LUKE X MOE

329 10 4
                                    

Unicode 


Note: Punishment များပါဝင်ပါတယ်ရှင်။❤️

Rafael Nadal ၏ 2019  Tennis Final ပွဲလက်မှတ်ကို လာပို့သည့် သူငယ်ချင်းကို သဒ္ဓါမိုး ဘယ်လိုစာပြန်ရမလဲ စဉ်းစားနေရသည်။ Let's enjoy together ဟုပို့လိုက်သင့်သလော၊ I can't join ဟုစာပြန်လိုက်သင့်သလော မဝေခွဲတတ်ပါ။ 

US open ဖြစ်သည်မလို့ New York တွင်ကစားမှာဖြစ်သည်ကြောင့် New York တွင် college တက်နေသည့်မိုးအတွက် အသွားအလာမခက်ခဲရပါ။ ထို့အပြင်  Final  ကို  Nadal ကစားမည်ဆိုတာကိုလည်း သိနေပြီဖြစ်သည့်အတွက် အလွန်ကိုမှ ကွင်းအတွင်းထိ သွားကြည့်ချင်သည့် စိတ်က ကြီးစိုးနေသည်။ သို့သော်  ကိစ္စကတစ်ခုရှိသည်။ September 8 ရက်နေ့သည် ပွဲနေ့ဖြစ်ပြီး September 12 ရက်နေ့သည် End of semester Test ဖြစ်နေတာပင်။

 မိုးသည် စာနှင့်ပတ်သတ်လျှင် ဘယ်တုန်းကမှ ကိုယ့်ဘာကိုယ်မသနားခဲ့၊ မညှာတာခဲ့တာ ယခု ကောလိပ်တက်နေသည့် အချိန်တိုင်အောင်ပင်။ အတန်းတစ်ခါမှ မပျက်ဖူးသလို စာမေးပွဲတွင် အောင်ရုံလေးဆိုတာ ဘယ်တုန်းကမှ မရှိခဲ့။ ဂုဏ်သရေကြီးမားလှသည်ဆိုသည့် ဟားဗတ် ဥပဒေကျောင်းကို ရောက်ချင်သည့်စိတ်ကြောင့်ဆိုလည်းမှန်မည်။ ထို့ကြောင့် ယခု Bachelor Degree ရမည့် ဘာသာရပ်ကိုပေါ့ပေါ့လျော့လျော့မလုပ်ပါ။

ယခုတစ်ခါတော့ စာမေးပွဲအတွက် လုံလုံလောက်လောက် စာလုပ်ပြီးသည့်အပြင် ယုံကြည်မှုပါအပြည့်ဖြစ်နေတာကြာင့် စာမေးပွဲနားနီးသော်ငြားကိုယ့်ဘာကိုယ် အနားပေးချင်သည်။ ကိုယ်တိုင်အနားပေးတာကဟုတ်ပြီ။ သက်ဆိုင်သူကကော Tennis ကြည့်ရင်း အနားယူခိုင်းမည်လားမသိ။  ထို့ကြောင့် လက်မှတ်ပို့လာသည့်  Jennifer ၏မက်ဆေ့ချ်ကို စာမပြန်သေးဘဲ Mine ဟုမှတ်ထားသည့် contact ကိုနှိပ်လိုက်သည်။ လက်ပေါက်ကပ်သည့် သူမထက် 3 နှစ်ကြီးသော အမေရိကန်သားကို ဘယ်လိုဆင်ခြေတွေပေးရင်း ခွင့်ပြုအောင်ပြောရမလဲဆိုတာကိုပါ ခေါင်းကတွဲစဉ်းစားနေရသည်။ 

အမေရိကန်သားသည်လည်း သူ့လိုစာကြမ်းပိုးပဲဆိုတာကိုသိသလို စာကြမ်းပိုးတွေဘယ်လောက် ပြောရဆိုရခက်လဲဆိုတာကိုလည်း သိသည်။

My SweetWhere stories live. Discover now