အခန်း(၁၀)

6.4K 297 8
                                    

သူ့ထက်သာကိုယ်ကအမှားလုပ်ထားတာမို့ဘာမှမပြောဘဲတိတ်တိတ်လေးနေလိုက်သည်။

"ဟိုခုံမှာခနထိုင်ဉီးကျွန်တော်ဘီဒိုထဲကပုဆိုးထုတ်ပေးမယ်"

"မင်းငါ့ကိုမတောင်းပန်ဘူးလား "

"အို....ဘာလို့လည်းမတော်တဆဖြစ်တာဘဲကိုအရေးကြီးခွင်ကျယ်လုပ်မနေပါစမ်းပါနဲ့"

"ဘာမတော်တဆဟုတ်လား..မင်းမတော်တဆ
ကြောင့်မင်းပိုင်မယ့်ပစ္စည်းအပူလောင်တော့မလို့လေပုဆိုးကထူလို့တော်သေးတယ်"

"ကျွန်တော်ပိုင်မယ့်ပစ္စည်းဟုတ်လား ဘာကကျွန်တော်ပိုင်မဲ့ပစ္စည်းလည်း"

"ငါ့အောက်ကဟာလေ"

လင်းညို့အောက်ပိုင်းကိုမျက်စပစ်ပြတော့ထိုမှသိသွားသောကောင်လေးမျက်နှာကရဲလို့မျက်လုံးပြူးလျက်ကြည့်ပြီး

"ခင်ဗျားတော်တော်ရိုင်းပါလားကျွန်တော်ဘာလို့ပိုင်ရမှလည်းလူကြီးလူကောင်းဖြစ်ပြီးဒီလိုတွေလည်းပြောတတ်တာဘဲလား"

"အော်ဟော်... တယ်ခက်တရော့ငါပြောတာအမှန်ဘဲလေမင်းငါနဲ့လက်ထက်ရင်ငါ့ဟာကလည်းမင်းအပိုင်မင်းဟာကလည်းငါ့အပိုင်ဘဲလေမဟုတ်ဘူးလား"

"ပြောလေဆိုးလေပါလား အရှက်ကိုမရှိဘူး ဒီမှာပုဆိုးကိုယ့်ဘာသာကိုလဲပီးထွက်လာခဲ့အခန်းရှေ့မှာစောင့်နေမယ် တော်တော်အရှက်မရှိတဲ့လူ"

လင်းညို့အဖို့အရှက်ကြီးတဲ့ကောင်လေးအားစနေရတာပျော်စရာကောင်းသားပစ်သွားသောပုဆိုးကိုအသာကောက်စွပ်ကာဝတ်လိုက်သည်။ထိုကောင်လေးကိုယ့်ထက်အရပ်ပုတာကြောင့်ပုဆိုးမှာမတော်လေးတိုနေသည်။ကြည့်ရတော့မဆိုးပါဘူးလေအခန်းပြင်ထွက်တော့ကိုယ့်အားမကြည့်ဘဲအရှေ့ကဆင်းသွားသောကောင်လေး...

"အော်သားတို့ဆင်းလာပြီလား သားငယ်ဘာဖြစ်နေတာလည်းနေမကောင်းဘူးလားမျက်နှာကနီရဲနေတာဘဲ"

"ဘာမှမဖြစ်ပါဘူးအမေ"

"ဒေါ်လေးဒါဆိုကျွန်တော်တို့သွားတော့မယ်နောက်တောင်ကျနေပြီသူ့ထက်သာလာလေ"

"အေးမေးဂရုစိုက်သွားနော် ပြီးတော့သူ့ထက်သာမနေ့ကလိုတော့ပြဿနာထပ်ရှာမလာနဲ့နော်နင်ကအပြင်ထွက်တာနဲ့တစ်ခုမဟုတ်တစ်ခုဖြစ်ပြီ"

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now