A/N ( Unicode )

933 50 3
                                    

Hello...
ဝတ္ထုအတိုလေးဆိုတော့ အမှာစာလို့ပါးရင်ရော မည်လေမလား ။

ဒီဝတ္ထုတိုလေးကို အစက Fund Project အနေနဲ့ one shot လေးပဲ ရေးလိုက်တာပါ ။ အဲ့ဒီအချိန် ကိုယ့်မှာပေးစရာ ဇာတ်လမ်းနှစ်ပုဒ်ရှိနေတယ် ။ ဘယ်တစ်ပုဒ်လိုချင်လဲလို့မေးတော့ သူက '' ဆုလာဘ် '' ကိုရွေးချယ်ခဲ့တယ် ။ အဲ့ဒီတော့ နောက်ဝတ္ထုတိုလေး တစ်ပုဒ်လာဖို့ရှိတယ်ဆိုတဲ့ သဘောပါပဲ ။

ကနဦးကတော့ '' ဆု '' လို့ပဲ တစ်လုံးတည်းပေးထားခဲ့တာ ။ သို့ပေသိ ဇာတ်နဲ့မလိုက်ဘူးလားတွေးပြီး '' ဆုလာဘ် '' လို့ပြန်ပြောင်းခဲ့တယ် ။

လက်စသတ်ခဲ့တာတော့ June 22 မနက်မှာ ။ ဒါပေမယ့် ​စာလုံးပေါင်းလည်းပြန်မစစ်ရသေးတော့ 23 မှ စာမူပို့ပေးမယ်ဆိုပြီး Request လုပ်လိုက်ပါတယ် ။

23 ရက်နေ့မှာ ဝမ်းနည်းစရာသတင်းကြားရတယ် ။ တိုက်ဆိုင်စွာပဲ အခုဝတ္ထုတိုလေးထဲ သူ့ရဲ့သီချင်းလေးပါ
ထည့်သွင်းဖော်ပြမိခဲ့တယ် ။ လေးစားစွာဖြင့် အပြည့်အဝ Credit ပေးပါတယ်ရှင် ။ 🙏

ဒီဝတ္ထုတိုလေးဖတ်မိတိုင်း မင်းကြည်ဖြူနဲ့ကောင်းဆုသာတို့ရဲ့ ဇာတ်လမ်းလေးကိုသတိရသွားနိုင်သလို ၊ သီချင်းလေးရဲ့မူပိုင်ရှင်ကိုလည်း လွမ်းဆွတ်အောက်မေ့သွားမှာပါ ။

ဒါကဖြစ်ရပ်မှန်လားလို့မေးရင် ကိုယ်ဘာမှအတိအကျပြန်ပြောပြမှာတော့မဟုတ်ဘူး ။ ဒီဇာတ်လမ်းထဲကလို အဆုံးသတ်ခဲ့ရတဲ့ ကောင်လေးနှစ်ယောက်တော့ရှိခဲ့ကြောင်းသာ... ။

ဆုံတွေ့ခဲ့ရသော ဘဝတိုလေးမှာ ချစ်ရသူနဲ့ကွေကွင်းခြင်းတို့ ဝေးကြပါစေသားဟု တောင်းဆုခြွေရင်း..... ။

ဟီရိုဆေး 👑
June 22,2021 ( 5:45 AM )
ဖတ်ရှုပေးသည့်အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင် ။

**********

ဆုလာဘ် / ဆုလာဘ္ [Completed]Where stories live. Discover now