713 50 3
                                    

တောက်တောက်တောက်တောက် တောက် တောက်!

စားပွဲခုံကိုတစ်တောက်တောက်ခေါက်နေသူက ဘယ်သူမှမဟုတ် ဒဏ္ဏာရီသာ။ ချိန်းထားတဲ့အချိန်ကိုမိနစ်နည်းနည်းလေးနောက်ကျလျှင်တောင် မကြိုက်တက်သည့်သူမ။

"ဆက်ပိုင် သူတို့ကဘယ်အချိန်ချိန်းထားတာလဲ စောင့်ရတာကိုငါဘယ်လောက်မုန်းလဲသိရဲ့သားနဲ့ လုပ်ငန်းရှင်တစ်ယောက်လုပ်နေပြီးအခုလိုအချိန်လေးတောင်မတိကျတာ ကျန်တဲ့အပိုင်းတွေငါဘယ်လိုသူတို့ ကုမ္ပဏီနဲ့လက်တွဲရမလဲ"

"ကားလမ်းပိတ်နေတာလို့ပြောပါတယ် မမ ကျွန်တော်ထပ်ပြီးဖုန်းခေါ်လိုက်ပါ့မယ်"

"နောက်၁၅မိနစ်အတွင်းမှမလာ ဒီနေ့ချုပ်မဲ့စာချုပ်ကိုမရှိခဲ့ဖူးလို့သဘောထားလိုက်ပါလို့ဘက်ကဆုံးရှုံးစရာရှိလဲ ဒဏ္ဏာရီ တို့ကဂရုမစိုက်ဘူးလို့တစ်ခါထဲပြောလိုက်"

"ဟုတ်ကဲ့မမပြောလိုက်ပါ့မယ်"

မနတ်ကထဲကနှောက်ကျိနေသည့်စိတ်တွေကအခုလိုကိစ္စဖြစ်လာ၍သူမ၏ဒေါသစိတ်ကိုထိုးစွပေးနေသဖွယ်။ စိတ်အရမ်းရှုတ်လာသည့်အခါ သူလုပ်ချင်သည်များအလုပ်ရသည့်အခါဖြင့် ဏရီတို့အရမ်းစိတ်ဆက်လေသည်။

ဒူးးးဒူးးးဒူးးးး

ဖုန်းမြည်လာ၍ ယူကြည့်လိုက်တော့ 'nowl' ဟုမှတ်ထားသည့်ဖုန်းနံပါတ်အထင်းသား။

"Hello?"

"ဟယ်လို ဏရီလား ကျွန်မပါ နိုဝယ်"

"အင်းပြောလေ တို့နားထောင်နေတယ်"

ယခုနက စိတ်တိုနေသည့် ဏရီမဟုတ်သည့်အလား လေသံမှာခတ်တိုးတိုးပြေပြေလေးသာ။

"ဟိုနေ့က ဘာမှမပြောပဲပြန်သွားလိုက်ရတာအားနာလို့လေ အဲ့နေ့က ဗြုန်းစားကြီးကမန်းကတမ်း ထပြန်လိုက်ရတာကွာ ဏရီ့ကို နှိုးချင်ပေမဲ့ အိပ်မောကျနေတဲ့သူကိုမနှိုးရက်တော့တာနဲ့ ဒီတိုင်းစာလေးတစ်စောင်ရေးပေးခဲ့ပြီးသွားလိုက်ရတာအားနာနေတာ"

"ရပါတယ် တို့အတွက်စာချန်ထားခဲ့ပေးတာကိုက တို့နားလည်ပေးလို့ရပါတယ် နောက်ပြီးမင်းကျေးဇူးကြောင့်ပဲ တို့အိပ်မောကျခဲ့တာပဲကို တို့ကတောင်ကျေးဇူးတင်ရအုန်းမယ်"

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now