ကောင်းကင်ကိုးခုမှ အမတများနှင့် သူတော်စင်များမှာ လောကတစ်သောင်းပါ၀င်သော မြေကမ္ဘာကိုးခုအားအုပ်ချုပ်ကြသည်။ မြေကမ္ဘာတစ်ခုလျှင် လောကတစ်သောင်း(စကြ၀ဠာတိုက်တစ်သောင်း) ပါရှိ၏။ ကောင်းကင်ကိုးခု၏အလွန်တွင်မူ နတ်ဘုရားနယ်မြေတည်ရှိလေ၏။ ဟန်လင်းသည် အပြိုင်လောကများသို့ပင် ကျော်ကြားသည့် ရက်စက်သည့်သူဖြစ်ကာ လောကခြွေလက်ဟုထင်ရှား၏။ မည်သူကထင်ထားမည်နည်း ထိုမျှရက်စက်ကြမ်းကြုတ်သူမှာ သူ၏မေ့ရှေ့တွင်တော့ ဒူးထောက်ကာ မေ့ခြေဖဝါးအောက်သို့ ကြောင်လေးတစ်ကောင်အလား ခေါင်းလေးတိုး၀င်လိုက်ပေတော့သည်။