Chapter 53- Dream Talk

1.3K 306 31
                                    

Unicode

ထိုစကားပြောပြီးပြီးချင်း ချီချင်း အိပ်ပျော်သွားလေသည်။

အိပ်ပျော်ရန် အာရုံစိုက်နေသည့်တစ်ချိန်လုံး ဘယ်ကိုမှ မကြည့်ဖြစ်သောကြောင့် ရှဲ့လင်၏ ပြုံးယောင်သန်းနေသည့် မျက်လုံးလေးက အမှန်တကယ် ပြုံးနေသည်ကို သူ မမြင်လိုက်ရ။ အရင်က ရှဲ့လင်၏ အပြုံးမှာ ပေါ့ပါးလွန်းသောကြောင့် အန္တရာယ်ရှိသည်ဟုပင် ထင်ရသည်။ အကယ်၍ ထိုအချိန် တစ်စုံတစ်ယောက်သာ ထိုမျက်ဝန်းများကို စိုက်ကြည့်ပါက အညိုရောင်မျက်ဆံလေးများထဲမှ တွေ့နေကျ အပြောင်အပျက်များကိုပင် ရှာ‌တွေ့နိုင်မည်မဟုတ်။

ချီချင်း ဝင်လာလာချင်း ရှဲ့လင်နှင့်ပတ်သက်၍ ထူးဆန်းနေသည်ကို ခဏတာမျှ ခံစားမိသည်။

ရှဲ့လင်က မှန်ပြတင်းကို မျက်နှာမူကာ အပြင်မှ အမှောင်ထုကို ငေးကြည့်နေခဲ့သည်။

ချီချင်းထံမှ အဖြေစကားကို ကြားပြီးသည့်နောက်တွင်တော့ သူ့မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့သည်။ ထို့ကြောင့် အမှောင်ထုကို ကြည့်နေရာမှ သူ့ဘေး ဆိုဖာပေါ်တွင် ကွေးနေသောသူထံ စိုက်ကြည့်နေတော့သည်။

ထိုသူက အရပ်ပုပုလေးမဟုတ်။ သို့သော် ပိန်ပိန်လေးဖြစ်သောကြောင့် ဆိုဖာပေါ် ခွေခေါက်၍ ကွေးနေနိုင်သည်။ နားဘေးတွင် ခေါင်းအုံးတစ်လုံးတင်၍ လက်ချောင်းလေးများကို အင်္ကျီလက်အောက်ထဲ ကုပ်ကုပ်လေး သိမ်းထားသည်။ အိပ်နေသည့်အချိန်တွင်မှာပင် ဆူညံသံ နည်းနိုင်သမျှ နည်းစေနိုင်ရန် လုပ်ဖို့ မမေ့။

မျက်နှာတစ်ဝက်လောက်ကို ဆံပင်နှင့် ဖုံးထားကာ အခန်းထဲရှိ မီးအိမ်မှ မီးရောင်ဝါဝါလေးက သူ့ပေါ် ဖြာကျနေ၏။

" အိပ်တော့နော်"
ရှဲ့လင် ပြုံးနေသည်။ ဟိုးအရင်က မြင်ခဲ့ရသည့် အန္တရာယ်ရှိသော အပြုံးတို့ မရှိတော့သလို ဖွဖွလေး ပြောလိုက်သည်။
" ဂွတ်နိုက်"

ချီချင်းမှာ ရှဲ့လင်အိမ်တွင် နှစ်နာရီနီးပါးခန့် အိပ်ရသည်ကို ကျင့်သားရနေသည်။

သူနှင့် မရင်းနှီးသည့် ပတ်ဝန်းကျင်တွင် အချိန်ကြာကြာတော့ မအိပ်နိုင်။ အထူးသဖြင့် သူများအိမ်များတွင် ကြာကြာမအိပ်တတ်။ အရင်က 'ကုထုံး'များသည်လဲ နှစ်နာရီခန့်သာ ကြာတတ်၍ နှစ်နာရီမပြည့်ခင် သူ နိုးလာမြဲဖြစ်သည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now