part-10

1.3K 105 13
                                    

"ညည်းချက်တတ်ပြုတ်တက်ဖို့မလိုဘူး"

"ကျော့ရှင် အရီး​လေးမြကို ကူ ညီပေးချင်လို့ပါ"

"တိတ်စမ်း!!!!

ဟိန်းကျသွားသည့်သူမအသံအောက် မှာအိမ်ရှိလူကုန် မီးကိုရေနဲ့ငြိမ်းသကဲ့သို့ ပြားပြား၀ပ်သွားသည်။

"ဟင်"

သူမကို ခေါင်းမငုံ့ပဲစူးရဲစွာပြန်ကြည့်နေသော ကလေးမကြောင့် ဒေါ်ခင်မိမိကြည် စိတ်ထဲထောင်းကနဲဖြစ်သွားကာ

"နင်ကများ မော့ကြည့်ရဲတယ်ဟုတ်စ"

ခြေလှမ်းကြဲတို့ကမြေအိုးလေးကိုင်ထားသည့်ကျော့ရှင်နားကိုလျင်မြန်စွာရောက်ပြီး လက်တစ်ဖက် လဲွှလိုက်လျင်ပဲ

"မယ်မယ်!!!!!!'

ကြီးမားကျယ်လောင်သောခြ​ေင်္သ့ ဟိန်းသံသကဲ့သို့ ရာဇာမင်းခေါင်းအသံက တစ်ဆောင်လုံးမြည်ဟီးသွားသည်။

"မင်းခေါင်"

"သူ့ကိုလက်တင်ဖို့မကြိုးစားနဲ့ ကျွန်တော်မြှောက်စားထားတဲ့အရာမို့ မယ်မယ်တန်ဖိူးထားမယ်လို့မျှော်လင့်တယ်
သူ့ကို တုတ်နဲ့ရိုက်ခြောက်သွန်သင်ဖို့မလိုဘူး
လမ်းမှန်ပြပေးဖို့ပဲ "

အံကြိတ်ရင်း သွား​ကြားစေ့လေသံဖြင့်ပြောနေသောမင်းခေါင်ဟာ သွေးအေးစွာရယ်
မေးကြောတို့ထောင်ထလောက်သည့်အထိ
ဒေါသထွက်နေပေမယ့် ပြန်လည်ချုပ်တည်းကာ

"သူ့ကို ကျွန်တော် ခေါ်သွားမယ်"

"မင်းခေါင် မင်း ...မဟုတ်တာတွေ"

"သင့်တင့်လျောက်ပတ်တဲ့ အ၀တ်စားရှိရမှာပေါ့ နို့ ကျွန်တော့်မာယာကို အခိုင်းစေထင်နေမှဖြင့် အဟက်ဟက်"

သက်သက်လှောင်ပြောင်ကာ ကျော့ရှင်လက်ခလေးကို ခပ်ကြမ်းကြမ်းဆဲွခေါ်သွားသည်။

အိမ်ရှေ့ကားစင်၀င်အောက်ရောက်တော့ ကားတံခါးဖွင်ကာ ဂျိုင်းကနေချီမပြီး ကားပေါ်တင်သည်။

"ဆပ် ! ကျွန်တော်မောင်းပါရစေ"

ဒရိုက်ဘာ မာမွတ်က အပြေးလွှားရောက်လာပေမယ့် မင်းခေါင် လက်ကာပြကာ

You've reached the end of published parts.

⏰ Last updated: May 02 ⏰

Add this story to your Library to get notified about new parts!

မာယာကျော့ရှင် (1930)Where stories live. Discover now