ချိုမြန်သောအမှားတစ်ခု - ၈

5.2K 114 71
                                    

I'm sorry, don't leave me

ခမ်း မျက်နှာသစ်နေရင်း ဖုန်းသံကြားလို့ ရေချိုးခန်းထဲက
ထွက်လာပီး ဖုန်းကိုကြည့်လိုက်တဲ့အခါ မောင် တဲ့

မမ တောင်ဖုန်းမဆက်သေးဘူး သူကအရင်ဆုံးဆက်နေတာ
သူနဲ့ကိုယ်နဲ့က ဘာမှဆိုင်တာလဲ မဟုဘူး

ခမ်းမကိုင်ဘဲပစ်ထားလိုက်ပီး မီးဖိုခန်းထဲဝင်သွားပီး
မနက်စာအတွက် ခေါက်ဆွဲပြုတ်နေလေသည်။

ခေါက်ဆဲပြုတ်ပီးလို့ ဖုန်းဆက်နေသေးလားလို့
အခန်းထဲ ပြန်ဝင်ကြည့်တော့ ဖုန်းကသီချင်းသံထွက်နေဆဲ
ခေါ်နေတဲ့သူကလဲ မောင် ဆိုတဲ့ နာမည်တစ်ခုထဲ

"မင်းဘာလို့ ခဏခဏဖုန်းဆက်နေတာလဲ "

ခမ်းကအကြာကြီးနေမှ ဖုန်းကိုင်တာကိုလဲ
စိတ်ဆိုးခြင်းမရှိဘဲ ဖုန်းကိုင်တာကိုပဲ ကံထူးရှင်ကြီးလိုလို

"မိုးလင်းလင်းချင်း ခမ်းမျက်နှာလေးမမြင်ရရင်တောင်
အသံလေးတော့ ကြားချင်မိလို့ပေါ့ လွမ်းထားရတာတွေ
အတိုးချပီး တွေ့ချင်လိုက်တာ "

" မင်းဘာသာမင်းလွမ်းတာလေ ငါကဘာလို့တွေ့ရမှာလဲ"

တကယ်ကိုမတွေ့ချင်ပါ ခွန်းမဟူရာမောင်နဲ့တွေ့ရင်
အလွန်မှနေရခက်ပါသည်

"ခမ်းက မောင့်ကို အဲ့လောက်စိမ်းကားနေရတာလဲ
ဘာလို့လဲ အဲ့နေ့ညက ကိစ္စအတွက်ဆိုရင်
မောင်က တောင်းပန်ပါတယ် "

" အဲ့တာနဲ့ ဘာမှမဆိုင်ဘူး ငါတို့မရှိခဲ့သလိုထားရအောင်လို့
ပြောပီးသားလေ "

" အဲ့တာဆို ဘာလို့မောင်နဲ့ မတွေ့ချင်ရတာလဲ
မောင်ကလွမ်းလို့လေကွာ နော် "

အသံကိုက ချွဲအီအီနဲ့ အပြတ်ကိုချွဲနေပါတော့
ရုံးမတီသီးချွဲတာလောက်ကတော့ ခွန်းမဟူမောင်တို့က အေးဆေး

"မင်း အဲ့ တစ်မောင်မောင်နဲ့ ပြောမနေနဲ့ "

"မောင်ကအဲ့လိုပဲပြောချင်နေတာလေ ခမ်းကိုချစ်လို့ "

ဘာ....ဟမ်...သူကချစ်လို့လို့ပြောလိုက်တာလား
တကယ်ကြီးပြောနေတာလား ချစ်လို့ လို့လေးပဲ
ပြောရသေးတာကို ဘာလို့အဲ့လောက်ရင်တွေခုန်နေရတာလဲ
မမ ပြောတာနဲ့မတူဘူး ဗိုက်ဆာလာပီ

ချိုမြိန်သောအမှားတစ်ခုWhere stories live. Discover now