လော့ဝမ်ချန် ကော်လာကို ဆွဲဆန့်ကာ ဘေစင်မှာ ကုန်း၍ အန်ချလိုက်သည်။ အတော်ကြာအောင် အန်ပြီးနောက်ဘာမျှ ထွက်မလာလေတော့။သူ့ခေါင်းက တဝီဝီဖြစ်နေကာ မနည်းကြည်အောင် ထိန်းထားရသည်။မှန်ထဲက သူ့မျက်လုံးတွေကတော့ မှုန်ဝါးနေကာ အောက်ခြေအနက်ကို မမြင်ရသည့်နှယ်။စားပွဲထိုးခေါင်းဆောင်က သူ့ဆီရောက်လာကာ
" ရှောင်လော့ မင်းကဒီမှာပဲ၊ မင်းအဆင်ပြေရဲ့လား? ဆေးခန်းသွားချင်လား? "
လော့၀မ်ချန် ခေါင်းခါပြလိုက်သည်။ သူခေါင်းကိုငုံ့ကာ အနည်းငယ်ပင်ပန်းနွမ်းလျနေဟန်ဖြင့်
" ခေါင်းဆောင် ကျွန်တော် အလုပ်ထွက်ပါ့မယ်၊ ဒီညဆုံးရှုံးမှုတွေအတွက် ကျွန်တော်တာဝန်ယူပါတယ် "
စားပွဲထိုးခေါင်းဆောင်မှာ အံ့အားသင့်သွားလေ၏။
" မင်းအလုပ်ကောင်းကောင်း လုပ်ခဲ့တာလေ။ ဘာလို့နုတ်ထွက်ချင်ရတာလဲ? မန်နေဂျာကမင်းကို အထူးတလည်ချီးကျူးဖို့ ငါ့ကိုပြောလိုက်တာ၊ မနက်ဖြန်ကနေစပြီးတော့ မင်းတရား၀င် ကော့တေးဖျော်စပ်တဲ့သူ လုပ်လို့ရပြီ၊ ဆုံးရှုံးမှုအတွက်ကတော့ ဘာဆုံးရှုံးလို့လဲ? ဒီညမင်းကြောင့် ငါတို့ရဲ့ဘားက အကျိုးအမြတ်တွေတောင်ရခဲ့တာ ငါမင်းကို စာအိတ်နီအကြီးကြီးပေးလိုက်မယ် "
လော့၀မ်ချန် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
အပေါ်ထပ်ကလူက အရာအားလုံးကို မြင်လိုက်ပါပြီ ဟုတ်တယ်မလား။ လော့၀မ်ကျွင်းက ဒီလိုမျိုးရက်စက်ကြမ်းကြုတ်တဲ့မျက်နှာရှိပြီး အပေါ်ယံမျက်နှာနဲ့ မအက်စပ်တဲ့ ကောက်ကျစ်တဲ့စိတ်ထား ရှိတယ်ဆိုတာကိုလေ။
ရယ်စရာအကောင်းဆုံးကတော့ ဒေါသအဆွခံလိုက်ရရုံလေးနဲ့ သူ့မျက်နှာအမှန်ကို ရှင်းရှင်းလင်းလင်း ပြသလိုက်တာကိုပဲ။
ခေါင်းကနေ ခြေအထိ တုံးအလိုက်တာဆိုတာများ။
အကယ်၍ ထိုလူသာ လော့၀မ်ကျွင်းကို စိတ်ဝင်စားနေသေးတုန်း ဆိုလျှင်တော့ ဒါကတကယ့်ကိုအချစ်စစ်ဟုပင် ပြောရပေမည်။
လှောင်ပြောင်လိုရိပ်က လော့၀မ်ချန်၏ မျက်လုံးများတွင် ဖျတ်ခနဲ ပေါ်လာ၏။ သူ အနည်းငယ် ရီဝေနေသည်မို့ စားပွဲထိုးခေါင်းဆောင်နှင့်ဆက်ငြင်းမနေတော့။ တစ်ယောက်တည်းသာ တိတ်တဆိတ်ဖြင့် ဘားမှထွက်လာခဲ့လိုက်သည်။
STAI LEGGENDO
ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)
Storie d'amoreစာရေးသူ : ရှီးသချင် Genre: Drama Fantasy Psychological Romance Shounen Ai Supernatural All are belong to original author. Also picture credits to original owner.