျပန္မေျဖၾကပါ။
သူတို႔ သိသေလာက္ ဒီကိစၥက လြယ္လြယ္ေျဖရွင္းလို႔ရမည့္အမ်ိဳးမဟုတ္ပါ။

---- ---- ----- ------ ------ ------ ----

Continue Reading

You'll Also Like

2.7M 93.1K 25
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
264K 11.7K 28
''မောင်...ငါကလေမောင့်အတွက်ဖြစ်တည်လာတဲ့လူသားတစ်ယောက်ပါ'' ''ေမာင္...ငါကေလေမာင့္အတြက္ျဖစ္တည္လာတဲ့လူသားတစ္ေယာက္ပါ'' ပထမဆုံးFicလေးပါအမှားပါရင်ခွင့်လွှတ်ပေ...
1.1M 90.4K 102
All photos I use in this story are not mine. It's all from google. both unicode and zawgyi "mission တေလုပ်ကြမယ် let's go!!!" "အော်... ငါ့ရဲ့hostလေးယေ...