Bloody Love part- 33🖤

268 18 0
                                    

မင်းနွယ်၏ မျက်နှာဟာ ဒဏ်ရာတွေနဲ့အပြည့် ဖြစ်နေသလို ကလျာလည်း ထိုနည်းတူ....

"ခွမ်း!!"

"အာ့!!"

"Boss!"

ပန်းအိုးနှင့် မင်းနွယ်၏ခေါင်းအား ရိုက်ချလိုက်သဖြင့် မင်းနွယ်၏ ခေါင်းမှာ သွေးချင်းချင်း နီနေသည်.....

"Boss! ရ....ရရဲ့လား...."

မင်းနွယ်အား ကူတွဲကာ မင်းခတစ်ယောက် စိုးရိမ်တကြီးမေးရသည်......

"ဟင်....မင်း....မင်းနွယ်...."

ကလျာက အသံတုန်တုန်ရင်ရင်နဲ့ဘဲ မင်းနွယ်အား လှမ်းမေးသည်....

အခုကြတော့စောနက သူမဟုတ်သည့်အတိုင်း....

"မင်း....မင်းနွယ်.... ရရဲ့လား.... "

တဖြည်းဖြည်း သူတို့အနားကို တိုးလာကာ မင်းနွယ်အား မေးရှာသည်.....

"မာမီ..... "

နောင်နောင်ရဲ့ အသံသေးသေးလေးကို ကြားသည်နှင့် ချက်ချင်း ကလျာရဲ့ ခြေလှမ်းတွေဟာ ဉီးတည်ချက်ပြောင်းသွားပြီး နောင်နောင်စီကို ပြေးသွားလေသည်....

"မာမီ ဂရုစိုက်.... "

နောင်နောင့်၏ အသံကိုလည်း ဂရုမစိုက်အား။ ထို့ကြောင့် ဖန်ကွဲစ တွေပေါ်ကနေသာ ဖြတ်လျှောက်သွားသည်.....

"နောင်လေး....ကိုယ့်ရဲ့ နောင်လေး....."

နောင်နောင့်အား လွင့်ထွက်သွားမည် ဆိုး၍အလား တင်းကျပ်စွာ ဖက်ထားသည်.....

အားလုံးကတော့ ထိုမြင်ကွင်းကို ကြောင်ပြီးသာကြည့်နေမိသည်.....

ဟန်ဇင်က ဆရာဝန်ပီပီ တစ်ခုခုကို နားလည်ဟန်နှင့် ပြုံးကာ ခေါင်းငြိမ့်လိုက်သည်......

"ဘာလို့လဲ ဟန်ဇင်..."

သူပြုံးနေတာကို သတိထားမိတဲ့ ထွဋ်ရဲရင့်က လှမ်းပြီးမေးသည်.....

"ကလျာမှတ်ဉာဏ်ထဲမှာ အဲ့ကောင်လေးက နေရာအများဆုံး ယူထားတယ်.... တကယ်လို့ တခြားသူတွေကို မေ့သွားရင်တောင်မှ အဲ့ကောင်​ေလးကို မေ့မှာမဟုတ်ဘူး ....."

"ဘာဖြစ်လို့လဲ..... "

နားမလည်တဲ့ ထွဋ်ရဲရင့်က ထပ်မံပြီး မေးသည်.....

𝐁𝐥𝐨𝐨𝐝𝐲 𝐋𝐨𝐯𝐞(သွေးစွန်းနေတဲ့အချစ်)🔞Where stories live. Discover now